အယူသည်းတဲ ့ဦးနှောက်ချည်တိုင်တွေ တစ်မေ့တစ်မောတမ်းတ လွင့်သွားတဲ ့တိမ်ခိုးတိုင်း ရင်နာခဲ့တာ…..   ။ ငါ…………အစိမ်းရောင်ဝေဒနာနဲ ့ ရွာကို မရောက်တာ ကြာပြီ..။       ကျော်စွာခေါင်  


ရွာကို မလာဖြစ်ပေမယ့်…. အမေနဲ ့ပါတ်သက်လာတော့ ရွာကိုပြန်လာရတာပေါ့… နော်ဝေနိုင်ငံ ဖရိုလန်မြို ့က အောင်ဆန်းစုကြည် ပန်းခြံအတွက် ဂဇက်ရွာသား ကျော်စွာခေါင် အမေ့ပုံတူပန်းပုထုနေပါကြောင်း….နှင့် လုံးဝအချောကိုင်ပုံသွင်းပြီးလျှင်လည်း ရွာကို ပြန်လာမည်ဆိုသည့်အကြောင်း….. ရွာသူရွာသား အားလုံးကို သတိတရဖြင့် ကျော်စွာခေါင်


   အလုပ်တွေများလို ့ စာမရေးနိုင်ပေမယ့် ရွာသူ ရွာသားများအတွက် ခရစ်စမတ်လက်ဆောင် ပါးလိုက်ပါတယ်ဗျာ…။ ဆီဆေး  နံရံပန်းချီပါ… ၆ နာရီ လောက် ကြာကြာရေးရပါတယ်..။ မူရင်းပန်းချီကျော် …ဒါဗင်ချီအား ဦးညွှတ်လျှက်…..   သတိတရဖြင့် ခေါင်


  မရောက်တာကြာနေတဲ့ ရွာ့အတွက် လက်ဆောင်ပါဗျာ…။ မှတ်ချက်။    ။ မည်သူမဆို ကောင်းသောစိတ်စေတနာဖြင့် အမေ့ပုံကို အသုံးပြုနိုင်ရန် ခွင့်ပြုပါတယ်..။ မကောင်းစိတ်နဲ ့အသုံးပြုခဲ့လျှင် ဘဝဆက်တိုင်း ခွင့်မလွှတ်ပါ..။   ကျော်စွာခေါင်    


    ……. ကလေးရေ.. မသေချာတဲ့ ပြဌာန်းမှုတွေနဲ ့ မိုးခါးရေတွေ စီးဆင်းနေတဲ့ ကမ္ဘာ…။ ပင့်သက်မရှိုက်ဝံ့အောင် ယဉ်ကျေးနေတဲ့ ကမ္ဘာ.. မြင့်ရာက နိမ် ့ရာစီးတဲ့ မြစ်ချောင်းတွေလို တွယ်ရာမရှိတဲ့ ဘဝတွေကို ထောင်းထောင်းချေမှ လက်ဆွဲဂုဏ်ပြုတဲ့အခါ…. ဒီ…ကမ္ဘာ.. ဒီ..စကြဝဠာ ဘာလို ့များ… မာသာထရီဇာ လက်ဦးအောင် မဖန်ဆင်းခဲ့ပါလိမ့်…။     ။         ကျော်စွာခေါင် ( ပန်းချီကားအမည်…မဟာ ကရုဏာတော်၏ ပြင်ပဧရိယာ…။  ဆီဆေး )


ကက်သရင်းရေ… နေရောင်လှိုင်းတွေ တစ်ဝုန်းဝုန်း ဖြာကျတဲ့အခိုက် ဒုက္ခတွေ တစ်ပွေ ့တစ်ပိုက်နဲ ့ ခေါင်းငိုက်စိုက်မချတဲ ့မင်းကို တွေ ့တော့ ငါ့မှာ အမောပြေရတယ်..။ .. ဆောင်းတွင်းတစ်တွင်းလုံး အကာအကွယ်မဲ့နဲ ့ မင်း အသက်မှ ရှင်သေးရဲ ့လား… ငါတွေ းပူရတယ်ကွဲ ့…။ ငါ့ကို လောက ဝတ်နဲ ့မင်းပြုံးပြသလို.. ငါလဲ မင်းကို ပြုံးပြတာ ငါသတ်မှတ်တဲ ့ ပန်းချီဆရာ တစ်ယောက်ရဲ ့ သမ္မာကျမ်းစာအလိုပေါ့…။ … ကက်သရင်းရေ… အများကြီး မမျှော်လင့်နဲ ့… မင်း နားလည်ထားဘို ့က တနင်္ဂနွေ တနေ ့ဝက်လောက်သာ ဘုရားကျောင်းမှာ ကရုဏာစကားတွေ ရွတ်ဆိုတတ်တာ မင်းသိသားနဲ ့…….။ အခါပေါင်းများစွာ […]


ဘယ်သူတွေ ဘာထင်ထင်… ဘယ်သူတွေ ဘာပြောပြော… ဘာ်သူတွေ ဘာရေးရေး… မန်းဂေဇက်ဟာ….ငါချစ်တဲ့ရွာ…။ ရွာတစ်ရွာမှာ…အကောင်းအဆိုး အရောင်အသွေးစုံတယ်.. ကောင်းသူရှိမယ်.. အလယ်အလတ်ရှိမယ်.. ညံ့သူရှိမယ်.. တော်သူရှိမယ် ..ဆိုးသူရှိမယ်.. ဆရာကြီးတွေ ဆရာမကြီးတွေ ရှိမယ်.. အပျံသင်စ ကလောင် ငှက်ငယ်လေးတွေ ရှိမယ်.. ဒါကိုက….အရောင်အသွေးစုံတဲ့..အလှတရားတစ်ခုဘဲ.. ရွာရဲ ့အလှတစ်ခုဘဲ…. ရွာအပြင်စပ်က ယိုင်နဲ့နဲ ့ ခြံစည်းရိုူးကို ကြည့်ယုံနဲ ့ ရွာရဲ ့အလှတရားကို မသိနိုင်ဘူး ပင်စည်အခြေက ခြုံနွယ်ကို ကြည့်ပြီး လှည့်ပြန်တတ်သူတွေအတွက် ပင်မြင့်က သဇင်ရဲ ့မွှေးပျံ  ့ခြင်းကို မသိနိုင်ဘူး ခြံဝက ပေါင်းမြက်ကို ကြည့်ပြီး ကဲ့ရဲ ့တတ်သူအတွက် ဥယာဉ်ထဲက အလှကို မသိနိုင်ဘူး ထမင်းစားကျောက်နဲ ့ ထမင်းခြောက်ပုတီးကို ခွဲမသိနိုင်သူကို ကျောက်မျက်ရတနာ […]


ကျနော် ရွာထဲကို မလာဖြစ်တာတွေ များနေပြီ… စာဖတ်ချင် စာရေးချင်ပေမယ့် …ဟိုးးးးတစ်လောက မျက်စေ့နာတာရယ်..အခု ပြပွဲအတွက် ပန်းချီတွေဆွဲနေတာကြောင့် စာကိုမရေးနိုင်တာပါ.. ဒါပေမယ့်..ရွာသူရွာသားတွေအတွက် လက်ဆောင်လေးတွေ ပို ့လိုက်ပါပြီ…။ စစ်ပွဲကို စိတ်နာကြသူများ………………………..ဆီဆေး   စစ်နဲ ့ဝေးသော ခလေးများ                           ဆီဆေး   မြို ့လည်  က လှေဆိပ်………………………………ဆီဆေး   ဆောင်း                           […]


  “ သူပုန် ´´ အဘွားရဲ ့မောင် … အဘိုးလေးပေါ့…။ သူရတံဆိပ် ရင်မှာထိုးလို ့ ဝန်ကြီးမျိုးဟေ့ဆိုပြီး…… တွေ ့သမျှတူသား… စစ်သားဘဲဖြစ်ရမတဲ့။ အဘွားရဲ ့သား…. ထမင်းစားရင်တောင် ပုံစံနဲ ့ကျွေးတဲ့ ကျုပ်အဖေလေ…. သားတွေကို သူ ့လိုဘဲ စစ်ထဲဝင်ရမတဲ့…။ ပန်းချီဆွဲ ကဗျာရေးတဲ ့ကျုပ်ကိုတောင်… ခပ်ပျော့ပျော့ကောင်တဲ ့…။ ကျုပ်တို ့က မျိုးဆက်သစ်တွေပါ… ၈၈ မှာ ကျုပ်သောင်းကျန်းတော့ အဘိုးလေးနဲ ့အဖေ.. အမျက်ချောင်းချောင်းထွက်ပြီး.. နာမည်ပန္နက်တယ်…. မျိုးဂုဏ်ဖျက်တဲ ့…… မိသားစုထဲက သူပုန် တဲ ့။ ကျုပ်ကတော့…ပုန်ကန်မယ်… မြန်မာပြည်မှာမွေးတယ် ဂေါတမဘုရားကိုးကွယ်တယ် ဗိုလ်ချုပ်အောင်ဆန်းကို လေးစားတယ်…။ တခုတော့ ပြောချင်တယ်… အဘိုးလေးတို ့စစ်တပ်… […]


  ..ဖျားတာလဲ အကြာကြီးဘဲ..။ ထမင်းမာမာလဲ စားရတာမဟုတ်တော့ ကြက်စွတ်ပြုတ်နဲ ့ဆန်ပြုတ်နဲ ့ဘဲ စားရတာ..။ အသည်းရောင် အသားဝါဆိုတော့ ဆီလဲ မစားရဘူးတဲ့..။ မစားနဲ ့ဆိုလဲ မစားဘူးပေါ့လေ.။ အဲဒီအချိန်တွေကစပြီး အဖော်မဲ ့သွားသလိုတော့ ဖြစ်လာပါတယ်..ဒါပေမယ့် မောင်နှမဝမ်းကွဲတွေက ပိုချစ်လာကြသလိုဘဲ..ပိုပြီးဂရုစိုက်လာတာက ဟိုကွန်မြူနစ် ဦးလေးလေ..ဗိုလ်ရောင်နီ..။ ဦးလေးကတော့ ပြောပြပါတယ်..မြိုင်တို ့ပြောင်းသွားရတာ ချို ့တဲ ့လို ့ သူများစေရာ ပြောင်းရတာ…. ငြင်းလို ့မရဘူးတဲ ့.. ဒါကြောင့်ငါ့တူလဲ ဘူဇွာလူတန်းစားတွေကို မုန်းရမယ်..ပစ္စည်းမဲ ့တွေကို ညှာတာရမယ်တဲ ့… ကိုယ်ကလဲနည်းနည်းငယ်သေးတော့ အကုန်လုံးတော့ နားမလည်ဘူး..နည်းနည်းဘဲ သိတယ်.. “ ပစ္စည်းမဲ ့တော်လှန်ရေး”ဆိုတဲ့ စကားလုံး..အင်အားတွေပါနေသလို ထင်မိတယ်..။ စိတ်လဲ ဝင်စားမိတယ်. ဦးလေးပြောသလိုဆို ကျနော်တို […]


    အထွန်း လိုက်တော့…မြိုင့် လက်ကိုဆွဲလို ့ ပြေးကြတာလဲ မြိုင်တို ့အိမ်အရောက်ပါဘဲ…။ “ ဒီနှစ်ယောက် ဘာမဟုတ်တာ လုပ်လာကြတာလဲကွာ..” လို ့မြိုင့်အမေက မေးရင်.. “ ခါလာ( ဒေါ်ဒေါ်)..အထွန်းမေးရင် ညီညီမရှိဘူးလို ့ပြောနော်” ဆိုပြီး မြိုင်တို ့အိမ်ခန်းထဲက တံခါးကြားမှာ တခွိခွိ ..တခစ်ခစ်နဲ ့ပုန်းကြတယ်..။ ဘာတွေ သဘောကျမှန်းလဲ မသိဘူး..ကျနော့်လက်မောင်းကို မြိုင်က ခဏခဏ ဆွဲဆိတ်လိုက် ရီလိုက်နဲ ့..။ “ ဟေ့…တိတ်တိတ်နေနော်…ဟိုမှာ အထွန်းတော့ တုတ်တစ်ချောင်း လေးခွတစ်လက်နဲ ့ဒီနားမှာ… ဘာရှာနေတာလဲ မသိဘူး…ဒေါသလဲ ထွက်နေတယ်နော်..ဟင်းဟင်း…” မြိုင့်အမေကလဲ လက်ကသာ ဆန်ရွေးနေတာ ပါးစပ်ကလဲ ခြောက်မှခြောက်။ အဲဒီအသံကြားတော့ မြိုင်ကရယ်တယ်..ပြီးတော့ ဘာပြောတယ်မှတ်လဲ.. “ မေမေ..မြိုင်တို […]


  နေသားမကျနေရာမမှန်မှုတွေနဲ ့ဘဲ ကိုယ့်ဘဝက ၂တန်းကျောင်းသားဖြစ်လာခဲ ့ပြီ..။ အတန်းကျောင်းတက် ရသလို ဘာသာရေးကျောင်းကလဲ တက်ရသေးသည်၊ မြန်မာ အတန်းကျောင်းပြီးလို ့ခဏလေး အစာပြေစားပြီး  ဗလီက အချက်ပေးခေါင်းလောင်းသံကြားတာနဲ ့ သွားတက်ရခြင်းပင်..။အခြေခံအတန်းတက်ရတာဘဲ ဖြစ်သည်။ ကျောင်းဆင်းပြီးရင်တော့ ကိုယ့်သူငယ်ချင်းတွေနဲ ့ကစားနေကျ။ အဲဒီနှစ်မှာဘဲ အဒေါ်တွေက ရုပ်ရှင်ပြသရေးလုပ်ငန်းကန်ထရိုက်ဆွဲတော့..ရုပ်ရှင်လုပ်ငန်းကလူတွေနဲ ့ခင်မင်ခဲ ့ ရသည်..။ ထိုအထဲမှာ ရုပ်ရှင်အော်ပရေတာလုပ်သော ဦးခင်မောင်ဝင်းမိသားစုက ဗလီကျောင်းမြေတွင် အပို  ဆောက်လုပ်ထားသော အိမ်မှာ ငှားနေကြသည်.။သူ ့မှာ သားသမီး၃ယောက်ရှိပြီး.ကျနော်နဲ ့ရွယ်တူယောကျင်္ား လေးက တစ်ယောက် ပြီးတော့ ကျနော့်ထက်တနှစ်ငယ်သော မြိုင် ..ပြီးတော့ နောက်အငယ်လေးတစ်ယောက်..။ မြိုင့်အကို ဇော်ဝင်းနဲ ့က ရွယ်တူ ကစားဖက် ဖြစ်ပေမယ့် ကျနော်တို ့ကစားတိုင်း ကန့်လန် […]