သိုက်နန်းထဲက ဥစ္စာစောင့် မင်းသားလေး
ကျနော်ရေးခဲ ့တဲ ့ ပို ့စ်လေးတွေက စိတ်မကောင်းစရာလေးတွေ များနေတာဆိုတော့…တခါတလေ အပြောင်းအလဲလေး
ဖြစ်စေချင်တာရယ်…ပြန်တွေးလိုက်တိုင်း ကိုယ်တိုင်တောင် ပြုံးရယ်မိတာလေးတွေ ရေးရင်ကောင်းမလားလို ့…။
တစ်ခြားလောက ပါတ်ဝန်းကျင်ကမဟုတ်ပါဘူး…အခုချိန်မှာ ဇာတ်သဘင်ကို ဆက်မလုပ်တော့ပေမယ့်….ပြန်တွေးရင်..
မနေ ့တစ်နေ ့ကလိုဘဲ စိတ်ထဲမှာ ဖြစ်နေတာ..။ က,ခဲ ့စဉ်တုန်းကပါ…။
ကျနော်တို ့ဇာတ်သဘင်တွေမှာ ကြည့်နေတဲ ့ပရိတ်သတ် သိလိုက်တဲ ့အမှား၊ လုံးဝ မသိလိုက်တဲ ့အမှားလေးတွေ ရှိပါတယ်…။
ပရိတ်သတ်က အမှားကို မသိလိုက်ရဘူးဆိုတာက စင်ပေါ်မှာ ကနေတဲ ့သူချင်းဘဲ သိပြီး ၊ ပညာသားနဲ ့ဖုံးဖိလိုက်တာပါ…။
ဒါတောင် ဖုံးလို ့ရတဲ ့အခါ ရှိသလို ၊ ဘယ်လိုမှ ဖုံးလို ့မရတာ ရှိပါတယ်…။ ဒီလို….။
ကျနော်က ဇာတ်ကပြီဆို ပဏာမအဖွင့်၊ ရှိုး၊ အော်ပရာ၊ ပြဇာတ်၊ နှစ်ပါး…ဒိုင်ခံပြီး ခေါင်းဆောင်အဖြစ် က”တာ…။
ကျနော် မက ချင်တာက နောက်ပိုင်းဇာတ်…၊ နောက်ပိုင်းဇာတ်ကပြျမှုကို အထင်မသေးပါဘူး….
နောက်ပိုင်းက တယ်ဆိုတာ ပညာပြည့်ရမယ်…စာပြည့်ရမယ်..ဇာတ်လမ်းထဲက စာ၊ အလွမ်း၊ ငို ချင်း၊ ညည်းခြင်း အကုန်အလွတ်ကျက်ရတာ…၊ စာကို မဖြစ်မနေ ကျက်ရင်ရပေမယ့် ကျနော့် စိတ်ထဲမှာ စကားတွေကို နဘေ၊ပါဠိနဲ ့ပြောပြီး.
ငိုဘို ့အရေး စာတွေ အကြာကြီး ရွတ်ပြီးမှ အော်ငိုပြီး တောင်ရှည်လေးကို မျက်နှာ အပ်လိုက်တာ…အဲဒါဘဲ…။ပြဇာတ်မှာ ကြိုက်သလို
ငိုပြလို ့ ကျနော်ရတယ်…အဲဒီ လို ငိုရတာကို ကျနော်က အမြဲ ရီချင်တာ…။
ဒါကြောင့် နောက်ပိုင်းဇာတ် ကျနော် မက”ဘူး…နောက်ပိုင်းမင်းသားတစ်လက် ဌားထားတာ…သူက သူငို ..ဇာတ်ကို သူစီးဘဲ။
သူကလည်း သူ ့တာဝန် သူကျေပါတယ်…ဒါပေမယ့် ရန်ကုန် အောင်ဆန်းကွင်းလား ၊ ဝါယာလက်လား မသိဘူး ကတုန်းက…
ရန်ကုန်ဆိုတော့ သူက နောက်ပိုင်း ကောင်းကောင်းလေး ကချင်လို ့ ဒီည မင်းသားကူညီပေးပါလို ့ အပူကပ်လာရော..။
သူ ့နေရာကို ကိုယ်ချင်းစာပါတယ်…မြို ့ပေါ်ပွဲက အရေးကြီးတာကို း…။
ယိမ်းမင်းသား၊ သို ့မဟုတ် လက်ထောက်နဲ ့ကခိုင်းပါလား ဆို တော့ ၊ ပရိတ်သတ်က ညီလေးပါ နောက်ပိုင်း ကပေးမယ်ကြားရင် ပို စိတ်ဝင်စားမယ်…ဘာ ညာ သူ မြှောက်ပြီး အပူကပ်တော့တာဘဲ…။ အဲဒါနဲ ့ကပေးမယ်လို ့ ကတိပေးပြီး…ဘာဇာတ်လဲ မေးတော့..
သိုက်ဇာတ်လမ်းတဲ ့မောင်နှမ ၅ယောက် ရှိတယ်…အစ်မ၃ ယောက် မောင်က ၂ယောက်ပေါ့….။
ဇာတ်က ကျနော့် အထက်က အကို နဲ ့ လူမလေးနဲ ့ကြိုက်တယ်…ထုံးစံအတိုင်း မိန်းကလေးရဲ ့ဖခင်က သိုက်ဆရာ…။
သူ ့သမီးနဲ ့မေတ္တာမျှနေတာ သိုက်ထဲက ကောင်လေးမှန်းသိတော့ ခြေမန်းကွင်းပစ်၊ ဖမ်းချုပ်။။ ပြီးတော့ သိုက်နေရာမေး၊
အကိုက လုံးဝမပြော၊ သိုက်ဆရာက ရီုက်…နောက်ဆုံး မခံနိုင်တော့ သိုက်နေရာကို ပြောပြပေါ့…။
နောက်အကို ့ကို အပိုင်ကိုင်ပြီး သိုက်တံခါးဝကိုရောက်….ဆေးကြိမ်လုံးနဲ ့ရိုက် မောင်နှမတွေ မခံနိုင် …အားလုံးထွက် ၊ ငိုကြယိုကြ၊ လွမ်းကြပေါ့…။
ဒါနဲ ့ ကျနော်က ဘယ်အချိန် ငိုချင်းနဲ ့သိုက်ကထွက်ရမလဲ…အထာလေး တစ်ခု လုပ်ထား ဆိုတော့…..
“ သိုက်ဆရာက ဆေးကြိမ်လုံးနဲ ့ ကြမ်းပြင်ကို ရိုက်လိုက်တာနဲ ့…ဝင်လို ့ရပြီ ညီလေး” တဲ ့…။
အိုကေ…ကျနော်သိပြီ..ရပြီဆိုတော့ သူလဲ စိတ်ချမ်းသာပြီး..ကျေးဇူးပါ…ဘာ ညာပေါ့…။
အဲဒီည နှစ်ပါးပြီးတာနဲ ့ ခေါင်းပေါင်းတွေ ဘာတွေ ချွတ်ပြီး…တစ်စထောင်နဲ ့ ယောင်ထုံးနဲ ့ပေါ့ဗျာ…။ ခန် ့ခန် ့သန် ့သန် ့
ပြိုးပြိုးပြောင်ပြောင်ပေါ့…သိုက်တွေက ချမ်းသာတယ်လေ…ဟဲဟဲ။
ဒါပေမယ့် ကူညီပြီးသာ ကပေးချင်တာ လူကတော်တော်ကို အိပ်ငိုက်နေပြီ…၃ ည ရှိပြီလေ…နေ ့ဘက်ဆိုလဲ မိတ်ဆက်လာသူတွေနဲ ့သိပ်အိပ်ရတာ မဟုတ်ပါဘူး…။ ကိုယ်ဝင်ပေးရမယ့် အခန်းကို စောင့်ရင်း ဧည် ့သည်တွေနဲ ့ပြောနေရာက မျက်စေ့က စင်းနေပြီ…
ဒါကြောင့် ဝီရိယလေးထားပြီး… စင်ပေါ် တက်နေလိုက်တယ်…ကလကာ အကွယ်ဇာတ်သေတ္တာလေးပေါ်မှာ…။
ကားဆွဲနေတဲ ့ကောင်လေး အောင်အောင် ကို ပြောထားရတယ်…
“ အောင်အောင် အကို သေတ္တာပေါ်မှာ ထိုင်ရင်း ခဏ မှေးနေမယ်… သိုက်ဆရာ ကြမ်းပြီ ဆို အကို ့ကိုနှိုးလိုက်” ။
ပြီးတာနဲ ့ ထိုင်ရက်လေး အိပ်တော့တာ…။ လူကသာအိပ်တာ…နားကိုတော့ စွင့်ထားရတာပေါ့…။
ဘယ်လောက်ထိ အိပ်ငိုက်မိလဲ မသိပေမယ့်… “ ငါဆရာကြွားကို စမ်းတာလား…..ဖျန်း” ဆိုတဲ ့ ကြမ်းပြင်ရိုက်တဲ ့ အသံလဲ ကြားရော…
သေတ္တာပေါ်ကနေလွှားကနဲ ခုန်ဆင်း…ပါးစပ်ကလည်း….
“ အောင်မလေး…ပူလောင်လှချည်ရဲ ့…ကယ်တော်မူပါဘုရား…..”
ဆိုပြီး…ငြီးချင်းလေးအော်ပြီး…ဇာတ်စင် အလယ်နားကို တောင်ရှည်စလေး မျက်နှာအပ်ပြီး စတိုင်လေးနဲ ့ထိုင်ချလိုက်တော့….
သိုက်ဆရာရော …နောက်ပိုင်းမင်းသားရော အလန် ့တကြားနဲ ့လှည့်ကြည့်တယ်..သူ ့ခမြာ ငိုမလို ့ အားယူနေတာ ပါးစပ်လေး ဟ” လို ့..။
ပြီးမှ ပရိတ်သတ်မသိအောင်ကျနော့်ကို တိုးတိုးလေးမေးတယ်…
“ ညိလေး ဘာလာလုပ်တာလဲ” တဲ ့..။ သိုက်ဆရာကလဲ မျက်လုံးပြူးကြီးနဲ ့…ကြောင်ကြည့်နေတာ…
ကိုယ်ကလဲ ပြောရတာပေါ့…“ဟင် …ကြမ်းပြင်ရိုက်နေပြီ မဟုတ်လား…”ဆိုတော့..
“ အမ် …ဒါသိုက်မှာ ရိုက်တာ မဟုတ်ဘူး…ကိုယ့်ကို အခုမှ ဖမ်းချုပ်ပြီး သိုက်ဘယ်မှာလဲလို ့မေးတုန်း…”
သွားပြီ၊ မှားပြီ…..။
“ ဒါဖြင့် ဘာလို ့ကြမ်းပြင်ရိုက်လဲ”…
“ အော် ..သူက သိုက်ဆရာလေ..ရိုက်မှာပေါ့”
“ ဟာ…ကျနော့်ကို ပြောတုန်းက ကြမ်းပြင်ရိုက်ရင် ဝင်လို ့ ရပြီဆို”
“ ဒုက္ခဘဲ…ခုရိုက်တာက လူ ့ပြည်မှာ ….ညီလေး..ပြန်ဝင်သွားလိုက်”
“ ဟာ…ကြောင်တောင်တောင်နဲ ့ ဘယ်လိုပြန်ဝင်ရမှာလဲ…စကတည်းက သေချာလဲ မပြောဘူး”
နောက်ပိုင်းမင်းသားမှာလဲ မျက်နှာငယ်လေးနဲ ့…
“ လုပ်ပါ ညီလေးရာ..လိမ်မာပါတယ်.. မနက်ကျ လ္ဘက်ရည်နဲ ့မုန် ့ကျွေးမယ်…ဟုတ်လား”
“ တကယ်နော်… ကတိမပျက်နဲ ့…”
“ မပျက်ပါဘူး ဆရာရယ် အခု ဝင်ပါတော့…ဒီမှာ ဘယ်လို ဆက်ကရမယ်မှန်းတောင် မသိတော့ဘူး”
“ လန်ဒန် ဆေးလိပ်တစ်ပွဲ…ရော…နော်”
“ အေးကွာ..ကြိုက်တာစား…”
“ အိုကေ…အိုကေ”
တယောက်နဲ ့တစ်ယောက် ဈေးညှိနေတုန်း သိုက်ဆရာက ရှေ ့မှာ စာတွေရွတ်ရင်း ထိန်းပေးထားတာပေါ့…
နောက်မှ မင်းသားကြီး ရှေ ့တစ်လှည့် ထွက်ပြီး ပြောငိုလေးလုပ်နေရတာပေါ့..။
ကျနော့်နားဘက်ကို မယောင်မလည်နဲ ့သိုက်ဆရာ ကပ်လာပြီး…
“ အိပ်ချင်မူးတူးနဲ ့သိုက်ထဲက ထွက်လာတာလား” တဲ ့..။
ကြည့်ပါဦး…မေးပုံက၊
“ ဘာလဲ…ကြမ်းပြင်ရိုက်လို ့ထွက်လာတာ ၊သိုက်မှာ မရိုက်ဘဲ ဘာလို ့ဒီမှာရိုက်လဲ”..
“ မင်းသားရယ်…နည်းနည်းပါးပါး လဲ နားစွင့်ပါဦးလား၊ သိုက်ဆရာ လုပ်စားလို ့ရိုက်ရင်တောင် အကန် ့အသတ်နဲ ့ရိုက်ရမလို ဖြစ်နေပြီ”
“ ဘယ်သိမလဲ…က”နေကျမှ မဟုတ်တာ..ကဲ ..အခု ဘာလုပ်မလဲ”
“ ပြန်ဝင်လေ…”
“ ဘယ်လို မျက်နှာနဲ ့ဝင်မလဲ..ခုထွက်လာ…ခုပြန်ဝင်နဲ ့…”
“ ကျုပ်လဲဘယ်လို ပြန်ထုတ်ရမလဲ…နတ်တွေကို ပြန်ပို ့တာဘဲ ရွတ်တဲ ့စာရှိတယ်၊ သိုက်ပို ့စာ မရဘူး”
“ အဲဒါ ဘကြီးလိုတာပေါ့…နောက်ပိုင်းလူကြမ်းက စာအကုန် ရရမယ်လေ”
“ ဟာာာာာ အရစ်ဘဲ ငါ သေချင်တယ်..ဒီမင်းသားနဲ ့တော့..”
“ ပြန်ဝင်ဆိုလဲ ပြန်ဝင်မယ်.. မနက် ကျ ဘာကျွေးမလဲ ပြော..”
“ ဟင် ကျုပ်က ဘာဆိုင်လို ့ကျွေးရမှာတုန်း”
“ ဘကြီး ရိုက်ချင်သလို ရိုက်လို ့မှားကုန်တာလေ.. ဘကြီး တာဝန်ဘဲ၊ ကျနော် ပြန်မဝင်ဘူး”
“ ကဲ…ဆမူဆာ ၃လုံးကျွေးမယ်ကွာ..ဟုတ်ပြီလား”
“ ကတိတည်ပစေနော်… ကဲ …ဒါဆို သိုက်ပို ့စာ ရွတ်တော့”
“ ဟာ…မရပါဘူးဆိုမှ ငါပါ ငိုချင်လာပြိနော် မင်းသား…အဲလောက် မကြပ်နဲ ့..”
“ ရရ မရရ ၊ ရွတ်ချင်သလိုရွတ်ပြီး…ကြမ်းပြင်ပြန်ရိုက်လိုက်…ကျနော် ပြန်ဝင်သွားမယ်..ဟတ်လား”
အဘိုးကြီးလဲ အကျပ်ရိုက်နေပုံရပါတယ်…ပါးစပ်ကလဲ ပွစိပွစိနဲ ့…
ကျနော့်ကိုလဲ သိပ်မပြောရဲဘူး…၊ ခဏနေမှ..
“ ဟားဟားဟားဟား….မိုးပေါ်မှာသကြား…မိုးပေါ်မှာသကြား…လူ ့ပြည်မှာ ငကြွားတဲ ့ဟေ့( ပလို ့ဂျိ)…( အပေါ်မှာ မှားနေတာကို ဆိုင်းဆရာတွေ ရိပ်မိတယိ…ကျနော် ဂျစ်တိုက်တာလဲ သူတို ့သိတယ်)။ …ငါလို ဆရာကို အာဏာပြိုင်မယ်ကြံသလား….ငါ့ကိုများ ပမာမခန် ့နဲ ့စည်းထဲ ခုန်ဝင်လာရဲသေးတယ်…ဟင်..
ဠင်းတနီ အူစွပ်၊ ဥုံခံကာ ရွတ်လို ့သိုက်တစ်ကာသိုက်၊ အပူတိုက်ဖြစ်စေတဲ ့..ဆေးကြိမ်လုံးနဲ ့ရိုက်လိုက်မယ်…မဆိုင်သူ ဝင်မလာနဲ ့..စည်းအပြင် ထွက်ရော့လဟယ်…ဗျန်း..”
“ အောင်မလေး…”
တခွန်းတော့ အော်ခဲ ့ပြီး နောက်ပြန် ခပ်စောင်းစောင်းနဲ ့ ကားလိပ်ကြားက သေတ္တာပေါ် လွှားကနဲ ခုန်ဝင်လိုက်တာပေါ့…
ကံကောင်းလို ့ပြန်ပြုတ်မကျတာ…ခုန်ချတာသာလွယ်တာ..နောက်ပြန် ခုန်တက်ရတာ..မလွယ်ဘူး..
ခြေတစ်ဖက်က ချော်ပြီး သေတ္တာပေါ်မှာ မှောက်ရက်တွဲလောင်းလေး..။
ပြောဆိုဖြစ်ပျက်သွားတာက ခဏလေး…ပရိတ်သတ်လုံးဝ မသိလိုက်ဘူး။
သေတ္တာမှာ ကုတ်ကပ်ပြီး ဖြစ်နေတာဆိုလို ့လာမိတ်ဆက်တဲ ့ ကောင်မလေးတစ်ယောက်ဘဲ တွေ ့တာ…(သူက ကားလိပ်ကြားမှာ
အသင့်လာစောင့်နေတာ…ချွေးတို ့ပေးဘို ့ တို ့ပတ်လေးနဲ ့…
ကိုယ်ကလဲ…ခပ်ရှက်ရှက်နဲ ့…အဟီး ဆို ရီပြလိုက်တာ…။
ဒါတောင် ကောင်မလေးက မရိပ်မိဘဲ..ပြောနေသေးတယ်…
“ အကို…ချွေးတွေ သုတ်လိုက်ဦး….သိုက်ထဲက ပြန်လာတာ..မောလာပြီ” တဲ ့။
ကျနော်လဲ အရှက်ပြေ ပြောလိုက်ပါတယ်…
“ ဟုတ်တယ်…ကိုယ် သိုက်ထဲကို သွားမွှေလာတာ” လို ့။
အမှန်က အိပ်ချင်မူးတူးနဲ ့ဇာတ်စင်ပေါ်ကို သွားမွှေခဲ့တာ..။
ဟင်းဟင်းးး ဟင်း ပျော်စရာကြီး…
မနက်ကမိုးလင်းရင် ဘရိတ်ဖတ်စ် ဆွဲရေးကတော့ ရှယ်ဘဲ။
တခါတခါ ခပ်တည်တည်နဲ ့ ကြပ်တတ်တဲ့
ခေါင်
22 comments
alinsett
November 2, 2013 at 7:48 am
အဟိ အဟိ
ဆရာမင်းလူရဲ့ သဘာဝကျကျဟာသများကို ဖတ်တုန်းက ပြုံးစိစိတွေဖြစ်ဖြစ်သွားတာမျိုးလေး
အခု ပိုစ့်ကိုဖတ်တော့ အဲဒီရသ ရတယ်
ဒါနဲ့
ကျွန်တော့်ကို ရွှေမန်ကျည်းတောင့် လေးတစ်တောင့်လောက်ပေးပါ
:kwi:
ကျော်စွာခေါင်
November 2, 2013 at 5:03 pm
အို……သနားစရာလေးပါလားးး သနားစရာလေးပါလာ့…
ကဲ..ရှေးဘဝ ကုသိုလ်ရေစက် ပဌာန်းဆက်ကြောင့် အကိုတော်က ညီတော်လေးကို ကူညီပါ့မယ်ကွယ်းးးးးးကူညီပါ့မယ်
ရော့…ရွှေမကျည်းသီး တစ်တောင့်..
အင်းးးးးးးမောင်မင်းမှာ နဂိုက ရှိတာ ၁တောင့် အခု တစ်တောင့် ဆိုတော့ ၂ တောင့်…
ဟိုက်..မောင်မင်းကို ပေးလိုက်တော့ ငါ့မှာ တစ်တောင့်မှ မရှိတော့ဘူး..။
ပြန်ပေး ငါ့ဟာ….
သိုက်လောကမှာ ဖြတ်ဖောက်ချုပ် လက်မခံဘူး ညီတော်လေးရဲ ့။
MAUNG
November 2, 2013 at 10:26 am
အား ပေးသွားပါတယ် ခင်ဗျာ
ကျွန်တော်သာသိုက်ဆရာ ဆို စမူဆာ မကျွေး ဘူး၊ ပြန် မဝင် မချင်း ကြိမ် နဲ့ လိုက် ကျွေး မှာ ဟီး ဟီး 😀
ကျော်စွာခေါင်
November 2, 2013 at 5:05 pm
စင်ပေါ်မှာ ပါတ်ပြေးမှာပေါ့…
……..
တားတားကို အဲလိုရိုက်ရင် စင်အောက်က တားတားကောင်မယေးတွေက သိုက်ဆရာကို ပြောင်းဖူးရိုးတွေ ခဲတွေ ကြံပိုင်းတွေ ပြန်ကျွေးမှာ ပေါ့…ဟီဟိ းD
lele kyi
November 2, 2013 at 8:23 pm
ဆြာခေါင်တော်တော်မျက်နှာပြောင်တာပဲ။ မိတ်ကပ်တွေကုန်သွားလို့ မူရင်းရုပ်ပေါ်လာတာနေမှာ။ဆြာခေါင်မေမြို့မှာ က’ ရင် ပန်းလာပေးတဲ့ကောင်မလေးတွေအများကြီးနေမှာ။ အဲ့မှာ ပန်းဂေါ်ဖီတွေပေါတယ်လေ။
ကျော်စွာခေါင်
November 3, 2013 at 12:48 am
မလဲ့ လဲ ..ခေသူမဟုတ်..စ တတ်သားဘဲ..ဟိုနေ ့ကတော့ ကြောက်တယ်ဆို… း)
ကျနော် အကြိုက်ဆုံး ပန်းဂေါ်ဖီ လာပေးလို ့ကတော့ ကျေးဇူးတင်ပြီး မွှေးမွှေးတောင် ပေးလိုက်မှာ..။
ငယ်ကတည်းက အဒေါ်က ပန်းဂေါ်ဖီ ကြော်ထားရင် မြည်းရင်းမြည်းရင်း လက်လွန်နေကျ။
နည်းပေးလိုက်ဦးမယ်..
ပန်းဂေါ်ဖီကို ကြက်ဥနဲ ့ရောကြော်ပြီး… ပေါင်မုန် ့နဲ ့စားကြည့်ပါလား…ကောင်းမှကောင်း..။
နောက်တခု မကျည်းနှစ်လေးကို ရေနဲ ့ဖျော် ငြုပ်သီးစိမ်းလေးလှီထည့်..ဆား နည်းနည်းထည့်…
ဂေါ်ဖီပွင့် ကို အစိမ်းလိုက် အမွှာလေးအတိုင်းဖဲ့ထည့်ပြီး မကျည်းရေထဲမှာစိမ်ထား…နာရီဝက်လောက်ကြာမှ ဘူးသီးကြော်..ကုလားပဲ ကြော်တို ့နဲ ့ အချဉ်အဖြစ် တွဲ စားကြည့်… ကောင်းမှ ကောင်း။
lele kyi
November 3, 2013 at 8:14 am
အဲ့ဒီ ခေသူမဟုတ်ဆိုတာကြီးကြားရရင် ဟိုလူရီးတွေပြောပြောနေတဲ့ သမတ ကြီးရဲ့ ကိုယ်ရေးရာဇဝင် ကိုသွားသွားမြင်ယောင်တာ။အဟင့်င့်။ ပန်းဂေါ်ဖီ ကို သနပ်လုပ်စားရင်လည်းကောင်းမှကောင်း။ အစိမ်းသုပ်စားလည်းကောင်းတယ်။ ဒီအတိုင်းကိုက်စားလည်း ဂျွတ်မှဂျွတ်။ လက်ဖက်ထဲလည်းရောနယ် များများစားရသည်။ ဆြာ့ခေါင့် နည်းတော့ မစားဘူးသေးဖူး။ စမ်းကြည့်အုန်းမယ်။
padonmar
November 2, 2013 at 11:56 am
ရယ်လိုက်ရတာ စိတ်ပေါ့ပါးသွားတာပဲ။
သိုက်ဆရာကြီး အကြံအိုက်အောင်လုပ်တဲ့ အုတ်ဒဇောင့်တော့
ဆေးကြိမ်လုံးစာမိတော့မှာပဲ။
ကျော်စွာခေါင်
November 2, 2013 at 5:12 pm
မမမာ စိတ်ပေါ့ပါးပြီး ရယ်ရတယ်ဆိုတော့ ကိုယ်လဲ ပြုံးနိုင်တာပေါ့…။
ကျနော်က အဲလိုလေးတွေ စတတ်တယ်..မမာရဲ ့..။
ကျနော့်ကို ပြန်ကျပ်တာတွေလဲ အများကြီးနော်..ကိုယ်လဲ ခံရတာဘဲ..။
ဇာတ်သဘင်နယ်က လူတွေ စကားများ ရန်ဖြစ်ကြပေမယ့် အဲလို မမေ့နိုင်စရာ ချစ်ခင်စရာ အပြုအမူလေးတွေနဲ ့ဘဲ
အချင်းချင်း သံယောဇဉ်ထားကြရတာပါ.. မမာရေ။
KZ
November 2, 2013 at 1:43 pm
http://myanmargazette.net/188098
ခေါင် ဒီ ပို့(စ) ကိုမဖတ်ဖြစ်သေးဘူးထင်လို့။
ဂီ ရေးထားတာ။
နာ့ လာကြပ်လို့ဂဒေါ့ အုန်းထမင်းကျွေးဘူးမှတ်!!
:boss:
ကျော်စွာခေါင်
November 2, 2013 at 5:16 pm
မခိုင်
ဖတ်ပြီးပြီ…ဂီကိုလဲ အသိအမှတ်ပြုပြီး ပို ့စ်တစ်ပုဒ်ရေးနေတုန်းမို ့…
သူ ့ကို ဝတ်ကျေတန်းကျေ စကားလေးနဲ ့ မချီးမွမ်းချင်ဘူးလေ…။
ရေးပြီးတာနဲ ့ တင်မှာပါ မခိုင်။
……..
……..
အုန်းထမင်းစားပြီးမှ ကြပ်မှာပေါ့လို ့…ခက်တာမှတ်လို ့ ရှေ ့နောက်လေးဘဲ ပြောင်းရမှာဘဲဟာ…ဟုတ်ဘူးလား
inz@ghi
November 2, 2013 at 6:21 pm
တိန်
တေဂျမ်း …
တာမွေလူမိုက် တွေ့မရှောင် မဇာယိ တယောက် အချွန်နဲ့ မဘီ…
ပြည်သူ့ သံချောင်းတို့အမျိုးလား မသိ …
ငိငိ..
အူးလေး …. ဗဂျီသင်တန်းဖွင့်ပါဆိုဗျာ ….
ဒက်ဂလောက် ဒက်ဂလောက်..
ကျော်စွာခေါင်
November 3, 2013 at 12:51 am
ပန်းချီသင်တန်း ဖွင့်ပါ့မယ် ဆရာရယ်..
အခုလည်း အထက်ကို တင်ပြထားပါတယ်..
ဲအဲဒီက တဆင့် လွှတ်တော်မှာ တင်သွင်းမှာပါ… ဟုတ်လား..။
…..လာမည်… မျှော်..။
ကျမ္မာရေး ဂရုစိုက်ပါ။
Mr. MarGa
November 2, 2013 at 3:32 pm
ကိုကြီးကျော်
စင်ပေါ်မှာ
လွဲနေလို့ ချွေးပျံနေမှာကိုတောင်မှ
ကျပ်ဖြစ်အောင် ကျပ်သေးတယ်နော်
ဘာပဲဖြစ်ဖြစ်ပေါ့
လွဲလည်း လွဲသေး မနက်စာလဲ အဆင်ပြေအောင် လုပ်လိုက်သေး ဆိုတော့…..
ခေသူမဟုတ် ဟီဟိ
ကျော်စွာခေါင်
November 2, 2013 at 5:20 pm
ဖားသဂျိုး
အဲဒါ ပျော်စရာကောင်းတယ်..သိလား။
သူတို ့အလှည့် ဝိုင်းကျပ်ရင်လဲ ကိုယ်လဲ လှိမ် ့နေအောင် ခံရတာ..။
အဲလို အခက်အခဲ ကြားက မနက်စာအဆင်ပြေအောင် လုပ်နိုင်တာကိုက ကိုယ်တို ့သိုက်က အရည်အချင်းတခုဘြလေ..ဟေးဟေး
ကိုယ်တို ့က ….ခရိုနီ သိုက်က။ ခေသူမဟုတ်
မဟာရာဇာ အံစာတုံး
November 2, 2013 at 5:39 pm
အော် ..
ခညားဂျီးဂလည်း တစ်ခါတစ်ခါ …
ခပ်တည်တည်နဲ့ ကြပ်တတ်ဒေးဒဂိုးးး
ထင်ရဘူးနော် ….
ဒါ့ထက် .. ခပ်တည်တည်နဲ့ ချောင်အောင်ရော လုပ်ဒတ်ဒလားငင်င်င် …
စကားမစပ် …
အပေါ်က ဖားသဂျိုး = သဂျား ဆိုတဲ့ အသုံးအနှုန်းကို ရေလည် ခိုက်တွားဘီ .. ခွိခွိ
သော်ဇင် (လွိုင်ကော်)
November 3, 2013 at 6:50 pm
ဒါလေးကို ပီပီပြင်ပြင်လေး ထပ်ဖွဲ့လိုက်မယ်ဆို မိုက်မယ်ဗျာ ကိုကျော်
ကျော်စွာခေါင်
November 4, 2013 at 2:48 am
ကိုသော်..ရေ..
အကြံပေးတာ ကျေးဇူးနော်..
ညီလေးပြောတာဟုတ်ပါတယ်.. ခု အကိုရေးပုံက ဟို..သူငယ်ချင်းတွေကို ရယ်စရာပြောပြတဲ့ သဘောမျိုးဘဲ ဖြစ်နေတာကိုး…
နောက်ကျရင်တော့ သေချာလေး ရေးမယ် ကိုသော်..။
အဘ ဘုတ်ကလုံ
November 4, 2013 at 12:46 am
သားလေးကျော်စွာက ရွာထဲကမှာ ပရိုဆန်တဲ့ ဒရမ်မာ အရေးအသားရှိသူပါ..။
အဘဘုတ်တော့ ဆုရသွားတဲ့ ပို့စ် ထက် ပိုကောင်းတဲ့ ဖြစ်ရပ်မှန် ဒရမ်မာတွေ
သားလေးမှာ ပိုလက်စွမ်း စိတ်စွမ်းရှိမယ်လို့ မြင်တယ်…
သားလေးကျော်စွာ တစ်ဆင့်နိမ့်လက်စွမ်းနဲ့ ရေးနေသလားလို့တောင် မြင်တယ်။
ဘာပဲဖြစ်ဖြစ် အဘဘုတ်က သားလေးကျော်စွာ ပရိတ်သတ်ပါကွယ်။
ကျော်စွာခေါင်
November 4, 2013 at 2:44 am
အဘ ဘုတ်..
ပထမဆုံး ဝမ်းသာ ကြည်နူးစိတ်နဲ ့ကျေးဇူးတင်စကားပြောချင်တာက
“ သားလေး ကျော်စွာ” လို ့ ခေါ်လိုက်တဲ့…အရေးအသားလေးကိုပါ..။
ဘဝမှာ ပထမဆုံး အခေါ်ခံရတာပါဘဲ..။ ကျေးဇူးပါ..။
တချို ့အကြောင်းအရာတွေ ရေးဘို ့ရှိပေမယ့် ကျနော် အရင်က ဘာသာရေးပို ့စ် တခု တင်ဘူးတယ် အဘ ဘုတ်ရဲ ့..။
တချို ့ပို့စ်တွေ တင်လိုက်ရင်..အတွင်းကျကျ ကျနော့်ကို မသိနိုင်သူတွေက ဒါ့ကြောင့် ဒီလူ ဒီလိုစာရေးတာပေါ့လို ့ ထင်မြင်ခဲ့ရင်
အရင်ပို ့စ်က စိတ်ရင်းခံ စေတနာလေးကိုပါ..အရောင်စွန်းနိုင်လို ့ ချိန်ဆနေတာပါ..။
နောက် ဒါက ဖိုရမ်တခုလို ဖြစ်တော့ ကျနော့်ရဲ ့ ဘဝ ကြီး ခင်းပြသလို ဖြစ်နေရင်..သူများတွေ အတွက် စိတ်အနှောက်အယှက် ဖြစ်နေမှာလဲ စိုးလို ့ပါ..။
တဖြည်းဖြည်းနဲ ့တော့ ချပြမိမယ်လို ့ထင်ပါတယ်..။
အဘဘုတ် ကို ကျေးဇူးပါဗျာ..။
kyeemite
November 4, 2013 at 10:36 am
ဖတ်ပြီး ပြုံးမိတယ်ဗျာ…ဇာတ်သမားပြန်ရင်မှတ်သားစရာကျန်ရတယ်ဆို..မဟုတ်လား
အခုလည်းအတွေ့အကြုံတွေရေးရင်း ဇာတ်သဘင်ရဲ့ သဘောသဘာဝလေးတွေ သိရတာပေါ့နော..
သင့်ခရုပါ ကိုကျော်စွာရေ.. 🙂
TNA
November 4, 2013 at 8:24 pm
ရီလိုက်ရတာ။ ပရိတ်သတ်မသိအောင်တောင်ဈေးရအောင်ဆစ်လိုက်သေး တော်ဘာပေ့မင်းသားရယ်။