ညီမလေး …ချမ်းနေရှာမှာပေါ့
ဆောင်းခိုးမှုန်တွေက ရပ်ရှစ်မျက်နှာ လွှမ်းထားသည်မှာ အရာရာ မှိုင်းမှုန်မှုန်နဲ ့လွမ်းစရာ။
ဘယ်ဆီလွမ်းရမှန်း သေချာမသိ။ သိုပေမယ့် ရင်ထဲမှာ တော့ လွမ်းရိပ်ရိပ်ပင် ။
ပွဲဈေးတန်းတစ်လျှောက်လဲ မှိန်ပျပျ..အလင်းပွင့်လေးတွေနဲ ့အသက်ဝင်နေသည်။ ပွဲဈေးလာသူ ပွဲကြည့်ချင်သူ
ဈေးရောင်းသူ…အရွယ်စုံ သွားလာနေကြသည်မှာ ဘယ်နိုင်ငံနဲ ့မှ မတူသော မြန်မာဓလေ့ မြင်ကွင်းလေးပင်။
ပွဲလာသူတွေကလည်းပုံစံ အမျိုးမျိုး။ ဆောင်းပွဲခင်းမို ့ အနွေးထည်ရောင်စုံလေးတွေနဲ ့..ဆောင်းအလှကို အားဖြည့်ထားသည်။ တချို ့ကလည်း အသက်ကြီးကြီးမို ့ဆေးလိပ်ဆေးတံခဲထားရင်း ခြုံစောင်ကြီးတွေ လွှမ်းခြုံထားရင်း အာပေါင် အာရင်းသန်သန် ပြောကြ …အော်ကြ..နုတ်ဆက်ကြနဲ ့။
တခါတခါ ဆောင်းရာသီနဲ ့ဘယ်လိုမှ ရစ်သမ်မကိုက်သော မြင်ကွင်းလည်းတွေ ့ရသည်…။
အင်မတန်ချမ်းနေသော အချိန်မှာတောင် ဖာလူဒါ အအေးသောက်နေသော မိသားစုများ..လူငယ်ကောင်လေး ကောင်မလေးများကိုတွေ ့ဘူးသည်။
တောတောင်ထဲမှာဘဲ တောင်သူလုပ် တောင်ယာလုပ်သော သူများဖြစ်သည့် သူတို ့တစ်တွေ ပိုက်ဆံရှိပေမယ့် မြို ့ဆိုင်များမှာသာ ရနိုင်သော အအေးမျိုးစုံနဲ ့ နာမည်ကျော် ဖာလူဒါ ဆိုတာမျိုးကို
ဘုရားပွဲတော်များနှင့် နာမည်ကျော် ပွဲများမှာသာ မြို ့က လာရောင်းချသော ဆိုင်များမှာ သောက်ဘို ့ အခွင့်အရေးပင်..။
တစ်ခြားစားပွဲမှာ မှောင်ရိပ်ခိုရင်း ဦးထုပ်အဝိုင်းကြီး ခပ်ငိုက်ငိုက် ဆောင်းလျှက် လ္ဘက်ရည် သောက်နေသော ကျနော့်အဘို ့ ပထမဆုံးအကြိမ် မြင်ကာစမှာ အထူးအဆန်းဖြစ်ခဲ့သည်..။
ကိုယ့်အဘို ့ သိချင်စိတ် သိပ်ပြင်းပျလို ့တစ်ခါက မေးခဲ့ဘူးတာလေးကို တွေးရင်းပြုံးမိသည်။
“ ဒီလောက်အေးနေတာကို ဖာလူဒါ သောက်တော့ ပိုပြီး မချမ်းဘူးလား”
“ ဖာလူဒွာ က တစ်နှစ်မှ တစ်ခါ နှစ်ခါလေး သောက်ရတာ.. ဆောင်းတွင်း မသောက်ကောင်းဘူးလား..
ချမ်းတော့လဲ စောင်ခြုံပြီး သောက်မှာ..နောက်ဆို သောက်ရမှာမဟုတ်ဘူး ဦး ရဲ ့” ဟု ဖြေတော့
ကိုယ့်မှာ မပြုံးနိုင်…“ အော်…ဘဝ တွေ ဘဝတွေ”လို ့သာ တိုးတိုးလေး ညဉ်းခဲ့ရသည်။
ဆောင်းတွင်း ချမ်းလျှက်ပင် မသောက်ဘူးသော အရာကို မေးချင်းရိုက်ပြီး သောက်နေသူတို ့ကိုသာ
ကရုဏာ သက်မိသည်.။
တစ်ချို ့လည်း အနွေးထည်လှလှလေးတွေ ဝတ်ထားသည်။ တစ်ချို ့တော့လည်း စောင်ခြုံကြသည်။
တစ်ချို ့ ဘာမှ မရှိလို ့ ဝတ်ထား ခြုံထားခြင်းမရှိသော လူတွေလည်း တွေ ့ရသည်.။
အဆိုးဆုံးက ချမ်းလျှက် ဝတ်စရာကလည်း အနွေးထည်မရှိ..ပွဲကလည်း ကြည့်ချင်သောကြောင့် ရောက်လာတဲ့ ကလေးငယ်လေးတွေကို နှုတ်ခမ်းပြာပြာလေးတွေနှင့် တွေ ့တဲ့အခါ စိတ်ထဲမှာ မကောင်း။
ဘယ်လိုဘဲ ဖြစ်ဖြစ် ကလေးလူကြီး ချမ်းတဲ့ရာသီမှာ အနွေးထည်လေး တစ်ထည်စီတော့ ရှိစေချင်မိသည်။
သူတို ့တစ်တွေ မချမ်းတတ်လို ့တော့ ဟုတ်ဟန်မတူ။
မရှိလွန်းလို ့သာ ဖြစ်ပေလိမ့်မည်။…………………………………………………..
လူသတ္တဝါမှန်သမျှ ချမ်းတတ်ကြတာပါဘဲ…။
ဒါဖြင့် လူတိုင်းမှာ အနွေးထည်ရှိလားဆိုတော့…..မရှိတတ်ကြပါ။ ချမ်းနေသော ကလေးများကိုကြည့်ရင်း
တစ်ခါက တွေ ့ဘူးသော ကောင်မလေးကို သတိယမိသည်။
တစ်ခါတုန်းက အဖြစ်လေးပါ…ကြာတော့ကြာခဲ ့ပါပြီ…။ …………..
……
မော်လမြိုင်ဇာတ်တွေ တော်တော်များများက ရေးမြို ့နယ်ကို အားထားပြီး ကကြတာ များပါတယ်…။
ကျနော်တို ့လည်းရေးခွင်တွေကို ပိုပြီးကရပါတယ်…။ ဇာတ်မင်းသားဆိုတာ ပရိတ်သတ် မိတ်ဆွေ ပိုများပါတယ်..။
များတာမှ လူစုံ၊ ၁၂ရာသီ ပွဲဈေးရောင်းသူပါတယ်၊ လောင်းကစားသမားမျိုးစုံပါတယ်..။ကျနော့်ကို ခင်လည်းခင်ကြတယ်…။
တစ်ချို ့ဆို ပန်းချီဆွဲတတ်မှန်းသိလို ့ သူတို ့ကစားမယ့် လေးကောင်ဂျင်တွေ ကြက်၊ဝက်ဖားတွေပါ လာလာ ဆွဲခိုင်းတတ်ကြသေးတာ..။
သူတို ့အဖြစ်တွေကို သိနေတော့ ကူညီမိတာပါဘဲ…။ ဒီလိုလေ…တစ်ချို ့က ဒိုင်ကိုင်ကြတာများပါတယ်…၊သူတို ့က နည်းမျိုးစုံနဲ ့လိမ်တာပါဘဲ…။
တခါတခါ ကတုံးပေါ်ထိပ်ကွက်၊ ဂျင်ပေါ်ကထုံးတွေနဲ ့တွေ ့ရင် သူတို ့ပျာပြီ…ငွေရင်းပြုတ်တဲ ့အပြင်..ကစားတဲ ့အခင်းစ
( အောက်ခံ ပုံတွေနဲ ့အခင်း…ကျနော်မခေါ်တတ်ဘူး) ပါပေးလိုက်ရတာ၊ ထိုးသားက သိမ်းသွားတာ ခံကြရပါတယ်…။
ဒါသူတို ့ထိတာပါဘဲ..။ ဒါဆို နောက်ရက် အခင်းစ အဖြူ သို ့မဟုတ် အပြာစလေးကိုင်ပြီး…ကျနော်အိပ်နေရင် မနိုးမချင်း
ခြေရင်းမှာ ငုတ်တုတ်ထိုင်စောင့်နေတာ…နိုးလာမှ မျက်နှာငယ်လေးနဲ ့ အကိုရယ် အရုပ်လေးဆွဲပေးပါဦး…ညက ညီလေးထိသွားလို ့
ဘဝတွေ ပျက်နေပါပြီ…ဘာ ညာ နတ်သံလေးနှောပြီး ကြက်တွေ ဖားတွေ ဝက်တွေ ဆွဲခိုင်းတော့တာပါဘဲ….။
ကိုယ်ကလဲ အဲဒီအချိန်ဆို အပေါ်ကနေ ဖိဟောက်ပြီး တရားဟောရတာပေါ့…အေး မင်းတို ့သမလိုက်လို ့ခွက်ချွတ် လက်ချွတ် ဖြစ်သွားလို ့မျက်ရည်ကျနေတဲ ့ မိသားစု တွေကို ကိုယ်ချင်းမစာဘူးလား….ဘာလားပေါ့…အဲလိုပြောရင် ကိုယ့်ကိုတောင် ပြန်တရားဟောသေးတာ…..
“ ကိုမင်းသား…လောင်းကစားမှန်သမျှ လိမ်တာ..သူတို ့သိတယ်..အကို သိပ်မသိဘူး…လောင်းကစားလုပ်လို ့မချမ်းသာတာလဲ သူတို ့သိတယ်..ဒါပေမယ့် သူတို ့လုပ်တာဘဲ…သူတို ့မိုက်တာပါ…။ညီလေးတို ့က သမာအာဇီဝ ဝမ်းစာရှာနေတာပါ…အတင်းမခေါ်ဘူးနော် ကိုမင်းသား…အကိုသိလား”…။
အဲဒီအခါကျ ကိုယ့်မှာ ဘယ်သူ ့ကို စိတ်တိုရမှန်းမသိပါဘူး…။
လောလောဆယ်တော့ သူ ့အခက်အခဲလေးကိုကူညီ လိုက်တာပါဘဲ…။ လာပြီးခိုင်းတတ်ကြလွန်းလို ့ကိုယ်ကလဲ သင်္ဘောဆေးတွေပါ အမြဲဝယ်ထားရတာ..။
ပြောတော့ ပြောရတာပေါ့…
“ အေး….လူဆိုတာ ချမ်းသာချင်တိုင်းမချမ်းသာပါဘူး…ကံ၊ဉာဏ်၊ဝီရိယ ၃ခုလုံးပြည့်မှ….အတိတ်ကံ အကျိုးပေးရင်တော့ ချမ်းသာပါလိမ် ့မယ်…သူများကိုတော့ မလိမ်ပါနဲ ့ကွာ၊ လူမိုက်အားပေးလဲ ငါမလုပ်ချင်ဘူး”…..ဒီလိုပြောလို ့အကျွတ်တရားရသွားတယ် မထင်နဲ ့ဦး…
“ အကိုမင်းသား…ကစားဝိုင်းတခုမှာ ဒိုင်က ၁ယောက်ဘဲ နော်…အကူ နဲ ့အလံရှုးနဲ ့မှ ၃ယောက်….ကျနော်တို ့လူမိုက်ဆိုရင်…
ကစားဝိုင်းတခုမှာ ထိုးသားက ၂ဝကျော်တယ်…ဘယ်လူမိုက်က ပိုများလဲ…အကိုစဉ်းစားနော်”တဲ ့။
“ ဟာ…ဒီကောင် ငါ့ကို စကားကပ်နေပြန်ပြီဆိုမှ…ကိုယ်တော်တွေက စပ်ဖြီးဖြီးနဲ ့ထွက်ပြေးတာ..။
ဒီလူတွေ စကားပြောကတော့ ကျလောက်တယ် ..ဒါကြောင့်လဲ ကစားချင်သူတွေများတာ….
တစ်ချို ့များ ပုံဆွဲခိုင်းရင် ပြဇာတ်ကနေသလိုဘဲ…ဒိုင်တွေပစ်နေတာ…
“ အကိုမင်းသား…ပွဲကနေရင်း တခုခုဖြစ်ရင် ပြောနော်…ညီလေးအသက်ပါရင်းပစ်လိုက်မှာ” ဆိုတာက လာသေးတော့။
သူတို ့ကို ဆွဲပေးလို ့လဲ ကျနော်က ငွေကြေးတစ်ပြားမှ မယူပါဘူး…။ သူတို ့တွေကတော့ ဆေးလိပ်တွေ လ္ဘက်ရည်တွေ ဝယ်ပို ့ပေးပေမယ့် သိပ်မျိုမကျပါဘူး….မလွှဲသာလွန်းမှသာ သောက်ပြရတာ..။
မျိုမကျတဲ ့အထဲမှာ တစ်ည ပြဇာတ်ကနေတုန်း မိန်းကလေးတစ်ယောက်ရောက်လာတာ…လာမိတ်ဆက်တော့လဲ ကိုယ်ကလဲ စကားဝတ်ကျေရတာပေါ့…။ စကားပြောနေရင်း ကျနော့်အဝတ်တစ်ချို ့ကို သူမက ယူပြီးခေါက်ပေးပါတယ်…
မလုပ်ပါနဲ ့ပြောလဲ မရပါဘူး….
“ ရပါတယ် ..အကိုရယ်…ပင်ပန်းမကြီးပါဘူး” လို ့ပြောသေးတယ်..။
သူ ့မှာ အဖေတွေ အကိုတွေ မရှိဘူးတဲ ့…သူ ့အကြောင်းတစ်ချို ့ပြောပြပါတယ်…
နောက်သူက …
“ ညီမကြားတာက အကိုမာနသိပ်ကြီးတယ်လို ့ကြားတာ”
“ မဟုတ်တရုတ်ကိစ္စဆို ငါက သိက္ခာ အပွန်းမခံဘူး…မာနကြီးတယ်…ကျန်တဲ ့ကဏ္ဏဆိုရင်တော့ လူက လူဘဲ…”
ကျနော့်စိတ်ထဲမှာက ဒီမိန်းကလေးကို ကစားဝိုင်းကဘဲ ထင်နေခဲ ့တာကိုး…။
ခင်မင်စရာတော့ ကောင်းပါတယ်…ညိုချောလေးပါ…သက်တူရွယ်တူလောက်ပါဘဲ..။
ဒီမိန်းကလေးလာတိုင်း ကျနော့် အကူကောင်လေးက ကွက်ကြည့်ကွက်ကြည့်နဲ ့ပါ..ဘာမှတော့ မပြောဘူး…။
သူလာရင် လ္ဘက်ရည်ဝယ်လာပေးတတ်ပါတယ်…တခါတခါ ဆေးလိပ်ဘူးဝယ်လာတတ်ပါတယ်….။
ကျနော်က ယူမလာဘို ့ပြောရင် သူမ မျက်နှာငြိုးနေတတ်တယ်..။
ဒီလိုနဲ ့၂ပွဲ၃ပွဲ ဆက်တိုက်ကနေရင်း လာနေတော့ ခင်သွားမိပါတယ်…။ တညတော့ နှစ်ပါးသွားပြီးလို ့နားနေတုန်း သူမ
ရောက်လာပါတယ်…ခေါက်ဆွဲကြော်ထုပ်လေးနဲ ့ပါ…။
မစားချင်ဘူးပြောလဲ မရဘူး…အတင်းဘဲ။ နော်လုံးဝမစားဘူး…ကိုယ့်ဘာသာစားဆိုမှ…သူမဆီက စကားသံ ထွက်လာပါတယ်…
“ အကို ညီမကို ဘာလို ့ထင်သလဲ” တဲ ့..ကိုယ်ကလည်း ကိုယ်ထင်တာ ကိုယ်ပြောတာပေါ့…
“ မင်း…ကစားဝိုင်းက မဟုတ်လား” ဆိုတော့ သူမက ခေါင်းရမ်းပြီး ပြုံးနေပါတယ်…
“ ဒါဖြင့် ဘာလဲ…”
“ ညီမက ပြည့်တန်ဆာ တစ်ယောက်ပါ” တဲ ့…။
..ကျနော် အရမ်းအံ့ဩသွားတာ..မင်းဘာဖြစ်လို ့ဒါတွေ လုပ်တာလဲလို ့ကျနော်ဆူတဲ့ အခါမှ…
အဆင်မပြေတဲ ့ဘဝရဲ ့အကျိုးပေးပေါ့လို ့သူမက လေသံအေးအေးနဲ ့ဘဲ ပြောပါတယ်…။
“ ညီမကို အရင်တွေ ့တဲ ့မင်းသားတစ်ချို ့က ညီမဘာလဲဆိုတာသိတယ်…သူတို ့လိုချင်တာကိုလဲ ယူတတ်ကြတယ်…
ဒါပေမယ့် အကို ့ဆီလာတော့ အခါတိုင်းဆက်ဆံသလိုမတွေ ့ရဘဲ..အကိုတစ်ယောက်လို ညီမတစ်ယောက်လိုဆက်ဆံတာတွေ ့ရတော့ ခင်မိတာပါ…ညီမ လုပ်စာကို ဘယ်မိဘမှ မကျွေးခဲ ့ရပါဘူး…အကိုတွေ မောင်တွေလဲ ကျွေးခဲ ့ရပါဘူး….ညီမဘဝမှာ အမှတ်တရ ဖြစ်ချင်လို ့…အကို ့ကို ကျွေးတာပါ..အကိုမသတီဘူးဆိုရင်တောင်…ညီမလေးစိတ်ချမ်းသာအောင် နဲနဲလေးလောက်စားပြပါ…
ညီမ ကျေနပ်ပါတယ်…ဆေးလဲခတ်မထားပါဘူး…” ပြောရင်းနဲ ့သူ ငိုနေတယ်ဗျာ…။
ကျနော်မိဘတွေ သတင်းစာကနေ“သားအဖြစ်မှ စွန် ့လွှတ်ခြင်း” လို ့ကြော်ငြာတဲ ့စာပိုဒ်ကို ဖတ်ရတုန်းက ကျနော် စိတ်ထဲမှာ
ဘာမှ မဖြစ်ခဲ ့ပါဘူး….အခု ကျနော် စိတ်ထိခိုက်သွားတယ်ဗျာ….။
ကျနော် ဘယ်လိုငြင်းရမလဲ…..
ကျနော် ဘယ်လိုစားရမလဲ….
ကျနော်ဘယ်လို မျိုကျနိုင်မလဲ….။
သူဘဝလေးကို သိကာမှ သူမကို သေချာပြန်ကြည့်မိတော့…။
ညိုရောင်ရောင် ဆံနွယ်စလေးတွေ……မှာလဲ အပြစ်ရှာလို ့မရ…
အားငယ်ရိပ် သန်းနေတဲ့ မျက်ဝန်းလေးတွေ….မှာလဲ အပြစ်ရှာလို ့မရ….
နှာတံ စင်းစင်းလေးမှာလဲ အပြစ်မရှိ…တစ်ဆတ်ဆတ် တုန်နေတဲ ့နှုတ်ခမ်းလေးမှာလဲ အပြစ်မရှိ…
ရုတ်တရက် ကျနော် ဆွဲကိုင်လိုက်သော သူ ့ရဲ ့အေးစက်စက် လက်ချောင်းလေးများမှာလဲ အပြစ်မရှိ…
သူမ တစ်ကိုယ်လုံး အပြစ်ဆိုတာ မရှိပါ….။
နောက်ဆုံး သူ ့မျက်နှာကို သေချာ စိုက်ကြည့်ရင်း…..“ သူသာ…ငါ့ညီမလေး ဆိုရင် ”ဆိုတဲ ့အတွေးနဲ ့…..
“ ကဲ…ဒါဆို ပန်းကန်ထဲထည့် ဒို ့အတူတူ စားကြမယ်”
ကျနော့် စကားကို ကြားလို ့အံ့ဩပြီးမော့ကြည့်နေတဲ ့ သူ ့မျက်နှာလေးကို ကျနော် ဘယ်လိုမှ မမေ ့နိုင်ခဲ ့ပါဘူး….။
ကျနော့်စိတ်ကို အာရုံ လွှဲပြီး…သူမ ကျေနပ်အောင်အတူစားခဲ ့ပါတယ်…။
ဒါကိုနောက်နေ ့ ဇာတ်ဆရာ ဘယ်လိုကြားလဲ မသိပါဘူး…ကျနော့်ကို ခေါ်ပြောတယ်..
“ ဒါလေးတွေကို…သိပ်အရောမဝင်နဲ ့…မင်းသားအတွက်ပြောတာပါ…မင်းသားစာရိတ္တကိုတော့ ယုံပါတယ်”တဲ ့..။
ဪ…လောကမှာ ကြည့်ပုံချင်း မတူနိုင်ကြပါလား….
ဒါပေမယ့် ကျနော် ကတိပေးလိုက်ပါတယ်..။
သူတို ့တွေ ကျနော့်ကွယ်ရာမှာ…ကောင်မလေးကို ဘာသွားပြောလိုက်လဲ မသိပါဘူး…..
နောက်ညတွေ သူမလာတော့ဘူး….။
၂ပွဲလောက်ပျောက်နေပြီး…
တစ်ညတော့ ကျနော့် တပည့်က တွေ ့လို ့အတင်းဆွဲခေါ်လာတယ်…ဒါတောင် သူမက အတင်းငြင်းနေတာပါ…
ကျနော့်ကိုတွေ ့တော့ သူ ကျိတ်ငိုနေတာ…မျက်နှာကလဲ ဖြူဖျောဖျောနဲ ့…ကျနော်မေးတော့…သူဖျားနေတာ…။
အနွေးထည်မပါ ဘာမပါနဲ ့…ရာသီကလဲ ဆောင်းရာသီ…။
သူ ့ကို ဆေးတိုက်ပြီး…ကျနော် အကြိုက်ဆုံး…ရှားနှစ်ရောင် ကုတ်အကျီ င်္လေး ပေးဝတ်တော့ သူမ မယူပါဘူး…အတင်းအော်မှ
ကြောက်ပြီး သူ ယူဝတ်တာပါ…။
“ နေကောင်းရင် ပြန်လာပေးမယ်..နော်..အကို ..ဒါပေမယ့် ညီမ မဝင်လာရဲဘူး”တဲ ့..။
ပြန်ပေးစရာ မလိုဘူး…ယူထား…လို ့ပြောတော့လဲ…ဘာမှ ပြန်မပြောပါဘူး….နောက်ကျနော့်အဝတ်အစားတွေကို ယူခေါက်ပေးဘို ့လုပ်တော့ တားရတာပေါ့…။
နောက်သူသွားအိပ်တော့မယ်ဆိုပြီး…ထွက်သွားပါတယ်..။
နောက်ညလဲ သူမလာတော့ပါဘူး….ကျနော့်တပည့်လေးက…
“ သူ ကုတ်အကျီ င်္ လာမပေးတော့ဘူးထင်တယ်….”
“ ငါ့ မှာ အများကြီးပါ…ပေးနိုင်ပါတယ်…ဒါပေမယ့် မင်း လူတစ်ယောက်ကို အထင်မသေးနဲ ့”
ကျနော့်စိတ်ကိုသိတော့ သူလဲ လန် ့ပါတယ်….ထပ်မပြောရဲတော့ပါဘူး…။
ဇာတ်ပွဲ သတ်မှတ်ရက်ပြီးလို ့ ပွဲကူးကြတယ်…ဇာတ်ကားကြီး စမောင်းထွက်နေချိန်မှ…ဟို အဝေးကနေ သူမ ကုတ်အကျီ င်္ ရှားညိုရောင်လေး မြှောက်ပြီး ပြေးလိုက်လာပါတယ်….။
ကျနော်က သူမကို နောက်ဆုံးလက်ပြပြီး…ယူထားလိုက်ဘို ့လက်ဟန်ဘဲ ပြလိုက်ပါတယ်…ပြီးတော့ ကျနော့် တပည့်ကို မင်းမျက်လုံး မြင်ပြီလား…လို ့တော့ တစ်ခွန်း ဟောက်လိုက်မိပါသေးတယ်…။
သူမကို ကျနော် နောက်ထပ် ဘယ်တော့မှ မတွေ ့ရတော့ပါဘူး…..။
ဆောင်းညလေးတွေမှာ…ကျနော် ဦးထုပ်ခပ်ငိုက်ငိုက်ဆောင်းရင်း ကျနော့် ညီမလေးကို ကျနော် ရှာနေတတ်ခဲ့တယ်…။
ကျနော့်ညီမလေး လိုနေတာ အရေးပြားချမ်းတာလေးလောက်လုံတဲ့ အနွေးထည် မဟုတ်ပါဘူး…
ဘဝလေးနွေးမယ့် နှလုံးသား နဲ ့ယက်လုပ်ထားတဲ့ အနွေးထည်လေးတစ်ထည်..
ကျနော့်ညီမလေးကို ကျနော် ပေးချင်ပေမယ့်….
ကျနော့် ညီမလေး ….ကျနော့် ဂုဏ်သိက္ခာအတွက်.. အဝေးကဘဲ ချောင်းကြည့်နေမယ်ဆိုတာ တွေးမိတိုင်း…..။
ဆောင်းည ပွဲခင်းတွေမှာ ကျနော် တိတ်တိတ်လေး ငိုတတ်ခဲ့တယ်..။
…………………………………။…………………………………..
သခင် ယေရှု ပြောခဲ့တဲ့ စကားလေး ရှိတယ်လေ…..
“ ကိုယ်နှင့် သက်ဆိုင်သောသူကို ၊ကိုယ်နှင့်အမျှ ချစ်ပါ” တဲ ့…။
ကျော်စွာခေါင်
32 comments
lele kyi
October 24, 2013 at 5:21 am
ဆြာခေါင်ရဲ့ ပို့စ်ကြောင့် diamonds in the eyes (မျက်ဝန်းထဲမှာမိုးရွာပြီ ညို..ဟိ) ဖြစ်သွားတယ်။
ဟုတ်တယ် လူတစ်ယောက် အပေါ်ကြည့်ပုံခြင်း ကွဲပြားကျတယ်။ “မရှိ ခိုးနိုး မလှ စုန်းရိုး” တဲ့ (စောရိုး ဟုတ်ဘူးနော်) စုန်းမျိုးလို့ပြောတာလည်းဖြစ်နိုင်ပါတယ် ကိုယ်ကစကားမပီလို့နေမှာ။ မေမေ ဆီကကြားရတဲ့ စကား။ ပြီးတော့ တစ်ယောက်ယောက် က ဒီလူ မကောင်းဘူး ဘာညာဆိုရင် လိုက်မုန်းကြတာပဲ။ ဒီလူက ဘယ်လိုတော်တာဘာညာဆိုလဲ ကိုးကွယ်လိုက်ကြတာပဲ။ ဒါနဲ့ အပေါ်ကပုံက ဒါ့ပုံလား ပန်းချီလားဟင်။ ဆြာခေါင်ရဲ့ ပန်းပုရုပ်လေးတွေပုံ မတင်တော့ဘူးလား။
sorrow weaver
October 24, 2013 at 9:49 am
ကျော်မပါပဲ..မမန့်တတ်ဘူးလား အကြည်….ရင်ထဲသိပ်ရှိနေတယ်ပေါ့လေ…ခုခွိခုခွိ
lele kyi
October 24, 2013 at 4:38 pm
စောရိုးပွကြီး မျက်မှန်ပျောက်နေသလားဟင်င်င်။” ကျော်” ဆိုတာပါလို့လား။ ကျော်ဆိုရင် ဘယာကြော်တောင် စိတ်မဝင်စားဘူး။ လက်ချ်မီး ကမှ ကြိုက်မှာ။ 🙂
ကျော်စွာခေါင်
October 25, 2013 at 1:21 am
အမ်းးးးး ရယ်နေတယ်..ခုခွိ ခုခွိနဲ ့ ရင်ထဲရှိတယ်..နဲ့..ကြည့်လုပ်
ဟိုက စိတ်တိုပြီး လေယာဉ်နဲ ့ ဝင်တိုက်နေမှ…..။
ကျော်စွာခေါင်
October 25, 2013 at 1:19 am
မလဲ့
မိုးရွာသွားတယ်လားးးး
စကားပုံက မရှိခိုးနိုး၊ မလှ စုန်းယိုး ပါ။။
မရှိဆင်းရဲသားများ ကိုယ်အိမ်နားလာရင် ခိုးများခိုးလေမလား လို ့ ခိုးနိုးနိုး ထင်တယ်..
မလှတဲ ့သူကို တော့ ရုပ်ဆိုးတော့ စုန်းမအထင်နဲ ့ ယိုးစွပ် တယ်.. အဲလိုပါ..
မလဲ့ စကားပီပါတယ်..။ ပန်းပုရုပ်လေးတွေ တင်မှာပါ..ဒီတစ်ခါ တင်ရင် လုပ်ပုံလုပ်နည်း စနစ်လေးတွေပါ တင်ဘို ့ စိတ်ကူးထားလို ့ပါ..။ နည်းနည်းတော့ အချိန်ပေးရမယ်..။ အပေါ်ကဟာ ဓါတ်ပုံပါ..။
inz@ghi
October 25, 2013 at 1:10 pm
လိမ်ပြောတတ်တဲ့ ဖဲဝိဇာ တွေများ … နောက်တခါ မလိမ်တော့ဘဲ မှတ်သွားအောင် ပါးကို ဂုန်နီအိတ်ချုပ်တဲ့ အပေါက် ၂ပေါက် ဖြစ်အောင် ထိုးပေးလိုက်တာတောင် အမှတ်မရှိဝူးတဲ့ခည …
အာဟိ
lele kyi
October 25, 2013 at 3:38 pm
အယ်..ဖါးရုပ်ဆိုးရဲ့ ကိုယ့်တွေဖြစ်ရပ်တွေလား။ ဝဋ်ကြီးလိုက်တာနော် ငရဲမင်းကြီးနဲ့တွေ့ခဲ့သလား။ အယ်လ်အေ လိုက်လယ်ဖို့ မဖိတ်ခဲ့ဘူးလား။ မီလီယံ ဘစ်စနက် နဲ့တေ့လွဲလွဲခဲ့ပြန်ပြီ။
စောရိုးအတွက် သင်းဘောဆောက်နေတယ် ပြီရင် ကက်ပတိန်ဦးဖောနဲ့ ချိဖ်မိတ် ကရင်စီ လက် အပ်ပြီး မသေမချင်း တိုက်ခိုင်းရမယ်။
KZ
October 24, 2013 at 5:38 am
😥
ဦးကျောက်ခဲ
October 24, 2013 at 7:37 am
အကိုကြီး တရုတ်ဓားသိုင်းကပြီ…
အော်ရီဂျင်နယ်ဇာတ်သိမ်း နောက်ဆက်တွဲစကားလေးက ပိုလှသလားလို့…
ဘာပဲဖြစ်ဖြစ် ကျောက်စ်တို့ရွာထဲ အကိုကြီးရှိနေတာ ဂုဏ်ယူပါ၏…
😀
ကျော်စွာခေါင်
October 25, 2013 at 1:23 am
ကိုကျောက် နည်းနည်းလေး လိုတိုးပိုလျှော့ပေါ့..။
အရမ်းကို မြှောက်တာဗျဲ….။
Ma Ma
October 24, 2013 at 7:46 am
ညီမလေး ချမ်းနေရှာမှာပဲ ….ဆိုတဲ့ ဆြာခေါင်ရဲ့ စိတ်အရင်းခံကြောင့် တပိုင်းတစနွေးထွေးမှုကိုတော့ ညီမလေး ရသွားရှာမှာပါ။ 🙁
sorrow weaver
October 24, 2013 at 9:53 am
ဆြာခေါင်ကွ…ယောက်ျားပီသ ပြတ်သားတဲ့ စိတ်ဓါတ်ကိုပြသလိုက်နိုင်တယ်…ဂုဏ်ယူစရာကြီးဗျ..အဲ့မျိုးက …
ကျော်စွာခေါင်
October 25, 2013 at 1:24 am
Thank
surmi
October 24, 2013 at 10:20 am
ဟာ !!¡¡
ဆရာခေါင်ရေ ..
အတွေ့နောက်ကျလေခြင်းဗျာ..ဟဲဟဲ
ကျနော်လည်း ဇတ်ဝါသနာအိူးဗျ
ရွာထဲမှာတောင် ပြဇတ်ရေးလိုက်သေး..ဟေးဟေး..
နောက်ဆို .. ဆရာခေါင်ကို မင်းသားလုပ်ခိုင်းတော့မယ်.. 🙂
အတည်ပြောမယ်ဗျာ…
ဆရာခေါင်ပြောတဲ့ မြင်ကွင်းမျိုးတွေ ကျနော်လည်းကြုံခဲ့ရသားဗျ..
နေရာနဲ့အခြေအနေခြင်းတော့နဲနဲလွဲတာပေါ့လေ..
အဲ.. ပွဲခင်းထဲကမြင်ကွင်းတွေကတော့အတူတူဘဲဗျို့..
ကိုယ့်ဟာကိုယ်လွမ်းကောင်းတုန်းဒါလေးဖတ်လိုက်တော့….
ငိုချင်လျက် လက်တို့ဖြစ်သွားပြီ အစ်ကိုကြီးရေ…
ကျော်စွာခေါင်
October 25, 2013 at 1:29 am
ကိုဆာ…
ကျနော်ကလည်း ကိုဆာ့ ဇာတ်လမ်း ညို ့ကို ဖတ်ပြီး လွမ်းနေတာ….။
ဇာတ်လမ်းရေးတာ ဝါသနာပါတယ်ကြားတော့ ဝမ်းသာပါတယ်..
နောက်ဆုံကြတာပေါ့ အကို..။
တွေ ့ကြုံရတဲ့ ဘဝတွေက အများကြီး..။ဒါလေးရေးချင်လို ့ ကွယ်ဝှက်သောပုံရိပ်ကို တင်လိုက်တာပါ.. နောက်မဆို ဖတ်တဲ ့သူတွေ ဇဝေဇဝါ ဖြစ်နေမှာစိုးလို ့..။
MAUNG
October 24, 2013 at 10:22 am
nice post Bro 🙂
ကျော်စွာခေါင်
October 25, 2013 at 1:29 am
Thank.. Maung
kyeemite
October 24, 2013 at 1:56 pm
ထင်တော့ထင်သား…ကိုကျော်စွာခေါင်က မင်းသားရုပ်လို့
လွမ်းစရာမို့လွမ်းပါသည်ပေါ့…လေးစားပါတယ်ဆြာခေါင် 🙂
ကျော်စွာခေါင်
October 25, 2013 at 1:32 am
ဟောာာာ ကိုမိုက် ..
ဟိုမှာ ကိုမိုက်ကို အားနာလို ့ အားလုံးကို တောင်းပန်ထားတယ်နော်..
ကျနော် တစ်ကယ် မဖတ်မိလို ့ပါ..။
ခုလည်း အတူလွမ်းကြတာပေါ့..။
ဗုံဗုံ
October 24, 2013 at 4:00 pm
(ကိုယ်နှင့် သက်ဆိုင်သောသူကို ၊ကိုယ်နှင့်အမျှ ချစ်ပါ” တဲ ့…။)
ချစ်ခဲ့တာပေါ့.. 😥
ကျော်စွာခေါင်
October 25, 2013 at 1:35 am
ဗုံဗုံ
ဦးက ဗုဒ္ဓဘာသာ ဆိုပေမယ့်…
အဲဒီ စကားလေးကို နှစ်သက်လေးစားတယ်…။
ဒါကြောင့်လည်း ညီမလေးလို ချစ်ခဲ့တာပါ.. ဦးခေါင်က မိသားစု မောင်နှမ မေတ္တာ ငတ်တယ်..ဗုံဗုံ ရဲ ့..။
အရီးခင်
October 24, 2013 at 4:48 pm
မြန်မာပြည်မယ် တစ်ချို့ တန်ဖိုးကြီး လယ်သာကုတ် ကြီး ကို ဝတ်ပြီး ကြွားချင်လို့ ချွေး တစ်လုံးလုံး နဲ့ ဝဋ်ခံပြီး ဝတ်ကြရတာ တွေ့ဖူးသေး တော့ ပန်းချီဆရာ ဇာတ်မင်းသား ရေ။
ရီစရာ။
အလွမ်းစာ တွေမှာ ဝင်နှောက်နေတာ စိတ်မရှိပါနဲ့။
ခေါင်းရှင်းချင်လို့ ဟာသ လုပ်နေရတာပါ။ 😛
ကျော်စွာခေါင်
October 25, 2013 at 1:36 am
အရီးခင်..
စိတ်ဆိုးစရာလား… ခင်မင်လို ့ ပြောကြတာကို..။
Mr. MarGa
October 24, 2013 at 4:48 pm
ဘယ်လိုပြောရပ
ဒီလိုပြောမယ်
တန်ဖိုး ဆိုတာကို
သတ်မှတ်ပုံ ကွာတာကြောင့်
လူတွေကို မြင်တဲ့အမြင် ကွာသွားတယ်လို့ ထင်မိပါကြောင်း
ဆိုင်တာမဆိုင်တာတော့မသိ မန့်ခဲ့ပြီ…..
ကျော်စွာခေါင်
October 25, 2013 at 1:37 am
ဖိုးသကြားရေ
ဆိုင်တာပေါ့…ညီလေး ထင်မြင်ယူဆချက်လည်း မှန်တာပါဘဲ…။
TNA
October 24, 2013 at 6:21 pm
ဆြာခေါင်ရေမျောသွားတာပဲ။ ရေးတတ်လိုက်တာ ဘယ်လိုပြောရမှန်းတောင်မသိတော့ပါဘူး။ ရွေးချယ်စရာများများမရှိတဲ့ဘဝတွေအတွက် ဘယ်သူ့ကိုအပစ်တင်ရမှန်းတောင်မသိတော့ဘာဘူးရှင်
ကျော်စွာခေါင်
October 25, 2013 at 1:40 am
မနုအေး
မျှဝေခံစား မျောပေးတဲ့ နှလုံးသားနဲ ့စိတ်ထားလေးကို ကျေးဇူးပါ.
အနီးကပ်နေကြည့်မှ အနှိမ်ခံ ဘဝလေးတွေ ရဲ ့အတိမ်အနက်ကို ပိုသိတာ…။
alinsett
October 24, 2013 at 9:06 pm
ကျွန်တော့်မှာ…
အနွေးထည် မရှိဘူး…။
အဲဒီအတွက်…
ကျွန်တော်…..
ဒီ အဖြစ်အပျက်ကို..ပိုခံစားရတယ်..။
Mr. MarGa
October 25, 2013 at 9:32 am
မရှိ ဝယ်ပေါ့ဟ ဟီဟိ
ကျော်စွာခေါင်
October 25, 2013 at 1:49 am
အလင်းဆက်…
ကမ ္ဘာကြီးရဲ ့ တနေရာမှာ…
မြက်ခင်းတခုပေါ့..
နှလုံးသားဗဟိုပြုလို ့…အချစ်တွေ ယိမ်းတဲ့အခါ
မြက်ခင်းတွေ စိမ်းမှာပေါ့..
လှည့်စားချင်သူ လေယူရာတိမ်းသူအတွက်.
နှလုံးသား ပဉ္စလက်
အရောင်ရဲ ့လှည့်ကွက်နဲ ့…ပ ထုတ်တတ်တယ်..။
ကြင်နာခြင်းမိုးစက်တွေ နမ်းတဲ့အခါ..
နှလုံးသားဟာ မြစိမ်း ကဗ္ဗလာပေါ့ ချစ်သူ..။
မင်းလက်လေးတွေ မငြူစူဘူးဆိုရင်
မြက်ပင်လေးတွေ ချည်ငင်လို ့
ယက္ကန်းခတ်လိုက်ပေါ့
ကိုယ်တောင့်တ တဲ ့
နှလုံးသား အနွေးထည်…။ ။
nozomi
October 25, 2013 at 5:27 pm
ကျနော့်ညီမလေး လိုနေတာ အရေးပြားချမ်းတာလေးလောက်လုံတဲ့ အနွေးထည် မဟုတ်ပါဘူး…
ဒီ လို လိုတယ်ဆိုတာ သိဘို့ကလဲ မြင်တတ် ခံစားတတ် ကိုယ်ချင်းစာတတ်မှ ဆရာခေါင် ရဲ့
Swal Taw Ywet
October 25, 2013 at 5:43 pm
ဒါမှ မန်းဂဇက်ရွာ သူား ( တွေ ) ကွ။
နောက်တခါတွေ့ဆုံပွဲ အတွက် သဂျီးတောင် အေနွေးထည်တွေ ဝယ်နေလောက်ပြီ။
တန်ဘိုးဆိုတာ သတ်မှတ်သူရဲ့ ရင်မှာ သာ တည်ပါတယ် တဲ့။
လိုနေတာတွေ ဖြည့်ပေးနိုင်ဘို့ ကြိုးစားကြတာပေါ့ဗျာ။
Let’s try our best for our mother land.
With respect,
Swal Taw Ywet.