ချစ်ဆဲ….လွမ်းဆဲ…မိုးကုတ်မြေ
၂၀၀၅ ခုနှစ်က နိုင်င်္ငစုံ ယဉ်ကျေးမှု ကပွဲမှာ ရိုက်ခဲ့တဲ့ပုံလေးပါ။
တောင်စဉ်တောင်တန်းမှိုင်းပျပျတွေနဲ ့တောင်တွေရဲ ့အလယ်ချိုင့်ထဲမှာ လှပတဲ့ မြို ့လေးက
ကျနော့်ဘဝ လမ်းကြောင်းတွေ ပြောင်းသွားအောင်…၊ အောင်မြင်မှုတွေ လမ်းခင်းပေးလိမ့်မယ်လို ့ တစ်ခါမှ မတွေးမိခဲ့ပါဘူး..။
လူတစ်ယောက်က ကိုယ်ဖြစ်ချင်တဲ့ဘဝလမ်းကို ဦးတည်ပြီး လျှောက်နေပေမယ့်…..။
လူဟာ ကံဇာတ်ဆရာ စီမံမှုအတိုင်း ကပြရတယ်ဆိုတာလေးပါ…။
ကိုယ့်ရည်ရွယ်ချက်ထဲမှာ မပါပေမယ့် အချိန်တန်ရင် မဖြစ်လို ့မရ၊ဖြစ်လာရပါတယ်…ဖြစ်တယ်ဆိုတဲ ့ နေရာမှာ ဖြစ်လာဘို ့ကလည်း တစ်ချို ့က ကူညီသူ ၊ တစ်ချို ့က ဖိနှိပ်သူ အဖြစ် ပါရမီ ဖြည့်ရတော့တာပါဘဲ…။ သူတို ့လည်း ရှောင်လွှဲလို ့မရပါဘူး…။ ကျေးဇူးတင်ရမှာပါ…။
ပြောင်းဖူးလေး ကို ဖတ်ဘူး ထားရင် ကျနော် ဇာတ်ထဲကို ပန်းချီဆွဲဘို ့လိုက်သွားတာ မှတ်မိမှာပါ…။
ကျနော်က ပန်းချီဆရာဖြစ်ချင်တာ တအားဘဲ..။
ကျနော့်မိဘတွေမှာ မန်းလေးစာနယ်ဇင်း တိုင်းသမနဲ ့ဆက်သွယ်ပြီး ကျနော်တို ့တနယ်လုံးကို စာပေဖြန် ့ချိရေးလုပ်ရင်း ဖွင့်ထားတဲ့ စာအုပ်ဆိုင်ရှိပါတယ်..။ဆိုင်မှာ စာလာဖတ်နေကြ ဆရာထွန်းဆိုတာရှိတယ်..။ သူက မန္တလေးက ဗေဒင်ဟောတဲ ့ဆရာ..။ ကျနော်က ပန်းချီနဲ ့အောင်မြင်မလားလို ့မေးဘူးပါတယ်…။
သူက မင်း တစ်ခြား အနုပညာနဲ ့ပို အောင်မြင်သွားမယ်လို ့ဟောတော့.. လက်မခံခဲ ့ပါဘူး…ကိုယ်မှ တစ်ခြား အနုပညာ မလုပ်တတ်တာ.။
ဇာတ်ထဲ လိုက်ရတာကလည်း အိမ်မှာ ဘာသာရေး ၊လူမှုရေးတွေကြောင့် အိမ်ကသွားထွက်မှ ကိုယ်သိချင်တဲ ့၊ ရှာဖွေချင်တဲ ့အမှန်တရားတခုကို ရနိုင်မှာမို ့ စွန် ့စားပြီးထွက်ရတာ..လူက ၁၆ နှစ်တောင် မပြည့်တတ်သေးပါဘူး…။
ဒီတော့ ဘဝရပ်တည်ဘို ့ စားဘို ့ အလုပ်နဲ ့နေရာ လိုနေပြီလေ…။ ရွှေဘို ကားဂိတ်က လဘက်ရည်ဆိုင်လေးမှာ အလုပ်စုံစမ်းရင်း ဇာတ်မှာ ပန်းချီဆရာလိုတယ်ဆိုလို ့ ကောက်လိုက်သွားတာ…။ အစားအသောက်ဆင်းရဲလိုက်တာ.. အိမ်မှာ မိုးလင်း လဘက်ရည်နဲ ့ထမင်းကြော်၊ နန်းကြီးသုပ် စားနေကြကောင် ….မိုးလင်းရင် ဘာမှမစားရဘူး…။ အိမ်မှာက အသားဟင်းမပါရင် ထမင်းမဖြစ်၊ နေ ့တိုင်းစားနေရတာ…အိမ်ကိုတော့ လွမ်းတယ်..ဒါပေမယ့် မပြန်တော့ဘူးလို ့ဆုံးဖြတ်ထားတာကိုး..။
တစ်ကယ်တမ်းကြ ဇာတ်ထဲမှာ ၂လ နီးပါးဘဲ ပန်းချီဆရာဖြစ်ခဲ ့တာ …။ ကံကြမ္မာက စ”ပြီလေ..။
ကျနော်လိုက်ရတာက မင်းသား၃ ယောက် ကတဲ ့ဇာတ်ပွဲပါ…။
ခေါင်းဆောင်မင်းသားက အဖွဲ ့သားအားလုံးအပေါ်မှာရင့်တယ်..။
ကိုယ်နဲ ့က လိုင်းမတူလို ့အရင် ကဘာမှ မဖြစ်ပေမယ့်…ရှမ်းပြည်ကပြန်ဆင်းလာတော့ မိုးကုတ်မှာ ကရတယ်….။
ဆောင်းတွင်းဆိုတော့ အေးလိုက်တာ…။ ပျော်တယ်…အညာသားလေ..ထူးဆန်းတာတွေ တွေ ့လို ့…တခြားတော့ မဟုတ်ဘူး…
ရေခွက်လေးထဲကို ရေထည့် ပြီး ဇာတ်ရုံ အပြင်မှာ ၅ မိနစ်လောက်ထားလိုက်ရင် ရေခဲ ဖြစ်နေပြီ…အဲဒါကို သဘောကျတာ..။
ကပြီး ၂ ည မြောက်မှာ ခေါင်းဆောင်မင်းသား ခေါ်တယ်ဆိုလို ့သွားတာပေါ့…ဘာကိစ္စ ရှိလို ့လဲလို ့မေးတော့..
မနက်ကို မန္တလေး ဆင်းမလို ့ ငါ့ ဝေါ့ကင်းရှုး လျှော်ပေးစမ်းပါတဲ ့..။
ဟာ….ကိုယ့်အိမ်မှာတောင် ကိုယ့်အကျီ် ် ကိုယ်လျှော်မဝတ်ခဲ ့ရဘူး၊ သူ ဒီလို ခိုင်းတယ်..။ နောက် ကိုယ့်တာဝန်က ဒါမဟုတ်ဘူး..ပန်းချီဆွဲဘို ့ဘဲလေ..။
အခြေအတင် ့ပြောရတာပေါ့ ..ဒါကျနော့်တာဝန်မဟုတ်ဘူး..မလုပ်နိုင်ဘူးလို ့။ ဒီမှာ သူက ခြိမ်းခြောက်တာဘဲ..။
ငါခိုင်းတာ မလုပ်ရင် မင်း မနက်ဇာတ်က ထွက်သွားရအောင် ငါလုပ်လို ့ရတယ်ပေါ့..။
ကျနော် တော်တော်ဒေါသဖြစ်တာ…။ဒါပေမယ့် ကိုယ့် အခြေအနေကလည်း မှီတွယ်စရာ လိုနေသေးတော့..စဉ်းစားရတယ်..။
နောက်ဆုံးတော့ ကျနော်လုပ်ပေးရတာပါဘဲ…။ အဘွားနဲ ့ အဒေါ်တွေသာတွေ ့ရင် တော့ ရင်ကွဲမှာ..။
မင်းသားက သူ ့ညီ တစ်ဝမ်းကွဲကို အဖေါ် ထည့်ပေးတယ်…ကျနော် ဘိနပ် လျှော်ပေးရတာ ည ၃နာရီလောက်ရှိနေပြီ…။
အေးလိုက်တာ..ရေက ကျင်နေတာဘဲ..။ ကိုင်လို ့ကိုင်ထားမှန်းတောင် မသိရဘူး…။နှင်းတွေကလည်းကျနေတာ..။
ပြီးတာနဲ ့ဘိနပ်ကိုပေးရင်း သူ ့ညီကို ကျနော် ပြောတယ်…
“ မင်းအကိုက ငါ့ မာနကို စော်ကားလိုက်ပြီ…ငါမင်း အကိုကို လက်စားချေမယ်လို ့ပြောလိုက်ပါ” လို ့။
သူ ့ညီက ပြန်ပြောတာပေါ့..မင်းသားက လာမေးတယ် “ မင်းက လက်ချင်း ယှဉ်မလို ့လား”တဲ ့။
ကျနော်က မလုပ်ပါဘူးလို ့…တစိမ့် စိမ့် တွေးပြီး နာကျဉ်အောင် လုပ်မှာပါ…ရိုးသားစွာနဲ ့ပေါ့ လို ့ပြောတော့ သူက ရယ်မောပြီး
“ မင်းစိန်ခေါ်တာကို ငါ လက်ခံတယ်”တဲ ့..။
နောက်ရက် မိုးလင်းတာနဲ ့ စေတီလေးတစ်ဆူကို ကျနော်သွားပါတယ် …နော် လူငယ်ဆိုတော့ ပြောသင့် မပြောသင့် မစဉ်းစားဘဲ.. ဘုရားမှာ မျက်ရည်ကျရင်းသစ္စာ ဆိုခဲ ့ပါတယ်…။
“ အရှင်ဘုရား….ယနေ ့မှ အစ တပည့် တော်ခေါင်းဆောင်မင်းသား ဖြစ်အောင် ကျိုးစားပါမည်
အခု အသက် ၁၆ နှစ်ပါဘုရား…တပည့်တော်အသက်၂၀ ပြည့် လို ့မှ ခေါင်းဆောင်မင်းသား မဖြစ်ခဲ ့ရင် ကိုယ့်ကိုကိုယ် ကြိုးဆွဲ( ဆွဲကြိုး)ချပြီး သတ်သေပါမယ် ဘုရား” လို ့ သဲတွေကိုင်ပြီး သစ္စာ ဆိုခဲ ့ပါတယ်…။
ကျနော် အပြင်းအထန်လေ ့ကျင့်ပါတယ်…။သဘောကောင်းတဲ ့မင်းသားအလတ်ဆီမှာ အက သင်တယ်..မင်းသမီးတွေကို ရေခပ်ပေးပြီး အကသင်တယ်…ကံကြမ္မာ အလှည့် အပြောင်းနဲ ့ကြိုးစားမှုကြောင့် တစ်နှစ်ထဲနဲ ့လက်ထောက်မင်းသား ဖြစ်ခဲ ့ပါတယ်…
( တချို ့ဆို ယိမ်းမင်းသား အဖြစ်နဲ ့ အနည်းဆုံး ၅နှစ်လောက်ကြာပါတယ်)။
၁၈နှစ်အရွယ်မှာတော့ ဇာတ် တဖွဲ ့လံ ုးကို ဦးဆောင်ကပြနိုင်တဲ ့ ခေါင်းဆောင်မင်းသားဖြစ်ခဲ ့ပါတော့တယ်…။
ခေါင်းဆောင် မင်းသားဖြစ်ပြီး ၅နှစ်လောက်ကြာတော့ ဘိနပ်လျှော်ခိုင်းတဲ ့မင်းသား ဇာတ်ပွဲနဲ ့ကျနော့် ဇာတ် ပွဲတော်တစ်ခုမှာအပြိုင်ကရပါတယ်….
ဘိနပ်လျှော်တုန်းက ကျတဲ ့မျက်ရည်က ဒီအချိန်ရောက်မှ ခြောက်တော့တာပါ…။
ပွဲခင်း၂ ခု ယှဉ်ကမယ့် ပထမ ည ကတည်းက သူ ့ဆီကို သွားတွေ ့ပါတယ်…သူမှတ်မိတယ်…ဒါပေမယ့် ပွဲပြိုင်ကမယ့် မင်းသား…ဆိုတာ သူမသိခဲ ့ပါဘူး…ကျနော်ပြောပြမှ သူသိတာပါ…။ သူ ကျနော့်ကို စိုက်ကြည့် နေတာ အကြာကြီးဘဲ။
ပြိုင်ပြီ ဆိုမှတော့…ဗျာ..။ သူ ့ပွဲခင်းမှာ လူ မရှိသလောက်ဖြစ်အောင်ကို ပညာကုန် ကပြခဲ ့တာပါ…။
ဒါ အက ပြိုင်တာ မဟုတ်ဘူး…မာနနဲ ့ယောကျာ်း တစ်ယောက်ရဲ ့သိက္ခာကို ပြိုင်တာလေ…။
၃ ည ကတာပါ…။ နောက်ဆုံးည နှစ်ပါးသွားပြီးတော့ ကျနော် သူ ့ဆီ ကို သွားပါတယ်…လဘက်ရည် မုန့်၊ စီးကရက်ဘူးတွေနဲ ့ပါ..။
သူစားပါတယ် လက်ခံပါတယ်…
ကျနော်ကလည်း ဘာမှ မပြောဘဲ သူကထားတဲ ့တောင်ရှည်ပုဆိုးတွေကို ယူခေါက်ပေးနေတာပါ…။
ကျနော် မပျော်ပါဘူး…ဝမ်းနည်းနေတာဘဲ သိပါတယ်…။
ဒါပေမယ့် ကျနော်သူ ့ကို “ အကို ဘိနပ်လျှော်စရာရှိသေးလား” လို ့မေးပါတယ်…။
သူကျနော့်ကို လှမ်းဖက်ပြီး “ ငါ …မင်းကို ရှုံးသွားပြီ” လို ့ပြောပါတယ်…။
သူ မျက်ရည်ကျနေပါတယ်…ကျနော်လည်း မျက်ရည်ကျနေခဲ ့တာပါဘဲ…။
သူ ကျနော့် ဆရာပါ….
အောင်မြင်တဲ ့မင်းသားတစ်လက်ဖြစ်ဘို ့ သူ ပါရမီ ဖြည့် ပေးခဲ ့တာပါ…..။ အဲဒီကတည်းက လက်စားချေတဲ ့အလုပ်ကို မလုပ်တော့တာ ခုထိပါဘဲ..။
လောကဟာ ဆန်းကြယ်ပါတယ်…တချို ့အဖြစ်တွေက စိတ်ကူးယဉ်တာထက် ပိုပြီး ဆန်းကြယ်တတ်ပါတယ်..။
ဘာဘဲ ဖြစ်ဖြစ် တစ်ကယ်ဖြစ်ချင် တစ်ကယ်လုပ်ပါ….မဖြစ်နိုင်တာ မရှိပါဘူး……မဖြစ်သေးတာဘဲ ရှိတာပါ…။
ဒါကြောင့် ဘယ်လိုမှ မမေ့နိုင်တဲ့ အောင်မြေ မိုးကုတ်မြို ့လေးကို ကျနော် ချစ်ပါတယ်..။
မိုးကုတ်မြို ့သူလေး ထက်ထက်မိုးဦးက အင်တာဗျူးမှာ မေလ ၈ ရက်ဖွားလို ့ပြောတော့…
မွေးလ မွေးရက်တူတဲ့ ကျနော်လည်း ပြန်တွေးရပါတယ်..။
မေလ ၈ရက်ဖွား ကျောက်လေးတစ်လုံး မိုးကုတ်မှာ အောင်မြေနင်းပြီး အဘိုးတန်ကျောက်လေး ဖြစ်ခဲ့တော့
ချစ်သောမိုးကုတ်ကို ကျနော် မေ့လို ့ ဘယ်ရနိုင်ပါ့မလဲ..။
ချစ်လဲ ချစ်ဆဲ……
လွမ်းလဲ လွမ်းဆဲပါ ….မိုးကုတ်မြေ။
ကျော်စွာခေါင်
18 comments
lele kyi
October 31, 2013 at 5:00 am
“သူကျနော့်ကို လှမ်းဖက်ပြီး “ ငါ …မင်းကို ရှုံးသွားပြီ” လို ့ပြောပါတယ်…။” အဲ့မင်းသားရဲ့ စိတ်ဓါတ်ကိုလေးစားတယ်။ စကားအတင်းစပ် ဆြာခေါင်နဲ့ မွေးလ တူတယ်။ မေလ ဖွား တွေ တော်တော်စိတ်ကြီးတယ်ထင်တယ်။ ဆြာခေါင် ကပိုကြောက်ဖို့ကောင်းတယ်။ စကားပြောဆင်ခြင်မှ
ကျော်စွာခေါင်
November 1, 2013 at 2:44 am
မောင်နှမချင်း ကြောက်စရာလား.. မရွှေလဲ့ရယ်..
ဟိုက အနုပညာသမားချင်းအတူတူ …လူတယောက်ကို ချိုးတာလေ…။
အညွှန် ့ချိုး အနှိမ်ခံရတဲ့ အတွက်..ယောင်္ကျားချင်း မာန ပြိုင်ကြတာလေ..။ မေလ ဖွားက နည်းနည်းတော့ ထက်တယ်ထင်တာဘဲ..။
ကိုယ်က လူတစ်ဖက်သားကို နှိမ်တာ လုံးဝ မကြိုက်တာပါ..ကိုယ့်မှ မဟုတ်ဘူး။ တခြားသူကို နှိမ်ရင်လဲ ဝင် ပြောတတ်လို ့..။
KZ
October 31, 2013 at 9:01 am
ဟုတ်တယ်။
အနော်လည်း ချစ်ဆဲ လွမ်းဆဲပဲ။
တစ်နှစ် လောက်ပဲ နေခဲ့ရပေမဲ့ အဲ့မြို့ကိုချစ်တယ်။
ကိုယ့်ကြိုက်တဲ့ အစားအသောက်တွေလည်း ပေါသကိုးးးးး :mrgreenn:
ဇာတ်လမ်းတွေလည်း အများကြီးးးးး
ကြောင်ဇာတ်လမ်းတွေပြောတာပါ။ :mrgreenn:
မေ ၈ ဆိုတော့ ပြိဿရာသီဖွားပေါ့။
သစ္စာရှိသော၊ တည်ကြည်သော ပေါ့လေ။
မုန့်ကျွေးတော့။ :mrgreenn:
ဇာတ်ကြောင်းလေးက ဖတ်ရင်း ကြက်သီးထလာတယ်။
ကျော်စွာခေါင်
November 1, 2013 at 2:47 am
သိပ်ပြီး ဇာတ်လမ်းတွေ များတာဘဲ..။ သံယောဇဉ်တောင် မတွယ်ရဲ အောင်ဘဲ..။ လူဇိုးမ။
မကေ ကို မလိုင်အစစ်ချက်ပေးမှာပါ.. ဟိုဟာစက္ကူနဲ ့မစားနဲ ့ပေါ့..။
ရှေ ့လျှောက် မလိမ်မာဘဲ ဇာတ်လမ်းတွေ ဆက်များရင် တစ်ရှုးနဲ ့တွေ ့ပြီမှတ်နော်..။
မနှင်းဖြူ မှန်မှန်ပြော
October 31, 2013 at 9:01 am
ဟိုက် ..ဆာခေါင် နဲ့ကျွန်တော် အတူတူပဲ .. အနော်လည်း မေလ ၈ ရက်မွေး ..
ခက်တာက မန်းလေးနဲ့မိုးကုတ် ဒီလောက်နီးတာတောင်မှ တစ်ခါမှ မရောက်ဖူးဘူး…
ကျော်စွာခေါင်
November 1, 2013 at 2:51 am
မဖြူ
တခါလောက်တော့ သွားလည်ပေါ့…
ကျနော်တော့ ..
ဂျင်းဘောင်းဘီ လည်သာဂျာကင်နဲ ့ အကြော်ရောင်းတဲ့ ဂေါ်ရခါးမလေးတွေ လွမ်းလို ့ ကြုံရင်သွားဦးမှာ..။
ဆောင်းရာသီ ချမ်းတာနဲ ့ ဘူးသီးကြော် ပူပူလေးနဲ ့ ….မိုက်တယ် သိလား။
sorrow weaver
October 31, 2013 at 9:10 am
မိုးကုတ်သူလေးတွေ..ဆိုတာ…အလွန်ချောဗျ..နော့်…ဦးခေါင် နော့်….ခုခွိခုခွိ…..ပထမနှစ်ကတောင် ရှစ်ယောက်မိသေးတယ်….အဟိဟိ…ပြောရင်ကြွားတယ်ဖစ်မယ်..အဟိဟိ
ကျော်စွာခေါင်
November 1, 2013 at 2:53 am
ချောတာတော့ တစ်ကယ်ပါဘဲ.. ပါးနီနီ မျက်လုံး ညိုပြာပြာလေးတွေနဲ ့..လှမှ လှ..။
ရှစ်ယောက်တောင်.. အညာခံထိခဲ့တာပေါ့လေ..။ ခုခွိ ခုခွိ..။
ဗုံဗုံ
October 31, 2013 at 9:20 am
2005 မှာ ပြိုင်တာလား
အဲ့ဒီအချိန် မိဗုံ 10 တန်းဘဲရှိသေးတယ်….
ဟူး..အူးခေါင်ပိုစ့်တွေ ဖတ်လိုက်ရရင်..
မောသွားတာဘဲ…မလိုင်သွားစားလိုက်အုံးမယ်..
ကျော်စွာခေါင်
November 1, 2013 at 2:57 am
ဦးခေါင်ကလဲ ဗုံဗုံကို ကလေးမို ့ဦးစားပေးပြီး မလိုင်ကျွေးတာပါ…။
တူလေး မျက်နှာကလည်း ရှိသေးတယ်လေ..။
စကားမစပ်…
တူမလေးကို ဖုန်းဆက်မေးတော့…
တူတစ်ယောက်က အရက်သောက်လွန်းလို ့ သေပြီတဲ့..။
နောက်တစ်ယောက်က မိန်းမ ယူသွားပြီတဲ့…
ကဲ…။ စိတ်ဓါတ်တော့ မကျပါနဲ ့လေ… ကျန်တဲ့ ဆွေမျိုးတွေကို ဖုန်းဆက်ပြီး ရှာပေးပါ့မယ်..။
မငိုနဲ ့ရော့ရော့… မလိုင်လေးစားလိုက်…နော်
kyeemite
October 31, 2013 at 10:34 am
ဇွဲ သန်သန်နဲ့ ရည်ရွယ်ချက်ကိုမဖြစ်ဖြစ်အောင် ကြိုးစားခဲ့တဲ့ ကိုကျော်စွာခေါင်ကိုလေးစားပါတယ်
ကျနော်လည်း အဲဒီလိုအနှိမ်ခံရလို့ ကြိုးစားခဲ့ဖူးတယ်…နောက်မှပြန်တွေးတော့ သူတို့ကို အတော်ကျေးဇူးတင်မိတယ် ..နို့မို့ဆို ဒီလောက်တောင်ဖြစ်လာပါ့မလားမသိ…. 🙁
ကျော်စွာခေါင်
November 1, 2013 at 3:01 am
ကိုမိုက်ရေ…
လူငယ်ဘဝမှာ ဇွဲ..လုံ့လ. ဝီရိယ…မာန်ထက်ဘို ့လဲ လိုလို ့ ကြိုးစားရတာလေ..။
တစ်ကယ်တန်းကျ ကျေးဇူးရှိပါတယ်.. က ခါနီးတိုင်းလည်း မြင်ဆရာ ကြားဆရာ အဖြစ်နဲ ့စိတ်မှန်းပြီး ကန်တော့ပါတယ်..။
TNA
October 31, 2013 at 9:41 pm
တကယ့်ကို ခံစားလိုက်ရတဲ့အရေးအသားပါပဲ။ တကယ့်ကိုထိမိလွန်းလှပါတယ်
ကျော်စွာခေါင်
November 1, 2013 at 3:02 am
လာအားပေးတာ ကျေးဇူးနော်.. မနုအေး။။
မနုအေးရဲ ့ပို ့စ်တွေမှာများ ကျနော် မအားလပ်လို ့ ကော်မန် ့တွေ မရေးဖြစ်ရင် စိတ်ထဲက နားလည်ပေးပါလို ့လဲ ပြောပါရစေ..။
alinsett
November 1, 2013 at 12:32 pm
ဦးခေါင်ရည်
ဦးခေါင် ရေးတာလေးတွေ ဖတ်ရင်း
ကြည်နူးလိုက်
ဝမ်းနည်းလိုက်
ဝမ်းသားလိုက်
ဒေါသဖြစ်လိုက်
သက်ပြင်းချလိုက်
သံဝေဂလေး ရလိုက်နဲ့
အိုးးး ခံစားချက်အစုံ
အတွေးတွေနဲ ့
မျောမျောသွားတယ်
တစ်ခု ထူးခြားတာက
စာဖတ်နေရတာနဲ့မတူဘူး
ဦးခေါင် ကိုယ်တိုင်မျက်နှာချင်းဆိုင် လာပြောပြနေသလိုပဲ
ပရိုဂျက်တာ လေး နဲ့ ပုံရိပ်တွေ ပြလိုက်
အဖြစ်အပျက်တွေကို ခံစားချက်အပြည့်နဲ့ပြောလိုက်
အဲဒီလို ကို ခံစားရတဲ့အထိ
လက်ရာမြောက်အောင် ရေးနိုင် တွေးနိုင်ပါပေတယ်ဗျာ
ချစ်ခင်လေးစားလျက်
Mr. MarGa
November 1, 2013 at 2:04 pm
ကိုကြီးကျော်……
ဘဝဇာတ်ခုံ အလှည့်အပြောင်းတစ်ခုပေါ့လေ
ဒီလို လူမျိုးတွေကြောင့်၊ ဒီလို အဖြစ်အပျက်တွေကြောင့်
အခု ကျော်စွာခေါင် ဆိုတာ ဖြစ်လာတာပေါ့နော်…
အဲဒီ မင်းသားရော အခု ရှိသေးလား ဟင်
သိချင်လို့ပါ။
Ma Ma
November 1, 2013 at 5:50 pm
အဲဒီဇာတ် ကြည့်ချင်တယ်။ 😀
ငယ်ငယ်က အဖေက ဇာတ်ကကန်ထရိုက်သွင်းတယ်။
ပွဲငှားဖို့ သွားကြည့်ရင် မင်းသားတွေက လက်စွမ်းကုန် က သလောက်
တောရောက်ရင် တောက လူတွေကို အထင်သေးပြီး မင်းသားတွေ ခိုပြီး က တယ်။
ဇာတ်ဆိုတာ မြို့နေလူထုထက် တောနေလူထုက အားပေးကြတာကို မသိကြဘူး။
အဖေက ဇာတ်ပွဲသွင်းတိုင်းလည်း ရှုံးတာပဲ။
ရှုံးလည်း နှစ်တိုင်း သွင်းတာပဲ။ 😀
သျှားသက်မာန်
November 1, 2013 at 6:12 pm
မိုးကုတ်မြို့ကချစ်ဖို့လည်းကောင်းသလို…နေလို့လည်းကောင်းတယ်..သွားလည်ရတာစိတ်ကိုချမ်းသာရော…….ကျွန်မလည်း..မိုးကုတ်နဲ့ပက်သက်တဲ့စာမူလေးရေးထားပါသေးတယ်…တောင်တန်းတွေနဲ့တူတဲ့မြို့တဲ့။
အားပေးပါဦး