အဲဒီည……..လက်ခုပ်တီးမိပါရဲ့
……………………………………
ငိုခဲ့ရတဲ့ညပေါင်းများစွာ
ငါမရေတွက်နိုင်ခဲ့
ရူးသွပ်စွားမိုက်မဲမိခဲ့တဲ့ညတွေလည်း
ငါမရေတွက်နိုင်ခဲ့
ဒီတစ်ခါငိုရခြင်းမှာကင်းဝေးမလားလို့
စိုးရိမ်စိတ်တွေနဲ့ငါလက်တွဲမိခဲ့ပါရဲ့
ထက်ခါထက်ခါငိုရအုံးမယ်ထင်ပါတယ်
မလိုအပ်ခြင်းတွေလား
မနာလိုခြင်းတွေလားငါဝေခွဲမရ
တိုးညင်းစွာဆုတ်ခွာနေတာတော့သိနေခဲ့တယ်
ဘယ်အချိန်များကျန်နေခဲ့ရအုံးမှာလဲ
နေ့လား ညလား
သေချာတယ်ငါမကျန်တော့ဘူး
ငါ့ရင်မှာပရ နှင့်ဟိတရောက်နေခဲ့ပြီ….။။။

ဇွဲမာန်(အင်းဝ)

About ဇွဲမာန်(အင်းဝ)

ဇွဲမာန် (အင်းဝ) has written 49 post in this Website..