တစ်ပွဲတိုး…….ပန်း
ကျနော် အင်တာနက်မှာ စာလိုက်ဖတ်ရင်း အင်းတို ့ လက်ဖွဲ ့တို ့ အဆောင်တို ့ အကြောင်းဖတ်ရင်း ကျနော်သုံးခဲ ့ရတဲ ့ ပန်းကလေးကို အမှတ်တမဲ ့ သတိရသွားတာပါ….။ လက်ဝှေ ့ထိုးတာတို ့မျက်နှာပွင့်တို ့မှာ.ဆရာက အဆောင်တွေ ဘာတွေ ပေးရင် တစ်ပွဲတိုး
လက်ဖွဲ ့လေးတွေ၊ ပန်းလေးတွေ၊ ဆေးလိပ်တွေ ပေးတာတော့ အရင်က ကြားဘူးပါတယ်…။
ကျနော့်ရဲ ့တစ်ပွဲတိုးပန်းက ဘယ်ဆရာကမှ စီရင်ပေးတာလဲ မဟုတ်သလို ….ဘာအဆောင်မှလည်းမဟုတ်ပါဘူးဗျာ…။
ကျနော့်ဘဝမှာလည်း ရံခါဖန်ခါ ကပ်သီးကပ်သတ် ကြုံရတာလေးတွေ အများကြီး ရှိပါတယ်…။
အဲဒါတွေ ထဲက တစ်ခုပေါ့ဗျာ…။ဖြစ်ပုံက ဒီလို….။
ကျနော်တို ့ဇာတ်ပွဲ ကမယ့်ရက် ၃/၄ရက်လောက် အားနေတော့ ဘာရယ်မဟုတ် နီးနေတာနဲ ့ သူငယ်ချင်းရှိတဲ ့တပ်ကုန်းမြို ့ကို
အလည်သွားရော…။အလည်သွားတယ် ဆိုပေမယ့် ကိုယ့်ရဲ ့အက ဝတ်စုံကတော့ ပါသွားတာပေါ့…။
ဟိုရောက်တော့လည်း အေးအေးမနေရပါဘူး….သူ ့ အမ ဝမ်းကွဲရဲ ့အငြိမ် ့ဇာတ်လေးမှာ ဧည့်သည်အဖြစ် နှစ်ပါးခွင် တစ်ည
လောက်ကပေးဘို ့ပြောလာတော့ ဝင်ကပေးမယ်လို ့ဂတိပေးလိုက်ပါတယ်….။ သူငယ်ချင်းကို ခင်လွန်းလို ့က ” ပေးမယ်ဆိုပေမယ့်
ကျနော်တို ့ဇာတ်ကြီးမင်းသားတွေက ဒီလို အငြိမ် ့ဇာတ်လေးတွေမှာ မက ကြပါဘူး…..။။ အနု ပညာလိုင်းချင်းတူပေမယ့်…..
ရုံပွဲ မင်းသားတွေက နာမည်ထိမ်းရပါတယ်…။ မက လိုကြပါဘူး။။။
ကျနော်ကတော့ မရှိအတူ ၊ နေစားခဲ ့တဲ ့သံယောဇဉ်နဲ ့ကဘို ့လက်ခံလိုက်တာပါ…။
တပ်ကုန်းမြို ့ပေါ်ပွဲ မဟုတ်ဘူး….တပ်ကုန်းမြို ့နယ်ထဲမှာဘဲ….ရွာနာမည်မမှတ်မိတော့ပါဘူး…က”ရမှာကတော့ ဘုန်းကြီးပျံပွဲပါ..။
များလိုက်တဲ ့လူတွေဗျာ….။ ကြက်ပျံမကျပါဘဲ…( စကားမစပ် ပြောရဦးမယ်..ကျနော့်သူငယ်ချင်းလူရွှင်တော် တစ်ယောက်ရှိတယ်…
ကျနော်တို ့မှာ အပြောချိုရတယ် …ကနေတဲ ့ပွဲတိုင်းမှာ နောက်နှစ်တွေမှာလဲ ပွဲတော်ကြီးကို နှစ်စဉ်နှစ်တိုင်း ကျင်းပနိုင်ပါစေ…ဘာညာ
ပေါ့…နောက်ဆုံးညတိုင်းပြောရတာပါ…အဲဒီသူငယ်ချင်း ပေါ့ ၊
နောက်ဆုံးညမှာ “ အခုလို ကပြခွင့်ရတဲ ့အတွက် အရမ်းကို ဝမ်းသာမိပါတယ်…နောက်နှစ်တွေမှာလည်း အခုလိုဘဲ အောင်မြင်စွာ နဲ ့နှစ်စဉ်နှစ်တိုင်း ပွဲတော်ကြီးကို ကျင်းပနိုင်ပါစေ”လို ့ဆုတောင်းလိုက်တာ စကားတောင်မဆုံးသေးဘူး…အောက်ကနေ သူ ့ကို ခဲတွေ၊ ပြောင်းဖူးရိုးတွေနဲ ့ဝိုင်းပေါက်ရော…ကျနော့်မှာ ကြားဖြတ်ဝင်ပြီး တောင်းပန်လိုက်ရတာဗျာ….ကိုယ့်လူကမှ မနပ်တာ….
ပွဲဒကာတွေ စိတ်ဆို းမှာပေါ့….ကျင်းပနေတာက ဘုန်းကြီးပျံပွဲလေ)…
သူဆုတောင်းပုံဆို ရင် ကျောင်းထိုင်ဘုန်းကြီးတွေ…တစ်နှစ်တစ်ပါး….မျက်ခုံးလှုပ်စရာကြီးကိုး)။
ဆက်ရဦးမယ်….ဒါနဲ ့ကရောဆိုပါဆို ့…ပရိတ်သတ်ကလည်းတော်တော်ကို အားပေးပါတယ်….။
အနုပညာ သမားတွေများ( သဘင်သည်+ အဆို) ပိုက်ဆံ မရရင်နေ ၊လူများပြီ ပရိတ်သတ် များပြီ ဆိုရင်တော့ မောရမှန်းတောင် မသိပါဘူး။။။
သူငယ်ချင်း အမတို ့ပွဲပြီးရင် နောက်ည ဆက်တိုက်ဝင်ကမယ့် ဇာတ်ပွဲကလည်း ကျနော်ကတဲ ့ည မှာ တစ်ညကြိုရောက်နေပါတယ်…။
မြင်းခြံဘက်ကလူတွေဆို သိပါတယ်…သူတို ့လဲ မြင်းခြံနယ်မှာ ဆိုရင်တော့ နာမည်ကြီးတွေပါ…။
ဝင်းမြိုင်၊ ဝင်းကြိုင်ဇာတ်ပါ….။
ဒါနဲ ့ နှစ်ပါးသွားပြီးတော့ သူတို ့ညီအကို ရောက်လာပါတယ်…အကူအညီလာတောင်းတာပါ. သူတို ့ညီ အငယ်ဆုံးလေး ( ညီညီအောင်…လို ့ထင်ပါတယ်..သိပ်မမှတ်မိတော့ဘူး) တော်တော်ဖျားနေလို ့ နှစ်ပါး ခွင် ဝင်ကပေးဘို ့ အကူအညီတောင်းတာပါ…။
သူတို ့က တာဝန်ခွဲပြီး ကကြတာပါ..တစ်ယောက်က ပြဇာတ်၊ တစ်ယောက်က အော်ပဒါနဲ ့နောက်ပို င်း၊ သူတို ့က လူကြီးတန်း တွေ ဖြစ်နေတော့ သူတို ့ညီ အငယ်ဆုံးကို နှစ်ပါးကဘို ့တာဝန်ခွဲပေးထားတာပါ..။ အခုသူကဖျားနေတာဆိုတော့ အခက်အခဲရှိနေပါတယ်။
ပရိတ်သတ်ကလည်း နှစ်ပါးမင်းသားဆို ငယ်မှ ကြိုက်တာကိုး…။
နောက်ဆုံး သူငယ်ချင်းကလဲ ဝင်တိုက်တွန်းတော့ မိတ်ဖြစ်ဆွေဖြစ်ကူညီမယ်လို ့ကတိ ပေးလိုက်ပါတယ်….။
အဲဒီအထိ ဘာမှ ပြသနာ မရှိပါဘူး၊
နောက်နေ ့လည်ကျတော့ မင်းသားခေါင်းပေါင်းက ိုလျှော်လိုက်ပါတယ်…ညက ချွေးတွေ သိပ်ထွက်တားတော့ မိတ်ကပ်ချွေးက ခေါင်းပေါင်း အောက်နားလေးတွေမှာ ပေနေရင် ကြည့်မကောင်းဘူးလေ၊ ခေါင်းပေါင်းပန်းတွေကို သပ်သပ်ဖြုတ်ပြီး ဆပ်ပြာနဲ ့သွားတိုက်တံလေးနဲ ့စိတ်ရှည်လက်ရှည် လျှော်ရတာပါ။ ပြီးတော့ ဇာတ်ခုံ ဘေးနားဘက်က ဝါးတန်းလေးမှာလှမ်းပြီး စိတ်ချလက်ချ တစ်ချိုးတည်း အိပ်ပစ်လိုက်တာ ညနေ၄းဝဝ လောက်မှ နိုးပါတယ်…။ စားသောက်ပြီးလို ့ ခေါင်းပေါင်းကို ပြန်ယူတဲ ့အခွ ပြသနာ စ တာပါဘဲ….။
ခေါင်းပေါင်းထိပ်လေးမှာ တန်းရက်လေး ထိုးရတဲ ့နဖူးစည်း ဖော့ပန်းလေးတွေ မရှိတော့ဘူး….နဖူးစည်းပန်းဆိုတာ ခရေပွင့်ပံးစံ ဖော့ပန်းလေးတွေ…အနည်းဆုံး ၁၅ပွင့်လောက်ကို နိုင်လွန်ချည်နဲ ့ အတန်းလိုက်လေးသွယ်ထားတာ…။
အဲဒါလေး မပါရင် မင်းသားခေါင်းပေါင်း အင်္ဂါရပ် မပြည့်စုံတော့ဘူး…။ခက်ပြီ…..။
ဦးဝင်းကြိုင်တို ့အထဲက လူတွေကိုမေးလဲ မတွေ ့မိဘူးဘဲ၊ ပြောတာပေါ့..။ ဟုတ်လဲဟုတ်ပါတယ် ၊ လေတိုက်ပြီးလွင့်သွားရင် ဘယ်လိုသိမှာလဲ…။ ဇာတ်ထဲက ယိမ်းမင်းသားအငယ်လေးတွေဆီမှာ အပို ရှိလားမေးတော့ မရှိကြပါဘူး…အမှန်ဆို အဲဒီပန်းလေးတွေက ဘယ်မင်းသားမှ အပိုမဆောင်ကြပါဘူး….ခေါင်းပေါင်းတစ်လုံးမှာ တစ်ခုဘဲ…ဝယ်ကတည်းက အပြီးတပ်ပြီးသား၊။
ရန်ကုန်မှာ ဆိုရင်တော့ ပြသနာမရှိပါဘူး…ဗိုလ်ချုပ်ဈေးဖြစ်ဖြစ်၊စိန်ဂျွမ်းဈေးဖြစ်ဖြစ် ဝယ်လို ့ရပါတယ်….ဈေးလည်းမကြီးပါဘူး…။
အခုဟာကနယ်ပွဲ၊ ကပြရမှာကလဲ သူများဇာတ်မှာ ၊ အဖွဲ ့ထဲက လူတွေကလည်း ရန်ကုန်ဇာတ်ကြီးမင်းသားနှစ်ပါးခွင် ဝင်ကပေးမှာဆိုလို ့ ကိုယ့်ဘဲ အကဲခတ်နေကြတာ…။ ဒီမှာကလဲ..ပြသနာ.။ ဇာတ်ကြီးမင်းသား ခေါင်းပေါင်းက အင်္ဂါ မစုံလို ့တော့ အပြောမခံချင်ဘူး….ပြောခံရမှာလဲ ကြောက်တယ်။
ဟိုမေးဒီမေးနဲ ့၆နာရီလောက်ရှိနေပြီ…စိတ်လဲညစ်နေပြီ…နောက်မှ ကောင်မလေး တစ်ယောက်က အကြံပေးတယ်…ဘုန်းကြီးပျံပွဲဆိုတော့ ဈေးတန်းကြီးရှိတယ်…အကို ပွဲဈေးတန်းမှာ လိုက်ရှာဝယ်ပါ့လား…လို သတိပေးမှ….ဟာ..ဟုတ်တာဘဲ…တစ်ချို ့ရောင်းတတ်ကြတယ် ဆိုပြီး ပွဲဈေးခင်းမှာ ပါတ်ရှာတာ…တစ်ဆိုင်ဝင် တစ်ဆိုင်ထွက်…။
ပန်းရောင်းတဲ ့ဆိုင်တွေ အများကြီးပါ၊ စက္ကူပန်း၊ ပလပ်စတစ်ပန်း၊ အဝတ်ပန်း၊ ကြက်မွှေးပန်း အကုန်ရှိတယ်ဗျာ….
ကံမကောင်းချင်တော့ ကျနော်လိုတဲ ့ပန်း တစ်ဆိုင်မှ မရှိဘူး…။ ကိုယ်များ မျက်စိရှန်းနေတာလားဆိုပြီး…တစ်ခေါက်…နှစ်ခေါက်….
အခေါက်ပေါင်းများလို ့ခြေတွေသာ ညောင်းတယ်…လုံးဝမတွေ ့ပါဘူး…။
လူလည်း တော်တော် စိတ်ညစ်နေပြီ…ချွေးတွေ၊သံတွေနဲ ့ ဖုန်အလူးလူးနဲ ့…ကိုယ့်ဟာကိုလဲ ဒေါသဖြစ်….။
နောက်ဆုံး စိတ်လျှော့လိုက်ရတယ်ဗျာ…။ ဟိုမှာပွဲတောင် စထွက်နေပြီ….ကိုယ့်မှာ မိတ်ကပ်ပြင်ဘို ့နေနေသာသာ…ရေတောင်မချိုးရသေးဘူး..။
နောက်ဆုံး မရတော့မယ့် အတူတူ ခဏ နားမယ်ဆိုပြီး တွေ ့တဲ ့မဏ္ဏပ်မှာ ဝင်ထိုင်လိုက်တာပေါ့….ပွဲခင်းနဲ ့မျက်နှာချင်းဆိုင် ဆောက်ထားတာပါ….ပွဲခင်းနဲ ့တော့ တော်တော်ဝေးတယ်…။ ဘုန်းကြီးပျံ မဏ္ဏပ်ပါ….တစ်ချို ့ဒကာတွေလဲ ဝိုင်းဖွဲ ့ထိုင်လို ့…အလွမ်းတွေ သယ်ကြ၊ ဆရာတော် အကြောင်း ပြောကြ နဲ ့ပါ…။အဘိုးကြီးတွေ အဘွားကြီးတွေပါ…။ရေနွေးကြမ်း ဝိုင်းဖွဲ ့လို ့ပေါ့…။
ကျနော့်ကိုတောင် ရေနွေးသောက်ဘို ့ ခေါ်ပါတယ်။။။ဒီအချိန်မှာတော့ သိကြားမင်းလာတိုက်တဲ ့ရွှေရင်အေးတောင် မျိုကျမှာ သောက်နိုင်မှာ မဟုတ်ပါဘူး….။
ဒါနဲ ့လက်မှိုင်ချပြီး ဟိုကြည့် ဒီကြည့်လုပ်နေရင်းနဲ ့ထခုန်မတတ် ဝမ်းသာသွားတယ်ဗျာ….။
တွေ ့ပါပြီဗျာ….ကိုယ်လိုချင်သောပန်း….
ရှားရှားပါးပါးပန်း…….
ဈေးမကြီးပေမယ့် ဝယ်လို ့မရတဲ ့ပန်း….
ဗိုလ်ချုပ်ဈေး၊ စိန်ဂျွမ်းဈေး ပန်းအရောင်းဆိုင်လားထင်ရပါရဲ ့..။
အထွေးလိုက် အပွေ ့လိုက်….တွဲလောင်းချလို ့တစ်မျိုး…..ကွေ့ကာဝိုက်ကာ တစ်မျိုး ။ ပန်းမျိုးစုံတွေကြားမှာမှ…ကိုယ့်ပန်းလေးက ပိုထင်ပေါ်ပြီးလှနေသလိုဘဲ….။နည်းတဲ ့ပန်းတွေလားဗျာ….
ဘုန်းကြီးရုပ်ကလာပ် မှန်အခေါင်းမှာ ဆင်ထားလိုက်ကြတာ..။ ကိုယ့်မှာ ဝမ်းသာရအခက် ဝမ်းနည်းရအခက်…။
ပန်းကိုတက်မက်စိတ်နဲ ့အနီးကပ်ကြည့်လေ၊ မှန်ခေါင်းထဲက ဘုန်းကြီး ရုပ်ကလာပ်ကို ထင်ထင်ရှားရှားမြင်ရလေ…။
ကြောက်လိုက်တာ ဆိုတော့..။ ထွန်းထားတဲ ့မီးကလဲ မှိန်မှိန်လေး။
ပန်းကိုတွေ ့ပေမယ့် ရောင်းတာလည်းမဟုတ်၊ တောင်းမယ်ဆိုလဲ ဘယ်သူမှ ပေးမှာ မဟုတ် ဘယ်လိုလုပ်ရမှန်းတောင်မသိဘူး…။
နောက်မှ လူရှင်းသွားပြီ…အဘိုးကြီး၊ အဘွားကြီးတွေလဲ ပွဲခင်းကိုသွားပြီဆိုမှ..။
“အရှင်ဘုရား….ကန်တော့ပါတယ်ဘုရား၊တပည့်တော်မှာ အခက်အခဲ ကြုံတွေ ့နေလို ့ကူညီတဲ ့အနေနဲ ့ ပန်းနဲနဲလောက် စွန် ့ပါဘုရား”
လို ့ခွင့်တောင်းပြီး….ရုပ်ကလာပ်ဘေးက ပန်းလေးကို မရဲတရဲ လက်နဲ ့ဆွဲဖြတ်ပေမယ့်…နိုင်လွန်ကြိုးက မပြတ်ပါဘူးဗျာ….။
ဒါနဲ ့“ အရှင်ဘုရား…တပည့်တော်..ပြန်လာပါ့မယ်ဘုရား….ဒီနေရာကို ဘယ်သူမှ ရောက်မလာအောင် ကူညီပေးပါဘုရား” လို ့ပြောပြီး…ပွဲဈေးတန်းကို ပြေးရတာပေါ့…။
ဘုန်းကြီးက ဘာပြန်ပြောမှာလဲ အသက်မှ မရှိတာ….ကိုယ်ကလဲ ဘုန်းကြီး အလောင်းကို ကြောက်တာရယ်….ပန်းယူတာ လူမိသွားမှာ၊ လူတွေ ့မှာ ကြောက်တာရယ်ပေါင်းပြီး….ပါးစပ်ကပြောနေရတာကိုး…။
ပွဲဈေးတန်းမှာ ဘရိတ်ဓါး လိုက်ရှာဝယ်ရတယ်…လိုချင်ပြီဆို…ရှာလို ့တောင်မရဘူးဗျာ…။
ဘရိတ်ဓါးကိုသဲကြီးမဲကြီး လိုက်ဝယ်နေတော့ တစ်ချို ့ဆိုင်တွေက ၊တယ်ပြီး မသင်္ကာသလိုကြည့်ကြသေးတယ်….နောက်မှ
ကုလားဆိုင်တစ်ဆိုင်ကိုမေးတော့ သူကတောင်ပြန်မေးသေးတယ်…။ကြည် ့ပါဦးဗျာ မေးပုံက….
“ ခင်ဗျား…ခါးပိုက်နှိုက်လား” တဲ ့…။ ဒေါသဖြစ်လိုက်တာဗျာ….ဒါပေမယ် ့စိတ်မဆိုးအားပါဘူး…။
ကျနော့် အခက်အခဲကို ပြောပြမှ…ဒါဆို သူမုတ်ဆိတ်ရိတ်တဲ ့ဓါးအဟောင်းတော့ရှိတယ်..ယူမလားမေးတော့ ကျနော့်မှာ ဟန်တောင် မဆောင်နိုင်တော့ပါဘူး…..။
ဓါးရတာနဲ ့ချစ်သောဘုန်းဘုန်းဆီကို တစ်ခါ ပြန်ပြေးရတာပေါ့…။
ဟိုရောက်တော့ ထပ်ကန်တော့ …ပန်းစွန် ့ဘို ့ထပ်ပြော…ကိုယ့်မှာလဲ ရဲရဲ မကပ်ရဲဘူး….။
နောက်ကံဆိုးချင်တော့ အဘိုးကြီး ၂ယောက် ရောက်လာပြီး ဟိုဘက်နားမှာ လာထိုင်နေကြရော…။
အဖော်ရှိတာ ဝမ်းသာပေမယ့် ဘယ်လိုလုပ်စွန် ့မလဲ….။
နောက်ဆုံးတော့ ဘေးကကြည့်ရင် ဘုန်းကြီးရဲ ့ငယ်တပည် ့လေးမို ့ အလွမ်းမပြေနိုင်ဖြစ်ပြီး လာငိုသယောင်…ကန်တော့ သယောင်လုပ်ပြီး… ဘုန်းကြီး အခေါင်းဘေးမှာ ပက်လက်လှန်ပြီး အိပ်ချလိုက်ရတာပေါ့…နောက်မှ တွဲလောင်းကျနေတဲ ့ပန်းကလေးကို ဓါးနဲ ့အသာလေး ဖြတ်ရပါတော့တယ်…ပါးစပ်ကလည်းတောင်းပန်လိုက်ရတာ….။ လက်မှာလဲ ဇောချွေးတွေနဲ ့ဆိုတော့
ဓါးကိုင်ရတာလဲ ချော်ချော် ထွက်နေသေးတာ..။
နောက်ဆုံးတော့ ပန်းလေးရသွားပါတယ်..။ ရပြီးတော့ ထပ်ကန်တော့ ပြီးတာနဲ ့ ဟန်မပျက် မဏ္ဏပ်ထဲက ထွက်လာပြီး…
ဇာတ်ရုံကို အသားကုန်ပြေးတာ…။ နောက်ပြန်တောင် လှည့်မကြည့်ရဲဘူး။(ငယ်တုန်းက ဘုန်းကြီးသရဲက ပိုဆိုးတယ်လို ့ကြားဘူးထားတာကိုး)၊
ဟိုမှာကလည်း မင်းသားပျောက်လို ့လိုက်ရှာနေတာ….။
နောက်ဇာတ်ရုံနောက်မှာဘဲ ရေချိုး…ခေါင်းပေါင်းပြန်ဆင်…ပြီးတော့ မိပ်ကပ်လိမ်း…..။
ကွက်တိလောက်ပါဘဲ…။ ဟိုမှာလဲ ပြဇာတ်ပြီးတော့မှာလေ…။
ဒါနဲ ့ နှစ်ပါးခွင်ကို ကဖြစ်ခဲ ့တာ….။
ရလိုက်တဲ ့ဆုတွေဗျာ…. တစ်ခြားဇာတ်မင်းသားတွေ၊ ဇာတ်ဆရာတွေတောင် အံ့ဩတယ်….။
ကျနော်လည်း အံ့ဩတယ်…။
ကျနော့်စိတ်ထဲမှာတော့ တစ်ခုခုထူးခြားနေတယ်ဆိုတာတော့ မသိစိတ်က ကိုသိနေခဲ့သလိုပါဘဲ….။
ဒါကြောင့် ဒီပို ့စ်လေးကို နာမည်ပေးထားတာ…
တစ်ပွဲတိုးပန်း…..လို ့.။
ကိုယ့်ဟာကို ဂုဏ်ယူပြီး ပြောရစတမ်းဆိုရင်တော့…..
မြန်မာပြည်မှာ ဘုန်းကြီးပျံရုပ်ကလာပ်က ပန်းကို စွန် ့သလိုလို ၊ ဘာလိုလို စကားလှလှသုံးပြီး
ပန်းခိုးခဲ့တဲ့ ဇာတ်မင်းသား က ကျနော်တစ်ယောက်ဘဲ ရှိမယ်ထင်ပါတယ်..။
ခေါင်
36 comments
ဝင့်ပြုံးမြင့်
November 1, 2013 at 6:02 am
ပထမ ဘာပုံလေးမှန်း မသိဘူး။ ဖတ်ပြီးမှ ခေါင်းပေါင်းလေးမှန်းသိတာ။
ရေးထားတာ ကောင်းလိုက်တာ ကိုခေါင်ရေ။ ဒီပုံဆို ပို့စ်တွေ စုပေါင်းပြီး စာအုပ်တောင် ထုတ်လို့ရတော့မယ်။ ကိုယ်တွေ့အဖြစ်အပျက်ဆိုတော့ စာတွေကလည်း ရင်ဘတ်ထဲက လာတာဖြစ်နေတယ်။
မပြုံးလည်း ကွန်ပူပျက်နေလို့ ရွာထဲ မရောက်တာကြာပေါ့။ ကိုခေါင် ဆုရတယ် သိရလို့ ကွန်ဂရက်ကျူလေးရှင်းပါ။ ဟိုဘက်ပို့စ်မှာ ရေးရင် မမြင်မှာစိုးလို့ ဒီမှာရေးတာပါနော်။
စုဘူးဖောက်ပြီး မုန့်ဝယ်ကျွေးပါ ဒါဗြဲ။
ကျော်စွာခေါင်
November 1, 2013 at 6:48 am
မပြုံး..
ပျောက်နေတယ်လို ့စိတ်ကထင်တာ… ကွန်ပူကြီး ပျက်နေတာကိုးးးး။
ဆုရတယ် ဆိုတာကလည်း ကိုယ့်ရွာက မောင်နှမတွေ ပေးလို ့ပါ..။စုဗူးလေးလဲ ရွာက အမှတ်တယ စုဗူးလေးပေါ့..။
မုန် ့ဝယ် ကျွေးမှာပေါ့… ပြန်လာတဲ့အခါ..။
ထမင်းဖိတ်ကျွေးနော်..မပြုံး ဟင်းစပ်လေးတွေ ဖတ်ရဘူးတော့ …မျှစ်ချဉ်ဟင်းစားချင်တယ်..။
MAUNG
November 1, 2013 at 6:16 am
“ ခင်ဗျား…ခါးပိုက်နှိုက်လား” တဲ ့
ဟား ဟားဖြစ်ရမယ် ဗျာ…
ပန်း ပြန်ပို့ တဲ့စွန့်စားခန်း လေးလဲလုပ်ပါဦး ဗျ 🙂
ကျော်စွာခေါင်
November 1, 2013 at 6:53 am
မောင်…
အေးလေ..လူကိုများ ခါးပိုက်နှိုက်လားတဲ့… ကိုယ့် ကောင်မလေးတွေ ကြားရင်တော့ ရင်ကွဲမှာ…ခွိ။
ဒါပေမယ့် သူက ကျေးဇူးရှိဒယ်နော် အကို..။
ပန်းက ပြန်ကို မပို ့တော့တာ ဒိလောက် စန်းထပြီး ဆုကျတဲ့ပန်း… အပိုင်ကို သိမ်းလိုက်တော့တာ..။
စွန် ့ပြီးရင် ပြန်ကပ်လို ့ မကောင်းတော့ဘူးလေ…
နောက်ပြီး…ပန်းပြန်ကပ်တုန်း…
“ ဆုငွေ တော်တော်ရလား…ဒကာရဲ ့” ဆို…သေပြီဆရာဘဲ.. သားသား ကြောက်ကြောက်….။
KZ
November 1, 2013 at 7:47 am
အင်းးးးးးး
ချိစရာလေး ပါလားးးးး :mrgreenn:
Open-hearted and Open-minded person လို့ ပြောနိုင်တဲ့ လူမျိုး တစ်ယောက် တွေ့ဖူးပြန်ပေါ့။
ကျော်စွာခေါင်
November 2, 2013 at 2:35 am
အဲဒါဆို မုန် ့ဝယ်ကျွေး…
ဘာမှ မဆိုင်ဘူးလို ့ထင်ရင် အုန်းထမင်းချက်ကျွေး..။
Mr. MarGa
November 1, 2013 at 8:53 am
ကိုကြီးကျော်
ရေးထားတာ ဖတ်ပြီး
ကိုယ်တိုင်လဲ စိတ်တွေမောသွားတယ်။
နောက်ဆုံး ရလာမှပဲ သက်ပြင်းချနိုင်တော့တယ်။
ကျွန်တော်လဲ တကယ် အပေါ်က ပုံလေးကို နောက်ဆုံးမှပဲ သဘောပေါက်တော့တာ။
ဘုန်းဘုန်းကတော့ ထင်မှာရယ်….. ဒီဒကာ ကတိမတည်ဘူး ဆိုပြီးတော့ ဟီဟိ
ဖားသဂျိုး
ကျော်စွာခေါင်
November 2, 2013 at 2:38 am
ဖားသဂျိုးးးး
ဘုန်းဘုန်း အထင်လွဲမလွဲတော့ မသိဘူး..
ကိုယ်ကတော့ ဇာတ်ကားနဲ ့ပြန်တဲ့အထိ မဏ္ဏပ်ဘက်ကို ယောင်လို ့တောင် လှည့်မကြည့်ရဲဘူးး။
kyeemite
November 1, 2013 at 8:55 am
အဖြစ်ကတော့ ငိုရမလို ရယ်ရမလိုဆိုတာလိုပါလား…
ဘုန်းဘုန်းကတော့ ခွင့်လွှတ်မှာပါ…ဒါပေမဲ့ ဒကာရင်းတစ်ယောက်လောက်တွေ့သွားလို့ကတော့
မင်းသားမဏိ ကွမ်းစား သွားမှာသေချာတယ်… 😀
ကျော်စွာခေါင်
November 2, 2013 at 2:40 am
ကိုမိုက်ရေ
အဲ့ဒါကြောင့် အသာလေး ဘုန်းကြီးခေါင်းတလားအောက်မှာ လှဲချပြီး ပန်းဖြုတ်ခဲ့ရတာပေါ့..ဟေးဟေးး။
တွေ ့သွားရင် လွယ်ဘူးဗျ..တစ်ချို ့က အစွဲကြီးတယ်။
ဗုံဗုံ
November 1, 2013 at 9:08 am
အယ်….ပန်းခိုးတယ်ပေါ့လေ…အူးခေါင်.
အထဲက ဘုန်းကြီးကတော့..အံတကြိတ်ကြိတ် တောက် တစ်ခေါက်ခေါက်နဲ့
ဖြစ်နေမှာ..မြင်ယောင်သေးးးးးးး
ကျော်စွာခေါင်
November 2, 2013 at 2:43 am
ဗုံဗုံ တို ့များ
ကိုယ့်ဦးလေး တိုင်ပတ်နေတာက်ို သွားဖြီးပြီး ရယ်နိုင်သေးတယ်..
လူဇိုးမ ဗုံဗုံ…
သေသွားတဲ ့တူလေးနဲ ့တိုင်ပြောလိုက်မှာနော်..
ဗုံဗုံ
November 2, 2013 at 2:49 pm
ဘာာာာာာာာာာာာာာ..ဘယ်လို!!!!!!!!!!!!!!!!
အဟင့်.ဖစ်မှဖစ်ရလေတူလေးရယ်…
အူးလေးနဲ့များလဲလိုက်ပါလား..အဟင့်…ရွှတ်… 😥
မဟာရာဇာ အံစာတုံး
November 1, 2013 at 9:09 am
ကန့်လန့်ကာကြီးရယ် … နေပါဦး … ကလို့ ကောင်းနေတုန်း …
တစ်ရွာသားလေးရယ် … တီးပေးပါဦး … ဆိုလို့ ကောင်းနေတုန်း …
လက်ခုပ်သံတွေ တီးပါဦး … ရင်ခုန်ပါရစေဦး …
x x x x x x x ပျော်လို့ ရွှင်လို့ မဆုံး ………..
ဘာရယ် မဟုတ်ဘူး ….
ခညားပို့စ်ကို ဖတ်ပီး ကျုပ်ငယ်ငယ်က ရွာမှာ နံမယ်ဂျီးခဲ့တဲ့ ဇာတ်သီချင်းကို ဆိုလိုက်ဒါ …
ဒီထဲကအတိုင်းဆို …
ဘုန်းဘုန်းဆီက ခိုး … အဲ .. အဲ .. စွံ့ခဲ့တဲ့ တစ်ပွဲထိုးပန်းက လာဘ်ရွှင်ဒယ်လို့ ဆိုလိုဂျင်ဒါပေါ့ ..
နောက်တော့ရော … အိုက်ဒီပန်း ဘာဖစ်တွားဒဒုန်းး
လွှင့်ပလိုက်ဒါလား .. ဘုန်းဘုန်းဘေးကို ပြန်ထားလိုက်တာလား …
ကျော်စွာခေါင်
November 2, 2013 at 2:49 am
အံဇာ မိုးဝင်းက အဆိုလဲ တယ်ကောင်းပါလား…
နီ ့ ကောင်မယေး ဘယ်ဒူလဲဆိုတာ နာသိပြီ..လွန်ခဲ့တဲ့ ၂ရက်လောက်ကမှ စဉ်းစားမိသွားတာ…
ပန်းလေးက လွှင့် မပစ်ပါဘူး…သိမ်းထားတယ်…
နီ နို ့မင်ဂါဆောင်မှာ လက်ဆောင်ပေးဘို ့..။
မဟာရာဇာ အံစာတုံး
November 2, 2013 at 3:11 pm
အွန် …
တား တောင်မယေး ဘယ်ဒူလဲဆိုဒါ ထုမှတိဒယ် …
အမငေးးး ငေးးး
အိုက်ဒါဒွေဂျောင့် လပိုဂျီး ဖစ်နေဒါ နေမှာ … ခွစ်ခွစ် …
အိုကီ …
ခညားဂျီးရဲ့ မင်ဂါ လက်ဆောင်ကို မှတ်ထားလိုက်ဘီနော် …
အိုက်အချိန်ကျမှ မဟုတ်လို့ဂဒေါ့ .. ဟွန့် …
sorrow weaver
November 1, 2013 at 9:24 am
ဟဟ..ကိုမင်းသားရယ်…ဖြစ်မှဖြစ်ရလေ….ပွဲဈေးမှာ ဘလိတ်ဓါးရှာဝယ်ရတယ်လို့ …ပန်းကို တွားနဲ့ကိုက်လိုက်ပါတော့လား…အဟိဟိ
ကျော်စွာခေါင်
November 2, 2013 at 2:55 am
ရက်ရက်စက်စက်ကို အသည်းမာလွန်းတဲ ့ ဒူးဝါးလေးပါလား….ဟေ
အဲလို သွားနဲ ့ကိုက်ဖြတ်ရင် …မှန်ခေါင်းထဲက ဘုန်းဘုန်း မျက်နှာတော်နဲ ့ဦးခေါင် မျက်နှာနဲ ့….အမလေးလေးးးးး။
ဒူးဝါးလေး မသိလို ့နော်..အဲတုန်းက ဆို ဦးခေါင် လက်တွေ ခြေတွေ အေးစက်နေတာ…။
မှောင်ကလည်း မှောင်တာနဲ ့..။
.“ တစ်ချက်လောက်တော့ လှည့်ကြည့်သင့်ပါတယ်” ဆိုတဲ့ စိုးလွင်လွင် သီချင်းထဲကလို..
ကိုယ့်ဘက်များ မတော်တစ်ဆ ဇက်လည်ပြိးကျလာရင်… အမလေးးး သေနိုင်တယ် ဗျ။
Ma Ei
November 1, 2013 at 11:36 am
ပန်းချီ ဆရာ…
စာရေး ဆရာ…
စားပွဲထိုး…
ခု …ဇာတ်မင်းသား…တဲ့
… …
နောက်ထပ် ဘယ်လိုဇာတ်လမ်းတွေများ ဖတ်ရဦးမလဲ…
စိတ်ဝင်စားတယ်…စာကောင်းလေးတွေဖတ်ရလို့ပါ…
ကျော်စွာခေါင်
November 2, 2013 at 2:56 am
မအိ
အားပေးနေတာ ကျေးဇူးပါ။
TNA
November 1, 2013 at 11:36 am
အရေးအသားတွေကတော့ရှယ်တွေပါလားကိုမင်းသားရယ်။ ပေါင်းချုပ်ထုပ်ပါလား။ သိမ်းထားပြီးပြန်ပြန်ဖတ်ချင်လို့
ကျော်စွာခေါင်
November 2, 2013 at 2:58 am
မနုအေးက စာအုပ်ထုတ်ဝေသူ လုပ်ပေါ့…။ ထပ်ရေးမယ်လေ။
alinsett
November 1, 2013 at 12:06 pm
ဇာတ်မင်းသား
ဒါပေမယ့် အရေးကောင်းတဲ့ စာရေးဆရာ
ဒါပေမယ့် လက်ရာမြောက်တဲ့ ပန်းချီဆရာ
ဒါပေမယ့် ကဗျာဆရာလည်း ဖြစ်တယ်
ဒီလို အနုပညာသည်တစ်ယောက်ကိုမှ
အားမကျရင်
ကျွန်တော် လူညံ့။
:kwi:
ကျော်စွာခေါင်
November 2, 2013 at 2:59 am
အငို သန်သလောက် သိပ်မြှောက်တတ်တာဗြဲ…။
surmi
November 1, 2013 at 12:26 pm
မျက်စိထဲပြေးမြင်ပြီး ရယ်လည်းရယ်ရတယ် ဆရာခေါင်ရေ..
အင်း.. တခါတလေတော့လည်း ဘာမဟုတ်တဲ့အခက်အခဲလေးတွေက
ဒုက္ခ အတော်ပေးတတ်သားဗျာ။
ဆရာခေါင် စင်ပေါ်မှာ ဟဲနေစဉ်အချိန်ကဆိုရင် ကျတော်တို့က
ပွဲခင်းထဲတိုးကောင်းနေတုန်းဗျ ။
အထက်က ကွန်မန့်တွေမှာပြောသလိုဘဲ .. ဆရာခေါင့်စာလေးတွေ သီးသန့်စုပြီး ထုတ်လို့ရနေပြီ…
ကျော်စွာခေါင်
November 2, 2013 at 3:02 am
ကိုကြီးဆာ..
ဇာတ်စင်နောက်ကွယ်မှာ..အဲဒါမျိုးလေးတွေ က ခဏခဏ ကြုံရတာ..
စာအုပ်ထုတ်နိုင်တဲ့ အဆင့်ကြီးတော့ ဟုတ်သေးပါဘူးဗျာ..။
…
ပွဲခင်းထဲ တိုးတာ…ကောင်မလေးတွေ ကြားထဲ မဟုတ်လား..
ဇာတ်စင်နောက်တော့ လာလည်ဖော်တောင်မရဘူး…လူဇိုး
လုံမလေးမွန်မွန်
November 1, 2013 at 12:47 pm
အူးခေါင်နဲ့ တူတူ ပန်းခိုး အဲ ပန်းစွန့် ရတာ မောထှာ ။ ရင်ကို ခုန်ရော ။ အူးခေါင်ရဲ့စာတွေကတော့ လွှတ်ကောင်းနေရောပဲ
ကျော်စွာခေါင်
November 2, 2013 at 3:05 am
တူမချောလေးတွေထဲမှာတော့ လုံလုံက အလိမ္မာ ဆုံးဘဲ..။
ဦးခေါင်နဲ ့ပန်းခိုးတာ အဖော်လိုက်ပါလာလို ့…။ တူ တွေ တူမတွေ စာရေးတာ ကောင်းပြီး တော်နေတော့
ဦးခေါင်လည်း နောက်က လိုက်ရတော့တာပေါ့..။
ကထူးဆန်း
November 1, 2013 at 3:34 pm
ဒီမှာလည်း ပရိသတ်များနေပြီဆိုတော့ မောရဘူးနော် …..
ကျော်စွာခေါင်
November 2, 2013 at 3:07 am
ကျော်…မောပါဘူးးးဟူးးး ကိုထူးရေ…ဟော…ဟဲ…ဟဲဟော။။
အရီးခင်
November 1, 2013 at 4:03 pm
အနုပညာ မှော်ကဝေ ပန်းချီဆရာရယ်။
မပြုံးပြောသလို စာအုပ်ထုတ် လိုက်ရင် စာပေဆုတောင် ရလောက်တယ်။
အိမ်ပြေး စာပွဲထိုးလေးလို ရွာထဲ ခဏလာပြီး ပြန်ပြေးမသွားပါနဲ့။
ဒါထက် ….
ပန်းချီဆရာ ဘဝ နဲ့ ဇာတ်မင်းသားဘဝ ဘယ်ဘဝ ကို ပိုပြီး သဘောကျသလဲ ဆိုတာ သိချင်နေမိရဲ့။
ဖြေနိုင်မလား။ 😉
ကျော်စွာခေါင်
November 2, 2013 at 3:18 am
အရီးခင်
ဒီရွာမှာ ကျနော် တစ်ကယ်ကို ပျော်တာပါ..
ပြေးပါဘူး…။
အရီးခင်မေးလို ့ ဖြေရမယ် ဆိုရင်..
ပန်းချီသမား ဘဝက အေးဆေးနေတတ်တဲ့ ကျနော့်စိတ်နဲ ့အဆင်ပြေပေမယ့် အထီးကျန်သလိုဘဲ..။
မင်းသား ဘဝကို တစ်ကယ် ဖြစ်လာတဲ့အခါ… မမျှော်လင့်ထားတဲ့ မေတ္တာတွေ အချစ်တွေ ရလို ့ ပျော်တယ်..။
ပွဲခင်းလောက် ရင်ခုန်စရာ ကောင်းတာ မရှိဘူး..။
လက်ခုပ်သံတွေ အားပေးမှုတွေနဲ ့အချစ်တွေ ကြားမှာ မေတ္တာငတ်ခဲ့တဲ့ကျနော် အရာရာကို မေ့နိုင်ခဲ့တယ်..။
မင်းသား ဘဝကို ပိုခင်တွယ်တယ်..။
ဒါပေမယ့် ပန်းချီပညာက ရေးဆွဲတာ ကြာလို ့အသက်ကြီးလေလေ လက်ရာပိုကောင်းလေ..ပွဲလယ်တင့်လေ။။
ဇာတ်မင်းသားက အသက်အရွယ် ရ လေလေ..ပညာပိုစုံလေ… ဘေးရောက်လေလေ မို ့။။။
လုပ်သင့်တဲ့ လမ်းကို ရွေးချယ်လိုက်တဲ့ သဘောပါ..။
အသက်အရွယ်အရ အရွယ်ကောင်းပေမယ့် ဇာတ်သဘင်လောက က အရည်အသွေးကျဆင်းလာလို ့ မပျော်တော့တာပါ။
Ma Ma
November 1, 2013 at 6:25 pm
အံ့ဩကုန်နိုင်ဖွယ်ချည်းပါတကားးးးးးးး 🙂
ကျော်စွာခေါင်
November 2, 2013 at 3:19 am
မမ..လာအားပေးတာ ကျေးဇူးပါ..။
padonmar
November 2, 2013 at 2:49 am
ပန်းခိုးတဲ့ ဒကာမိပြီ။မပြေးနဲ့နော်။
ဘုန်းကြီးစောင့်နေတာကြာပြီ။
(ခေါင် စာအုပ်ထုတ်ရင် အားပေးမယ်။
မောင်ဘလှိုင်ထုတ်ရင်လည်း အားပေးမယ်။
ပြုံးစာအုပ်လည်း အားပေးတယ်။
ကိုဘုန်းကျော်စာအုပ်တောင် အားပေးထားတယ်)
ကျော်စွာခေါင်
November 2, 2013 at 3:22 am
မမမာ သတင်းပေးလိုက်လို ့ဖြစ်မှပေါ့…
ခု ဘုန်းကြီး လိုက်လာပြီ..ကဲ…
ရပါတယ်လေ…ဘုန်းဘုန်း တပည့်တော် အမက မမမာပါဘုရား သူ ့ဆီမှာ သွားတောင်းပါဘုရားလို ့ လျောက်လိုက်တော့မယ်။