သေစာ….ရှင်စာ
ပြောရမယ်ဆိုရင်တော့ မဒမ်တို ့ရွာလေးမှာပါဘဲ…။
သူတို ့ရွာသားတွေထဲမှာ လည်လည်ဝယ်ဝယ်လူတွေရှိသလို ရိုးရိုးကြီးတွေလည်း ရှိပါတယ်…။
ကျနော်က အနူတောမှာ လူချောမဟုတ်ပါဘူး…ဒါပေမယ့် ကိုယ်နိုင်သလောက်လေးတော့ မသိနားမလည်မှုတွေ…အစွဲအလမ်းတွေ၊ အယူသီးတာလေးတွေကိုတော့ ကျွဲကူးရေပါ ဆိုသလို သူတို ့အလိုလေးကိုဖြည့်ပြီးကိုယ့်ဘက်ပါလာအောင် အလိမ္မာလေးနဲ ့နားချယူရပါတယ်…။
ကျနော်က ဆရာလို ့လည်းမကြွေးကြော်ပါဘူး…ဘာဂိုဏ်းမှလဲ မထားဘူး…။
ဒါပေမယ့် သူတို ့ဘက်တွေမှာက လည်း…ခေါင်းဖြူစွယ်ကျိုးကြီးတွေက ပုတီးလေးကိုင် ၊ ယောဂီလေးဝတ်ပြီး..သာသနာပြုတယ်သာပါးစပ်ကပြောနေတာ…လူတွေကို မသိစိတ်စွဲလန်းမှုတွေထဲ တွန်းပို ့နေကြတာ မြင်ရကြားရ စိတ်မချမ်းသာပါဘူး…။
ကျနော်ကိုယ်တိုင်ရော ဘာလို ့ဒါတွေလုပ်နေလဲ ဆိုရင်တော့ သူတစ်ထူးရဲ ့ကျေးဇူး…မမေ့ကောင်းလို ့ပါ…။
ဒါပေမယ့် ကိုးကွယ်ရာအဖြစ်မျက်စိမှတ်ယုံတာမဟုတ်ခဲ ့ဘူး..မိုက်မှားတဲ ့အရွယ်..ရေပေါ်ဆီ ဗုဒ္ဓဘာသာဖြစ်နေချိန်မှာ သေဘေးက လက်မတင်လေး သတိပေးပြီး ပထမအဆင့် ဘာသာရေးလမ်းကြောင်းပေါ်ဆွဲတင်ခဲ ့တဲ့ ကျေးဇူးကြောင့်ပါ…။
ကျနော်က ဘုရားရှင် ဟောကြားခဲ့တဲ့“ မြစ်တစ်ဖက်ကမ်းကို ကူးဘို ့ဖောင်ကိုအသုံးပြုပြီး တစ်ဖက်ကမ်းရောက်တဲ ့အခါ၊ မိမိစီးလာတဲ့ဖောင်ကို သယ်ပိုးထမ်းရွက်သွားစရာ မလိုဘူး” ဆိုတဲ ့ဩဝါဒကို လိုက်နာနေသူပါ…။
အတိုင်းအတာထက်မကျော်ကြေးပေါ့…။ ကိုယ်ကလည်း လောကီဘောင်ထဲမှာ နေတုန်းဆိုတော့ လောကီကိစ္စတွေကနွှယ်လာတာပါဘဲ ၊ ယုံဘို ့ခက်ပေမယ့်..။ ယုံလွန်းလို ့မှားနေတဲ ့အစွဲရှိသူတွေကို တည့်ပေးချင်တာပါ…။ ပြောခဲ ့သလိုပေါ့ ကျွဲကူးရေပါလေ…။
နည်းနည်းတောင်စကားလမ်းကြောင်းလွဲနေပြီ….။ ပြောချင်တာက တစ်ချို ့တွေရဲ ့ရိုးသားမှုလေးတွေ…။
ရိုးလွန်းတော့ အ တယ်တဲ ့…။
တစ်နေ ့ပေါ့ စာအုပ်လေးဖတ်လိုက်၊လ္ဘက်ရည်နဲ ့ဆေးလိပ်လေးဖွာလိုက်နှပ်နေတုန်း…ရေးကြီးသုတ်ပြာနဲ ့အဒေါ်ကြီးတစ်ယောက် ရောက်လာတယ်..။
ဒေါ်မြစိန်တဲ ့၊ရွာမြောက်ပိုင်းက…။ဖြစ်တာက သူ ့အိမ်ဘေးက ကလေးရွာအစွန်က သစ်ပင်ကြီးမှာ အပေါ့အပါးသွားပြီး အိမ်ရောက်တော့ ငိုငိုရယ်ရယ်နဲ ့အသားစိမ်းစားချင်တယ်ဘဲ…တောင်းဆိုပြီးပွဲကြမ်းနေလို ့တဲ့…။ သူ ့မိဘတွေကလည်း ဘာမှမလုပ်တတ်မကိုင်တတ်လို ့ သူက ကူညိပေးတာဆိုဘဲ..။
သူပြောလာတာနဲ ့ကိုယ်က စဉ်းစားရပြီ…
ရွာမြောက်ပိုင်းမှာ နေကြသူတော်တော်များများကလက်လုပ်လက်စားတွေ….။
ဆင်းရဲကြတယ်..တစ်ချို ့ငါးလေးဘာလေးရရင်ရွာထဲလှည့်ရောင်း…ဈေးရောင်းရမှ ဆန်ဝယ်ချက်ပြီး ထမင်းစားကြသူလဲရှိတယ်…တောင်ပေါ်က သစ်ရွက် သစ်ဖုလေးတွေ တက်ချိုးပြီး…“ အကြီးရေ…ဟောဒီက မျှစ်ပြုတ်ယူကြဦးမလား..” ဆိုပြီးရွာပတ်ရောင်းရတာ…
အဲဒါကုန်မှ ဆန်ဝယ်ရမှာလေ…။ တစ်ချို ့ဆိုဆန်ကွဲဘဲ ကျိုစားရတာ..။
အသားငါးဆိုတာကတော့ နပ်မှန်အောင်စားရဘို ့ဝေလာဝေးပေါ့..။
“ ကလေးက…အသားငါး မစားရတာကြာလို ့ရိုးရိုးသားသားစားချင်တယ်ပြောတာများလားဗျာ”
“ မဟုတ်ဘူး….ငါ့တူရဲ ့…သူ ့ဟာက ပုံမှန်မဟုတ်ဘူး”
“ သံကောင် ထိုးလို ့များ…ချဉ်ခြင်းတက်တာများလား”
“ အခုဟာက လူပျိုပေါက်လေး…ဆရာ.သန်ထိုးတာ မဟုတ်ဘူး…၊ စကားပြောသံကလဲ သူ ့အသံလဲ မဟုတ်ဘူး…”
“ ဘယ်သူ ့အသံလဲ…ဟင်္သာတထွန်းရင်လား….လေးဖြူလား…”
“ အို…ဆရာကလဲ …ကြံကြံဖန်ဖန်…ဘယ်ကလာ ဟင်္သာတ ထွန်းရင်ရမှာလဲ….အခုအသံကြီးက ကြောက်စရာကြီး…”
“ သိပါတယ်…အဒေါ်ရယ်…အဒေါ်စိတ်အပူများနေလို ့ရီစရာအဖြစ်ပြောတာပါ…ခဏစောင့်”
ဘုရားဦးချပြီး ပေးသင့်တာ၊လုပ်သင့်တာလေးတွေ လုပ်ပေးပြီး…
“ ကဲ…ရပြီ…အဒေါ် အိမ်ပြန်ရောက်တာနဲ ့အဲဒီကလေးကို ဒီဘုရားသောက်တော်ရေကိုတိုက်ပါ…ပြီးရင်တော့ ဒီစာရွက်ကိုယူသွားပါ..
ဒီစာနဲ ့ဒီပုံကို အဲဒီသစ်ပင်မှာ သွားထားလိုက်ပါ…အမွှေးတိုင်လေးထွန်းပေးပြီးမေတ္တာပို ့ပေးပါ…”
“ ဟို…ဘာမှ မကျွေးတော့ဘူးလား…”
“ ဘာကျွေးချင်သေးလို ့လဲ”
“ သားစိမ်းငါးစိမ်းလေး ဘာလေး….”
“ ဘာအသားစိမ်းမှမကျွေးနိုင်ဘူး…မသေခင်စွဲလန်းစိတ်ကြောင့် အခုလို သရဲ တစ္ဆေ ဘဝရောက်နေတာကို သားစိမ်းငါးစိမ်းကျွေးတော့ သရဲထက်ကြီးတာဘဲ ဖြစ်တော့မှာ…နောက်ပြီး စားရမှန်းသိလေ…ပိုဆိုးလေ ဖြစ်နေမှာပေါ့..”
“ အဲ…..”
“ ကျနော်ပြောမယ်….အဒေါ့်ရဲ ့သားက အရက်မူးပြီး ရမ်းကားနေတယ်ဆိုပါတော့…အဲဒါကို စိတိဆိုးပြေအောင် အရက်ထပ်ဝယ်တိုက်ရင်…
ပိုမူးပြီး..ပိုရမ်းကားလာမှာပေါ့…”
“ ဘုရားပေးပေး ကျမ်းပေးပေး အဒေါ့်မှာ သားယောကျင်္ားလေး…မရှိပါဘူးကွယ်…မွေးထားတာ မိန်းကလေးချည်းဘဲ ၃ယောက်”
သေဟဲ့…နန္ဒိယ…..။
“ ဥပမာ ပြောတာ အဒေါ်ရဲ ့…”
“ အော်….အေးကွယ်” ………..။ မဒမ်တို ့ရွာက အဲလိုမျိုး..။
“ဒါဆို…မှတ်ထားနော်…ထမင်းဖြူလေး.ကိုဗန်းလေးတစ်ခုမှာထည့်ပါ…သွားကျွေးဘို ့…ပြီးရင် ကျနော်မှာသလိုသာပြောဟုတ်လား အဒေါ်..”
ပြီးတာနဲ ့ကိုယ်လဲ ပြောသင့်တဲ ့စကားတွေ ပြောပြပေးပြီး…နောက်ဆုံး အမျှဝေပေးခိုင်းတာပေါ့…။ စကားဆုံးမှ….
“ ဆရာ..ထမင်းသက်သက်ဆို မကောင်းဘူး ထင်တယ်၊ ငါးကြော်လေးတော့ ထည့်ပေးမှ ကောင်းမယ်ထင်တယ်…”
“ ကဲ…အဒေါ်။။ လူနာဝေဒနာ ပျောက်ဘို ့တော့ ကျနော့်တာဝန် …ဟုတ်လား ကျန်တာတော့ အဒေါ်ကျွေးချင်တာသာကျွေးတော့…”
နည်းနည်းတော့ တိုလာပြီ…။
သူ ့ကိုယ်သူ ထမင်းဆိုင်က လပေးချိုင့်(ဂျိုင့်)ဆွဲသမားကို ထမင်းပို ့တယ်ထင်လားမသိ။
အဲလိုပြောပြီးခွင့်ပေးလိုက်မှ …
“ အဲ…ခုနင်က ဆရာပြောတာလေးတွေ စာနဲ ့ရေးပေးလိုက်ပါလား…အဲလောက်အစီအစဉ်ကျအောင် မပြောတတ်လို ့…။
ဟင်းးးးးးးးး.။ မဒမ်ကိုဘဲ အကူအညီတောင်းပြီး၊ နောက်တစ်ခေါက်ထပ်ပြော…မဒမ်က လိုက်ရေးပေး…ပေါ့။
ပြီးလဲပြီးရော..ပါလာတဲ ့ဖယောင်းတိုင်ထုပ်လေး ဘုရားစင်ပေါ်လှုပြီး သုတ်ချေတင် ပြန်သွားလေရဲ ့…။
…………….
နောက်ရက် ညနေပိုင်းမှ အဒေါ်ကြီး တစ်ခေါက်ပြန်ရောက်လာပြီး….အားရဝမ်းသာနဲ ့….
“ ကျေးဇူး တင်လိုက်တာ ဆရာရယ်…ဆရာပေးတဲ ့ရေမန်းလေး တိုက်လိုက်တာနဲ ့ကောင်လေးက လူကောင်းပြန်ဖြစ်သွားတာ….”
“ အဒေါ် သစ်ပင်ဆီကိုရော သွားလိုက်ရဲ ့လား…”
“ အဲဒါကို ပြောချင်လို ့ဆရာ….သူတို ့ကျေနပ်ပါ့မလားမသိဘူး..”
“ ဪ…အဒေါ်ရယ်…ကျေနပ်သွားလို ့ လူနာလဲ အကောင်းဖြစ်နေပြီ မဟုတ်လား”
“ အဲဒါတော့ ဟုတ်ပါတယ်…ကျမ အတွက်ပြောတာ…”
“ အဒေါ်က ဘာဖြစ်လို ့လဲ”
“ မနေ ့ညနေက ဆရာ သွားခိုင်းတဲ ့သစ်ပင်ကို ဘယ်သူမှ မလိုက်ရဲဘူးဆရာ….ခေါ်လို ့ကို မရတာ…အဲဒါနဲ ့တစ်ယောက်တည်း မှောင်ထဲမှာသွားပြီး ကျွေးရတာပေါ့…”
“ ကျနော် ပြောခိုင်းသလို ပြောလိုက်တယ်မဟုတ်လား”
“ မဟုတ်ဘူးဆရာ….အဒေါ်က စာမတတ်တော့ ပါးစပ်ကဘဲ ပြောလိုက်တယ်…”
သူပြောလိုက်တဲ ့စကားကတော့ မှတ်သားလောက်ပါရဲ ့ဗျာ…။
“ ကဲ…သရဲတွေ့စားချင်တယ်ဆိုလို ့လာကျွေးတာ…ဆရာမှာသလို ငါလဲ မပြောတတ်ဘူးငါလဲ စာမတတ်တော့၊ ဒီမှာ ရေးထားတဲ့ “ စာ ” ပါတယ်….
ကိုယ့်ဘာသာဖတ်ပြီး ကြည့်ကျက်စားကြပေတော့” လို ့ပြောပြီး….. ခပ်ကြောက်ကြောက်နဲ ့တစ်ချိုးတည်း ပြန်ပြေးလာခဲ့တာတဲ့…။
……….။………..
ကျနော်တို ့မိသားစု လဲ ဘယ်နေနိုင်မလဲ ရယ်မိတာပေါ့….။ သူကတော့ မျက်စေ့မျက်နှာကိုပျက်လို ့..။
“ အဲဒါ…သူတို ့စားလို ့ဖြစ်ရဲ ့လား…”
“ အဒေါ် ပြောပုံဆိုရင်တော့ စာမတတ်တဲ ့သရဲက မစားရဘဲ ငတ်ဘို ့ဘဲရှိတယ်…စာတတ်တဲ ့သရဲက အကုန်စားမှာပေါ့…”
ကျနော်က သူ ့ကို ခင်မင်စိတ်နဲ ့အတည်ပေါက် စ”နေတာ…။
“ အင်…ဒါဆို မစားရတဲ ့သူတွေက အဒေါ့်ကို ငြိုှုးနေမှာပေါ့…အဒေါ့်ကိုလဲ ရေမန်းလေး တစ်ခွက်တိုက်ထားပါကွယ်”
ကိုယ်က သူတစ်ကယ်ကြောက်နေမှန်း သိမှ စိတ်မပူအောင်ပြောရင်း သူကျေနပ်အောင် ဘုရားသောက်တော်ရေကိုစွန် ့တိုက်လိုက်မှ သူ စိတ်အေးလက်အေး ဖြစ်သွားတာ..။
ပြီးမှ…ကုလာမတောင်တန်းကြီးကို ခပ်ငိုင်ငိုင်ကြည့်ပြီး…စကားတစ်ခွန်း ပြောလာသေးတယ်…။
“ ဪ…ကိုယ့်အလှည့်ရောက်ရင် မငတ်အောင် ၊သေစာ ရှင်စာလေးလောက်တော့ စာဖတ်တတ်အောင် မသေခင် စာသင်ထားဦးမှ”…တဲ့။။
စောစောက ရယ်မိပေမယ့် ကျနော်သူ ့စကားကိုစဉ်းစားပြီးစိတ်မကောင်းဘူး…။
စာမတတ်သူဟာ မျက်ကန်းနဲ ့တူတယ်တဲ့..။
လောကီစာတတ်ဘို ့လိုသလို… လောကုတ္တရာအတွက် အသိလဲ ရှိသင့်ပါတယ်…
အင်း….ဘယ်ဘာသာဝင်ဖြစ်ပါစေ ကိုယ်ကိုးကွယ်ဆည်းကပ်တဲ့ ဘာသာရေးကို လေးနက်သင့်တယ်
ဘာသာရေးကို မလိုက်စား ၊လိုက်စားပြီး နားမလည်ရင်တော့ သံသရာ တစ်ခုလုံးကန်းနိုင်တယ်ဗျာ….။
ရွှေစေတီတွေ တဝင်းဝင်းနဲ ့သာသနာ ထွန်းကားပါတယ်လို ့ကြွေးကြော်နေတဲ ့ မြန်မာနိုင်ငံ….မှာ…
တစ်ကယ့်သာသနာပြုရဟန်းတွေ တိုးပွားပါစေလို ့ဘဲ ကျနော်ဆုတောင်းမိပါတယ်…။
အော်…
အဒေါ်ကြီး ပြောတဲ့ သေစာ…ရှင်စာ….။
ကျော်စွာခေါင်
33 comments
အရီးခင်
November 8, 2013 at 3:39 am
အိုး လာလား။
ပန်းချီဆရာ – စောင်းမဖတ်တတ်လို့ ဒဲ့ဘဲ ဖတ်သွားတယ်။ 😉
တော်သဗျား။ မပြောတော့ဘူး တော်ရေ့။
စာကိုတောင် ဘယ်ဘာသာစကား က မှ ပိုပြီး ပေါက်မြောက်တယ် ဆိုတာ တွေ ရှိသေး။
😛
ကျော်စွာခေါင်
November 9, 2013 at 1:57 am
အရီးခင်
ဒီတစ်ခါ စောင်းရေးတာ မဟုတ်ပါဘူး…
ဒဲ့ဘဲ ရေးထားတာပါ..။
ဘယ်စာက ပေါက်မြောက်တုန်း…မပြောချင်လဲ အဲဒါလေးတော့ ပြောပါဦးးးးး
kyeemite
November 8, 2013 at 8:55 am
ဆရာခေါင်က ပယောဂ လည်းကုတတ်သကိုး…ဟဲဟဲ နောက်တာပါ 😛
ဆရာခေါင်ရဲ့ စေတနာကို လေးစားပါတယ်ဗျာ….အဲဒီလိုအယူအစွဲတွေက
ဒီနေ့ထိရှိနေသေးတယ်ဗျ..ကျုပ်အထင် ပညာမတတ်လို့ချည်းမဟုတ်ဘူးဗျ..
အဲဒီလို အမှောင့်၊ ပယောဂ တွေကုပေးတယ်ဆိုတဲ့ ဘိုးတော်ယောင်ယောင်
ဘာယောင်ယောင်တွေရဲ့ အယုံသွင်းမှိုင်းတိုက်ကြလို့ပိုဆိုးလာတာ…
ကျနော့ညီ တစ်ခါက အရက်ကြောင်ပြီး အိမ်မပြန်၊ လျှောက်သွား၊ ပြောချင်ရာတွေလျှောက်ပြော
အဲဒါကို အိမ်ကအမကြီးတွေက သူ့ရုံးက မနာလိုသူတွေ ပြုစားတာဆိုပြီး ပယောဂဆရာသွားပြပါလေရော..
ကျနော်သိလို့ လိုက်သွားပြီး ညီလေးကိုကြည့်တော့..အရက်တွေများပြီး ကြောင်တောင်တောင်ဖြစ်နေတာ
တန်းသိတယ်..ဒါနဲ့ပဲ..စိတ်ကျန်းမာရေးကုတဲ့ အထူးကုဆေးခန်းခေါ်သွားပြီးပြရတယ်…
သွေး က အရက်နဲ့ မတည့်လို့ အဲလိုဖြစ်တာပါ..နောက်အရက်ပြတ်သွားတော့ကောင်းသွားပါရော..
(ကျုပ်သွေးကတော့ အရက်နဲ့ တဲ့မှတဲ့…ဒါဘယ်ဘလက်လေးဆို ပိုတဲ့သေး..ဟေးဟေး :-D)
ကျော်စွာခေါင်
November 9, 2013 at 2:02 am
ကိုမိုက်ရေ…
ပယောဂ ကုဆရာရယ်တော့ ဟုတ်ဘူးဗျ…
ဘေးကနေ အချွန်နဲ ့မ ပေးကြတာ..ဟေးဟေးးး ကြုံရတာတွေ နောက်မှ ပြောပြဦးမယ်..
ကျနော့် သဘောကလဲ ကိုမိုက်လိုဘဲ..
မသိနားမလည်သူကို ဦးဆောင်တဲ့သူက ကိုယ်လျှောက်တဲ့လမ်း ကိုမသိတော့ သူ တို ့အားကိုးသူတွေခမျာ..
သနားစရာပါ..ဒါကြောင့်တတ်နိုင်တဲ့ဘက်ကနေ..ကူညီရင်း လမ်းကြောင်းလေးတည့်တည့်ပေးမိတာပါ..။
ကိုမိုက် သွေးကတော့ ရှယ်ဘဲဗျ…
တွေ ့တဲ့အခါ ပြုစုပါ့မယ်ဗျား…။
ဦးကျောက်ခဲ
November 8, 2013 at 9:02 am
အဒေါ်ကြီးပြောတဲ့… ” စာ ” ကတော့…
တရုတ်လိုစာချရင် ကျောက်စ်လည်း ငတ်မှာပဲ…
အိုရင်စားဖို့… အိုစာရယ်၊ အစိုးရနှိပ်စက်ရင် ပေးဖို့… မင်းစာရယ် ကတော့…
ငယ်စဉ်ကတည်းက ကြောင့်ကြစိုက်ပြီး လုံလပြုပါမှ စိတ်အေးရမယ် ဆြာခေါင်…
ကျော်စွာခေါင်
November 9, 2013 at 2:04 am
ကိုကျောက်စ်
စာက ရှင်းရှင်းလေး ရေးထားတာပါ
“ လာဒ်ပေး….ရန်မလို” တဲ့…။
…
…စ ပြောတာ..။
KZ
November 8, 2013 at 1:11 pm
အိုစာအတွက်ကတော့ မပူပါဘူးးးး
အဲဒီ မင်း က မင်းကျင့်တရားနဲ့ ညီတဲ့မင်းဆိုရင်တော့ မင်းစာ ပေးပျော်ပါတယ်လေ။
😀
ခေါင့် အိုစာ မင်းစာ အတွက်တော့ မပူပါနဲ့ ခေါင်။
ထမင်းဆိုင်မှာ နေ့တိုင်းလာစားပါ။
ခုခွိ ခုခွိ။
:mrgreenn:
ကျော်စွာခေါင်
November 9, 2013 at 2:05 am
အမလေးးးးးးး
သူ ့စာ အဓိပ္ပါယ်ကြီးကလဲ….
သားသား…ကြောက်ကြောက်.. း)
alinsett
November 8, 2013 at 5:49 pm
ကျွန်တော်လည်းအဲဒိ ဘုရားဟော ဒဿနလေး ကြိုက်လွန်းလို ့
ဖောင် နဲ့ တစ်ဖက်ကမ်း
တရားကိုတောင် မစွဲလမ်းစေတဲ့ လွတ်လပ်ကြည်လင်မှု . . . .
************
ရဟန်းနဲ ့မတူသော ရဟန်းတွေ အကြောင်းတော့
ပြောတော့ပါဘူး
:kwi:
ကျော်စွာခေါင်
November 9, 2013 at 2:07 am
အလင်းဆက်ရေ..
ဒီ…အတွေးအခေါ်က အရာရာကို ပိုကောင်းစေတယ်…
ဟိုဟာတွေကတော့… ပြောမနေတော့ပါဘူး
lele kyi
November 8, 2013 at 7:53 pm
ကျမတို့တောမှာလည်းအဲ့လိုဓလေ့တွေရှိတယ်။ငယ်ငယ်ကနတ်ကိုးကွယ်ယုံကြည်တဲ့အသိုင်းအဝိုင်းတွေကြားမှာကြီးပျင်းခဲ့တာ။ တစ်ခုကောင်းတာက မေမေတို့က သိပ်အစွဲအလမ်းမကြီးကြတာ။ ဖိုးဖိုးနဲ့ကျမတို့မောင်နှမတွေ ဖွားဖွား အုတ်ဂူသွားကန်တော့ တယ် ပြီးရင် အဲ့ဒီ အသားပြုတ်တွေ သင်ချိုင်းကနေအိမ်ပြန်သယ်တာပဲ။ဟီးးး ငတ်တော့အရောင်ပဲပြပြီးချက်စားရတာ။ သင်ချိုင်းရောက်ရင်တောတိုးပြီး ပန်းတွေခူးတာပဲ။အိမ်သည်ရင် သရဲပါလိုက်လာတတ်တယ်တဲ့။ကျမတို့မျောက်ရှူံးတွေကိုကြောက်တယ်နဲ့တူတယ်။ဟီးးး
စာမရေးတတ် မဖတ်တတ်တဲ့သူတွေမြင်ရကြားရရင် ဝမ်းနည်းတယ်။ ဘုန်းကြီးကျောင်းပညာရေးတောင် မသင်ရတဲ့သူတွေမြင်ဘူးခဲ့တယ်။ မေမေ ကျမတို့ကို ပြောပြခဲ့ဘူးတဲ့ ပုံပြင်လေး တစ်ပုဒ်ရှိတယ်။ အဲ့ပုံပြင်ထဲက ကလေး လေးဟာ စာမတတ်တော့ သူ့ကိုသတ်ခိုင်းတဲ့စာကို သူကိုယ်တိုင် သူ့ကိုသတ်မဲ့လူလက်ထဲသွားဖို့ခရီးထွက်ရတဲ့အကြောင်း။
ကျော်စွာခေါင်
November 9, 2013 at 2:09 am
မလဲ့က ငယ်ကတည်းက စာဖတ်တတ်တယ်ဆိုတော့ နောင်ရေး မပူရတော့ဘူးပေါ့…ခုခွိ..ခုခွိ
TNA
November 8, 2013 at 7:58 pm
အိုစာမင်းစာ ဆိုတာ အခုမှပဲသေချာသိတော့တယ်ဆြာခေါင်ရယ်။ ရီလိုက်ရတာ။ စိတ်လဲမကောင်းဖြစ်မိပါရဲ့။
ကျော်စွာခေါင်
November 9, 2013 at 2:11 am
မနုအေး..
သူတို ့ဘဝလေးတွေက ရယ်ချင်ပေမယ့် စိတ်မကောင်းဖြစ်ရတာက များတယ်..။
TNA
November 9, 2013 at 4:19 pm
ရိုးသားလွန်းအားကြီးတာကလဲ အပြစ်တခုပေါ့ ဆြာခေါင်ရယ်။
•*¨နန်းတော်ရာသူ •*¨
November 8, 2013 at 8:21 pm
ရှားရှားပါးပါး ထိတ်လန့်သည်းဖိုနဲ့ဟာသရောထားတာလေးပါလား
ဖတ်ကောင်းလှသရှင်
ကျော်စွာခေါင်
November 9, 2013 at 2:12 am
လာအားပေးတာ ကျေးဇူးပါ..
နန်းတော်ထဲက တရုပ်မလေးရေ…။
ခင် ခ
November 8, 2013 at 10:40 pm
ကျွန်တော်တို့ ကလေးဘဝတုန်းကတော ညောင်ပင်ကြီးအောက်သွားပြီ သစ္ဆေ နဲ့ တောင်ဆော့ကြသေးတယါဗျ
မယုံဘူးလား ဆော့ခဲ့တာလေးဆိုပြမယ်
ညောင်ပင်သစ္ဆေ ဝေလေလေ နင်ဘယ်ကိုင်းမှာနေ
ညောင်ကိုင်းမှာနေ
နင်ဘာသီးစား
ညောင်သီးစား
နင်ဘာရေသောက်
ညောင်ရေသောက်
နင်သေရင်ဘယ်သူကိုခြောက်
နင်တို့အားလုံးခြောက်
ကျော်စွာခေါင်
November 9, 2013 at 2:14 am
ကိုခရေ
ကျနော်တို ့ငယ်တုန်းကလဲ ဆော့ခဲ့ရတယ်…
ခုခေတ်ကြီးမှာတော့ ကလေးတွေ မဆော့ကြတော့ဘူးထင်တယ်…။
ပြောရမယ်ဆို ဒီကစားနည်းလေးက မြန်မာရိုးရာ ဓလေ့ဆန်တယ်နော..။
kai
November 9, 2013 at 12:54 am
အင်း.. အိုစာမင်းစာကို.. ဖတ်တဲ့စာမဟုတ်ပဲ.. ငွေဘဏ္ဍာမှာသုံးတာထင်နေတာ..။ မှတ်ကရောပဲ…
ကျော်စွာခေါင်
November 9, 2013 at 2:15 am
သူကြီး လာအားပေးတယ်ပေါ့…။
ကျေးကျေး။
Ma Ma
November 9, 2013 at 7:49 am
ခုရက်ထဲ ဖေ့စ်ဘုတ်မှာ မိန်းကလေးတစ်ယောက်ကို ယောကျင်္ ားကြီး ၃-၄ ယောက်လောက် ပယောဂဝင်ပူးနေတာကို ကုပေးသလို ရိုက်နှက်ပြောဆိုနေတဲ့ ဗွီဒီယိုဖိုင် ကြည့်လိုက်ရသေးတယ်။
ကြည့်ရတာ စိတ်မချမ်းသာစရာပဲ။
ခုခေတ်မှာလည်း အဲလို ခေတ်နောက်ပြန်အယူအဆတွေ ရှိနေသေးတာပဲလား မသိဘူး။ 🙁
အဲဒီမိန်းးကလေး ဆြာခေါင်နဲ့မတွေ့တာ နာသွားတယ်။ 😀
Ma Ma
November 9, 2013 at 8:30 pm
ဒါ့ထက် ဖတ်ရင်းနဲ့ တွေးမိတာလေးက………
အိုစာ မင်းစာ ဆိုတာ နောင်ရေးအတွက် အသက်ကြီးရင် သုံးဖို့ စားဖို့အတွက် သုံးတာလို့ထင်တယ်။
အရေးဟယ်အကြောင်းရယ်ဆိုရင် စာရေးတတ်အောင် သင်ထားရမယ်ဆိုတာကိုတော့ သေစာ ရှင်စာ လို့ ပြောမယ်ထင်တယ်။ 🙂
kai
November 10, 2013 at 2:48 am
အမတော်မမ မှန်တယ်ထင်ပါတယ်ကွယ်..
ကိုရင်ခေါင်လုပ်လိုက်တာ.. ကျုပ်မှာ.. စာအုပ်တွေတော်တော်လှန်လိုက်ရတယ်..
အိုစာမင်းစာဆိုတာ.. အိုတဲ့အခါသုံးစွဲဖို့.. ငွေချန်ရမယ်..။
မင်းစာဆိုတာ.. ဘုရင်မင်းတရားကိုအခွန်တော်ဆက်ဖို့.. ငွေဘဏ္ဍာချန်ရမယ်ဆိုတဲ့သဘောပါ…
မြန်မာပြည်ရဲ့.. ရှေးရိုးစွဲအခြေအနေသိသာသပေါ့..
ယူအက်စ်မှာတော့.. အိုလာရင်.. မင်း(အစိုးရ) က.. ပြန်ပေးရတယ်..။
အစိုးရအလုပ်နှစ်၃၀-၄ဝလောက်လုပ်ဖူးခဲ့ရင်.. သူ့ပင်စင်က… ပုံမှန်လစာအတိုင်းလောက်ကို.. အပြည့်ပြန်ရတဲ့အပြင်..အစိုးရက.. ကျမ်းမာရေးအကုန်တာဝန်ယူရတယ်ပေါ့…
ဆိုတော့…
သေစာ..ရှင်စာ.. အမှန်ဟူလို…
ကျော်စွာခေါင်
November 10, 2013 at 11:57 pm
သူကြီးရေ..
အဲလို ပို ့စ်တွေကို ဂရုတစိုက် ဖတ်ပြီး ပြုပြင်လမ်းကြောင့်တည့်ပေးလို ့ ကျနော်က သူကြီးကို လေးစားခင်မင်တာပါ့..။
မမနဲ ့ သူကြီးပြောတာ ကျနော်လက်ခံပါတယ်..။
တခါတခါ ကျနော်လည်း တွေးတာလွဲတယ်..
ဒါပေမယ့် ကျနော်က ပြုပြင်ရလွယ်တဲ့သူပါ..။
သေစာ ရှင်စာကို ပိုလက်ခံပါတယ်..။
ကျေးဇူးပါ…သူကြီးနဲ ့မမ။
ကျော်စွာခေါင်
November 10, 2013 at 11:51 pm
မမ
မမပြောတဲ့ ဗီဒီယိုဖဖိုင်ကို ကျနော်လဲ ကြည့်ရပါတယ်..
တော်တော်ကို လွန်ပါတယ်.. ဆရာဆိုသူတွေ။
ခေတ်နောက်ပြန်ဆွဲတယ်လို ့တော့ ပြောလို ့မရဘူး မမ..။
တစ်ချို ့နေရာတွေမှာက အဖြစ်အပျက်တွေက ငြင်းဘို ့ခက်တယ်..။ ပြသနာက မေတ္တာတရားလက်ကိုင်ထားပြီး ရောဂါကုတယ်ဆိုပြိး ဘာလို ့ဒီလိုနှိပ်စက်တာလဲ…ဆိုတဲ့အမြင်ပါ..။
ပညာသည်တစ်ယောက်နဲ ့ဆုံခဲ့ရတုန်းက ကျနော့်အတွက်တော့ ကုသိုလ်တောင်ရခဲ့ပါတယ်..။
ကျနော်က ဘာဆေး ဘာတုတ်တိုတစ်ချောင်းမှ မသုံးပါဘူး..လက်နဲ ့တောင်မရွယ်ပါဘူး…။
မေတ္တာနဲ ့ဘဲ ပြောပြတာပါ..။
နောက် မမပြောတဲ့ ကျနော့်ပို ့စ် ခေါင်းစဉ်က သေစာရှင်စာကပိုသင့်တော်ပါတယ်..။
ခုလို ထောက်ပေးတာ ကျေးဇူးပါ မမရေ..။
ဦးကြောင်ကြီး
November 9, 2013 at 9:54 am
စာမတတ်
အာသွက်
မာမက်
နှာနှပ်
ယူရသတဲ့၊
ရွာဖက်က
စွာလှပ်ကို
အဝှာကပ်တော့
ဘာမှတ်သတုံး
သေ..သွား..မယ်..
ဦးဦးပါလေရာ
November 10, 2013 at 7:35 am
ပယောဂ ကုတာ ဟာ ဆေးကုတာ တစ်မျိုးပဲလို့ ခံယူမိတယ်..
အယူအစွဲအလွဲအမှားတွေကို ပြင်လို့မရပဲ လိုက်ပြင်နေမယ့်အစား
သူ့အကွက်အတိုင်းလိုက်နင်းပြီး သူ့ယုံကြည်မှု့နဲ့ သူ့ပြန်ကု တာမျိုးပေါ့….
ဒါဟာ မြန်မာဆေးနဲ့ မြန်မာ့ဆေးကုထုံးတွေဟာ အရင်ခေတ် မြန်မာလူမျိုးတွေအပေါ် အစွမ်းထက်ထိရောက်ခြင်းရဲ့ အကြောင်းတစ်မျိုးပါပဲ..။
ကျုပ်ကျောင်းသားဘဝတုန်းက အဆောင်မှာ ဆေးဆရာ နှစ်ယောက်ရှိတယ်
တစ်ယောက်က ကျုပ်ကိုယ်တိုင်-
အနာဂျက်ဆင်တို့ အေပီစီ တို့ ဘာမီတွန် တို့ စီအိုအမ် တို့ ဂျဲလ်မက်တို့ ကို ကော်ဖီပုံးထဲထည့်ပြီး ကုတာ…။
နောက်ထပ် ကျုပ်ထက် ဆယ်ဆမက စွမ်းတဲ့ ဆေးဆရာတစ်ယောက်လဲရှိသေးတယ်…
သူကတော့ သူ့ရဲ့ လှို့ဝှက်ဆေးမှုန့်လေးတွေကို ပုလင်းအညိုရောင်လေးထဲထည့်ပြီး ရောဂါအနုအရင့်အလိုက် ရွေးစေ့လောက် ရွေးတခြမ်းလောက် လေးပဲပေးပြီးကုတာ…
အရမ်း အရမ်း စွမ်းတယ် နော…
ကျောင်းပြီးခါနီးတော့ သူ့ရဲ့ လှို့ဝှက်ဆေးအမည်ကို နှစ်ကိုယ်ကြားပြောခဲ့တယ်
ကိုးပါး ဆေး တဲ့….။
တစ်ထုပ် သုံးမတ်ပဲ ပေးရတယ် တဲ့……………။
ကျော်စွာခေါင်
November 10, 2013 at 11:53 pm
ဦးပါ
“ပယောဂ ကုတာ ဟာ ဆေးကုတာ တစ်မျိုးပဲလို့ ခံယူမိတယ်..
အယူအစွဲအလွဲအမှားတွေကို ပြင်လို့မရပဲ လိုက်ပြင်နေမယ့်အစား
သူ့အကွက်အတိုင်းလိုက်နင်းပြီး သူ့ယုံကြည်မှု့နဲ့ သူ့ပြန်ကု တာမျိုးပေါ့….”
ကျနော်လက်ခံကျင့်သုံးတဲ ့ကုသပုံက အခု ဦးပါပြောတဲ့ အတိုင်းကွက်တိပါဘဲ..
စိတ်ကို…စိတ်နဲ ့ဘဲ ကုတာပါ။။
ကျနော့်ရေမန်းဆိုတာက …
ဂုဏ်တော် ၉ပါးပါ…။ နောက် ဆိုက်ကို သုံးတယ်..။
လုံမလေးမွန်မွန်
November 11, 2013 at 12:58 pm
ိဆိုက်ကို ဆိုတာကို လက်ခံတယ် အူးခေါင်…
(၆) တန်းနှစ်က ဘာလို့လည်းမသိဘူး. (တကယ်တော့ ညံ့လို့ပေါ့) ကျောင်းမှာ အဆင့် (၂) က မဆင်းတဲ့ လုံမက (ကြွားတာ မဟုတ်ဘူးနော်) ပထမဆုံး လပတ်မှာတင် အဆင့် (၆) တဲ့… စိတ်ဓာတ်တွေများ ဟိုးးအောက်ဆုံးပဲ… အဲ့ဒါ အမေကလည်း လန့်ဖျန့်ပြီး ဟိုလူ့မေး ဒီလူ့မေးပေါ့…
အဲ့ဒါ အသိတစ်ယောက်က စာမေးပွဲဖြေခါနီး ဘုရားစင်ရှေ့မှာ ခုံခင်း၊ လင်ဗန်းတင်၊ လင်ဗန်းထဲဆန်ထည့်၊ ဆန်ပုံပေါ် လုံမဓာတ်ပုံကိုတင်၊ ဖယောင်းတိုင်ထွန်း၊ ရေမန်းတိုက်၊ စိန္တာမဏိဘုရားစာရွတ်ခိုင်းပြီး သွားဖြေတာ… ဟဲ.. အဲ့ဒီအပတ် အဆင့် (၂) ပြန်ရတယ်.. ကလေးဆိုတော့ စိတ်ထဲမှာ လုံခြုံတယ်လို့ ခံစားပြီး ကိုယ့်ကိုကိုယ် ယုံကြည်နေတာလေ… နောက်အပတ် အဲ့လိုမလုပ်တော့ အဆင့် (၄) ပြန်ဖြစ်သွားတယ်..မှတ်မှတ်ရရ အဲဒီ (၆)တန်း နှစ်ဆုံးတော့ အဆင့်မဝင်ခဲ့ဘူး..
လုံမလေးမွန်မွန်
November 10, 2013 at 4:04 pm
အူးခေါင်စာကိုဖတ်ပြီး မဆီမဆိုင် သွားသတိရတယ်…
သတင်းစာတွေထဲမှာလေ… ဘယ်သူရေ..ဘယ်ဝါရေ… ဘယ်လောက်တောင်ကြာသွားပြီနော်…အောက်မေ့နေဆဲပါ… ပြုပြုသမျှကုသိုလ်ကို အမျှဝေပါတယ်… ရောက်ရာအရပ်က သာဓုခေါ်ပါ တဲ့…
အော်…သရဲဖြစ်တာတောင် စာဖတ်တတ်ရုံတင်မကဘူး..သတင်းစာပါ ဝယ်ရမယ့်အဖြစ်… 🙂
ကျော်စွာခေါင်
November 10, 2013 at 11:59 pm
မွန်မွန်က ဦးခေါင်ထက်ကို ပိုတွေးပြီး မြင်တတ်သေးတယ်..
တော်တယ် လုံလုံ
။။။လုံလုံ ပြောတာ တွေးပြီး ရယ်ချင်တယ်..
သတင်းစာ ဝယ်ရမယ် ဆိုတာလေ..။ း)
TNA
November 11, 2013 at 9:53 am
ခေါင်းစဉ်ပြောင်းလိုက်တာလားဆြာခေါင်