ရွာအတွက် လက်ဆောင်
ကျနော် ရွာထဲကို မလာဖြစ်တာတွေ များနေပြီ…
စာဖတ်ချင် စာရေးချင်ပေမယ့် …ဟိုးးးးတစ်လောက မျက်စေ့နာတာရယ်..အခု ပြပွဲအတွက် ပန်းချီတွေဆွဲနေတာကြောင့် စာကိုမရေးနိုင်တာပါ..
ဒါပေမယ့်..ရွာသူရွာသားတွေအတွက် လက်ဆောင်လေးတွေ ပို ့လိုက်ပါပြီ…။
စစ်ပွဲကို စိတ်နာကြသူများ………………………..ဆီဆေး
စစ်နဲ ့ဝေးသော ခလေးများ ဆီဆေး
မြို ့လည် က လှေဆိပ်………………………………ဆီဆေး
ဆောင်း ဆီဆေး
ဆောင်း..၂ ဆီဆေး
မီးသတ်မျှော်စင် ဆီဆေး
နွေရာသီ လှေပြပွဲ ဆီဆေး
ပင်လယ်အိပ်တန်းဝင်ချိန် Acrylic
ကျေနပ်မယ်လို ့ မျှော်လင့်ပါတယ်ဗျာ…။
ကျော်စွာခေါင်
14 comments
MAUNG
June 6, 2014 at 6:56 am
စစ်ပွဲကို စိတ်နာနေ တဲ့ ကလေးငယ် လေး တွေကို စစ် နဲ့ဝေး သူ ကလေး ငယ် တွေနဲ့ ယှဉ် တွဲ ကြည့် ပြီး ပိုခံစား မိပါတယ် ။
လက်ဆောင် လေး တွေအတွက် အားလုံးရဲ့ ကိုယ်စား ကျေးဇူး အထူး ဗျာ ကိုကြီး ကျော်
alinsett (gazette)
June 6, 2014 at 7:42 am
မြတ်မြတ်နိုးနိုး ခံစား ရယူသွားပါတယ်ဗျာ. . .
အလွမ်းတစ်ခု ပြေပါပြီ ဦးခေါင်ရည်
🙂
kyeemite
June 6, 2014 at 9:22 am
ကိုခေါင်ရေ ပုံလေးတွေကို ဖေ့စ်ဘုတ်မှာလည်းတွေ့တွေ့နေရလို့ ပြပွဲအတွက်လုံးပမ်းနေတာသိပါတယ်..
မအားတဲ့ကြားက ပုံလေးတွေလက်ဆောင်ပေးရင်းလာနှုတ်ဆက်တာ ကျေးဇူးပါနော…
ပုံလေးတွေထဲ…“စစ်ပွဲကို စိတ်နာကြသူများ………………………..ဆီဆေး” ကိုကြည့်ပြီး
ကချင်ဒေသကို သတိရသွားတယ်…အော်..စစ်ပွဲတွေမြန်မြန်ရပ်နိုင်ကြပါစေ… 🙁
လုံမလေးမွန်မွန်
June 6, 2014 at 10:01 am
ဖေခေါင်ရေ..သတိရနေတာပါ..
လက်ဆောင်အတွက် ကျေးဇူးအများကြီး တင်ပါတယ်…
စစ်ပွဲကို စိတ်နာတဲ့ကလေးတွေအစား ရင်နင့်သွားပါကြောင်း
Wow
June 6, 2014 at 11:50 am
ကလေးတွေ ပန်းချီကားလေး နှစ်ခုလုံးကြိုက်တယ် 🙂
black chaw
June 6, 2014 at 11:56 am
ခင်ဗျားပေးတဲ့ လက်ဆောင် ကို
ကျွန်တော် တန်ဘိုးထား လေးစားစွာ ယူသွားပါတယ်
ကိုကျော်စွာခေါင်ရေ…။
kai
June 6, 2014 at 1:04 pm
ပုံနှိပ်သတင်းစာထဲ.. ” ကလေး..အတွေး..လက်ရာ” ဆိုပြီး.. ကလေးတွေဆွဲတဲ့ပန်းချီကို.. ထည့်ပေးတာရှိတယ်ဗျ..
အဲဒီမှာ.. ကလေးတွေဆွဲပြီးပုံ.. ပန်းချီ.. စကင်န်ဆွဲပြီး.. ပို့လာရင်.. ကလေးအမည်..မိဘအမည်..ကလေးကျောင်းအမည်နဲ့.. အဲဒီပန်းချီပုံလေးကို.. ထည့်ပေးတာပါ..
ဒီလအတွက်.. မရသေးလို့..
အဲဒီအချိန်မှာ.. ဆရာခေါင်ရဲ့..”စစ်ပွဲကို စိတ်နာကြသူများ” ” စစ်နဲ ့ဝေးသော ခလေးများ ” ပုံ တွေ့လိုက်တာ.. စိတ်ထဲ.. အမျိုးမျိုးခံစားချက်တွေ.. နှိုင်းဖြစ်သွားမိတယ်…။
အင်း.. ပန်းချီနဲ့.. စိတ်.. အညမညလွှမ်းမိုးမှု.. ခေါ်မလား…
Ma Ma
June 6, 2014 at 7:10 pm
ကျေးဇူးပါ ဆြာခေါင်ရေ။
ပန်းချီတွေက အနောက်တိုင်းမြင်ကွင်းတွေချည်းပဲနော်။
ပထမဦးဆုံး (ထင်ပါရဲ့) တင်တဲ့ ချင်းအမျိုးသမီးကြီး ဆေးတံသောက်နေပုံလောက်တော့ ခံစားလို့ မရဘူး။ 🙂
ကိုပေါက်(မန္တလေး)
June 6, 2014 at 10:18 pm
ကိုခေါင်ရှဲု့ ဒီပုံလေးတွေက တော့ ဥရောပဆန်တယ်လို့ ဆိုချင်ပါတယ်။
သို့သော် ရ သ တွေ အပုံအပင်ကြီး ပေး သွား ပါ တယ်။
TNA
June 7, 2014 at 1:48 pm
ဆြာခေါင့်ပန်းချီတွေကို စုပြီးသိမ်းထားတယ်။
အရီးခင်
June 8, 2014 at 5:13 am
ပန်းချီဆရာ
စကားပြောပြော မပြောပြော ပန်းချီကားလေးတွေ လက်ဆောင် ချ သွားရင်ဘဲ ကျေနပ်နေကြပါပြီ ရှင့်။
ပုံတိုင်းက အသက်ဝင်နေတာ။
ထိပ်ဆုံးက ကလေးလေး နှစ်ယောက် က ချစ်ဖို့ကောင်းလိုက်တာ။
သူတို့ကြည့်ရတာ တော့ စစ်ပွဲကြောင့် သိပ်စိတ်ညစ်နေပုံမရဘူး။
ကလေးဘဲနော်။ အဖော်ရှိရင်ပျော်ပျော်ဘဲဖြစ်နေမလားဘဲ။
ကေဇီ
June 8, 2014 at 11:34 am
ခေါင့် မျက်လုံး က ကောင်းပြီလားးး
စာမရေးနိုင်ပေမဲ့ ဂလို လက်ဆောင်လေးတွေ နဲ့ ပြန်လာတဲ့အတွက် ကျေးဇူး နောနော် ပါ။
အဟိ။
အတိုင်းထက် အလွန် လို့ ပြောတာပါ။
😀
Shwe Poe
June 8, 2014 at 9:19 pm
ကိုခေါင် အားကျတယ်ဗျာ
စစ်ပွဲကိုစိတ်နာကြသူများ ပန်းချီ ပုံ ကိုအရမ်းကြိုက်တယ်ဗျ
ပုံတိုင်းက တော့အသက်ဝင် ပါတယ်
ကိုခေါင် ရဲ ့အနုပညာ လက် ရာကို ခံစားသွားပါတယ်
ပန်ချီပုံ လေးတွေအတွက် ကျေးဇူးပါနော်
padonmar
June 9, 2014 at 12:00 am
လက်ဆောင်တွက် ကျေးကျေး၊
သတိရတာတွက်လည်း ထပ်ဆင့်ကျေးကျေး၊
စစ်ပွဲကိုစိတ်နာနေသူများကို စိတ်ထဲခံစားရဆုံး၊
ဥရောပ ဆောင်းကြီးကို ကြောက်တယ်။