ပေါင်ချိန်ခေါင်နှင့် မမေ့တတ်သူကြီး
မဒမ်တို ့ရွာလေးကတော့ ကျနော့်အတွက်ကြုံသမျှ ချစ်စရာလေးတွေက များတယ်…။
မဒမ့်ကိုချစ်ရသလို ဒီရွာလေးကိုလဲ ချစ်တာဘဲ…။
ဒီရွာလေးကလဲ ချစ်တယ်…သူတို ့ချစ်တာ လမ်းသလားပြီး ရွာရိုးကိုးပေါက် လျှောက်သွားနေလို ့မဟုတ်ပါဘူး….။ ပေါင်ချိန်ခေါင်က အရှေ ့ခုနှစ်အိမ် အနောက်ခုနှစ်အိမ်တောင်သိတာမဟုတ်ဘူး…။
ကိုယ့်အိမ်မှာ ကိုယ်နေတာ…မိုးလင်းတာနဲ ့ရောက်လာကြတာဘဲ….။
မနက်နေ ့လည်၊ ညနေ၊ ည လူမပြတ်ပါဘူး….။ ပေါင်ချိန်ခေါင်က လိုင်းစုံတယ်..ကိုယ့်တာဝန်ကျလာတယ်လို ့ယူဆပြီး ကိုယ်ကူညီနိုင်မယ်ထင်လို ့ကတော့ ဘွာမခတ်တမ်းဘဲ…။
ဆိုတော့ကာ…ကိုယ့်ဘာသာကိုယ်နေပေမယ့် ကင်းလို ့မရတာက..ဝိဉာဉ် လောက နာမ်လောကကိုပြောတာ…။
ကိုယ်ကတော့ စိတ်ထားဖြူအောင်နေရတာပေါ့…။
ကိုယ်က ကူညီဘို ့အချိန်ကျလာပြီဆိုမှဖြင့် ရှောင်လို ့တောင်မရ…။
လူစုံ..ပြသနာအစုံကြုံရတဲ့အထဲမှာ တစ်ရက်တော့ ပုံတူထိုင်ဆွဲနေတုန်း ဆူညံဆူညံနဲ ့အိမ်ရှေ ့မှာ ဆိုက္ကားနဲ ့လူတစ်အုပ်၊ ငိုဟယ်ရီဟယ် ရောက်လာတာ…။ လာပြီ…သွားပြီ…ရပ်ပေတော့ ပုံတူ..။
ဘာဖြစ်တာလဲ မေးပါဦးလို ့မဒမ်ကို ပြောတော့ အိမ်ရှေ ့ကိုထွက်ပြီး မေးတာပေါ့…။
ပြီးတော့ မဒမ်က အေးဆေးဘဲ…
“ ေဆးရုံက လက်မခံတော့လို ့ဒီကို ခေါ်လာတာ” တဲ့..။ ဟမ်မလေးဗျာ…ကျနော့်ကို အထူးကုထင်နေလားမသိပါဘူး…။
“ ဟ…ကိုယ်က ဆရာဝန်မှ မဟုတ်တာ…”
“ ဪ..ကိုယ်ရယ် ကုသိုလ်ရပါတယ်…ဆရာဝန်တွေဘဲ လွှတ်ပေးတာလို ့ပြောနေတယ်”
ကြည့်လိုက်တော့ ဆိုက္ကားပေါ်မှာ အဒေါ်ကြီးတစ်ယောက်စန် ့စန် ့ကြီး…ပါးစပ်ကလည်း အမြှုပ်တွေ ထွက်လို ့..။
ကိုယ့်မှာလည်း…ဘုရားစင်ဘေးနားက ကိုယ့် ကျေးဇူးရှင် အဘတို ့ကို ကြည့်ပြီး ငြင်းလဲ မငြင်းရဲ။ ကိုယ်ကလဲ အစကတည်းက ငွေကြေးအသပြာမယူ၊ လာသမျှဝေဒနာရှင်မှန်သမျှ လက်ခံပါ့မယ် ကတိပေးထားတော့…ခေါင်းသာ ကုတ်နေမိတာ..။
တော်ရုံက ကိစ္စမရှိပေမယ့် ဆေးရုံက လက်မခံတာမျိုးကျ စိတ်က လန် ့တယ်…။
ဒါပေမယ့် အခြေအနေကြည့်လိုက်တော့ ၊ ဟုတ်တယ် သိပ္ပံ ဆေးနဲ ့ကုလို ့မရတဲ ့ပုံ။
ကိုယ်ကလဲ “ဒါဆို အပေါ်သာ တင်ခဲ ့တော့” လို ့ပြောရတာပေါ့…။
သူ ့(လူနာ) ယောကျာင်္းနဲ ့သားသမီးတွေပါပါတာ..။
ဘုရားစင်မှာ သစ္စာဆိုပြီး…ခေါ်ယူလိုက်တာနဲ ့ပညာရှင်က ကြမ်းကြမ်းတမ်းတမ်းကို လာတာပါဘဲဗျာ…။
“ ဘာဖြစ်လို ့ သူများကို ဒုက္ခပေးတာလဲ…ဘယ်ကလဲ”
“ ကတိမတည်လို ့ မကျေနပ်လို ့လုပ်တာ ၊ ရွာတောင်ပိုင်းက…သူတို ့အိမ်နားကဘဲ..သူတိုု ့သိတယ်..”
“ ဘာကိုမကျေနပ်တာလဲ…ပြော”
“ ပိုက်ဆံ ၅၀၀ဝ ချေးယူထားပြီး သူတို ့ပြန်မဆပ်လို ့”
“ အော်…ပိုက်ဆံ ချေးယူတာတွေ ရွာက ရဝက ရုံးမှာ သွားရှင်းကြလေ…ကျနော်နဲ ့ဘာဆိုင်လို ့တုန်း”
“ ဥက္ကဌကို သူတို ့မကြောက်ကြဘူး….”
“ ဒီတော့ ကျနော်က ဘာလုပ်ပေးရမှာလဲ..”
“ ဆရာ့ ဆီမှာသစ္စာရေ သောက်ခိုင်းချင်လို ့ ရအောင်လုပ်ပြီး ခေါ်လာတာ…”
ဖြစ်မှ ဖြစ်ရပလေဗျာ…။
“ နေဦး…ကျနော် မေးကြည့်မယ်…ခဏနေဦး…ဟတ်လား”
“ မေးပါဆရာ…”
“ကဲ..ဦးတို ့သူပြောတယ်…သူ ့ဆီက ပိုက်ဆံ ၅၀၀ဝ ချေးထားတယ်..ဆို”
“ဟုတ်တယ်…ဆရာ ချေးထားတာမှန်ပါတယ်…အဆင်မပြေသေးလို ့ပါ”
“ ဘာ…….ဘာအဆင်မပြေတာလဲ၊ နင်တို ့ရွှေ ဝယ်ထားတာငါသိတယ်ဟဲ့”
“ အော်….နေပါဦး…ကျနော်မေးနေတယ်…ဟုတ်လားဦး”
“ ဒီလိုပါဆရာ ..မျိုးစပါးတွေလဲ ဝယ်ရလို ့ပါ…ရွှေကြိူုး ဝယ်တာကလဲ..သမီးငယ် စာမေးပွဲအောင်လို ့ဝယ်ပေးမယ်ဆိုပြီး ကတိပေးထားလို ့ပါ”
“ အမ်း….ဒါဆို ညှိပေးမယ်….သူတို ့ပြောတာကြားတယ်ဟုတ်”
“ ကြားပါတယ်…ကျမမှာလဲ အခက်အခဲရှိတယ်…လင်ကလဲ မရှိ ကလေး၃ယောက်နဲ ့…သူတို ့လိုတယ်ဆိုလို ့ကူညီခဲ့တာ”
ဒါလဲဟုတ်တာဘဲ..၊ သူ ့ဘာသာ ပညာသည်က တစ်ကဏ္ဏ..။ မုဆိုးမတစ်ယောက်ရဲ ့ အခက်အခဲကိုလဲ ကြည့်ရမှာပေါ့..။
“ ဒါဆိုဒီလိုလုပ်…သူတို ့ကလဲ မျိုးစပါးဝယ်ရတာဆိုတော့ ၁လ စောင့်မလား”
“ ၁ လတော့ မလုပ်နဲ ့ဆရာ ၅လ ကျော်နေပြီ…၁၅ ရက်လုပ်ပါ…ကျမ အခက်အခဲ ရှိလို ့ပါ…ကလေးတွေလဲ ကျောင်းအပ်ရတော့မှာ”
“ ကဲ…ဦးတို ့လဲကြားတယ်နော်…ကိုယ် လိုအပ်လို ့ယူခဲ ့သလို သူ ့အခက်အခဲကိုလဲ ကိုယ်ချင်းစာပေးရမယ်…ဘယ်လိုနည်းနဲ ့ဖြစ်ဖြစ် ၁၅ ရက်အတွင်းမှာ ပြန်ဆပ်ပေးပါ…ကျနော်ပြောတာ လက်ခံလား”
အဲဒီကျမှ လူနာရှင်သား အကြီးက ဝင်ပြောလာတာ…။
“ ကျနော် ကတိပေးပါတယ် ဆရာ ..ပြန်ဆပ်ပါ့မယ်…ကျနော့်အမေကိုတော့ ဒီလိုမျိုးကြီး လုပ်မထားပါနဲ ့…ဆရာပြောပေးပါ”
“ ငါက လုပ်ချင်လို ့လုပ်တာ မဟုတ်ဘူး…ဆရာ့ဆီရောက်အောင် လုပ်တာ…သစ္စာရေ သောက်ပြီးရင် ငါကျေနပ်တယ်”
“ ကဲ…ညိလေး ရောဂါကို ဘာမှ မပူနဲ ့ကိုယ်ရှင်းပေးမယ်…သူက သစ္စာရေဘဲ သောက်စေချင်တာ…ကတိလိုချင်တာ…
ကိုယ်တိုက်တဲ ့သစ္စာရေ မိသားစုအကုန်သောက်ရမှာ နော်…သောက်ပြီးလို ့ကတိမတည်ရင်…ကိုယ်တာဝန်မယူဘူး…ကိုယ်ဖြစ်ကိုယ်ခံ၊
နောက်ပြီး အဒေါ် ့ကိုလဲ ပြောချင်တယ်…ဒီပညာတွေက လူတွေကို ထိခိုက်စေတယ်၊ မကောင်းဘူး…လူဆိုတာ ဒေါသမကင်းဘူး၊ ဒေါသစိတ်ဖြစ်လာတာနဲ ့ပညာ အားကိုးနဲ ့တစ်ပါးသူကို လုပ်မိရော…ကြမ်းတမ်းတဲ ့ဆရာနဲ ့တွေ ့ရင် အရိုက်ကလဲ ခံရဦးမယ်…၊
နောက် သေလွန်ပြီးရင်တောင် ကိုယ်သွားရမယ့်ဘုံက ကောင်းသောဘုံဘဝ မဟုတ်ဘူး…စဉ်းစားပါ..ဒီပညာကို လှုလိုက်ပါ”
“ ကျမသိပါတယ်…ဒါပေမယ့် ပိုက်ဆံ ပြန်ရပြီးမှ ဆရာ့ဆီကိုဘဲ လာလှုပါမယ်…”
“ ကဲ….အားလုံး ကတိတည်ပစေ…ကျနော်ကအစ သစ္စာရေ သောက်မယ်…ဘုရားကို အာရုံပြု”
ကျနော်က ဘာအားကိုးနဲ ့၊ ဘယ်ဂိုဏ်းတွေမှ မဟုတ်ဘူး…ဘုရားရှင်ထံမှာဘဲ သစ္စာ အားကိုးနဲ ့ဒါတွေ လုပ်နေတာပါ…။
သူတို ့ရှေ ့မှာဘဲ သစ္စာဆိုပြီး အားလုံးကို တိုက်တာပါ…အဓိက စကားကတော့ ၁၅ ရက်အတွင်း ပိုက်ဆံ ၅၀၀ဝ ကို ပြန်ပေးဘို ့ပါ…။
သစ္စာရေ တိုက်ပြီးတာနဲ ့ တုန်တုန်ရင်ရင်နဲ ့ပညာရှင်လဲ ထွက်သွားတာပါဘဲ…။
ကိုယ်လဲ အဲဒီကျမ သက်ပြင်း ချရင်း စိတ်ကို လျှော့လိုက်ရတာ..။
ဝေဒနာရှင် အဒေါ်ကြီးကလဲ အခုမှ ပြန်သတိဝင်လာပြီ…
“ ဟယ်…ငါဘာဖြစ်တာလဲ..ဘယ်ရောက်နေတာလဲ နဲ ့သတိပြန်ရတာ…။သူ ့မိသားစုတွေလဲ ဝမ်းသာတာပေါ့ဗျာ…။
ခြံထဲမှာလဲ လူတွေ တစ်ရုန်းရုန်းပေါ့…။
အားလုံး ပုံမှန်ဖြစ်နေကာမှ အဒေါ်ကြီးက တစ်ခါပြန်ပြီး တစ်ဒိုင်းဒိုင်း ပူးတုန်လာတော့…ကိုယ်လဲ အံ့ဩပြီး မေးရတာပေါ့…
“ ဘာဖြစ်ပြန်ပြီတုန်း…ဘယ်သူတုန်း…”
“ ကျမ နောက်တစ်ခေါက်ပြန်လာတာ…အရေးတကြီး ပြောစရာလေး မေ ့ကျန်နေလို ့”
လူတွေကလဲ နောက်တစ်ကြိမ်ပြန်လာတာဆိုတော့ ထူးထူးဆန်းဆန်း အာရုံစိုက်နေတာပေါ့…။
အင်း….ဒီပညာသည်နောက်ဆုံးပြောတဲ့စကားကြားမှဘဲ အိမ်ဦိးခန်းမှာ ခန် ့ခန် ့ကြီး ထိုင်နေတဲ ့ဆရာခေါင် တစ်ယောက်….
ခွီး…ကနဲ ရီမိတယ်…
“ ဆရာ…အတိုးက ၁ဝ တိုးနော်…မမေ့နဲ ့” တဲ့..။
ကြံကြံဖန်ဖန် တော်တော် သတိကောင်းတာဘဲ…သူပြောချင်တာပြောပြီးတာနဲ ့တစ်ဒိုင်းဒိုင်းတုန်ပြီး ထွက်သွားတာ..။
ပြီးတာနဲ ့လူနာလဲ အကောင်းဘဲပြန်ဖြစ်သွားရော…။
လာကြည့်သူတွေက ရီချင်ပေမယ့် မရီရဲဘူး…..နော်တစ်ခေါက်ပြန်လာမှာလဲ…ကြောက်နေလို ့..။
ဘယ်လိုသတင်းရသွားလဲ မသိပါဘူး…ဒီအကြောင်း ဥက္ကဌ ကြားတော့ ပြောသေးတယ်…
“ အေး…သူရှိတာ ဟန်ကျတယ်ကွ…ငါလဲ စုန်းမဆို ကြောက်တယ်တဲ့..။
………
၁၅ ရက်ပြည် ့တဲ ့ညဘက်မှာ လူနာရှင်ရဲ ့သားအကြီး လာတယ်…ပိုက်ဆံပြန်ဆပ်လိုက်တဲ ့အကြောင်း အတိုးလဲ ပေးလိုက်တဲ ့အကြောင်းပေါ့….ကျနော့်အတွက်တော့ လန်ဒန် တစ်ဗူး ကန်တော့ပါတယ်..။
နောက် ၄…၅ရက်ကြာမှ ကလေး ငယ်တစ်ယောက် လ္ဘက်ရည် ပါဆယ် တစ်ထုပ်နဲ ့ကွမ်းယာ၃ယာနဲ ့ရောက်လာတယ်…
ကျနော်က ဘယ်က ကလေးမှန်းမသိတော့ မေးတာပေါ့
“ ကလေးသားလေး…မင်းကို ဘယ်သူပို ့ခိုင်းလဲ”
“ ကျနော်တို ့အမေ ပို ့ခိုင်းတာ…ပိုက်ဆံ တွေ ပြန်ရပြီတဲ ့…ဒီကွမ်းယာနဲ ့အတူ အမေ့ ပညာတွေပါ လှုလိုက်တယ်တဲ့…အမေကရှက်လို ့မလာရဲဘူးတဲ့“
“ အေး..အေး…ပေးပေး…ဦးယူထားလိုက်တယ်လို ့အမေ ့ကို ပြောလိုက်…ဝမ်းသာပါတယ်လို ့ဟုတ်လား”
“ ဟုတ်“
….. ကျနော်က အဲလိုလ္ဘက်ရည်မျိုးဆို ပိုကြိုက်တာ…အရသာ တစ်မျိုး ထူးနေတာလေ…။
မဒမ်ကို ကွမ်းယာစားမလားလို ့မေးတော့….
“ အမလေး…မစားရဲပါဘူး…ကိုယ့်ဘာသာဘဲ စားပါ…ပေါင်ချိန်ရယ်” တဲ ့…။
ကဲ…ကြည့်ပါဦး… ချစ်စရာကြီး…ခုမှ သဒ္ဒါစိတ်တွေ များလိုက်တာ…
မုန်းလိုက်တာ….။
16 comments
ဦးကြောင်ကြီး
November 9, 2013 at 9:12 am
အနော့်ဂို ပက်ကညောမလေး ခယစ်စတယ်လှိုင်း အရေးအလုပ်ဖူး.. တရုတ်သဗုံ ကြေးမုံဂျီးနဲ့ အထင်လွဲနေဒယ် ဆြာခေါင်.. အဲဒါ ဖြေရှင်းပေးပါ။
ကျော်စွာခေါင်
November 9, 2013 at 5:43 pm
ဦးကြောင်..
အရေးလုပ်အောင် အရုပ်လေး လက်ဆောင်ပေးလိုက်ပေါ့…
ကွန်မြူနစ်တွေနဲ ့မပါတ်သက်ကြောင်း kNU လမ်းစဉ်ကိုသာ ထောက်ခံပါကြောင်း သတ်သေပြလိုက်…အဲ
သက်သေပြလိုက်ပေါ့ ဦးကြောင်..။
Ma Ma
November 9, 2013 at 9:50 am
ပေါင်ချိန်ဆိုတော့ ခေါင်းဖြတ်စက်ကြီးပါလာမှာပဲလို့ ထင်နေတာ။
သဂျီးနဲ့ ခေါင်နဲ့တော့ တွေ့ကြအုံးမယ်ထင်တယ်။
လူချင်း တွေ့ဖြစ် ဆုံဖြစ်ကြအုံးမယ်လို့ ပြောတာပါ။ 😀
ကျော်စွာခေါင်
November 9, 2013 at 5:46 pm
ဥုံ…တွေ ့ပါစေ..
ဥုံ…သူသိတာ ကိုယ်မသိ
ဥုံ…ကိုယ်သိတာ သူမသိ
ဥုံ…သူ ့လမ်းသူလျှောက်…
ဥုံ…ကိုယ့်လမ်းကိုယ်လျှောက်…။
ဥုံ….သူကြီး…
ဥုံ…ဟီးဟီးဟီးးးး။
လုံမလေးမွန်မွန်
November 9, 2013 at 11:01 am
အဲဒါတွေက တကယ်ရှိတယ်နော်… အဒေါ်ရဲ့ယောကျ်ားကလည်း ဝင်းဂိုဏ်းဆိုလား:-) … ယုံရခက်ခက် ဖြစ်နေတယ်… 🙂
ကျော်စွာခေါင်
November 9, 2013 at 5:53 pm
လုံလုံ..
ဂိုဏ်းတွေကတော့ များတယ်..
ဦးခေါင်ကတော့ မေတ္တာနဲ ့ အသိတရားဘဲ ဦးစားပေးတယ်..
ဦးခေါင်လဲ အရင်က လက်တွေ ့ဆို လာစမ်းဆိုပြီး နေခဲ့တဲ့သူပါ…။
ယုံရခက်တယ်ဆိုတာကလဲ… ဟိုတုန်းက အနော်ရထာဘုရင်ကို အိုင်ပက် နဲ ့ကမ ္ဘာပါတ်ပြရင် ယုံဘို ့ခက်လိမ့်မယ်..သူ ့အတွက်တော့..။ လူဖြစ်ရတဲ့ ဘဝမှာတော့ ကိုယ့်ဦးဏှောက်ကို အလကား ထားပြီး မသေချင်ဘူး…
ကိုယ်သိချင်တာကိုတော့ စူးစမ်းလေ့လာချင်တာ..ဦးခေါင် အကျင့်ပေါ့ လုံလုံရေ။
ဗုံဗုံ
November 9, 2013 at 11:25 am
အူးခေါင်..တူလေးက တမီးကို
ရမ်းရမ်းချစ်လာအောင်..ဘိုလုပ်ရမဒုန်း…..
ဆြာခေါင်ကျေးဇူးအမေ့ပါဗူး….
alinsett
November 9, 2013 at 5:55 pm
တူလေး ဆိုဒါ နာ့ဂို ပေါဒါလား
နာ နီ ့ကို ရမ်းရမ်းဂျစ်လာအောင်ဆိုရင်
နီ ခပ်တည်တည်နေဘာ
အာ့ဆို ဂျစ်မယ်
ပြောင်စပ်စပ်နဲ့ ဆို
ဂျစ်ဖူး
🙂
******************
ဦးခေါင်ရည်
ဦးခေါင်ရဲ့ ဘဝအထွေထွေကို ဖတ်ပြီး
အသိတွေ အတွေးတွေ အများကြီးရတယ်
ထပ်ရေးပြမှာတွေကိုလည်း ထပ်ဖတ်ချင်နေတုန်းပဲ
ဒါနဲ့ ဟိုကွမ်းယာ
စားချင်လိုက်တာ
🙂
ဗုံဗုံ
November 9, 2013 at 7:55 pm
ဟဲ့..ဟဲ့…နီမမှတ်တေးဘူးလား………
နီက အူးခေါင်ရဲ့တူဆိုတော့….တေဘီပေါ့နော်
ဖစ်မှဖစ်ရလေ..ဝက်ရယ်……အသေနောက်ကျလိုက်တာ…… ဗြဲ..
alinsett
November 9, 2013 at 8:26 pm
နာကတော့.. လူသာသေမယ်..
ဟိုဒင်း မသေဘူးဟ..
နာမည်ပြောပါတယ်.. ။
အဟိ ။
🙂
ကျော်စွာခေါင်
November 9, 2013 at 5:57 pm
လွယ်ပါပေ့ ဗုံဗုံရယ်..
ဦးခေါင်တူလေးကိုမြှုပ်နှံထားတဲ့ အုတ်ဂူကို သွားပါ…
ဗုံဗုံရဲ ့လက်ဖဝါးနုနုလေးနဲ ့အုတ်ဂူထဲက တူလေး နှလုံးသားနေရာကို မှန်းပြီး အသက်အောင့်ပြီး ဖြည်းဖြည်းပွတ်ပါ…အုတ်ဂူပေါက်တဲ့နေ ့က တူလေးပြန်ချစ်လာမယ့်နေ့..။
ရမ်းရမ်း ချစ်လာမယ့်နေ ့…။
ဗုံဗုံ
November 9, 2013 at 7:53 pm
အောင်မငီး….. ရက်စက်ပါ့..အူးခေါင်ရယ်…..
ချစ်မချစ်ရသေးဘူး…တေဘီတဲ့….. :byee:
KZ
November 9, 2013 at 12:01 pm
တဂျီးမလာခင်ပြောထားမှ။
အနော့ အဖိုးလည်း အာ့မျိုးလုပ်တာမြင်ဘူးတယ်။
စီးပွါးဖြစ်ဟုတ်ဘူးးးး
အကြောင်းသိတဲ့သူတောင်သိပ်မရှိဘူးးးး
🙂
ပီယဆေး ဆိုတာ တကယ်ရှိလား ခေါင်။
:mrgreenn:
TNA
November 9, 2013 at 4:26 pm
ဒါမျိုးကလဲပြောရင်ယုံရခက်သလိုနဲ့ ကိုယ့်ရှေ့ဖြစ်လာပြန်တော့လဲ မယုံလို့မရဘူးနော် ဆြာခေါင်ရေ။ ကျွန်မလဲ နယ်ဖက်တွေသွားရင် အားကြီးကြားရတွေ့ရတယ်။ ယနေ့ခေတ်ထိရှိနေဆဲပဲနော်။ တခါတလေ သိပ်ပံပညာနဲ့ကို်င်ပေါက်ငြင်းရင်တောင် လက်တွေ့ကြီးမြင်နေရတော့ဂွကျသား။
padonmar
November 9, 2013 at 8:53 pm
ကြွေးပြန်မဆပ်တဲ့သူတွေကို အဲသလို လုပ်ရကောင်းမလား။
ခက်တာက ကိုယ်က ဘာမှမဟုတ်။
sorrow weaver
November 10, 2013 at 5:47 pm
ကိုမင်းသား… ပီယဆေးလေး လုပ်ပါဂျာ…အဟိဟိ