မေမေ.. မေမေ သင်ပေးတဲ့ ချိုမိုင်မိုင် ကျနော့် နှလုံးသားထဲ အမြစ်ခိုင်ခဲ့တာ သိခဲ့လို ့လား..။ ရှက်တတ်တဲ့ ကောင်လေးမှာ မာန တခုတော့ ရှိခဲ့တယ်..မေမေ။ .. မိဘတွေ မချစ်ခဲ့တဲ့သား… ချစ်သူတွေ များတယ်.. ဖြူစင်ခြင်းနဲ ့ပန်းလက်ဆောင်တွေ အလယ်.. အချစ်တွေ ကျနော်ရခဲ့တယ်..မေမေ။ သူတို ့ရင်ခွင်က ကျနော့်အိမ်.. သူတို ့လက်ခုပ်သံက ကျနော့် အဟာရ တစ်ထောင့်တစ်ညမက ရှည်လျှားတဲ့ ညများစွာ မေတ္တာတွေ ဖလှယ်ရင်း ကျနော် အသက်ရှင်ခဲ့တယ်..။ … အကျီင်္လေးတစ်ထည် တောင်းဆိုမိလို ့ မေမေ ရိုက်ခဲ့တဲ့ပါး အခုတော့ သူများတွေ နမ်းလိုက်ကြတာမေမေ…။ အဲဒီအချိန်က သွေးစီးကျခဲ့တဲ့… နှုတ်ခမ်း မေမေ့အတွက် မဆန်းပေမယ့်. ချိုသာသော […]


 ကြာတော့ကြာခဲ့ပါပြီ….. ဘဝရဲ ့အလှည်းအပြောင်းတွေနဲ ့အတူ ၊ လောကကို လေဆန်ပျံခဲ့တဲ့ ငှက်ကလေး တစ်ကောင်လို ပျံသန်းရင်း ဝမ်းတစ်ထွာအတွက် ၁၆နှစ်သားလောက် အရွယ်မှာ ဇာတ်သဘင်အဖွဲ ့ကြီး တစ်ခုရဲ ့ပင်တိုင်ပန်းချီ သမားအဖြစ် လိုက်တုန်းကပေါ့…။ တောင်ကြီး တန်ဆောင်တိုင်ပွဲကို ၁၃ည ကပြပြီး နမ့်ဆန်မှာကတော့….ပွဲကြည့် ပရိတ်သတ်ကလည်း များမှများ..။ တိုင်းရင်းသားတွေလေ..ရှမ်း၊ပအို ့တောင်သူတွေပေါ့…။ ဒါနဲ ့ပြဇာတ်ပြီး နှစ်ပါးခွင်ကနေတုန်း ဇာတ်ဆရာက ပြောပါတယ်…ပန်းချီဆရာ…ရုံဝင်ပေါက်ကိုသွားပြီး မန်နေဂျာ ဂျော်နီ ကိုပြောပေးပါ..လူပါးနေရင် ရုံဖွင့်လိုက်တော့ပေါ့… ဒါနဲ ့သွားပြောတာပေါ့…ကိုယ့်ဆရာက ဖွင့်လိုက်ပြီလို ့ဇာတ်ဆရာကို သတင်းပေးပြီး၊ရုံမဖွင့်ဘဲ…အောက်ဆိုက် ရှာနေတုန်း…ရတဲ ့ငွေ သူ ့အတွက်ပေါ့..။ ကျနော့်ကိုတောင် ခဏစောင့်ပေးပါ..ပါဆင့်နစ်ပေးမယ်..ငါအပေါ့အပါးသွားမလို ့ဆိုပြီး ထွက်သွားပါလေရောဗျာ….။ ချမ်းတာကလည်း အတော်ချမ်းတာ…အနွေးထည်ကို တင်းတင်းဆွဲပြီး ဝတ်ရသည် အဲလို […]


လရောင်ချို အခင်းအကျင်းနဲ ့ တိမ်တွေနဲ ့ စစ်ခင်းတဲ့ တစ်ခဏ ကြယ်တွေ ကြွေတဲ့  ညဉ့်မှာ ငါ့မျက်ရည်တွေ……… မြက်ခင်းလေးပေါ်အိပ်စက်ခဲ့တယ်.. လူမသိအောင် ရှိုက်ငင်သံတွေ အဖော်ပြုလို ့..။ ……….. ဘာတွေကများ တည်မြဲလို ့လဲ…..။ ………………….. မြက်ဖျားနှင်းလေးတွေလေ တစ်လက်လက်တောက်ပစွာ မာနတွေ ပြိုင်နေလိုက်ကြတာ……။ ………. ငါ့မျက်ရည်က မတည်မြဲပါဘူး ကလေးရယ်… နေရောင်လာတဲ့အခါ….. မင်းသိလာပါလိမ့်မယ်….။ အရာရာပေါ့လေ တစ်ခဏ အတွင်းလေးမှာပေါ့ မိုးခါးရေတွေကို ဘာသာရေးတံဆိပ်ကပ်လို ့… ဝံ့ကြွားသောက်သုံးကြတယ်… သူတို ့မှ မရူးရင် ဘယ်သူရူးမှာလဲ ကလေးရယ်.. ငါ့ မေမေ…သိပ်ကြောက်နေမှာ …. မတူညီခြင်းတွေ မှန်သမျှ တူညီမှုတခုအောက်မှာ ပြိုင်ဆိုင်ကြတယ်.. တူညီမှုတခု အောက်မှာ… မတူညီတာတွေ အဆုံးသတ်ကြမယ်.. ကလေးရေ… […]


ထိတ်ထိတ်ဝေဝေ ညဉ့်နက်တွေထဲ အေးစက်စက် သိုင်းဖက်လာတဲ့ လရောင်တစ်ဝက်တစ်ပျက်နဲ ့ဘဲ ကိုယ့် အားငယ်မှုကို ကိုယ်သောက်သုံးရ…။ နှင်းတွေလေ…… ကျနေလိုက်တာများ တွတ်တီးတွတ်တာနဲ ့ ဆရာမင်းလူရဲ ့ “ငှက်ကလေး”ပေါ့ ပြတင်းတံခါးမှန်ထဲမှာ ကိုယ့်ကိုကိုယ်ရှာဖွေယင်း ဝိုင်ပြင်းပြင်းနဲ ့ဘဲ …. ငိုချင်းမချမိအောင် ကိုယ့်ကိုကိုယ် လှည့်ရှောင်နေရတယ်..။ သတ္တဝါ တစ်ခု ကံတစ်ခုတဲ့ တစ်ကောင်တည်းဘဝမှာတော့ ကံပေါင်းများစွာက အချက်ကျကျ ကပြီကရီလုပ်တိုင်း ငါ့ အရောင်တွေ ခြောက်ခြားကြလေရဲ့…..။ ဘဝတူငှက်ကလေးရေ အလွမ်းဘဲဖြစ်ဖြစ် နာကျည်းမှုဘဲဖြစ်ဖြစ် ငါကတော့…. ကင်းဗတ်စပေါ် အန်ချလိုက်တာဘဲ။ မင်းကတော့ ပိုတော်တာပေါ့… ကွန်ပြူတာထဲ အန်ထည့်လိုက်ရော… မင်းကမှော်ငှက်လေ ငါ့ရဲ ့ကောင်းကင်ထက်မှာပေါ့…။   ကျော်စွာခေါင်  


    လူမမယ် ကလေးဘဝမှာတော့ ကလေးငယ်တိုင်းဟာ သူတို ့ရင်ထဲက အားကျပြီး သူရဲကောင်းအဖြစ်သတ်မှတ်ထားသူတွေ ကိုယ်စီရှိကြတာဘဲ…။ ရွှေဓါးဗိုလ်၊ သူခိုးကြီး ငတက်ပြား၊ မြင်းညိုရှင်၊အရိုင်း…စုံနေတာဘဲ…။ တစ်ယောက်ကို အကြိုက်တစ်မျိုးပေါ့..။ ကျနော့် အဖေကတော့ ကျနော့်အတွက်သူရဲကောင်းပေါ့..။ ကျန်တဲ ့ညီအကိုတွေလည်းဒီလိုပါဘဲ….။ အဖေ့ကို သူရဲ ကောင်းတယောက်သတ္တိခဲ တစ်ယောက်အဖြစ်မြင်ကြတယ်၊ အထင်ကြီးကြတယ်..။ အဖေကစစ်သားဗျ…၊ဒါပေမယ့် အဖေတို ့ညီအကိုတွေက ထူးခြားတယ် ၊ ညီအကို ၄ ယောက်ရှိတာ ၊ ဦးလေး၂ယောက်ဆို ကုပ်ချောင်းချောင်းနဲ ့…အဲ …မူးလာရင်တော့ ငါက အလံဖြူကွ၊ ငါက အလံနီကွ…နဲ ့သတ္တိပြကြတယ်…. အဲ သူတို ့က အဖေ့ကိုတော့ဖြုံတယ်…အဖေက ပြတ်တယ် ၊ရှင်းတယ်…သူ ့ညီအကိုတွေကို ပြောလို ့ရချင်ရ၊ မရရင်ဆွဲထိုးပစ်တာ…ပုံနေတာဘဲ။ အဖေက […]


သိန်းမြင့်ဦးဆိုတာ ကျနော်ငယ်တုန်းက သူငယ်ချင်း…။ ငယ်ငယ်လေးက ခင်ရတာတော့မဟုတ်ပါဘူး..။၆တန်းလောက်ကမှ သိတာ…သူကကျောင်းမနေဘူး…။သူနဲ ့ခင်ရတာကလဲ အဖေနဲ ့ပါတ်သက်လို ့ပါ..။ ကျနော့်အဖေက စစ်ထွက်..သူ ့အဖေလည်းစစ်ထွက်…။ စစ်မှုထမ်းဟောင်းတွေ တစ်ခေတ်ထတော့မှ အဖေတို ့တွေက အလုပ်တူလုပ်ရင်းတွဲကြတာ..။ အဖေ့အထက်မှာ ရာထူးကြီးတာဆိုလို ့စစ်ဗိုလ်တဦးဘဲရှိတာ…။ စစ်မှုထမ်းတွေ ငါးကန်ကြီးတွေနဲ ့ငါးမွေးမြူရေးနဲ ့သားငါးရောင်းဆိုင်တွေဖွင့်တော့ ကျန်တဲ ့သူတွေက အဖေ့လက်အောက်ကချည်းဘဲ…။ လုပ်ငန်းသဘောတွေမသိပေမယ့် အဖေခိုင်းသမျှကို လုပ်ရပြီး ဆရာချင်းထပ်နေအောင်ကြားရတယ်။ အဖေက သူတို ့လုပ်ငန်းမှာ ဆရာဆိုတော့ သူတို ့သားသမီးတွေကပါ အလိုလိုနေရင်း ကျနော်တို ့အိမ်မှာ ကူဖော်လောင်ဖက် လက်တိုလက်တောင်းခိုင်းတဲ ့ကလေးတွေ ဖြစ်လာတော့တာဘဲ..။ မဆလ လမ်းပေါ့…။ အဖေက လက်တိုလက်တောင်းခိုင်းပေမယ့် ကျနော်တို ့နဲ ့သိပ်မခွဲခြားပါဘူး…လုပ်လည်းအတူတူစားလည်းတူတူပါဘဲ…။ သူနဲ ့လုပ်ဖော်ကိုဘက်တွေ လက်အောက်ကလူတွေနဲ […]


အရာရာ ကြွေကျနေတဲ့ စကြဝဠာ မြေကမ ္ဘာ ရင်ကွဲနာကျနေပေမယ့် လျှို ့ဝှက်အပ်သော နေရာမှာ စပယ်ဖြူတွေ ပွင့်ခဲ့တယ် … ။ ……….. ……….. ပိန်းနက် အက်ရှတဲ့ ညဉ့်တွေထဲ မျက်ရည်နဲ ့ အိပ်စက် ပင့်သက်တွေ အလီတွက်ရင်း … ခံစားခြင်း  မဲ့တဲ့ ဘဝ … …………….. ညဉ့်တညရဲ ့တစ်ခဏ စပယ်ရနံ ့တွေ သင်းခဲ့တဲ့နောက် … …………. မာယာတို ့ရေ…. မင်းတို ့ပြောသလို ကမ ္ဘာပျက်ချင်လဲ ပျက်ပါစေတော့ … ငါကတော့ ………. စပယ်ရနံ ့တွေ ရှူရှိုက်ရင်း….. ဘဝ ခန္ဓာအသစ်နဲ ့ အသက်ရှင်ခြင်းကို ထပ်မံပိုင်ဆိုင်။   […]


ဘိုးလေးဖိုးခွေးဆိုတာ အဘွားရဲ ့ မောင် ၂ဝမ်းကွဲလားတော်ပါတယ်…..။ နာမည်ရင်းက ဦးဖိုးခွေးပါ….ဘိုးလေးတော်တယ်ဆိုတော့လည်း ကျနော်တို ့တစ်တွေက ဘိုးလေး ဖိုးခွေး လို ့ဘဲ ခေါ်ကြတာပါ…. ကျနော်က အဘွားနဲ ့အတူတူနေတာဆိုတော့ ဘိုးလေးဖိုးခွေးကို ခဏခဏ မြင်ဘူးပါတယ်..။ ဘိုးလေးက တစ်ကိုယ်ရေသမားကြီးဆိုတာတော့ သိတယ်..။ ဘိုးလေးက ခပ်ပေပေ၊ ခပ်ဆိုးဆိုးပါ….။ ဘိုးလေးစတိုင်က အမြဲတမ်း ကတုံးနဲ ့၊အကျီင်္ င်္ဘယ်တော့မှ မဝတ်ဘူး၊ ပုဆိုးဝတ်ရင် ဒူးခေါင်းလောက်၊ ပုဆိုး ခါးပုံစကြီးကတော့ အကြီးကြီး။ အိမ်ကိုလာရင်တော့ အဘွားကို အစ်မတင်၊ အစ်မတင်နဲ ့ တော်တော် ချစ်ပုံ ရပါတယ်..အဘွားကလည်း သံယောဇဉ်ကြီး ပါတယ်.. အဘွားမှာကလည်း မောင်”ဆိုလို ့မောင်အရင်း တစ်ယောက်နဲ ့ ဒီမောင်ဝမ်းကွဲ ဘဲ ရှိတာကိုး…။ […]


အသွေးအရောင် ကောင်းကောင်းနဲ့ ဓါးတစ်ချောင်းရဲ့ပန်းပွင့် ခွေးလေခွေးလွင့်တွေ ဝိုင်းကိုက်တယ်…။ ပန်းတစ်ပွင့်ကတော့.. မြင့်သထက်မြင့်လို့ တင့်တယ်ခြင်းတွေ ခညောင်းညွှတ်ဆင်း ခွေးအိုကြီးတွေအတွက် ကြောက်လန့်ခြင်းကိုဖြစ်စေတယ်…..။ မန္တလေးကြိုးကြီးချိတ်နဲ့ ပန်းတစ်ပွင့်ကို သေနတ်ခါးချိတ်တဲ့လူတွေ အသေကြောက်တယ်……။ ပုဝါပါးလေးခြုံထားတတ်တဲ့ ပန်းတစ်ပွင့်ကို တိုက်ပုံဝတ်တွေ အသေလန် ့တယ်…။ တစ်ပါတ်လျှိုဆံထုံးလေးနဲ ့ ပန်းတစ်ပွင့်ကို ကြက်သရေခေါင်းပေါင်းတွေအတွက် သွေးပျက်စေတယ်….။ ကြိုးကြီးချိတ်ဝတ်တာချင်းအတူတူ မိန်းမလို မိန်းမရ    …မဟုတ် မိန်းမသားပီပီ  လှတော့ ပန်းတစ်ပွင့်ကို ငြူစူချင်ကြတယ်…။ သူမ……. လှပတယ် ရဲရင့်တယ် တင့်တယ်တယ် မြင့်မြတ်တယ် နူးညံ့စွာ မာကြောလှတယ်…။ ပန်းတစ်ပွင့်မှာ… ရန်သူတွေများတယ်… သူတို့က ရာဇဝင်တစ်ခုကို အကျဉ်းချထားရင် ရလိမ့်မယ်လို့ ဉာဏ်နုံ့စွာနဲ့ယုံကြည်တယ် ဒါကြောင့်လည်း….. မျက်မမြင်ပုဏ္ဏားတွေ အခါပေးသမျှ တိုင်းပြည်တစ်ခုလုံး ချေမွခံခဲ့ရတယ်…။ ပန်းတစ်ပွင့်က… စာတတ်တယ်…. […]


       သားမှာ စုဗူးလေးတစ်လုံးရှိသည်။ “ သားလဲပိုက်ဆံစုချင်တယ် ဖေဖေ” ဟုပြောလာသောကြောင့် သူ ့မေမေက စုဗူးလေးဝယ်ပေးခဲ့သည်။   ကိုယ်ကလည်း ခွင့်ပြုသည်…။ သားရဲ ့မေမေကတော့ သားရဲ ့စုဘူးလေးကို အမြဲထပ်ဖြည့်ပေးနေကြ..။ သားက အမေနဲ ့ အမတွေ ဈေးဝယ်လို ့ပိုတဲ ့ငွေလေးတွေတွေ ့ရင် သူ ့စုဘူးလေးထဲကို ထည့်သည်…။ ဘယ်အခါဘဲဖြစ်ဖြစ် ပိုက်ဆံ ယူလာပြီးလျှင် ကိုယ့်ကို လာပြောသည်…မျက်စိလေးတစ်ဖက်မှိတ်ပြရင်း“ သား မေမေ့ပိုက်ဆံပိုတာ ယူလာတယ်..သားစုဘူးထဲထည့်မယ်နော်” ဟုပြောတတ်သည်…။ ဒါပေမယ့် တန်ဘိုးများများ မယူ..အကြွေလောက်မျှသာ..။ တခါတရံ ပိုက်ဆံများများတွေ ့လျှင်   “ ဒါဘယ်သူ ့ပိုက်ဆံလဲ……ြမန်မြန်လာယူပါ” ဟုအော်ပေးတတ်သည်…။ တစ်ကယ်တမ်းဆို သားအသက်က ၆နှစ်မျှသာ…။ ပိုက်ဆံကို ယူပြီး […]


နွမ်းကြေတဲ့ ခြေလှမ်းများစွာနဲ ့ငေးမောခြင်းကို အဖော်ပြုရင်း အိ်မ်အပြန်တောင်ကုန်းလေးကို တက်လာခဲ့ရင်း ကိုယ့်ကိုကို သတိပြုမိတော့ ဒီလောက်အေးတဲ့ ရာသီမှာတောင် လက်၂ဖက်လုံး ချွေးစေးတွေ ။ ဘာဖြစ်တာလဲ…။ ပန်းချီဆွဲရင်း ခင်မင်ရင်းနှီးခဲ ့တဲ့ ပန်းချီကိုနေမျိုး( စာရေးဆရာ နေမျိုး မန ္တလေးကို သတိရနေတယ်..။ ချိုင်းထောက်၂ဖက်နဲ ့သီချင်းဆိုနေတဲ့ ချင်းအဆိုတော်မလေး မီလာနျန်းကို မျက်စေ့ထဲ မြင်လာတယ်…။ အရောင်တွေ ..ဆေးရောင်စုံတွေ.. ရောင်စုံပဝါပါးတွေလို တစ်လွှာချင်း တစ်လွှာချင်း ကိုယ့်ရှေ ့မှာ လွှမ်းခြုံလာတယ်… မောလိုက်တာ..ရင်ဘတ်ထဲမှာ နင့်နေအောင်မောလိုက်တာ…။ အရောင်တွေကို ခင်တွယ် ကစားနေတဲ ့ ပန်းချီသမားတယောက်က အရောင်တွေရဲ ့အတ္တကို ကိုယ်နားလည်သလောက် ခွဲခြမ်းမိတယ်..။ အတ္တ…။ ဖြူစင်လွန်းပါတယ်ဆိုတဲ့ အဖြူရောင်မှာတောင်..အဖြူ ဆိုတဲ့ အရောင်အတ္တစွဲနဲ ့ပါလား..။ နီ …ဝါ …ပြာ……စိမ်း…. ခရမ်း…နက်ပြာ……….. အို…ရှိသမျှ အရောင်တွေ..။ အားပြိုင်နေတဲ့ အရောင်တွေ… […]