ကိုယ်လျှောက်သော ခရောင်းလမ်း ( အပိုင်း ၅ )
အထွန်း လိုက်တော့…မြိုင့် လက်ကိုဆွဲလို ့ ပြေးကြတာလဲ မြိုင်တို ့အိမ်အရောက်ပါဘဲ…။
“ ဒီနှစ်ယောက် ဘာမဟုတ်တာ လုပ်လာကြတာလဲကွာ..” လို ့မြိုင့်အမေက မေးရင်..
“ ခါလာ( ဒေါ်ဒေါ်)..အထွန်းမေးရင် ညီညီမရှိဘူးလို ့ပြောနော်” ဆိုပြီး မြိုင်တို ့အိမ်ခန်းထဲက တံခါးကြားမှာ တခွိခွိ
..တခစ်ခစ်နဲ ့ပုန်းကြတယ်..။
ဘာတွေ သဘောကျမှန်းလဲ မသိဘူး..ကျနော့်လက်မောင်းကို မြိုင်က ခဏခဏ ဆွဲဆိတ်လိုက် ရီလိုက်နဲ ့..။
“ ဟေ့…တိတ်တိတ်နေနော်…ဟိုမှာ အထွန်းတော့ တုတ်တစ်ချောင်း လေးခွတစ်လက်နဲ ့ဒီနားမှာ…
ဘာရှာနေတာလဲ မသိဘူး…ဒေါသလဲ ထွက်နေတယ်နော်..ဟင်းဟင်း…”
မြိုင့်အမေကလဲ လက်ကသာ ဆန်ရွေးနေတာ ပါးစပ်ကလဲ ခြောက်မှခြောက်။
အဲဒီအသံကြားတော့ မြိုင်ကရယ်တယ်..ပြီးတော့ ဘာပြောတယ်မှတ်လဲ..
“ မေမေ..မြိုင်တို ့ကို ထမင်းခြောက် လာပေးပါလား..” တဲ ့..။ သူ ့အမေစနေမှန်းသူကသိတော့ ထမင်းခြောက်
လှော်တောင် တောင်းလိုက်သေးတယ်..။ မြိုင်က အဲသလို……မြိုင်။
တခါတခါဆို မြိုင် က ဘာကို တွေးပြီး ဘာကို ကောက်မှန်းလဲ မသိဘူး..အခန်းထဲမှာတစ်ယောက်ထဲ
ထမင်းမစားဘဲ ကောက်နေတာ…။ ကျနော်ကလဲ ဆော့စရာက မြိုင်တစ်ယောက်တည်းမဟုတ်ဘူးလေ..တခါတခါ
ကိစ္စမြားမြောင် လူတို့ ့ဘောင်ဆိုသလို…ကိုယ့်ဟာကိုယ်ကို ဂျင်ခြေလိုက်နေတာလေ..။
အဲဒါဆို မြိုင့်အကို ဇော်ဝင်းရောက်လာတာဘဲ…
“ ညီညီ..ကျော်ပေဒိုး ပစ်မနေနဲ ့ တို ့အမေ ခေါ်နေတယ်ကွ..လာ”
သူပြောရင် ကိုယ်ကလဲ တန်းရပ်ပစ်လိုက်တာပါဘဲ.. အဲဒါတွေ ကစားလဲ တခါမှကို မနိုင်တာ..။
ဟိုသာရောက်သွားတာ ဘာလုပ်ဘို ့ခေါ်မှန်းလဲ သိတာမဟုတ်ပါဘူး..။
“ ဟော….ညီညီ လာပြီကွာ… မင်းကြိုက်တယ်ဆိုလို ့ ခါလာ ခရမ်းချဉ်သီးဆော့ခ်လုပ်ထားတယ်..ပဲနီလေးဟင်း
ချက်ထားတယ်..အမဲခြောက်ဖုတ်လဲ ပါတာပေါ့ကွာ..ဇော်ဝင်းနဲ ့အတူ ထမင်းစားနော်..ခါလာတို ့က
မင်းတို ့အိမ်လောက်တော့ ဟင်းမကောင်းဘူးကွာ..”
“ဟုတ်..”
တခွန်းဘဲ ဖြေပြီး စားတာဘဲ …။
ကျနော်နဲ ့ဇော်ဝင်း ထမင်းစားနေပြီဆိုမှ ဂါဝန်လေးကို လက်နဲ ့ချေရင်း အခန်းထဲက မြိုင်ထွက်လာတာ..။
“ ဟော…မြိုင်လဲ လာပြီ..ဒီမှာ ညီညီတော့ ထမင်းစားနေပြီ..မြိုင်ရော စားမယ်မဟုတ်လား…စားမှာပါ…”
ပြောပြောဆိုဆို မြိုင့်အမေက ပြောလဲပြောရင်း ထမင်းခူးပေးတော့ မြိုင်က ကျနော်တို ့နဲ ့အတူ ထမင်းဝင်စားတာ
ဘဲ..။
သူမစားခင် သူ ့ပန်းကန်ထဲက အမဲခြောက်ဖုတ်လေးတောင် ကိုယ့်ထဲ လာထည့်ပေးတတ်သေးတယ်..။
……
……
တခါတုန်းကလဲ မြိုင်တို ့အိမ်မှာအတူကစားရင်း မြိုင်တို ့အိမ်ဘေးခြံက မာလကာပင်က မာလကာသီးကို
စားချင်တယ်တဲ ့..။
အိမ်မှာမာလကာသီးတွေ အများကြီးဘဲ..လာလေ..ဆိုတော့ ဒီအပင်ကဟာဘဲ စားမယ်တဲ့…။
ပြောမရတော့ ကိုယ်လဲ ခြံစည်းရိုးက တဆင့်တက်ခူးတာပေါ့..။ ခူးတောင် မခူးရသေးဘူး..
“ ဟဲ ့..ဘယ်လိုဖြစ်နေကြတာလဲ ..မာလကာသီးကနုနုလေးတွေ..မခူးနဲ ့ဆင်း..အခုဆင်း”
အသံကြားလို ့ကြည့်လိုက်တော့ အဘွားဒေါ်စိန်ချယ်..အမေကြီးဆီ လာလည်နေကျ..တစ်နေ ့တစ်ခေါက်ဘဲ..။
“ မြိုင်က စားချင်တယ်ဆိုလို ့.တစ်လုံးတည်ပါ..ဘွားစိန်ချယ်ကလဲ..”
“ ဘယ်နှစ်လုံးမှ မရဘူးဟေ့..အခုဆင်းဆိုဆင်း”
“ ဘွားစိန်ချယ်ကလဲ မြိုင်စားချင်နေလို ့ပါဆိုမှ..”
“ မရဘူး”
“ဘွားစိန်ချယ် ..စိတ်ပုတ်တယ်ဗျ..အလ္လာပြောထားတယ်လေ..တနှစ်မှာ ၃ကြိမ် ဇကာ့ဒ်( မရှိသောသူများကို
လှုဒါန်းခြင်း)လုပ်ရမယ်လို ့ပြောထားတယ်လေ”
“ ဟေ့..မောင်ညီညီ အမလေး ကြီးကြီးကျယ်ကျယ်တွေ ပြောမနေနဲ ့..အခုဆင်း”
ဘယ်လိုမှ ပြောမရတော့ ဆင်းရတာပါဘဲ..ကျေတော့ မကျေနပ်ပါဘူး..အသက်ကြီးနေပြီး မာလကာသီးလေး
တစ်လုံးကို ။ သူတို ့ဒီလောက် စားနိုင် သောက်နိုင်တာ..။
“ လာ..မြိုင်..ငါ့ဆီမှာ ကျွေးမယ်..”
…..
မြိုင့်ကိစ္စနဲ ့မကျေနပ်တာကို မှတ်ထားတာပေါ့..။
ဟော..နောက်ရက်ကျ ဘွားစိန်ချယ်ကြီး အိမ်လာလည်ပါရောလား…
“ ညီညီရေ..ငါ့မြေး လက်ဘက်အုပ်ချပါဟဲ ့..ကွမ်းအစ်ထဲမှာ ကွမ်းရောရှိလား မရှိရင် ထပ်ဖြည့်”
ဟင်းဟင်း…ဒီအိမ်မှာ ကြံသကာပုန်း၊ ဆေးသကြား၊ မုန် ့ပုံး၊ လဘက်ရည်၊ ကွမ်းလက်ဘက်ကို ကြီးကြပ်ကိုင်တွယ်
်ရတဲ ့သော့ကိုင်ဟာ..မောင်ညီညီဖြစ်တယ်ဆိုတာ ဘွားစ်ိန်ချယ်တစ်ယောက် မသိဘူးထင်ပါ့..ဟွင်းဟွင်းးးးး
“အမေကြီးေ၇…အလ္လာက တစ်နှစ်မှာဇကာ့ဒ် ၃ကြိမ်ဘဲ လုပ်ရမယ်လို့ ့ပြောထားတယ်..”
“ဟဲ့..မင်းနှယ်… ဘာတွေ ပြောနေတာပါလိမ့်..”
“ဘွားစိန်ချယ် လာလည်တိုင်း လဘက်သုတ်တွေကျွေး၊ လဘက်ရည်တွေ တိုက်ရတာ ၃ခါမကတော့ဘူးလို ့..”
“ မတင်..တော့် မြေးးးဟာလေ…ဘယ်သူနဲ ့တူမှန်းကို မသိဘူး..ကျုပ်ကို ပြောနေတာတော်ရေ ့”
“ နင်ကရော..ခလေးနဲ ့ဘက်ပြီိး ဘာဖြစ်ထားလို ့လို ့လဲဟဲ့”
“ အမယ်လေး…မနေ ့က သူ ့မြိုင်ကို ကျုပ်က မာလကာသီးမကျွေးလို ့တော်ရေ ့..”
“ ကျုုပ်ပြန်မယ်.”
“ ဟဲ ့..နေပါဦးတော့လား…”
“ဘာတွေဖြစ်နေတာလဲ အမေ” ဟော..မာမူကြီး..ဦးဟန်..ကျနော့်အချစ်တော် ဦးလေး..။
မာမူကြီး ကားသိမ်းပြီးလို ့ပြန်လာတာ..အလုပ်သိမ်းတာနဲ ့မာမူကြီးက ထွေနေပြီ..အာလေးလျှာလေးနဲ ့။ မာမူကြီး
အသံကြားတော့ ကျနော်လဲ ထွက်လာပြီိး..အကုန်ပြောပြတာလေ..။
“ အေး..ဒါလုပ်သင့်တယ်..ဒါ“ ဖြုတ်ထုတ်သတ် ”လမ်းစဉ်ဘဲ..ဟေ့..ဗိုလ်ရောင်နီ ထောက်ခံတယ်..
ပစ္စည်းမဲ ့တော်လှန်ရေး..မင်းသူငယ်ချင်းအတွက် မင်းလုပ်တာ ကောင်းတယ်”
“ နေစမ်းပါ သိန်းဟန်ရယ်..ငါ့နှယ် ဒီကွန်မြူနစ်က တမျိုးဟဲ့.. ကဲပါ ညီညီရယ် လဘက်အုပ်ယူလာပါ”
“ အမလေး မစားတော့ပါဘူး မတင်ရယ်..ကျုပ် လဲ လဘက်တဝါးစားဘို ့အရေး တော့်မြေးပြောတာ ခံရ၊ ကွန်မြူနစ်
ကြောက်ရနဲ ့..တကတည်းမှဘဲ..”
ပြောလဲပြော တဘက်ကလေးခေါင်းပေါ်တင်ပြိး ဘွားစိန်ချယ်ကြီး တချိုးတည်းလစ်တာ..
မြိုင်……အဲဒီအဘွားကြီး စိတ်တိုသွားတာ နင့်ကို ပြချင်လိုက်တာ…။
…..
…..
မြိုင်………
နင်နဲ ့ငါ ဘယ်လောက်ဘဲ သံယောဇဉ်ရှိနေပါစေလေ..ငါ့အကျိုးပေးက ချစ်သောသူတွေနဲ ့ကွေကွင်းရခြင်း ဆု
ပြည့်နေသလားဘဲ..။
တနေ ့ကျောင်းကပြန်လာပြီး လဘက်ရည် သောက်နေတုန်း..အဘူပြောတယ်လေ
“ ညီညီရေ..မင်းမြိုင်မရှိတော့ဘူး”
“ ဟင်..ဘာဖြစ်လို ့လဲ မြိုင် ဘယ်သွားလို ့လဲ”
“သူတို ့အဖေပြန်ပြောင်းရပြီလေ..ဒီမှာ မန္တလေးက အော်ပရေတာ တစ်ယောက်ပြောင်းလာတော့မှာမို ့..
မနက်ကတည်းက ပြောင်းသွားကြပြီ”
“………“
“သူတို ့လဲ တက်သုတ်ရိုက်ဘဲဟဲ့..ရှိတဲ ့ပစ္စည်းလေးတွေ ကောက်ထည့်ပြီး မနက်ကရထားနဲ ့လိုက်သွားကြလေရဲ ့”
မြိုင်…မြိုင်..
ငါလဘက်ရည်တောင် မသောက်နိုင်တော့ပါဘူးမြိုင်ရယ်…နင်တို ့အိမ်ဘက်ပြေးလာခဲ ့တာပါ..။
…..
…..
တိတ်ဆိတ်ခြောက်သွေ ့နေတာဘဲမြိုင်..သော့ခတ်ထားတဲ ့အိမ်ရဲ ့လှေကားမှာ ငါတွေတွေကြီးထိုင်နေမိတယ်..။
ငါ့ကိုတောင် မစောင့်ဘူးမြိုင်ရယ်…
ငါ့ကိုတောင် နင်မစောင့်ဘူး…
ငါ့အပေါ်မှာ ခင်တွယ်တဲ ့အေးမြတဲ ့အငွေ ့အသက်တွေ ပေးနိုင်တဲ ့မြိုင်ရေ..
ဟောဒီ ကမ္ဘာလောကကြီးဟာ ငါ့ကို တစ်စစီချေမွနေတာလား…
အေးမြတဲ ့ မေတ္တာတွေကို ငါ့ဆီကလုယူနေကြတာလား…
ငါမှတ်မိသလောက်ကတော့…ငါအကြာကြီး ငိုနေမိတယ် မြိုင်ရေ..။
မိုးချုပ်မှ အဘူလိုက်ရှာပြီး ချော့ခေါ်မှ ငါပြန်သွားခဲ ့တယ်..မြိုင်ရေ..။
သံယောဇဉ်ဆိုတာ ဘာပါလို ့ ငါသေချာမပြောပြတတ်ပေမယ့်..ငါအဲဒီကနေ ဖျားသွားတယ်မြိုင်..။
ရက်တွေ တော်တော် ကြာတယ်ထင်တယ်…
ငါ့ရင်ထဲက နင့်ကို ဆွဲထုတ်သွားပြီးတဲ ့နောက်..
လောကကြီးက ငါ့ကို လက်ဆောင်အသစ်ထပ်ပေးလာတယ်မြိုင်..
“ အသည်းရောင်အသားဝါတဲ့…တိုက်ဖွိုက်တဲ့…”
ခဏလောက်တော့ လောကကြီးက ငါ့ကို မြိုင်ဆိုတာလေးဖန်ဆင်းပေးခဲ့တာဘဲ…
အဲဒီ အချိန်တွေပြီးတာနဲ ့မြိုင်ရယ်…။
နင်ငါ့ဘဝကို မှ သေချာမသိတာ.. နင်က ငါ့ထက်လဲ ငယ်တယ်လေ..
ထားရစ်ခဲ ့ပေါ့…မြိုင်ရယ်..
ငါ့ကို နင်..ထားခဲ့ပေါ့…။
ဆက်ပါဦးမယ်
ကျော်စွာခေါင်
22 comments
kai
April 12, 2014 at 6:21 am
ဟင်း..
တန်းလန်းကြီးဆိုမှတကယ့်တန်းလန်းကြီး…
ကျော်စွာခေါင်
April 14, 2014 at 10:28 pm
သူကြီးရေ
ဆက်ပါ့မယ်ဗျာ..
တန်းလန်းကြီတော့ …မထားပါဘူး…။
alinsett (gazette)
April 12, 2014 at 6:42 am
ဟောဒီကမ႓ာလောကကြီးဟာ
ငါ့ကို တစစီချေမွနေတာလား လို ့ တောင် ယူဆ တွေးတောလိုက်ရတယ်ဆိုတဲ့
လူတစ်ယောက်ရဲ့ ခံစားချက်
နင့်သီးနာကျင်မှု
အင်းးးး
ကိုယ်ချင်းစာမိပါတယ် ဦးခေါင်ရည်
ကျော်စွာခေါင်
April 14, 2014 at 10:29 pm
အလင်းဆက်ရေ
ကိုယ်ချင်းစာတတ်တဲ ့ ပင်ကိုယ်စိတ်လေးက လောက ကို လှပစေတယ်..။
ကျေးဇူးပါ..။
snow smile
April 12, 2014 at 11:29 am
ဖတ် ရင်း နဲ့ ငို ချင် လာ ပြီ
တ ကယ်
ကျော်စွာခေါင်
April 14, 2014 at 10:31 pm
snow smile
မစနိုး..
ဖတ်ရှုအားပေးတဲ့အတွက် ကျေးဇူးပါ..။
Ma Ma
April 12, 2014 at 11:31 am
ချစ်သောသူနဲ့ ကွေကွင်းရခြင်းဆိုတဲ့ ဆုနဲ့ ပြည့်နေသလို….
တွေ့သောသူတိုင်းနဲ့ ချစ်ခင်ရခြင်းဆိုတဲ့ ဆုနဲ့လည်း ပြည့်နေတယ် မဟုတ်လား ခေါင် 🙂
padonmar
April 13, 2014 at 10:21 pm
သေချာတာကတော့ ရွာထဲက ရွာသူားတိုင်းက ချစ်တာခံရတာပဲ။
ကျော်စွာခေါင်
April 14, 2014 at 10:38 pm
မမ
အဲဒါတော့ မှန်ပါတယ် အမ..
အဲဒါလေးကို ငယ်ကတည်းက သတိထားမိတယ်.. ကိုယ့်မိသားစုက လွဲရင်ပေါ့လေ…
အဲလိုသတိထားမိလာတော့… ကိုယ့်ကိူကိုယ် ပို ဆင်ခြင်ရတယ်..
အော်..ငါ့ကို ချစ်တဲ့သူတွေ ရှိပါလား…ဘာလို ့ချစ်တာလဲ..စဉ်းစားတယ်..
ဘာသွားတွေးမိလဲ ဆိုတော့ ရိုးသားမှု ရယ် မေတ္တာစိတ်ရယ် ကိုယ်ချင်းစာတတ်မှုလေးတွေ ကိုယ့်မှာ ရှိမှန်းသိတယ်..
ဒီစိတ်လေးအခံရှိလို ့ပါလား တွေးမိတော့ ဒါလေးကိုဘဲ မပျောက်ပျက်အောင် တန်ဘိုးထား ထိမ်းသိမ်းပါတယ်..မမ။
ရွာကလဲ..ချစ်ကြတယ်။။ ကိုယ်ကလဲ ရွာကို တစ်ကယ်ချစ်မိသွားတာကိုး..။
padonmar
April 13, 2014 at 10:16 pm
တနှစ်မှာ ၃ကြိမ် ဇကာ့ဒ်လုပ်ရမယ်။
ခေါင်က ဒို့ရွာသူားတွေကို တခါမှ မကြွေးသေးဘူး။အဲတော့ ၃ခါအကြွေးမှတ်ရမယ်။
ကျော်စွာခေါင်
April 14, 2014 at 10:40 pm
မမမာ
ကျွှှေးမှာပေါ့…အကြွေးဘဲ မှတ်ထားဦးနော်..။
ဦးကြောင်ကြီး
April 14, 2014 at 6:49 am
ဇကာ့သုံးခါ
ငတမုန်းထှာ
ဗလဗုံးရှာ
သမရုံးမှာ
အစတုံးလာ
မရကုန်းကွာ
ဓါးမဆုံးရာ
ကမာ္ဘ့လုံးပါ..
ကျော်စွာခေါင်
April 14, 2014 at 10:50 pm
ဟာာာာာာာ……
ကာရံတွေက မြောက်နေတော့….ဘာပြန်ပြောရမယ်တောင် မသိတော့ပါ..။
ကြောငိဇကာ့ဒ်
ထောင် ၂ ပါတ်
ဘောင်မခတ်
လှောင် သတ်
ကြောင် ပြတ်
…..
ကဲ…။
ကေဇီ
April 14, 2014 at 9:12 am
ခေါင့် မှတ်ဉာဏ်က အတော်မြင့်တဲ့ထဲ ပါတယ် လို့ ပြောရမယ်။
ကျနော်တို့ ဆို ငယ်တုန်း က သူငယ်ချင်း မပြောနဲ့ မနေ့က တွေ့တဲ့ သူ နာမည်တွေကို တောင် ခဏ ခဏ မေ့တတ်တာ။
ကျနော့ မှတ်နိုင်စွမ်းအားတွေ စလုံးရောက်မှ ပိုပိုဆိုးလာတယ်။
:hint:
ရောဂါထဲ ဘာ ရောဂါမှ သိပ် မကြောက်ဘူးးး
အယ်ဇိုင်းမား တို့ အတိတ်မေ့မှာတို့ကို သိပ်ကြောက်တာ။
ဟိ။ ခုတော့ တဖြေးဖြေးအဲ့လို ဖြစ်တော့မှာလား မသိဘူးးး :mrgreenn:
အစားအသောက်လည်း ဘာတွေ စားပြီးပြီလည်း ဆိုတာ မမှတ်မိပဲ ထပ်ထပ်စားဖြစ်နေတယ်။
ဒီ မန်မိုရီ ကို က မကောင်းပါဘူးးး
:kwi:
ကျော်စွာခေါင်
April 14, 2014 at 10:53 pm
မကေ
သိပ်မှတ်ဉာဏ်ကောင်းတော့လဲ…
ရင်ထဲက နာတယ်..
ကေ လဲ သိပ်မှတ်ဉာဏ်ကောင်းရင် ဗိုက်ဆာလိမ် ့မယ်
ဘာမှ မမှတ်မိချင်ယောင်ဆောင်ပြီး ခဏခဏ စားပေါ့…
…
…
ချိန်လေး ..ပစ်သွားရင် တာဝန်မယူပါ…။
padonmar
April 14, 2014 at 12:24 pm
ဒီနေ့ ချမ်းမြေ့ဆရာတော်ကြီး 1988 က ဟောခဲ့တဲ့ ကင်္ခါဝိတရဏဝိသုဒ္ဓိ တရားခွေကိုပြန်နာဖြစ်တော့ စိတ်ဝင်စားစရာတခု မှတ်လိုက်ရပါတယ်။
ရုပ်နာမ်ကို ပိုင်းခြားသိတဲ့ နာမရူပ ပရိစ္ဆေဒဉာဏ်+ အကြောင်းအကျိုးသိတဲ့ ပစ္စယပရိဂ္ဂဟဉာဏ် ၂ခုထိရောက်ပြီးရင် စူဠသောတာပန်လို့ခေါ်ပါတယ်။(ကင်္ခါဝိတရဏဝိသုဒ္ဓိ သို့ ရောက်တယ်လို့လည်း ခေါ်ပါတယ်။)အဲဒီအခါ လောကီ သရဏဂုံ တည်ပါတယ်။မဂ်ဉာဏ်ရမှ တည်တဲ့ လောကုတ္တရာသရဏဂုံက သေသော်လည်း မပျက်တော့ပါ။
လောကီ သရဏဂုံကတော့ မသေခင်ပျက်နိုင်သလို သေရင်တော့ ပျက်တာပါပဲ။
ဒါပေမယ့် အားကောင်းတဲ့ ကင်္ခါဝိတရဏဝိသုဒ္ဓိ သို့ ရောက်ပြီးသူများမှာ နောက်ဘဝတွင် ဘာသာခြားမိဘထံဖြစ်သော်လည်း သရဏဂုံတည်နေတတ်ပါတယ်တဲ့။
ငယ်ရွယ်စဉ် မသိနားမလည်လို့ ဘာသာခြားမိဘ အလေ့အတိုင်း လိုက်နာသော်လည်း မနှစ်သက်ပဲ ဗုဒ္ဓဘာသာကိုသာ နှစ်သက်နေတတ်ပါတယ်တဲ့။
ဆရာတော်ကြီး တွေ့ဖူးတဲ့ ရှမ်းပြည်က ကလေးမဟာ အယူကြီးတဲ့ မွတ်ဆလင်မိဘအကိုတွေကြား ကြီးပြင်းရပေမယ့် အဲဒီအယူတွေမနှစ်သက်နိုင်ပါ၊ ၁ရနှစ်သမီးမှာ ကိုယ်ပိုင်စီးပွားရေး လုပ်ပါတယ်။ ၂၁နှစ်မှာ အိမ်က ထွက်သွားပြီး ဘာသာပြောင်းပါတယ်။ ဆရာတော်ကြီးထံ တရားလာအားထုတ်သွားပါတယ်တဲ့။
ဆရာတော် ဦးဇောတိက ၊အရှင်သောမ၊ဦးဆန်းလွင် တဖြစ်လဲ အရှင် အာဒိစ္စရံသီ တို့နဲ့တကွ ခေါင် အပါအဝင် အစ္စလာမ်ဘာသာမှ ပြောင်းလာသူ ကျမငယ်သူငယ်ချင်း ၊ခရစ်ယာန်မှ ပြောင်းတဲ့ ကျမသူငယ်ချင်း မေအေးဦးတို့ဟာ တဘဝမှာ သရဏဂုံ နက်နက်နဲနဲ တည်ခဲ့တာဖြစ်မယ်လို့ ထင်ပါတယ်။
ကျော်စွာခေါင်
April 14, 2014 at 10:59 pm
အော်…
မထင်မှတ်ဘဲ ကိုယ်ရောက်လာတဲ့ ရွာမှာ မမမာတို ့လို လောကီပညာလဲတတ် ၊ လောကုတ္တရာကိုလဲ လေ့လာမှုအားကောင်းတဲ့
ပညာတတ် အကိုတွေ အမတွေ ညီ ညီမ တွေ တွေ ့ရတော့ အလွန် ဝမ်းသာရတယ်..။
မသိသေးတာကို သင်ယူရတယ်.. သိပြီးတာကို သုံးသပ်ခွင့်ရတယ်…
ကျေးဇူးလတင် ..ဖတ်ရတာလဲ ပြောမပြနိုင်တဲ့ အားအင်တွေ ဖြစ်ရပါတယ်.. မမမာ..။
ကျေးဇူးပါဗျာ..။
black chaw
April 14, 2014 at 10:45 pm
*****
*****
*****
စာရေးသူကို
ချစ်ခင်လေးစားလို ့
ကွန်းမန် ့ ဝင်ရေးသွားပါသည်။
ကျော်စွာခေါင်
April 14, 2014 at 11:00 pm
ကိုဘလက်ချော
ကျေးဇူးပါဗျာ..
ကျနော်ကလဲ ကိုဘလက် အပါအဝင် ဂဇက် ရွာသူရွာသားတွေကို လေးစားချစ်ခင်ပါတယ်ဗျာ။
ဝင့်ပြုံးမြင့်
April 14, 2014 at 11:14 pm
ခရောင်းလမ်း ၁ကနေ ၅အထိ ဖတ်ပြီးပြီလို့ လာပြောတာပါ။ ကိုခေါင်ရေးတာတွေ စုပြီး စာအုပ်ထုတ်လို့တောင် ရနေပြီနော်။
အန်တီမာ ပြောတာနဲ့ ပတ်သက်ပြီးပြောရရင် မအူပင်မှာလည်း အဲဒါမျိုးရှိတယ်။ အဖေက ဗလီဂိုဏ်းချုပ်၊ သားက ဝိသုဒိ္ဓ ကျမ်း လက်ကမချတဲ့သူ။ သိပ်ပြီး သိမ်မွေ့တဲ့ ဗုဒ္ဓဘာသာဝင်တစ်ဦးဖြစ်နေတယ်။ ကျမကတော့ ငရဲပြည်ကို ဇောက်ထိုးတောင်မဟုတ်၊ တစ်ပတ်ဂျွမ်းပစ်ပြီးသွားရမယ့်လူ .. ဟီး …
ကျော်စွာခေါင်
April 14, 2014 at 11:44 pm
မျှစ်ကြော် ( မပြုံး )
အဖေ့နာရေး ကတည်းက ပျောက်နေလိုက်တာ..
အစစ အဆင်မှ ပြေရဲ ့လားလို ့ တွေးမိပါသေးတယ်.. ပင်ပန်းမှာပေါ့။။။
မျှစ်ကြော် က လူဇိုးဘဲ ဖြစ်မှာပါ ( မြွေ မြွေ ချင်း ခြေမြင်တဲ့ သဘော း) ) လူမိုက်မဟုတ်ပါဘူး
အချိန်အခါအရ လူက ပြောင်းလြနေတာပါ မျှစ်ကြော်ရယ်..ပုံသေ မတွက်ပါနဲ ့..။
စာအုပ်ထုတ်တာကတော့ မျှစ်ကြော်နောက်ကပ်လိုက်မှ ထုတ်ဝေသူက ရှိန်မှာလေ…
ဟ..လုပ်ကြပါဦး ..ငါ့စာအုပ်တိုက်ကို စာရေးဆရာ လူမိုက်မောင်နှမ ။။ ဝင်လာပြိီဟေ့…ဆိုပြီး… ဟေးဟေးးးး
TNA
April 15, 2014 at 3:38 pm
အသဲကွဲသွားတာပေါ့။ ဆြာခေါင်သနားပါတယ်ဟယ်။