Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

ဒါ…..ငါတို ့ခင်တွယ်တဲ့….ရွာ ( လက်ဆောင် )

ဘယ်သူတွေ ဘာထင်ထင်…

ဘယ်သူတွေ ဘာပြောပြော…

ဘာ်သူတွေ ဘာရေးရေး…

မန်းဂေဇက်ဟာ….ငါချစ်တဲ့ရွာ…။

ရွာတစ်ရွာမှာ…အကောင်းအဆိုး အရောင်အသွေးစုံတယ်..

ကောင်းသူရှိမယ်..

အလယ်အလတ်ရှိမယ်..

ညံ့သူရှိမယ်..

တော်သူရှိမယ် ..ဆိုးသူရှိမယ်..

ဆရာကြီးတွေ ဆရာမကြီးတွေ ရှိမယ်..

အပျံသင်စ ကလောင် ငှက်ငယ်လေးတွေ ရှိမယ်..

ဒါကိုက….အရောင်အသွေးစုံတဲ့..အလှတရားတစ်ခုဘဲ..

ရွာရဲ ့အလှတစ်ခုဘဲ….

ရွာအပြင်စပ်က ယိုင်နဲ့နဲ ့ ခြံစည်းရိုူးကို ကြည့်ယုံနဲ ့ ရွာရဲ ့အလှတရားကို မသိနိုင်ဘူး

ပင်စည်အခြေက ခြုံနွယ်ကို ကြည့်ပြီး လှည့်ပြန်တတ်သူတွေအတွက် ပင်မြင့်က သဇင်ရဲ ့မွှေးပျံ  ့ခြင်းကို မသိနိုင်ဘူး

ခြံဝက ပေါင်းမြက်ကို ကြည့်ပြီး ကဲ့ရဲ ့တတ်သူအတွက် ဥယာဉ်ထဲက အလှကို မသိနိုင်ဘူး

ထမင်းစားကျောက်နဲ ့ ထမင်းခြောက်ပုတီးကို ခွဲမသိနိုင်သူကို ကျောက်မျက်ရတနာ ပြပွဲက ကာစတန်မာ တစ်ဦးအဖြစ်ဖိတ်ခေါ်ဘို ့စိတ်မကူဘူး…

ဒါက …ရွာ…

ကြံ့လဲ ရှိတယ်…

ခြင်လဲ ရှိတယ်..

ကိုယ်ပိုင် အစွယ်တွေရှိတယ်….

ကြံ့ လမ်း ကြံ့လျှောက်…

ခြင်လမ်း ခြင်ပျံ…..

အရာရာလှနေမှာဘဲ…။  ဒါ ….ကျနော် ခင်တဲ့ မန်းဂေဇက်ရွာ…။10293726_688705797833450_5377285436653606322_o

 

10296148_687389257965104_8595949767799059623_o

 

10462809_690889127615117_522333660525938158_n(2)

 

10505578_693723507331679_2216324984521512611_n

 

ကျော်စွာခေါင်

 

 

22 comments

  • လူမိုက် ခင်ဇော်

    June 27, 2014 at 8:16 pm

    ကျနော် လည်းးး သိပ်ချစ်တဲ့ ဒီရွာ
    :chit:

  • နှူးဘာ မိဂီ

    June 27, 2014 at 8:48 pm

    အူးခေါင်ကိုလည်း တားတို့က ဂျစ်ပါဒယ်ဂျာ…

    အပေါ်က ဟာယီးသာ မေတ္တာတုံး တာပါ …

    ဒချိ ဒချိ..

  • marblecommet

    June 27, 2014 at 8:58 pm

    ပါရမီသက်ရော
    ပညာသက်ရော
    ပြည့်ဝနေတဲ့ဆရာ ကို
    မဝေဖန်ရဲပါ
    တစ်ခုတော့ ပြောချင်ပါတယ်
    အပြည့်အဝ ဝေဖန်ခွင့်ပြုပါ
    ……….
    လွတ်လပ်စွာ
    ချစ်ပါရစေ……..

  • လူမိုက် ခင်ဇော်

    June 27, 2014 at 8:58 pm

    နာ လည်းး နိ ကိုု တောက်ညင်ကတ်တယ် ဟဲ့ နူးးဘာကောင်ရဲ့
    👿

    • နှူးဘာ မိဂီ

      June 27, 2014 at 10:47 pm

      ခီညား တောက်ညင်ကပ်တာများဗျာ …
      ကပ်ချင်သလောက်ကပ်…
      မှုဖူး

      ဟီဟိ…

  • ကိုခေါင် ပန်းချီ ပုံ တွေ ကလက် ရာ မြောက်လွန်း တယ်

    ရွာကို ချစ် တဲ့ သူ ဆို တာ ဘာ ကြီး ဖြစ် နေ ေ န ရွာ သက် ရှည်အောင်နေ ပါ တယ်။

  • kotun winlatt

    June 27, 2014 at 11:15 pm

    ပန်းချီကားတွေကတော့ တကယ် အသက်ဝင်တယ်ဗျာ….
    ရွာထဲမှာေတော့ စာရေးကောင်းပီး ဓာတ်ပုံရိုက်တော်တဲ့သူတွေ ပန်းချီဆွဲတော်တဲ့သူတွေ ပေါပါဗျာ… အားကျပါဘိခြင်းးးး

  • စုန်းမ

    June 28, 2014 at 2:48 am

    ထူးပြီးတော့ ချီးမွမ်းစရာ စကား ရှာမရအောင် ကို ပုံလေးတွေက အသက်ရှင်နေတာ။
    ဒါ…..ငါတို ့ခင်တွယ်တဲ့….ရွာ က ပန်းချီဆရာ လက်ရာဟေ့။
    ဒါထက်
    အပေါ်ဆုံးပုံ က ဆံပင်ရှည် ကျစ်ဆံမီး နဲ့ က “စုန်းမ”။ :-)))

    • Crystalline

      June 28, 2014 at 7:06 am

      အရီးလုပ်တာမျက်စိလည်တယ်….ဘူကစုန်းမလဲ… 🙄
      ခပ်ညံ့ကိုယ်မှာတော့ တော်လိုက်တာကလွဲစကားမရှိဘူး….. အောက်ဆုံးပုံလေးကူသွားတယ်….. :))

  • alinsett (gazette)

    June 28, 2014 at 7:26 am

    အပျံသင်စ ကလောင်ငှက်ငယ်လေးဟာ
    ကျနော်လည်း ဖြစ်ပါတယ် ခေါင်
    ကျနော့်အတောင်ပံမှာ ဒဏ်ရာဒဏ်ချက်ကလေးတွေတော့ ရှိတာပေါ့

    ခေါင့်အနုပညာဖန်တီးမှုတွေကို အားကျတဲ့
    သူရ

  • kyeemite

    June 28, 2014 at 9:00 am

    အပေါ်ဆုံးပုံလေးအကြိုက်ဆုံးပဲဗျာ….
    ရွာ ဆိုတာဒီလိုပဲဗျ…တစ်ခါတစ်ခါတောခြောက်သလိုမျိုး…
    တစ်ခါတစ်ခါ လေပွေဝင်သလိုမျိုး….
    တစ်ခါတစ်ခါ ………………………
    ………………………………………
    နောက်တော့လည်း အေးချမ်းပြီး စည်ကားသိုက်မြိုက်လာတတ်ပြန်တာပါပဲ…
    ရွာ့လက်ဆောင်အတွက်ကျေးဇူးပါကိုခေါင် :s:

  • surmi

    June 28, 2014 at 9:16 am

    ရွာကိုချစ်တဲ့ ဆရာခေါင်ကိုလည်း
    ရွာချစ်သူများက သတိယနေကြပါတယ်ဗျို့ 🙂

  • Mr. MarGa

    June 28, 2014 at 9:46 am

    ဒါတို့ရွာ၊ ဒါ တို့ရွာ၊ ဒါ ငါတို့ရွာ
    ဘာတွေ ဘယ်လိုပဲဖြစ်ဖြစ် အမြဲချစ်နေမယ့် ရွာ
    ကျနော့်ကို ကုတ် နဲ့ ကော်ထုတ်တောင် ထွက်မှာမဟုတ်တဲ့ ရွာ

    ဒါ… တို့ ရွာ

    ဖားသဂျိုးး 🙂

  • ရွာကိုခင်တွယ်ပြီး ရွာသူားတွေကိုချစ်ခင်ရပါတယ်။
    စိတ်ထားအလှကော၊အနုပညာအလှပါပြည့်ဝတဲ့ဆြာခေါင့်ကိုလည်းအားလုံးကချစ်ခင်ကြပါတယ်။
    ပန်းချီလက်ရာတွေကို နိုင်ငံခြားသွားကြည့်စရာမလိုပဲ အဆင်သင့်အားပေးရတဲ့အတွက်လည်းကျေးဇူးပါရှင်။
    😀

  • ရွာစားကျော် မင်းနန္ဓာ

    June 28, 2014 at 11:14 am

    ရွာကို ချစ်သော်လည်း ရွာနဲ့ဝေးနေတာ ကြာပေါ့
    ခု ရွာထဲ ဂျပုန်ဝင်တာလား အာဏာသိမ်းတယ်ဆိုလား
    ဂျောက်ထဲမကျခင် ကယ်တာဆိုလား အသံကြားလို့ ဝင်ကြည့်တာ

  • Ma Ma

    June 28, 2014 at 3:43 pm

    ဒါ…..ငါတို ့ခင်တွယ်တဲ့….ရွာ့ကဗျာ
    ဒါ…..ငါတို ့ခင်တွယ်တဲ့….ရွာ့ပန်းချီ
    ဒါ…..ငါတို ့ခင်တွယ်တဲ့….ရွာ့ပန်းချီဆရာ 🙂

  • kai

    June 28, 2014 at 3:53 pm

    ပုံလေးတွေက.. ဥရောပဆန်နေတယ်…
    ရွာကလည်း.. ဥရောပဆန်နေသလားပဲနော..
    အင်း.. တကယ်တော့
    မတူညီတာတွေနဲ့ ပူးတွဲတည်ဆောက်ထားမှ.. အလှတရားကပိုထင်ရှားသပေါ့..

    ဆိုတော့…
    ဓာတ်မြေဩဇာအိပ်ကို.. အသည်းအသန်အကြီးချဲ့ဖတ်မိနေမိရဲ့.. :mrgreen:

  • TNA

    June 28, 2014 at 3:53 pm

    ဆြာခေါင့်ပန်ချီကားတွေတော့ သိမ်းထားတယယ်ဆြာခေါင်ရေ။ ကျွန်မလဲဒီရွာကိုသိပ်ချစ်ပါတယ်

  • ဝင့်ပြုံးမြင့်

    June 30, 2014 at 6:19 am

    ခုတလော ရွာထဲ ဝင်ရခက်လိုက်တာ ကိုခေါင်ရေ။ ဒါပေမယ့် ဝင်လို့ရတာနဲ့ ကိုခေါင့်စာကိုမြင်ရတော့ ပျော်စရာကောင်းသွားတာပေါ့။

  • Ma Ei

    June 30, 2014 at 12:21 pm

    ရွာ ( လက်ဆောင် ) အတွက် ကျေးဇူးအထူးပါ …
    နောင်ပို့ပေးမယ့် လက်ဆောင်လဲ မျှော်လျှက်ပါ ကိုခေါင်…

  • Ma Ma

    June 30, 2014 at 3:12 pm

    (ပြောချင်တာလေး ကျန်ခဲ့လို့)
    ဒုတိယပုံလေး အကြိုက်ဆုံးပဲ။
    ကလေး၂ယောက်ကို သဘောကျလို့။
    အကြီးမလေးရဲ့ ဟန်က အရမ်းသနားစရာကောင်းတာကို ပေါ်အောင်ရေးနိုင်တဲ့ စုတ်ချက်ကိုလည်း သဘောကျတယ်။
    အငယ်ကောင်လေးရဲ့ လောကကြီးအကြောင်းဘာမှမသိတဲ့ မျက်လုံးလေးကလည်း ပေါ်လွင်တယ်။ 🙂

Leave a Reply