စားပွဲထိုးလေးရဲ ့သူငယ်ချင်း (ဒုတိယပိုင်း )
တောရိပ်တောင်ရိပ်တို ့၏ စိမ့်စိမ့်နွေးနွေး ရစ်သိုင်းလွှမ်းခြုံမှုကို ခံစားရင်းလျှောက်လာခဲ ့တာ ဘယ်လောက်ဝေးဝေးရောက်ခဲ ့ပြီ
ဆိုတာ အတိအကျမသိပေမယ့် တော်တော်ဝေးဝေး ရောက်လာတာတော့ ပင်ပန်းလာမှုကြောင့်သိသည်….။
နေရောင်က တဖြည်းဖြည်း မြင့်တက်လာသလို ပူလောင်မှုကို လူကသိပ်မခံနိုင်။ တခါမှလဲ ဒီလောက်လမ်းမလျှောက်ဘူး၊
နားလိုက်သွားလိုက် ၊စားလိုက်ရေသောက်လိုက်နှင့် လွပ်လပ်မှုကိုလဲ ခံစားရသည်…။
အခုမှ ကိုယ့်ကိုကိုယ် ဆရာမင်းလူရဲ ့ ဌက်ကလေး လိုစိတ်ထဲထင်လာသည်…။နောက် ကချင်အဖွဲ ့တွေနဲ ့တွေ ့မလားတွေးမိသေး၊
တွေ ့လဲ ကိစ္စမရှိ လိုက်သွားမှာ…တစ်ကောင်ထဲဘဲ..၊။ ဆရာမင်းသိင်္ခရဲ ့ဖြစ်ချင်တာဖြစ် မောင်ဘချစ် တို ့သခင်သန်းထွန်းပ+ဒု စာအုပ်ကိုဖတ်ထားတာဆိုတော့လဲ ဘာမှကို မကြောက်ချင်တော့။
တစ်ကယ်တန်းတော့ မတွေ ့ခဲ ့ပါ………။
နောက်တော်တော်ဝေးဝေးမှ ကားသံကြားရပြီး ဘယ်လိုကားလဲဆိုတာ လမ်းလျှောက်ရင်းစောင့်ကြည့်နေလိုက်သည်။ ခဏကြာတော့
ကားအဝါရောင်ကြီးတစ်စီး တွေ ့ရပြီး အနားရောက်တော့ ကားရပ်ပြီး ကျနော့်ကို မေးလာသည်။
“ဟေ့..ကောင်လေး မင်းဘယ်သွားမှာလဲ”
“ ကသာ”
“ဘာဖြစ်လို ့လမ်းလျှောက်နေတာလဲ”
“ကျနော် ကားမမှီလိုက်လို ့ပါ”
“ မင်းကွာ….ဒီလမ်းကို ဘာထင်လို ့လဲ…မသေကောင်းမပျောက်ကောင်း…တက်..တက်၊ကားပေါ်ကို”
“ကျနော့်မှာ ပိုက်ဆံ ၅ကျပ်တောင်မပြည့်ဘူး…ဦး”
“ မလိုပါဘူးကွာ….လာတက်…ဒါပေမယ့် နောက်မှာဘဲ ထိုင်နော်…သေချာလည်းကိုင်ထားဦး”
သဘောကောင်းသော ကားဆရာကို ဟုတ်ကဲ့ပါ…ဦး ဟုပြောရင်း ကားပေါ်ကို မနည်းတွယ်တက်ရသည်၊ တစ်ကယ်တော့
လမ်းကြုံတင်သောကားက လူစီးကားမဟုတ်၊ သစ်တင်တဲ ့ကားကြီး၊။
နောက်မှာအပြည် ့တင်လာသော သစ်လုံးကြီးတွေပေါ်မှာ ထိုင်ရသည်…လက်ကတော့ သံကြိုးကြီးတွေကို မြဲမြဲကိုင်ထားရတာပေါ့…။
ကားပေါ်တက်ပြီးတာနဲ ့ ကားဆရာလည်း တရကြမ်းမောင်းသည်…။
ကားဆောင့်ပေမယ့် လမ်းလျှောက်တာထက်ခရီး ပိုရောက်တာမို ့အဆင်ပြေပါတယ်…။
လမ်းလျှောက်တုန်းက ဘာမှ မဖြစ်ပေမယ့် မြေလမ်းဖုန်လမ်းမှာ မောင်းတာမို ့ တစ်ကိုယ်လုံးလဲ ဖုန်တွေနဲ ့မျောက်ဖြူတစ်ကောင်လိုဖြစ်နေပြီ..။ကိုယ့်ဘာသာ သဘောကျပြီး ရယ်နေမိသည်…ကားကလည်း ဆောင့်လိုက်သည်မှာ
လက်ကိုသာ မြဲအောင်ကိုင်ထားရသည်.။
ဒီလိုနဲ ့ပင် ကားက သစ်လုပ်ငန်းဝင်းကြီးထဲသို ့ဝင်ရောက်လာခဲ ့ပြီ။ ကိုယ်ကလဲ ဆင်းရမှာလား…ဆက်ထိုင်နေရမှာလား မသိ။
ခဏနေမှ ကားဆရာက “ ရပြီ …ကောင်လေး..ငါက ဒီမှာဘဲ လမ်းဆုံးပြီ…မြို ့ထဲတော့ လိုက်မပို ့တော့ဘူး..မင်းဒီလမ်းကြီး အတိုင်းသာဆက်လျှောက်သွားတော့” ဟုပြောလာသည်၊
ကားဆရာကြီးကို ကျေးဇူးတင်ကြောင်းပြောပြီး ကားပေါ်ကဆင်းကာ တစ်ခါမှ မတွေ ့ဘူးသော လုပ်ငန်းများကို ငေးကြည့်နေမိသည်…။
သူတို ့တွေ ပင်ပန်းလိုက်တာ…လူတွေကလည်း ဆင်တွေနဲ ့အပြိုင် အလုပ်လုပ်နေကြသည်။
ဆင်တွေ၊ သစ်တင် သစ်ဆွဲတဲ ့ကားတွေကို သေချာထိုင်ကြည့်နေခဲ ့သည်..တော်တော်လေးကြာမှ မြို ့ထဲဘက်ကိုဆက်ထွက်လာခဲ ့သည်.။
မြို ့အဝင်က စလို ့အိမ်ကလေးတွေ ကြိုကြားတွေ ့ရသည်…တောရွာလေးတစ်ခုလိုပင်…နောက်မှ မြင်ကွင်းတွေက မြို ့အိမ်တွေလို
မြင်လာရသည်..။
ကသာကိုသာ စိတ်ထင်တိုင်းလာခဲ ့တာ တစ်ကယ်တော့ ဘယ်သွားလို ့ဘာလုပ်ရမှန်းမသိ..။
စိတ်ကအားငယ်မိသော်လဲ ဘဝတော့စပြီကွာဟု ကိုယ့်ကိုကိုယ် အားတင်းရင်း မြို ့ထဲ လမ်းလေးခွ ရောက်လာသည်…။
“စတားလိုက် ကဖီးနှင့် အအေး” ဆိုင်ကိုတွေ ့တော့ လက်ဘက်ရည် သောက်ချင်လာပြီ..။ အစ္စလာမ်ဆိုင်ဖြစ်သည်။
မုန် ့နှင့်လက်ဘက်ရည်တစ်ခွက်မှာသောက်ပြီး ပိုက်ဆံရှင်းလိုက်တော့ ၂ကျပ်နီးပါးဘဲ ကျန်တော့သည်..။
ပြီးမှ ဆိုင်ကထွက်လာပြီး ဟိုကြည့်ဒီကြည့်လုပ်ရင်း ကြော်ငြာဘုတ်သေးသေးတစ်ခုတွေ ့ရသည်…
“ ပန်းချီပြိုင်ပွဲ”
စိတ်ထဲမှာ ဝမ်းသာလိုက်တာ ၊ နေရာကို ဖတ်ကြည့်တော့ ကသာမြို ့အထက်တန်းကျောင်းမှာ..။
နီးရာလူကို လမ်းမေးပြီး ပြိုင်ပွဲရှိရာကျောင်းကို ရောက်လာခဲ ့သည်….အသေးစိတ်ပြိုင်ပွဲကြော်ငြာနှင့် စည်းကမ်းချက်ကို ဖတ်လိုက်တော့
ကသာမြို ့၏ ထုတ်ကုန်လုပ်ငန်းများဖြစ်တဲ ့ ရေလုပ်ငန်း၊ လယ်ယာလုပ်ငန်း၊သစ်လုပ်ငန်း ၊ဒါတွေကိုခြုံငုံပြီး စက်အမှုလက်မှုကို ဖော်ကျူး
ရမည့်ပွဲ…။
ဒါကပြသနာမရှိပါ…အောက်ဆုံးစာကြောင်းကသာ တစ်ကယ့်ပြသနာ…။
တစ်ဦးလျှင်ဝင်ကြေး ၅ကျပ်ပေးသွင်းရမည်တဲ ့။
လူလည်းစိတ်ဓါတ်ကျသွားသည်….ပေးမည် ့ဆုတွေကမနည်းပေမယ့် ၊ဝင်ကြေးပေးစရာ ငွေ မပြည့်…။
နောက်တော့လဲ ဘယ်လိုမှ မဖြစ်နိုင်ပါဘူးလေဟု တွေးရင်းစိတ်ကို လျှော့ကာ ပန်းချီပြိုင်ပွဲ အခန်းကို အပြင်ကသာ ငေးနေမိတော့သည်။
ပြိုင်ပွဲဝင်မယ့်လူတွေက ကိုယ့်လိုငယ်သူ သိပ်မပါ..လူလတ်တန်းတွေ၊ ပန်းချီစတဲန်းခုံတွေ၊ဘုဒ်ပြားတွေ စုတ်တံတွေနှင့်….။
ကိုယ့်မှာတော့ ခွေးအမဲသားမျှော်သလိုသာ…။
ကြည့်နေရင်းကပင် ကျောင်းအုပ် ဆရာကြီးဝင်လာပြီး ဩဝါဒစကား အားပေးစကားပြောကာ ပြိုင်ပွဲကိုစတော့သည်….။
ထိုဆရာကြီးက ပန်းချီဆရာ၊ ဝင်ပြိုင်နေကြတာတွေအားလုံးက သူ ့တပည့်တွေ၊။
အားကျစိတ်တွေ၊အာသာငမ်းငမ်းဆွဲချင်စိတ်တွေနဲ ့ပြတင်းပေါက်တွင်လက်တင်ရင်းငေးနေမိသည်..။
ခဏနေတော့ ဖုန်အလူးလူးနှင့် ကျနော့်ဘေးမှာ ကောင်မလေးတစ်ယောက် ကပ်သီးကပ်သတ်အတူလာရပ်ကြည့်သည်….။
သူလဲ သူများတွေ ဆွဲနေတာကို လာငေးတာဘဲဖြစ်သည်…..။ခဏနေတော့ သူ ့ဘာသာငြီးသလို ကိုယ့်ကိုပြောသလိုနှင့်….
“ ဆွဲချင်လိုက်တာ…” ဟုပြောသည်…ကိုယ်ကလဲ အားပေးတဲ ့အနေနဲ ့…
“ သွားဆွဲပါလား”
“ တတ်မှမတတ်တာ”
“ဪ….”
“ နင်ကော..မဆွဲတတ်လူးလား”
“ဆွဲတတ်တာပေါ့”
“ အင်…ဆွဲတတ်ရင် သွားဆွဲလေ”
“ပြိုင်ပွဲဝင်ဘို ့ပိုက်ဆံမရှိဘူး”
သူမက မယုံသလိုကြည့်ပြီး….“၅ကျပ်တောင် မရှိဘူးလားဟာ..”
“တစ်ကယ်မရှိလို ့ပါ”
“နင်ဘယ်ကလဲ…ဒီမြို ့ကမဟုတ်ပါဘူး”
“ ငါအိမ်ကထွက်လာတာ…( …….)မြို ့က”
“နင်ဆွဲတတ်တာတစ်ကယ်လား”
“တစ်ကယ်” “ဒါဆို …ခဏလာဦးဟာ” ဟုပြောပြီး လက်မောင်းကိုဆွဲခေါ်သွားကာ ကြော်ငြာဘုဒ်ကို သေချာပြန်ဖတ်နေသည်…။
သူ ဘာလုပ်နေတာလဲဆိုတာစဉ်းစားမရ..။
နောက်မှသူမက တိုးတိုးလေး ကပ်ပြောသည်….။
“ ပထမရရင်ပေးမယ့်ဆုတွေ မနည်းဘူးဟ”
“အေး…ဟုတ်တယ်..”
“ဒါဆို ပြိုင်ပွဲဝင်ကြေးငါစိုက်ပေးမယ်….ဆုရခဲ့ရင်တစ်ယောက်တစ်ဝက်ခွဲမယ်…ကျေနပ်လား”
ကျနော်သူမရဲ ့ပွင့်လင်းမှု ကိုတော်တော်သဘောကျသည်….သူမက ဈေးတွက်တွက်နေတာကိုး။
“ဆုမရခဲ ့ရင် ဘယ်လိုလုပ်မလဲ”
“နောက်တော့ နင်ပြန်ဆပ်ပေါ့ဟာ”
“ဪ…အေး”
ကျနော်သူမကိုသဘောကျပြီး ရယ်နေတော့…..ဘာလဲ နင်ကမဆွဲဘူလား…..
“ဆွဲမှာပေါ့ဟ…”
“နင့်နာမည်က”
“ညီညီ…နင်ရော…”
“ခင်မ…..ဒါဆိုငါစာရင်းသွင်းလိုက်တော့မယ်”ဟုပြောပြီးရှေ ့ကနေထွက်သွားသည်….။
ပန်းချီခန်းစောင့်နေသော ဆရာမကို သွားပြောတော့ အချိန်နောက်ကျနေပြီဟုပြောသည်….။
ရပါတယ်ဟု ပြောတော့ လက်ခံပြီး ၃ပေ ၂ပေခွဲလောက်စက္ကူအထူတစ်ချပ်နှင့် စုတ်တံသေးသေးလေး၃ချောင်း၊ ပြီးတော့ စက္ကူပေါ်မှာ ဆေးရောင်လေးရောင်ပုံပေးသည်…။
ခင်မက သူများတွေလို ဆေးများများဘူးတွေနှင့်စုတ်များများပေးဘို ့ပြောတော့ ဒါဘဲရမယ်ဟုဆရာမကပြောသည်…။
စိတ်ထဲမှာတင်းကနဲ ဖြစ်သွားတာ..။ မညီမမျှလုပ်သလိုခံစားမိပေမယ့် လိုရင်နည်းနည်းတောင်းလို ့ရမလားမေးတော့
“နည်းနည်းပါးပါးတော့ရမယ်” ဟုပြောလာသည်…
သူများတွေလို စတဲန်းခုံနဲ ့အောက်ခံဘုတ်ပြားတောင်းတော့ မရှိဘူး….ဆွဲရင်ကြမ်းပြင်မှာဆွဲလဲရတာဘဲ…တဲ ့။
ခင်မကစိတ်တွေတိုနေသည်….
ဪ…လောကကြီးကဘာလို ့များမညီမမျှတွေ လုပ်နေဖြစ်နေကြတာလဲ..
နောက်ဆုံးတော့လဲ ခင်မကို………………..
“ ရတယ်ခင်မ မပြောနဲ ့တော့ ၊ ကြမ်းပြင်မှာလည်း ငါဆွဲလို ့ရပါတယ်”
“ သူတို ့ကိုနိုင်အောင်ဆွဲသိလား…သူတို ့တပည့်တွေမို ့ဘက်လိုက်နေတာ…ငါသိတယ်…”
“ မပြောနေနဲ ့တော့ ကဲ..ငါစတော့မယ်”
ပြောပြောဆိုဆို အလင်းရောင်ရသော တံခါးပေါက်ဘေးမှာ နေရာချလိုက်သည်…ပြိုင်ပွဲဝင်နေသူတွေက ဖုန်အလူလူးနှင့် ကြမ်းပြင်မှာထိုင်ဆွဲဘို ့လုပ်နေသောကျနော့်ကို လှောင်ပြုံးတွေနဲ ့ကြည့်နေကြသည်….တစ်ချို ့က မကြားတကြားရယ်နေသည်…။
အဲဒီအကြည့်မျိုး…အရယ်အပြုံးမျိုးက တစ်ကိုယ်လုံးကြက်သီးထအောင်စိတ်ကိုဖြစ်စေသည်…
ကိုယ့်နယ်မှာကြက်ဖ၊သူများနယ်မှာကြက်မ ဆိုတော့လဲ ဒီလောက်တော့ရှိမှာပေါ့….။
ဆွဲမလိုလုပ်ပြီးမှ သူတို ့ဆွဲတာကို လိုက်ကြည့်လိုက်သည်…။
ဒီလောက်ကြာတာတောင်တစ်ချို ့က အောက်လိုင်းကောက်လို ့မပြီးသေး။ တစ်ချို ့က အရောင်စသွင်းနေပြီ…။
အားလုံးကို လိုက်ကြည့်ပြီးသောအခါ စိတ်ကသိလိုက်ပြီ…..။
ပွဲပြီးပြီ…။
ကိုယ့်ကိုကိုယ် အထင်ကြီးလို ့မဟုတ်ပေမယ့် သေသေချာချာကိုသိနေပြီ။
ဒါနဲ ့နေရာပြန်ယူ…..လုပ်ငန်းပုံတွေပြန်စဉ်းစား။ ပြီးတော့ ကားဆရာကြီးကို စိတ်ထဲက အထပ်ထပ်ကျေးဇူးစကားပြောမိသည်။
ရေလုပ်ငန်း၊လယ်လုပ်ငန်းတေါက မခက်ပေမယ့်…သစ်လုပ်ငန်းကို လိမ်လို ့မရ…ဆင်၊ သစ်တင်ဝန်ချီကား…ဒါတွေကအရေးကြီးသည်…နာရီပိုင်းလေးလောက်ကမှ သစ်တောဝိုင်းထဲမှာ ထိုင်ကြည့်နေခဲ ့သောကိုယ့်မျက်လုံးထဲမှာ အားလုံးအလွတ်ရနေသည်…။
လုပ်ငန်းတွေကို ရောစပ်ပြီး အောက်လိုင်းကောက်သည်…။
တံခါးပေါက်အပြင်မှ လာကြည့်နေကြသော ကျောင်းသားကျောင်းသူတစ်ချို ့က ဖုန်တွေသဲတွေနှင့် ကျနော့်ကို လာရီနေသေးသည်…။
နောက်အရောင်တွေစသွင်းပြီးစိတ်ကိုနှစ်ဆွဲနေတုန်းမှာ တံခါးပေါက်တွင် လူတစ်ယောက်လာရပ်ကြည့်တော့…ကျောင်းသူတွေ လစ်ကုန်ကြသည်….။ ထိုလူက ပါးသိုင်းမွှေး မုတ်ဆိတ်မွှေးဗရပွနှင့်…ဆံပင်တွေကကောက်ဖွာပြီး အရှည်ကြီး။
သူကဘာမှမပြောရပ်ကြည့်နေသည်။
နောက်ဆွဲနေစဉ်မှာပင်….ကာကာတုန်းနဲနဲများနေတယ်…လျှော့လိုက်….ဟုပြောသံတိုးတိုးလေးကြားတော့မော့ကြည့်လိုက်တော့..
ပါးစပ်ကို လက်နှင်ကွယ်ထားပြီး ပြောနေတာ ထိုသူပင်။ သူပြောတာမှန်ပါသည်…ကိုယ်လည်းလျှော့ချသည်..သူ ့ကို ကျေးဇူးတင်စွာပြုံး
ပြတော့ သူလဲပြုံးပြသည်..။
ခဏနေပြီး…တချို ့နေရာလေးတွေရောက်လျှင် အဲဒါလေး ဝပ်ရှ် လုပ်( ရေမျှော) လိုက်…။ တုန်းမြှင့်လိုက်။ စသဖြင့်လိုအပ်တာလေးကိုတိုး
တိုးလေးပြောပြနေသည်….။
သူထောက်ပြတာလေးတွေက ပန်းချီကားကို ပိုပြီး အသက်ဝင် သဘာဝကျစေတာ အမှန်ပင်..နောက် “ ရနေပြီ…လက်စသပ်တော့”
ဟုပြောပြီးသူထွက်သွားသည်။
သူထွက်သွားမှ ကျောင်းသူကျောင်းသားတွေ ပြတင်းပေါက်ကနေမရော အထဲထိဝင်လာပြီး ဝိုင်းအုံကြည့်ကြသည်….။
အလင်းရောင်ပင် မရချင်တော့။ နောက်သူတို ့စာအုပ်ထဲမှာ အော်တိုရေးခိုင်းကြသည်….ကျနော်အံ့ဩပါတယ်.။
ပန်းချီမပြီးသေးလို ့နောက်မှလို ့ပြောလဲမရပါ။ အတင်းပင်…။
ခင်မရောက်လာပြီး ခဏစောင့်ဘို ့ပြောပေးမှ နည်းနည်းငြိမ်သွားတာ။
ကျနော် တစ်ယောက်ကျောင်းသူတွေ တအုံးအုံးနဲ ့ဆိုတော့ အခန်းစောင့်ဆရာမက စိတ်တိုနေပုံရသည်…။
ကျောင်းသူလေးတွေကလည်းဆူညံနေသည်.။ ကိုယ်ကလဲ ဆွဲနေသူတွေကို အားနာတယ်….ပန်းချီဆိုတာ အေးအေးဆေးဆေးဆွဲမှ
စိတ်အာရုံ ပိုကောင်းတာကိုး…။
ကျောင်းသူတွေကို ဆရာမပြောလဲမရ ထပ်ဝိုင်းနေတော့၊ ဆရာမ ဒေါသဖြင့်ထွက်သွားပြီး စောစောကကျောင်းအုပ်ဆရာကြီးကိုသွားခေါ်လာတော့တာဘဲ။
…….
……..
ဆရာမခေါ်လာသော ကျောင်းအုပ်ကြီးအခန်းထဲဝင်လာသောအခါ ကျောင်းသူကျောင်းသားတွေ ဘေးကိုရှဲကုန်သည်။
မျက်နှာမာကြီးနှင့်ခါးကြီးထောက်ပြီး….မင်းဘယ်ကလဲ ဟုမေးလာသည်။
ဧည့်သည်တစ်ယောက်ပါ ဒီမြို ့ကို ရောက်လာရင်းပန်းချီပြိုင်ပွဲတွေ ့လို ့ဝင်ပြိုင်တာပါလို ့ပြောတော့ ဘာမှ မပြောဘဲ သူ ့တပည့်တွေရဲ ့ပုံကို လိုက်ကြည့်နေသည်.။ ပြီးမှ တစ်ခေါက်လာပြီး ……
“ မင်းဘယ်မှာ နေတာလဲ”
“ ဒီကသာမှာပြောတာလား ဆရာကြီး”
“ ဟ…ကသာရောက်နေမှတော့ ကသာမှာနေတာကို ပြောတာပေါ့ကွာ”
“ ကျနော် ဘယ်မှာနေရမလဲဆိုတာ ကျနော်လဲမသိပါဘူး…ကျနော်အလုပ်တစ်ခု ရှာရမှာပါ”
ကိုယ်က ပြန်သာ ဖြေနေရတာ စိတ်ထဲမှာတော့ နဲနဲလန် ့နေသည်….။
ဆရာကြီးက အခန်းရှိလူများကို ဝေ့ကြည့်ပြီး ကျနော့်ဘက်ကိုလှည့်ကာ အသံမာမာ၊ အသံကျယ်ကျယ်နဲ ့ပြောသည်..
“ မင်းဘာသာ ဘယ်မှာဘဲနေနေကွာ…နောက်၃ရက်ကြာရင်ဆုပေးပွဲရှိတယ်…မင်းဘဲ ပထမဆုကိုလာယူ ကြားလား”
ဆရာကြီး ဘာများပြောမလဲအထင်ဖြင့် နားစွင့်နေသူအားလုံး တစ်ချက်တော့ကြောင်ပြီးတိတ်ဆိတ်သွားတာ….
နောက်မှ ဆရာကြီးက ကျနော့်ပုခုံးကိုကိုင်ကာ……“ မင်းတော်တယ်ကွ” ဟုပြောပြီးထွက်သွားတော့သည်…။
စိတ်မှာ အရမ်းဝမ်းသာသွားသည်…။ဒါပေမယ့် ဒါပြိုင်ပွဲစည်းကမ်းအရ မဖြစ်သင့်ပါ၊ ဆရာကြီးကဆုကိုတစ်ကယ်ပေးချင်ပါစေဦး ကျန်သောရေးဆွဲသူတွေကိုငဲ့ရပါမည်။ အားနာစိတ်ဖြင့် ပြိုင်ပွဲဝင်တွေကို ကျနော် မကြည့်ရဲပါ……။
ဆရာကြီးကို လန် ့သည့် အရှိန်နဲ ့ဘေးမှာ ကွယ်ရပ်နေသော ခင်မ ကပြေးလာပြီး လက်မောင်းကို အားရပါးရရိုက်ကာ…
“ နင် တစ်ကယ် ပထမဆု ချိတ်သွားပြီ…တို ့ဆရာကြီးတစ်ကယ်ပြောတာဟ…ဆရာကြီးကအဲလိုကြီး”
သူမပြောတဲ ့ဆရာကြီးကအဲလိုကြီးဆိုတာ …နားမလည်ပေမယ့် ပြိုင်ပွဲခန်းထဲက၂ယောက်အတူ ထွက်လာခဲ့သည်…
ကျောင်းသူလေးတွေ ရောက်လာပြီး အတင်းအော်တိုရေးခိုင်းသည်…ခင်မင်ဘို ့လဲ ကောင်းပါသည်…။
နောက်သူတို ့စကားသံဝဲဝဲလေးတွေကို ချစ်သည်….အထက်ပိုင်းကလူတွေ စကားဝဲကြပေမယ့် ကသာစကားဝဲပုံက တစ်မျိုးထူးခြားသည်။
သူငယ်ချင်းခင်မကတော်တော်ခင်ဘို ့ကောင်းပါသည်။သူ ့ပုံစံက ဆံပင်ဂုတ်ဝဲလေးနှင့် ၊သွားလေးက ခေါယောင်ယောင်…ဒါပေမယ့်သိပ်မသိသာပါ..အဲ မျက်လုံက မို ့ပြီး နဲနဲပြူးတယ်…( စိတ်မဆိုးနဲ ့ခင်မရေ…ဒါမှနင့်ကိုပုံဖမ်းမိကြမှာ)။ ဒါတွေက အရေးမကြီး
သူ ့စိတ်ဓါတ်လှသည်….ကျနော်လိုချင်တာ စိတ်အလှ။နောက်ခင်မက ၉တန်းကျောင်းသူ။ ကျနော်က ၈တန်းကျောင်းသား…
ရွယ်တူလြဲဖစ်နေတော့ စကားပြောရတာ ပိုအဆင်ပြေသည်…ခဏလေးအတွင်းမှာ အရမ်းခင်သွားကြသည်..။
နောက်သတိရပြီး….“ခငမ ဟို အကိုကြီးရော ဘယ်မှာလဲဟ”
“ ဘယ်သူတုန်း”
“ ငါပုံဆွဲနေတုန်း ပြတင်းပေါက်ကနေ ပြောပေးနေတာလေ…နင်မကြားဘူးလား”
“ ဟင့်အမ်း…ငါမကြားပါဘူး…ဘာပြောလို ့လဲ”
“ ငါလိုအပ်တာလေးတွေကို သူကပြောပေးတယ်ဟ…သူ ့ကို ကျေးဇူးစကားပြောရမယ်”
“ ဟာ…အဲဒီလူကြီးက ရူးနေတာဟ…နောက်သူပန်းချီမဆွဲတတ်ပါဘူး”
“ ဟမ်..ရူးနေတာ…မဖြစ်နိုင်ပါဘူး ။သူဆွဲတတ်တယ်…သူပြောတာ အမှန်တွေပါ..ငါဘဲသိတယ်…”
“ ညီညီ..ငါက ကသာသူနော်..ဒီမြို ့မှာ မွေး၊ ဒီမြို ့မှာနေတာ…နင်က ဒီနေ ့မှ ကသာရောက်တာ၊ နင်ကဘာမှ မသိပါဘူး၊ အဲဒီလူကြီးက
တစ်ကယ်အရူး…”
ကျနော်အံ့ဩမိသည်..စိတ်ထဲမှာ အရူးဆိုတာ ဘယ်လိုမှ လက်ခံလို ့မရ…ဒါပေမယ့် နောက်မှ စုံစမ်းတော့မယ်လေ…တွေ ့ကြဦးမှာပါဟု
တွေးကာ ခင်မကို ဘာမှ မပြောတော့ပါ။( တစ်ကယ်ဘဲ ကသာမှာ ၅လလောက်နေပြီး ရှာသော်လည်း မတွေ ့ခဲ ့ရပါ)
အပြင်ရောက်လာပြီးမှ ခင်မကို အလုပ်ရှာပေးနိုင်မလားမေးကြည့်ရသည်။
“ ညီညီ နင့်ကြည့်ရတာ အလုပ်ကြမ်းလုပ်နိုင်မှာ မဟုတ်ပါဘူး”
“ အေး….မွေးကတည်းက တစ်ခါမှတော့ မလုပ်ဘူးသေးပါဘူး….ဒါပေမယ့် လုပ်ရမှာပေါ့ဟာ”
“ နင်က ဘယ်လိုအလုပ် လုပ်ချင်တာလဲ”
“ ဖြစ်နိုင်ရင်တော့ ငါလက်ဘက်ရည်ဆိုင်မှာ စားပွဲထိုးတွေ ဘာတွေ လုပ်ချင်တယ်၊ ခင်မ …ငါတနေ ့ကို လက်ဘက်ရည် ၆ခွက်လောက်သောက်မှ နေလို ့ရတာ…”
“ အေး…ဒါဆို အတော်ဘဲ ငါ့အသိတစ်ယောက်လက်ဘက်ရည်ဆိုင်ရှိတယ်ဟ…တို ့သွားရအောင်”
“ အေး…ကောင်းတယ်”
နှစ်ယောက်သား စက်ဘီးလေးတွန်းကာလမ်းလျှောက်ရင်း သူပြောတဲ့ ဆိုင်ကိုရောက်လာသည်…ဆိုင်ကတရုပ်ဆိုင်။ အဘိုးကြီးတစ်ယောက်ထိုင်နေတာကို ခင်မကနုတ်ဆက်ပြီး “ အိတေ” ရှိလားဟုမေးသည်…။အဘိုးကြီးခေါ်လိုက်ပြီး ခဏနေတော့
အိတေဆိုသူ ထွက်လာပြီး ခင်မနှင့် နုတ်ဆက်ပြောဆိုနေကြသည်။ လူက တရုပ်လဲဖြစ်သောကြောင့် ဖြူနုနေသည်..
ခင်မက အလုပ်လိုက်ရှာနေကြောင်း ပြောပြီး ကျနော့်ကို မိတ်ဆက်ပေးတော့…..
“ ဟယ်…စားပွဲထိုးလုပ်မယ်..တစ်ကယ် ၊ ချောလိုက်တာဟယ်..ခင်မ ငါသူ ့ကို ခေါ်ထားလိုက်မယ်…တစ်သက်လုံးနေလဲရတယ်”
သွားပြီ၊ ကိုအိတေက မိန်းကလေးစိတ်ဝင်နေတာ….
ကိုအိတေ မတွေ ့အောင် စားပွဲအောက်ကနေခင်မကို ဆွဲဆိတ်တော့လဲ….မုန် ့တွေကို အသေအလဲတွယ်နေရင်းက….
မျက်လုံးပြူးကြီးဖြင့် ဘာလဲဟူသော အဓိပ္ပါယ်နှင့်ပြန်ကြည့်နေသည်…
ပြီးမှ ဘယ်လိုတွေးသလဲတော့မသိ ကောက်ခါငင်ကာဖြင့် ထမေးသည်။။
“ လခဘယ်လောက်ပေးမှာလဲ”
ဟိုက ပြုံးလျှက် …..“ ၁၅၀၀”
“ ဟာ…တစ်ကယ်။။ညီညီ နင်တော့ပွပြီ၊ အများကြီးဘဲ”
ကျနော်တော်တော် စိတ်တိုသွားပြီး ခင်မခြေထောက်ကို ဆောင့်နင်းလိုက်ပြီး….မျက်စောင်းထိုးကြည့်သည်။။။အမယ် မယ်မင်းကြီးမက
ကိုယ့်ကိုတောင် ခေါင်းလေးငြိမ့်ပြီး ပြုံးပြနေသေးသည်…။မျက်လုံးပြူးကြီးနှင့်။
နောက်မှ ကျနော်က…
“ဒီမှာတော့ မဖြစ်နိုင်ဘူး ထင်တယ်…”
“ ဟယ်……ဘာဖြစ်လို ့လဲ”
ပြောနေတုန်း လက်ဘက်ရည် သောက်သူလာသဖြင့် ကိုအိတေ ထွက်သွားမှ…
“ ခင်မ …ငါဒီမှာ မလုပ်ချင်ဘူး…သူက မိန်းကလေးစိတ်ပေါက်နေတာ…ငါ့ကို တစ်ခြားသွားပို ့ပါဟာ”
“နင်ကလဲ…ဘာဖြစ်လို ့လဲ”
အော်…….ခင်မရယ်…နင့်ကိုပြောရမှာ ခက်လိုက်တာ…..။
နောက်မှ အတွေးတစ်ခုရပြီး…တခြားမွတ်ဆလင်ဆိုင်တစ်ခု ငါတွေ ့ခဲ ့တယ်….နေ ့ခင်းကတောင် ..ငါသောက်ခဲ ့သေးတယ်…”
“ အော်…အေး..စတားလိုက်…နေဦး အိတေကို ငါပြောကြည့်မယ်”
ခဏနေ ကိုအိတေ ပြန်ရောက်လာတော့ ခင်မက တစ်ခြား အကြောင်းပြပြီး….ဒီမှာ ခက်ခဲနိုင်ကြောင်း ပြောပြသည်….။
နောက်ဆုံးတော့ ကိုအိတေ ကိုယ်တိုင် လိုက်ပြောပေးပါသည်…။
သူတို ့တွေက စီးပွားချင်းတူပေမယ့် ခင်ခင်မင်မင်ပါ..။
ကိုအိတေက ဘာမှလဲ မသိဘဲ အရမ်းကို ကျနော့်ဘက်က အာမခံနေသည်….။
ဆိုင်ရှင် အဘိုးကြီးအိပ်နေသည်…စားပွဲထိုးကလဲ ရှိပြီးနေသည်ဟုပြောသည်…ကျနော်လဲ ဘာမှ မတတ်နိုင်တော့ပါ။
ကိုအိတေဆီ သွားရဘို ့သာ ရှိတော့သည်။
အားလုံဆုံးဖြတ်ရခက်နေစဉ်မှာပင် ပိုင်ရှင် အဒေါ်ကြီးဈေးဝယ်ရာမှပြန်ရောက်လာသည်။
အကျိုးအကြောင်းကို ခင်မနှင့် ကိုအိတေက ပြောပြတော့ ဆိုင်ရှင် အမား( အမေ….နာမည်မေ ့နေသည်)က…
သူခေါ်ထားလိုက်မယ်ဟုပြောတော့ အရမ်းဝမ်းသာမိသည်….။
လခအကြောင်းကိုအိတေက ပြောတော့….
“ ဒီမှာ စအလုပ်လုပ်သူတိုင်းကို ၇ဝ ကျပ်ပေးတယ်…ထမင်းညမနက်ကျွေးတယ်၊ အိပ်စရာနေရာပေးတယ်၊ ဒါပေမယ့် မင်းကို
ငါစအလုပ်လုပ်တာနဲ ့တစ်လ ၁၀ဝ ပေးမယ်…ငါ့ကိုတော့ မင်းနာမည် မခေါ်ရဘူး အမား( အမေ) လို ့ခေါ်ရမယ်”
ဘုရားရေ…….။
………
………
ဆက်ပါဦးမည်
ကျော်စွာခေါင်
18 comments
ဦးကျောက်ခဲ
October 28, 2013 at 6:18 am
ဟီ ဟိ ကိုညီကွ…
ရုပ်အခံရှိတော့လည်း… လုပ်ကြံရတာ လွယ်ပါ့…
ကိုအိတေတောင် ကြွေတယ်…
မောင်ကျောက်ဘဝကတော့ မရှိခိုးနိုး… မလှစုန်းယိုး…
ရေးသာရေး ဆက်ဖတ်နေမယ် အကိုကြီးရေ…
😀
KZ
October 28, 2013 at 8:15 am
အလိုလေးးး
ဘာမှ မပြောနိုင်သေးဘူးးးး
ဆုံးအောင်ဖတ်ပါရစေဦးးးးးး
Ko chogyi
October 28, 2013 at 8:39 am
တောတွင်းစွန့်စားခန်းဖတ်ရပြီထင်နေတာ
ကသာကမ်းနားလမ်းက ဆိုင်တန်းတွေမှာ ညနေပိုင်းထိုင်တဲ့
ွှအရသာလေးလွမ်းမိသွားပြီ။
Crystalline
October 28, 2013 at 9:34 am
ဦးခေါင်တို့များ မျက်နှာပွင့်ချက် :mrgreenn: ငယ်ငယ်ရုပ်ကလေးကလည်း တကယ့်ကိုချစ်စရာလေး.. မိန်းမလည်းကြိုက်..ယောက်ျားလည်းကြိုက်တဲ့ရုပ်လေးဖြစ်အောင်မွေးပေးတဲ့မာမီရဲ့ကျေးဇူးကမနည်းဘူး :)) စိတ်ဝင်စားစရာလည်းကောင်း.. အခုအချိန်မှာ အဲဒါတွေကကျော်လွန်ခဲ့ပြီးမှန်းသိပေမယ့် စိတ်မကောင်းဖြစ်ရသေးတယ်.. :))
surmi
October 28, 2013 at 10:09 am
အားးး…
ကောင်းခန်းမှာဖြတ်ထားလိုက်ပြီ… သေရော ..
အင်း…
ပုဂံသားမောင်ဘမော်ဆိုတဲ့ဝတ္ထုတောင်ပြန်သတိယမိသေးတော့တယ် ..
အဲဒီခေတ်အခါက အိမ်ပြေးကြတာဟာ ကိုယ့်အယးကိုယ်ကိုးြပြီး သူရဲကောင်းဝါဒက်ို စွဲကိုင်ထားကြတာ ။
အခုများတော့ …
အိမ်ကပြေးရင် မိဘပစ္စည်းရှိသမျှ သုတ် ြပြီးအပျော်ခရီးထွက်ကြတာဆိုတော့ …
ဒီလို စပ်ဖျင်းဖျင်း အရသာဘေးတွေသ်ကြမှာမဟုတ်ဘူး
ကဲ…. စောင့်နေမယ်ဗျို့ … 🙂
ဗုံဗုံ
October 28, 2013 at 11:01 am
ဒီလူကြီးနော်…..ဖတ်ကောင်းရင်ဒီလိုချည်းဘဲ
စောင့်မျှော်နေသူငါ..စိတ်ကူးယဉ်နေသူပါ… အဲ.. ပို့စ်ကိုမျှော်တာပြောတာ
ရွှေမိုးတိမ်
October 28, 2013 at 11:14 am
သည်းထိတ်ရင်ဖိုလေးပေါ့ညော်… ကိုအိတေလက်ကလွတ်လာတာ 😛
kyeemite
October 28, 2013 at 11:17 am
ဇတ်လမ်းက အတော်ရှည်မယ်ထင်ရဲ့…ဘာဖြစ်ဖြစ်စိတ်ဝင်စားတယ်ဗျာ
စောင့်ဖတ်ပါ့မယ်ဆြာခေါင်… 🙂
Mr. MarGa
October 28, 2013 at 11:58 am
ကိုအိတေ လက်ကတော့ လွတ်ပြီ
ကြည့်ရတာ အဆင်ပြေမယ့်ပုံ ရှိနေတယ်ဗျ
ဘယ်လိုဘယ်လို ဆက် ဖြစ်ဦးမယ်
ဘယ်လိုမျိုး အဖြစ်အပျက်တွေနဲ့ ဖမ်းစားဦးမယ် ဆိုတာကိုတော့
ရှေ့ အပိုင်းတွေမှာ မျှော်တာပေါ့ဗျာ
sorrow weaver
October 28, 2013 at 12:06 pm
ဦးခေါင်က ခေသူမဟုတ်…ရှစ်တန်းကျောင်းသားနဲ့တင်….အဟိဟိ…
MAUNG
October 28, 2013 at 1:20 pm
နောက်တစ်ပိုင်း စောင့်မျှော် အားပေးနေပါတယ်။
…..၁ဝ တန်းအောင်ကာစ က အိမ်ကထွက်ပြေး ဖို့ကြိုးစားတာ ပြန်သတိရမိတယ်
အရိပ်စစ်
October 29, 2013 at 4:04 pm
မျက်နှာမြင် ချစ်ခင်ပါစေ ဆိုတဲ့ ပြည့်နေတာနေမှာနော်
်
alinsett
October 29, 2013 at 4:49 pm
ဦးခေါင်ရည်
ဘဝတစ်စွန်းတစ်စကို
ဒီလောက် မျောပါသွားအောင် ရေးပြထားတော့
ကျွန်တော်လည်း
ကိုယ့်အကြောင်း ကိုယ်ရေး ချင်လာတယ်။
သေချာတာတော့ ဦးခေါင် ရေးသလိုမျိုး
ဖတ်သူကို ဆွဲဆောင်မှုရှိရှိ ခေါ်လာနိုင်မယ်မထင်
TNA
October 29, 2013 at 5:32 pm
ိမင်းသားလောင်းလျာလေးဆိုတော့လဲ မျက်နှာမြင်ချစ်ခင်ပါစေဆုနဲ့ပြည့်သပေါ့လေ။ ဆက်လက်စောင့်မျှော်လျှက်
Ma Ma
October 29, 2013 at 5:47 pm
တစ်ခါက မဂ္ဂဇင်းဝတ္ထုတိုတစ်ပုဒ်ထဲက (ဘယ်စာရေးဆရာမှန်း မမှတ်မိတော့ဘူး) လူဆိုတာ ဘဝမှာ ထမင်းစားလက်မှတ်တစ်ခု ရအောင်လုပ်သင့်တယ်ဆိုတာလေး သွားသတိရမိတယ်။
အိမ်ပြေး ဆြာခေါင်က ဘဝအတွက် ထမင်းစားလက်မှတ်ရထားတာကိုး။
အသိမရှိဆွေမျု ိုးမရှိပဲ ကသာကို ဘာ့ကြောင့်သွားတာလဲ သိချင်သား။
lele kyi
October 29, 2013 at 7:51 pm
ဒါ့ပုံထဲက ကလေး လေးကဆြာခေါင်ရဲ့ စုဘူး နဲ့ကောင်ကလေးလား။ 🙂
အပေါင်းအသင်း မိတ်ဆွေကောင်းနဲ့ တွေ့တာပဲ။ ဆြာခေါင့်ဆီက ပညာအမွေတောင်းမှပဲ။ နွားပလာတာကြွေးသလို မဖြစ်ရအောင် instruments စုတ်တံတွေရယ် ကင်းဘတ်စတွေရယ် အကြောင်းရေးပါလားဟင်။ ပုံတူတော့ဆွဲချင်ဘူး မတူမှာကို သိနေလို့။ ဟိ။
မဟာရာဇာ အံစာတုံး
October 30, 2013 at 12:27 pm
အိမ်းးးးးးးးးး
လူဂလေး … လူဂလေး ….
ဖိုးဖိုးဂျီး ကို မမှတ်မိလေရော့ဒလားကွယ် …
အဲ့တုန်းက …
အထက်အမိန့်ဒေါ်အရ လူဂလေးဆီကို ရောက်လာဂဲ့ရဒါဗျဲကွယ့် ..
ကိုယ့်ကိစ္စပီးဒါနဲ့ ဖိုးဖိုးဂျီး က ကောင်းဂင်ပေါ် ပျံတက်တွားရဒဂိုးး
ဒါဂျောင့် .. လူဂလေး ရှာဘေမယ့် မတွေ့ဒေါ့ဒါဘာ …
cobra
October 30, 2013 at 8:28 pm
မိုက်သဟေ့………
လူကတော့အလုပ်မရသေးဘူး
စန်းကတော့ ပွင့်တော့တာပဲ
ဆက်လက်ပြီးမျှော်နေပါသည်။