လူ ့ ဂွစာ
ရခိုင်အကြောင်သတင်းတွေဖတ်ရင်း ပါတ်သက်ရာ ပါတ်သက်ကြောင်းလေးတွေကို သတိရသွားလို ့ ရေးဖြစ်သွားတာ..။ ကျနော့် အကြောင်းလဲ ပါတာပေါ့…။
ကျနော် ပြောခဲ ့ပါတယ် …မထင်မှတ်ဘဲ အချိန် ကျလာတော့ ဝိဉာဉ်လောက ၊နာမ်လောက မှာ ဝင်ပါတ်သက်ခဲ ့ရတယ်လို ့..။
မြန်မာနိုင်ငံမှာ မိရိုးဖလာ ယုံကြည်မှုတွေကတော့ နယ်တော်ရှင် ရွာတော်ရှင် နဲ ့သိုက်တွေပါဘဲ…။
ကျနော်လဲ ဘယ်ပါရမီပါလာလို ့လဲဆိုတာ စဉ်းစားရင် ခေါင်းတောင်လည်တယ်..။ အခုတော့ ဒီအလုပ်တွေ မလုပ်တော့ပါဘူး…
အမျိုးသမီးရဲ ့ရွာလေးမှာနေခဲ ့တုန်းကပါ…။
ဌက်ဖျားဖြတ်ချင်လဲ…ကျနော့်ဆီ.. အရိုးကျိုးရင်…ရွာသူကိုင်ထားရင်၊ သရဲ သဘက်ပူးရင်၊ နတ်ပူး သိုက်ပူး…ဘုရားထီးတော်တင် အနှောက်အယှက်..စုံနေတာဘဲ..။
ဇာတ်နားလို ့အိမ်ပြန်ရောက်လဲ အေးဆေး မနေရ။ ဇာတ်ခေါင်းပြုတ်ချိန်လဲ အေးဆေး မနေရ…။ လက်ခံထားတဲ ့ပုံတွေလဲ ဖြောင့်ဖြောင့်မဆွဲရ..။ နောက်ဆုံး ကလေး မျက်နှာမမြင်နိုင်တာက အဆုံး လာကြတာဘဲ..။ ကိုယ်က ဆရာနာမည်လဲ မခံချင်ဘူး…
ငွေကြေးလဲ မယူဘူး…အိပ်စိုက်။ အိပ်စိုက်နဲ ့ကူညီရတာ စိတ်ထဲမှာ ဘာမှ မဖြစ်ဘူး…။
အဓိက..အချက်က ကျနော့်အတွက် အချိန်…နားချိန်..။ မရှိသလောက်..။ အားကိုးတစ်ကြီးလာတော့လဲ အားနာတာရယ် သနားတာရယ်..။
ရွာလေးရောက်ကာစက ကျနော် ဘယ်လောက်များဝေးလဲဆို… အိမ်ဘေးကနေ ကောက်စိုက်ဆင်းကြတာ လူတွေအများကြီးဘဲ…ကျနော်က ရောက်စလဲဖြစ်..အံ့ဩတာပေါ့…သူတို ့ကောက်စိုက်သူတွေမှာ လူတိုင်း တစ်ယောက်တစ်ခုစီ ကိုင်သွားကြတာ..။
ဒီတော့ မိန်းမကို ပြောတာပေါ့….
“ မင်းတို ့မွန်ပြည်နယ်ကလူတွေ လယ်ထဲဆင်းတာ ဦးရှင်ကြီးနတ် တင်ရလား…လူတိုင်း ကျောင်းဆောင်လေးတွေ ကိုင်ပြီး လယ်ထဲဆင်းကြတယ်” ဆိုတော့ မဒမ်က ထိတ်လန် ့တကြီးနဲ ့….
“ ကို…စကားကို အရမ်းမပြောနဲ ့…အဲဒါ ကျောင်းဆောင်တွေမဟုတ်ဘူး….မျိုးဆောင့်ခုံ( စပါးပျိုးပင်လေးတွေ စုစည်းပြီးညီသွားအောင် ဒီခုံလေးပေါ် ဆောင့်ကြတာ) ” တဲ ့…
ကျနော်ကလွဲပြီဆို အဲဒီလို..။ တော်တော်တူတာကိုး..။ ထားပါတော့ ဒါက..။
ပြောချင်တာက ကျနော်နဲနဲ ကျပ်လိုက်တဲ ့ကိစ္စ……။
အိမ်မှာ တခါတလေ( ခဏခဏပါ) အိပ်ယာကတောင် မထရသေးဘူး…အိမ်ရှေ ့ခန်းမှာ ရောက်နေပါပြီ…တုန်နေပါပြီ… သိုက်ကတဲ ့..။
သိုက်ဘဲ သိုက်နိုင်လွန်းတယ်ဗျာ…။ သူတို ့ရွာမှာ သိုက်ဆိုတာ ခရေဇီ ဘဲ.. ။ ဒီကောင်မလေးက သိုက်ထဲကလာတာတဲ ့ဆို…
ရွာမှာ ဇကာတင်စာရင်းပေါက်ပြီး ပေါ်ပြူလာဖြစ်ပြီ..။
တခါက ၁ဝ ယောက်ကျော်တယ်…ပျိုပျိုအိုအို အကုန်လုံး တစ်ညီတည်း..လာပူးနေတာ..။
သိုက်ဆိုတာ စည်းကမ်းရှိပါတယ်…ဝင်ချင်တိုင်းဝင် ထွက်ချင်တိုင်းထွက်လို ့ရတာမှ မဟုတ်တာဘဲ…။ မိဘတွေအသိုင်းအဝိုင်းတွေပါ အတူပါလာကြတာ…ဂုဏ်ယူသော မျက်နှာတွေနဲ ့ပေါ့…။
ကျနော်က နာမ်လောက မရှိဘူးလို ့မပြောပါဘူး…ဒါပေမယ့် စုံမှိတ်ယုံတာ…ကိုလက်မခံဘူး….သရဏဂုံ ပျက်မယ့် အပြုအမူ၊
အစွဲအလန်းတွေကို ပြုပြင်ချင်တာ…လမ်းတည့်ပေးချင်တာ..။
ဒီတော့ မေးတာပေါ့…“ ဘယ်သိုက်ကများ…လာခဲ ့ကြလဲ” ဆိုတော့…
မြန်မာပြည်အနှံ ့ဘဲ..ပြောကြတာ…။
အတိုင်းထက်အလွန် သိုက်ပြီးရင်းသိုက်နေတာ့ ကျနော်က ကျပ်ပြီ…။
“ အင်း…သိုက်ဆက်တွေ ဆိုတာ..နောက်ပွင့်မယ့် ဘုရားရှင်အတွက် ရည်မှန်းပြီး လှုဒါန်းကြဘို ့ရတနာပစ္စည်းကို စောင့်ရှောက်နေကြတယ်ဆိုတာတော့ ကောင်းပါတယ်…တစ်ကယ်တန်းဆိုတော့လဲ သိုက် ဆိုတာ ဘုတ် ပြိတ္တာ အနွယ်တွေ…စဉ်းစားကြ..
ကိုယ်က လူကြားမှာ ကျမက သိုက်ဆက်လေ…သိုက်ကလာတာ…သိုက်အနွယ်ဝင်လို ့ပြောတိုင်း…အနက်ကိုယူရင်တော့…
ကျမက ပြိတ္တာမကြီးပါ…ဘုတ်မကြီးပါ.တံထွေးနှပ်တို ့ကို မဝရေစာ ပင်ပန်းစွာ စားနေရတဲ ့ ပြိတ္တာ အဆက် ပြိတ္တာ အနွယ်ပါလို ့ကိုယ့်ကိုကိုယ်ဖော်ပြနေတာ…ဟုတ်ရဲ ့လားပြိတ္တာအပေါင်း ၊ဘုတ်မ အပေါင်းတို ့…”
စကားဆုံးတာနဲ ့တုန်တာတွေ ရပ်ပြီး.အိမ်ကနေ သုတ်သုတ် သုတ်သုတ်နဲ ့ဆင်းသွားလိုက်ကြတာ… နောက် သိုက်တွေ သိပ်မလာရဲတော့ဘူး…။
နောက် တစ်ခုက တောင်ပိုင်အဘိုး…တဲ ့ ရွာ အပေါ်ဘက်က တောင်ကုန်းမြင့်လေးပေါ်က ဘုရားလေးမှာ ခဏခဏ လုပြီးကို ပူးကြ ဝင်ကြွကြတာ…အပြိုင်အဆိုင်ဘဲ…။
သူ ့မှာ ဝင်ကြွနေတာ…တောင်ပိုင်တဲ ့… အို…ငါ့မှာ ကြွတာက တောင်ပိုင်အစစ်….။ အဲဒီတောင်ပိုင်က ကျနော့်ဘက်လှည့်လာတာ…။
ဝန်ကြီး တဦးရဲ ့အမက တောင်ပိုင်အဘိုးနန်းနဲ ့ရုပ်ထုလှုမယ်…အဘိုးရုပ်ထုကိုတော့ ကျနော်ထုလုပ်ပေးပါ..တဲ့။ ကျနော်လဲ ငြင်းလို ့မရပါဘူး…သားအမိလို ဖြစ်နေတော့ အလကားပဲတင်း ပညာဒါနပြုပါတယ်…
မဒမ်တို ့ရွာကိုး…။
ရုပ်ထုတောင်မပြီးသေးဘူး…ကြွချင် ဝင်ချင်လွန်းလို ့လယ်ထဲကွင်းထဲကတောင် လာချောင်းပြီး နံပါတ်စဉ် ဘွတ်ကင်ချိတ်ကြတာ…။
ကျနော်ရုပ်ထုထုရင်း ရုပ်ထုအတွင်းရင်ဘတ်နေရာ အတွင်းထဲမှာ (သစ်ရွက်တစ်ရွက်)ခူးပြီး ထည့်မြှုပ်ထားခဲ့တာ…။
ရုပ်ထုပြီးလို ့ တောင်ပေါ်မှာ အလှုရှင်ရော၊ တောင်ပိုင် အဘိုး ပင့်မယ့်သူတွေရော အများကြီးဘဲ၊ စည်နေတာ ရွာသားတွေလဲ အများကြီး…။ ပထမ အလှုရှင် ထပြီး လှုဒါန်းတဲ ့အကြောင်းပြောတာပေါ့..။ နောက် ကျနော်ပြောရမယ့် အလှည့်….။
အဟမ်း…..
“ ကျနော်က ဒီရွာ ဇာတိမဟုတ်ပေမယ့်၊ ဒီရွာလေးကို ချစ်ပါတယ်..ဒီရွာကိုချစ်မှတော့ ဒီတောင်ပိုင်အဘိုးကိုလည်း ချစ်ပါတယ်…
ဒါကြောင့် ဒီအဘိုး ရုပ်ထုအတွက် ငွေကြေး တစ်ပြားမှ မယူဘဲ ပညာဒါနပြုတာပါ…
ဒါပေမယ့် ကျနော်တို ့တောင်ပိုင်ကို သူများရွာကတောင်ပိုင်တွေနဲ ့မတူအောင် အဘို းကိုယ်ထဲမှာ
သစ်ရွက်တစ်ရွက်ထည့်ထားပါတယ်…တစ်ကယ်လို ့ အဘိုးဝင်ကြွလာရင် ကျနော်က အဘိုးကိုမေးမယ်…အဘိုးကိုယ်ထဲမှာကျနော်ထည့်တာ ဘာအရွက်လဲ….လို ့၊ အဘိုးတောင်ပိုင်က နတ်ဆိုတော့ သိကိုသိမှာပါ..ကျနော်ထည့်တာ အမှန်အတိုင်းပြောနိုင်ရင် အဘိုးအစစ်ဘဲ၊ ဒါသေချာရင် အဘိုး ဘာခိုင်းခိုင်း ကျနော် ပညာဒါန ထပ်ပြုပါဦးမယ်…”
အကုန်လုံး တိတ်သွားတာဘဲ…။
ပွဲတာပြီးသွားတယ်..တောင်ပိုင်အဘိုး တစ်ယောက်မှ မကြွလာဘူး….။ နောက်လည်း တောင်ပိုင်းအဘိုးက အနေအထိုင်ဆင်ခြင်သွားတယ်… ဘုရားတောင်နဲ ့ကျနော့်အိမ်နဲ ့နီးတော့ အဘိုးတစ်ခါမှ ကို မကြွလာဘူး…။
ကျနော် ခရီးထွက်လို ့အိမ်မှာ မရှိမှ တောင်ပိုင်ကြွရဲတာ…။
အဲဒါက အသိအမြင်တွေ ကျယ်စေချင်လို ့ကျနော်ကျပ်ခဲ ့တဲ ့ကိစ္စ…။ ကျနော်က နဲနဲတော့ ရွတ်တယ်…။
အဲ…ကျနော့်ထက်ကိုရွတ်တာကို ရခိုင်မှာ တွေ ့ဘူး ကြားဘူးခဲ့တယ်…။
ရခိုင်ပြည်မှာတော့ ရွာတော်ရှင် အဘိုး ဆ ိုညောင်းထား…မလိုဘူး…လူရာမ ဝင်နတ်ရာမဝင်ဘူး….။
အင်္ဂလန် အဆက်တွေလားတော့မသိဘူး… သူတို ့ဆီမှာက ရွာရှင်မက စတားဘဲ…။
ဘာဘဲဖြစ်ဖြစ် ရွာအရှင်မ က၊ အခရာ…အဓိက.။ အားလုံးက ရွာရှင်မဆို အသေ ကြောက်တာ…။
လှေမှောက်လဲ ရွာရှင်မ၊ ရေနစ်လဲ ရွာရှင်မ၊ ငါးမရလဲ ရွာရှင်မ၊ ဓါးထိုးလဲ ရွာရှင်မ ၊ဇာတ်က မီးစက်ပျက်တာလဲ ရွာရှင်မ…။
မင်းသမီးလေးဗိုက်အောင့်တာလဲ ရွာရှင်မ …။
ရွာတစ်ရွာမှာ ရွာရှင်မ တစ်ပါးရှိတယ်…ရွာအဝင်တိုင်းမှာ ရွာရှင်မ သစ်ပင်နဲ ့ရွာရှင်မနန်းရှိတယ်…။
ရွာတစ်ရွာရဲ ့ရပ်ရေးရွာရေးကို ဆုံးဖြတ်နိုင်တာက ရွာရှင်မဘဲ…ရွာလူကြီး..ကောင်စိလူကြီး.လား…သွား မြောင်းထဲကို။
အဲဒီလောက်ပွဲပြီးမီးသေတဲ ့ရွာရှင်မက တစ်နေ ့ကြွလာပြီး….အထူးအဆန်းပြောလာတယ်…။ ဒီတစ်ရွာလုံး ကပ်ဘေးမကြုံ အသေဆိုးနဲ ့မကြုံချင်ရင် ရွာတောင်ပိုင်းက လူကြီး( နာမည်မေ့) နဲ ့ရွာရှင်မ ပင်တိုင်ကြွသူနဲ ့လက်ထပ်မှ ရမယ်တဲ့..။
ရွာရှင်မ စကားအတိုင်း ရွာက လူကြီးသူမတွေ သွားပြောတာပေါ့….။
ဟိုက လက်မခံဘူး…အဓိပ္ပါယ် မရှိဘူး…ဘာညာပေါ့။ ဟိုလူကြိးက မုဆိုးဖို…ရွာစွန်မှာ ခြံစိုက်ပြီး အေးဆေးနေတာ။
၁ခေါက်မရ ၂ခေါက်မရ၊ ၃ခေါက်ညှိမရတော့ ရွာရှင်မက တစ်ရွာလုံးကို သတ်တော့မယ် ကြိမ်းဝါးရောဗျာ…။ တစ်ရွာလုံး ပြဿနာတက်ပြီ…
ရွာအရှင်မစကားနားမထောင်တဲ ့ ဟိုလူကြီးကို ရွာကမောင်းထုတ်မယ်လုပ်ရော….။
ဟိုကလဲ သူ ့ဘာသာ နေလာတာ အခြေကျနေမှ ဒီလိုပြောလာတော့ စိတ်တိုတာပေါ့။ လက်မခံနိုင်ဘူး ပြောတော့ တစ်ခါတည်း မောင်းထုတ်မယ်လုပ်တာ…သူလဲ ခဏစဉ်းစားပြီး မှ ရွာရှင်မကို လက်ထပ်ပါမယ် လို ့ကတိပေးတော့တာ…။
ရွာရှင်မ ဝင်တဲ ့သူရော ရွာသားတွေရော ပျော်လိုက်ကြတာပေါ့ဗျာ…။ သူတို ့အပျော် ၃ရက်တောင်မခံပါဘူး….။
၂ရက်မြောက်ပြီး မိုးလင်းတော့ ရွာထိပ်က ရွာရှင်မ ပိုင်တဲ ့သစ်ပင် အကြီးကြီး မရှိတော့ဘူး….ကိုင်းဖျားကိုင်းနားမပြောနဲ ့ အမြစ်တောင်မကျန်ဘူး….။ ဟိုလူကြီး ထင်းအဖြစ်ခုတ်ပြီး တပ်တောင်မြို ့က ထင်းဒိုင်မှာ သွားသွင်းလိုက်တာ..။
နောက်မှ ရွာသားတွေ စုံစမ်းတော့ အကြောင်းစုံသိပြီး ရွာလူကြီးနဲ ့ရွာသားတွေ ဓါးတွေ၊တုတ်တွေ လှံတွေနဲ ့ရွာရှင်မ ယောကျင်္ားဆီ သွားတာပေါ့..။
သတင်းအတိအကျရတဲ ့အတိုင်း ဘာလို ့လုပ်လဲ မေးတော့…နှီးဖြာ နေရာကနေ အေးဆေးဘဲ ပြန်မေးပါတယ်…
“ ငါနဲ ့ရွာရှင်မက ဘာတော်လဲ….”
“ ဦးလေးတို ့က လင်မယား….ဦးလေးက ရွာရှင်မလင်…”
“ အေး….ဒီအိမ်မှာ ငါ အိမ်ထောင်ဦးစီးဘဲ…ငါ့မိန်းမ ပိုင်တဲ ့အပင် ငါခုတ်တာ ဘာလုပ်ချင်လဲ..
ဘယ်ကောင်က မကျေနပ်လဲ ပြော…..ငါ့ မိန်းမနဲ ့တိုင်ပင်ပြီး ငါလုပ်တာ…
မယုံရင် ဒီမှာ ထိုင်နေတဲ ့ငါ့ မိန်းမကို ပင့်ခိုင်းပြီး ကြွလာရင် မေးကြည့်….
ကောင်မ ရီးတီးယားတား မလုပ်နဲ ့နော်… ဒီအိမ်မှာ ငါ အိမ်ထောင်ဦးစီး” တဲ ့..။
ရွာရှင်မ ခေါင်းစွဲမိန်းမလဲ မျက်လုံးလေးကလယ်ကလယ်နဲ ့။
ရွာသားတွေလဲ တစ်ခွန်းမှ မဟ ရဲတော့ဘူး… နို ့..ရွာရှင်မက တုတ်တုတ်မှ မလှုပ်တာ..။
ကဲ…..သူက ကျနော့်ထက်တောင် ရွတ်ပါတယ်ဆို…။
အဲဒီ အဘိုးကြီးနဲ ့ကျနော့်ကို တစ်ချို ့က ကွယ်ရာမှာခေါ်တာ…
“ လူ ့ဂွစာ ” တဲ့။
ထေရာဝါဒစစ်စစ် ဖြစ်စေချင်သော စေတနာနဲ ့…။
ခေါင်
( ဪ…မေ့လို ့…အရှင်မနေတာက ကျောက်ဖြူမြို ့နဲ ့တပ်တောင်မြို ့ကြားက ရွာ…။
ကျနော် တောင်ပိုင် ရင်ဘတ်ထဲမှာ ထည့်ထားခဲ့တာက သရက်ရွက်…။ )
14 comments
KZ
November 11, 2013 at 8:43 am
လူ ဂွစာ ဂျီးးးးးး
အနော်က လောက်လေးဂွ သိပ်လက်တည့် တာ။
ညင်းညင်းးညင်းးးးး
😀
TNA
November 11, 2013 at 10:07 am
အဟားမိုက်တယ်။ အဲလိုလူ့ဂွစာနဲ့တွေ့မှအေးရော။ အပေါ်ကတွေ့မရှောင်ကတော့ကြောက်ဖို့ကောင်း တယ်။ ဝေါင်ဝေါင်းရှေး သူကမထင်မထင်သလို ဂျိုင့်နဲ့ကောက်ပေါက်တာရယ်။ ငိငိငိငိ
KZ
November 11, 2013 at 11:13 am
ဟုတ်တယ်။
ပညာ မစမ်းကြနဲ့။
သူများက ၁၂ ကြိုးပဲ ကိုင်တာ။
သများက ၁၃ ကြိုးးးး
ရေငင်ဖို့ တစ်ကြိုး အပိုဆောင်ထားတာ။
ဟိ။
😀
နောက်တာပါ။ အမှန်တော့ သများက အိမ်ကျယ် အဲလေ အိန်ဂျယ် ပါ။
မူကြိုကျောင်းမှာ ကပွဲ တုန်းကပြောပါတယ်။
:hint:
sorrow weaver
November 11, 2013 at 10:31 am
အဟိဟိ ..သိုက်မျိုး သိုက်နွယ်တွေ အဟိဟိ ….ကိုမင်းသား သမချက်ကတော့ ..အဟိဟိ ..
TNA
November 11, 2013 at 10:38 am
ဆြာဆော ညီးလဲ ကချင်သိုက်ကဆို
sorrow weaver
November 11, 2013 at 10:50 am
ကျော်က ခွစ်ရှန်ပါဆို….ကချင်သိုက်ကလာတာ…ဟိုမြစ်ကြီးနားသူ လေယဉ်မယ်ကြီး….အဟီးဟီး..ကျော်မဟုတ်….
KZ
November 11, 2013 at 11:18 am
ဟိ၊
ပြုစားဦးမတဲ့။
ဆောရိုးဂျီး ဘာဂျီးခြုံလိုက်ရင် ဘာဂျီးဖြစ်သွားမုန်း မတိ!!!
😀
ဗုံဗုံ
November 11, 2013 at 11:14 am
ဘယ်ကလာ..တီသဲကလည်း ဆောရိုးက.. ဟိုသိုက်ကလာတာ…..
စာပေါင်းသိုက်…
sorrow weaver
November 11, 2013 at 11:16 am
ကိုယ်တွေလို…အရမ်းချောမောခန့်ညားတဲ့လူတွေများ..ဘယ်ပို့စ်သွားသွား လိုက်ရန်လုပ်ခံရနေတယ်..အဟိဟိ ..ကိုမင်းသား…ကျော်အကုန်လုံးပြုစားပလိုက်မယ်ဂျာ…ရှုပ်တယ်…အဟိဟိ
inz@ghi
November 11, 2013 at 12:15 pm
ရွာတော်ရှင်ဆိုလို့
ဒီရွာမှာ ရွာတော်ရှင်ရှိသဗျ.
ခုတော့ အိမ်ဦးနတ် ဖမ်းစားလို့ ဖျဉ်းစွဲစ ပြုတေပြီ ဆိုလားး ဗျာ.
ငိငိ
ဒက်ဂလောက် ဒက်ဂလောက်
kyeemite
November 11, 2013 at 3:07 pm
ဟုတ်ပ ..ဒီရွာကရွာတော်ရှင်လည်း အိမ်ဦးနတ်နားကပ်နေပြီး ရွာထဲတောင်မဝင်နိုင်ဖစ်နေပြီ..ခွိခွိ 😀
lele kyi
November 11, 2013 at 5:25 pm
ဦးလေး အငယ်ဆုံးလည်း တော်တော်ရွတ် တာ။ အမေဂျမ်း ဝင်နေတဲ့ အဒေါ်ကြီးကို အမြင်ကပ်လို့ သားတော်လည်း အမေ့ကိုချစ်တာပဲဆိုပြီးအတင်းဝင်ဖတ်ပြီး ဖတ်နမ်းတာ အမေဂျမ်းလည်း ထွက်ပြေးရောတဲ့။ ပြီးတော့ ဒုတိယ ဦးလေးက ဂိုဏ်းဝင် ရွှေရင်ကျော်ဂိုဏ်းဆိုလား။ ဟီးး ဒီတစ်ခါတွေ့ရင် အင်တာဗျူးထားမယ် ပို့်စ်တစ်ပုဒ်ရအောင်။
alinsett
November 11, 2013 at 6:49 pm
လူ ့ဂွဇာ ဂ
လက်တွေ ့ကျကျ ရှင်းထည့်လိုက်တော့
အေးရော
🙂
padonmar
November 12, 2013 at 12:32 am
အော် ရွာတော်ရှင်မက အဲဒီ လူ့ဂွစာကြီးကို ကြိတ်ချစ်နေတာလားမှမသိ။
အသွေးယူယူ အသားယူယူ သစ်ပင်ယူယူပေါ့။