လူသည် ဘဝတခုကို စွဲလန်းခြင်းစိတ်ဖြင့် အရင်းခံကာ ဖြစ်တည်ကြသည်..။ မွေးဖွားခြင်းမတိုင်မှီက စတင် သန္ဓေတည်သော စွဲလန်းစိတ်သည်  ( ဘုရား ၊ရဟန ္တာမှ အပ) သေသည်အထိတိုင် ဖယ်ခွာဘို ့မလွယ်လှပေ။ ဘဝဘဝများစွာက စွဲလန်းခြင်းကြောင့် ဘဝများစွာကိုပင် ထပ်ဖြစ်စေသည်။ လောကုတ္တရာလမ်းအမြင်အရ ရုပ်နာမ်တွဲပြီးဖြစ်ပေါ်လာသော သတ္တဝါတိုင်း စွဲလန်းစိတ် မကင်းပေ..။ ထို ့ထက် ပိုသည်က လူ ့နယ်ပယ် သို ့ဝင်ရောက်လာပြီးသည့်နောက် ကျင်လည်ကြီးပြင်းရသော အသိုင်းအဝန်းတွင် ရှေးရိုးစွဲလန်းမှုတို ့ ့ကိုထပ်မံသင်ယူရခြင်းပင်ဖြစ်သည်..။ နေမှု၊ထိုင်မှု၊ ပြောမှု၊ဆိုမှု အပါအဝင် ယုံကြည်မှုများကိုပါ ခေါက်ရိုးကျ လိုက်နာရတော့သည်…။ ထိုလိုက်နာသင်ယူရသော သဘောတရားတို ့သည်ပင်လျှင် အနီးအဝေး သဘောကို ဖြစ်ပေါ်စေသည်။ မျိုးကွဲ ငါးတစ်ကောင်ကို အခြားမျိုးမတူသော ငါးအုပ်ထဲသို ့ရောထည့်လိုက်သော်လည်း […]


ရခိုင်အကြောင်သတင်းတွေဖတ်ရင်း ပါတ်သက်ရာ ပါတ်သက်ကြောင်းလေးတွေကို သတိရသွားလို ့ ရေးဖြစ်သွားတာ..။ ကျနော့် အကြောင်းလဲ ပါတာပေါ့…။ ကျနော် ပြောခဲ ့ပါတယ် …မထင်မှတ်ဘဲ အချိန် ကျလာတော့ ဝိဉာဉ်လောက ၊နာမ်လောက မှာ ဝင်ပါတ်သက်ခဲ ့ရတယ်လို ့..။ မြန်မာနိုင်ငံမှာ မိရိုးဖလာ ယုံကြည်မှုတွေကတော့ နယ်တော်ရှင် ရွာတော်ရှင် နဲ ့သိုက်တွေပါဘဲ…။ ကျနော်လဲ ဘယ်ပါရမီပါလာလို ့လဲဆိုတာ စဉ်းစားရင် ခေါင်းတောင်လည်တယ်..။ အခုတော့ ဒီအလုပ်တွေ မလုပ်တော့ပါဘူး… အမျိုးသမီးရဲ ့ရွာလေးမှာနေခဲ ့တုန်းကပါ…။ ဌက်ဖျားဖြတ်ချင်လဲ…ကျနော့်ဆီ.. အရိုးကျိုးရင်…ရွာသူကိုင်ထားရင်၊ သရဲ သဘက်ပူးရင်၊ နတ်ပူး သိုက်ပူး…ဘုရားထီးတော်တင် အနှောက်အယှက်..စုံနေတာဘဲ..။ ဇာတ်နားလို ့အိမ်ပြန်ရောက်လဲ အေးဆေး မနေရ။ ဇာတ်ခေါင်းပြုတ်ချိန်လဲ အေးဆေး မနေရ…။ လက်ခံထားတဲ ့ပုံတွေလဲ […]


မဒမ်တို ့ရွာလေးကတော့ ကျနော့်အတွက်ကြုံသမျှ ချစ်စရာလေးတွေက များတယ်…။ မဒမ့်ကိုချစ်ရသလို ဒီရွာလေးကိုလဲ ချစ်တာဘဲ…။ ဒီရွာလေးကလဲ ချစ်တယ်…သူတို ့ချစ်တာ လမ်းသလားပြီး ရွာရိုးကိုးပေါက် လျှောက်သွားနေလို ့မဟုတ်ပါဘူး….။ ပေါင်ချိန်ခေါင်က အရှေ ့ခုနှစ်အိမ် အနောက်ခုနှစ်အိမ်တောင်သိတာမဟုတ်ဘူး…။ ကိုယ့်အိမ်မှာ ကိုယ်နေတာ…မိုးလင်းတာနဲ ့ရောက်လာကြတာဘဲ….။ မနက်နေ ့လည်၊ ညနေ၊ ည လူမပြတ်ပါဘူး….။ ပေါင်ချိန်ခေါင်က လိုင်းစုံတယ်..ကိုယ့်တာဝန်ကျလာတယ်လို ့ယူဆပြီး ကိုယ်ကူညီနိုင်မယ်ထင်လို ့ကတော့ ဘွာမခတ်တမ်းဘဲ…။ ဆိုတော့ကာ…ကိုယ့်ဘာသာကိုယ်နေပေမယ့် ကင်းလို ့မရတာက..ဝိဉာဉ် လောက နာမ်လောကကိုပြောတာ…။ ကိုယ်ကတော့ စိတ်ထားဖြူအောင်နေရတာပေါ့…။ ကိုယ်က ကူညီဘို ့အချိန်ကျလာပြီဆိုမှဖြင့် ရှောင်လို ့တောင်မရ…။ လူစုံ..ပြသနာအစုံကြုံရတဲ့အထဲမှာ တစ်ရက်တော့ ပုံတူထိုင်ဆွဲနေတုန်း ဆူညံဆူညံနဲ ့အိမ်ရှေ ့မှာ ဆိုက္ကားနဲ ့လူတစ်အုပ်၊ ငိုဟယ်ရီဟယ် ရောက်လာတာ…။ […]


ပြောရမယ်ဆိုရင်တော့ မဒမ်တို ့ရွာလေးမှာပါဘဲ…။ သူတို ့ရွာသားတွေထဲမှာ လည်လည်ဝယ်ဝယ်လူတွေရှိသလို ရိုးရိုးကြီးတွေလည်း ရှိပါတယ်…။ ကျနော်က အနူတောမှာ လူချောမဟုတ်ပါဘူး…ဒါပေမယ့် ကိုယ်နိုင်သလောက်လေးတော့ မသိနားမလည်မှုတွေ…အစွဲအလမ်းတွေ၊ အယူသီးတာလေးတွေကိုတော့ ကျွဲကူးရေပါ ဆိုသလို သူတို ့အလိုလေးကိုဖြည့်ပြီးကိုယ့်ဘက်ပါလာအောင် အလိမ္မာလေးနဲ ့နားချယူရပါတယ်…။ ကျနော်က ဆရာလို ့လည်းမကြွေးကြော်ပါဘူး…ဘာဂိုဏ်းမှလဲ မထားဘူး…။ ဒါပေမယ့် သူတို ့ဘက်တွေမှာက လည်း…ခေါင်းဖြူစွယ်ကျိုးကြီးတွေက ပုတီးလေးကိုင် ၊ ယောဂီလေးဝတ်ပြီး..သာသနာပြုတယ်သာပါးစပ်ကပြောနေတာ…လူတွေကို မသိစိတ်စွဲလန်းမှုတွေထဲ တွန်းပို ့နေကြတာ မြင်ရကြားရ စိတ်မချမ်းသာပါဘူး…။ ကျနော်ကိုယ်တိုင်ရော ဘာလို ့ဒါတွေလုပ်နေလဲ ဆိုရင်တော့ သူတစ်ထူးရဲ ့ကျေးဇူး…မမေ့ကောင်းလို ့ပါ…။ ဒါပေမယ့် ကိုးကွယ်ရာအဖြစ်မျက်စိမှတ်ယုံတာမဟုတ်ခဲ ့ဘူး..မိုက်မှားတဲ ့အရွယ်..ရေပေါ်ဆီ ဗုဒ္ဓဘာသာဖြစ်နေချိန်မှာ သေဘေးက လက်မတင်လေး သတိပေးပြီး ပထမအဆင့် ဘာသာရေးလမ်းကြောင်းပေါ်ဆွဲတင်ခဲ ့တဲ့ ကျေးဇူးကြောင့်ပါ…။ […]


ဟိုးတုန်းကပေါ့…ကျနော့်ဆရာနဲ ့အတူ ပျဉ်းမနား နှစ်ကျိတ်ရှစ်ဆူ တပေါင်းပွဲကပြီးတော့ ကျနော်တို ့ဇာတ်အဖွဲ ့ပျဉ်းမနားတောင်ညိုဘက်မှာ ရုံပွဲတွေ လှည့်ကခဲ့ဘူးပါရဲ ့…။ ကျနော့်ဆရာက BSC ဘွဲ ့ရပြီးသား၊ ဝါသနာပါလွန်းလို ့ဇာတ်ကနေတာ…။ စိတ်ထားကောင်းတယ်…ယဉ်ကျေးတယ်…။ ဆရာတပည့်အတွဲလဲညီခဲ ့ကြတယ်…ဘယ်လောက်အတွဲညီလဲဆို ဆရာ နှစ်ပါးကနေရင်း အရက်ခိုးမော့တာကအစ သူ ့အဖေမမြင်အောင် ကျနော်က တောင်ရှည်ပုဆိုး ဝတ်သလိုလိုနဲ ့ကာပေးတတ်တယ်…။ နေ ့ခင်းအိပ်ယာကနိုးရင် ထန်းတောထဲမှာ ထန်းရည် သွားသောက်ပြီး…ဇာတ်ရုံရှိရာကို လေးဘက်ထောက်ပြီး လာခဲ ့ကြတာလဲ အတူတူ…။ အဲ…နောက်ပိုင်းမကချင်တာလဲတူတယ်… ဆရာက ခွန်းထောက်တောင်မဆိုနိုင်အောင်ကို အသံအားနည်းတယ်…။ ကျနော့်ကို တော်တော်ချစ်တယ်…ခေါ်ရင် သားလို ့ခေါ်တတ်တယ်…ဆရာနဲ ့ကျနော်ကြားမှာ ထူးထူးခြားခြားဆိုလို ့သူနဲ ့အတူကဘို ့စာချုပ်တုန်းကတော့ နှစ်ပါးသွား့ရင် ဂျွမ်းမထိုးရလို ့စာချုပ်ထဲမှာ ထည့်ရေးဘူးတယ်…။ […]


ကျနော်ရေးခဲ ့တဲ ့ ပို ့စ်လေးတွေက စိတ်မကောင်းစရာလေးတွေ များနေတာဆိုတော့…တခါတလေ အပြောင်းအလဲလေး ဖြစ်စေချင်တာရယ်…ပြန်တွေးလိုက်တိုင်း ကိုယ်တိုင်တောင် ပြုံးရယ်မိတာလေးတွေ ရေးရင်ကောင်းမလားလို ့…။ တစ်ခြားလောက ပါတ်ဝန်းကျင်ကမဟုတ်ပါဘူး…အခုချိန်မှာ ဇာတ်သဘင်ကို ဆက်မလုပ်တော့ပေမယ့်….ပြန်တွေးရင်.. မနေ ့တစ်နေ ့ကလိုဘဲ စိတ်ထဲမှာ ဖြစ်နေတာ..။ က,ခဲ ့စဉ်တုန်းကပါ…။ ကျနော်တို ့ဇာတ်သဘင်တွေမှာ ကြည့်နေတဲ ့ပရိတ်သတ် သိလိုက်တဲ ့အမှား၊ လုံးဝ မသိလိုက်တဲ ့အမှားလေးတွေ ရှိပါတယ်…။ ပရိတ်သတ်က အမှားကို မသိလိုက်ရဘူးဆိုတာက စင်ပေါ်မှာ ကနေတဲ ့သူချင်းဘဲ သိပြီး ၊ ပညာသားနဲ ့ဖုံးဖိလိုက်တာပါ…။ ဒါတောင် ဖုံးလို ့ရတဲ ့အခါ ရှိသလို ၊ ဘယ်လိုမှ ဖုံးလို ့မရတာ ရှိပါတယ်…။ ဒီလို….။ […]


ကျနော် အင်တာနက်မှာ စာလိုက်ဖတ်ရင်း အင်းတို ့ လက်ဖွဲ ့တို ့ အဆောင်တို ့ အကြောင်းဖတ်ရင်း ကျနော်သုံးခဲ ့ရတဲ ့ ပန်းကလေးကို အမှတ်တမဲ ့ သတိရသွားတာပါ….။ လက်ဝှေ ့ထိုးတာတို ့မျက်နှာပွင့်တို ့မှာ.ဆရာက အဆောင်တွေ ဘာတွေ ပေးရင် တစ်ပွဲတိုး လက်ဖွဲ ့လေးတွေ၊ ပန်းလေးတွေ၊ ဆေးလိပ်တွေ ပေးတာတော့ အရင်က ကြားဘူးပါတယ်…။ ကျနော့်ရဲ ့တစ်ပွဲတိုးပန်းက ဘယ်ဆရာကမှ စီရင်ပေးတာလဲ မဟုတ်သလို ….ဘာအဆောင်မှလည်းမဟုတ်ပါဘူးဗျာ…။ ကျနော့်ဘဝမှာလည်း ရံခါဖန်ခါ ကပ်သီးကပ်သတ် ကြုံရတာလေးတွေ အများကြီး ရှိပါတယ်…။ အဲဒါတွေ ထဲက တစ်ခုပေါ့ဗျာ…။ဖြစ်ပုံက ဒီလို….။ ကျနော်တို ့ဇာတ်ပွဲ ကမယ့်ရက် ၃/၄ရက်လောက် အားနေတော့ ဘာရယ်မဟုတ် […]


                                                        ၂၀၀၅ ခုနှစ်က နိုင်င်္ငစုံ ယဉ်ကျေးမှု ကပွဲမှာ ရိုက်ခဲ့တဲ့ပုံလေးပါ။ တောင်စဉ်တောင်တန်းမှိုင်းပျပျတွေနဲ ့တောင်တွေရဲ ့အလယ်ချိုင့်ထဲမှာ လှပတဲ့ မြို ့လေးက ကျနော့်ဘဝ လမ်းကြောင်းတွေ ပြောင်းသွားအောင်…၊ အောင်မြင်မှုတွေ လမ်းခင်းပေးလိမ့်မယ်လို ့ တစ်ခါမှ မတွေးမိခဲ့ပါဘူး..။ လူတစ်ယောက်က ကိုယ်ဖြစ်ချင်တဲ့ဘဝလမ်းကို ဦးတည်ပြီး လျှောက်နေပေမယ့်…..။ လူဟာ ကံဇာတ်ဆရာ စီမံမှုအတိုင်း […]


ကိုယ့်ရွာက လူတွေကို နည်းပညာလေးတစ်ခုလောက် လက်တို ့ပြီး ပြောပြရဦးမယ်.. လက်တို ့ပြီးတော့ ပြောတယ်ဆိုလို ့တော့ သိပ်စိတ်လှုပ်ရှားမသွားပါနဲ ့….။ နည်းပညာခေတ်ကြီးထဲမှာ နည်းပညာတိုင်း လျှို ့ဝှက်ချက်တွေ ရှိပါတယ်…။ ဒါပေမယ့် ကျနော်ပြောတဲ ့နည်းပညာက ကွန်ပြူတာတွေ ဆော့ဖ်ဝဲတွေ မလိုပါဘူး….. ဒါတွေ မပါလို ့အထင်တော့ မသေးလိုက်နဲ ့နော်…။ အိုင်တီခေတ်ကို ရောက်နေပြီ…ကမ္ဘာကြီးကို နည်းပညာတွေနဲ ့ဖန်ဆင်းပစ်လိုက်မယ်လို ့ ကြွေးကြော်နေတဲ ့နည်းပညာရှင်တွေအထဲက ဒီနည်းပညာအောက်မှာ ဘယ်နှစ်ကြိမ်ထိထားတယ်…တယ်ဆိုတာ သူတို ့ကိုယ်တိုင်တောင် သိလိုက်မှာ မဟုတ်ပါဘူး…. ကျနော်တွေ ့ဘူးတယ်…စကားဝိုင်းဖွဲ ့ပြီဆို နိုင်ငံတကာ နည်းပညာတွေကို ရွှန်းရွှန်းဝေအောင်ပြောပြီး၊ တတ်မြောက်ထားတဲ ့ပညာ အရှိန်နဲ ့စကားပြောနေချိန်မှာ မျက်နှာက ဂုဏ်ယူနေတဲ ့ မျက်နှာတွေနဲ ့….။ […]


ဆိုင်ရှင် သူ ့ကို အမေ…ဟုခေါ်ရမယ်လို ့ ပြောလာသည်..။ မထင်မှတ်ခဲ ့သောစကားကိုကြားရတော့ အရမ်းဝမ်းသာမိသည်….။ အားလုံးပြောဆိုပြီးမှ ခင်မက ပန်းချီဆုရမယ့်အကြောင်းပြောပြတော့ အမားကရယ်နေသည်…။ မသိမသာနဲ ့အမားကိုစိုက်ကြည့်မိတော့ အသက်၅ဝကျော်အရွယ်ဆိုပေမယ့် အပြုံးများနှင့် ကြည်လင် အေးမြလှသည်…။ နဖူးဆံစပနှင့် နားသယ်စဘေးဘက်တွေမှာဆံပင်ဖြူလေးများနှင့် ခန် ့သည်..။ နောက်တော့ အမား၏ သားသမီးတွေ ရောက်လာပြီး အမားက မိတ်ဆက်ပေးသည်…။ ကိုဘာဘူ၊ ကိုဝင်းနိုင်၊ မိုးမိုး(ရွယ်တူ) ၊နှင့်အငယ်မလေးတိုးတိုး အားလုံးက မောင်နှမ အရင်းလို ဆက်ဆံကြပါတယ်…. ကိုဝင်းနိုင်ဆို တခါထဲ အိမ်ပြန်သွားပြီး သူ ့အဝတ်အစားတွေ ယူလာပြီး ရေချိုးပြီး ဒါတွေ လဲဝတ် ရော့ယူထားတဲ ့..။ ဂျင်း အကောင်းစားတွေ။ ခင်မကလည်း ပျော်နေသည် ။ နောက် ပြန်မယ် […]


  တောရိပ်တောင်ရိပ်တို ့၏ စိမ့်စိမ့်နွေးနွေး ရစ်သိုင်းလွှမ်းခြုံမှုကို ခံစားရင်းလျှောက်လာခဲ ့တာ ဘယ်လောက်ဝေးဝေးရောက်ခဲ ့ပြီ ဆိုတာ အတိအကျမသိပေမယ့် တော်တော်ဝေးဝေး ရောက်လာတာတော့ ပင်ပန်းလာမှုကြောင့်သိသည်….။ နေရောင်က တဖြည်းဖြည်း မြင့်တက်လာသလို ပူလောင်မှုကို လူကသိပ်မခံနိုင်။ တခါမှလဲ ဒီလောက်လမ်းမလျှောက်ဘူး၊ နားလိုက်သွားလိုက် ၊စားလိုက်ရေသောက်လိုက်နှင့် လွပ်လပ်မှုကိုလဲ ခံစားရသည်…။ အခုမှ ကိုယ့်ကိုကိုယ် ဆရာမင်းလူရဲ ့ ဌက်ကလေး လိုစိတ်ထဲထင်လာသည်…။နောက် ကချင်အဖွဲ ့တွေနဲ ့တွေ ့မလားတွေးမိသေး၊ တွေ ့လဲ ကိစ္စမရှိ လိုက်သွားမှာ…တစ်ကောင်ထဲဘဲ..၊။ ဆရာမင်းသိင်္ခရဲ ့ဖြစ်ချင်တာဖြစ်  မောင်ဘချစ် တို ့သခင်သန်းထွန်းပ+ဒု စာအုပ်ကိုဖတ်ထားတာဆိုတော့လဲ ဘာမှကို မကြောက်ချင်တော့။ တစ်ကယ်တန်းတော့ မတွေ ့ခဲ ့ပါ………။ နောက်တော်တော်ဝေးဝေးမှ ကားသံကြားရပြီး ဘယ်လိုကားလဲဆိုတာ လမ်းလျှောက်ရင်းစောင့်ကြည့်နေလိုက်သည်။ […]


တစ်ခါက စားပွဲထိုးလေး…ခေါင်     တခါတလေမှ မဟုတ်ပါဘူး…… လဘက်ရည်၊ ကော်ဖီ သောက်တိုင်း နင့်ကို လွမ်းတာ…။ ငါက ကော်ဖီကြိုက်တယ်…နေ ့တိုင်းသောက်တယ်၊ ငါ ့ဘဝထဲကနေ ကော်ဖီ ဆိုတာ ပျောက်နိုင်မှာ မဟုတ်သလို ဖြူစင်မှုတွေနဲ ့ ခင်မင် ခဲ ့ရတဲ ့ နင့်ကို ဘယ်တော့မှ မမေ့ပါဘူး…..။ တခါတခါ တွေးမိတယ်…. ငါ ဘယ်ရောက်နေတာ နင် မသိနိုင်သလို …. နင် ဘယ်ရောက်နေလဲ ဆိုတာ….ငါမသိပါဘူး…..၊ တွေ ့ချင်သေးတယ်ဟာ…. ငါ …နင့်ကို ကျေးဇူးဆပ်ချင်တယ်…။ စန္ဒယားသံလေးတွေ ကြားရင်ပိုလွမ်းတယ်… လွမ်းတယ်……ခင်မ ရေ၊၊ ……………………………………………………………………. ခြုံပင် သစ်ပင်တွေ ၊အမှောင်ရိပ်တွေ ကြားမှ ရထားကိုသာ ရင်ခုန်စွာ […]


ဆောင်းခိုးမှုန်တွေက ရပ်ရှစ်မျက်နှာ လွှမ်းထားသည်မှာ အရာရာ မှိုင်းမှုန်မှုန်နဲ ့လွမ်းစရာ။ ဘယ်ဆီလွမ်းရမှန်း သေချာမသိ။ သိုပေမယ့် ရင်ထဲမှာ တော့ လွမ်းရိပ်ရိပ်ပင် ။ ပွဲဈေးတန်းတစ်လျှောက်လဲ မှိန်ပျပျ..အလင်းပွင့်လေးတွေနဲ ့အသက်ဝင်နေသည်။ ပွဲဈေးလာသူ ပွဲကြည့်ချင်သူ ဈေးရောင်းသူ…အရွယ်စုံ သွားလာနေကြသည်မှာ ဘယ်နိုင်ငံနဲ ့မှ မတူသော မြန်မာဓလေ့ မြင်ကွင်းလေးပင်။ ပွဲလာသူတွေကလည်းပုံစံ အမျိုးမျိုး။ ဆောင်းပွဲခင်းမို ့ အနွေးထည်ရောင်စုံလေးတွေနဲ ့..ဆောင်းအလှကို အားဖြည့်ထားသည်။ တချို ့ကလည်း အသက်ကြီးကြီးမို ့ဆေးလိပ်ဆေးတံခဲထားရင်း ခြုံစောင်ကြီးတွေ လွှမ်းခြုံထားရင်း အာပေါင် အာရင်းသန်သန် ပြောကြ …အော်ကြ..နုတ်ဆက်ကြနဲ ့။ တခါတခါ ဆောင်းရာသီနဲ ့ဘယ်လိုမှ ရစ်သမ်မကိုက်သော မြင်ကွင်းလည်းတွေ ့ရသည်…။ အင်မတန်ချမ်းနေသော အချိန်မှာတောင် ဖာလူဒါ အအေးသောက်နေသော မိသားစုများ..လူငယ်ကောင်လေး ကောင်မလေးများကိုတွေ […]