စားပွဲထိုးလေးရဲ ့သူငယ်ချင်း
တစ်ခါက စားပွဲထိုးလေး…ခေါင်
တခါတလေမှ မဟုတ်ပါဘူး……
လဘက်ရည်၊ ကော်ဖီ သောက်တိုင်း နင့်ကို လွမ်းတာ…။
ငါက ကော်ဖီကြိုက်တယ်…နေ ့တိုင်းသောက်တယ်၊ ငါ ့ဘဝထဲကနေ ကော်ဖီ ဆိုတာ ပျောက်နိုင်မှာ မဟုတ်သလို ဖြူစင်မှုတွေနဲ ့ ခင်မင်
ခဲ ့ရတဲ ့ နင့်ကို ဘယ်တော့မှ မမေ့ပါဘူး…..။
တခါတခါ တွေးမိတယ်….
ငါ ဘယ်ရောက်နေတာ နင် မသိနိုင်သလို ….
နင် ဘယ်ရောက်နေလဲ ဆိုတာ….ငါမသိပါဘူး…..၊ တွေ ့ချင်သေးတယ်ဟာ….
ငါ …နင့်ကို ကျေးဇူးဆပ်ချင်တယ်…။
စန္ဒယားသံလေးတွေ ကြားရင်ပိုလွမ်းတယ်…
လွမ်းတယ်……ခင်မ ရေ၊၊
…………………………………………………………………….
ခြုံပင် သစ်ပင်တွေ ၊အမှောင်ရိပ်တွေ ကြားမှ ရထားကိုသာ ရင်ခုန်စွာ စောင့်ကြည့်နေမိသည်…
မန္တလေး.မြစ်ကြီးနား အဆန်ရထား…..ထွက်တော့မည်….ဒီရထားနှင် ့ လိုက်သွားဘို ့ဆုံးဖြတ်ထားပေမယ့် မီးရောင်အောက်ကို မထွက်ရဲပါ…။ မတော်တစ်ဆ အိမ်ကလူတွေ လိုက်ရှာရင်းတွေ ့သွားလျှင် မလွယ်ပါ…ပြသနာက ပိုကြီးနိုင်သည်..။
ဒါကိုတွေးမိလို ့လဲ အလင်းရောင်ထဲ မထွက်ဘဲ၊ အမှောင်က စောင့်နေခြင်းပင်….။
ဟော……ရထားစထွက်ပြီ…။
ရထားလက်မှတ်မပါဘဲ ရထားခိုးစီးမှာ ဖြစ်သည့် အတွက် ရထားတွဲထဲကိုတော့ မဝင်ရဲပါ..။
အပြင်ကသာတွယ်စီးဘို ့ဆုံးဖြတ်ထားပြီးသား…။
ညမှောင်မှောင်မှာ တွေးပြီး ကြောက်မိသော်လည်း….မတတ်နိုင်ပါ…။ ရထားအရှိန်မပြင်းခင်လေးမှာပင် ခုန်တွယ်လျှက် ရထားတံခါး
ဝမှာ တွယ်လိုက်သွားလိုက်သည်….။တခါမှ ရထားခိုးမစီးဘူးလို ့ နဲနဲကြောက်မိသော်လည်း စိတ်ကိုတင်းထားလိုက်သည်….။
တံခါးပေါက်ဘေးက လက်ကိုင်ကိုကိုင်ပြီး လိုက်သွားရင်း ဆောင်းတွင်းအအေးက ပိုဆိုးလာသည်။
ရထားအရှိန်နှင့် လေတိုက်ခတ်မှု နှင်းတို ့၏ ရိုက်ခတ်မှုောကာင့် ခိုက်ခိုက်တုန်နေပြီ…။လက်တွေက ကျင်လာသောကြောင့်
တံတောင်ဆစ်နှင့် ကွေးပြီးချိတ်ထားရင်း အထဲကိုနောက်ပြန်ကြည် ့မိသော်လည်း၊ တံခါးကို အထဲမှ ပိတ်ထားသည့်အတွက် ဝင်ဘို ့လဲ
မလွယ်ပါ…အထူးတွဲ ဖြစ်ဘို ့များသည်.။
ဦးခေါင်းထက်မှ တစ်ဆင့်စီးလာသော နှင်းရေတို ့သည် မျက်နှာပေါ်စီးကျလာသော်လည်း နွေးနေသလို…။ မျက်ရည်နှင် ့ နှင်းတို ့သည်
ရောထွေးစီးဆင်းနေကြသည်။
တစ်ထပ်တည်းဝတ်ထားသော စစ်အကျီင်္ င်္ ပါးပါးလေးနှင့် ဂျင်းဘောင်းဘီက ဆောင်းဒါဏ် နှင်းဒါဏ်ကို မကာကွယ်နိုင်ပါ။ တစ်ကိုယ်လုံးအေးစက်ပြီး ခိုက်ခိုက်တုန်နေပါပြီ…။
ဘူတာတွေ တစ်ခုပြီးတခု ကျော်ဖြတ်လာပြိးနောက် ဇီးကုန်းဘူတာဝင်တော့မည်။ ဇီးကုန်းဘူတာ ရောက်လို ့ ရထားခဏရပ်လျှင်
ရရာတွဲထဲသို ့ ဝင်မှ ဖြစ်တော့မည်….။ ဘူတာဆိုက်လျှင် ပြောင်းမည်လို ့စိတ်ကူးနေဆဲမှာပင်..နောက်ကျောသို ့ ထောက်လာသော အသိကြောင့် လှည့်ကြည့်သော်လည်း အထဲကိုဘာမှ မမြင်ရပါ.။ သံဇကာကြားမှ ကျောကို ထောက်ထားတာ ဘာတွေမှန်းမသိသော်လည်း
တစ်ခုထဲမဟုတ် ၃…၄ခုဆိုတာတော့ စိတ်ကသိသည်…..ဘာဆိုတာဘဲ တွေးမရတာ…။
နောက်ဘူတာကို ဝင်လို ့ရထားအရှိန်လျှော့သွားမှ “ လုံးဝ မလှုပ်နဲ ့” ဆိုသော စကားသံ မာမာ ကို ကြားရသည်။
ကိုယ်ကလည်း ဘယ်လိုမှလှုပ်မရပါ..။
ထို ့နောက် မှ တွဲရှေ ့ပေါက်မှ စစ်သားတွေ သေနတ်ကိုယ်စီဖြင့် ၁ဝယောက်လောက်ဆင်းလာပြီး ဝိုင်းထားသည်။
မီးရောင်မှိန်မှိန်ဘူတာလေးမှာ လူတွေက မရဲတရဲ ဝိုင်းကြည် ့နေစဉ်မှာပင် အတင်းဖမ်းချူပ်ပြီး ရထားတွဲအတွင်းထဲကို အတင်းဖမ်းချုပ် ခေါ်သွားကြသည်။
တွဲအတွင်းထဲ ရောက်သောအခါ သီးခြားထိုင်နေသော စစ်ဗိုလ် တဦးကို တွေ ့ရသည်..၊ သေနတ်တွေကတော့ ဝိုင်းချိန်ထားဆဲပင်။
နောက်မှ စစ်ဗိုလ်က သူ ့ရှေ ့တည့်တည့်ခုံတွင်ထိုင်ခိုင်းပြီး……။
မေးခွန်းတွေ တစ်ခုပြီးတစ်ခုမေးပါတော့သည်။
“ ဘယ်ကလဲ”
“ဘယ်သွားမှာလဲ”
“ ဘယ်ဘူတာက တက်တာလဲ”
“ ကျောင်းနေလား”…စသဖြင့်စုံနေတာပါဘဲ…..။
ကိုယ်ကလည်း ပါလာသော စစ်လွယ်အိတ်လေးထဲက ကျောင်းစာအုပ်တွေကို ထုတ်ပြလိုက်သည်…။
စိတ်ထဲမှာတော့ ဘာလုပ်ဘို ့ခေါ်မှန်းလဲ မသိသောကြောင့် ကြောက်စိတ်တော့ မဖြစ်မိပါ…။
“ အိမ်က ထွက်ပြေးလာတာ” လို ့ တစ်ခွန်းပြန်ပြောလိုက်သော်လဲ ယုံကြည်ပုံ မရသေးပါ..။
အမျိုးမျိုးလှည် ့မေးနေသေးသည်။ ကျောင်းစာအုပ်ကို စစ်ဗိုလ်က ကြည့်လျှက် စာမေးသည်…။ ကိုယ်က ဖြေရသည်။
စာတွေ ရေးခိုင်းပြီး ကျောင်းစာအုပ်ထဲက လက်ရေးနှင့် တိုက်ကြည့်သည်…။
နောက်သူက “ မင်းချမ်းနေတယ် မဟုတ်လား” ဟုမေးသည်…။
ကိုယ်ကလဲ“ ချမ်းတယ်”ဟု ပြန်ဖြေသောအခါ စစ်သားတစ်ယောက်ကို ကော်ဖီ တစ်ခွက်ယူလာခိုင်းပြီး ကျနော့်ကို သောက်ခိုင်းသည်…။
“ မိဘတွေ ဘာအလုပ် လုပ်လဲ”
“ ကျနော့်အဖေကစစ်ထွက်ပါ”
“ ကိုယ်ပိုင်နံပါတ် ဘယ်လောက်လဲ”
“ ကျနော်ဘယ်သိမလဲ” လို ့ပြန်ဖြေတော့ သူကရယ်နေပြီး…………..
“ မင်းက ငယ်သေးတာဘဲ…..ကျောင်းသားအစစ်လို ့ငါယုံပါတယ်” လို ့ သူကပြောတော့…
ကျနော့်ကိုဘာလို ့အဲဒါတွေ မေးနေတာလဲဆိုမှ….
“ ငါတို ့ကို မိုင်းခွဲမယ်လို ့သတင်းရထားတာ…မင်းပုံစံနဲ ့ ကွက်တိဘဲ…”
စစ်ဗိုလ်ပြောပြသောပုံစံအတိုင်းဆို…ဖောက်ခွဲဘို ့(ကချင်အဖွဲ ့များက ရထားကိုခဏခဏ မိုင်းခွဲသည်)အတွက် ကျောင်းသားတစ်ယောက်လွှတ်ထားပြီး..အဝတ်အစားက စစ်အကျီ ်၊ဂျင်းဘောင်းဘီ၊ စစ်လွယ်အိတ်နှင့် ဆိုတော့….
“ အဲဒါ ကျနော် မဟုတ်ပါဘူး…ဗိုလ်ကြီးတို ့ကျနော့်ကို ဘယ်အချိန်မှာတွေ ့တာလဲ”
“ မင်းက ငါ ့ကို ပြန်မေးရဲတယ်…ကဲ ငါတို ့တွေ ့တာ ဇီးကုန်းဘူတာဝင်ကာနီးမှ…ဘာဖြစ်လို ့လဲ”
“ ကျနော်တက်လာတာ…ရွှေဘို အလွန် …..မြို ့က၊ အဲဒီကနေ ဇီးကုန်းကြားမှာ…အချိန်တွေ အများကြီးဘဲ….ဒီလောက်တောင်ချမ်းနေတာ
မိုင်းခွဲမယ်ဆို အစောကြီးခွဲပြီး ဆင်းနေခဲ ့မှာပေါ့….စဉ်းစားကြည့်ပါဦး…ကျနော်မဟုတ်ဘူး…နောက်ပြီး ကျနော်က ဝန်ကြီးမြေးနော်…
ဝန်ကြီး သူရ ဦး…………ဆိုတာ ကျနော့်အဘိုး”
“ ဪ…ငါလဲစဉ်းစားမိလို ့မင်းကို ကော်ဖီတောင် တိုက်တာပေါ့ကွ….နေပါဦး..မင်းက ဝန်ကြီးမြေးမို ့ငါ့ကို မကြောက်မလန် ့ပြန်ပြော
နေတာလား”
“ မဟုတ်ပါဘူး…ကျနော်အမှားမလုပ်ရင်…ကျနော့်အဖေကိုတောင် ပြန်ပြောရဲတယ်”
စစ်ဗိုလ်က အားရပါးရပြုံးလျှက်( ဟိုတုန်းက စစ်ဗိုလ်နော်….)……..
“မင်းက တစ်ကယ့်ကောင်လေးဘဲကွ…နေပါဦး၊ အိမ်ကဘာလို ့ထွက်ပြေးလာတာလဲ”
“ ဒီနေ ့စာမေးပွဲနောက်ဆုံးနေ ့လေ…စာဖြေပြီးသွားလို ့ကျနော့်ရှေ ့က ကောင်မလေးရဲ ့ ကျစ်ဆံမြီးလေးကို လှလို ့မေးခွန်း
နောက်ကျောမှာ ဆွဲနေတာ…ဆရာမကတွေ ့သွားပြီး မာမီ့( အမေ)ကိုတိုင်လိုက်တာ…အိမ်ပြန်ရောက်တော့ မာမီက ကျနော့်ပါးကို
ရိုက်တာ…သွေးတွေပါထွက်တယ်…အဲလောက် ရိုက်စရာမှ မလိုတာ”
“မင်းကို ချစ်လို ့စာတော်စေချင်လို ့ဖြစ်မှာပေါ့ကွာ”
“ စာမေးပွဲက ပြီးပြီလေ”
“အေးကွာ….ငါလဲ မပြောတတ်တော့ဘူး….ခု မင်းဘယ်ကိုသွားမှာလဲ“
“ ကသာ”
“ အသိတွေရှိလား”
“ မရှိပါဘူး”
“ငါလဲ မင်းကို ခေါ်သွားလို ့မရဘူးကွ…မင်းသွားချင်သွားလေ….အပေါင်းအသင်းမမှားစေနဲ ့”
“ဟုတ်ကဲ ့”
“ ကဲ…မင်းလဲ နားနေတော့ …ဒီထဲမှာဘဲ နေနော်…ကြိုက်တဲ ့ခုံမှာ ထိုင်….လှုပ်လှုပ်လှုပ်လှုပ်တော့ မလုပ်နဲ ့နော်…ဟေ့ ရဲဘော်တို ့ရပြီ..လက်နက်တွေ ပြန်သိမ်းထား…သူမဟုတ်ဘူး”
……..
ခဏလေး ထိုင်ကာဘဲ ရှိသေး လက်မှတ်စစ် ဝင်လာပြီး…..
“ ဪ…အက်စ်ကော့တွဲဘဲ”
ထို ့နောက်စစ်ဗိုလ်နှင် ့ စကား ပြောဆိုနေပြီး ကျနော့်ဆီကိုရောက်လာပါတော့သည်…
“လူစီးတွဲ မဟုတ်ဘဲနဲ ့ဒီမှာ တစ်ယောက်…ကဲ၊ လက်မှတ်” ( သူစကားပြောတာတော်တော်ဝဲတယ်…ကချင်လူမျိုး ထင်ပါတယ်)
“ ကျနော် လက်မှတ် မဝယ်ခဲ ့ရပါဘူး…..ကျနော့်မှာ တစ်ဆယ်ဘဲပါတယ်…ယူပါ”..
“ လက်မှတ်မဝယ်ရင် မရဘူးလေ”
ကျနော်လဲ ဘာပြောရမှန်း မသိဖြစ်နေတုန်း…စစ်ဗိုလ်ရောက်လာပြီး အကျိုးအကြောင်းပြောပြပြီး….ကျနော်ကို ပိုက်ဆံမယူဘို ့သူပြောပါသည်..။
လက်မှတ်စစ်မှာလည်း ဘာမှ မပြောဘဲ…အကြာကြီး ကြည် ့နေပြီးမှ….
“ နင် တော်တော်ချမ်းနေတယ်ထင်တယ်”
“ ဟုတ်ကဲ ့ ချမ်းတယ်”
“ ရော့…ဒါဆို ငါ့အနွေးထည်ယူဝတ်ထား…ပြန်ဆင်းရင်တော့ ပြန်ပေးခဲ ့နော်…ဒါပြန်မပါသွားရင် ငါ ့မိန်းမဆူမှာ…ဟားဟား”
“ ဟုတ်ကဲ ့ကျနော်ပြန်ပေးပါ့မယ်…ကျေးဇူး အများကြီးတင်ပါတယ်”
လက်မှတ်စစ်ကျေးဇူးကြောင် ့ အခုမှ နွေးနွေးထွေးထွေး နေရတော့သည်။ လက်မှတ်စစ်ကြီးမှာတော်တော်ချစ်ခင်စရာကောင်းပြီး
၀ဝဖိုင့်ဖိုင့်နှင့် ပါးနှစ်ဘက်မှာနီရဲနေသည်…။ နောက်ပြီး သွေးမတော်သားမစပ် ကြင်နာစွာဆက်ဆံသောကြောင့် တွေးပြီး ဝမ်းနည်းသလိုဖြစ်လာသည်..။
ဘယ်လိုဘယ်လို အိပ်ပျော်သွားမှန်းမသိ..ဆူညံသောအသံများကြောင့် နိုးလာတော့ နဘားဘူတာကိုရောက်ပြီ။
အောက်ခဏဆင်းပြီး မေးကြည့်တော့… ကသာကိုရထားလမ်းမရှိ..နဘားမှ ကားဖြင့်သွားရမည်ကို ခုမှ သိရတော့တာ…။
ရထားကတော့ မထွက်သေးပါ…အနွေးထည်ပြန်ပေးဘို ့လက်မှတ်စစ်ကို လိုက်ရှာသည် မတွေ ့၊ ကိုယ်ထိုင်ခဲ ့သော တွဲပေါ်
ပြန်တက်ပြီး စစ်ဗိုလ်ကို နုတ်ဆက်…ပြီးတော့ လက်မှတ်စစ်ကို လိုက်ရှာ…။
ရထားရှေ ့ဆုံးတွဲမှ နောက်ဆုံးတွဲထိ အပြန်အလှန်ရှာရသည်…ဘယ်လိုမှ မတွေ ့တော့ ဘူတာရုံကိုဝင်မေးမှ အလုပ်များနေသောသူ ့ကို တွေ ့ရသည်။ အကျီ ်ကို ချွတ်ပေးပြီး ကျေးဇူးတင်ကြောင်းပြောတော့…
“ ငါက မင်းယူသွားပြီ ထင်နေတာ…”
“ ကျနော်မယူပါဘူး”
“ သိတယ်..စ တာပါကွာ…ကောင်းကောင်းသွား”
ပြီးတာနဲ ့ ဘူတာ လက်ဘက်ရည်ဆိုင်လေးမှာ လက်ဘက်ရည်နဲ ့ကောက်ညှင်းထုပ် ဝယ်စား လိုက်တာ ၅ကျပ်ကျော်ကျော် ကုန်သွား
ခဲ ့ပြီ…လဘက်ရည်က မသောက်ဘဲ မနေနိုင်…။
ဆိုင်ကလူကို ကသာကို ဘယ်လိုသွားရမလဲမေးတော့ ..
“ရထားဆိုက်ချိန်မှာ ကြိုတဲ ့ကားရှိတယ်…ခုလောက်ဆို ထွက်သွားလောက်ပြီ”
အဲဒါမှ ခက်ပြီ..။
“ခြေချင်(လျှင်) လျှောက်ရင် ဘယ်လောက်ဝေးလဲ”
“အာ…မိုင်နှစ်ဆယ်လောက်ရှိတယ်..လမ်းကြမ်းတယ်၊ သွားလို ့မရဘူး”
သူက မသွားရန်ပြောပေမယ့် မသွားလို ့တော့ မရပါ….။
နှင်းတွေ ဝေနေသော ဖုန်လမ်းလေးအတိုင်း လျှောက်လာခဲ ့ရာ…တော်တော်ဝေးဝေး ရောက်မှ..
ဟေ့ဟေ့ နှင့် ခေါ်သံကြားလို ့ဇဝေဇဝါနဲ ့လှည့်ကြည့်တော့…ပြောပြလို ့မတတ်သော.တိုင်းရင်းသားအကျီ င်္နှင့် ရွယ်တူ ကောင်မလေး တစ်ယောက်။
ဆံပင်အညိုရောင်လေးနှင့် ပါးလေးတွေ နှုတ်ခမ်းလေးတွေက ရဲစိုနေတာဘဲ..။
“ ဘာဖြစ်လို ့လဲ”
“ နင်ဘယ်သွားမှာလဲ” (စကားသံ တော်တော်ဝဲသည်၊ မနည်းနားထောင်ယူရတယ်)
“ ကသာ”
“ လမ်းလျှောက်မှာလား”
“အေး”
“ နင် မသွားနဲ ့…လမ်းမကောင်းဘူး…ကျားတွေ ဆင်တွေရှိတယ်၊ နောက်ပြီး နင့်ကိုသူပုန်တွေ သတ်မယ်…ကျားကိုက်မယ်”
“ငါ ..မသွားလို ့မရဘူး….”
“ နောက်ရက်မှ ကားနဲ ့သွား…ငါတို ့အိမ်မှာနေလေ”
“ကားခလဲ ပေးစရာ မရှိဘူး”
“ဟမ်…နင်ဘာပြောလဲ”
“ ပိုက်ဆံ မရှိတော့ဘူးလို ့ပြောတာ”
“ အေး…ငါ့မှာလဲမရှိဘူး….နင်ငါတို ့နဲ ့နေပါလား”
“ မရဘူး…”
“ဒါဆိုလည်း…ရော့၊ယူသွား လမ်းမှာဆာရင်စား”
သူမလက်ထဲမှ ကောက်ညှင်းထုပ်လေး၃ထုပ်ကိုပေးပါသည်..။
“ငါ…မယူချင်ဘူး”
“ယူမှရမယ်…ရော့”
လက်ထဲကို အတင်းထိုးပေးပြီး ပလိုင်းလေးလွယ်လျှက် ထွက်ပြေးသွားသည်…။
ကျေးဇူးတင်စွာနဲ ့သူ အဝေးကြီးရောက်တဲ ့အထိ ကြည် ့နေမိပြီး…လမ်းဆက်လျှောက်လာခဲ ့သည်…။
……
မြူနှင်းငွေ ့များကြားမှ မြင်မြင်သမျှ ရှုခင်းတိုင်း လှနေသည်..။တောင်တန်းတွေ၊ သစ်ပင်ညို ့ညို ့မြင့်မြင့်ကြီးတွေ၊လှချင်တိုင်းကို
လှနေသည်။
ဒါမျိုးမြင်ကွင်းတွေ၊ရှုခင်းတွေ တစ်ခါမှ မမြင်မတွေ ့ဘူးပါ…။
စိတ်လွတ်ကိုယ်လွတ် သီချင်းတွေ ဘာတွေ အော်ဆိုပစ်သည်….လူဆို တဦးတစ်ယောက်မှ မတွေ ့တော့…ပြေးလိုက် ကစားလိုက်…တောင်ကြီးတွေကို စကားတွေ အော်ပြောလိုက်…နှင့် ထူးထူးခြားခြား ပျော်နေမိတာ..။
တံတားတွေ တွေ ့လို ့ တံတားပေါ်ကငုံ ့ကြည့်လျှင် တော်တော်နက်သော ချောက်ကြီး ၊ လျှိုကြီးတွေကိုတွေ ့တော့….
ကျောက်ခဲလေးတွေကို ပစ်ချရင်း ကစားနေမိသည်…။
နောက်မှ သတိရပြီး အိတ်ထဲက ကျောင်းစာအုပ်တွေကို တစ်အုပ်ခြင်းပစ်ချတဲ ့အခါ ဝေ့ဝိုက်ပြီး ဆင်းသွားသည်မှာ တော်တော်ကြည့်ကောင်းသည်….။
ခရီးအတော်ပေါက်လာပေမယ့် ခုထိနေရောင်မတွေ ့ရသေး…။
ဆင်တွေထွက်လာမလား…..ကျားများထွက်လာပြီး…ဆွဲမလားတွေးမိတော့ နဲနဲကြောက်ပေမယ့် …
ပါးနီနီကောင်မလေးကို သတိရရင်း ကောက်ညှင်းထုပ်စားဘို ့သတိရသည်….။
လမ်းဘေးမှာထိုင်ပြီး ကောက်ညှင်းထုပ်စားကာ….
“ ငါ့ညီမလေးသာ ငါ့ကိုဒီလောက်ချစ်ရင် တော်တော်ကောင်းမှာ”လို ့တွေးပြီး…မျက်ရည်က ကျမိသေးတယ်..။
……..ဆက်ပါဦးမည်
ကျော်စွာခေါင်
27 comments
KZ
October 27, 2013 at 4:44 pm
ချစ်စာလေးနော်။
ဇာတ်လမ်းထဲက သူတွေ ပြောတာပါ။ :mrgreenn:
အဲတုန်းက စစ်ဗိုလ် အဆင့်ဆိုတာ ယုံကြည်လို့ရတဲ့ထဲပါမယ်ထင်ပါတယ်။
ရုပ်ရှင်တွေထဲမှာတော့ မြင်ဘူးပါတယ်။
ဇော်လွင်စစ်ဗိုလ် ဇာတ်ရုပ်များဆို အားကိုးယုံကြည်ချင်စရာ။
:boss:
ကျော်စွာခေါင်
October 27, 2013 at 9:14 pm
ဆိတ်ခြင်္သေ့လေးလည်း… ချစ်စာလေးနေမှာပါ.. ပွင့်လင်းပြီး ခင်စရာ ကောင်းသူမို ့…။
ဟိုတုန်းက စစ်ဗိုလ်စစ်သားတွေ က အခုနဲ ့တော်တော်ကွာတာ..။
alinsett
October 27, 2013 at 5:34 pm
အမ်
အရှိန်ကောင်းပြီဆို ပြတ်တောက်မှု လာပြီ
🙂
အဲဒီကောင်လေး
ဘာတွေဆက် ဖြစ်လေမလဲ
ကျားတွေတော့ မတွေ့လောက်ဘူးထင်ပါရဲ့
သူ့ကို ရထားပေါ်မှာ ကြင်နာစွာ ဆက်ဆံတတ်တဲ့ လက်မှတ်စစ်ကြီးလို လူတွေနဲ့မှ ထပ်တွေ့ပါ့မလား
ဘာတွေ ဘယ်လို ဆက်ဖြစ်လာမလဲဆိုတာ
အရမ်းးးးကို သိချင်နေပြီဗျို့
မြန်မြန်လေး ဆက်ပါခညာ
ကျော်စွာခေါင်
October 27, 2013 at 9:19 pm
အလင်းဆက်ရေ
ဆက်ရေးမှာပါ…
နောက်ပြီး… အလင်းဆက်ကို တခါက ဦးခေါင် ပြောဘူးတယ်လေ…ဘာမှ စိတ်ဓါတ်မကျနဲ ့ဦးခေါင် ငယ်ဘဝက ပိုဆိုးတယ်လို ့
ပြောခဲ့ဘူးပါတယ်..။ လူငယ်လေးတွေကို စိတ်ဓါတ်မကျစေချင်ဘူး..။
ဒါလေးက ဘဝရဲ ့တစ်ပိုင်းတစ်စလေးပါ…။
Foreign Resident
October 27, 2013 at 5:37 pm
KZ says:
” ချစ်စာလေးနော်။
ဇာတ်လမ်းထဲက သူတွေ ပြောတာပါ။ :mrgreenn: ”
အင်းးးးးး ။ ရုပ်ခံလေးက ရှိတော့လည်း ၊
ကူညီမယ့်သူ ပေါတာပေါ့လေ ။
အဘ ငယ်ငယ်ကသာ အဲလိုထွက်သွားမိရင် ၊
ထမင်းငတ်ပြီး သေလောက်တယ် ။
ကျော်စွာခေါင်
October 27, 2013 at 9:21 pm
တခါတလေလည်း ဘဝမှာ ထမင်းငတ်တာပါဘဲ ဘဖောရေ……………………….။
Ma Ma
October 27, 2013 at 7:02 pm
ဆြာခေါင်က မိဘအချစ်ကို မရဘူးလို့ ပြောနေပေမယ့်
်မျက်နှာမြင် ချစ်ခင်ပါစေဆိုတဲ့ ဆုကို မတောင်းပဲနဲ့ ပြည့်နေသလိုပဲ။
ဖတ်ရသလောက် ချစ်ခင်သူတွေ များသားးးးးးးးးးး 🙂
ကျော်စွာခေါင်
October 27, 2013 at 9:23 pm
မမ
ကျနော်က ဘယ်သူ ့မဆို ကူညီချင်တာလေးရယ်..ကိုယ်ချင်းစာတတ်တာလေးရယ်က မေတ္တာရောင်ပြန်ဟပ်တယ်လို ့ဘဲ ယုံကြည်ပါတယ်..။
lele kyi
October 27, 2013 at 7:34 pm
ဆြာခေါင်ရေးသွားတာ ရုပ်ရှင်ကြည့်နေရတဲ့ အတိုင်းပဲ။ ရုပ်ရှင်ရိုက်ပါလားဟင် အဲ့ဒီဇာတ်လမ်းကို။ ရိုးသားပြီးချစ်စရာကောင်းတဲ့ စရိုက်တွေကို အတိုင်းသားမြင်ရတယ်။ ကျမ လည်းအဲ့လိုပဲတွေ့တဲ့ စာရွက်မှာ ခဲတံနဲ့ လျှောက်ခြစ်ရတာ ဝါသနာပါခဲ့ဘူးတယ်။ အင်း ကလေးတိုင်း ခဲခြစ် ဝါသနာပါတယ်ထင်တယ်။ ဒါပေမဲ့ ရူးသွပ်မှူ ကွာတော့ ပန်းချီဆွဲတတ်ဘူး။ ဟီးး
ကျော်စွာခေါင်
October 27, 2013 at 9:26 pm
မလဲ့ရေ..
ရုပ်ရှင် ရိုက်မယ်ဆိုရင် တို ့တွေ အလင်းဆက်ကို မင်းသားတင်ရိုက်ရင် ကောင်းမယ်…
သူက အငိုသန်တယ် ကြားတယ်..။
ခဲခြစ်တာ ဝါသနာပါရင် ဆက်ဆွဲပေါ့ မလဲ့ရဲ ့…စိတ်ငြိမ်တယ်..။
alinsett
October 31, 2013 at 8:21 pm
အငိုသန်ပါတယ်…ခည…။
ငိုချင်းတွေလည်း…တစ်ပုဒ်နှစ်ပုဒ်ရထားပါတယ်..။
😥
padonmar
October 27, 2013 at 7:57 pm
ဥပဓိသမ္ပတ္တိတဲ့။
ကြည့်ကောင်းတဲ့ရုပ်ရှိတဲ့သူဟာ တပန်းသာပါတယ်။
အင်း…ဒီအကြောင်းနဲ့ပတ်သက်ရင် ပြောရတာ အားတောင်ငယ်တယ်။
ကိုယ့်ရုပ်အကြောင်းကိုယ်သိလို့။
(ရွာထဲလည်း ခေါင့်ကိုဆို ချစ်သူတွေ ဝိုင်းဝိုင်းလည်လို့၊
ဒါကတော့ ရုပ်နဲ့မဆိုင် ၊စိတ်နဲ့ဆိုင်မယ်ထင်တယ်)
ကျော်စွာခေါင်
October 27, 2013 at 9:28 pm
မမမာ
ကျနော်ထင်တာတော့ ရုပ်ထက် စိတ်ကြောင့်လို ့ထင်ပါတယ်..။
ရွာက ချစ်တယ်ဆိုတော့လည်း…မောင်နှမချစ် ညီအကို ချစ်တွေမို ့…..ပျော်တာပေါ့။
surmi
October 27, 2013 at 11:42 pm
ဆရာခေါင်ရေ..
လူလယ်ကျတယ်တယ်ဆိုရမလားမသိ..ကျနော်ကတော့တခါမှ အိမ်မပြေးခဲ့ဖူးဘူး..
သူငယ်ချင်းတွေ ပြေးဖူးတဲ့အတွေ့အကြုံတော့ နားထောင်ဖူးပါရဲ့ …၊
ဆရာ့ ဇတ်လမ်းလေးက လူတွေရဲံ့စရိုက်ရယ် ၊ ခေတ်ကြေးမုံရယ် ၊ ပြီးတော့ … ၁၉၈ဝ ဝန်းကျင် ဒါမှမဟုတ် အဲဒီမတိုင်မှီက လူငယ်လေးတွေရဲ့ အလေ့အထပုံသဏ္ဍန်ကို ပြေးမြင်မိတယ်ဗျာ …
တခါတလေ ခတ်ကြမ်းကြမ်း ရိုက်နှက်ထားတဲ့ လောကဓံဟာ
အလေ့အကျင့်ကောင်းတွေကိုများ ဖြစ်စေသလားပဲ ။
စူးစူးနစ်နစ်လုပ်ခဲ့ဖူးတဲ့ ဝါသနာဗီဇဟာ တချိန်ချိန်မှာ ပြန်ပြီးအကျိုးပြုတတ်တာတော့.. အစ်ကိုပြောတဲ့ ဇတ်လမ်းလေးကသက်သေပြသလို ကျနော်လည်း ကိုယ်တွေ့ကြုံခဲ့ဖူးပါရဲ့ဗျာ ..
ကိုင်း … စောင့်နေမယ်ဗျို့ …
ကျော်စွာခေါင်
October 28, 2013 at 1:36 am
ကိုဆာရေ…
ပြေးချင်တာက ကြာနေပြီဗျ… ကျနော်က ငယ်သေးတော့ ကိုယ့်ဘဝကို မရပ်တည်နိုင်သေးဘူးထင်လို ့ပါ…
အဓိက အကြောင်းကတော့ ဘာသာရေး အယူအဆတွေနဲ ့တစ်ခြားကိစ္စလေးတွေ ကြောင့်ပေါ့..။
ဆက်ရေးမှာပါ…ခင်ဗျာ။
inz@ghi
October 28, 2013 at 12:21 am
ဦးလေး ဇဂါးမစပ်
ဦးလေး ရဲ့ ပန်းချီ၁ကားကို Photoshop ထဲထည့်ပြီး ပေါက်ဖော် လုပ်ထားတာတင်မယ်နော်
ဟိ
Ratios တွေကိတ်စ အရောင်တွေကိတ်စ
:kwi:
လားရာတွေ တူရူ တွေ contrast ratio တွေ
နဲနဲ တူးဆွ ကြည့်ထားတာ
ထောက်ပြ သင်ပေးပါဦး ခင်ည
ကျော်စွာခေါင်
October 28, 2013 at 1:39 am
ညီလေးဂီ
ကိုယ့်ပန်းချီကားလေးကို စိတ်ဝင်တစ်စား အရေးတယူလုပ်တာတော့ ဝမ်းသာပါတယ်..
ဟို….ပြောချင်တာက အကို ့ကို အရမ်းကြီး အထင်မကြီးနဲ ့နော်.. ဒီလောက်ကြီး မဟုတ်ဘူး။
စဉ်းစားရေးဆွဲတာတော့ သူများနဲ ့နည်းနည်းလိုင်းကွဲတယ်..။
ဒါပေမယ့်…..
……..
……..
ခေသူမဟုတ်…။ ဟေးဟေးဟေးးးးးး
kyeemite
October 28, 2013 at 10:22 am
စာရေးသရုပ်ဖေါ်ကောင်းတော့ ရုပ်ရှင်ကြည့်ရသလို မျက်စေ့ထဲ မြင်လာတယ် ကိုကျော်စွာရေ..
ဘဝဇတ်လမ်းကလည်းစိတ်ဝင်စားဖို့ကောင်းပါတယ်..ဆက်ဖတ်ချင်သေးတယ်ဗျာ 🙂
ရွှေမိုးတိမ်
October 28, 2013 at 11:05 am
ဇာတ်လမ်းလေးက စိတ်ဝင်စားစရာလေး ကိုကျော်စွာ …. ဆက်ပါဦး …အားပေးနေပါသည် ။
ဒါနဲ့ ကျနော်လဲ ကော်ဖီကြိုက်တယ် ။ 😀
Myo Thant
October 28, 2013 at 11:06 am
( ကသာကိုရထားလမ်းမရှိ..နဘားမှ ကားဖြင့်သွားရမည်ကို ခုမှ သိရတော့တာ…။ )
ရထား မရှိတာကိုပြောတာလား ဆရာခေါင်
ရထားလမ်းက ရှိတယ် ၊
နဘား – ကသာ ၁၅ မိုင်ပါ ၊ လမ်းမှာ လမ်းခွ ဆိုတဲ့ ဘူတာလေး တစ်ခုပဲရှိတယ် ၊
Mr. MarGa
October 28, 2013 at 11:22 am
ကိုကြီးကျော်….
ဖတ်ပြီးတော့
အိမ်ကနေ ပြေးလာတဲ့ ကလေးတစ်ယောက် ဖြစ်ပေမယ့်
ရှေ့ဆက်မယ့် လမ်းအတွက် အားအပြည့် ရှိနေတာရယ်
အမှန်ကို ရဲရဲဝံ့ဝံ့ ပြောရဲတာ တွေကို တွေ့တော့ အားကျမိတယ်။
လက်မှတ်စစ်အကြောင်း ရေးထားတာ တွေ့မိတော့
အဲဒီတုန်းကနဲ့ အခု အတော်ကွာသွားပြီလို့ တွေးမိတယ်ဗျာ။
sorrow weaver
October 28, 2013 at 11:48 am
အုန်း ..ဂျိန်း….. ကချင်အဖွဲ့ ဗုံးဝင်ခွဲတာ…အဟိဟိ
ဗုံဗုံ
October 29, 2013 at 9:32 am
အပေါ်ကလူတွေမတိကြလို့
အူးလေးခေါင်ချောတယ်ဆိုတာ..
တူလေးကို ဘယ်မှီလိမ့်မတုန်း…..
ရွှေဘိုသူ ရွှေဘိုသား.အရမ်းလှကြတာ..မတိဂျလို့…မတိဂျလို့..
အရိပ်စစ်
October 29, 2013 at 3:41 pm
စာလေးက မေတ္တာဓါတ် တွေ ကြောင့်
တစ်မျိုးလေး ချစ်စရာကောင်းနေတယ်
TNA
October 29, 2013 at 5:24 pm
ဒီစာလေးဖတ်မိတော့ ဟိုးတချိန်တုန်းက တပ်မတော်ဆိုတာကြီးကိုလွမ်းတယ်။ 😥
မဟာရာဇာ အံစာတုံး
October 30, 2013 at 12:26 pm
ကျော်လည်း …
အိမ်က ထွက်ပြေးဂဲ့ဖူးဘာဒယ် …
ဒါမယ့် …
ဥဥခေါင် လိုဒေါ့ဖင့်
ကောက်ညှင်းထုပ် ပေးမယ့်ဒူ ပေါ်ဂဲ့ဘူးးးး
ဒါဂို ကျိခြင်းအားဖြင့် ဥဥခေါင် က စော်ကြည်ဘဲဂျီးပဲ ဆိုဒါ တိတွားဒယ် …
အဆောင်လေး ဘာလေး ရှိယင် ငှားဘာအုံးးး
cobra
October 30, 2013 at 8:09 pm
သူများကတခါတလေလေး ရွာထဲဝင်ပါတယ်ဆိုမှ
ဇာတ်လမ်းက အဆက်ပြတ်ပြန်ပီ
လူဆိုးးးးးး