လရောင်ချို အခင်းအကျင်းနဲ ့

တိမ်တွေနဲ ့ စစ်ခင်းတဲ့ တစ်ခဏ

ကြယ်တွေ ကြွေတဲ့  ညဉ့်မှာ

ငါ့မျက်ရည်တွေ………

မြက်ခင်းလေးပေါ်အိပ်စက်ခဲ့တယ်..

လူမသိအောင် ရှိုက်ငင်သံတွေ အဖော်ပြုလို ့..။

………..

ဘာတွေကများ တည်မြဲလို ့လဲ…..။

…………………..

မြက်ဖျားနှင်းလေးတွေလေ

တစ်လက်လက်တောက်ပစွာ

မာနတွေ ပြိုင်နေလိုက်ကြတာ……။

……….

ငါ့မျက်ရည်က မတည်မြဲပါဘူး ကလေးရယ်…

နေရောင်လာတဲ့အခါ…..

မင်းသိလာပါလိမ့်မယ်….။

အရာရာပေါ့လေ

တစ်ခဏ အတွင်းလေးမှာပေါ့

မိုးခါးရေတွေကို

ဘာသာရေးတံဆိပ်ကပ်လို ့…

ဝံ့ကြွားသောက်သုံးကြတယ်…

သူတို ့မှ မရူးရင်

ဘယ်သူရူးမှာလဲ ကလေးရယ်..

ငါ့ မေမေ…သိပ်ကြောက်နေမှာ

….

မတူညီခြင်းတွေ မှန်သမျှ

တူညီမှုတခုအောက်မှာ

ပြိုင်ဆိုင်ကြတယ်..

တူညီမှုတခု အောက်မှာ…

မတူညီတာတွေ အဆုံးသတ်ကြမယ်..

ကလေးရေ…

မြက်ဖျားနှင်းလေးရေ..

နောက်ဆုံးတေးဆိုရင်း

နှုတ်ဆက်ကြရအောင်..

အတ္တဆိုတာကို ရှေ ့တန်းတင်နေသမျှ

ပြက္ခဒိန်တွေ ရောင်းဈေးတက်သလို..

လူသေတွေ အလောင်းချင်းထပ်နေကြတဲ့

ငါတို ့ ကမာ္ဘ….. ကို    ။       ။

 

 

 

ကျော်စွာခေါင်

About ကျော်စွာခေါင်

kyaw swar kaung has written 80 post in this Website..

ပန်းချီကို လူမှန်းသိတတ်စကတည်းက အရိုက်နှက်ခံပြီး သင်ယူဆည်းပူးခဲ့ပါတယ်.. 3D Animation အတွက် ပန်းပုရုပ်လေးတွေ ဖန်တီးပါတယ်..။ ကဗျာရေးတယ်..စာရေးပါတယ်..။ ထမင်းမေ့ ဟင်းမေ့ စာကို အသည်းအသန်ဖတ်ပါတယ်..။