သံယောဇဉ်တွယ်ခြင်းသည်..ဘယ်အရာပေါ်မှာ မှီတွယ်ခဲ ့လေသလဲ မေးရင် ကြင်နာသောရင်ခွင်ကို  ငြိတွယ်ခြင်းလို ့ဘဲ ကိုယ် အဖြေပေးမိပါမည်။ ကိုယ့်အပေါ်ကြင်နာတတ်သောအဘွားတို ့ရင်ခွင်မှာ ကိုယ်ပျော်ခဲ ့ရတယ်..။ ပီဘိ ကလေးတစ်ယောက်ရဲ ့စိတ်တွေနဲ ့ကိုယ်နေနေရခြင်းဟာ ကိုယ့်အတွက် အေးချမ်းမှုပါဘဲ..။ မမအိမ်ထောင်ကျပြီးတဲ ့နောက် မမအမျိုးသား ကိုဆွေကလည်း ကျနော့်ကို ချစ်တယ်..။ သားတစ်ယောက်လိုကို ချစ်တာပါ.။ ကိုဆွေက အခွန်ဦးစီးဌာနကဆိုတော့ မမအတွက်က ဘာအလုပ်မှ မလုပ်ရဘဲ အေးအေးဆေးဆေး နေရတာပါ..။ ကိုဆွေ ရုံးတာဝန်နဲ ့သဘယင်း( ဒီပဲရင်း)မှာ ပြောင်းရတော့ မမနဲ ့အတူ ကျနော်ပါသွားတယ်..။ အိမ်ကလည်း ညီညီပါမှ ရမယ်.မမနဲ ့အဖော်နေပေးဆိုတော့ ကျနော်လည်းပါသွားတာပေါ့..။ နေ ့လည်တိုင် ကိုဆွေ ရုံးသွားရင် မောင်နှမ နှစ်ယောက် အိမ်သေးသေးလေးမှာ နေရင် […]


      ပါးမှာဒါဏ်ရာရပြီးတဲ ့နောက်ပိုင်း ကျနော့်ကို အဘွားတို ့အိမ်ကခေါ်ထားလိုက်တော့တာပါဘဲ……………။ အဘွားက အဖေ့ရဲ ့မိခင်ပါ..။နာမည်က ဒေါ်တင်တဲ ့။ ဗုဒ္ဓဘာသာ မြန်မာစစ်စစ်ပါ၊ အဘိုးက ပါကစ္စတန်က  ကျူလီယာအနွယ်…အစ္စလာမ် ဘာသာဝင်ပါ..။ အဘွားကလည်း အစ္စလာမ်ဘာသာဝင်တွေအတိုင်းနေပါတယ်..။ အဘိုးကတော့ ဆုံးသွားပါပြီ၊ကျနော် မမှီပါဘူး..။အဘွားမှာ မောင်တစ်ယောက်ရှိတယ်..ဘိုးကြွယ်တဲ ့။ သူကခင်ဘို ့ကောင်းသလို ရယ်ရတယ်..ခဏခဏဘုန်းကြီးဝတ်တယ်..ဗုဒ္ဓဘာသာနော်..သူဘုန်းကြီးဝတ်တိုင်း အိမ်ရောက်လာပြီး..“ အမတင်..ကျုပ်ဘုန်းကြီးဝတ်ချင်တယ်..ရဟန်းဒကာမလုပ်ပေးပါ” လို ့ပြောတယ်..။ ၁လနီးပါးလောက်ကြာရင် ဦးထုပ်လေးငိုက်စိုက်ဆောင်းပြီး ပုဆိုးလေးတမမ”နဲ ့ ရောက်လာပြီး…. “ အမတင် ကျုပ်ကို မိန်းမတောင်းပေးပါဦး.” တဲ့…။ ဘယ်အချိန်က လူထွက်လိုက်မှန်းတောင်မသိရပါဘူး။ အဘွားက လိုက်တောင်းပေးတာဘဲ..။  ဟော ၂လ ၃လ ကြာရင် မျက်ရည်လေးစမ်းစမ်း စမ်းစမ်း နဲ ့ငိုကြီးချက်မနဲ […]


  ကျနော့်ရဲ ့ခရောင်းလမ်း ပို ့စ်ထဲမှာ မီးနင်းပြီး လှုတဲ့ အကြောင်းလေး ကြုံလို ့ထည့်ရေးပြရင်း မီးနင်းတဲ့ အကြောင်းကို ရေးပါ့မယ်လို ့ ပြောပြထားပါတယ်…။ ဒါပေမယ့် တစ်ကယ် ပြန်တွေးတော့ ဒါက စိတ်နယ်လွန်ဖြစ်ရပ်တွေနဲ ့ ဆက်နွယ်နေတော့ ဒေါင့်ပေါင်းစုံကိုစဉ်းစားရပါတယ်… ကျနော့်ရဲ ့မြှုပ်ကွက်တွေ ပါလာမယ်..မြှုပ်ကွက်ဆိုတာ လိမ်တာကို ပြောတာ မဟုတ်ဘူးနော်..လျှိ ့ဝှက်သင့်ရင် လျှို ့ဝှက်ရမယ့် ပုဂ္ဂိုလ်ပိုင်းဆိုင်ရာတွေပါ.. ရေးရမှာတော့ မကြောက်ပါဘူး.. အင်္ဂလန်က ဘွဲ ့လွန်ယူပြီးနောက် သူငယ်တန်းက ဆရာကို မေ့သွားနိုင်သူ ရှိပေမယ့် ကျနော့်အတွက်ကတော့ ဘာသာရေး သူငယ်တန်းအဆင့်မှာ သင်ကြားပေးခဲ့သော လမ်းမမှားအောင် ထိမ်းပေးခဲ့သော မိဘဆရာတွေကို ခုချိန်အထိ မမေ့နိုင်ပါဘူး… ကျနော် ငယ်တုန်းက ဆရာမြို ့တော် […]


  ကျနော်တို ့ပါတ်ဝန်းကျင်မှာ ကလေးတွေ များစွာရှိနေကြပါတယ်… ဒီကလေးတွေရဲ ့အနာဂတ် တွေကိုလဲ ကြိုတင်မြင်နိုင်သလို ဝေးဝါးနေတဲ ့ ကလေးတွေရဲ ့ဘဝကိုလဲ မြင်တွေ ့နေရပါတယ်…။ အနာဂတ်အတွက်ကောင်းမွန်ပြည့်စုံသော နေရာ မှာ ရောက်ရှိနေထိုင်ကြတဲ ့ ကလေးတွေ ရှိနေသလို ဘာကိုမှ ကြိုတင်တွက်ဆလို ့မရတဲ ့ ဘဝနဲ ့ပါတ်ဝန်းကျင်မှာ နေထိုင်ရသူတွေလဲ ရှိနေပါတယ်..။ အထူးသဖြင့် မြန်မာနိုင်ငံက ကလေးများစွာရဲ ့အနာဂတ်ကို မိဘအရင်းတွေတောင် ကြိုတင်မမြင်နိုင်တဲ ့ဘဝပါ..။ ကျနော်က မပြည့်စုံတဲ ့ဘဝလေးတွေထဲက ကလေးတွေကို ပိုစိတ်ဝင်စားပါတယ်..။ သူတို ့မှာ ကောင်းမွန်သော အနာဂတ်တွေ ကိုယ်စီရှိနိုင်ပေမယ့်၊ ကြီးပြင်းရတဲ ့ဘဝ၊နေရာ၊ ပါတ်ဝန်းကျင် တွေရဲ ့ပန် ့ပိုးမှု၊ ဖိအားတွေဟာ ကလေးတစ်ယောက်ကို […]


ဒီရက်ပိုင်း ရွာမှာ စာသိပ်မရေးဖြစ်တာ ပုံဆွဲနေလို ့ပါဗျာ… အရင်က ပုံတူတွေကို ခဲဆေး၊ ရေဆေး ဆီ ၊ အခရစ်လစ် စုံနေအောင်ဆွဲဘူးပေမယ့် Airbrush နဲ ့ တစ်ခါမှ မဆွဲဘူးပါဘူး ဒါကြောင့် လေ့ကျင့်နေတာပါ.. ပုံလေးတွေကို ရွာက မကြည့်ရသေးသူလဲ မျှဝေခံစားနိုင်ဘို ့ တင်ပေးလိုက်ပါတယ်…                       နောက်တစ်ပုံဆွဲတဲ့အခါမှ သုံးတဲ့ ပစ္စည်းတွေ ဆေးအမျိုးအစားတွေနဲ ့ နည်းစနစ်ပိုင်းတွေပါ တင်ပြပေးပါ့မယ်.. ဒါပေမယ့် တစ်ခုပြောချင်တာက ကျနော်မှ Airbrush ဆွဲတတ်တယ်လို ့ ဆိုလိုတာ မဟုတ်ဘူးနော်..မြန်မာပြည်မှာဆို ကျနော် ငယ်ငယ်ကတည်းက ပန်းချီဆရာ […]


Silicon make up ဆိုတာ နိုင်ငံတကာရုပ်ရှင်နယ်ပယ်မှာ သုံးနေခဲ့တာ ကြာပါပြီ..။ ပန်းချီပညာနဲ ့မိတ်ကပ် ပညာက နီးစပ်နေတော့ အရင်ကတည်းက စိတ်ဝင်စားနေမိခဲ့ပါတယ်..။ နောက်ပြီး မြန်မာ့ရုပ်ရှင်လောကမှာလဲ သုံးစွဲတာ မတွေ ့ရသလောက်ပါဘဲ…။ ဈေးကြီးတာ။ အလှမ်းဝေးနေတာနဲ ့ နည်းပညာလိုအပ်နေလို ့ဘဲလို ့ထင်မိပါတယ်…။ စီလီကွန် မိတ်ကပ်က တစ်ကယ်ကျွမ်းကျင်လာပြီဆိုရင် ရုပ်ရှင်တွေ ကြည့်ရင်းအတုလား အစစ်လား ခွဲမရနိုင်တာကို တွေ ့ရပါတယ်..။ ဒီ ပညာရပ်ကို စိတ်ဝင်စားတော့ လက်လှမ်းမှီသလောက်လေ့လာရင်း စမ်းသပ်ကြည့်ပါတယ်… မိုက်ကယ်လ် ဂျက်ဆင် ပုံတွေ ကြည့်နေရာက ဂျက်ဆင်ရဲ ့နှာတံလို သေးတဲ့ အိမ်သူသက်ထား မဒမ်ခေါင်ကို စမ်းကြည့်ထားတာပါ… ဒါက…စီလီကွန် မိတ်ကပ် အစစ်မဟုတ်သေးပါဘူး… ရိုူးရိုး မိတ်ကပ်ကိုဘဲ…စမ်းထားတာပါ…။   မဒမ်ခေါင် […]


ရန်ကုန်ကို သွားလည်တုန်းက အသိတစ်ယောက်ရဲ ့အိမ်ကိုရှာရင်း ရွာလည်နေခဲ့ဘူးတယ်.. ရှာရမယ့် အိမ်က 68.. လမ်းလဲမှန်တယ်…ရပ်ကွက်လဲ မှန်တယ်.. တစ်ခြားအိမ်ေတွေ တွေ ့ပြီး ဒီတစ်အိမ်လဲ နံပါတ်ပျောက်နေတာ…။ ခေါက်တုန် ့ခေါက်ပြန် ခြေညောင်းမှ လမ်းထိပ်က ဖုန်းပြန်ဆက်ပြီး အိမ်ရှင်ထွက်စောင့်ပေးမှ အိမ်ကို ရှာတွေ ့တာ… အိမ်နံပါတ်ကြည့်လိုက်တော့ 98…. ဒါနဲ ့ အကို ကျနော့်ကိုပေးတဲ့ အိမ်နံပါတ်က 68လေ…ခုဟာက  98.. ဘယ်လိုဖြစ်တာလဲဆိုတော့….. ဆောရီး ညီလေးရာ   6 ထိပ်မှာရိုက်ထားတဲ ့သံ ပြုတ်နေလို ့ကွ….တဲ့..။ …သံ တစ်ချောင်း…ဟာ မျက်စေ့လည်သွားအောင် စွမ်းဆောင်နိုင်တာဘဲ…။   အလှည့်အပြောင်း ဆိုတာ … တခုခုကို လှည့်စားပြီး အမြင်ပြောင်းအောင် လုပ်လိုက်တာ…. အောက်က […]


  ကျနော်တို ့နိုင်ငံမှာ သမိုင်းတွေ များတာ လူတိုင်းအသိ။ ဘုရားသမိုင်းကအစ… ဝိဇ္ဇာသမိုင်း၊ နတ်သမိုင်း၊သိုက်သမိုင်း…နိုင်ငံရေးသမိုင်း..ပုဂံရာဇဝင် စုံနေတာဘဲ၊ တော်တော်များများက ရာဇဝင်ဆရာ၊ သမိုင်းရေးဆရာ၊ စာရေးဆရာတွေရဲ ့အနုပညာနဲ ့အတွေ းချဲ ့ရင် ချဲ ့သလောက် ပေါ့…။ ကျနော်ငယ်ငယ်က မြန်မာ သမိုင်းကို တော်တော် စိတ်ဝင်စားတာ…စာကျက်လိုက်ရင် ခဏဘဲ…သမိုင်းကြောင်းကို ခြုံငုံပြီး..သိသွားတာ…။ စကားမစပ် ကျနော့်အဖေကတော့ သမိုင်းကို စိတ်မဝင်စားပါဘူး…သူက ဘာသာပြန် တွေဘဲ ဖတ်တာ…အဲ ..သူက အတွေ းကောင်းတယ်…ကျားကစား သိပ်တော်တယ်…။ သားသမီးတွေ အကုန်လုံးကို ကျားကစားတတ်အောင်သင်ပေးခဲ ့တယ်…။ အကြောင်းကိစ္စ တစ်ခု ကြုံလာရင် ကွက်ကျော်မြင်တတ်အောင်တဲ ့…။ အယောင်ပြ..တစ်ကောင်ကျွေးပြီး နှစ်ကောင်ရိုက်…ကင်းကြီးထိုးကျွေးပြီး ၃ကောင်ရိုက်..။ နည်းတွေစုံသလောက် အတွေ ့အကြုံရတယ်..ဘဝမှာ ပြသနာတစ်ခု […]


လူ ့သဘာဝ စိတ်ခံစားမှုဟာ တော်တော် ဆန်းကြယ်တယ်လို ့ဘဲ ပြောရပါလိမ့်မယ်.။ အကြောင်းအရာတစ်ခုကို တည်မှီပြီး ဖြစ်ပေါ်လာတဲ့ ခံစားမှုဟာ အခြေခံ အကြောင်းအရာ (သို ့) ဖြစ်စဉ် တစ်ခုပေါ်မှာမူတည်ပြီး ပြောင်းလဲတတ်တဲ့ သဘောလေးကို ကိုယ်တိုင်ခံစားသိရှိမိသလို သတိလဲ ထားမိပါတယ်..။ ပြောရမယ် ဆိုရင်တော့ မသိခင်နဲ ့ သိပြီး ချိန်မှာ ဖြစ်ပေါ်လာတဲ့ စိတ်ကလေးကို ဖမ်းလိုက်မိတာပါ..။ ကျနော့်ဘဝမှာတစ်သက်မှာတစ်ခါ၊တစ်ခါမှာတစ်သက်ဆိုသလိုမှတ်မှတ်ယယ အဖြစ်ဆုံးလေးပေါ့…။ ထူးထူးခြားခြားသွားတိုက်ဆေးလေးပါ……. အညာမှာမွေးသူမို ့ထင်ပါရဲ…တမာကိုင်းတွေတွေ ့ရင်သွားတိုက်တံပူလုပ်ချင်တယ်….. ဆန်စက်တွေမှာလောင်စာအဖြစ်အသုံးပြုတဲဖွဲပြာဖြူဆွတ်ဆွတ်လေးတွေ တွေ ့တဲ့အခါသွားတိုက်ချင်လာတာ။ အိမ်မှာပက်ဆိုးဒဲန်တွေရှိပေမယ့်၊တမာတံပူတွေ၊ဖွဲပြာဖြူဖြူတွေ၊ဆားမှုန် ညက်ညက်လေးတွေကိုဆီနဲ ့စိမ်ထားတာတွေလဲအမြဲရှိပါတယ်..။ ငယ်ကတည်းကဒီလိုရိုးရာ သွားတိုက်ဆေးတွေအကုန်သုံးလာတာဆိုတော့ သိတဲ့အတိုင်းပေါ့လေ…တမာပင်တွေ ့လဲ…စိတ်ကစားတယ်…..ဖွဲပြာနုနုလေးတွေတွေ ့ရင် စိတ်မထိမ်းနိုင်ဘူးပေါ့…။ မနက်မိုးလင်းသွားတိုက်တဲ့အခါ သမီးတွေက အဖေ့သွားလေးတွေဖွေးနေတာဘဲ လိုချင်လိုက်တာလို ့ပြောတိုင်း ကျနော်သုံးခဲ့ဘူးတဲ့ […]


ကျနော်ငယ်စဉ်က နေ ့စဉ်နီးပါး ငိုခဲ့ရတဲ့ အချိန်များမှာ..ကျနော့်မျက်ရည်နဲ ့ငိုကြွေးမှု…ဝမ်းနည်းမှုတွေကို ဖြေသိမ့်ပေးနိုင်မယ့် နွေးထွေးသောရင်ငွေ ့မှာ ကျနော်နူးညံ့ခဲ့တယ်..။ ကျနော့်ရဲ ့မတူညီတဲ့ စိတ်နေစိတ်ထားနဲ ့စရိုက်ဟာ ကျနော့်မိသားစုစည်းအပြင်မှာဘဲ အထီးကျန်တဲ့ ဘဝလေးပေါ့..။ ကလေးတစ်ယောက်သွားရမယ့် လမ်းကြောင်းမှာ ကြင်နာမှုတွေ..နွေးထွေးမှုတွေနဲ ့ ခရစ်တော်က ကျနော့်ကို ကူညီလမ်းပြပေးခဲ့ပါတယ်.. ကြမ်းတမ်းသော နှလုံးသားအကျင့်ကို ကျနော် လက်မခံဘူး…အဲဒီအချိန်မှာ ကျနော့်ဘက်ကလည်း တင်းခံနေတတ်တယ်..။ လမ်းမလေးတခုသာခြားတဲ့ ဘေးအိမ်ကို ခရစ်ယာန်မိသားစု တစ်စု ပြောင်းလာကြတယ်..နာဂလူမျိုးတွေပါ..ခရစ်ယာန်ဘာသာ ကိုးကွယ်တယ်..။ အဲဒီအိမ်က အဘိုးနာမည်က ဦးကျော်ဒင်လို ့ခေါ်ပါတယ်..။ ကျနော် ဝမ်းနည်းတဲ့အခါ ငိုကြွေးတဲ ့အခါ အဘိုးဆီကိုသွားတယ်.. ပန်းချီဝါသနာ ပါတဲ့ ကျနော့်ကို အဘိုးက သမ္မာကျမ်းစာဖတ်ပြတယ်.. ကျမ်းသစ် ကျမ်းဟောင်း၂ပိုင်းထဲမှာ ကျမ်းသစ်ကို ကျနော် ့နှလုံးသားက […]


      ဟိုတစ်လောတုန်းက ပန်းပုရုပ်လေးတွေ ပြုလုပ်နည်း ကို ပို ့စ်အဖြစ်တင်မည်ဟု ကတိပေးပြီး အလုပ်တွေ ပိနေသောကြောင့် မလုပ်ဖြစ်သေး။ ဒါပေမယ့် အချိန်နည်းနည်းရတာနဲ ့ 3D ပန်းပုရုပ်လေးတွေ လုပ်ပုံလုပ်နည်းကို အစအဆုံးတင်ပေးဘို ့ အစီအစဉ်တော့ ရှိပါသည်…။ နောက် မြင်းခြံက ကိုစောရဲ ့ပန်းပုရုပ်လေးတွေ မြင်တော့ သေချာသတိထားကြည့်တဲ့အခါ အရုပ်လေးတွေ ရဲ ့လက်လေးတွေ ကျိုးပဲ ့နေတာမြင်တော့ နည်းစနစ်ပိုင်းလေး ကူညီပြောပြချင်မိသည်.. ဒါပေမယ့် ကိုယ့်မှာကလည်း မအားသေးသောကြောင့် အရုပ်ကို မလုပ်ဖြစ်သေး..။ ဒီပန်းပုရုပ်လေးတွေ ပြုလုပ်ရတာ စိတ်ငြိမ်သည်.. ပျော်ရွှင်မိသည်..။ တစ်ကယ်တော့ ကျနော်က ပန်းပုပညာကို ဘယ်မှာမှ မသင်ခဲ့ရပါ။ ပန်းချီကို သာ တစ်စိုက်မတ်မတ်ဆွဲတဲ့သူ..။ ပန်းပုကို စပြီး […]


ကျနော်က ရှေးလူကြီးတွေ ရှာဖွေတွေ ့ရှိ ၊ရေးထား သိမ်းထားခဲ ့တဲ ့၊ ထဲထဲဝင်ဝင် ပညာရပ်တွေကို စိတ်ဝင်စားတယ်..လေးစားတယ်။ ဒီေလာက်ခေတ်မှီနေတဲ ့အိုင်တီခေတ်ကြီးမှာ ရှေးဟောင်းပညာကို စိတ်ဝင်စားတယ်ဆိုတော့ နည်းနည်းတော့ ကြောင်တယ် ထင်မလားမသိဘူး။ ဒါပေမယ့် ပညာရပ်တိုင်းမှာ တန်ဘိုးဆိုတာရှိသလို၊ မြှုပ်ကွက်တွေလဲရှိတယ်..။ ကိုယ်အသုံးမပြုပေမယ့် အသုံးပြုတတ်တွေကြောင့် အသုံးပြုသူလဲ ခံစားခွင့်ရှိသလို တစ်ပါးသူအတွက်လဲ အကျိုးရှိခဲ ့တယ်ဆိုတာ သိခဲ ့ရတယ်။ ကျနော် နေထိုင်ခဲ ့တဲ့ပါတ်ဝန်းကျင်က တောနယ်လေးဆိုပေမယ့် ကျနော့်အတွက်တော့ လေ့လာစရာ ဆည်းပူးစရာတွေချည်းပါဘဲ..။ အလွှာစုံလူစုံပါ။ စာတွေဖတ်ရင်း၊ လူတွေနဲ ့ဆက်ဆံရင်းကနေ ရှေးဟောင်းပညာတွေကို စတင်ထိတွေ ့လာတဲ့အခါ စိတ်ဝင်စားလာတာပေါ့..။ အဲဒီ ရှေးပညာရပ်တွေထဲမှာ ထူးထူးခြားခြား ဘာကိုတွေ ့လဲဆိုတော့ “ ဖို ” ထိုးတာကို […]


ကျနော်က ပျောက်နေတော့ ခင်မင်သူတွေက လွမ်းသတဲ့… တစ်ကယ်ဆို နှင်းမှုန်တွေ ခင်းတဲ့ လမ်းထက်  ကျနော် လွမ်းနေမယ်ဆိုတာရော…. ………………….. နှလုံးသားကို နှစ်ထပ်ကိန်းခွဲလိုက်ရင်.. အလွမ်း ညီမျှခြင်း အလွမ်းပေါ့..။ ခင်မင်သူတွေကို လွမ်းလိုက်တာမှ…. ရွာကလေးကို လွမ်းလိုက်တာမှ…….. မျက်တောင်ဖျားလေး….တဆတ်ဆတ်ငို။ …… …… …… ကျနော်က  အလုပ်တွေများနေတာ…ပန်းချီသင်တန်းပေးနေတာမို ့ပါ… ကျနော် ပန်းချီသင်တန်းဖွင့်တာ ၅ ကြိမ်မြောက်ပေါ့..။ ဒီမြို ့ရဲ ့အနုပညာ ခန်းမကြီးမှာပါ.. တစ်ခါဖွင့်ရင် ၁ဝ ယောက်ဘဲ လက်ခံပါတယ်.. ပန်းချီအသင်းက တောင်းဆိုလို ့ပါ…။ သူတို ့က သတင်းစာမှာ ကြော်ငြာပါတယ်..ဒီနေ ့ကြေငြာရင် နောက်နေ ့ စာရင်းပြည့်တာပါဘဲ.. အဲဒီအချိန်တိုင်း …ကျနော်က ခေါင် မဟုတ်တော့ဘူး…. မြန်မာနိုင်ငံသားဟေ့ […]