သိပြီးတဲ့နောက်…..

လူ ့သဘာဝ စိတ်ခံစားမှုဟာ တော်တော် ဆန်းကြယ်တယ်လို ့ဘဲ ပြောရပါလိမ့်မယ်.

အကြောင်းအရာတစ်ခုကို တည်မှီပြီး ဖြစ်ပေါ်လာတဲ့ ခံစားမှုဟာ အခြေခံ အကြောင်းအရာ (သို ့) ဖြစ်စဉ်

တစ်ခုပေါ်မှာမူတည်ပြီး ပြောင်းလဲတတ်တဲ့ သဘောလေးကို ကိုယ်တိုင်ခံစားသိရှိမိသလို သတိလဲ ထားမိပါတယ်..

ပြောရမယ် ဆိုရင်တော့ မသိခင်နဲ ့ သိပြီး ချိန်မှာ ဖြစ်ပေါ်လာတဲ့ စိတ်ကလေးကို ဖမ်းလိုက်မိတာပါ..

ကျနော့်ဘဝမှာတစ်သက်မှာတစ်ခါ၊တစ်ခါမှာတစ်သက်ဆိုသလိုမှတ်မှတ်ယယ အဖြစ်ဆုံးလေးပေါ့…။ ထူးထူးခြားခြားသွားတိုက်ဆေးလေးပါ…….
အညာမှာမွေးသူမို ့ထင်ပါရဲ…တမာကိုင်းတွေတွေ ့ရင်သွားတိုက်တံပူလုပ်ချင်တယ်…..

ဆန်စက်တွေမှာလောင်စာအဖြစ်အသုံးပြုတဲဖွဲပြာဖြူဆွတ်ဆွတ်လေးတွေ တွေ ့တဲ့အခါသွားတိုက်ချင်လာတာ။
အိမ်မှာပက်ဆိုးဒဲန်တွေရှိပေမယ့်၊တမာတံပူတွေ၊ဖွဲပြာဖြူဖြူတွေ၊ဆားမှုန် ညက်ညက်လေးတွေကိုဆီနဲ ့စိမ်ထားတာတွေလဲအမြဲရှိပါတယ်..
ငယ်ကတည်းကဒီလိုရိုးရာ သွားတိုက်ဆေးတွေအကုန်သုံးလာတာဆိုတော့ သိတဲ့အတိုင်းပေါ့လေ…တမာပင်တွေ ့လဲ…စိတ်ကစားတယ်…..ဖွဲပြာနုနုလေးတွေတွေ ့ရင် စိတ်မထိမ်းနိုင်ဘူးပေါ့…။

မနက်မိုးလင်းသွားတိုက်တဲ့အခါ သမီးတွေက အဖေ့သွားလေးတွေဖွေးနေတာဘဲ လိုချင်လိုက်တာလို

့ပြောတိုင်း ကျနော်သုံးခဲ့ဘူးတဲ့ သွားတိုက်ဆေးအကြောင်းကို ပြန်တွေးရင်း ဘယ်လိုကြီးဖြစ်ဖြစ်သွားမှန်းမသိဘူး…..
ဖြစ်ခဲ့တာက ရခိုင်မှာ ဇာတ်က”တုန်းကပါ…ကြာပြီ။ ကျောက်ဖြူမြို ့ကနေ
တောင်ဘက် မိုင်၂ဝကျော်မယ်ထင်တယ်…ကင်းဆိပ်ရွာဆိုတာရှိတယ်..
ငါးလုပ်ငန်းတွေ ပိုက်ဆွဲပိုက်ချလုပ်ငန်းတွေ လုပ်ကိုင်ကြတယ်။
ဟိုတစ်ဖက်ကမ်းဆက်ကူးလိုက်တာနဲ ့လေးတောင် တိုက်နယ်ကိုရောက်တာဘဲ…။ ကျနော်တို ့က နောက်တစ်ညမှ ကပြရမှာဆိုပေမယ့် တစ်ရက်ကြိုကူးလာတာပေါ့…တစ်ညအိပ်ပြီးမှနောက်ညမှာဘုရားပွဲ ကပြရမှာ..
ဇာတ်ကားကြီး ကင်းဆိပ်ကိုရောက်တာနဲ ့အားလုံးဆင်းကြတာပေါ့..
ပစ္စည်းချသူတွေချ၊နားသူတွေနားပေါ့။ ကိုယ်လဲ ကားပေါ်ကဆင်းတာနဲ ့အေးအေးဆေးဆေးနေချင်တော့

ခပ်လှမ်းလှမ်းက သစ်ပင်လေးတစ်ပင်နားကိုသွားပြီး သစ္စာတော်ခံ ဆေးလိပ်လေးန ဲ့ နှပ်နေတာပေါ့…။
အေးအေးလူလူအတွေးချဲ ့နေယင်း ဘေးပါတ်ဝန်းကျင်ကို ဝေ့ဝဲကြည့်
လိုက်တော့….အိုး…ကျနော့်ရဲ ့ခရေဇီ..
ရွှေညာသားတို ့ရဲ ့ခရေဇီ…မီးလောင်ထားပြီးကာစ ပြာနုနုလေးတွေ
ဖြူဆွတ်နေလိုက်တာမှ ဖွေးဖွေးလှုပ်နေအောင်ကိုဖြူတာ…။
ဖြတ်ကနဲထပြီးသေချာကြည့်လိုက်တော့ မီးငွေ ့ငွေ ့လောင်နေသေးတဲ့ ထင်းတုံးတစ်ချို ့ရယ်…ဘေးနားမှာပြန့်ကျဲနေတဲ ့စပါးခွံတစ်ချို ့ရယ်ကို
တွေ ့လိုက်တာနဲ ့သိပြီ ၊ ဒါဖွဲမီးရှို ့ထားတာ၊။
မိဘတွေကိုတောင်သတိရသေးတယ်…ဓါတုဗေဒသွားတိုက်ဆေး
တွေ ဘယ်လောက်ပေါ်ပေါ် သွားခိုင်တယ်ဆိုပြီိးတမာ၊ဖွဲပြာတွေသုံး
တတ်အောင် အကျင့်လုပ်ပေးထားတာ။
ဒီဖြူဖွေးနေတဲ ့ပြာလေးတွေက အနူးညံ့ဆုံး ဖွဲပြာလေးတွေပေါ့…။
နောက်တစ်ကြိမ်ရဘို ့မလွယ်ဘူးဆိုတော့ ခရီးဆောင်အိပ်ထဲက ပလပ်စတစ်အိတ်လေးထုတ်ပြီး ထည့်တယ်…။သိမ်းတယ်။

နောက်မှရေဘူးကိုထုတ်ပြီး မီးပုံနားမှာ ကျကျနနထိုင်ပြီး ပြာဖြူလေးတွေနဲ ့ သွားတိုက်တော့တာပေါ့။
အားရပါးရသွားတိုက်နေတုန်း ရခိုင်အဘိုးကြီးတစ်ယောက် ကျနော့်အနားရောက်လာပြီး ကြည့်နေတယ်၊ ပြီးတော့ သူပြောတယ်…
ကျနော်ကရောက်ကာစဆိုတော့ သူပြောတဲ ့ရခိုင်စကားနားမလည်ဘူးဗျ…ဒီတော့သွားတိုက်ရင်းဘဲ လောကဝတ်အနေနဲ ့ပြန်ရယ်ပြလိုက်ပါသေးတယ်..။ သူလဲဘာတွေဆက်ပြောမှန်းမသိဘူး…။
ကျနော်ကလည်းသွားတိုက်တာ မပျက်ပေါ့..
သူပြောတာနားမလည်မှန်းသိတာနဲ ့သူလှည့်ထွက်သွားတယ်..
စကားနားမလည်ပေမယ့် သူ ့မျက်လုံးထဲကအရိပ်အယောင်ကိုဖမ်းကြည့်
တော့ တစ်ခုခုဘဲ..။ ခဏနေတော့ မြန်မာစကားတတ်တဲ ့ ဇာတ်ဆရာသားနဲသူပြန်လာတာပါဘဲ…အဖွဲ ့သားတစ်ချို ့လဲပါတာပေါ့..
မင်းသား…ဘာလုပ်နေလဲ ”
ဒီမှာဖွဲပြာလေးတွေလှလို ့သွားတိုက်နေတယ်လေ”
မတိုက်နဲ ့…”
ဪ…ဒီပြာနုလေးတွေက လှလို ့ ”
အဲဒါ မကောင်းဘူး ”
ကောင်းတယ်…ကိုခင်မောင်လတ်ရဲ ့၊ သွားဖြူတယ်လေ”
အေး…နင်တိုက်ချင်ရင်တိုက်ပေါ့…အခုတော့ မလုပ်နဲ့”
ဘာဖြစ်လို ့လဲဗျာ…ဘယ်သူ ့ဟာမှ ခိုးတာမဟုတ်ဘဲနဲ ့”
အခုကမှာ ဘုရားပွဲ တော်တော်စည်ကားတယ်…အနယ်နယ်ကလာကြတယ်…အာဂန္ဓုဘုန်းကြီးတစ်ပါး ဘုရားပွဲလာရင်း နာမကျန်းဖစ်ပြီး ပျံလွန်တော်မူသွားတယ်..”
အဲအအ အဒါဘယ်လိုပါတ်သက်နေလို ့လဲ”
အခု နင်သွားတိုက်နေတဲ့ပြာတွေက ခုနင်ကဘဲ ဘုန်းကြီးကို မီးရှို ့ထားတဲ ့ အရိုးပြာတွေ ”
စကားဆုံးတာနဲ ့ကျနော်ဖြစ်ပျက်သွားတာစာနဲ ့ရေးပြလို ့တောင်မတတ်ဘူး။

ရေဘူးထဲကရေတင်မကဘူး၊ ဘေးနားကအိမ်တွေက ရေတွေပါယူပြီး ပလုပ်ကျင်း ပါးစပ်ကိုဆေးလဲ စိတ်ထဲမသန် ့ဘူး။
၄ရက်လောက် ဘာမှ စားလို ့မရတော့ဘူးဗျာ…။
ညအိပ်ရင်တောင် လာရယ်ပြနေတဲ ့ဘုန်းကြီးကိုဘဲ မျက်စေ့ထဲအမြဲ
မြင်ယောင်နေတာ…။
ကျနော့်သွားလေးတွေ ဖွေးမဖွေး၊ဖြူမဖြူတော့ မသိဘူး..
လာရယ်ပြနေတဲ ့ဘုန်းကြီးကတော့ ညအမှောင်ထဲမှာတောင်
သွားလေးတွေကဖွေးဥနေတာဘဲ…။
တစ်သက်မှာ တစ်ခါဘဲ သုံးခဲ့တဲ့ သွားတိုက်ဆေးလေးပေါ့…။
ဒီမှာ သိလိုက်တာက ဘုန်းကြီးအလောင်း မီးရှို ့ထားတဲ့ ပြာမှန်း မသိခင်က စိတ်နဲ ့ သိပြီးလိုက်တဲ့ စိတ်..

တစ်ပြိုင်နက်ထဲ ဘုရားရှင် သွန်သင်ပြီး လမ်းပြခဲ့တဲ့ အသုဘ ကမ္မဌာန်း ကျင့်စဉ်ကို အထပ်ထပ် ကြည်ညိုပြီး

စိတ်နဲ ့ကန်တော့မိခဲ့တယ်..

ဒါက စိတ်ခံစားမှု အပိုင်း

နောက်ထပ်ကြုံရတာက အတွေးအခေါ်ပိုင်း

၂ရက်ဘဲ ခြားတယ်..

ဖြစ်ချင်တော့ ကိုယ့်ဘာသာ အတွေးပေါ်ပြီး ဘုန်းကြီးမီးရှို ့ထားတဲ့ ပြာပုံဆီ တစ်ခေါက်ထပ်သွားပြီး

ဟိုဖြဲ ဒီရှာ လုပ်နေတာ

တစ်အောင့်လောက်နေတော့ နောက်တစ်ခေါက်သွားထပ်တိုက်တယ် ထင်လို ့လား မသိပါဘူး..

ဇာတ်ထဲက ကောင်လေးတွေ ကိုခင်မောင်လတ်ကို သွားခေါ်ပြီး ရောက်လာကြပြန်ရော

သူက မေး ..ကိုယ်ကဖြေပေါ့

အဲဒီမှာ ကိုခင်မောင်လတ်ဆီက စကားက အတွေးအခေါ်တစ်ခုဖြစ်စေဘို ့တွန်းအားပေးခဲ့တာဘဲ..

သံဃာတော်တွေကို ကြည်ညိုကိုးကွယ်ပေမယ့် ရုတ်ရုတ်ရုတ်ရုတ် ..ဂုတ်ဂုတ်..ဂုတ်ဂုတ် ဘုန်းကြီးတွေ

တွေ ့ရင် ကိုခင်မောင်လတ် စကားကြီးက နားထဲ လွှတ်ဝင်လာတယ်

…..

မင်းသားဘာလုပ်နေပြန်တာလဲသွားတိုက်ပြန်ပြီလား ”

ဘယ်ကလာ သွားတိုက်ရမှာလဲဟိုဟာ ရှာနေတာ…”

ဘာရှာတာတုန်း…”

……….”

ကဲ..ကဲတို ့လဲ ဝိုင်းကူရှာပေးမယ်.. ဘာရှာတာတုန်း ပြော…”

ဘုန်းကြီးဆီကများဓါတ်တော်တွေ ဘာတွေ ကျမလားလို ့ရှာနေတာ…”

…..

သေလိုက်ဘိဝေ့….နန် ့အမိဓါတ်တော်လားလူလိုနေဘိတဲ့ ဘုန်းကရီးစေက ဓါတ်တော်မပြောနဲ ့

နှပ်တော်တောင် မကရယာဝေ့..”

 

ကျော်စွာခေါင်

 

44 comments

  • MAUNG

    January 28, 2014 at 8:26 am

    အောင်မလေး ဗျာ…
    ကျွတ် ဆင်ကြီး ပါလား ကိုကြီး ကျော်၊ သွားတိုက်ပြီး တော့ ဘာတွေ အစွမ်းထူး လာလဲဗျ 😀

    • ကျော်စွာခေါင်

      January 29, 2014 at 12:25 am

      စွမ်းသလားမမေးနဲ ့ မောင်..
      ၂ ညဆက်တိုက်ကို ကိုယ့်ဘဲ အသည်းအသန်ရွေးခြောက်တာ..ဟေးဟေး။
      ဒါတောင် ကျောင်းလုတာ မဟုတ်ဘူး… သားသားက ပြာလေးဘဲ ယူပြီး သွားတိုက်မိတာ…။ ဟီး…

  • kyeemite

    January 28, 2014 at 11:35 am

    မတွေ့တာတောင်ကြာပေါ့ ကိုကျော်စွာခေါင်….ကျုပ်လည်း…
    သွားတိုက်တာတော့ ငယ်စဉ်တစ်လျှောက်လုံး မီးသွေးတစ်လှည့် ဆားတစ်လှည့်တိုက်လာခဲ့တာ
    အဖွားရှိတုန်းကတော့ လွယ်အောင် မီးသွေးကိုညက်အောင်ထောင်း၊ ဆားနဲ့ သမအောင်ရောပြီး
    ပုလင်းထဲအသင့်ထည့်ထားပေးတတ်တယ်ဗျ….အဲ..အဲ..ပြာနဲ့တော့မတိုက်ဖူးဘူး..
    တမာရိုးကြိုက်ပုံလည်းတူသဗျ…မန်းလေးမှာကြီးခဲ့တာဆိုတော့ ကျုပ်လည်း တမာရိုးမြင်ရင်
    သွားတိုက်ဖို့ချိုးတာပဲ… 😛

    • ကျော်စွာခေါင်

      January 29, 2014 at 12:27 am

      ကိုမိုက်ရေ..
      မီးသွေး ဆား တွေထက် ဖွဲပြာနုနဲ ့ တမာတံပူ ပိုကြိုက်တယ်ဗျ…
      ကိုမိုက်ရော….တိုက်ဘူးတယ် ရှိအောင် ဘုန်းကြီးပျံတွေ ဘာတွေ စုံစမ်းကြည့်ပါလား ကိုမိုက်…ဟိ။

  • sorrow

    January 28, 2014 at 12:07 pm

    ကိုမင်းသားရေ..တားတားငယ်ငယ်က ကွမ်းယာဆိုင်တွေက ကျန်တဲ့ ဂုံခါးရိုးနဲ့တိုက်တာ…သွားအလွန်ဖြူတယ်..မီးသွေးနဲ့ဆားနဲ့ရောထောင်းတာနဲ့လဲ တိုက်တယ်..ခုတော့ ရုံးနောက်ကျရင် သွားမတိုက်တော့ဘူး…အဟိဟိ

    • ကျော်စွာခေါင်

      January 29, 2014 at 12:29 am

      ဒူးဝါးလေး
      နေ ့တိုင်းသာရုံးနောက်ကျရင် လေယာဉ်မယ်လေး သနားပါတယ်…။
      သန္တာရောင် နုတ်ခမ်းလေးးးးးးးးး သန္တာရောင် နုတ်ခမ်းးးးးးးးးးးးလေးးးးးးးး။

  • KZ

    January 28, 2014 at 12:10 pm

    လူလိုနေတာထက် ဆိုးတဲ့ ကိုယ်တော်တွေ ဘာကျမတုန်းမသိနော့။
    .
    .
    .
    .
    .
    .
    .
    .

    .
    .
    .

    အဲလိုပြောရဲပါဘူးဟယ်။
    ခေတ်ကြီးက ကောင်းဘူးးး
    😀

    • ကျော်စွာခေါင်

      January 29, 2014 at 12:32 am

      ၂လုံး ၃လုံး ဘောက်ချာတွေ ထွက်ကျလာတာပေါ့ ညီမလေးရဲ ့…
      ….

      အမငေးးးးးး မေ့ပြီး ဒီပါးစပ်က ထွက်မိပြန်ပြီ…
      ဘွာတေး ဘွာတေး….
      ခေတ်ကြီးက ကောင်းတာမဟုတ်ဘူး ညီမလေးရဲ ့..။

  • Crystalline

    January 28, 2014 at 12:41 pm

    ဆရာခေါင် မတွေ့တာကြာလို့ဝင်နှုတ်ဆက်တာပါ :mrgreen:

    • ကျော်စွာခေါင်

      January 29, 2014 at 12:34 am

      လှိုင်းရေ..
      ဟုတ်တယ်. မတွေ ့ရတာ နုတ်မဆက်ရတာ ကြာနေပြီ..ခရစ်တော်ပုံ တင်တုန်းကတောင် သတိယမိသေးတယ်..။

  • nozomi

    January 28, 2014 at 1:34 pm

    ဟုတ်ပ့ါ ခေါင် ရေ
    စိတ်က ဆန်းကြယ်လွန်းပြီ အံဩဘို့ ကောင်းရဲ့
    လုပ်ရပ် က ဒါကိုပဲ မသိခင် နဲ့ သိပြီးနောက် ပြောင်းလဲသွားတာက ပြော မပြနိုင်အောင်ပဲ

    ဆား တို့ ပြာ တို့ နဲ့ တိုက်တာ သွားတော့ ပြောင်ရဲ့
    သွားကြားက အစာတွေ ဘယ်လို ပြောင်ပါ့ မလဲ စဉ်းစားနေတာ

    • ကျော်စွာခေါင်

      January 29, 2014 at 12:38 am

      နိုဇွမ်မီ..
      ဟုတ်တယ်..ကျနော်တို ့က အကျင့်ဖြစ်နေတော့ အပေါ်ကအရောင်လှတာ ကိုဘဲ အလေးထားနေတာ..
      တစ်ကယ် ဒုက္ခပေးမယ့် သွားကြားက အစာဟောင်းတေါကို သတိမထားကြဘူး.
      လွန်သွားပြီ…အချိန်တွေ လွန်ခဲ့ပြီ… ထားပါတော့လေ တခေတ်တခါက….
      မဆလ သွားတိုက်ဆေးနည်းလို ့ဘဲ မှတ်ထားလိုက်တော့ပေါ့…။

  • kai

    January 28, 2014 at 2:32 pm

    ကွန်ပြုတာမှာ.. စီပီယူ.. မီမိုရိ..ဟဒ်ဒစ်အကုန်အတူတူထဲ.. ဝင်းဒိုးစ်ထည့်ထားတာချင်းအတူတူ.. တချို့က.. အရုပ်လှလှလေးတွေထုတ်တယ်..။ တချို့က..ဗီဒီယိုတွေတည်းဖြတ်တယ်..။ တချို့က.. စာတွေရေးတယ်..
    တချို့က.. စာတွေဖတ်ပြီး..ငိုတယ်..။ လွမ်းတယ်..။ ဆွေးတယ်.. ။ချစ်တယ်..။

    ကွန်ပြူတာထဲ.. တကယ်တန်းကလျှပ်စစ်စီးနေတာလေးတွေကို.. အဖွင့်အပိတ်(သုံည၊တစ်) အစီအစဉ်လေးတွေပဲ.. လုပ်နေတာပါ..
    အစီအစဉ်မတူတာနဲ့.. ထွက်လာတဲ့ရလဒ်တွေမတူဘူးပေါ့…။

    လူထဲရောက်တော့.. ဒီခန္တာကြီးတွေအတူတူ.. ဒီဦးနှောက်ကအတူတူ.. ဒွာရပေါက်တွေကနေဝင်လာတဲ့.. အမြင်အသိတွေကို.. ဦးနှောက်ကနေ… စဉ်းစားတွေးခေါ်ပုံကွာတာနဲ့.. ရှေ့နောက်အစီအစဉ်လေးလွဲတာနဲ့…
    “ချစ်ရွှင်သနား တည်ကြားကြမ်းကြုတ် စက်ဆုတ်ကြောက်ရွံ့ ရဲဝံ့အံ့ဩ” ဖြစ်ချင်တာတွေ.. လူမှာ.. ဖြစ်ပျက်ကုန်ကြသဗျ…။

    ရယ်စရာနော… :mrgreen:

    • ကျော်စွာခေါင်

      January 29, 2014 at 12:44 am

      သူကြီး..
      အဲလို ဖြစ်ပျက်တဲ့ကြားထဲ…..ကိုယ့်ကွန်ပျူတာ ဗိုင်းရပ်စ် ထိလို ့ထိမှန်း မသိတဲ့သူတွေ ရှိသေးတယ်ဗျ..။

  • ဦးကျောက်ခဲ

    January 28, 2014 at 3:24 pm

    ကိုခင်မောင်လတ် ပြောသလိုပဲ ဆြာခေါင်ရေ…
    သင်္ကန်းဝတ်ပြီး လူလောက်မှ အသုံးမကျတဲ့ ကိုယ်တော်များတွေ့ရင် ချဉ်ပါ့…
    ကျောက်စ်ရုပ်ရည်နဲ့ မတော်တာကို မတော်ဘူးပြောရင် အဓိကရုန်းဖြစ်မည့်ကိန်း…
    ဆိုတော့… တမာရိုးနဲ့ သွားကြားထိုးတာပဲကောင်းပါတယ်…
    ပြာနဲ့သွားတိုက်မှ ဆြာခေါင့်အဖြစ်ထက် ဆိုးနေဦးမယ်… ဟီး ဟီး
    😀

    • ကျော်စွာခေါင်

      January 29, 2014 at 2:02 am

      ကိုကျောက်စ် ..
      အဓိကရုန်း ဖြစ်မယ်ဆိုကြိုပြော….
      ကျောက်စ်စောင့် ဥပဒေထုတ်ပေးမယ်စ်.။

  • TNA

    January 28, 2014 at 7:29 pm

    ဆြာခေါင်တို့ရေးလိုက်ရင်မှတ်သားစရာချည်းပါပဲ။ တကယ့်ကိုပဲ အခုတလောပြောဖြစ်နေတဲ့အကြောင်းလေး မို့မှတ်သွားပါတယ်။ ဘုရားသားတော်တွေက ဘုရားဟောကိုဆန့်ကျင်ပြီးကျင့်ကြံနေကြတာ ပြောပြန်ရင် လဲ ပြောတဲ့သူပဲ ငရဲရောက်မလား ဘာလားတော့မသိပါဘူးဆြာခေါင်ရယ်။ မျက်စိထဲမယ်အမြင်မတော် တာတွေတွေ့နေရတယ် ဆိုးချက်။

    • ကျော်စွာခေါင်

      January 29, 2014 at 2:30 am

      မနုအေးရေ..
      ပြောလို ့ငရဲကြီးမယ်မထင်ပါဘူး…
      အလွတ်ကျက်သမားမဟုတ်လို ့ နာမည်တွေ မေ့နေပေမယ့် အကြောင်းအရာကိုတော့ မှတ်မိပါတယ်..
      ဘုရားရှင် လက်ထက်က ဒကာတစ်ဦးက ဘုရားရှင်ကိုအမှုးထားပြီး နံက်ဖြန် သံဃာဆွမ်းကပ်မယ့် အကြောင်းလျှောက်ထားတယ်..
      ဘုရားရှင် အပါအဝင် ကျောင်းက ရဟန်းတွေ တနေရာမှာ ဆွမ်းစားကြွဘို ့ ကတိရှိထားတော့ ကျောင်းမှာ တစ်ဦးတည်းကျန်မယ့် ပင့်သူမရှိတဲ ့ရဟန်းတစ်ပါးကို သာ သံဃာအဖြစ်ကပ်လှုဘို ့ ဘုရားရှင်က မြွက်ကြာားတယ်..။
      ရဟန်းဖြစ်ပြီး ရဟန်းအကျင့်လဲ မကျင့် ရွာရိုးကိုးပေါက် လျှောက်ပြီး..လူ ့ဘောင် ကိစ္စတွေ ဝင်စွတ်ဖက်တဲ့ ရဟန်းကို
      စိတ်က မကြည်ဖြူပေမယ့်..ဘုရားစကားမလွန်ဆန်နိုင်လို ့ ဒကာက လက်ခံတယ်..။
      နောက်မနက်ဆွမ်းကပ်တော့ ဘုရားရှင်ကို ကပ်လှုသလိုကို ရိုသေစွာ ဆွမ်းကပ်လှုတယ်..။
      ရဟန်းက ကျောင်းပြန်ရောက်တော့ ဒိလိုသူကြွယ်ကတောင် ဘုရားကိုယ်စားအဖြစ် ငါ့ကို ရိုသေစွာဆွမ်းကပ်တယ်လို ့ မော်ကြွားတယ်..။ ဝိနည်းအညီမနေလို ့ အဲဒီ ရဟန်းဒါဏ်ထမ်းရမယ်ဆိုတော့ ပေါက်ပြားလိုတယ်…
      မနက်ကတောင် ငါ့ကို ဆွမ်းကပ်တာဘဲ ငါ့ကို ာကည်ညိုတဲ့ သူကြွယ်ဆီမှာ သွားငှားရင် ရတာပေါ့ဆိုပြိး သူကြွယ်အိမ်ကို သွားတယ်..
      ခြံဝ ရောက်တော့ ဘာလာလုပ်တာလဲ လို ့ သူကြွယ်က စိတ်ရှုပ်တဲ ့အမူအရာနဲ ့ လေသံမာမာ မေးတယ်..
      ပေါက်ပြားလာငှားတဲ့အကြောင်း ရဟန်းကပြောတော့
      “ ရော့…ယူသွား..ပြီးတာနဲ ့ပြန်လာပေး” ဆိုပြိး ပေါက်ပြားကို ခြေနဲ ့ခတ်ထုတ်ပေးလိုက်တယ်..
      ဒီလိုဆက်ဆံရပါ့မလားဆိုပြိး ပြသနာတက်လို ့ ဘုရားရှေ ့မှောက် ၂ဦးသားရောက်တယ်…
      ဘုရားရှင်က မနက်နဲ ့ညနေ ဆက်ဆံတာ ဘယ်လိုကြောင့် ကွာခြားရတာလဲ ဒကာကိုမေးတော့..
      “ မနက်ခင်းက ဘုရားရှင်ကို ရည်မှန်းပြီး သံဃာတော် အဖြစ် ဆွမ်းကပ်တာပါဘုရား…..
      ညနေပိုင်း သူလာတာက သူ ့ပုပ္ပလိက ကိစ္စပါ… ဝိနည်းမညီ ရဟန်းအကျင့်မညီ…ရဟန်းအကျင့်မကျင့်တဲ့ အကျင့်ပျက် ရဟန်းကို
      သံဃာအဖြစ် မသတ်မှတ်လို ့ပါ ဘုရား” လို ့ ဒကာက ဘုရားရှင်ကို လျှောက်တဲ့အခါ….
      အဲဒီ ဒကာကို သံဃာရတနာကို ကိုးကွယ်ဆည်းကပ်ရာမှာ ပြတ်သားတာကြောင့် ချီးမွမ်းပြီး ဧတဒင်္ဂ ဘွဲ ့ပေးတော်မူတယ်တဲ့
      မနုအေး….
      ကျနော်က ဘာသာပြောင်းလာတဲ့သူဆိုတော့ လူနဲ ့အကျင့်မကွဲပြားရင် ကျနော့်မူရင်းဘာသာက ဆရာကိုသာ ဆက်ဆည်းကပ်မှာပေါ့..ဘာကြောင့် အရိုက်အနှက်ခံ အမွေဖြတ်ခံပြီး ဘာသာပြောင်းမလဲ..
      ဒါကြောင့် ဘုရင့်နောင် ဖောင်ဖျက်လာတဲ့ ကျနော်က ဘုရားရှင်လက်ထက်က ဒကာကို နမူနာထားပြီး နေထိုင်ပါတယ်..
      ကျနော် အပြောဆိုးသမျှ…အရေးကြမ်းသမျှ ဘုရားရှင်ကို ချစ်လို ့ အားနာလို ့ပြောတာ..။
      ဒီလို ရဟန်းမပီသတဲ့ဘုန်းကြီးတွေကို ပြောလို ့ ငရဲဆင်းရမယ်ဆိုလဲ..
      “ ဗုဒ္ဓံသရဏံ ဂစ ္ဆာမိပါဘုရား” လို ့ ၃ကြိမ်အော်ပြီး ငရဲကို နောက်ဂျွမ်း၃ပါတ်ထိုးပြီး ဆင်းပေးလိုက်မယ်…။

      ဆိုးချက်…။

      • padonmar

        February 1, 2014 at 7:22 pm

        အမှတ်မမှားရင် အနာဂါမ်ဖြစ်တဲ့ဥဂ္ဂသူကြွယ်လို့ထင်ပါတယ်။

  • ဒညင်းဝက်

    January 28, 2014 at 9:21 pm

    အဲဒီ… ရုတ်ရုတ် .. ရုတ်ရုတ်တွေ..လည်း..မနည်းဘူးနော့…

    😆

    • ကျော်စွာခေါင်

      January 29, 2014 at 2:37 am

      ဂုတ်ဂုတ်..ဂုတ်ဂုတ် ဖြစ်သွားမယ်..ဒညင်း …. ငှင်းငှင်းငျင်းးးးးးးး
      အပြောမတတ်ရင် ဒညင်းကို အိုးစိမ်ပြီး ညဆွမ်း ဘုန်းပစ်လိုက်မှာနော်… ငှင်းးးငှင်းးး။

      • ဒညင်းဝက်

        January 29, 2014 at 2:00 pm

        တိန်…
        ဒညင်းဝက်တော့ ချမ်းသာပေးပါ…
        ဇာတ်ထောင်စားချင်လို ့..

        အဟိ.. ။
        သူရို ့မကောင်းကြောင်း..သိပ်မရေးရဲဘူး..
        ရုတ်ရုတ်ရုတ်ရုတ်တွေက…
        အင်တာနက်ဆိုင်ထဲမှာ.. ဘာညာတွေ..လာလာ ကြည့်နေလို ့…

        😆

  • padonmar

    January 29, 2014 at 1:29 am

    ခေါင်
    နှုတ်ဆက်ပါတယ်။
    အဆုံးမှာ ပြောချင်တာလေး ချုပ်ပေးတဲ့ ခေါင့်စာရေးပုံလေးတွေ အတုခိုးရပါတယ်။ဒါပေမယ့် ဘယ်တော့မှ မတတ်။

  • ကျော်စွာခေါင်

    January 29, 2014 at 2:39 am

    မမမာ
    စကားလေး ခဏလောက်ပြောရပြီး … ဂဇက်မှာ မတွေ ့ရတာ ကြာပြီပေါ့..နေကောင်းလား မမမာ။
    ….

    မောင်နှမချင်း သိပ်မြှောက်တာဗြဲ…။ း)

  • kai

    January 29, 2014 at 4:17 am

    ဂေါတမဗုဒ္ဓက… ဝိဘစ္စဝါဒကိုလက်ခံကျင့်သုံးတာပါ..
    ဝေဖန်ပိုင်းခြားပြီးမှဆုံးဖြတ်ရတာပါ…။
    ဂေါတမမြတ်စွာဘုရားက သံဃာဂိုဏ်းကို ဘာကြောင့်ဖွဲ့ပေးခဲ့သလည်း..။ ဘာရည်ရွယ်ချက်ရှိသလည်းကိုသေသေချာချာလေ့လာကြည့်ရင်.. မြန်မာတွေအခုဖြစ်နေတာတွေ… အူကြောင်ကြောင်နိုင်လှတာ.. သတိပြုမိကြမှာပါလေ…။

    ထောက်ပြပြောဆိုဝေဖန်ခွင့်ရှိတာမှာ.. ရှင်သာရိပုတ္တရာကိုယ်တော်ကြီးကို.. ကိုရင်ပိစိကသင်္ကန်းရုံတာအဝန်းမညီလို့ထောက်ပြဖူးတယ်..
    လက်ယာရံကိုယ်တော်ကြီးက.. ပြန်ပြင်ရုံပြီး…ညီပြီလားလို့ လေးလေးစားစားပြန်မေးတော်မူဖူးတယ်..။

    ဒီခေတ်ဘုန်းကြီးတွေများ…ရှေ့အပေါ်.. ရွှေခုံကြီးမှာထိုင်လို့..( တရားနားသူက ပြန်လည် ထောက်ပြဝေဖန်ဖို့နေနေသာသာ.).. မိုက်ကြီးနဲ့စွတ်တီးတော့တာကို.. အတင်းကာရော… ခြေအညောင်းခံပြီးနားထောင်ရတော့တာကိုး..
    လူပရိတ်သတ်ကြီးခမြာ.. ့အောက်နောက်လေးမှာ… ငုတ်တုတ်လေးနဲ့.. ဖူးမျှော်မာန်ချရှိခိုးကန်တော့နေရတော့…
    ဘာအကျိုးကျေးဇူးမှလည်း… ပိုရမလာပေါ့…။ :mrgreen:

    • Ma Ma

      January 29, 2014 at 7:38 am

      ပြာဖြူ ဖြူ လေးနဲ့ သွားတိုက်နေတုန်း ဘုန်းကြီးကို မီးရှို ့ထားတဲ ့ အရိုးပြာတွေမှန်းသိသွားတဲ့ ခေါင့်ရဲ့မျက်နှာကို ရေးမပြပေမယ့် မြင်ယောင်မိသွားတယ်။ 😀

      သီချင်းဆိုတိုင်း အဆိုတော်မဖြစ်ပါဘူး။

      သူ့ရဲ့အသံနေအသံထား၊ ဟန်ပန်နဲ့ သံစဉ်ကိုလိုက်ပြီး ကြိုက်တဲ့သူရှိမှ သူ့ပရိတ်သတ်နဲ့သူ အဆိုတော်ဖြစ်ကြတာပါ။

      ရှေ့ရွှေခုံကြီးမှာ ထိုင်ပြီး တရားဟောတိုင်းလည်း ဓမ္မကထိက မဖြစ်ပါဘူး။

      သူ့အဟောအပြောနဲ့သူ လူလက်ခံအောင် လိုက်နာအောင် ဟောနိုင်မှ တရားနာပရိတ်သတ်ရှိမှာပါ။

      လူပရိတ်သတ်ကြီးကလည်း အကျိ ုးမရှိပဲ ခြေညောင်းခံပြီး အောက်နောက်လေးမှာ ငုတ်တုတ်လေးနဲ့ ဖူးမျှော်မာန်လျော့ရှိခိုးဦးချကြမှာ မဟုတ်ဘူး။

      ဒီနေရာမှာ သူ့ပါရမီနဲ့သူ အနိမ့်အမြင့်တော့ ကွာပေမပေ့ါ။ 🙁

    • ကျော်စွာခေါင်

      January 30, 2014 at 1:24 am

      သူကြီးရေ…

      ….
      ….. မာန် မာန…တွေ အနုမာနတွေနဲ ့….နပန်းလုံးနေကြတုန်းပါဘဲ…။

      ….
      …..
      အရှင်သာရိပုတ္တရာတို ့လို…
      ရဟန ္တာ ပုဂ္ဂိုလ်ကြီးတွေ က သိပ်ကြည်ညိုစရာ ကောင်းတယ်..။…စကားအတင်းစပ်…..
      ၅ တန်းလောက်ကတည်းက အတန်းကြီး အကို အမတွေရဲ ့ ၉တန်း ၁ဝ တန်းစာအုပ်တွေ ယူဖတ်တော့..
      အင်မတန်သီးခံတဲ ့ မတ္တရာဆရာတော်ကို ဘာသာခြား ဘဝမှာထကြ တော်တော်ကို လေးစား ကြည်ညိုစိတ်ဖြစ်တာ…။
      ဆရာတော်ပေါင်မှာ အနာဖြစ်နေတာလေ..တော်တော်နေမကောင်းမှ တပည့်ရဟန်းတွေက ဆရာတော်ကို ခွင့်တောင်းပြီး လှန်ကြည့်တော့…လားလားးး
      ပေါင်က အနာမှာ လောက်တွေ အုံဖွဲ ့နေတာ…
      အနာကိုဆေးကြာပြီး လောက်တွေ ဖယ်ပေးမယ်ဆိုတော့ တပည့်တွေကို ဆရာတော်က မိန် ့တယ်..
      “ သူများ အသိုက်အအုံကို မဖျက်ဆီးကြပါနဲ ့ကွယ်” တဲ့..။
      ….. ခုကြတော့လည်း…..
      ……
      ……
      ဒီနေ ့အလုပ်လုပ်ရင်း ဆရာတော်ကို သတိတယ တွေးမိလို ့ ချရေးလိုက်တာပါ..။

      • kai

        January 30, 2014 at 10:31 am

        အင်း.. အဲဒီဆရာတော်ပေါ့…
        သူများအသိုက်အမြုံမဖျက်ဆီးကြပါနဲ့ပြောပြီး.. အသေခံလိုက်ရတယ်..။
        မင်းတုန်းမင်းလက်ထက်က.. ကျမ်းတတ်သာသနာပြုဆရာတော်ကြီးတပါးက.. ဘာမဟုတ်တဲ့အနာလေးဖြစ်ပြီး.. ဆေးမကုလိုက်ရတာနဲ့.. ပိုးလောက်တက်ပြီးဆုံးရှုံးခဲ့သပေါ့..။
        လူတွေတော်တော်နစ်နာပါတယ်..။

        အဲဒီအတွေးအခေါ်မျိုးက.. ဒီခေတ်အထိတောက်လျှောက်ပါလာသမို့… အဲဒီမတ္တရာဆရာတော်စကားဟာ.. မြန်မာ့လူဘောင်လောကကို.. ပြောင်းစေတဲ့” စကားကြီးတခွန်း” အဖြစ်.. ကျုပ်ကတော့မှတ်တမ်းထားပါတယ်..။ :mrgreen:

        • ကျော်စွာခေါင်

          January 31, 2014 at 1:12 am

          သိသားဘဲ…
          ညက ဒီဆရာတော်ကို ကွန်မန် ့အဖြစ်ရေးပြီးကတည်းက ဒီသူကြီးတော့ ကပ်တီးကပ်ဖဲ့ နဲ ့ ဘယ်အပေါက်က နေ ရွာထဲ ပြန်ဝင်လာမလဲ.လို ့..အင်း…သူကြီးပြောစရာ ဒီတစ်ကွက်တော့ ရှိတယ်ဟ….လို ့ စဉ်းစားပြီးမှ အိပ်တာဗျ…
          ….. း) အာ့ဒွေကြောင့် လူမုန်းများတာ… ဟေးဟေး..
          စ“ တာပါ..။
          ကျနော်လည်း အဲဒါကို အရွယ်ရောက်တော့ ပြန်တွေးဘူးပါတယ်..ကွာတယ်သူကြီးရဲ ့…
          အဲလို သီးခံနိုင်လွန်းတဲ့ သံဃာတစ်ပါးရဲ ့မေတ္တာစိတ်အကြောင်းဖတ်ရတဲ့အခါ….
          သူ ့အသက် သတ်ဖြတ်ခြင်း…ကိုယ့်နားရွက် တစ်ဖက်ဆို သူ ့နားရွက် တစ်ဖက်..
          ကိုယ့်မျက်လုံး တစ်လုံးဆို သူ ့မျက်လုံးတစ်လုံး ပေးရမယ်ဆိုတဲ့ အယူအဆတွေကြားမှာ နေ..နေရတဲ ့
          ကလေးတစ်ယောက်ဖြစ်တဲ့ ကျနော့် အတွက်ကျ..
          ကြက်သီးမွှေးညှင်းထအောင်ကို ကြည်ညိုသွားတာ…။
          အရွယ်ရောက်လို ့ စဉ်းစားမိတော့ ဆရာတော် ဒီလောက်လေးတွေကို ဖြည်းဖြည်းလေး ဖယ်ချလိုက်ရင် မရလေဘူးလားလို ့ တွေးမိတယ်..။
          အဲ့ဒီမှာ ထပ်ဆင့် ဝင်လာတဲ့ အတွေးက….
          သူတော်စင် ပါရမီရှင်တို ့က တစ်ကယ်ပါရမီဖြည့်ဘို ့ တစ်ခုခုကို အဓိဌာန်ထားပြီးဆိုရင်…
          အသက်ခန္ဓာကိုတောင် မငဲ့ကွက်တော့ဘူး သူကြီး….။
          သာမန်လူသားအမြင်ကတစ်မျိုး …ကိုး…။
          ဆရာတော်က ဘာကို အဓိဌာန်ထားတယ် ဆိုတာ အဲဒီစာမှာ မပါလာတာက မြှုပ်ကွက်ဘဲ သူကြီး..။
          ….
          နောက် အမြင် တစ်ခုက သေခြင်းတရားက …နှိပ်စက်သူကြီးမှ ငယ်မှ ရယ်လို ့ မဟုတ်ဘူးလေ…။
          အသက်ကို ဉာဏ်စောင့်တယ် ဆိုပေမယ့် တွေးခေါ်ဉာဏ် မြင့်မားတဲ့ ဘုရားရှင်တောင် သေခြင်းတရားကို
          ဝက်ပျိုသားဆွမ်းနဲ ့နွားငယ်ကြောင့် နောက်ကျိနေတဲ ့ရေနဲ ့…ကြောင့် ပရိနိဗ္ဗာန်ပြုခဲ့ရတာဘဲလေ..။
          …..
          …..
          ကိုယ့်အမြင်မှာတော့ ဘာမှမဟုတ်တဲ ့အနာလေး….
          လောက်တွေ အမြင်မှာတော့ မှီခိုအားထားစားသောက်နေထိုင်စရာ အဆောက်အဦကြီးလေ..။

          ….

          ကိုယ့်အမြင်မှာတော့ ကိုယ့်တိုင်းပြည်ကအနွယ်မဟုတ်တဲ ့ …လူမျိုးခြား ဘာသာခြား
          သူ ့အမြင်မှာကြတော့ မေတ္တာတရား သီးခံခြင်းနဲ ့ ထေ၇ဝါဒ တိုင်းပြည်…။
          ကျောတစ်ခင်း မိသားတစ်စုတော့..နေနိုင်လောက်ပါရဲ ့ဆိုတဲ့ အမြင်…။
          ..
          လောက်လဲ ..သက်ရှိ သတ္တဝါ
          လူမျိုးခြား ဘာသာခြားလဲ….မသေခင်လေးရှင်နေကြတဲ့ သက်ရှိသတ္တဝါတွေဘဲလေ…။
          ..
          သူကြိီးနဲ ့ ပြောရတာ ကောင်းပါတယ်…
          သူကြီး အားရင် ကျနော် ရေးထားတဲ့ ဘုရားရှင် လက်ထက်က ဒါယိကာအကြောင်း အပြည့်အစုံ ရှာပေးပါ…။
          ဒါဘဲ။

        • kai

          January 31, 2014 at 4:19 am

          လူသားတွေနေတဲ့.. လူ့ဘောင်လောကမှာ.. လူအသက်ကအရေးအကြီးဆုံးပါ..။
          ယှဉ်ထိုးရင်.. လူအသက်ကိုဦးစားပေးသင့်တာပေါ့..။
          ဘုရားဟောကတော့.. ကံ..ကံရဲ့အကျိုးပါပဲ..
          တုံ့ပြန်မှုတွေဟာ.. လူကိုထိပ်တန်းဦးစားပေးရမယ်ဖြစ်ပြီး.. အကြောင်းအကျိုးအတိုအရှည်အလိုက်.. ကံ(အလုပ်) ကိုကြည့်ပြီး (သိပြီး)တုံ့ပြန်ရမယ်လို့ သဘောပေါက်မိပါတယ်..

          ဆိုတော့..
          အဲဒီခေတ်မှာ.. မတ္တရာဆရာတော်နား ကျုပ်ရှိနေရင်.. ဆရာတော်ကိုအိပ်ဆေးခိုးတိုက်ပြီး.. အနာကိုသန့်စင်ဆေးကြောပြီးကုပေးပါတယ်..
          ဘယ့်နှာ..
          လောက်အသက်နဲ့..ကိုယ့်အသက်လဲရတယ်လို့… :mrgreen:

        • ဦးကြောင်ကြီး

          February 1, 2014 at 2:00 am

          သဂျီးဇုတ် … ခင်ဗျား သံသရာတကွေ့မှာ တိရစာ္ဆန် ဖြစ်လို့ကတော့ ကိုယ်ချင်းစာ တရားဘေးချိတ်ပြီး ကျုပ် အကုသိုလ် အဖြစ်ခံ သားသတ်သမားလုပ်မယ်.. .. လူကွ အရေးအကြီးဆုံး တန်ဖိုးအထားဆုံး.. သေဗေဒေါ့ ခွပ်…

        • padonmar

          February 1, 2014 at 10:44 pm

          (ဥပမာ၁)သေဌေးက နှပ်ညှစ်တော့ လက်ကိုင်ပုဝါနဲ့ ညှစ်သတဲ့။
          အဲဒါကို လက်ကိုင်ပုဝါ မသုံးဖူးတဲ့ ဆင်းရဲသားက ဒီလူ့နှယ် ကပ်စေးနည်းရန်ကော လို့ မှတ်ချက်ချတယ်။
          (ဥပမာ၂)မဟာကပိဇာတ်ထဲ ဘုရားလောင်းမျောက်မင်းက ချောက်ထဲကပုဏ္ဏားကို
          ကယ်ပြီးအနားယူတုံး ကျောက်တုံးနဲ့ထုတဲ့ ဒီပုဏ္ဏားကို စိတ်မဆိုးပဲ လူ့ရွာကိုရောက်အောင် ပို့သေးတာကို ကျမတို့ အံ့ဩမဆုံးနိုင်ဘူး။
          ဒီစိတ်မျိုး ကျမတို့ မထားနိုင်ဘူး။အဲသလို ကိုယ်မထားနိုင်တာနဲ့ပဲ ဒီလိုမြင့်မြတ်တဲ့ စိတ်ရှိတယ်ဆိုတာ မဖြစ်နိုင် မဖြစ်သင့်ဘူးလို့ ပြောရင် မှားပေမပေါ့။
          (ဥပမာ၃)ဒွန်းစဏ္ဍားသည် မင်းအဖြစ်ကို မလိုချင်သကဲ့သို့ တဲ့ ။စာထဲက ဥပမာပါ။

  • အ မှန် ဆုံ း အ တိ ကျ ဆုံး ပြော ရ ရင်

    အ ခု ခေတ ်ကြီး က ကိုယ် ကောင်း အောင် မ လုပ ်ဘဲ

    သူ များ ကို အ ပြ စ် တင ်နေ တဲ့ ခေတ် လို့ မြင် ပါ တယ်။

    အ ဲ တော့ သိပ် မ သိ တာ ဘဲ ခပ ်ကောင်း ကောင်း

    ကိုယ် လုပ် စ ရာ ရှိ တာ ကို ကိုယ့် တာ ကို်ယ် လုံ အောင် လုပ် ဘို့ လို မယ် ထင် ပါ တယ်.

    • ကျော်စွာခေါင်

      January 30, 2014 at 1:28 am

      ကိုပေါက်ရေ.
      ကျေးဇူးပါ

  • surmi

    January 29, 2014 at 9:49 am

    အောင်မလေးဆရာခေါင်ရယ်​ …
    ညှီစို့စို့အနံ့​လေးများ မကျန်​ခဲ့ဘူးလားဗျာ ..
    ကျ​နော်​ငယ်​ငယ်​က ​နေခဲ့ဖူးတဲ့​နယ်​မြို့​လေးမှာဆိုရင်​
    ဟိုတုန်​းက လူ​သေကို ကားလမ်​း​ဘေးမှာတင်​မီးရှို ့တာခင်​ဗျ
    အဲ… ကျ​နော်​တို့​ကျောင်​းရဲ့မျက်​​စောင်​းထိုး​ပေါ့ …
    ​နေ့တိုင်​းနီးပါး လူသား​ညှော်​နံ့ကို နှစ်​​ပေါင်​းများစွာရှူခဲ့ဖူးတယ်​ဗျို့ ….

    ဆရာ​ခေါင်​ကြူံဖူးသလိုအဖြစ်​မျိုးခတ်​ဆင်​ဆင်​​တော့ ကျ​နော့​နောင်​​တော်​ကြီးတစ်​​ယောက်​ကြုံဖူးပါရဲ့ ။
    ဘာတဲ့.. ဘုရားဖူးသွားရင်​း ကားပျက်​​တော့ ဇရပ်​တစ်​ခုထဲနားကြပါသတဲ့..။
    ဇရပ်​ထဲမှာ​တွေ့တဲ့ သစ်​လုံးလိုလို ၊​ ​သေတ္တာ လိုလို​ပေါ်မှာ ထမင်​းစားပွဲလုပ်​ပြီးစားကြတာ​ပေါ့..
    ​နောက်​မှသိရတာက အဲ့ဒါ ရွာထဲက​လူ​တွေ​သေရင်​ထဲ့တဲ့
    အများသုံးဘုံပိုင်​ အ​ခေါင်​းတဲ့….
    အပြည်​့အစုံက​တော့ ကြုံရင်​သူ​ပြော ပါလိမ်​့မယ်​..
    အဲ့လိုပဲအစ်​ကို​ရေ..
    တခါတ​လေကြုံရတာများ… 🙂

    • ကျော်စွာခေါင်

      January 30, 2014 at 1:31 am

      ကိုဆာ
      အဲ့တုန်းက သတိမထားမိဘူး….
      ခု ကိုဆာ ပြောမှဘဲ…ညှီစို ့စို ့ကြီးလိုလို….
      ……
      ……
      အို….ညှီရင် ညှီတယ်မှတ်…။
      ပြောနေကြာတယ်…အလွမ်းဖြေတဲ ့အနေနဲ ့…ကြက်ကင်လေး သွားစားလိုက်ဦးမယ်…။

  • Crystalline

    January 29, 2014 at 10:21 am

    ဦး‌ခေါင်‌‌ရေ…..ခရစ်‌‌တော်‌ပို့တုန်‌းက အမှတ်‌တရမှတ်‌ချက်‌မ‌ပေးဖြစ်‌‌ပေမယ်‌့ပန်‌းချီ‌လေး‌တော့သ်ိမ်‌းထားဖြစ်‌ပါတယ်‌‌နော့ …. :))

    • ကျော်စွာခေါင်

      January 30, 2014 at 1:38 am

      လှိုင်းရေ.
      ပန်းချီပုံလေးသိမ်းထားတယ် ဆိုလို ့ ဝမ်းသာပါတယ်..
      ရွာမှာလဲ ခရစ်ယာန်ဆိုလို ့ ဆောရိုး ရယ် လှိုင်းရယ်…ဂီရဲ ့ ကောင်မလေးဘဲ ရှိတာမို ့ အမှတ်တယ …တင်လိုက်တာပါ..
      ဘယ်သူ ့ပို ့စ်မှာလဲတော့ မသိဘူး …လှိုင်းကွန်မန် ့ရေးထားတယ်လေ…
      ဘာသာရေးပို ့စ်တခုက ကွန်မန် ့တွေကြောင့် စိတ်ညစ်ညူး သွားတယ်ဆို…။
      ကျနော့်ပို ့စ်နဲ့များ ပါတ်သက်နေခဲ့ရင် တောင်းပန်ပါတယ်နော်…။
      ဘာသာရေးပို ့စ်တွေကတော့…မသိစိတ်က ဘက်လိုက်ပြီး ပြောရင်း ဖောင်းဖြစ်နေတတ်ကြတယ်..။
      နားလည် သီးခံ မမြင်ယောင်ဆောင်ပေးလိုက်ပါလှိုင်းရေ… အေးချမ်းပါတယ်..။ ဟုတ်။

  • မဟာရာဇာ အံစာတုံး

    January 29, 2014 at 12:35 pm

    ကျုပ်တို့ ငယ်ငယ်ကတော့
    ဆားနဲ့ တိုက်တာဗျ …
    ဂလူး ဂလူး ဂလော ဂလောနဲ့ ပလုတ်ကျင်းပစ်လိုက်တာပဲ
    ပါးစပ်ထဲလည်း ငန်တန်တန် လေးနဲ့ ကျန်ခဲ့ရော …
    အရသာ ကတော့ တစ်မျိုးတော့ တစ်မျိုးပဲ

    ခုထိလည်း သွားတိုက်ဆေးနဲ့ တိုက်လည်းပဲ
    ဆားနဲ့ တိုက်ရတာလောက် အရသာ မရှိဘူးလို့ ထင်တုန်းပဲ

    ဒါနဲ့ .. ဘုန်းကြီးကလည်း တော်တော် ကပ်စေးနည်းတာပါပဲလား
    သူ့ပြာလေး (ဒါတောင် ဟုတ်ချင်မှ ဟုတ်မှာ။ ထင်းကထွက်တဲ့ ပြာတောင် ဖြစ်နေလိမ့်ဦးမယ်)
    ကိုပဲ နှမြောနေလိုက်တာ သရဲပါ ဖြစ်ကရော …
    အကုသိုလ်၊ ကုသိုလ်တောင် ခွဲခြား မသိပါတော့ကလား ….

  • ကျော်စွာခေါင်

    January 30, 2014 at 1:43 am

    ပဲမြစ်က သံစဉ်တွေ နုတ်စ်တွေ ကျွမ်းပုံရတယ်..ကြည့်စမ်း..
    ဂလူးဂလူးးးး ဂလောဂလော …..တွေရော အပီဘဲ…။

    … ပြန်လာလည်လို ့ တွေ ့တဲ့အခါ အဲ့အကြောင်းပြောပြမယ် ဟတ်လား…
    ဇာတ်ဆရာခမျာ…ကိုယ့်ကို သနားလို ့ ဇာတ်အဖွဲ ့သားတွေကို မုန် ့ဘိုးပေး…အောက်လင်းဓါတ်မီးပါ ထွန်းပြီး
    တစ်ညလုံ း ဖဲရိုက်ခိုင်းထားရတာ….
    ခြောက်ချက်ကတော့ ကမ်းကုန်ဘဲ ပဲမြစ်ရေ…။

  • Mr. MarGa

    January 30, 2014 at 10:00 am

    ဒက်ဒီခေါင်
    အစမှာ ဟုတ်သဟ ဆိုပြီးဖတ်လာတာ
    သိသိချင်း ဖြစ်သွားမယ့်မျက်နှာ တွေးရင်းတောင် ရယ်ချင်မိတယ် အဟီးး
    ဘာပဲဖြစ်ဖြစ်ပေါ့
    အခုအချိန်မှာ အသုဘကမ္မဋ္ဌာန်း ရှုခဲ့တယ် လို့သာ တွေးပေါ့ဗျာ
    ဟီးးးးး
    ဖားသဂျိုး

  • သီဟသူရ ညောင်ရမ်းဂျီးထူ

    February 9, 2014 at 2:34 am

    ဟားဟားဟား ဘုန်းကြီးသရဲ ကမ္မဝါဖတ်လို့မကျွတ်ဘူး
    ပရိတ်ပြန်ရွတ်ပြနေလို့ဟုတ်ပေ့ဖြစ်နေဦးမယ်

Leave a Reply