ရွာထဲလည်းမရောက်တာကြာပြီ ဘာမှလည်းမတင်ဖြစ်ဘူး၊

အခုတလောကော်နက်ရှင်မကောင်းတော့ ဖွင့်လို့တောင်မရဘူးလေ၊

ပြီးတော့ရေးလည်းမရေးဖြစ်တော့ဘာမှမတင်ဖြစ်တာပါ၊

ဒီနေ့တော့ခံစားမိတာလေးတစ်ခုပြောချင်တယ်

တစ်ရက် သူငယ်ချင်းမွေးနေ့ပွဲလုပ်တယ် သူငယ်ချင်းတွေတူတူသီချင်းဆိုကြ ကဲကြပေါ့၊

အသောက်အစားလည်းပါတာပေါ့၊ မိန်းကလေး သူငယ်ချင်းတစ်ယောက်နဲ့ spy သောက်မလားဆိုတော့ သောက်မယ်ပေါ့ ဖြေလိုက်တယ်၊

အဲဒီအချိန်မှာ တစ်ခြားသူငယ်ချင်းတစ်ယောက်ကပြောတယ် တိုင်းရင်းသားတွေဆိုတော့ သောက်တတ်တာပေါ့တဲ့၊

သူပြောတာဟုတ်ရင်ဟုတ်မယ် ဒါပေမယ့် လက်မခံနိုင်ဘူး၊ တိုင်းရင်းသားမဟုတ်တဲ့မိန်းကလေးတွေ ဘီယာသောက်တာတပုံကြီးပါ၊

အဲဒီလိုအပြောခံလိုက်ရတော့ သူ့ကိုလဲဘာမှမပြောဘူး ကိုယ့်ကိုကိုယ်ပဲအပြစ်တင်လိုက်တယ် ၊

သြ ငါအနေအထိုင်မတတ်လို့ ငါ့လူမျိုးဝါးလုံးရှည်နဲ့ သိမ်းကြုံးခံလိုက်ရတယ်လို့၊

အဲဒီနောက်မှာ ကျွန်မ မူးယစ်စေမယ့်အရာတွေကိုရှောင်လာခဲ့တယ်၊

အစက တော့ဝိုင်သောက်တာ ကိုယ်ကမကောင်းတာမှမလုပ်တာ ဘယ်သူ့ကိုမှထိခိုက်မနေဘူးလို့ ထင်နေခဲ့တယ်လေ၊

တကယ်တမ်းကျတော့ ကျွန်မအထင်က အကြီးကြီးကိုမှားယွင်းနေတယ် ၊

အဲဒါကြောင့်ကျွန်မဆုံးဖြတ်လိုက်တယ် “ကျွန်မ မူးယစ်စေသောအရာများကို မသောက်သုံးတော့ပါ” လို့

About Foolish Girl

C K has written 55 post in this Website..