ထိုးကျွေးတတ်သူများ
ကျနော်က ရှေးလူကြီးတွေ ရှာဖွေတွေ ့ရှိ ၊ရေးထား သိမ်းထားခဲ ့တဲ ့၊ ထဲထဲဝင်ဝင် ပညာရပ်တွေကို စိတ်ဝင်စားတယ်..လေးစားတယ်။
ဒီေလာက်ခေတ်မှီနေတဲ ့အိုင်တီခေတ်ကြီးမှာ ရှေးဟောင်းပညာကို စိတ်ဝင်စားတယ်ဆိုတော့ နည်းနည်းတော့ ကြောင်တယ် ထင်မလားမသိဘူး။ ဒါပေမယ့် ပညာရပ်တိုင်းမှာ တန်ဘိုးဆိုတာရှိသလို၊ မြှုပ်ကွက်တွေလဲရှိတယ်..။ ကိုယ်အသုံးမပြုပေမယ့် အသုံးပြုတတ်တွေကြောင့် အသုံးပြုသူလဲ ခံစားခွင့်ရှိသလို တစ်ပါးသူအတွက်လဲ အကျိုးရှိခဲ ့တယ်ဆိုတာ သိခဲ ့ရတယ်။
ကျနော် နေထိုင်ခဲ ့တဲ့ပါတ်ဝန်းကျင်က တောနယ်လေးဆိုပေမယ့် ကျနော့်အတွက်တော့ လေ့လာစရာ ဆည်းပူးစရာတွေချည်းပါဘဲ..။ အလွှာစုံလူစုံပါ။
စာတွေဖတ်ရင်း၊ လူတွေနဲ ့ဆက်ဆံရင်းကနေ ရှေးဟောင်းပညာတွေကို စတင်ထိတွေ ့လာတဲ့အခါ စိတ်ဝင်စားလာတာပေါ့..။
အဲဒီ ရှေးပညာရပ်တွေထဲမှာ ထူးထူးခြားခြား ဘာကိုတွေ ့လဲဆိုတော့ “ ဖို ” ထိုးတာကို သွားတွေ ့တာဘဲ..။
ပြောမယ်ဆို မဒမတို ့အဘိုးနဲ ့ဘကြီးက ဖိုထိုးတယ်၊ အဂ္ဂိရတ် ဖိုထိုးတာ။
အဂ္ဂ=မီးကို ပိုင်နိုင်ကျွမ်းကျင်စွာ၊ ရတ်= အသုံးချသောနည်းပညာလို ့လဲ အကြမ်းဖျဉ်း နားလည်ထားပေါ့။ သူ ့ဘကြီးဆိုတာကလဲ သူ ့အဒေါ်ရဲ ့ယောကျာင်္းပါ..ဦးထွန်း…တဲ ့။
မဒမ်ရဲ ့အဘိုးက အရင်ကနာမည်ကြီး လက်ဝှေ ့သမားကြီး…
အပေါင်းအသင်းခင်လွန်းပြီး လက်ဝှေ ့ထိုးပြန်လာတိုင်း အပေါင်းအသင်းတွေ အကုန်ခေါ်လာပြီး
တစ်လကိုးသီတင်း အိမ်မှာ ချက်ပြုတ်ကျွေးရိုးရိုး အဘွားရဲ ့သိမ်းထားတဲ ့အထုပ်လေး လျှော့
သွားအောင်ကို သဘောကောင်းတဲ့လူ။
နောက်နာမည်ကြီးလွန်းလာတော့ ပြိုင်ဘက်မရှိ ပွဲစဉ်မရှိ ဖြစ်လာတဲ ့အခါ ပွဲစီစဉ်သူတွေက
ဆရာရင်းနဲ ့ထိုးဖြစ်အောင်စီစဉ်ခဲ ့ကြတာ…စင်ပေါ်ရောက်တော့ ဆရာရင်းကို ခြေကန်ချက်တစ်ချက်ထဲနဲ ့အသက်ပါခြွေယူပစ်လိုက်တယ်၊ သူကိုယ်တိုင်လဲ နှာခေါင်းရိုးကျိုးသွားတယ်…။
မရည်ရွယ်ပါဘဲ ဆရာ သေဆုံးသွားတော့ နောင်တရ ပြီး တရားဘောင်ကို ဝင်လို ့ ဘုန်းကြီး ဝတ်ခဲ ့တာ…။
လက်ဝှေ ့ထိုးတုန်းက အဘွားရဲ ့အထုပ်လေးက လျှော့ယုံဘဲ လျှော့တာ။ ဘုန်းကြီးဝတ်ကာမှဘဲ အဘွားအထုတ်က ခွက်ချွတ်လက်ချွတ် ကို ပြောင်တာ။ ဘဘုန်းက ဖိုထိုးတာကိုး။ အဘွားလဲ ရှိသမျှရွှေ၊ လယ်၊ တောင်ပေါ်ခြံ အကုန်ပြောင်တော့ ဒီစိတ်နဲ ့ဘဲ သေဆုံးခဲ ့ရတာ…။
အဲဒီတော့ မဒမ့်အမေနဲ ့အသိုင်းအဝိုင်းက ဖို ဆိုရင် နံပြားဖိုတောင် စေ့စေ့မကြည့်ရဲအောင်ကို စိတ်နာထားတာ…။
သူ ့ဘကြီးလဲ ဒီလိုဘဲ ရှိသမျှ လယ် ပြောင်ပြီ။ သူ ့ကိုယ်သူ အဘဘိုးဘိုးအောင် သားထင်နေပြီး အိမ်လာလည်ရင် တဘောင်တွေ၊ သိုက်စာတွေ၊ အဂ္ဂိရတ်စာတွေ ပါးစပ်က အမြှုပ်ထွက်မတတ်ရွတ်၊ သူများအားမှန်း အလုပ်ရှိမှန်းလဲ မသိ၊ ရေနွေးကြမ်း ၃ အိုးလောက်ကုန်အောင် လေပစ်တာ။ မဒမ်အမေက နဲနဲ ဟောက်ပေးမှ အပြောရပ်တာ…။ စဉ်းစားပြီး မေးတော့လဲ သူ ့မှာ ဘာဓါတ်ကိုမှ ပိုင်ပိုင်နိုင်နိုင်ထိုးဘူးတာမရှိဘူး…ရွှေဖြစ်စမ်းနေတာတဲ ့…လောလောဆယ် တော့ သမီးနားကပ်ပါ ပြောင်နေပြီ…။
ကျနော့်အတွက်က ကြားထဲက အတွေးများတယ်…ကျနော်ဖတ်ဘူးတာက ပုဂံရာဇဝင်မှာ အရှင် အဇ္ဇဂေါဏ က ပုဂံတပြည်လုံးမှာ မုဆိုးမကအစ ဘုရားတည်နိုင်အောင်ကို ရွှေမိုးရွာသလို ရွှေဖြစ်လမ်းနဲ ့ကယ်မခဲ့တာ။ နဂါးနီ သီချင်းမှာတောင်ပါတယ်လေ။
နောက်ရွှေဖြစ်ထိုးနိုင်တဲ့ဆရာတွေလဲ ဒီဘက်ခေတ်အထိရှိပါတယ်..။ ဦးမနောမယ(ပြည်) ၊ ဦးကိုကိုလေး( BA )နဲ ့တခြားသောဆရာတွေဟာ ခေတ်ပညာတတ်တွေဆိုပေမယ့် ပညာကို ထဲထဲဝင်ဝင်လေ့လာပြီး ပိုင်ပိုင်နိုင်နိုင်လုပ်နေကြတာ။
ဒီမှာ ဘာသွားတွေ ့လဲဆိုတော့ အဂ္ဂိရတ်ထိုးတာ မွဲဆေးဖော်တာဘဲ ဆိုတဲ ့အမြင်ရှိသူနဲ ့ အဂ္ဂိရတ်ပညာက စားလမ်းနဲ ့ကယ်လို ့ရတယ်လို ့အမြင်ရှိသူ၂မျိုး သွားတွေ ့တယ်..။
အဂ္ဂိရတ်မှာက ၂မျိုးရှိတယ်…စားလမ်း ရိက္ခာထောက်နဲ ့အထက်ထွက်ရပ်လမ်း။
စားလမ်းဆိုတာက ရွှေဖြစ်ငွေဖြစ်ထိုးတာ…အဲ ရိက္ခာထောက်ဆိုတာက ကျင့်ကြံ အားထုတ်နေရင်း တဖက်က စားရိတ်ရအောင် ရွှေဖြစ်ထိုးတာ..။
အထက်ထွက်ရပ်လမ်းဆိုတာက မအိုမနာဘဲ ထွက်ရပ်ပေါက်နိုင်အောင် ပြဒါး၊ သံစတဲ ့ဓါတ်ကြီးတွေကို သေ အောင် သတ်၊ ပြီးမှ ပြန်ပြီး ဓါတ်ကိုရှင်အောင်လုပ်တာ။ ခက်တယ် အချိန်ကြာတယ်။
ဒါဖြင့် ဓါတ်ကြီးလမ်းမှ ကြာတာလား စားလမ်းက လွယ်တာလားလို ့မထင်နဲ ့…သူလဲ ခက်တာဘဲ။
ကျနော်အကျင့်က ခက်တာကိုမှ လုပ်ချင်တာ…သူလိုကိုယ်လို လူတိုင်းလုပ်နိုင်ရင် မလုပ်ချင်ဘူး…သူလုပ်ပေ ့စေ။ အခုကျနော် ကြားကစဉ်းစားတာ ရှေးအစဉ်အဆက်တန်ဘိုးထားတဲ ့ပညာကို လူတွေ ဘာကြောင့် မယုံသလဲ၊ ဘာကြောင့် အထင်သေးတာလဲ….ဘာကြောင့် မဖြစ်တာလဲ ဆိုတာ လနဲ ့ချီစဉ်းစားတယ်…။ ပညာရပ်…ကျနော်ဘဝမှာ အလေးစားဆုံးနဲ ့စိတ်အဝင်စားဆုံးစကားလုံးဘဲ။
ဒီတော့ ဒီပညာကို စိတ်ဝင်စားလာတာနဲ ့ကိုယ်ရှာဖွေရတော့တယ်…စာပေအထောက်အထား။
လောလောဆယ် လက်လှမ်းမှီနိုင်တာက နက္ခတ္တရောင်ခြည်နဲ ့လက်ကျန် ရှေးစာအုပ်တွေ ။ ရသမျှ သိမ်းကြုံးဝယ်ပြီး သေချာဖတ်တယ်…။
မေးတယ်။။။ လုပ်မယ်လို ့ဆုံဖြတ်ပြီးတာနဲ ့မဒမ်ကို ကြေညာလိုက်တယ်..။
“ ဒီနှစ် ကိုယ်ဇာတ်မကတော့ဘူး…ဖိုထိုးမယ်…အဂ္ဂိရတ် ထိုးမယ်” လို ့။
ဩော…ဪ..ဒီစကားကြားလိုက်တာနဲ ့မဒမ်တို ့မိသားစုဝင်တွေ အားလုံး၊ အိုစမာဘင်လာဒင်က သူ တို ့အိမ်ကို လေယာဉ်နဲ ့ဝင်တိုက်မယ်လို ့အမိန် ့ပေးတဲ့ စကား ကြားလိုက်သလိုဘဲ…။
မဒမ်အမေ မောင်နှမတွေ အားလုံး မျက်စိပျက် မျက်နှာပျက်နဲ ့…တားလိုက်ကြတာ..။သူတို ့ကမျိုးရိုးနဲ ့ထိထားတာလေ။
သူတို ့ထင်တာက ကျနော် တစ်သက်လုံး ဖိုထိုးတော့မယ် ထင်နေတာကိုး…။
ကျနော်က အငြင်းပွားတဲ ့ပညာကို စမ်းချင်တာ လက်တွေ ့လုပ်ချင်တာ…ဒီတော့ နားဝင်အောင်ပြောပြတယ်…။ အတိုက်အခံ လုပ်ပြောတယ်…။ ကျနော့်စိတ်ကိုသိတော့လဲ မဒမ်အမေက လေအေးလေးနဲ ့…..
“ ကလေးနဲ ့မိသားစုတွေ တင့်တောင့်တင့်တယ်နေနေတာကိုလဲ ငဲ့ပါကွယ်”တဲ့..။ ကျနော်က ဂတိပေးပါတယ်…။
ကျနော်ဖိုထိုးမယ် ဆိုတာနဲ ့သူ ့ဘကြီး ကြားပြီး အပြေးလေး သုတ်ခြေတင်လာတာဘဲ….။ဝမ်းသာအားရပေါ့…။
ပြီးတာနဲ ့ရွတ်တော့တာဘဲ…
“ ဒီလိုရှိတယ်…ငါ့တူရဲ ့ကအစ…..သူသုံးနေကြ ဓါတ်လမ်းကို ပြောတော့တာဘဲ…။ရွှေဖြစ်လမ်း..
“ ဘော်ဒန်သံရွှေ ဒိလေးထွေ…ပေါ့..။ ကျနော်က ပြန်မေးတယ်…
“ ဘော်ကို ဘယ်လို ယူဆလဲ”
“ အော်…ငါ့တူရယ်…ဘော်ဆိုတာ…ခဲမဖြူတို ့ဘော်တို ့ကြားဘူးတယ်မဟုတ်လား…အခုတစ်လုံးချိုင့်( ထမင်းဂျိုုင့်)တွေပေါ့..ဒါဘဲ”
သွားပြီ…လွဲပြီ။
“ ဘော်ဆိုတာ…အဂ္ဂိရတ်အခေါ်နဲ ့ဆို ငွေ ကို ပြောတာ…ဘကြီး…”
“ ဟေ…ဟုတ်လား…”
“ ဒန်ကရော…”
“ ဒန်အိုးဒန်ချိုင့်တွေလေ”
“ မဟုတ်ဘူးဘကြီး…ကြေးနီစစ်စစ်ကိုပြောတာ”
“ကြေးနီ ဆိုတာ ဝါယာကြိုးထဲက ကြေးနီလား”
“ ဒါလဲ ကြေးနီပါဘဲ ဒါပေမယ့် မစစ်ဘူး…သူ ့ကို ဝါယာကြိုးလပ်ရင် ပျော့ပြောင်းအောင် တစ်ခြားဓါတ်တွေ ရောထားတယ်…ကြေးနီလိုချင်ရင် ဒုတ္ထာ ကနေ ယူရမယ်…ဒုထ္တာကလဲ မဲနယ်ဆိုးတဲ့အတုရှိတယ်…တောင်တွင်းကြီးဘက်က ဒုတ္ထာက ကြေးနီ ပါဝင်မှုပိုများတယ်…ဒီထက်စစ်တာလိုချင်ရင်…လူရဲ ့ဆံပင်ကို မီးကျွမ်းအောင်လုပ်…အားလုံး ပြာခဲမဲမဲကြီး ဖြစ်သွားမှ လက်ခြားချော်နဲ ့ထိုးပြီး ငှဲ ့ယူရင် ကြေးနီ စစ်စစ်ရမယ်..“
“ ငါ့တူ တယ်ဟုတ်ပါလား…ဘကြီး…သံကိုတော့ ခြသံ(တောင်ပို ့သံ)။ ရေသံ၊ စုံနေပြီ…အိမ်က ထင်းခုတ်တဲ ့ဓါးမတောင်မကျန်ဘူး..စမ်းပြီးပြီ…မဖြစ်ဘူး..”
“ ဘကြီးက ဓါတ်ကောက်တာတွေ လွဲနေတာကိုး…ဘယ်ဖြစ်မလဲ…ဒီစာမှာညွှန်းတဲ ့သံဆိုတာ လယ်မှာထယ်ထိုးတဲ ့ထယ်သွားထိပ်ကသံကိုပြောတာ…ရွှေဆိုတာ မိန်းမနားကပ်မဟုတ်ဘူး…အခေါက်ရွှေကို ပြောတာ…”
“ ဟုတ်လိုက်လေ…ငါ့တူရယ်…တစ်သက်လုံး လွဲလာတာ ခုမှဘဲ ပါရမီ ရှင်နဲ ့တွေ ့တာ …ကဲ…ပြန်လိုက်ဦးမယ်ဟေ့…”
အမှန်ဆို ကျနော်က ဘာပါရမီရှင်မှ မဟုတ်ဘူး…သူ ့ဘာသာ ပညာရပ်တစ်ခုကို သေချာမလေ့လာဘဲ ရမ်းချနေတာ…။
သိပ်မကြာဘူး…ဘကြီးထွန်း သူ ့သားမက်ဆိုက်ကား တစ်စီးရောင်းပြီး ဖိုထိုးတော့တာဘဲ…။
ကိုယ်ကလဲဆရာကြီးမဟုတ်တော့ လေ့လာဆည်းပူးရင်း နောက်ထပ် ဖိုထိုးသူတွေတွေ ့ရတာဘဲ…။ ဖိုထိုးပြီဆိုတာနဲ ့ ပြောချင် ဆိုချင် ၊ ကူညီချင်သူတွေ တွေ ့တာဘဲ…။
တစ်ချို ကြလဲ တစ်မျိုး…
“ ဘယ်လိုလဲ ဖိုထိုးမယ်ဆို….ရွှေဖြစ်ရင် ပြောနော်…ကယ်ဘို ့လဲမေ ့မနေနဲ ့..”
“ ကျနော်ဖိုထိုးတာ ရွှေလိုချင်လို ့မဟုတ်ဘူး…ရွှေက အခုလဲမိသားစုကို အပြည့်ဆင်ထားတယ်…လိုရင် မီးသွေးဘိုးကုန်ခံစရာတောင်မလိုဘူး…အခုသမီးကို ပိုက်ဆံပေးပြီး ပြေးဝယ်ခိုင်းတာနဲ ့ရတယ်…ခင်ဗျား ရွှေလိုချင်ရင် ခြေအကောင်းလက်အကောင်းဘဲ…အလုပ်လုပ်ငွေစုပြီး ဝယ်ပေါ့…ကျနော့်ကိုတောင် စောင့်နေစရာမလိုဘူး…”
ဒါမျိုးလူတွေလဲ တွေ ့ရတယ်…။
မီးသွေးကို စပါယ်ရှယ်ဖုတ်ပေးတဲ ့ကူညီသူတွေလဲ ရှိတယ်…။
ဖိုထိုးမယ်ဆိုတာနဲ ့ကိုယ်က အရင်ကုန်တော့တာဘဲ…။
ဖားဖိုဝယ်ရတယ် ပြုပြင်ရတယ် ဖိုခွင်ဆင်ရတယ်…။ ဖိုကို လိုအပ်တဲ ့လေပေးဘို ့ လိုချင်တဲ ့မီးရဘို ့ လေမှန်မှန်ပေးနိုင်ဘို ့မော်တာဆင်ဘို ့မလွယ်တော့ သမီးကို ဝယ်ပေးထားတဲ ့BMX စက်ဘီးလေးကို သမီးနဲ ့တိုင်ပင်ပြီး တစ်စစီ ဖြုတ်တာဘဲ…ပြီးတော့ ဖိုခွင်ဆင်…သမီးကို ဖီးဆဲန့် အသစ်တစ်စီးဝယ်ပေး…သားအဖ၂ယောက် တက်ညီလက်ညီဘဲ…။
ထိုးမယ့်လုံတွေ ဝယ်ရတာမနည်းဘူး…နောက် လိုအပ်တဲ ့ ဓါတ်ဆေးတွေ ဝယ်ရတယ်..။ လုံကိုဇော်ဂျီမန်ဘို ့ခြတောင်ပို ့မြေ ရှာရတယ်။
အချိန်တော်တော် ပေးရတယ်။
တစ်ချို ့ကလဲ …
“ ဟာ…ဖိုထိုးရင် အရမ်းကာရော မထိုးရဘူး…စည်းချရမယ်..ပွဲပေးရမယ်၊ ဂါထာတွေရွတ်ရမယ်..အဖျက်အဆီးများတယ် ဇော်ဂနီဇော်ဂနက်တွေက နှောက်ယှက်ပြီး…အောင်မြင်တော့မယ့် ဓါတ်ကိုပါ ခိုးယူတတ်တယ်”
“ ခင်ဗျားပြောတာလက်ခံပါတယ်….ဒါပေမယ့် ရွှေ တစ်ကျပ်သားနဲ ့ခဲတစ်ကျပ်သားပေါင်းရင်…ခဲ+ရွှေ ၂ကျပ်သားရမယ်…
ပိုက်ဆံ ၅ကျပ်နဲ ့ ပိုက်ဆံ ၂ဝနဲ ့ပေါင်းရင် ၂၅ကျပ်ရမယ်လို ့သေချာသိရင် ပေါင်းကာနီး…ဂါထာရွတ်စရာ လိုသလား၊ စည်းချစရာလိုသလား”
“ ဟာ ခင်ဗျား ဂွကျလိုက်တာ…ကျုပ်ကစေတနာနဲ ့ပြောတာ…”
ကျနော် သူ ့ကို စော်ကားတာမဟုတ်ဘူး…တစ်ကယ်လဲ သူကဖိုထိုးနေတဲ ့လက်တွေ ့သမားမဟုတ်ဘူး…လေနဲ ့ဆရာလုပ်နေတာ…။
ဒီလိုနဲ ့သားအဖနှစ်ယောက်ဖိုထိုးတော့တာပါဘဲ…ဖိုထိုးတယ်ဆိုလို ့ဓါတ်ကိုဘဲစထိုးတာမဟုတ်ဘူး…အထောက်အကူပြု ဓါတ်တွေ အရင် လုပ်ယူရတာ…။ သွပ်ကို အရင်းတည်ရတာဆိုတော့ ဓါတ်ခဲဟောင်းတွေရှာပြီး သွပ်တွေယူရတယ်..သန် ့သွားအောင် သွပ်ကိုအရည်ကြိုပြီး ထုံးရည်ကြည်ပူပူထဲမှာ အကြိမ်ကြိမ်လောင်းယူမှ မှန်ကြည့်လို ့ရအောင်ကို သန် ့နေတဲ ့သွပ်စစ်စစ်ရတာ..။
ဒီအလုပ် လုပ်နေရင်းဘဲ အသိမိတ်ဆွေတွေ အများကြီးတိုးလာတာ..။ မွန်ဆရာတော်တစ်ပါးနဲ ့တွေ ့တယ်…ဆရာတော်က မိဘမဲ ့ရော…မိဘရှိပြီး ဆင်းရဲနေတဲ ့ကလေးတွေကို ကျောင်းမှာ ခေါ်ကျွေးမွေးတယ်…ကျောင်းထားပေးတယ်…လူပျိုအရွယ်ရောက်ရင် စင်္ကာပူကိုပို ့ပေးတယ်…အလုပ်လုပ်…ပြီးရင် ငွေပြန်ပို ့ ၅ပုံပုံ…၃ပုံက ကောင်လေးတွေရှေ ့ရေးအတွက် လယ်တွေ အိမ်တွေ
ဝယ်ပေးတယ်…၁ပုံက မိဘတွေကို ပေးတယ်…ကျန်တဲ ့၁ပုံကို သူဖိုထိုးတယ်…။ ကလေးတွေ ဘဝရှေ ့ရေးကို ရွှေဖြစ်အောင်လုပ်ပေးတယ်…။
“ ဆရာတော် အခု ဘာဓါတ်ထိုးနေလဲ”
“ ရွှေဖြစ်ထိုးတယ်”
“ ဘုန်းကြီး…ရွှေကိုဘာလုပ်ဘို ့လဲ”
“ ဘုန်းကြီး လူတွေကို ကယ်ချင်သေးတယ်…”
“ ဖိုခွင်မှာ သွပ်ပြားတွေ ချို းဖဲ ့ထားတာ ဘာလုပ်ဘို ့လဲ”
“ အော်…ဒကာလေးကလဲ ရွှေဓါတ်ကို ထိုးမယ်ဆို သွပ်လိုတယ်လေ…ဒါကြောင့် ကျောင်းကိုလှုထားတဲ ့သွပ်ပြားတွေကို အရည်ကျိုနေတာ”
“ အရှင်ဘုရား…စာမှာပါတဲ ့သွပ်ဆိုတာ…အဲဒီ အမိုးသွပ်ပြားကိုပြောတာမဟုတ်ဘူး…ဓါတ်ခဲ သို ့မဟုတ် မီးရထားလမ်းတွေမှာသုံးတဲ ့သွပ်ငုတ်တိုင်တွေကတစ်ဆင့် သန် ့ထုတ်တဲ ့ သွပ်စစ်စစ် ကိုပြောတာဘုရား”
“ အဟုတ်ဘဲလား…ကျုပ် ကျောင်းက သွပ်တွေ တော်တော် ကုန်နေပြီ…ဒါကြောင့် ဘာမှ မဖြစ်တာနေမှာ”
“ ဒါဖြင့် နာ…ဆိုတာက”
“ နာဆိုတာ ငါးဖမ်းပိုက်ကွန်အောက်ဖက်တွေမှာဆွဲသီထားတဲ ့ ခဲပျော့ကိုပြောတာပါ…ဘက်ထရီအိုးတွေက ခဲကျွတ်တွေမဟုတ်ဘူး…”
“ အော်….ခဲလို ့ရေးလိုက်ရင်ပြီးရော…အခု ကျုပ် နာ ဆိုတာ ရှာနေတာ…တော်တော် ကြာနေပြီ..ဘယ်လိုမှ မတွေ ့ဘူး…ခုသိပြီ..
ဒါနဲ ့ပြဒါးစစ်ကိုဘယ်လိုလုပ်မလဲ”
“ ဆိုင်တွေမှာ ရောင်းတဲ ့ပြဒါးက ခဲနဲ ့ရောထားပြီး အကြံအဖန်လုပ်ထားတယ်…ပြဒါးစစ်စစ်ကို လိုချင်ရင် …အဆက်အသွယ်ကောင်းရင်တော့ ဓါတုဗေဒ ဓါတ်ခွဲခန်းတွေမှာ မေးဝယ်ပါ…တစ်ချို ့နိုင်ငံခြားက လာတာဆို ပြဒါးစစ်တယ်…တခြားနည်းနဲ ့ဆိုရင်တော့ အသီးမသီးတဲ ့သင်္ဘော အဖိုပင်ကို ယူပြီး ဇောက်ထိုးထား ရေနံချေးအဝတ်ကို ထိပ်မှာပတ်ပြီးမီးရှို ့…အောက်က မြေအိုးခဲထားရင် ပြဒါးစစ်စစ်တွေ စီးထွက်လာမယ်…အဲဒါကို ထပ်သန် ့ချင်ရင် ပျားရည်စစ်နဲ ့နယ်ပြီး ရေဆေးလိုက်တာနဲ ့ပြဒါးစစ်ရတယ်…ဒါမှမဟုတ် ကွမ်းရွက်စိမ်းနဲ ့နယ်ရင်လဲ ပြဒါးရဲ ့အညစ်အကြေးတွေထွက်တယ်…”
“ ဟုတ်ပြီ…ဒီလိုလုပ်ပါလား..ဒကာလေး…ဒကာလေးမိသားစုအတွက်ဆန်ပြည့်ဆီပြည့်ဖြည့်ပေးမယ်…ဒကာလေးကိုလဲ လခပေးမယ်…ဘုန်းကြီးဆီမှာ ဖိုထိုးပေးပါလား“
“ မလုပ်ပါနဲ ့ဘုရား…တပည့်တော် ဘာမှမတတ်သေးပါဘူး…သိသလောက်လေး ကူညီပြောပေးတာပါ တပည့်တော်မှာလဲ အလုပ်တွေများတယ်…”
“ ဒါဆို အမြဲ လာလည်ကွာ…”
“ တင်ပါ့”
……..
နောက်ဆရာတော်တစ်ပါးက ရန်ကုန်ဘက်က လာတာ ဒိနယ်ဘက်မှာ ခြံမြေဝယ်ပြီးကျောင်းဆောက်လို ့…ဖိုထိုးတယ်လို ့သတင်းလွှင့်ထားတာ…
ပုပ္ပါးဆရာတော်…။
ဖိုထိုးတယ်ဆိုတာနဲ ့ ဖိုသမားတွေ ဝင်လာမဆည်းဘဲ…။
ဘုန်းကြီးက ထိုင်နေရင် ကတ္တီပါခေါင်းအုံးအနီရောင်လေးကို တံတောင်ခုပြီး ထိုင်တာ…
အာပေါင်အာရင်သန်သန်နဲ ့ အဂ္ဂိရတ်စာတွေလာရွတ်ပြရင် လက်ဝါးလေးကာပြီး ခဏနေဦးဆိုပြီး သင်္ကန်းရုံထဲ လက်ထိုးထဲ ့ပြီး
ခါးပန်းကြိုးထဲမှာ သိမ်းထားတဲ ့ဓါတ်လုံး ၆လုံးလောက်ကို ခေါင်းအုံးလေးပေါ်တင်လိုက်တာဘဲ…
“ ဒကာ…အခုဖိုထိုးနေတာ…ဒိလိုဓါတ်လုံးမျိုးပိုင်ဘူးပြီလား…ရဘူးပြီလား…သေချာကြည့်…ဒါကသွပ်ဓါတ်လုံး၊ ဒါကပြဒါးနဲ ့ထိုးထားတာ၊ ဒါကသံနဲ ့ထိုးထားတာ…နောက်ဆေးဒါန်းဓါတ်လုံးတွေလဲရှိသေးတယ်…”
ပြလိုက်တဲ ့ဓါတ်လုံးကြည့်ပြီးတာနဲ ့ပြောနေတဲ ့ဖိုသမားကပါးစပ်ပိတ်ပြီး…ဝပ်စင်းသွားတာဘဲ..။ ကျနော်က လူကိုထက်မူကိုကြည့်တာ…
ဓါတ်တွေမှာလဲမြှုပ်ကွက်ရှိသလို ဘုန်းကြီးတွေ လူတွေမှာလဲ မြှုတ်ကွက်ရှိတယ်…
တရားကို ပိုင်ပိုင်နိုင်နိုင်စွဲစွဲမြဲမြဲကျင့်ကြံနေသူတွေ သံဃာတော်တွေရဲ ့ ကိုယ်နှုတ်အမူအယာတွေက နူးညံ့သွားတယ် ဆိုပေမယ်…အခုကျနော် က ဇာတ်မင်းသားတစ်ယောက်ရဲ ့အတွေ ့အကြုံနဲ ့သုံးသပ်လိုက်တော့ ဒီဘုန်းကြီးက တရားကြောင့် နူးညံ့တာမဟုတ်ဘူး…
နည်းနည်း ဂျယ်နေတာ…သိပြီ။ (မတန်ခူး ကြီးကြီးလိုမျိုး)သူ ့လက်ဟန်ခြေဟန်…ထူးခြားနေပြီ…။
အလိုလိုက်အကြိုက်ဆောင်ပြီး…အဖြေရှာရမယ်ဆိုတော့…သူလိုချင်တဲ ့ဂဏန်းလေးတွေ…၂လုံး၃လုံး…ခင်းပြီး ကျားကွက်ရွှေ ့လိုက်တာနဲ ့…ပေါ်ပါပြီ…
“ ကောင်းလိုက်တဲ ့…အမြင်ဓါတ်ဘဲ….ကွက်တိဘဲ…မနေ ့က ၁၀၀ဝဘို း ရလိုက်တယ်…မနက်ဖြန် ဘာရထားလဲ..”
“ အရှင်ဘုရား ဒီလောက်ဓါတ်တွေ နိုင်အောင်ထိုးထားတဲ ့အကျင့်သီလနဲ ့ဆို…လောကီကို အကုန်နီးပါးမြင်နိုင်တာဘဲ…၂လုံးတိုက်နဲ ့ချဲဂဏန်းကို မမြင်ဘူးလား…”
“ ရှုးးးးးး တိုးတိုး၊ အဲဒီဓါတ်လုးံတွေက ပိုက်ဆံပေးပြီး ဝယ်ထားတာ…တကယ် ဖိုထိုးနေသူေျတွကို လိုအပ်တဲ ့ဆေးဘို ့မီးသွေးဘိုးနဲ ့ပညာကြေးနင့်နေအောင်ပေးလိုက်ရင်…လိုချင်တဲ ့ဓါတ်လုံး ဝယ်လို ့ရတယ်…ဒါတွေဆောင်ထားပြီး လူရှိန်အောင် လုပ်ထားတာ…”
တဖြည်းဖြည်း အတွင်းရေးတွေသိလာမှ ဒီဘုန်းကြီးက မလေးရှားလူပို ့နေတဲ ့အဖွဲ ့။။။လာတဲ ့လူတွေကလဲ စစ်ဘက်နဲ ့ပါတ်သက်သူတွေ..နောက်ဆုံးပြောရရင် သူ ့မှာ စစ်သုံးဆက်သွယ်ရေးစက်ကအစရှိနေတာသိခဲ ့ရတယ်…။
…..
နောက်ဆရာတော်၂ပါးမှာ တစ်ပါးက သင်္ဘောကပ္ပတိန်ဟောင်း ပညာတတ် ဘွဲ ့ရပြီးသား…ဖိုထိုးပြီး…ဘာမှန်းမသိတဲ ့ဓါတ်လုံးကို ပါးစပ်ထဲမှာ အမြဲငုံထားတာ…ဖိုထိုးတယ် အယုနတ္တော အကုန်ပြောတယ်…။
ဒီပါတ်ဝန်းကျင်ရွာတွေကို ပြဒါးရှင်နဲ ့ကယ်ဘို ့တဲ့…၊ စော်ကားရင်တော့ တစ်ရွာလုံးနူအောင်လုပ်မယ်ဆိုဘဲ…။
နောက်ဆရာတော်က ဆေးလဲပိုင်တယ်..ဓါတ်လဲနိုင်တယ်…တစ်ကယ်ထိုးတယ်…ဓါတ်လုံးတော့ပိုင်နေပြီ…ရွှေပြာရအောင်လုပ်နေတာ…
ရွှေပြာရရင် နာ(ခဲ)ကို အလှုမှာချက်တဲ ့မိုးဗြဲဒယ်နဲ ့အပြည့်ကျိုပြီး ရွှေသေပြာ ကွမ်းရိုးတစ်တို ့ထည့်တာနဲ ့တစ်ဒယ်လုံးရွှေဖြစ်အောင် ကျိုးစားနေတာ…လောလောဆယ် ရွှေပြာမရသေးဘဲ..ရွှေလုံးပါပျောက်ပျောက်သွားလို ့စိတ်တိုနေဆဲ…တပည့်တွေကို အော်ဆဲနေဆဲ…။
ပြဒါးကို အရင်းတည်ပြီးထိုးထားတာဖြစ်ဖြစ် သံကိုအရင်းတည်ပြီးထိုးထားတဲ့ ဓါတ်လုံးဖြစ်ဖြစ် ရွှေဓါတ်လုံးဖြစ်သွားပြီးရင် နောက်ထပ်ရွှေကိုကျွေးနေရတယ်..ရွှေတော်တော်ကုန်တယ် ၊ဓါတ်လုံးက မြိုပစ်တာ။
ဓါတ်လုံးက မစားနိုင်တော့ဘူးဆိုရင် စားထားတဲ ့ရွှေတွေကို ပြန်အန်တော့တာ…ပြာ အဖြစ်နဲ ့..။ အဲဒီပြာကို ပြောတာ ခဲတစ်ဒယ်လုံးထဲကို ကွမ်းတစ်တို ့ထည့်ရုံနဲ ့အကုန်ရွှေဖြစ်တယ်ဆိုတာ.။
ကိုယ်တည်ထိုးထားတဲ ့ဓါတ်ကမမှန်ရင် ရွှေဓါတ်လုးံဖြစ်နေမယ်…ရွှေကျွေးရင် စားမယ်…လမ်းမမှန်တော့ ပြန်မအန်ဘူး…တစ်သက်လုံးကျွေး…တစ်သက်လုံးစားမှာဘဲ…ပြန်တော့မအန်ဘူး။။။ အဲဒီမှာဘဲ ခြံပြုတ်အိမ်ပြုတ် စီးပွားပြုတ်တာ…လောဘစိတ်လေ…။
ကျနော်တွေ ့သလောက်ကတော့ သူများကိုကယ်ဘို ့ထက် လောလောဆယ် သူ ့မီးသွေးဘို းဆေးဘိုးတောင် သူဟာသူ မကယ်နိုင်သေးဘူး..။
တစ်ကယ်ဖြစ်နေတာ၊ ဓါတ်လုံးအောင်တာတွေလဲ ရှိတယ်..။
ဒီပညာက တစ်ကယ်နက်နဲပါတယ်…။
မီးအချိန်အဆ၊ ဆေးအချိန်အဆ။ ခက်တယ်။။
မီးက အကြမ်းဖျဉ်း ၃မျိုး၊မီးအေး၊ မီးလတ်၊ မီးပြင်း…။မီးမပိုင်ရင် ဖိုမကိုင်နဲ ့တဲ့..။
ဆေးကရော…။
ရှေးပညာရပ်တွေခက်ခဲတယ်ဆိုတာ ဘာကိုပြောတာလဲ…။ စာတွေ ့လက်တွေ ့လွဲတာတွေ အများကြီးဘဲ…။
အနောက်တိုင်းဂန္ဓာရီ ပညာတွေမှာက ဆေးအချိန်အဆ တိကျတယ်…ဓါတ်သန် ့သန် ့ကို အချိုးအစားမှန်ပုံသေနည်းရှိတယ်..။
ဥပမာ….ဓါတု အီကွေးရှင်း ၃၃ ကြောင်းလိုပေါ့…မှားစရာမရှိဘူး…ကွက်တိဘဲ..။
ကျနော်တို ့ဆီမှာက ချိန်ခွင်လေးတွေနဲ ့ချိန်တယ်…ရွေးစေ ့နဲ ့ချိန်တယ်…။
ကျနော်သုံးတဲ့ ရွေးစေ့နဲ ့စာမှာပါတဲ ့ရွေးစေ့ ဘယ် ညီနိုင်မလဲ..။
နောက်ကြေးနီ တစ်ကျပ်သားထည့်ရမယ်လို ့အတိအကျမရေးဘဲ…ဒုတ္ထာ၅ ကျပ်သားအမှုန် ့ပြုပြီး ထိုးရမယ် ဆိုရင်…
ဒီဒုတ္ထာ ၅ကျပ်သားမှာ ကြေးနီဓါတ်ပါဝင်မှု ရာခိုင်နှုံး အချိန်အဆက တောင်တွင်းကြီးက ဒုတ္ထာရဲ ့ဓါတ်သိပ်သည်းမှုနဲ ့မော်လမြိုင်က ဒုတ္ထာ သိပ်သည်းမှု မတူနိုင်ဘူး…ဒုတ္ထာ ၅ကျပ်သားသုံးတာခြင်းတူပြီး…ကြေးနီဓါတ် သိပ်သည်းမှု တူနိုင်မလားဆိုတာ မတွေးကြတော့ လွဲကုန်ပြီ…ကြားထဲ မဲနယ်ဆိုးထားတဲ ့ဒုတ္ထာ အတုနဲ ့ထိုးနေရင်တော့ သွားပြီ ..ဘာမှ မဖြစ်တော့ဘူး…။
စိန်နီမြင်းသွား ဆိုတာကလဲ ရွှေလောက်ဈေးကြီးတယ်…အတုရှိတယ်…သာမန် ထိုးကာစလူက ဘယ်လိုမှ မခွဲနိုင်အောင်တူတယ်…ဒါကို အစစ်လို ့ထင်ပြီး ထိုးနေရင်လဲ သွားတာဘဲ…။
ဒါကြောင့်ဆေးမပိုင်ရင် ဓါတ်မကိုင်နဲ ့တဲ့..။
ဆက်ကြပါဦးစို ့…
ဒီလိုအမျိုးမျိုး တွေ ့တာတွေထဲက ဆောင်သင့်ရှောင်သင့်တာတွေ သတိထားပြီး သားအဖနှစ်ယောက် ဖိုထိုးတာဘဲ…။
ရွှေလိုတယ်ပြောတော့ မဒမ်ကတော့ ပါရမီဖြည့်ဖက်ပီပီ အခေါက်ရွှေ တမတ်သား ပြေးဝယ်ပေးတယ်..။
ထမင်းတောင် နားပြီး မစားနိုင်ဘူး…ကျနော်တို ့သားအဖကို မဒမ်က ထမင်းပန်းကန် ပို ့ပေးတယ်.
..ဖိုထိုးရင်းစားဘဲ…သမီးက လေ ရအောင် ဖားဖိုနဲ ့ဂျွိုင်းထားတဲ့ စက်ဘီးလေးကို လိုသလိုကျနော် ညွှန်ကြားချက်နဲ ့နင်းတာပေါ့…ပျော်စရာလဲ ကောင်းတယ်…။
ဖိုထိုးရင် ဂါထာရွတ်ရမယ် ပြောပေမယ့်…သမီးကတော့ သူ ့အဖေ ကိုယုံတယ်…သူဘာရွတ်လဲမမေးနဲ ့ သူ ့ခါးပိုက်ထဲမှာ အပြည့်ဝယ်ထည့်ပေးထားတဲ့ ဇီးထုပ်မျိုးစုံစားလိုက် ၊ ပိုးအိစံ သီချင်းလေး တစ်ကြော်ကြော်အော်ဆိုလိုက်နဲ ့..။
ကျနော်လစ်ရင် သူ့အဘွားက ဒီလောက်တောင်အတွဲညီရလားဆိုပြီး သမီး ဗိုက်ခေါက်ကို ဖွဖွလေးဆွဲလိမ်တတ်သေးတယ်..။
နေ ့ဘက်ဖိုထိုး…ညဖက်စာဖတ်အဖြေစဉ်းစားနဲ ့…..။ ပါတ်ဝန်းကျင်အမျိုးမျိုးပြောတဲ ့ကြားက..၁လ ကျော်လာတော့…
သွပ်ကိုအရင်းခံပြီး အခေါက်ရွှေ တစ်မတ်သား ထိုးကျွေးလိုက်တာ…နောက်ဆုံး…ဖြူသလိုလို ရွှေသလိုလိုနဲ ့၃ကျပ်သားကျော်တဲ ့အခဲကြီး…ရလာတော့တယ်..။ ဘာလို ့ပြောရမယ်မှန်းလဲမသိဘူး…။
အဖြေလဲ မထွက်ဘူး…။ မဒမ်က ပြုံးပြုံး ပြုံးပြုံးနဲ ့.မျက်စောင်းခိုးပြီးထိုးတယ်.။
သူ ့အမေကလဲ ကွက်ကြည့်ကွက်ကြည့်။
နောက်တော့ ကိုယ်တိုင် ဘာလုပ်ရမယ်မှန်းမသိတော့ဘူး…စာညွှန်းက ပြီးပြီ။ ကိုယ်က ရွှေမဖြစ်သေးဘူး…။
ပြီးမှ တစ်ခုကို စဉ်းစားမိတာနဲ ့မဒမ့်သူငယ်ချင်းပန်းထိမ်ဖိုကို လွှတ်ပြီး…ရထားတဲ ့ဓါတ်ကို ငရဲမီး စားခိုင်းလိုက်တာ…။
ငရဲမီးဆိုတာက ဆာလဖြူရစ်အက်စစ်အပြင်းစား။ ရွှေကလွဲရင် ကျန်တဲ ့ဓါတ်တွေ အကုန်စားပြီး လောင်ကျွမ်းနိုင်တယ်…။
သူ ့သူငယ်ချင်းက ငရဲမီးစားပြီးမှတ်ကျောက်တင်ပြီးတော့ မဒမ်ကအပြေးပြန်လာတယ်…
“ ကို….သူပြောတယ် ငရဲမီးလဲခံတယ်..မှတ်ကျောက်လဲ အတင်ခံတယ်…ဒါပေမယ့် ၁၅ပဲရည်လောက်ဘဲ ဖြစ်နေတယ်တဲ့..။
ဒါကို သန် ့လိုက်မိုက်ခွဲ( ရွှေသန် ့အောင်ခွဲထုတ်ခြင်း) ပြီး အရောင်တင်လိုက်တာနဲ ့ ရွှေ ဖြစ်ပြီတဲ ့…။
ဝမ်းသာပေမယ့် ကျနော်မယုံဘူး…
ငါ…ဖိုထိုးတာ ကိုလှောင်ချင်လို ့များ အတည်ပေါက်နဲ ့ နောက်တာလားထင်လို ့ တစ်ခြားမြို ့ကပန်းထိမ်ဖိုကို ငရဲမီး စားခိုင်းတယ်…
လုံးဝငရဲမီးမစားဘူး..။ မှတ်ကျောက်တင်ခံနိုင်တယ်…။
ဝမ်းသာပီတိစိတ်က တစ်ကိုယ်လုံးဘဲ…။ ကြက်သီးတွေတောင်ထတယ်..။
ကျနော် ရွှေအဖြစ်သန် ့မထုတ်ပါဘူး…
ကျနော်လိုချင်တာ ရွှေမဟုတ်ဘူး….သက်သေ..။
ဒီပညာရပ်ကို စော်ကားပြောချင်တဲ ့လူတွေကို ပြနိုင်မယ့် သက်သေ..။
ကျနော်က ဘာလို ့တစ်ချီဘဲထိုးပြီး…ရွှေအဖြစ် အောင်မြင်တာလဲလို ့မေးစရာရှိပါတယ်..။
အဖြေကတော့……………….. စဉ်းစားခြင်းနဲ ့တိကျမှု..ပါဘဲ..။။
ပါရမီလို ့ပြောချင်ရင်လဲ မငြင်းပါဘူး။ အိမ်ရောက်တာနဲ ့ဖိုထိုးနေတဲ ့ပစ္စည်းတွေ အကုန်ဖျက်သိမ်းလိုက်တယ်…။ ပြီးပြီ။
ဖိုဆက်ထိုးစရာ အကြောင်းမရှိတော့ဘူး…လိုချင်တဲ့အဖြေရလိုက်ပြီိ..။
မဒမ်တို ့အမေနဲ ့တစ်ခြားမိတ်ဆွေတွေကိုပြပါတယ်…ကြိုက်တဲ ့ဆီမှာ သွားစမ်းခိုင်းတယ်…။
ကျနော်လုပ်ကိုင်နေတာလဲ တွေ ့တယ်…။
ရလာတဲ ့ဓါတ်ကိုလဲ တွေ ့ပြီဆိုရင် ဒီပညာကို မစော်ကားဘို ့ပြောတယ်…။
ပညာရပ်တိုင်းမှာ မြှုပ်ကွက်ရှိတယ် နက်နဲတယ်…။
ရှေးဟောင်းပညာတွေက ပိုနက်နဲပါတယ်…။
ပညာရပ်တစ်ခုကို ပြောမယ်ဆိုရင် စဉ်းစားပါ…လေ့လာပါ..လက်တွေ ့မလုပ်နိုင်ရင် မပြောနဲ ့..။
လက်တွေ ့တော့ လုပ်ပြီး.. ခိုင်မာတဲ့ သက်သေမပြနိုင်ရင် မပြောနဲ ့..။
………
မယောင်ရာဆီလူးပြီး လက်ပံပင် ဓါးနဲ ့ချိုုင်တာတော့ မဟုတ်ဘူး…။
နိုင်ငံရေးဆိုတာလဲ ရှေးဟောင်းပညာရပ်တစ်ခုပါဘဲ
ကျနော်က နိုင်ငံရေးမှာ ဆရာကြီးမဟုတ်ဘူး…ဘာကောင်မှလဲ မဟုတ်ပါဘူး..။
အရှင် အဇ္ဇဂေါဏက ရွှေဖြစ်အောင်လုပ်ပြီး ပုဂံပြည်သူတွေ ပြည်သားတွေကို ကယ်တင်ခဲ့တယ်…။
ဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်းက နိုင်ငံရေး ဖိုထိုးပြီး မြန်မာပြည် လွတ်လပ်ရေး ရအောင် နိုင်ငံရေးဖိုထိုးခဲ့တယ်..။
ကျနော်ထိုင်းမှာနေခဲ့တုန်းကနေ အခုထိ နိုင်ငံရေးလောကကို လေ့လာပေါင်းသင်းတဲ့အခါ….
ဘကြီးထွန်းညွန် ့လို နိုင်ငံရေးဖိုထိုးသူတွေလဲ တွေ ့တယ်…..
မွန်ဆရာတော်လို နိုင်ငံရေးဖိုထိုးနေသူတွေတွေ ့တယ်…..
ပုပ္ပါးဆရာတော်လို ဖိန် ့လုံးတွေနဲ ့နိုင်ငံရေးဖိုထိုးသူတွေလဲ တွေ ့တယ်…
သင်္ဘောသား ဘုန်းကြီးလို နိုင်ငံရေး ဖိုထိုးသူတွေလဲ တွေ ့တယ်…
ဆေးဘုန်းကြီးလို ထိုးကျွေးပြီးရင်း ထိုးကျွေးနေတဲ ့နိုင်ငံရေး ဖိုထိုးနေသူတွေလဲ တွေ ့ဘူးပါတယ်…
ဖိုထိုးတယ်ဆိုတာ လောကိ ကိစ္စတွေပါ…
နိုင်ငံရေးဆိုတာကလဲ လောကီ ကိစ္စတစ်ခုပါဘဲ…။
သူများကိုလဲ ကျနော် မနင်းတတ်ဘူး…
ကျနော့်ကိုလဲ လာမနင်းနဲ ့မကြိုက်ဘူး….
အချင်းချင်းလဲ ချမနင်းတတ်ဘူး….
ဒါပေမယ့် မြန်မာတစ်ပြည်လုံး ရွှေဖြစ်အောင် ကယ်မယ်လို ့ကြွေးကြော်နေတဲ့….ဆရာ့ဆရာတွေ နောင်တော်ကြီးတွေကို
စေတနာနဲ ့စကားတစ်ခွန်း ပြောချင်တယ်…။
နိုင်ငံရေး ဖိုထိုးရင်….
မီးသဘောကို နားလည်သင့်တယ်…မီးအေး…မီးလတ်…မီးပြင်း
ဓါတ်သဘောကို နားလည်ရမယ်…ထောက်ကန် ရုန်းကြွ ပူးသတ် ဖိသတ် သဘော…။
အချိန်အခါကို သတိရှိရမယ်…အချိန်အဆကို မှန်ကန်ရမယ်…။
ဆေးမပိုင်ရင် ဓါတ်မကိုင်နဲ ့…။ မီးမပိုင်ရင် ဖိုမကိုင်နဲ ့….။ စကားတစ်ခုရှိသေးတယ်…
ဓါတ်တူနာမ်တူ ဆေးဘက်ယူ…နာမ်တူသတ်က အသေရတဲ ့..။
ကိုယ်ထိုးနေတာ ကိုယ်တိုင် ဘာဓါတ်မှန်းမသိရင် မကောင်းဘူး
နိုင်ငံရေး ဖိုထိုးတဲ့အခါ ဘေးပယောဂများတယ်..
အရေးကြီးဆုးံကတော့ ထိုးကျွေးရတာများနေရင် လမ်းကိုပြန်စဉ်းစား…။
ချကျွေးခံရတဲ့ ဘဝတွေ နာတယ်….။ ။
ခေါင်
43 comments
KZ
December 14, 2013 at 9:53 am
Oh My Buddha..!
KZ
December 14, 2013 at 9:54 am
So called ခေါင် ..!
ကျော်စွာခေါင်
December 14, 2013 at 6:27 pm
ကေ
ထမင်းဆိုင်ကို လာပါမည်…
သားကြီး ငါးကြီးလွတ်ဆိုတော့ အင်မတန် စိတ်ဝင်စားပါသည်…။
မဟာရာဇာ အံစာတုံး
December 14, 2013 at 9:56 am
ဆြာခေါင်
ရေလည် လန်းတယ်ဗျာ …
အပေါ်က ဖိုထိုးတာကိုလည်း ဖတ်သွားတယ်
အောက်က နိုင်ငံရေး ဖိုထိုးတာကိုလည်း ကြည့်သွားတယ် ….
မိုက်တယ် .. ဂွပ်ရှယ် ..
ကျော်စွာခေါင်
December 14, 2013 at 6:30 pm
အံစာရေ
အားပေးတာ ကျေးဇူးပါ…
ဟို…အလင်းစက်ပို ့စ်မှာ နိ ရေးထားတဲ့။။။
ခေါင်မိုးပေါ်က ဖုတ် ၂ကောင်မြင်းတိုင်းသတိယတယ်ဆိုတော့ …ငါ့မှာ ရင်တွေ ခုန်လိုက်တာ…
ညရောက်တော့ မျက်နှာကြက်ကို ကြည့်ပြီး …အိပ်လို ့တောင် မပျော်ဘူး….။
Nyo Win
December 14, 2013 at 9:58 am
Bravo ပါဆရာခေါင်……..
ကိုယ်တွေ ့ချည်းပဲဆိုတော့…..
သဂျီး…ဘာပြောမလဲ..ကြားချင်သေး………
ကျော်စွာခေါင်
December 14, 2013 at 6:31 pm
ကိုညို
ဖတ်ရှုအားပေးတာ ကျေးဇူးပါ
ဦးကျောက်ခဲ
December 14, 2013 at 10:00 am
ဆြာခေါင်ရဲ့ “ထိုး” ပြီး “ကျွေး” တာလေးက ဖတ်ရတာ အနိပ်သား…
အဲ… ဤလူ့ဘောင်မှာ ထိုးကျွေးတာတွေ အများသားမို့…
စစ်တုရင်ပွဲက နယ်ရုပ်လေးလိုမဖြစ်အောင် ရှောင်နိုင်မှဆြာရေ့…
😀
P.S. ဆြာခေါင့်နှယ် ရွာသားတွေကို မကြောက်မလန့်
သမီးရှိတာ ဖွင့်ပြောရသလားလို့… ဟီ ဟိ
မဟာရာဇာ အံစာတုံး
December 14, 2013 at 10:04 am
အယ် …
အိုက်ဒီ အကွက်ကို ညက်စိ လျှမ်းတွားဒယ် …
ဥငေး ပြောမှ ပြူးပြဲပြီး ပြန်ဖတ်လိုက်ရဒယ် ..
အဟွတ် ..
ခုဂစပီး နံမယ် ပြောင်းခေါ်မယ်နော် ဒက်ဒီခေါင် .. ခွိခွိ
ကျော်စွာခေါင်
December 14, 2013 at 6:42 pm
ဟေးဟေး…..အံစာာာာာာာာာ…အံစာ…
ဒီနေ ့ဒီရက် ဒီအချိန် ဒီအခါ ဒီနက္ခတ်မှာ…ဒီလိုခေါ်မယ်ဆိုတာ နာသိတယ်…
ခေါ်ပါ..ခေါ်ပါ… ဒက်ခေါင် ကျေနပ်တယ်…ဟိ
ဒက်ခေါင်မှာ သမီးလေးတစ်ယောက်ရှိတယ်..
တော်တယ် သွက်တယ်..ထန်းရည်ကလွဲရင် အကုန်စမ်းဘူးတယ်..
နာ့ သီမီးလေးဘယ်သူလည်း နီ မသိပါဘူး။
ပုံ
အံစာရဲ ့..ချစ်သော
ဒက်ခေါင်
ကျော်စွာခေါင်
December 14, 2013 at 6:32 pm
ကိုကျောက်စ်…
ရှောင်တယ် ဆရာရေ ့…ရှောင်တယ်..။
ကထူးဆန်း
December 14, 2013 at 10:23 am
wow ! wow ! wow !
လက်မ ဘယ်လိုထောင်ပြရလဲ မသိလို့ ..
ဦးကျောက်ခဲ
December 14, 2013 at 10:49 am
Wow ရေ… ဒီမှာ CJ ကြီး ကထူးဆန်း ခေါ်နေတယ်ကွဲ့…
ဟီ ဟိ 😀
ကျော်စွာခေါင်
December 14, 2013 at 6:34 pm
ကိုကြီးဆန်း
ကျေးဇူးပါ…
နေကောင်းသွားပြီလား..။
alinsett
December 14, 2013 at 10:45 am
ဖို
နိုင်ငံရေး ဖိုထိုးခြင်းတဲ့လား
ဦးခေါင်ရည်ရယ်
တွေးတတ် ရေးတတ်လိုက်လေခြင်းးး
ကျော်စွာခေါင်
December 14, 2013 at 6:44 pm
အလင်းဆက်ရေ..
စာတွေပြန်ရေးတယ်နော်…
ခေါ်ရကျိုးနပ်အောင်..။
alinsett
December 15, 2013 at 8:33 pm
ရေးပါဦးခေါင်ရည်.. ရယ်..
စာတွေရော.. ကဗျာတွေရော… ပန်းချီကားတွေရော…
မျှော်နေတာပါ …
ဦးကြောင်ကြီး
December 14, 2013 at 11:04 am
သဂျီးကို အဲဒီ ရွှေဒုံး ပြကြည့်ပါလား၊ သူဂ အယုန်ဗူးဒဲ့။ အဆတရာ အကြောပေး လောင်းကြေးထပ်ရဲသဒဲ့။ မာမွတ်ခိုမ် နာမည်တပ် ပေါ်တင် စိမ်ခေါ်စာ ရေးကြည့်ပါလား၊ ဆြာခေါင်ကြဒေါ့ မူလာသဂျီး မူလကျီလုပ် မသိခြင်ထောင် ဆောင်နေဒယ်။ ဂမ္ဘီရလောက ကိုယ်စား၊ ပရလောက ကိုယ်စား၊ ၃၁ဘုံကိုယ်စား၊ လောကီ လောကုတ် ကိုယ်စား၊ ပညတ် ပရမတ် ကိုယ်စား၊ ရှေးနောက်ဘဝ သံသရာ ကိုယ်စား မာမွတ်ခိုမ် လျှာပွတ်ထိုင်သွားအောင် လက်ခမောင်းခပ် ပြလိုက်စမ်းပါဗျာ..။ ဗေထိ ဗေထိ ဗေပုံထိ.. သဂျီးဇုတ် ထွက်ခဲ့စမ်း..
ကျော်စွာခေါင်
December 14, 2013 at 6:56 pm
ကိုကြောင်…
ကျနော်က ချစ်ခြင်းတရားကို မသိတဲ့သူကို ကျနော့်နှလုံးသား မပေးတတ်ဘူး
ဘီယာမသောက်တတ်တဲ့သူကို ဝိုင်ပုလင်း လက်ဆောင်မပေးဘူး…..
မယုံတဲ့သူကို ကျနော် မပြဘူး..ယုံပါလို ့လည်း မပြောဘူး
ယုံတဲ့သူကို ပြတတ်တယ်..အဲတော့ ၂ဦးလုံး အချိန်မကုန်ဘူးပေါ့…
သူဂျီးက တမျိုးဘဲလို ့တော့ ကျနော် မြင်မိပါတယ်..
ဒါပေမယ့် ကျနော်က သူ ့ကို နားလည်နေသလို စိတ်ထြဲဖစ်နေတယ်..
ကျနော်ကတော့ ကျနော် ကိုယ်တိုင်ကြုံခဲ့တာလေးတွေကိုဘဲ ရေးတာလေ…
တစ်ယောက်ချင်းစီရဲ ့အတွေ ့အကြုံမတူတော့ …စဉ်းစားချည်းကပ်ပုံကလည်း မတူဘူးပေါ့..။
သူကြီးက ဆာကေးသောက်တယ်…
ဝါးထဲက သဘာဝဓါတ်ကို မီးပေးပြီး ပေါင်းခံလိုက်တော့ အယ်လ်ကိုဟော ဓါတ်ပြုတယ်..
ယောကျင်္ားရင့်မကြီးကို ဖြတ်ဖောက်ချုပ်လုပ်တော့ sexy ဆန်ပြီး သိပ်လှတဲ ့ မိန်းကလေးဖြစ်လာတယ်..
ဒါလေးပါဘဲ…။
kyeemite
December 14, 2013 at 11:44 am
“အရေးကြီးဆုးံကတော့ ထိုးကျွေးရတာများနေရင် လမ်းကိုပြန်စဉ်းစား…။
ချကျွေးခံရတဲ့ ဘဝတွေ နာတယ်….။ ။”
ဒီနိဂုံးချုပ်ပုံလေးကိုကြိုက်တယ်ဗျာ…နိုင်ငံရေးကစားကွက်ကို “ဖိုထိုး”တာနဲ့
နှိုင်းပြသွားတာလှမှလှ…လေးစားပါတယ်ဆြာခေါင်
ကျော်စွာခေါင်
December 14, 2013 at 6:57 pm
ကိုမိုက်ရေ
ကျေးဇူးပါ…
စကားမစပ်
ရွှေတိုက်စိုး ပုံပြင်ဖတ်ပြီး ကိုမိုက်ဆိုင်ကို လာချင်လှပြီ
•*¨နန်းတော်ရာသူ •*¨
December 14, 2013 at 6:56 pm
ဆြာခေါင်ရေ ကျမတို့ကြီးတဲ့အထိ လမ်းထဲမှာ ဖိုထိုးတဲ့အဘကြီးတွေတွေ့ဖူးတယ်။
ရွှေဖြစ်သံတော့တစ်ခါါမှမကြားဖူးဘူး။
ကိုယ်နားမလည်တဲ့ပညာရပ်တွေပါပဲ။
ဗဟုသုတတွေအတွက်ကျေးဇုပါ
ကျော်စွာခေါင်
December 14, 2013 at 7:00 pm
မနန်းရေ
မြန်မာတွေရဲ ့နည်းပညာမှတ်တမ်းမှာ မတိကျတာတွေ အများကြီးဘဲ..
နောက်လူတွေ နစ်နာတယ်..အချိန်ကုန်တယ်
လာအားပေးတာ ကျေးဇူးပါ မနန်း။
သိချင်းဆို ကျင့်နေပြိီလား..။
ကျော်စွာခေါင်
December 15, 2013 at 1:26 am
မနန်း
ကျနော်ရေးတာ တခု မေ့ကျန်ခဲ့လို ့…
ဖိုထိုးတာလေ…
ဖိုထိုးသူတိုင်း ရွှေလမ်း( စားလမ်း) လိုက်တာ မဟုတ်ဘူး မနန်း။
တစ်ချို ့က ဓါတ်လမ်းသက်သက်လိုက်တာ..တစ်ချို ့က ဆေးလမ်းလိုက်တာ မနန်းရဲ ့..။
ဆိုတော့…ဖိုထိုးသူတိုင်းကို ရွှေမဖြစ်လို ့လဲ သွားပြောလို ့မရသေးဘူး…။
သူ ဘာလမ်း..ဘာဓါတ်ထိုးတာလဲ ဆိုတာလဲ သိဘို ့လိုသေးတယ်လေ..။
ခင်မင်လျှက်..
ခေါင်
•*¨နန်းတော်ရာသူ •*¨
December 16, 2013 at 7:19 pm
အာ့တွေတော့နားမလည်ဘူး ဖိုထိုးတယ်ဆိုရင် ရွှေဖြစ်ချင်လို့ထိုးတယ်ပဲမှတ်တာ ဗဟုသုတတိုးပြန်ပြီ။
ဒါနဲ့သီချင်းဆိုကျင့်ထားတာတော့အလကားဖြစ်ပြီ
ဖေကျောက်ကြီးကမင်ဂါဇောင်မဖိတ်ဖူးတဲ့..သူများပွဲတက်ရင်မဆောင်တော့ပါဘူးလုပ်နေလို့သတို့သမီးလေးအားနာတာနဲ့ မသွားဖြစ်တော့ဘူး
😥
ဝင့်ပြုံးမြင့်
December 14, 2013 at 11:26 pm
ဘုရား ဘုရား တစ်သက်နဲ့တစ်ကိုယ် ဒီလောက်စုံတဲ့လူ ဒီတစ်ကြိမ်ပဲ ကြုံဖူးတယ်။ မျှစ်ကြော်လည်း ဆရာခေါင်လို ၈ ရက်ဖွားပါပဲ။ ဒါပေမယ့် လုံးဝမတူဘူး။ အဲဒါ ဗေဒင်ဆိုတာ မှားလို့ပေါ့။
ဒီလိုလေ။ မျှစ်ကြော်က ဘဝ လုံးဝမစုံဘူး။ အကျဉ်းကျသလိုမျိုး နေခဲ့တာ။
ဆရာခေါင်ကို စွယ်စုံရလို့ပြောယုံနဲ့တောင် မရဘူး။ ဘဝပါစုံတယ်လို့ ပြောရမယ်။ အနုပညာမှာလည်း စွယ်စုံရ၊ ဘဝကလည်း အရမ်းကို စုံတော့ သိထား တတ်ထားတာတွေကလည်း အင်မတန်စုံလင်ထွေပြားလွန်းတယ်။ အံ့ဩစရာကြီးပါလား။
ကျော်စွာခေါင်
December 15, 2013 at 1:21 am
မပြုံး
ကျနော်က အဲလောက်ကြီး မဟုတ်သေးပါဘူး…
မပြုံးတို ့လည်း တော်တာပါဘဲလေ…
လောကမှာ ရှိတဲ့ ပန်းတိုင်းဟာ သူ ့အလှနဲ ့ သူ ့ရနံ ့ကိုယ်စီရှိပြီးသားပါ…။
စကားမစပ်..
မပြုံး အိမ်နာမည်လေးက ချစ်စရာလေး..မျှစ်ကြော်တဲ့…။
အဘရဟူဒီ
December 15, 2013 at 8:43 am
ခေါင်နဲ့ခိုမ်. အဲ့မှာ စတွေ့တော့တာပဲ. အာဟိ.
ကျော်စွာခေါင်
December 15, 2013 at 8:38 pm
အော်… အခု ရဟူဒီ မျိုးနွယ် ဖြစ်နေပြန်ပြီလား..
အဲ့..၂ယောက်က ခု ဆာကေးသောက်တာ သင်ဘို ့ ..ကြံနေတာ။
surmi
December 15, 2013 at 11:44 am
ဆရာခေါင်ရေ…
ဒီပို့စ်ကို မနေ့ကတည်းကဖတ်ပြီးဘယ်လိုမန့်ရမလဲစဉ်းစားနေတာ….
လောကီပညာတွေကိုသဘာဝကျကျသုံးသပ်သွားတာတော့
အလွန်ကြိုက်မိသဗျာ ။
အများစုလွဲနေရတာကလည်း အထက်ကပြောခဲ့သလို အချိန်အတွယ်နဲ့
ရှေးစကားရှေးအခေါ်အဝေါ်တွေကို အဓိပ္ပါယ် ကောက်လွဲနေခဲ့ကြတာပဲ ။
မဖြစ်တာများတော့ ယုံစရာမရှိဘူးဖြစ်ခဲ့ကြတာပါလေ..
အခုလည်း အဲဒီလိုရွှေတစ်စကို မိတ်ဆွေရွှေသမားတစ်ယောက်ပြောပြလို့
သိခဲ့ရပါသေးတယ် …
နိုင်ငံရေးမှာလည်း ဖို ထိုးသလိုမအောင်မြင်ကြတာများသကိုး
ဆိုတော့…. !!?
ကျော်စွာခေါင်
December 15, 2013 at 8:35 pm
ကိုဆာ..
အားပေးတာ ကျေးဇူး…
ကိုဆာရဲ ့ပို ့စ်တွေကို လာမမန် ့ဖြစ်တာရှိရင် တမျိုးမထင်နဲ ့နော်..
ကျနော် မအားတာ များလို ့….။
သရဲမ ဇာတ်လမ်းတွေ ရေးဦးလေ..။
ကိုပေါက်(မန္တလေး)
December 15, 2013 at 1:24 pm
ကိုခေါင် ရေ
ရှင်အဇ္ဇဂေါ န မ တဲ့ ကိန်း ဆိုက်မည်နဲ့ ကျနော်တို့ ဒုက္ခရောက်ခဲ့ ကြ တာ ကြာပေါ့ ဗျာ
ကျော်စွာခေါင်
December 15, 2013 at 8:32 pm
ကိုပေါက်
ကျနော်တို ့တွေ မျိုးချစ်စိတ်ပြင်းပြတော့ ရှင်အဇ္ဇဂေါန မ,တဲ့ကိန်း သီချင်း ကို မာန်နဲ ့ထန်နဲ ့ဆိုတာပေါ့..
ကြာတော့ ဘာဖြစ်လာလည်းဆိုတော့ ကာရာအိုကီ ဆိုင်ကလူ ချမ်းသာသွားရော…။
kai
December 15, 2013 at 2:22 pm
ပေးထားတဲ့မက်ဆေ့ချ်လေးရတယ်ထင်မိတယ်…
ဆိုတော့…
သံသေတပြည်ဝတဲ့.. သံသေတဲ့တိုင်းပြည်တွေက..
ဟိုးအရင်ကဆို.. ဂျာမဏီပေါ့…။ သွေးနဲ့သံဝါဒ(Blut und Eise)စိတ်ဓါတ်နဲ့အရင်းတည်တာလေ…။
နောက်ဂျပန်….
အင်း..
ကြာတော့ကြာပါပြီ..။ ဂျပန်က.. အဂ္ဂိရတ်နည်းနဲ့လုပ်တဲ့.. ရွေတုံးကြီးတွေ့ဖူးတယ်..
ငရဲမီးစားလည်းခံတယ်..။ အလေးချိန်လည်းတူတယ်..။ နန်းဆွဲလည်းရတယ်..။
ရောလို့လည်းရတယ်တဲ့..။
အခုလောက်ဆို.. မြန်မာပြည်ထဲများထိုးရောင်းနေမလားပဲ..။
အပေါ်ကဂျပန်နည်းပညာနဲ့တော့မဆိုပါဘူး..။ အောက်ကသတင်းက.. ဘက်တီးယီးယားကနေ ရွေထုတ်တာတဲ့..။
နောက်တခုက…
စိန်…
စိန်ဖြစ်အောင်ပဲ.. အဂ္ဂရတ်ထိုးပြီး.. အလုပ်လုပ်ကြတာပေါ့..။ ယူအက်စ်နဲ့..ဥရောပကပြောပါတယ်..။
အပူချိန်မြင့်တခုမှာ.. ဖိအားမြင့်တခုပေးရင်.. ကာဗွန်ကစိန်ဖြစ်တာပဲ..
အဲဒါ…
အခုမြန်မာတွေတပြည်လုံးရဲ့.. ၅ဝရာခိုင်နှုန်းအထက်လောက်သုံးနေတဲ့.. စိန်ဖြစ်မယ်လို့ထင်တယ်..
အဲလို…
ကျော်စွာခေါင်
December 15, 2013 at 8:28 pm
သူကြီး
လာဖတ်ရှုပြီး အချက်အလက်တွေ ပေးတာ ကျေးဇူးပါ..
ကျနော် တွေ ့တဲ ့ဘုန်းကြီးတစ်ပါးက ဒကာလေး စိန်လုပ်ပါလားလို ့ပြောဘူးတယ်..
သူပြောတဲ့နည်းက ကျနော်တို ့တောင်ပေါ်တွေမှာ အလွယ်တွေ ့ရတဲ့ ကျောက်တစ်မျိုးဘဲ..ကျနော် ပါးစပ်ဖျားတင် နာမည်မေ့နေတယ်.
ကျောက်စီပန်းချီမှာလည်းသုံးတယ်.. ဘုရားစိန်ဖူးတွေမှာသုံးတဲ့ကျောက်လေ…စိန်ဖူးအတုလုပ်တဲ့ကျောက်..။
အဲဒီ သန် ့စင်တဲ့ကျောက်က သက်တန်းနုတယ်လေ..
အဲဒါကို ယူပြီး အုန်းသီးရင့်ရင့်တစ်လုံးကို ယူ…အခွံမခွာနဲ ့ .ထိပ်ပိုင်းကို လွှနဲ ့ညီအောင်ဖြတ်..ထိပ်ဖွင့်ပါ..အုန်းရည် မဖိတ်စေနဲ ့..
ကျောက်ကို အုန်းသီးထဲထည့် အပေါ်ဖုံးပြန်ပိတ် ..ပြီးတော့ ရွှံ ့ ထူထူလေးမံပါ..
၃ပေ ပါတ်လည်.၂ပေ အနက်တူးထားတဲ့ မြေကျင်းမှာ အပေါ်အောက် ဖွဲမီးနဲ ့ ၁လလောက် အပူပေးရင်..
ဂျပန်က ထုတ်တဲ့ စိန်စမ်းသပ်တဲ့ စက်မှာတောင် အဖြတ်ခံနိုင်တယ်လို ့ပြောတယ်..။
လွန်ခဲ့တဲ ့ ၁ဝနှစ်ကျော်ကတည်းက မြန်မာစိန်ဈေးကွက်မှာ အဲဒီနည်းနဲ ့…ဒိုင်သျိုလုပ်နေကြပြီ ..။
အဲဒိမှာ နည်းရပေမယ့် ဘာကွာလည်းဆိုတော့ အပူချိန်ဘယ်လောက်ဆိုတာ အတိအကျ မသိနိုင်တာက
အနောက်နဲ ့ကွာတာပါဘဲ..။
သူကြီးပြောတဲ့ ဂျပန်ကရွှေဖြစ်နည်းကို…….
တိုကျို ဘုရင့် တက္ကသိုလ်က သိပ္ပံပညာရှင်ပါမောက္ခ မစ္စတာဟန်တာရို နာဂါအိုကာ က လက်တွေ ့ကျကျ ပြဒါးကနေ ရွှေဖြစ်အောင်
အတိအကျလုပ်ပြတယ်.နည်းစနစ်လဲ အတိအကျထားခဲ့တယ်…အဲတော့ ဂျပန်တွေ ထုတ်စမ်း…စိတ်ကြိုက်ရွှေပေါ့..
ဘက်တီးရီးယားက ထုတ်တာတော့ ကျနော် ခုမှ သူကြီးဆိက သိရတာ..
ကျနော်သိတာက ရှေးဟောင်းအုတ်တစ်ချပ်ကိုယူ …ချိုင့်ကျင်းလေး အဝ ၁လက္မလောက်နဲ ့ထွင့်ပေါ့ အုတ်မှာနော်..ပြီးတော့ အုန်းဆီစစ်စစ်ထည့်ထား ကျင်းထဲကို ..ကြေးနီစစ်စစ်ကို အရည်ပျော်အောင် အပူပေးပြီး အုန်းဆီထဲကို လောင်းထည့်…
အုန်းဆီကို ခံရည်ပြုတယ်လို ့ပြောရမှာပေါ့…ပြီးရင် အေးတဲ့အခါ ပြန်ဆယ်ယူ…အကြိမ်ပေါင်းများစွာ အပူပေး အုန်းဆီခံရည်လောင်းရင် ၁၄ပဲရည် ရွှေဖြစ်လာရော..အဲဒါကို အခေါက် တမတ် ဓါတ်၁မတ်ရောရင် ၁၅ပဲ ၁၆ပဲ ရွှေ ဖြစ်လေပေါ့
..နောက် ရထားလမ်းဘေးက သွပ်တိုင်ကို ယူ…အဲဒါက သွပ်စစ်တယ်လေ.. နနွင်း စစ်စစ် ထက်အောက်ခံပြီး ချော်ကျအောင်ထိုး..
ချော်ကျအောင်ကတော့ လက်ချားပစ်ပေးတာပေါ့…အကြိမ်များာရင် ၁၄ပဲ …ဖြစ် ဆတူလမ်းတွေပါ..
ကျေးဇူးဘဲ သူကြီးရေ..
နောက်မှ ဆုံကြတာပေါ့…ဆာကေးတိုက်ရမယ်နော်..
အမှန်က ကျနော်က အရက်မသောက်ချင်ဘူးဗျ..
အရက်နဲ ့မတည့်တာလားမသိ..သောက်ပြီးရင် ခေါင်းတွေမူးလို ့ မသောက်ဘူးဗျ..
ဆာကေးတော့ စမ်းချင်သား.။
sorrow weaver
December 16, 2013 at 2:20 pm
No wonder .ကိုမင်းသားက .ရုပ်ရည်ကိုက ဆားပုလင်းနှင်းမောင်ရုပ် …ခေသူမဟုတ်…ဘက်စုံရလို့ ..အမျိုးတော်ချင်တယ်ဂျာ…အဟီး
ကျော်စွာခေါင်
December 17, 2013 at 1:59 am
ဒူးဝါးလေး
လောကမှာ မသေခင် လုပ်စရာတွေ ရှိသေးတယ် အိုင်ပီ ဆောရိုးရဲ ့….
အိုင်ပီ အပြောအဆို မဆင်ခြင်ရင် အိုင်ပီရော ကျုပ်ရော….
ဦးပြားလို ဖြစ်သွားမယ်နော်…
ဒီ နှင်းဆီနက်ဂိုဏ်းက လေယာဉ်မယ်လေးက တယ်..ထက်ဆိုဘဲ…။
တစ်ကြိမ်လောက် ဆုံချင်တယ် အိုင်ပီရေ..။
Mr. MarGa
December 16, 2013 at 6:41 pm
ဒက်ဒီခေါင်….. :mrgreenn:
ရေးပြသွားလိုက်တာ အတိအကျပဲ…….
ဘယ်ပညာရပ် နေနေ
အတိအကျ၊ စနစ်တကျ လိုက်စားရင် အောင်မြင်တယ်လို့ ဆိုချင်သပေါ့။
ရေးသွားတာက အမြင့်ပိုင်းလို ဖြစ်နေတာမို့ အကြောင်းအရာတော့ သိပ်ပြောတော့ပါဘူးဗျာ။
ကျနော် ထဲထဲဝင်ဝင် လိုက်စားနေတာတော့ ရှိတယ်ဗျ။
အလှူအိမ်တွေ……
ခင်…တဲ့…
ဖားသဂျိုး….. :mrgreenn:
ကျော်စွာခေါင်
December 17, 2013 at 2:04 am
ဝေးးးးးးးးး ဖားသဂျိုး
အရင်တုန်းကတော့ …ကိုကြီးကျော် ကိုကြီးကျော်နဲ ့….
ခုမှ ဘယ်ကဘယ်လို အခေါ်အဝေါ်တွေ ပြောင်းသွားတာပါလိမ့်..
ဒက်ဒီခေါင်ဆိုဘဲ…..
အာဟား…..အာဟားးး။( ဦးဇင်း ကျော်ဟိန်းသံစဉ်နဲ ့ဖတ်ပါ )
padonmar
December 17, 2013 at 12:34 am
တအံ့တဩပါပဲ၊
စုံတဲ့ဘဝကိုရော၊ခိုင်တဲ့ဇွဲကိုရော၊ရေးတတ်တဲ့လက်ကိုရော။
ကျော်စွာခေါင်
December 17, 2013 at 2:06 am
မမမာ
လာပြီးဖတ်ရှုအားပေးတာ ကျေးဇူးနော်..။
kokothandar
December 17, 2013 at 10:44 am
တော်ပါပေတယ် ဗဟုသုတလည်းရ ဖတ်သူမပျင်းရအောင်လည်း ဆွဲခေါ်သွားလို့ မိတ်ဆွေတွေနဲ့ ချိန်းထားတာတောင် မေ့သွားတယ်။ ကွက်စိတ်ဆရာများ ဖြစ်ခဲဘူးလားမသိ။
Swal Taw Ywet
December 17, 2013 at 10:07 pm
ဦးခေါင်ရေ ( ခေါင်ရည် ဟု မဖတ်ရ )
ကူးထားလိုက်ပြီဗျာ။
မီးရထားလမ်းဘေးစိုက်ထားတဲ့ သွပ်ဓါတ်တိုင်ဆိုတာ ဟိုးးးးအင်္ဂလိပ်ခေတ်ကတည်းက စိုက်ထားတာတွေနော်။
အဲသဟာကြောင့်သွပ်စစ်လို့ သံချေးမစား အခုထိခံနေတာပေါ့။
နောက်ပိုင်းသွပ်ရည်စိမ်သံပြားတွေကြတော့ တစ်မိုးတောင်မခံချင်တော့။
ကြေးနီ အကြောင်းပါလာတော့ လက်ပတောင်းတောင်ကို သတိရမိသေး။
ကျောင်းစာအုပ်ထဲပါနေသေးတဲ့ စပယ်တောင်ဆိုတာ အခုတော့ အင်းပက်ကြီးကိုဖြစ်လို့ခင်ဗျ။
သူ့ဘေးမှာတော့ ဒုတ္ထာတွေရှိနေသေးတယ်။ အိုင်ဘင်ဟိုးတုံးက မထိရနယ်မြေအဖြစ်သတ်မှတ်စွန့်ပစ်ထိန်းသိမ်းထားခဲ့တာ၊
အန္တရာယ်မသိတဲ့လူထုက ကြေးချက်လို့ရတယ်ဆိုပြီးလုပ်စားနေကြတုံးရှိသေးတယ်။
ချင်းတွင်းမြစ်ရေတွေတောင် ညစ်ပတ်နေပါပေါ့လားးး။
With respect,
Swal Taw Ywet.