ကိုယ်လျှောက်သော ခရောင်းလမ်း ( အပိုင်း ၃ )
သံယောဇဉ်တွယ်ခြင်းသည်..ဘယ်အရာပေါ်မှာ မှီတွယ်ခဲ ့လေသလဲ မေးရင် ကြင်နာသောရင်ခွင်ကို
ငြိတွယ်ခြင်းလို ့ဘဲ ကိုယ် အဖြေပေးမိပါမည်။ ကိုယ့်အပေါ်ကြင်နာတတ်သောအဘွားတို ့ရင်ခွင်မှာ ကိုယ်ပျော်ခဲ ့ရတယ်..။
ပီဘိ ကလေးတစ်ယောက်ရဲ ့စိတ်တွေနဲ ့ကိုယ်နေနေရခြင်းဟာ ကိုယ့်အတွက် အေးချမ်းမှုပါဘဲ..။
မမအိမ်ထောင်ကျပြီးတဲ ့နောက် မမအမျိုးသား ကိုဆွေကလည်း ကျနော့်ကို ချစ်တယ်..။ သားတစ်ယောက်လိုကို ချစ်တာပါ.။
ကိုဆွေက အခွန်ဦးစီးဌာနကဆိုတော့ မမအတွက်က ဘာအလုပ်မှ မလုပ်ရဘဲ အေးအေးဆေးဆေး နေရတာပါ..။
ကိုဆွေ ရုံးတာဝန်နဲ ့သဘယင်း( ဒီပဲရင်း)မှာ ပြောင်းရတော့ မမနဲ ့အတူ ကျနော်ပါသွားတယ်..။
အိမ်ကလည်း ညီညီပါမှ ရမယ်.မမနဲ ့အဖော်နေပေးဆိုတော့ ကျနော်လည်းပါသွားတာပေါ့..။
နေ ့လည်တိုင် ကိုဆွေ ရုံးသွားရင် မောင်နှမ နှစ်ယောက် အိမ်သေးသေးလေးမှာ နေရင် နေ ဒါမှမဟုတ်…….
ကိုဆွေတို ့ရုံးက အသိအိမ်ကို သွားလည်ကြတာဘဲ..။
အဲဒီသွားနေကြ အိမ်မှာ မောင်စိုးရှိတယ်..ရွယ်တူဘဲ..။ ဒါပေမယ့် မောင်စိုးက စကားမပြောတတ်ဘူး..
မွေးကတည်းက ချွတ်ယွင်းတာပေါ့..။ သူက ဆိုးမှဆိုး..သူ ့အမေပေါ်မှာ ဆိုးတာ..။
ကျနော်နဲ ့က ဆော့ဖော် ဆော့ဘက်.. ခင်မှခင်..။
စတွေ ့ကာစ အတူ ကစားတုန်းက စိတ်ညစ်မှညစ်..သူပြောတဲ ့ဘာသာဗေဒကို ကိုယ်မှ နားမလည်တာ..။
သူ ့အမေကို မေးရ၊ မမကို မေးရနဲ ့။ နောက်တော့ တစ်ဖြည်းဖြည်း သဘောပေါက်လာတယ်..။
တခါတခါ ကိုယ်က သူူ ့ကို ပြောလို ့ သူနားမလည်ရင် ကိုယ်ကလဲ သူနားလည်မယ့် ဘာသာနဲ ့အီးအီး အားးးး
အမ်းအမ်း နဲ ့လက်ဟန်ခြေဟန်သုံးပြီး ပြောရင် မောင်စိုးက တခါတည်းနားလည်သွားတာ..။
ကျနော် မောင်စိုးလို လုပ်ပြောရင် မမက တခစ်ခစ်နဲ ့ရယ်နေတာဘဲ..။ မောင်စို းအမေက ပြုံးနေတာဘဲ..။
ကျနော် တခါတလေ မောင်စိုးနဲ ့ကစားနေရင်းက အတွေးဝင်သွားရင် မျက်ရည်ကျမိတယ်..
မောင်စိုးကစကားမတတ်ဘဲ ဆွံ ့အ ဝေဒနာရှင် ဖြစ်ပေမယ့် မိဘတွေနဲ ့အတူနေရတယ်..မိဘတွေကလည်း ချစ်တယ်..။
ကျနော်ကတော့ စကားတတ်ပေမယ့် မိဘနဲ ့အတူ မနေရခြင်း၊ မိဘရဲ ့ချစ်ခင်ခြင်းကို မရတာတွေးပြီး ငိုမိတယ်။
ကျနော်ငိုရင် မောင်စိုး မနေတတ်တော့ဘူး..ဝူးဝူးဝါးဝါးပြောပြီး ချော့တယ်..။ ပြီးရင် သူ ့မေနဲ ့မမကိုု ပြေးခေါ်တယ်..
ကျနော်ငိုတာကို ညီအကိုမဟုတ်တဲ ့သူက စိတ်ပူနေတာ့ ကျနော် ပိုငိုမိတယ်..။
အဲဒီအခါ မောင်စိုးက သူ ့အမေကို ထုရိုက်ပြီး သူပါငို တာ..။
ကျနော်ငိုတော့ မမ မျက်နှာမကောင်းဘူး.. ကျနော့်ကို ရင်ခွင်ထဲ ပွေ ့ပြီး…
“ ဘာဖြစ်လို ့ငိုတာလဲ ညီညီရယ်” လို ့မေးရင်..
“ ဟို လေ..ကစားရင်းမျက်စိထဲ အမှိုက်စ ဝင်သွားလို ့ပါ” လို ့ဘဲ ကျနော် ပြောတတ်တယ်..။
ကျနော်မမကို ချစ်တယ်..မမကို စိတ်မကောင်းအောင် ကျနော် မလုပ်ချင်ဘူးလေ..။
…….
…….
ကျန်တဲ ့အချိန်တွေမှာ ပျော်ပါတယ်..နေ ့လည်တိုင်ဆိုလေ.ဌက်ပျောသီး ကောက်ညှင်းထုပ် ဝယ်စားကြတယ်..
သဘရင်းက ကောက်ညှင်းထုပ်ကို ကျနော် ဘယ်တော့မှ မမေ ့နိုင်ဘူး..တထုပ်ကို လူကြီးတစ်ယောက်တောင်
မနည်းကုန်အောင် စားရတယ်..တစ်ထုပ်ကို ၅မူး ပေးရတယ်..။မောင်နှမ နှစ်ယောက်တစ်ထုပ်ဝယ်ပြီးအတူစား
တယ်..အထဲက ဌက်ပျောသီးကို ကျနော် မစားဘူး..ကျနော်က ဌက်ပျောသိးတို ့သင်္ဘောသီးတို ့မှည့်ရင် မစား
တတ်ဘူး..မကြိုက်ဘူး။
ညတိုင်ဆို ကိုဆွေ ပြန်မလာသေးရင် အိမ်သေးသေးလေးမှာ မီးခွက်သေးသေးလေးနဲ ့မောင်နှမ၂ယောက်
ထိုင်စောင့်ကြတယ်..။ ကိုဆွေလာမှ ထမင်းအတူစားကြတယ်..။ ကိုဆွေ မလာသေးရင် ကျနော်လည်း မစားဘူး။
ထမင်းစားရင် ကျနော်က မမပေါင်ပေါ်မှာထိုင်တာ..။ မမက ထမင်းခွံ ့ပေါ့..။
ပြောရမယ်ဆို မမနဲ ့ပါတ်သက်ပြီး ကိုဆွေကလည်း ကျနော် သံယောဇဉ်တွယ်ခဲ့ရတဲ ့သူပါဘဲ…။
ဒီလို နဲ ့တစ်နှစ်လောက်နေတော့ ကိုဆွေ ရာထူးတို းပြီး ကျနော်တို ့မြို ့ကို ပြန်နေရတာပါဘဲ..။
အဘွားတို ့အိမ်မှာဘဲ နေတာပါ..။………………..
…………………
…………………
ဘယ်သူမှမသိနိုင်တဲ ့တိတ်တခိုးဝေဒနာလေးနဲ ့ဘဲ ကြီးပြင်းလာရင်း ကျနော် ဒုတိယတန်းကို တောင် ရောက်ခဲ ့
ရတယ်..။ ကျောင်းအပ်တိုင်း ကျနော့်အဒေါ်ဖြစ်ဖြစ် အဘွားဖြစ်ဖြစ် လိုက်အပ်ပေးတာပါ..။ သူများတွေက အဖေ၊
အမေတွေနဲ ့အတူ ကျောင်းအပ်တာ ၊ ပျော်နေကြတာ ကျနော် ကြည့်မိပါတယ်..။
ဒါပေမယ့် ကျနော် အဘွားတို ့ကိုတော့ ဘာမှမပြောပါဘူး..။ အိမ်ပြန်ရောက်ရင် ကျောက်သင်ပုန်းမှာဖြစ်ဖြစ်၊
စာရွက်ပေါ်မှာဖြစ်ဖြစ် အဖေနဲ ့အမေ တဖက်ဆီလက်ဆွဲပြီး ကျောင်းလွယ်အိပ်လေးနဲ ့ကောင်လေးတစ်ယောက်ပုံကို
ကျနော် ဆွဲဖြစ်တာပါဘဲ..။ ကျောက်သင်ပုန်းမှာ ဆွဲပြီးရင် အထွေအထူး..တံထွေးဆွတ်ပြီးတောင် မဖျက်ရပါဘူး.။
ကျနော် မျက်ရည်တွေကဘဲ တဖြည်းဖြည်း ဖျက်ပြီးသား ဖြစ်သွားတာပါ..။
…..
…..
ကျနော် အဘွားတို ့အိမ်မှာနေပေမယ့် ကျနော့်မိဘတွေ မောင်နှမတွေက အဘွားတို ့အိမ်ကို လာလည်ကြပါတယ်..
ညဘက်တွေမှာပေါ့.. ကျနော့်ကို တော့ သိပ်လှိုက်လှိုက်လှဲလှဲမရှိပါဘူး..။
မောင်နှမတွေကလည်း မခေါ်ကြပါဘူး။ အဘွားတို ့အိမ်က ၄ပေမီးချောင်းက လင်းထိန်နေပေမယ့် ကျနော်ကတော့
၈ပါတ်လည်တိုင်လုံးကြီးရဲ ့နောက်ကွယ် အမှောင်ရိပ်လေးကနေ ချောင်းဘဲ ကြည့်ရဲတယ်..။
ကျနော့်အဒေါ်တွေက “ဟဲ ့..ညီညိလေး ဒီမှာလာထိုင်လေ”လို ့ခေါ်ရင်…
“ဒိကောင် ဘာလုပ်နေလဲ..ဟေ့ကောင်လာဦးး မင်း စာမကျက်ဘူးလား” ဘာညာ ဆူတာပါဘဲ..။
အဲဒီကျရင် မမရဲ ့အမေ ဒေါ်ရီက..
“ နင် လာလည်တာ ညီညီ ့ကို ရန်ရှာဘို ့လား..သွားကောင်လေး..မီးဖိုထဲကို ”လို ့ဝင်ပြောတတ်တယ်..။
ဒါဆို ကျနော့်ဒုတိယအမေက ကျနော့်ကို မီးဖိုဆောင်ဆီ ခေါ်သွားပြီး မုန် ့တွေ ဘာတွေ ကျွေးပါတယ်..။
ကျနော် ငို ရင် “ မင်းငိုစရာမလို ဘူး..ငါတစ်ယောက်လုံးရှိတယ်၊ မင်း ယောကျင်္ားလေး” လို ့ပြောတတ်တယ်..။
ဘာကြောင့်များ ကျနော့်ကို ကြည့်မရတာလဲ ကျနော် မတွေးတတ်တော့ပါဘူး..။
နောက်ဆို သူတို ့လာလည်ရင် ခြံဝက အသံကြားတာနဲ ့ကျနော် မီးဖိုဆောင်ထဲမှာ တိတ်တိတ်လေး ထိုင်နေတော့
တာပါဘဲ.။
ဘယ်လောက်ဘဲ လွတ်အောင်ရှောင်ရှောင် ကျနော့်အတွက်တော့ ကံကြမ္မာက မျက်နှာသာမပေးခဲ ့ပါဘူး။
ဆောင်းတွင်းကာလမှာ ကျနော့်အဒေါ် ဒေါ်ဘူး ခြေအိပ်လှလှလေးဝယ်ပေးတယ်..။ ကျနော့်အဒေါ်ကို ကျနော်က
အဘူ လို ့ခေါ်ပါတယ်..။ အဘူဝယ်ပေးတဲ ့ခြေအိပ်လေးကို ကျနော် ကြိုက်ပါတယ်…..။ ခြေအိပ်လေးက
တော်တော် လှပါတယ်..။
အနီရောင်လေးတွေနဲ ့ပန်းရောင်လေးတွေ အဝါလေးတွေ အရစ်ရစ်နဲ ့စပ်ထားတာပါ..။
တနေ ့ ခြေအိပ်လေးလျှော်ပြီး လှမ်ထားရင်း ပျောက်သွားပါတယ်.။
ဘယ်က ဘယ်လို ပျောက်သွားမှန်းကျနော် မသိပါဘူး..တစ်ခြားခြေအိပ်တွေ ရှိနေတော့ ရှာမနေတော့ပါဘူး.။
ဒါပေမယ့် ကျောင်းတက်တဲ ့အခါ ကျနော့်အထက်က အကို ဒီခြေအိပ်လေးဝတ်ထားတာတွေ ့ပါတယ်။
အဘူက စက်လဲ ချုပ်တတ်တော့ ကျနော့်အကျီလေးတွေ ၊ဘောင်းဘီလေးတွေ ခြေအိပ်လေးတွေကအစ
ချည်အရောင်လေးနဲ ့အမှတ်အသားလုပ်ပေးထားပါတယ်။ ကျနော် ခြေအိပ်လေးကို တစ်ချက်ကြည့်မိပါတယ်..။
ကျနော့်အကို ကလဲ ခြေအိပ်ကို ကျနော် ကြည့်မှန်းသိပါတယ်..။ ကျနော် တခွန်းမှ မပြောပါဘူ..။ ပြောလို ့လဲမရဲပါ။
သူက အဖေ ့အချစ်တော်ပါ..။ သူလိုချင်လို ့ဖြစ်မှာပါလေ လို ့ဘဲ တွေးမိပါတယ်..။
ကျနော်ဘာမှ မပြောမိပေမယ့် ပြသနာက မပြီးပါဘူး..ကျနော့် အဘူကိုတောင်ပြန်မပြောပါဘူး..။ အဘူသိရင်
ကျနော်အကို ဆီက ပြန်တောင်းနေမှာစိုးလို ့ပါ။
၂ရက်လောက်နေတော့ ကျနော် ညစာ ထမင်းစားနေတုန်း.
“ ဘယ်မလဲ ဟို ရှိုက်တာန်( မကောင်းဆို းဝါး) ဆို တဲ ့ကြောက်လန် ့ဖွယ် အဖေ့အသံကို ကြားရပါတယ်..။
ဘာလုပ်မလို ့လဲ ညီညီထမင်းစားနေတယ်လို ့အဘူပြောသံကြားတာနဲ ့ ကျနော့်ကို ရည်ရွယ်တာ သေချာသိလိုက်
်ပြီး ထမင်းစားရင်း တစ်ကိုယ်လုံးတုန်ထွက်သွားတာပါဘဲ။
“ နင်ဘာမှ ဝင်မပြောနဲ ့မဘူ…ခေါ်ထုတ်စမ်း အဲဒိကောင်ကို ”
ကျနော့် အဘွားနဲ ့အဒေါ်တွေ ဝင်တားနေတာကို တောင် မရပါဘူး…။
“ ဟေ့ကောင် ညီညိ မင်းထွက်လာစမ်း” တဲ ့။ ကျနော်မနေရဲပါဘူး ထမင်းစားလက်စ လက်တောင် မဆေးရဘဲ
အပြင်ကို ထွက်လာတော့ အဖေနဲ ့ကျနော့်အကို ကို တွေ ့ပါတယ်..
ကျနော့်ကို တွေ ့တာနဲ ့လည်ဂုတ်ကို ဆောင့်ဆွဲပြီး..
“ မင်းကလား ငါ့သားကို ခြေအိပ်သူခိုးလို ့ပြောတာ” ဆို တဲ ့စကားနဲ ့အတူ
ကျနော့်လက်နှစ်ဘက်ကို ကနောက်ကနေလိမ်ချုပ်လိုက်တယ်..။
ကျနော် မပြောပါဘူးလို ့ပြောလဲ မရပါဘူး..။
ကျနော့်အဖေ ပြောတဲ ့စကားသံကို ကြားလိုက်တဲ ့ခဏ ကျနော် အံ့ဩသွားမိပါတယ်..
“ ကဲ..ဗေတာ(သား) မင်းကို သူခို းလို ့ပြောတဲ ့ကောင်ကို မင်းစိတ်တိုင်းကျထိုးစမ်း”တဲ ့..။
….. ဒါ..ကျနော်အဖေပြောလိုက်တဲ ့စကားလား….
ဒါ..ကျနော်အဖေပြောလိုက်တဲ ့စကားလား
ဒါ..ကျနော်အဖေပြောလိုက်တဲ ့စကားလား……………..။
ဘယ်နှစ်ချက်မှန် း မရေတွက်နိုင်အောင် ကျနော့်မျက်နှာကို လက်သီးချက်တွေ ကျနေခဲ ့တယ်..ကျနော် ဝမ်းဗိုက်
ရင်ဘတ်နေရာအနှံ ့ပါ..။
အကိုရယ် ..မင်းထို းနေတာ မင်းညိအရင်းပါ..
မင်းနဲ ့အမေတစ်ယောက်ထဲ မွေးတားတဲ ့သူပါ..။
အကို ့မျက်နှာကို ကျနော် နားမလည်နိုင်တဲ ့စိတ် ဝမ်းနည်းစိတ်နဲ ့ကြည့်မိပါတယ်..။
ကျနော့်နှစ်ခမ်းကွဲသွားတာ ကျနော်သိတယ်..။
ပါးစပ်ထဲက ငံကျိကျိအရသာကို ကျနော်သိပါတယ်..။ တရစပ် သူစိတ်တိုင်းကျထိုးလို ့ဝမှ“ ရပြီ ..အပါ” လိုူ ့
သူပြောလိုက်တာနဲ ့အတူ၊ ကျနော် ့ကို နောက်ကနေ ဆောင်းတွန်းရင် းလွှတ်လိုက်ပါတယ်..။
ပျံ ့ကျဲနေတဲ ့သဲပုံပေါ်မှာ ကျနော် လဲ ကျခဲ ့တယ်…။
အဘွားငို သံ၊ အဒေါ်တွေ အော်ဟစ်တားဆီးသံ၊ မမငို သံတွေ၊ ကိုဆွေ ဝင်လာတာ..။ဘေးအိမ်က ကိုမန်း
ဝင်ဆွဲတာတွေ ကျနော် ကြားပြီးနောက်..သူတို ့ပြန်သွားကြတယ်..။
ကျနော်ငိုရှိုက်ခဲ ့တာ တက်မတတ်ပါ.. ကျနော် ကြေကွဲခဲ ့တယ်..နာကျင်ခဲ ့တယ်..။
အဘွားတွေ အဒေါ်တွေက ကျနော့်ကို ကြပ်ထုတ်ထိုးပေးတယ်..။သွေးတွေ သုတ်ပေးတယ်..။
ဒီပြသနာ ဘယ်ကစလဲ ဆိုတော့ သူခြေအိပ်ဝတ်ထားတာကို အဘူကတွေ ့တော့ “ညီညီ ့ခြေအိပ်လေးလားဟဲ ့”
လို ့မနေ ့က မေးမိတယ်လို ့ပြန်ပြောပြတယ်.. သူမေးမိလို ့ကျနော့်ကို ဒီလို လုပ်တာဆို ပြီး အဘူလဲ ငိုတယ်။
အဲဒီညက အဘွားတို ့တအိမ်လုံး မီးစောစောပိတ်ပြီး အိပ်ယာဝင်ကြတယ်..။ ကျနော်က အဘွားနဲ ့အိပ်တာပါ…။
အိပ်ယာထဲမှာ ကြိတ်ပြီးငို ရှိုက်နေတဲ ့ကျနော့်ကို အဘွားက“ တိတ်ပါ..ငါ့မြေးရယ်”လို ့ချော့ပါတယ်..။
ကျနော် မရှိုက်မိအောင် စောင်နဲ ့ပါးစပ်ကို အတင်းပိတ်ထားခဲ မိ့ပါတယ်..။
တစ်အိမ်လုံး အိပ်လောက်ချိန်ကျမှ ကျနော် အပေါ်ထပ်ကနေ တိတ်တိတ်လေးဆင်းခဲ ့တယ်…ညဦးကလှုံထား
တဲ ့ ဆောင်းတွင်းမီးဖိုလေးနားမှာ ကျိတ်ထားသမျှ ငို ကြွေးနေခဲံ့တယ်..။
လောင် ကျွမ်းနေတဲ ့မီးတွေလို လူတစ်ယောက်ဖြစ်ခဲ ့တဲ ့ငါ့ဘဝ ပူလောင်လှပါလားလို ့ ပထမဆုံးအကြိမ်
တွေးခဲ ့မိတယ်..။
တစ်ကယ်လို ့သာ ကျနော့်ကို တဦးတစ်ယောက်အလိုတော်အရက ဖန်ဆင်းခဲ ့တယ်ဆိုရင်…
ဘာကြောင့်များ ဒီလို ဘဝကို ဝင်စားဘို ့ဖန်ဆင်းခဲ ့တာလဲ..။
သူများနဲ ့မတူတဲ ့ဘဝကို ဘာကြောင့်ဖန်ဆင်းခဲ ့တာလဲ..။
ကျနော် ငယ်လို ့အများကြီိး မတွေးတတ်ပေမယ့်…
ကျနော် ငယ်ငယ်လေးနဲ ့ဆုတောင်းခဲ ့ဘူးပါတယ်..။ ဒီလို ပူလောင်ဝမ်းနည်းစရာကောင်းတဲ ့ဘဝကို မလိုချင်တော့ဘူးလို ့တွေးခဲ ့တယ်…။
မီးဖိုက တဖျစ်ဖျစ်တောက်လောင်နေတဲ ့ အချိန်မှာ ကျနော့်ရင်ထဲမှာလဲ တဖျစ်ဖျစ်တောက်လောင်ပြိး
ပူနေသလိုပါဘဲ..။
အဲလို ငိုနေခိုက်မှာ ဆောင်းလေနဲ ့အတူ ကုက္ကိုလ်ပင်ပေါ်ကနေ ကုက္ကို သီးတွေကြွေကျလာတယ်..
တဖောက်ဖောက်နဲ ့ပါဘဲ..။ ကိုယ့်ဘေးကို ကပ်ကျလာတဲ့ ကုက္ကိုသီးလေးကို ကောက်ယူရင်း ဘာရယ်မဟုတ်ချိုးဖဲ့လိုက်တဲ့အခါ အထဲက ကုက္ကိုစေ့ကို မျက်ရည်တွေကြားက မီးရောင်နဲ ့အတူ မြင်နေရတာပေါ့..။ ဘေးမှာလဲ ကုက္ကိုသီးတွေ ကြွေနေလိုက်တာ..
ဟိုနားကျလိုက် ဒီနားကျလိုက် ဖြစ်နေတဲ့ ကုက္ကိုသီး ကြွေသံတွေနားထောင်ရင်း…
လက်ထဲက ကုက္ကိုသီးနဲ ့အစေ့ကို ပြန်ကြည့်မိတယ်..
ကုက္ကိုစေ့လေး တွေ မြေမှာကျပြီး ကြာရင် အပင်လေးတွေပေါက်…
အပင်လေးတွေ ကြီးလာတော့ အရိပ်ရ၊ အရွက်စား၊ နွားတွေက အသီးစား၊ အကိုင်းတွေကို အပင်က ခုတ်ပြီး မီးလှုံ…
မီးဆိုက်ခံရတဲ ့ ကုက္ကိုလ်သားက မီးလောင်ရင်း ပူနေတယ်..
မီးထဲကို မရောက်တဲ့ ကုက္ကိုပင်အကိုင်းတွေက မီးလောင်တာတော့ မဖြစ်ဘူး..
ဒါပေမယ့် မျိုးစေ့ကနေ..အပင်..အပင်က အသီး ..အသီးက အစေ့..အစေ့ကနေ အပင်ပြန်ဖြစ်..
လည်ပါတ်နေတာဘဲ….
..ငါကရော..
ငါက သာ..ကုက္ကို ပင်လေးဆို..ငါလဲ အစေ့ဖြစ်..အစေ့ကနေ အပင်..အပင်ကနေ အစေ့..
အဲဒါဆို ငါရော မီးဆိုက်ခံရမှာလား..
ငါ့ကို ဖန်ဆင်းရှင်က ဖန်ဆင်းထားတာဆိုရင် ဘာလို ့ အရိုက်ခံရအောင် ဖန်ဆင်းတာလဲ…
ငါ့ခြေအိပ်ကို တစ်ကယ်ခိုးတဲ့သူက ငါ့ကို ထိုးတယ်..
ငါဘာလို ့မတရားခံရတာလဲ..
ကုက္ကို ပင်အဖေနဲ့ အကိုက ကုက္ကိုပင်လေးကို မထိုးပါဘူး
မကျည်းပင်တွေရော… မထိုးပါဘူး..
အဒေါ်မွေးထားတဲ့နွားတွေရော… အဲဒီလိုမလုပ်ပါဘူး
ဒါဆို လောကကို ဖန်ဆင်းရှင်ဆိုတဲ့ ဘုရားက ဘာလို ့မတရားတာကို ကြည့်နေတာလဲ…
အဲဒီလိုတွေးနေရင်း …..
ရင်ထဲမှာ ကြေခဲ ့ရတဲ ့ကောင်လေးတစ်ယောက်ဟာ ဘာကြောင့်ပူလောင်တဲ ့ဘဝမျိုးကို ဖြစ်စေတာလဲဆိုတာ
ကို ကုက္ကိုတောင့်အသီးလေးကိုင်ပြီး မီးပုံဘေးမှာ မိုးလင်းတဲ့အထိ ထိုင်စဉ်းစားနေခဲ့မိတယ်…။
ခြေအိပ်လေးတစ်စုံရဲ ့ ပြသနာနဲ ့အတူ ကုက္ကိုသီးလေး တစ်တောင့်က ကလေးတစ်ယောက်ဖြစ်တဲ့ ကျနော့်ကို
မျက်ရည်တွေ ကြားကနေ လမ်းစလေး တစ်ခု ပြပေးခဲ့ပါတယ်…။
ဆက်ပါဦးမယ်
ကျော်စွာခေါင်
22 comments
ဦးကြောင်ကြီး
April 7, 2014 at 12:13 am
ကုက္ကိုသီးကနေ ပုဂ္ဂိုလ်ဂျီး ဖြစ်လာတဲ့ သဗောပေါ့ဗျာ.. ဂုံယူပါဒယ် ဆြာခေါင်…
ဒါနဲ့ အနော် အကူအညီ တောင်းထားတာလေးလဲ အမေ့ဗာနဲ့ဦး… အားကိုးဗျဇေ..
ကျော်စွာခေါင်
April 8, 2014 at 10:46 pm
ကိုကြောင်
ပုဂ္ဂိုလ် ကြီးတော့ မဟုတ်ရပေါင်ဗျာ…။ အားပေးတာ ကျေးဇူးပါ..
ဟိုကိစ္စလဲ အဆက်အသွယ်ရအောင် ကြိုးစားနေပါတယ်..။ လူဇိုးဂျီးးးးးးး
အဟုတ်ထင်ပြီး သွားများပြောမိလို ့ကတော့ ကျနော့်ကို ရွာထဲတောင် ပေးဝင်မှာ မဟုတ်လောက်ဘူး…
ဒါပေမယ့်..
တစ်ခြားနည်းနဲ ့ စဉ်းစားပါ့မယ်…နို ့မို ့လျှင်…။
ကေဇီ
April 7, 2014 at 6:19 am
ခေါင်……!
တကယ်လားး လို့ကို မမေးရက်တော့ လို့
😥
ကျော်စွာခေါင်
April 8, 2014 at 10:48 pm
မကေ
တကယ်ပါ…။
surmi
April 7, 2014 at 9:47 am
အားအလွန်ကြီးတဲ့ ပါရမီတစ်ခုကနေ စေ့ဆော်တယ်လို့ ပဲ ထင်မြင်မိတယ် ။
အဲဒီတုန်းက သောကပရိဒေဝမီးတွေဟာ
နောက်ထပ်ပြောင်းလဲသွားမယ့် ဆင့်ကဲဖြစ်စဉ်တွေအတွက်
ကြီးစွာသောအထောက်ပံ့ ဖြစ်ခဲ့မယ်လို့လဲယုံပါတယ် ။
ဆိုတော့
ဒီအချိန်မှာ ဟိုတုန်းက ပြုသူတွေကို မမုန်း ၊ မလွမ်း ၊ မမေ့ဘူး … တရားရတာ သူ့ကျေးဇူးလို့ သာ
မှတ်ယူစေချင်ပါတော့တယ်
ကျော်စွာခေါင်
April 8, 2014 at 10:53 pm
ကိုဆာ..
ကိုဆာပြောသလိုပါဘဲ..
အတိတ်ပါရမီ စေ့ဆော်ချက်နဲ ့ တွန်းအားအရ…
လောကဓံ ၈ပါးကို ငယ်ငယ်လေးနဲ ့ သိစေတယ်..
ခံစားစေတယ်..
နောက်ပိုင်း ပြန်တွေးကြည့်တော့..သူတို ့သာ ဒီလို မပြုမှုခဲ့ရင်…ဒီအသိကို ရမှာ မဟုတ်ပါဘူး..လို ့..။
အကုန်လုံးကို သံသရာမှာ တစ်ဘဝမှာ တစ်ခါဆုံခဲ့တဲ့ အကောင်းဆုံး ဇာတ်ပို ့သူ ပါရမီ ဖြည့်သူတွေအဖြစ် ကျေးဇူးတင်နေဆဲပါ..။
Nyo Win
April 7, 2014 at 10:05 am
ကိုဆာမိ…ပြောတဲ့အတိုင်းပါပဲဗျာ…
အဆိပ်ကိုဆေးအဖြစ်ဖေါ်နိုင်တာပဲ…ရှားတော့ရှားတယ်။
ကျော်စွာခေါင်
April 8, 2014 at 10:56 pm
ကိုညိုဝင်း
လာရောက်ဖတ်ရှုအားပေးတဲ့အတွက်ကျေးဇူးပါ…။
ဦးကျောက်ခဲ
April 7, 2014 at 10:17 am
အကိုကြီးရေ အခုမှ ရွာထဲရောက်လို့ ပေါင်းပြီးမန့်လိုက်ပါတယ်…
ပြန်ဖတ်ရတော့လည်း အဟောင်းတွေ အသစ်ဖြစ်ရတယ်လို့မဆိုသာပေမည့် နာကျင်ရတာပါပဲ…
အကိုကြီးဇာတ်စုံခင်းပြီဆိုတော့ ရွာသူရွာသားများ နားလည်သဘောပေါက်ကြပါလိမ့်မယ်လို့…
ကျော်စွာခေါင်
April 8, 2014 at 10:57 pm
ကိုကျောက်စ်…
ကျေးဇူးပါဗျာ
MAUNG
April 7, 2014 at 10:46 am
နာကျင် မှူ့တွေကို ခွန်အားအဖြစ် ပြောင်းလဲပြီး…….
လေး ကိုမျှော်နေတယ် ကိုကြီး ကျော်
ခင်မင် လေးစားစွာဖြင့်…
ကျော်စွာခေါင်
April 8, 2014 at 10:59 pm
ကိုမောင်..
အားပေးတာကျေးဇူးပါ..
ကွန်မန် ့တွေ ပြန်ပြီးရင် အပိုင်း ၄ တင်နိုင်မယ်လို ့ ထင်ပါတယ်..
လုံမလေးမွန်မွန်
April 7, 2014 at 12:48 pm
မျက်ရည်ဝဲမိတယ် ဖေခေါင်.. တကယ်ပါ..
ဘာမှ ပြောလို့မရအောင်ကို ဆို့နင့်ခဲ့တာပါ.. ဝဋ်ကြွေးက တယ်ကြီးပါလားလို့ပဲ မှတ်ချက်ပြုလိုက်ပါတယ်..
ကျော်စွာခေါင်
April 8, 2014 at 11:03 pm
သမီး လုံလုံ ရေ..
တစ်ကယ်ကိုဘဲ …ဝဋ္ဋ်ကြွေးဆိုတာ ပြန်ဆပ်ရပါတယ်..။
ဥပမာ …ကိုယ်က သူများဆီက ပိုက်ဆံတွေ ချေးထားတယ်.. တစ်ခြားနေရာ ဒေသကို ပြောင်းရတော့မယ်ဆိုရင်
သူ ့အကြွေး အကုန်ဆပ်ခဲ့တော့ စိတ်ရှင်းရှင်းနဲ ့ တစ်ခြားမြို ့ရွာကို ခရီးဆက်လို ့ရတာပေါ့…။
TNA
April 7, 2014 at 3:27 pm
ဘယ်လိုပြောရမယ်မသေအောင်ခံစားရပါတယ်။ တွေးခေါ်နိုင်စွမ်းအားမြင့်မားတဲ့သူမို့ လမ်းမှားမရောက်ပဲ အကောင်းဆုံးလမ်းမှန်ပေါ်ရောက်ခဲ့တာမို့ တကယ်ကိုချီးကျူးမိပါတယ်။ တကယ်တော့ စိတ်ဒါဏ်ရာရထားတဲ့ ကလေး အများအခေါ် Problem child တွေဟာ လမ်းမှန်ပေါ်ကိုရောက်တာအင်မတန်နဲလှသမို့ ဆြာခေါင်က ရှားပါးလူသားပါပဲ။
ကျော်စွာခေါင်
April 8, 2014 at 11:06 pm
မနုအေး
ကျနော် ရေးတင်တဲ့ အပိုင်းတွေတိုင်းကို ရင်နဲ ့ခံစား ဖတ်ရှုပေးတဲ့အတွက် ကျေးဇူးပါဗျာ..။
alinsett (gazette)
April 7, 2014 at 5:55 pm
ဦးခေါင်ရဲ့ အတိတ်စာမျက်နှာတွေထဲမှာ
ရင်မောစရာတွေရော
လှိုက်မောစရာတွေရော
သင်ခန်းစာယူစရာတွေရော
အများကြီးပဲဗျာာာ
ဆက်ဖတ်ဖို့ စောင့်မျှော်လျက်
ကျော်စွာခေါင်
April 8, 2014 at 11:08 pm
အလင်းဆက်ရေ
ဖတ်တဲ့သူလဲ မောမှာဘဲ..
ဦးခေါင် ကိုယ်တိုင်တောင် ပြန်ရေးချရင်း မောလာပြီး ရင်ဘတ်ထဲက အောင့်တယ်..။
Mr. MarGa
April 7, 2014 at 6:05 pm
ကျနော်
တိတ်တိတ်လေး ဝင်ဖတ်ပြီး
ပြန် ထွက်သွားတယ်ဗျာ
ဖားသဂျိုးးး
ကျော်စွာခေါင်
April 8, 2014 at 11:09 pm
အော်…
မသိလိုက်ပါလား ဖားသဂျိုးရယ်…။
kai
April 9, 2014 at 5:04 am
ဘယ်လိုစိတ်နဲ့အဲလိုလုပ်တယ်ဆိုတာ.. စဉ်းစားလို့မရဘူး…
သာမန်အားဖြင့်.. အပြင်လူတောင်.. အဲလိုလုပ်ရဲ(သင့်)တာမဟုတ်…။
ရှိုက်တာန်ဝင်ပူးနေတာဖြစ်ရမယ်.. :buu:
Ma Ma
April 9, 2014 at 4:09 pm
ဒီရွာကိုရောက်ကတည်းက သဂျီးနဲ့ ရန်ဖြစ်လာတာ…..
ဒီတခါကွန်မန့်ကျမှပဲ ထောက်ခံမိတော့တယ်။ :kwi: