ခရောင်းတောလယ်က မြေကပ်ပန်းလေးတွေ..
ကျနော်တို ့ပါတ်ဝန်းကျင်မှာ ကလေးတွေ များစွာရှိနေကြပါတယ်…
ဒီကလေးတွေရဲ ့အနာဂတ် တွေကိုလဲ ကြိုတင်မြင်နိုင်သလို ဝေးဝါးနေတဲ ့ ကလေးတွေရဲ ့ဘဝကိုလဲ မြင်တွေ ့နေရပါတယ်…။ အနာဂတ်အတွက်ကောင်းမွန်ပြည့်စုံသော နေရာ မှာ ရောက်ရှိနေထိုင်ကြတဲ ့ ကလေးတွေ ရှိနေသလို ဘာကိုမှ ကြိုတင်တွက်ဆလို ့မရတဲ ့ ဘဝနဲ ့ပါတ်ဝန်းကျင်မှာ နေထိုင်ရသူတွေလဲ ရှိနေပါတယ်..။ အထူးသဖြင့် မြန်မာနိုင်ငံက ကလေးများစွာရဲ ့အနာဂတ်ကို မိဘအရင်းတွေတောင် ကြိုတင်မမြင်နိုင်တဲ ့ဘဝပါ..။
ကျနော်က မပြည့်စုံတဲ ့ဘဝလေးတွေထဲက ကလေးတွေကို ပိုစိတ်ဝင်စားပါတယ်..။ သူတို ့မှာ ကောင်းမွန်သော အနာဂတ်တွေ ကိုယ်စီရှိနိုင်ပေမယ့်၊ ကြီးပြင်းရတဲ ့ဘဝ၊နေရာ၊ ပါတ်ဝန်းကျင် တွေရဲ ့ပန် ့ပိုးမှု၊ ဖိအားတွေဟာ ကလေးတစ်ယောက်ကို အမြင့်တစ်နေရာကိုလဲ ရောက်စေနိုင်သလို ၊ သူလိုက်ိုယ်လို အရွယ်နဲ ့မမျှအောင်ရုန်းကန်နေထိုင်ကြတဲ့ဘဝ၊ နိမ့်ပါးတဲ ့ဘဝကိုလဲ
ရောက်ရှိသွားနိုင်ပါတယ်…။
ကိုယ့်သားသမီး၊ ကိုယ့်ကလေးတွေရဲ ့ဘဝကိုသာ မကဘဲ နီးစပ်ရာနိုင်သလောက်လေး ဖေးမ ကူညီသွားနိုင်ကြမယ်ဆို ရင် ဥပေက္ခာပြုပြီး သူ ့ဘဝနဲ ့သူလာတာပါ လို ့ဖြေပြော”ပြောနေတာထက်တော့ ပိုမို အကျိုးရှိနိုင်ပါတယ်…။
ကျနော်ကြီးကျယ်ခန်းနားစွာ နိုင်ငံနဲ ့ချီပြီး လုပ်ခဲ့တာ မဟုတ်ပေမယ့် ကျနော် လုပ်ခဲ့တာလေး၊ ကူညီခဲ့တာလေးကို အခုချိန်ထိ ပြန်တွေးတိုင်း ပီတိဖြစ်နေသလို ၊ ကလေးတွေရဲ ့ဘဝလေးတွေကို အရောင်တင်မြှင့်တင်ပေးနေသူအားလုံးကိုလဲ ပိုပြီး လေးစားမိပါတယ်…။ ဒါကြောင့်လဲ ဒီစာလေးကို ရေးမိတာပါ…။
………………………..
………………………..
ကျနော်ကခဲ့တုန်းအချိန်က..ဇာတ်ထဲမှာ လူစုံပါကြပါတယ်…။ အနုပညာ အတတ်ရှင်၊ မီးပညာရှင် ၊စက်ပိုင်းဆိုင်ရာ ပညာရှင်နဲ ့အခန်းအနားဆက်တင် ပညာရှင်တွေ ပါခဲ့ပါတယ်..။ ဇာတ်ထဲမှာကလဲ မီးပညာရှင်ဆိုရင် မီးသမားလို ့ဘဲခေါ်ကြတာပါ…ထို ့အတူ..စက်သမား၊ ယိမ်းသမ လို ့ခေါ်ကြပါတယ်..ဒါပေမယ့် ဇာတ်တစ်ခွင်လုံး လူကြည့်ချင်လာအောင် ၊မြင်တွေ ့ရတာနဲ ့ခမ်းနားမှုရှိအောင်
ညဘက်ကပြချိန်မှာလဲ ပံ့ပိုးမှုကောင်းအောင် အတတ်ပညာနဲ ့ ကူညီနေကြတဲ ့ ဆက်တင်နဲ ့ကား(နောက်ခံနှင့် ကလကာ ကားလိပ်များ)ဘက်ဆိုင်ရာ တွေကိုတော့ ကားဆွဲတွေ လို ့ဘဲ ခပ်နှိမ်နှိမ်ခေါ်ကြပါတယ်..။
ဒီအခေါ်အပြောကို ကျနော်က မကြိုက်ပါဘူး…ဒါပေမယ့် အများနဲ ့တစ်ယောက်ဆိုတော့ ဒီသတ်မှတ်ချက် အခေါ်အဝေါ်ကို ပြင်လို့ ့မရပါဘူး…။
သူတို ့ဘဝတွေက ပင်ပန်းလွန်းပါတယ်…ညဆိုလဲအိပ်ရတယ်မရှိ မိုးအလင်း တာဝန်ယူရတာ…
သူတို ့ချင်းနားလည်မှုနဲ
့တာဝန်ခွဲဝေယူပြီး အိပ်ကြတယ်ဆိုရင်တောင် နှစ်ပါးသွားစထွက်ပြီးမှ သူတို ့အိပ်ရတာပါ..။
ဇာတ်စထွက်ကတည်းက အော်ပဒါ ပြဇာတ်တွေဆို သူတို ့ပင်ပန်းတယ်…တွန်းဟယ်ရွှေ ့ဟယ်နဲ ့ နားရတယ်မရှိပါဘူး…
ဒီကြားထဲ ကြက်တူရွေးကတော်တော် မယ်ဘော်က ကဲကဲ အော်ငေါက်သူ၊ ပါဝါအာဏါပြသူတွေ အော်ကြဆဲကြလဲ ခံရသေးတာ..။
ကျနော်ကတော့ အားလုံးကိုတန်းတူပေါင်းတယ်…ဆုငွေတွေအများကြီးရလာရင် လ္ဘက်ရည်တိုက်တယ်..မုန် ့ကျွေးတယ်…။
လူကိုလူလိုဆက်ဆံတော့လဲ သူတို ့ကိုယ်တိုင်က ပိုပြီးကိုယ့်ကိုခင်မင်ကြပါတယ်…။
အဲဒီ ကားအဖွဲ ့ထဲမှာ ငပယ်လို ့ခေါ်တဲ ့သူတစ်ယောက်ရှိတယ်…သူက ကားဘက်ဆိုင်ရာက၊ သူ ့မိန်းမက ဇာတ်ထဲကမဟုတ်ပေမယ့်
ဇာတ်နောက်လိုက်နေတာ…ပြီးတော့ ဈေးရောင်းတယ်.ပွဲခင်းထဲမှာပေါ့..။ သူတို ့ပူဖောင်းရောင်းချင်တယ်ဆိုလို ့ အရင်းကို ကျနော်ဘဲ ထုတ်ပေးခဲ့တာပါ..။
သူတို ့ကလေး၃ယောက်လားရှိတယ် အိမ်မှာဘဲ အဘွားနဲ ့နေကြတာပါ ။ ကျောင်းပိတ်ပြီဆို သူတို ့မိဘတွေရှိရာကို လိုက်လာကြတတ်တယ်..ဒါပေမယ့် ဇာတ်ရုံဘေးနားမှာဘဲ ဆိုင်ခန်းလေးလုပ်ပြီးနေကြတာပါ…။
ကလေးတွေက နေ ့လည်ခင်း အဖွဲ ့သားတွေ အိပ်ရေးဝလို ့ အိပ်ယာထပြီးကြရင်တော့ ဇာတ်ရုံထဲမှာ ကစားတတ်တယ်..တခါတလေ ဇာတ်ခုံပေါ်မှာ တက်ဆော့ကြပေါ့…။
တစ်နေ ့တော့ ကျနော်က အိပ်ယာထပြီးလို ့အပြင်မှာ လ္ဘက်ရည်သောက်ပြီး ပြန်ဝင်လာချိန်မှာ ငပယ်နဲ ့မီးဘက်က မြင့်ဝေနဲ ့စကားများနေကြတယ်…ငပယ်ရဲ ့သားလေး( အသက်၁၃ နှစ်အရွယ်) လေးက ငိုမဲ့မဲ့နဲ့..။ သူ ့အမေကလဲ သူ ့ဘေးမှာ မျက်ရည်ဝိုင်းနေတယ်.။
“ အို…ကားဆွဲသားက ကားဆွဲဘဲ ဖြစ်မှာပေါ့…ဘာ က”စရာလိုလဲ…” ဒီစကားကြားလိုက်တော့ စိတ်ထဲမှာ ဖျဉ်းကနဲဖြစ်သွားတာ။
ဒီလိုအသုံးအနှုံးကို ကျနော်မကြိုက်ဘူး…နားထဲခါးတယ်..။
ကိုယ်ကလဲ ဒီလိုဖြစ်နေတော့ မျက်နှာလွှဲနေလို ့မတတ်ပါဘူး…
“ ဘာဖြစ်နေကြလဲ”
“ ကလေး ဆော့ရင်း သေတ္တာပေါ်မှာ က”နေတာကို မြင့်ဝေ ပြောလို ့ကိုငယ်”
“ မဟုတ်ဘူး မင်းသား…သူ ့သား အလကားနေရင်းဆော့နေလို ့ကျနော်ပြောတာ ”
“ သူ ့ဘာသာ ကနေတာ ဘာဖြစ်လဲ” ငပယ်က ထပ်ပြောတာပါ..။
“ အေး…က တာကိုပြောတာ။ ကားဆွဲသားက ကားဆွဲဘဲ ဖြစ်မှာ…”
“ မင်း ဒီလိုမပြောနဲ ့ ငါ့ကလေးတွေကို ပညာတတ်အောင် ကျောင်းထားပေးတာဘဲ…မင်းနှိမ်တာတော့ မကောင်းဘူး…”
“ ခဏနေဦး ..ငပယ် ၊ ငါပြောမယ်..ကိုမြင့်ဝေလဲ နားထောင်”
“ ဟုတ်“
“ ခုနက ကိုမြင့်ဝေ ပြောတာ ကျနော် ကြားတယ်…ကားဆွဲသားက ကားဆွဲဘဲဖြစ်မယ်ဆိုတာ..၊ အဲလို ပုံသေပြောလို ့မရပါဘူး…ပြောလဲမပြောသင့်ဘူး။ ကျနော့်အဖေကစစ်သား…ကျနော်စစ်သားမဖြစ်ဘူး…မင်းသားဖြစ်ခဲ့တယ်..၊ ကိုမြင့်ဝေအဖေရော ဘာအလုပ်လုပ်လဲ”
“ လက်သမားဆရာပါ ကိုငယ်..”
“ ခင်ဗျား…ဘာကြောင့်လက်သမားမဖြစ်ဘဲ…မီးထိုးသမားဖြစ်နေတာလဲ ”
“ ဒါကတော့…..” သူဘာဆက်ရမှန်းမသိဖြစ်နေပြီ..။
“ ကျနော် က ကိုမြင့်ဝေကို ပြောချင်တာ ၊ ပါတ်ဝန်းကျင်ကိုကြည့်ပြီး ကလေးတစ်ယောက်ကိုဆုံးဖြတ်လိုက်၊ ပြောလိုက်တာ မကောင်းဘူး”
“ ကိုငယ်ပြောတာ မမှားပါဘူး…ဒါပေမယ့် ဒိကောင်လေးက မဖြစ်နိုင်ပါဘူး…”
“ ဘာဖြစ်လို ့လဲ”
“ သူ ့အဖေက ကားဆွဲ၊ သူ ့အမေက ပူဖောင်းရောင်းတယ်။ ဖြစ်ဘို ့ရာ အဝေးကြီး”
ဒီလူတော့ ဒီဘူတာဘဲ ပတ်နေပြီ…စိတ်ရှိတိုင်းသာဆွဲထိုးလို ့ကတော့ ဒီလူ နာတော့မယ်…။
“ ကဲ…ကောင်းပြီ…တော်ကြတော့ ၊ မင်းတို ့သားအမိလဲ ငိုမနေနဲ ့ဟုတ်လား၊ ကိုမြင့်ဝေလဲ သွားတော့…”
သူတို ့ပြဿနာကို လူစုခွဲ ရှင်းပြီး…ကိုယ့်အခန်းကို ကိုယ်ပြန်လာခဲ့တော့တယ်…။
အခန်းထဲရောက်တော့ ခုနက အဖြစ်အပျက်ကို စဉ်းစားပြီး ဆုံးဖြတ်ချက်တစ်ခုချလိုက်တယ်…။
“ အောင်အောင်….အကိုလ္ဘက်ရည်ဆိုင်ပြန်သွားမယ်…ပြီးရင် ငပယ်တို ့သားအမိ၃ယောက်လုံး…အကိုခေါ်နေတယ် လ္ဘက်ရည်ဆိုင်ကို လိုက်လာလို ့သွားပြောလိုက်”
ကျနော့်တပည့်လေး(အဝတ်ခေါက်သူ)ကို သေချာမှာပြီး ဇာတ်ရုံအပြင်ကိုတစ်ခေါက်ထပ်ထွက်လာခဲ့တယ်..။
ဆိုင်ရောက်တာနဲ ့လ္ဘက်ရည်၄ခွက်မှာပြီး စောင့်နေလိုက်တယ်…။
မကြာပါဘူး သူတို ့သားအမိတွေ မျက်နှာငယ်လေးတွေနဲ ့ရောက်လာပြီး မြေပေါ်မှာဘဲငုတ်တုတ်လေးတွေ…။
“ ခုံပေါ်မှာထိုင်ကြလေ”
“ ရတယ်အကို ကျနော်တို ့အောက်မှာဘဲနေမယ်…”
“ ကျနော်ပြောနေတယ်…ခုံပေါ်မှာထိုင်ဆို..” အဲဒီတော့မှ မရဲတရဲနဲ ့သူတို ့ထိုင်ပါတယ်…။
ကျနော်ထင်တယ် ခုနကဖြစ်တာကို ဆူမယ်ထင်နေကြတာနေမှာ …။ကျနော်သူတို ့ထိုင်ပြီိးတာနဲ ့…လ္ဘက်ရည်သောက်ခိုင်းတယ်၊ ကလေးကိုလဲမုန် ့စားခိုင်းတယ်..။
ဒါတောင်သူတို ့ကငြင်းသေးတယ်..မနည်းပြောမှ သောက်ရဲတာ…။
“ ကဲ…ငပယ်..မင်းသားကို ဘာဖြစ်လာမယ်လို ့ထင်လဲ…”
“ ကျနော်လဲ မသိဘူး…ကျောင်းတော့ ထားတာပါဘဲ..ဒါပေမယ့် ကျောင်းစားရိတ်တွေကလဲ မလွယ်ဘူး…သူကလဲ ကျောင်းမပျော်ဘူး”
“ သူက…မင်းသားအကကို စိတ်ဝင်စားလား”
“ က…တော့ က နေတာဘဲ”
“ မင်းတို ့သားကို ငါတပည့်အဖြစ်မွေးပြီး သင်ပေးမယ်ဆိုရင်ကော”
“ ဗျာ….ဟို …ကျနော်တို ့မှာ ပိုက်ဆံ မရှိဘူး…အကို”
“ ငါ..တစ်ပြားမှ မယူဘူးကွာ…သင်ပေးမယ်၊ မင်းရဲ ့သားကိုသာမေး၊ တစ်ကယ် အကပညာကို လိုချင်တာလားလို ့…”
“ သားက တစ်ကယ် က”ချင်တာဦး”
“ အေး…ငါက တပည့်လက်မခံဘူး…ဘာလို ့လဲဆိုတော့ စိတ်တိုင်းမကျလို ့…တော်ရုံဇွဲနဲ ့လဲ ငါ့ ပညာကို မရဘူး…နောက်ပြီး
ကောင်မလေးတွေ ပန်းလာပေးပြီး မိတ်ဆက်တာလောက်ကို အားကျပြီး သင်တာဆို အစကတည်းက မသင်နဲ ့..”
“ သားတစ်ကယ် ကချင်တာပါ..”
“ မင်း တစ်ကယ်ကချင်တာဆို ကျိုးစား…မင်းကို ခုနက ဦးမြင့်ဝေ ပြောသွားတာ မင်းကြားလား…ကားဆွဲသမားသားက ကားဆွဲဘဲ ဖြစ်မယ်ဆိုတာ”
“ သား…သိတယ်.သားက”တိုင်းသူပြောတယ်…”
“ မင်းကျိုးစားလို ့အောင်မြင်ခဲ့ရင်…မင်းမိဘတွေကို လုပ်ကျွေးနိုင်တာပေါ့…ပူဖောင်း ၁ဝညကျော် ရောင်းလို ့ရမယ့်အမြတ်ငွေကို မင်းတစ်ညကရုံနဲ ့ရနိုင်တယ်”
ကျနော့်စကားကြောင့်သူတို ့မိသားစုလေး အံ့ဩနေတယ်…ဇာတ်တွေမှာ မင်းသားသင်ပြိီဆို ငွေကလဲပေးရတယ်…မိုးတွင်းစားဘို ့ဆန်ကလဲ ပေးရတယ်…မင်းသားမိန်းမချိုးရေကအစခပ်ပေးရတယ်…ကလေးထိန်းပေးရတယ်…ဆဲခံရတာကလဲ မွှန်နေတာပါဘဲ..။
“ ကဲ…ဒီဇာတ်ခေါင်းပြုတ်တာနဲ ့…ကိုယ့်ဆီကိုမင်းတို ့သား လာပို ့ပေး…ဟုတ်လား…”
“ ကျေးဇူးတင်လိုက်တာ အကိုရယ်”
ပြောပြောဆိုဆို ထိုင်နေရာက ထပြီး အတင်း ၃ယောက်လုးံ ထိုင်ကန်တော့နေလို ့မနည်းတားရတယ်…။
တစ်ကယ်တမ်း မင်းသားတစ်ယောက်ပညာသင်စားရိတ်ဟာ မနည်းပါဘူး….နောက်ပြီိး တပည့်အဖြစ်လိုက်နေရတာ က ၃…၄နှစ်၊ တစ်ချို ့လဲ ဒါဏ်မခံနိုင်လို ့လမ်းတစ်ဝက်နဲ ့ ဝါသနာကို စွန် ့ပြီး ထွက်သွားတာတွေ အများကြီးလေ…။
…………………။……………………..
ဒီလိုနဲ ့မိုးတွင်းရောက်တော့ သူတို ့သားအမိတွေ ပေါ်ဆန်းမွှေးတစ်အိတ်နဲ ့အဝတ်ထုပ်လေးနဲ ့ရောက်လာပါတယ်…ဆန်ကိုလက်မခ့ဘူး..ပြန်ယူသွားခိုင်းတော့ ပြန်သယ်ရတာလဲ မော်လမြိုင်အထိ မလွယ်လို ့ပါ…ဆိုပြိး အတင်းထားခဲ ့ပါတယ်….။
ကျနော်က တစ်လကို အလွမ်းပြေ တစ်ခါဘဲ လာခိုင်းတယ်…တော်ကြာ ကလေး သတိရစိတ်များနေရင် သင်လို ့စိတ်ပါမှာမဟုတ်လို ့ပါ…။
သူပျော်အောင် ၃ရက်လောက်လွှတ်ထားပေးပြီး…အခြေခံ စသင်ပေးတယ်…သူကလ ဲတော်တော် ကြောက်နေတာနဲ ့ ရေခပ်နေတဲ ့တူမ( မဒမ်ဆူးရဲ ့တူမ) ကိုပါဆွဲသင်ပေးတာ…ကောင်မလေးက ဝါသနာကိုမပါတာ…၊ ကျနော့်ကြောက်တော့ သူပါ ဝင်ရတော့တာ…။
သူတို ့ကို အကသင်တာ မဒမ်က အံ့ဩနေတာ…။
ဘာလို ့လဲဆိုတော့ ကျောက်တုံးတွေကို လက်ဆင့်ကမ်း ခါးလိမ်ပြီး ပေးခိုင်းတာ ၊ ခေါင်းပေါ်ကကျော်ယူပြီး တစ်ဖက်ကို ခါးလိမ်ပြီး ပေးခိုင်းတာ…၄ ကွက်သိုင်း အခြေခံတွေ ပေးနင်းတာ…ဒါတွေကြည့်ပြီး….
“ ကို…သူတို ့ကို သိုင်းသင်နေတာလား…သူတို ့ကို အကသင်ပေးမှာလား” လုပ်နေသေးတာ..။
“ မိန်းမ …မသိရင်ကြည့်နေ…ဒါ၃နှစ်သင်တဲ ့ပန်တျာကျောင်း မဟုတ်ဘူး…၃လ ဘဲ အချိန်ရှိတာ ၊ အေး…သိုင်းကွက်တွေကို တစ်ကယ်ကျွမ်းကျင်ရင် မင်း မျက်စေ ့ထဲမှာ က…ကကွက်တွေလို ့မြင်ကြည့်ပေါ့…အခု ဂျက်လီ ကစားနေတဲ ့ဝူရှုး၊ ထိုက်ချိ မယုံရင် မျက်စေ ့ထဲမြင်ကြည့်လိုက်လေ….အခြေခံတွေက …အကွက်တူတယ်…အားအသုံးပြုပုံနဲ ့လက်ချိုးတာဘဲ ကွာတာ….။
အဲဒီနောက်တော့……
ကျနော် တော်တော်မောင်းတာပါ ကလေးတွေ မျက်ရည်ကျချင်နေပြိဆို ဆင်းရဲတဲ ့ဘဝတွေကိုပြောပြတယ်…ဗီဒီယိုပေးကြည့်တယ်…ကိုယ်တိုင်မုန် ့လုပ်ကျွေးတယ်..ဟင်းကောင်းကောင်းချက်ကျွေးတယ်….။
ကျနော် မင်းသားတစ်ယောက်ကို ချမ်းချမ်းစီးစီး ဘိနပ်လျှော်ပေးခဲ့ရတာတွေ ပြောပြပေးတယ်…။
ခေတ်ပေါ်ရှိုးတွေအတွက် ဘရိတ်၊ဂျက်ဆင်အကတွေ ညဆို သင်ပေးတယ်…၊ သေတ္တာက ၊ ကြိုးတန်းက ပုဝါက စတဲ ့မွန်ပြည်နယ် အကြိုက်တွေက အစ သင်ပေးခဲ့တာ…။
ညတိုင်ဆို အကကျင့်ပြီးရင် စာသင်ပေးတယ်…၊ စားတော့လဲ ကိုယ်တို ့နဲ ့အတူတူ တစ်တန်းတည်း…။ ကျနော်က လူတန်းစား ခွဲခြားတာကို တော်တော် မုန်းတတ်တာ..။
……..
၃လ ဆိုတဲ ့အချိန်က ခဏလေးလိုဘဲ…..။
ကျနော်သူ ့ကို စိတ်တိုင်းကျသင်ပေးပြီးတာနဲ ့သူ ့မိဘတွေကို အကြောင်းကြားပြီး ခေါ်လိုက်တယ်…။
မိဘတွေရောက်လာတော့လဲ ထပ်မှာရသေးတယ်…
“ ကိုယ်ကတော့ မင်းသားတစ်ယောက်တတ်သင့်တာတွေ သင်ပေးလိုက်ပြိီ…ပညာဆိုတာတော့ မကုန်တတ်ဘူး….ကိုယ်တိုင်ကလည်းထပ်လေ့လာရမယ် ..မိဘတွေကလဲ ထိန်းပေးရဦးမယ်….. အခွင့်အရေးကို ရတိုင်းမယူကောင်းဘူး…ဒါပေမယ့်
အခွင့်အလမ်းကိုတော့ သိမြင်နေရမယ်…ကျိုးစားနေတဲ ့သူအတွက် အခွင့်အရေးဆိုတာ ပေါ်လာတတ်တယ်..အမိအရ ဆုပ်ကိုင်တတ်ဘို ့ဘဲ လိုတာ…ဟတ်လား..”
သူတို ့တွေလည်း ပြောသမျှနားထောင်ပြီး မျက်ရည်လည်ရွှဲနဲ ့ကန်တော့ပြီး ပြန်သွားတယ်..။
အဲဒီနှစ်က ကျနော် အရေးကြီးကိစ္စတွေ ရှိနေလို ့ဇာတ်မကတော့ပါဘူး…။
ကိုယ့်ဝါသနာပန်းချီဆွဲရင်း သူများတွေကို ကူညီရင်းနဲ ့ဘဲ…ဇာတ်လောကနဲ ့အဆက်ပြတ်နေခဲ့ပါတယ်…။
ဒါပေမယ့် ဇာတ်လောကမှာတော့ ကျနော်တပည့်တစ်ယောက်ကို အားခြင်းသင်နေတာ သတင်းပျံ ့နေပါတယ်…
တစ်ချို ့ကလဲ ၃..၄လနဲ ့ဘယ်လိုမှ မဖြစ်နိုင်ဘူး…တစ်ချို ့ကလဲ ကျနော့်ကို လျှော့မတွက်နဲ ့…စုံနေတာပါဘဲ..။
ပါတ်ဝန်းကျင်ဆိုတာတော့ ဒီလိုပါဘဲလေ…။
…………။…………
၅လ ကျော်လောက်မှာတော့ ကျနော်ပုံဆွဲနေတုန်း အိမ်ရှေ ့မှာ ကားရပ်သံကြားပြီး….
“ ဦး…” ဆိုပြီး အော်လိုက်သံကြားမှ ခေါင်းမော့ကြည့်တော့….ကျနော့်ကောင်လေးနဲ ့သူ့မိလတွေ နဲ ့အဘွားပါပါလာတယ်…။
နောက် အိမ်ပေါ်တစ်ခါတည်းတက်လာပြီး…ကန်တော့ာကတော့…
“ ဟ…ဘာဖြစ်လာကြတာလဲ…”
ကျနော်မေးတာ မဖြေဘဲ…ပိုစတာ စာရွက်ကြည့်ဖြန် ့ပြပါတယ်…။
“ အကို ့သားသူများဇာတ်မှာ ဧည့်သည်အဖြစ်ဝင်ကတာကိုု ဘားအံဇာတ်က ဇာတ်ဆရာ သဘောကျပြီး ခေါင်းဆောင်မင်းသားအဖြစ်လာခေါ်လို ့လက်ခံလိုက်ပြီ…ဒီမှာ ဇာတ်ပိုစတာတောင် ထွက်အောင်စောင့်ပြီး ဆရာ အံ့ဩအောင်လာပြတာ”
ဟုတ်တယ် …ကျနော့်တပည့်မှ ကျနော့်တပည့်၊
ကျနော့်ရင်မှာ ဝမ်းသာလိုက်တာ…။
ဒါ …ကျနော်ပျိုးလိုက်တဲ ့ပန်းကလေး…။ မင်းသားနာမည်က မျိုးမျိုး…တဲ ့။
သူတို ့လက်ဆောင်တွေနဲ ့ကန်တော့တယ်…ဆရာ အတွက်ဆိုပြီး ထိုင်းကထုတ်တဲ ့ခြုံစောင် အနီ အထူကြီးတစ်ထည်လဲပါတယ်…
နောက် မဒမ်အတွက် ကလေးတွေအတွက်စုံနေတာပါဘဲ…။
အားနာလို ့မယူပါရစေနဲ ့ပြောလဲ မရပါဘူး…။
ကျနော်တစ်ကယ်က ဒါတွေမလိုချင်ပါဘူး…..ကျနော်လိုချင်တာ ကိုယ်တိုင်ခံစားရတဲ ့ပီတိပါ..။
နောက်ပြန်ကာနီးတော့ သူတို ့ကန်တော့ပါတယ်…။ ကျနော်ကလဲ မှာစရာရှိတာမှာပါတယ်…။
“ မောင်မျိုး…မင်းကို ဦး ဘိနပ်လျှော်ပေးခဲ ့ရတဲ ့အကြောင်းပြောဘူးတယ်နော်..”
“ ဟုတ်ကဲ ့ဦး…”
“ ငပယ်….ကိုမြင့်ဝေ…ဘယ်ဇာတ်မှာလဲ….”
“…………ဇာတ်ထဲမှာ….”
“ မင်းတို ့သူ ့အတွက်လက်ဆောင် ကောင်းကောင်းဝယ်ပြီး…သူ ့ဆီကိုသွား…မောင်မျိုး…မင်းသူ ့ကို မင်းအဖေ အမေတွေပါခေါ်သွား…ပိုစတာပါယူသွား…ကန်တော့လိုက်….ပါးစပ်ကလဲပြော…”
“ ဘယ်လိုပြောရမလဲ…ဦး…”
“ ကားဆွဲသမားရဲ ့သား၊ ပူဖောင်းသည်မသား မင်းသားဖြစ်သွားလို ့လာကန်တော့တာပါ….ဦးပြောလိုက်လို ့ကျနော့်ဘဝတိုးတက်ခဲ့တာပါလို ့ပြော…ဟတ်လား”
“ ဟုတ်ကဲ့”
………………။……………………
ဒါပါဘဲ….ကလေးတစ်ယောက်ရဲ ့အနာဂတ် ကောင်းကင်….။
ကျနော်နိုင်သလောက်လေးနဲ ့လုပ်ပေးခဲ့ဘူးတယ်…။ တစ်နိုင်ငံလုံးနဲ ့စာလိုက်ရင် မကြီးကျယ်ပါဘူး…သူတို ့ပါတ်ဝန်းကျင်လေးမှာတော့
ကလေးရဲ ့ဘဝ ပြောင်းလဲသွားခဲ့ပါတယ်….။
ကိုယ်မကူညီနိုင်ရင်တောင်…ကိုယ့်စကားလေးတစ်လုံးနဲ ့ကလေးတွေရဲ ့အနာဂတ်ကို အညွန် ့မချိုးဘို ့အရေးကြီးပါတယ်…။ ကျနော်တို ့လက်တစ်ကမ်းမှာ ကလေးတွေ အများကြီးပါ…။
ကျနော်တို ့တစ်ယောက်တစ်လက် ကူညိကြမယ်ဆို…ကလေးတွေရဲ ့အနာဂတ်လေးတွေလှပမှုပိုများလာမှာပါ…။
ကလေးတွေရဲ ့အနာဂတ်ကို ဘဝနဲ ့ရင်းပြီး ပြုစုပျိုးထောင်ပေးနေသော….ပန်းပျိုးသူများကို ဂုဏ်ယူလေးစားစွာဖြင့်………
ခေါင်
( ကျနော်က ဇာတ်ကတဲ့အခါ တစ်နှစ်လုံး သတ်သတ်လွတ်စားပြီး ပရိတ်သတ် တောင်းဆိုမှုအရ မီးနင်းပြီးကတဲ့ အော်ပဒါ ကပြပါတယ်…ညတိုင်းနီးပါး မီးနင်းပါတယ်..အလှုငွေတွေကို
စုထားပြီး နှစ်ကုန်လို ့ဇာတ်ခေါင်းပြုတ်တဲ့အခါ မိဘမဲ့ကလေးနဲ ့ ရှင်မပြုနိုင်သူတွေကို နှစ်စဉ် ရှင်ပြုရဟန်းခံ လုပ်ပေးပါတယ်.. ဝမ်းနည်းစရာတစ်ခုက အဲဒီကိုမြင့်ဝေက ရှင်ပြုရဟန်းခံ ပွဲလုပ်ဘို ့ ၃ရက်လောက်အလိုမှာ ရောဂါတစ်ခုကြောင့် ဆုံးပါးခဲ့ပါတယ်..)။( မီးနင်းရတဲ့ ရာဇဝင်လေးကို ကြုံရင် ပြောပြပါဦးမယ်)
19 comments
kotun winlatt
March 31, 2014 at 3:18 pm
ဟုတ်….အကိုရေ….မီးနင်းတဲ့ ရာဇဝင်လေး ရေးပါဦးဗျ…မျှော်နေပါ့မယ်……
“ကိုယ်မကူညီနိုင်ရင်တောင်…ကိုယ့်စကားလေးတစ်လုံးနဲ ့ကလေးတွေရဲ ့အနာဂတ်ကို အညွန် ့မချိုးဘို ့အရေးကြီးပါတယ်…။ ကျနော်တို ့လက်တစ်ကမ်းမှာ ကလေးတွေ အများကြီးပါ…။” အဲ့စာသားလေး သဘောကျတယ်….ခမျ…..
ကျော်စွာခေါင်
April 5, 2014 at 1:22 am
ကိုထွန်းရေ
ကွန်မန် ့ပြန်တာ နောက်ကျနေလို ့..တောင်းပန်ပါတယ်ဗျာ
ခု မီးနင်းတဲ့ အကြောင်းအတွက် စရေးနေပါပြီ
ရဲရဲတောက် ကေဇီ
March 31, 2014 at 3:34 pm
အိမ်က မေမေက ကျနော့ထက် အလှကြိုက်ပြီး သူ့ဖို့ ဆိုပြီး ပိုဝယ်တာတွေများရင် ….
ကျနော်တို့ မောင်နှမက စ လေ့ရှိတယ်။
အဲဒီ အခါကျ သူကလည်း ပြန်နောက်တယ်။ ဇော်သန့်ကို ပေါ့။
“နင့် အမအတွက် လှဖို့ အချိန်ကျန်သေးတယ်၊ မာမီ အတွက်က လှဖို့ အချိန်နည်းလာပြီ၊ အဲဒီတော့ မာမီကို ဦးစားပေးကြပါ’ တဲ့။
အဲတော့ ဇော်သန့်ပြန်ပြောတာ မှတ်မိနေသေးတယ်။
“မာမီ ဟာက အင်္ဂလန် ဘုရင်မကြီးလိုဖြစ်နေပြီ။ အိမ်ရှေ့မင်းသားက အို သေ တော့ မယ်။ ဘုရင်မကြီး အသက်ရှည်ပုံနဲ့ ချား(စ) မင်းသား ဘုရင် ဖြစ်ပါဦးမလား” ဆိုတာ။
နောက်ပိုင်း မိသားစုဟာသပေါ့လေ။
ကျနော်တို့ နိုင်ငံ အနေအထားအရ ကြည့် ဦးလေ။
စစ်ဝတ်စုံနဲ့ ယူရတာ အားမရလို့ အရပ်ဝတ်နဲ့ဆက်ယူတယ်၊ နိုင်ငံ အဆီအနှစ်တွေကို။
နောက် ဘာဆက်ကြံစည်မလဲ တထိတ်ထိတ်နဲ့ ၂၀၁၅ ကို။
ရိုင်းရိုင်းပြောရရင် သေခါနီးတွေ အတွက် စတေးနေရတာ အနာဂတ် မျိုးဆက်တွေ။ ကလေးတွေ။
ဘယ် ဘဝက အညှိုးတွေနဲ့ ဒီလိုလုပ်နေသလဲ စဉ်းစားမရဘူးးးး
သူများနိုင်ငံမှာ ရတနာလို့ သတ်မှတ်ထားခံရတဲ့ ကလေးတွေက ကိုယ့်နိုင်ငံမှာ လမ်းဘေးမှာ။
တကယ်ပါ။
စောင့်ရှောက်နိုင်တဲ့သူတွေကို ချီးကျူးတယ်။ လေးစားတယ်။
ကိုယ် အဲဒီလောက်မလုပ်နိုင်သေးခင်မှာ လက်လှမ်းမှီသလောက် ကူညီမယ်။
ကိုယ်တိုင် လုပ်ပေးဖို့တော့ ဒီ အဖိုးကြီးတွေ အမြစ်ပြတ်မှ ပဲ။
ကျော်စွာခေါင်
April 5, 2014 at 1:23 am
မကေ ..
ကျေးဇူး..
ဇော်သန် ့စကားလေး သဘောကျတယ်
မှတ်ထားလိုက်ပြီ….။
Crystalline
March 31, 2014 at 4:58 pm
အိမ်နားဆောက်တဲ့ ကန်ထရိုက်တိုက်ကညစောင့်… ယူထားတဲ့မိန်းမက သုံးယောက်မြောက်ဆိုပါလား.. လခလေးကတော့ မဖြစ်စလောက်…. လင်မယားနှစ်ယောက်အတွက်တောင် ဘယ်လိုမှလောက်ငစရာမရှိတဲ့ ဝင်ငွေနဲ့ ကလေးကိုအလကားရတယ်ဆိုပြီးယူထားတယ်ထင်တယ်… အာဟာရမပြည့်တဲ့မိခင်ကလည်း နို့ကောင်းကောင်းမထွက်.. ကြည့်ရတာနဲ့တင် တော်တော်လေးစိတ်ညစ်စရာပါ..
နောက်တခါ… လက်ဖက်ရည်ဆိုင်က အသက် ရ၊၈နှစ်လောက်အရွယ်အလုပ်သမားလေး… ပွက်ပွက်ဆူ.. အငွေ့တထောင်းထောင်းထနေတဲ့.. ကိုယ့်တဖက်စာမကတဲ့ ဖိုပေါ်ကဟင်းခါးအိုးထဲက ဟင်းရည်တွေကို ဈေးဝယ်သူအတွက် ခပ်ထည့်ပေးနေတယ်…. မတော်တဆဆိုပြီး… ဆက်မတွေးရဲဘူး…
တွေ့ခဲ့ရတွေ့ရတာတွေ…တိုက်တိုက်ဆိုင်ဆိုင်… ရွာထဲလည်းစည်းကားနေတဲ့အချိန်ဆိုတော့… တော်တော်လေးကိုအတွေးတွေပွားမိခဲ့ဖူးတယ်..
ဦးခေါင်ရယ်… ဆိုင်ဆိုင်မဆိုင်ဆိုင်… ရေးချင်တာရေးသွားတယ်.. :))
ကျော်စွာခေါင်
April 5, 2014 at 1:25 am
မနော်
ရေးချင်တာရေးပေမယ့် မြင်ကွင်းတစ်ခုကို ကြည့်မြင်ပြိးမှ ရေးတာဆိုတော့ ဘာကို ပြောချင်တာလဲ ဆိုတာ သဘောပေါက်ပါတယ်
alinsett (gazette)
March 31, 2014 at 5:39 pm
ဦးခေါင်ကို လွမ်းနေတာ
အတော်ပဲ
အေးအေးဆေးဆေး ဖတ်ဖို့ သိမ်းလိုက်ပြီဗျို ့
ကျော်စွာခေါင်
April 5, 2014 at 1:26 am
သိုင်းကျူးပါ..ကို အောင် ရဲ အလင်းဆက်..
ဦးခေါင်ကလဲ သတိရပါတယ်။။
Ma Ma
April 1, 2014 at 9:29 am
ကြယ်ငါးအကြီးကြီးကို ပစ်လိုက်တာပါလား မင်းသားရေ။
ဒါ့အပြင် ကလေးကို လက်စားချေမှု မုန်းတီးမှုတွေ သင်မပေးပဲ
ခွင့်လွှတ်မှု သည်းခံမှုတွေနဲ့ ကိုယ့်ဘဝကို မြှင့်တင်တတ်အောင် ပေးလိုက်တဲ့ သင်ခန်းစားကို အကြိုက်ဆုံးပဲ။ 🙂
ကျော်စွာခေါင်
April 5, 2014 at 1:28 am
မမရေ
ကိုယ်တတ်နိုင်သလောက်လေး ကြိုးစားပေးတာပါ
အားပေးတာ ကျေးဇူးပါ မမ
kyeemite
April 1, 2014 at 10:26 am
လှပတဲ့ဘဝလေးတစ်ခု တည်ဆောက်ပေးနိုင်ခဲ့တာပဲ…လေးစားပါတယ်ကိုခေါင်
ကျော်စွာခေါင်
April 5, 2014 at 1:28 am
ကိုမိုက်
ကွန်မန် ့လေးနဲ ့အားပေးတဲ့ ကျနော့်အကိုကို ကျေးဇူးပါ
သီဟသူရ ညောင်ရမ်းဂျီးထူ
April 4, 2014 at 3:52 pm
ဆရာကောင်း
နည်းစနစ်ကောင်းရင်
တတ်လွယ် သိလွယ်တယ်ဆိုတာ ယုံပြီဗျာ
ကျော်စွာခေါင်
April 5, 2014 at 1:29 am
ကိုသီညောင်
ကျေးဇူးပါ
nozomi
April 4, 2014 at 4:26 pm
ကိုခေါင့် ရဲ့ စာတွေ ဖတ်မိတိုင်း
အား တစ်ခုခုတော့ ရ လိုက်တယ်
အပြင်မှာ ဆုံခွင့်ရချင်ပါသေးရဲ့
လာတုန်းက တွေ့လိုက်ရမှာ ဗျာ…
ကျော်စွာခေါင်
April 5, 2014 at 1:31 am
ကို နိုဇိုမီရေ
ကျနော်လဲ ဆုံတွေ ့ချင်ပါတယ်
ကျနော် တစ်ခါမှ ပြန်မလာရသေးဘူးနော်…
ဒီ နှစ် ဒီဇင်္ဘာမှာ ပြန်ဘို ့တော့ စိတ်ကူးထားတယ်..ဆုံမယ်လို ့ ထင်ပါတယ်
nozomi
April 5, 2014 at 9:10 am
ကိုခေါင်တို့ဆီ တစ်ခေါက်ရောက်ခဲ့ဘူးတယ် ခင်ဗျ
အဲဒီတုန်းက မြန်မာ ၅ ယောက်လောက်နဲ့ ဆုံခွင့်ရခဲ့တယ်
ရွာထဲ ပို့စ် အရှည်ကြီးတင်ဖြစ်ခဲ့တာလဲ အမှတ်တရပဲ
အခုလို ခင်တဲ့အခြေအနေဆို မဖြစ်မနေ လာတွေ့ခဲ့မှာဘဲ
လုံမလေးမွန်မွန်
April 5, 2014 at 1:52 pm
၃ လအတွင်းမှာ ဒီလိုဖြစ်အောင် သင်ပေးလိုက်နိုင်တဲ့ ဆရာကိုရော.. ပေါက်မြောက်အောင် သင်ယူနိုင်တဲ့ တပည့်ကိုရော လေးစားမိတယ်..
သမီး ခပ်ကြောင်ကြောင်တွေ တွေးတတ်တာ ဖေခေါင် သိပါတယ်.. ခုလည်း အဲ့လို တွေးမိတဲ့အတွေးလေးကို ဒီမှာ ပြောလိုက်ဦးမယ်..
သမီးက မပြည့်စုံတဲ့သူတွေ အောင်မြင်လာရင် လေးစားပေမယ့် ပြည့်စုံတဲ့သူက ကြိုးစားတာမြင်ရင် ပိုအံဩမိတယ်.. အောင်မြင်မှုတစ်ခုရဖို့အတွက်က စိတ်ဓာတ်ခွန်အားက အရေးကြီးဆုံးပဲလေ..
မပြည့်စုံတဲ့သူဆိုတာ..အနှိမ်ခံရမယ်.. အပြောခံရမယ်.. ဒါကြောင့် မခံချင်စိတ်နဲ့ မဖြစ်မနေ ကြိုးစားတတ်ကြတာ သဘာဝပဲ… သူတု့ိအတွက်က စိတ်ဓာတ်ခွန်အားရဖို့ တွန်းအားပေးမယ့် ပတ်ဝန်းကျင်က အများကြီးပဲ..
ပြည့်စုံတဲ့သူတွေကျတော့ အများစုက မကြိုးစားချင်ကြဘူး.. မိဘအရှိန်အဝါအောက်မှာ အသာအယာနေလို့ရတယ်.. ဒါပေမယ့် အဲဒီထဲကမှ ဖောက်ထွက်ပြီး ကိုယ့်အားကိုယ်ကိုး ကြိုးစားကြတဲ့သူတွေကို သိပ်သဘောကျတယ်.. ပိုလည်း လေးစားမိတယ်…
နည်းနည်း ခပ်ကြောင်ကြောင် ဖြစ်နေမယ် ထင်တယ်နော်.. ဒါမယ့် သမီးတွေးမိတဲ့ အတွေးပေါ့နော်..
အခုရော ဖေ့တပည့်လေး ဘာတွေလုပ်နေလဲ.. အဆက်အသွယ်ရှိသေးလား..
padonmar
April 6, 2014 at 12:20 am
ပန်းလေးတပွင့်ဆို ဆိုသလောက် လှပအောင် ပျိုးပေးခဲ့တာ အားကျမိပါတယ်၊
ဒီထက်မကတဲ့ ပန်းတွေကိုလည်း လှစေခဲ့မယ်ဆိုတာ မှန်းလို့ရပါတယ်။
သာဓုပါ ခေါင်..