rtrgtre.bmp

တစ်ခါက စားပွဲထိုးလေး…ခေါင်

 

 

တခါတလေမှ မဟုတ်ပါဘူး……

လဘက်ရည်၊ ကော်ဖီ သောက်တိုင်း နင့်ကို လွမ်းတာ
ငါက ကော်ဖီကြိုက်တယ်နေ့ တိုင်းသောက်တယ်၊ ငါ့ ဘ၀ထဲကနေ ကော်ဖီ ဆိုတာ ပျောက်နိုင်မှာ မဟုတ်သလို ဖြူစင်မှုတွေနဲ့  ခင်မင်
ခဲ့ ရတဲ့  နင့်ကို ဘယ်တော့မှ မမေ့ပါဘူး…..
တခါတခါ တွေးမိတယ်….
ငါ ဘယ်ရောက်နေတာ နင် မသိနိုင်သလို ….
နင် ဘယ်ရောက်နေလဲ ဆိုတာ….ငါမသိပါဘူး…..၊ တွေ့ ချင်သေးတယ်ဟာ….
ငါ နင့်ကို ကျေးဇူးဆပ်ချင်တယ်
စန္ဒယားသံလေးတွေ ကြားရင်ပိုလွမ်းတယ်
လွမ်းတယ်……ခင်မ ရေ၊၊
…………………………………………………………………….
ခြုံပင် သစ်ပင်တွေ ၊အမှောင်ရိပ်တွေ ကြားမှ ရထားကိုသာ ရင်ခုန်စွာ စောင့်ကြည့်နေမိသည်
မန္တလေး.မြစ်ကြီးနား အဆန်ရထား…..ထွက်တော့မည်….ဒီရထားနှင့်  လိုက်သွားဘို့ ဆုံးဖြတ်ထားပေမယ့် မီးရောင်အောက်ကို မထွက်ရဲပါ။ မတော်တစ်ဆ အိမ်ကလူတွေ လိုက်ရှာရင်းတွေ့ သွားလျှင် မလွယ်ပါပြသနာက ပိုကြီးနိုင်သည်..
ဒါကိုတွေးမိလို့ လဲ အလင်းရောင်ထဲ မထွက်ဘဲ၊ အမှောင်က စောင့်နေခြင်းပင်….
ဟော……ရထားစထွက်ပြီ
ရထားလက်မှတ်မပါဘဲ ရထားခိုးစီးမှာ ဖြစ်သည့် အတွက် ရထားတွဲထဲကိုတော့ မ၀င်ရဲပါ..
အပြင်ကသာတွယ်စီးဘို့ ဆုံးဖြတ်ထားပြီးသား
ညမှောင်မှောင်မှာ တွေးပြီး ကြောက်မိသော်လည်း….မတတ်နိုင်ပါ။ ရထားအရှိန်မပြင်းခင်လေးမှာပင် ခုန်တွယ်လျှက် ရထားတံခါး
ဝမှာ တွယ်လိုက်သွားလိုက်သည်….။တခါမှ ရထားခိုးမစီးဘူးလို့  နဲနဲကြောက်မိသော်လည်း စိတ်ကိုတင်းထားလိုက်သည်….
တံခါးပေါက်ဘေးက လက်ကိုင်ကိုကိုင်ပြီး လိုက်သွားရင်း ဆောင်းတွင်းအအေးက ပိုဆိုးလာသည်။
ရထားအရှိန်နှင့် လေတိုက်ခတ်မှု နှင်းတို့ ၏ ရိုက်ခတ်မှုောကာင့် ခိုက်ခိုက်တုန်နေပြီ။လက်တွေက ကျင်လာသောကြောင့်
တံတောင်ဆစ်နှင့် ကွေးပြီးချိတ်ထားရင်း အထဲကိုနောက်ပြန်ကြည့် မိသော်လည်း၊ တံခါးကို အထဲမှ ပိတ်ထားသည့်အတွက် ၀င်ဘို့ လဲ
မလွယ်ပါအထူးတွဲ ဖြစ်ဘို့ များသည်.
ဦးခေါင်းထက်မှ တစ်ဆင့်စီးလာသော နှင်းရေတို့ သည် မျက်နှာပေါ်စီးကျလာသော်လည်း နွေးနေသလို။ မျက်ရည်နှင့်  နှင်းတို့ သည်
ရောထွေးစီးဆင်းနေကြသည်။
တစ်ထပ်တည်းဝတ်ထားသော စစ်အကျီင်္ င်္ ပါးပါးလေးနှင့် ဂျင်းဘောင်းဘီက ဆောင်းဒါဏ် နှင်းဒါဏ်ကို မကာကွယ်နိုင်ပါ။ တစ်ကိုယ်လုံးအေးစက်ပြီး ခိုက်ခိုက်တုန်နေပါပြီ
ဘူတာတွေ တစ်ခုပြီးတခု ကျော်ဖြတ်လာပြိးနောက် ဇီးကုန်းဘူတာဝင်တော့မည်။ ဇီးကုန်းဘူတာ ရောက်လို့  ရထားခဏရပ်လျှင် 
ရရာတွဲထဲသို့  ၀င်မှ ဖြစ်တော့မည်….။ ဘူတာဆိုက်လျှင် ပြောင်းမည်လို့ စိတ်ကူးနေဆဲမှာပင်..နောက်ကျောသို့  ထောက်လာသော အသိကြောင့် လှည့်ကြည့်သော်လည်း အထဲကိုဘာမှ မမြင်ရပါ.။ သံဇကာကြားမှ ကျောကို ထောက်ထားတာ ဘာတွေမှန်းမသိသော်လည်း
တစ်ခုထဲမဟုတ် ၃၄ခုဆိုတာတော့ စိတ်ကသိသည်…..ဘာဆိုတာဘဲ တွေးမရတာ
နောက်ဘူတာကို ၀င်လို့ ရထားအရှိန်လျှော့သွားမှ “ လုံးဝ မလှုပ်နဲ့ ” ဆိုသော စကားသံ မာမာ ကို ကြားရသည်။
ကိုယ်ကလည်း ဘယ်လိုမှလှုပ်မရပါ..
ထို့ နောက် မှ တွဲရှေ့ ပေါက်မှ စစ်သားတွေ သေနတ်ကိုယ်စီဖြင့် ၁၀ယောက်လောက်ဆင်းလာပြီး ၀ိုင်းထားသည်။
မီးရောင်မှိန်မှိန်ဘူတာလေးမှာ လူတွေက မရဲတရဲ ၀ိုင်းကြည့် နေစဉ်မှာပင် အတင်းဖမ်းချူပ်ပြီး ရထားတွဲအတွင်းထဲကို အတင်းဖမ်းချုပ် ခေါ်သွားကြသည်။
တွဲအတွင်းထဲ ရောက်သောအခါ သီးခြားထိုင်နေသော စစ်ဗိုလ် တဦးကို တွေ့ ရသည်..၊ သေနတ်တွေကတော့ ၀ိုင်းချိန်ထားဆဲပင်။
နောက်မှ စစ်ဗိုလ်က သူ့ ရှေ့ တည့်တည့်ခုံတွင်ထိုင်ခိုင်းပြီး……
မေးခွန်းတွေ တစ်ခုပြီးတစ်ခုမေးပါတော့သည်။
ဘယ်ကလဲ”
ဘယ်သွားမှာလဲ”
ဘယ်ဘူတာက တက်တာလဲ”
ကျောင်းနေလား”စသဖြင့်စုံနေတာပါဘဲ…..
ကိုယ်ကလည်း ပါလာသော စစ်လွယ်အိတ်လေးထဲက ကျောင်းစာအုပ်တွေကို ထုတ်ပြလိုက်သည်
စိတ်ထဲမှာတော့ ဘာလုပ်ဘို့ ခေါ်မှန်းလဲ မသိသောကြောင့် ကြောက်စိတ်တော့ မဖြစ်မိပါ
အိမ်က ထွက်ပြေးလာတာ” လို့  တစ်ခွန်းပြန်ပြောလိုက်သော်လဲ ယုံကြည်ပုံ မ၇သေးပါ..
အမျိုးမျိုးလှည့် မေးနေသေးသည်။ ကျောင်းစာအုပ်ကို စစ်ဗိုလ်က ကြည့်လျှက် စာမေးသည်။ ကိုယ်က ဖြေရသည်။
စာတွေ ရေးခိုင်းပြီး ကျောင်းစာအုပ်ထဲက လက်ရေးနှင့် တိုက်ကြည့်သည်
နောက်သူက “ မင်းချမ်းနေတယ် မဟုတ်လား” ဟုမေးသည်
ကိုယ်ကလဲ“ ချမ်းတယ်”ဟု ပြန်ဖြေသောအခါ စစ်သားတစ်ယောက်ကို ကော်ဖီ တစ်ခွက်ယူလာခိုင်းပြီး ကျနော့်ကို သောက်ခိုင်းသည်
မိဘတွေ ဘာအလုပ် လုပ်လဲ”
ကျနော့်အဖေကစစ်ထွက်ပါ”
ကိုယ်ပိုင်နံပါတ် ဘယ်လောက်လဲ”
ကျနော်ဘယ်သိမလဲ” လို့ ပြန်ဖြေတော့ သူကရယ်နေပြီး…………..
မင်းက ငယ်သေးတာဘဲ…..ကျောင်းသားအစစ်လို့ ငါယုံပါတယ်” လို့  သူကပြောတော့
ကျနော့်ကိုဘာလို့ အဲဒါတွေ မေးနေတာလဲဆိုမှ….
ငါတို့ ကို မိုင်းခွဲမယ်လို့ သတင်းရထားတာမင်းပုံစံနဲ့  ကွက်တိဘဲ…”


စစ်ဗိုလ်ပြောပြသောပုံစံအတိုင်းဆိုဖောက်ခွဲဘို့ (ကချင်အဖွဲ့ များက ရထားကိုခဏခဏ မိုင်းခွဲသည်)အတွက် ကျောင်းသားတစ်ယောက်လွှတ်ထားပြီး..အ၀တ်အစားက စစ်အကျီ်၊ဂျင်းဘောင်းဘီ၊ စစ်လွယ်အိတ်နှင့် ဆိုတော့…. 
အဲဒါ ကျနော် မဟုတ်ပါဘူးဗိုလ်ကြီးတို့ ကျနော့်ကို ဘယ်အချိန်မှာတွေ့ တာလဲ” 
မင်းက ငါ့ ကို ပြန်မေးရဲတယ်ကဲ ငါတို့ တွေ့ တာ ဇီးကုန်းဘူတာဝင်ကာနီးမှဘာဖြစ်လို့ လဲ” 
ကျနော်တက်လာတာရွှေဘို အလွန် …..မြို့ က၊ အဲဒီကနေ ဇီးကုန်းကြားမှာအချိန်တွေ အများကြီးဘဲ….ဒီလောက်တောင်ချမ်းနေတာ 
မိုင်းခွဲမယ်ဆို အစောကြီးခွဲပြီး ဆင်းနေခဲ့ မှာပေါ့….စဉ်းစားကြည့်ပါဦးကျနော်မဟုတ်ဘူးနောက်ပြီး ကျနော်က ၀န်ကြီးမြေးနော်… 
ဝန်ကြီး သူရ ဦး…………ဆိုတာ ကျနော့်အဘိုး” 
သြော်ငါလဲစဉ်းစားမိလို့ မင်းကို ကော်ဖီတောင် တိုက်တာပေါ့ကွ….နေပါဦး..မင်းက ၀န်ကြီးမြေးမို့ ငါ့ကို မကြောက်မလန့် ပြန်ပြော 
နေတာလား” 
မဟုတ်ပါဘူးကျနော်အမှားမလုပ်ရင်ကျနော့်အဖေကိုတောင် ပြန်ပြောရဲတယ်” 
စစ်ဗိုလ်က အားရပါးရပြုံးလျှက်( ဟိုတုန်းက စစ်ဗိုလ်နော်….)…….. 
မင်းက တစ်ကယ့်ကောင်လေးဘဲကွနေပါဦး၊ အိမ်ကဘာလို့ ထွက်ပြေးလာတာလဲ” 
ဒီနေ့ စာမေးပွဲနောက်ဆုံးနေ့ လေစာဖြေပြီးသွားလို့ ကျနော့်ရှေ့ က ကောင်မလေးရဲ့  ကျစ်ဆံမြီးလေးကို လှလို့ မေးခွန်း 
နောက်ကျောမှာ ဆွဲနေတာဆရာမကတွေ့ သွားပြီး မာမီ့( အမေ)ကိုတိုင်လိုက်တာအိမ်ပြန်ရောက်တော့ မာမီက ကျနော့်ပါးကို 
ရိုက်တာသွေးတွေပါထွက်တယ်အဲလောက် ရိုက်စရာမှ မလိုတာ” 
မင်းကို ချစ်လို့ စာတော်စေချင်လို့ ဖြစ်မှာပေါ့ကွာ” 
စာမေးပွဲက ပြီးပြီလေ” 
အေးကွာ….ငါလဲ မပြောတတ်တော့ဘူး….ခု မင်းဘယ်ကိုသွားမှာလဲ“ 
ကသာ” 
အသိတွေရှိလား” 
မရှိပါဘူး” 
ငါလဲ မင်းကို ခေါ်သွားလို့ မရဘူးကွမင်းသွားချင်သွားလေ….အပေါင်းအသင်းမမှားစေနဲ့ ” 
ဟုတ်ကဲ့ ” 
ကဲမင်းလဲ နားနေတော့ ဒီထဲမှာဘဲ နေနော်ကြိုက်တဲ့ ခုံမှာ ထိုင်….လှုပ်လှုပ်လှုပ်လှုပ်တော့ မလုပ်နဲ့ နော်ဟေ့ ရဲဘော်တို့ ရပြီ..လက်နက်တွေ ပြန်သိမ်းထားသူမဟုတ်ဘူး” 
…….. 
ခဏလေး ထိုင်ကာဘဲ ရှိသေး လက်မှတ်စစ် ၀င်လာပြီး….. 
သြော်အက်စ်ကော့တွဲဘဲ” 
ထို့ နောက်စစ်ဗိုလ်နှင့်  စကား ပြောဆိုနေပြီး ကျနော့်ဆီကိုရောက်လာပါတော့သည်
လူစီးတွဲ မဟုတ်ဘဲနဲ့ ဒီမှာ တစ်ယောက်ကဲ၊ လက်မှတ်” ( သူစကားပြောတာတော်တော်ဝဲတယ်ကချင်လူမျိုး ထင်ပါတယ်)
ကျနော် လက်မှတ် မ၀ယ်ခဲ့ ရပါဘူး…..ကျနော့်မှာ တစ်ဆယ်ဘဲပါတယ်ယူပါ”..
လက်မှတ်မ၀ယ်ရင် မရဘူးလေ”
ကျနော်လဲ ဘာပြောရမှန်း မသိဖြစ်နေတုန်းစစ်ဗိုလ်ရောက်လာပြီး အကျိုးအကြောင်းပြောပြပြီး….ကျနော်ကို ပိုက်ဆံမယူဘို့ သူပြောပါသည်..
လက်မှတ်စစ်မှာလည်း ဘာမှ မပြောဘဲအကြာကြီး ကြည့် နေပြီးမှ….
နင် တော်တော်ချမ်းနေတယ်ထင်တယ်”
ဟုတ်ကဲ့  ချမ်းတယ်”
ရော့ဒါဆို ငါ့အနွေးထည်ယူဝတ်ထားပြန်ဆင်းရင်တော့ ပြန်ပေးခဲ့ နော်ဒါပြန်မပါသွားရင် ငါ့ မိန်းမဆူမှာဟားဟား”
ဟုတ်ကဲ့ ကျနော်ပြန်ပေးပါ့မယ်ကျေးဇူး အများကြီးတင်ပါတယ်”
လက်မှတ်စစ်ကျေးဇူးကြောင့်  အခုမှ နွေးနွေးထွေးထွေး နေ၇တော့သည်။ လက်မှတ်စစ်ကြီးမှာတော်တော်ချစ်ခင်စရာကောင်းပြီး
၀၀ဖိုင့်ဖိုင့်နှင့် ပါးနှစ်ဘက်မှာနီရဲနေသည်။ နောက်ပြီး သွေးမတော်သားမစပ် ကြင်နာစွာဆက်ဆံသောကြောင့် တွေးပြီး ၀မ်းနည်းသလိုဖြစ်လာသည်..
ဘယ်လိုဘယ်လို အိပ်ပျော်သွားမှန်းမသိ..ဆူညံသောအသံများကြောင့် နိုးလာတော့ နဘားဘူတာကိုရောက်ပြီ။
အောက်ခဏဆင်းပြီး မေးကြည့်တော့ကသာကိုရထားလမ်းမရှိ..နဘားမှ ကားဖြင့်သွား၇မည်ကို ခုမှ သိ၇တော့တာ
ရထားကတော့ မထွက်သေးပါအနွေးထည်ပြန်ပေးဘို့ လက်မှတ်စစ်ကို လိုက်ရှာသည် မတွေ့ ၊ ကိုယ်ထိုင်ခဲ့ သော တွဲပေါ်
ပြန်တက်ပြီး စစ်ဗိုလ်ကို နုတ်ဆက်ပြီးတော့ လက်မှတ်စစ်ကို လိုက်ရှာ
ရထားရှေ့ ဆုံးတွဲမှ နောက်ဆုံးတွဲထိ အပြန်အလှန်ရှာရသည်ဘယ်လိုမှ မတွေ့ တော့ ဘူတာရုံကိုဝင်မေးမှ အလုပ်များနေသောသူ့ ကို တွေ့ ရသည်။ အကျီ်ကို ချွတ်ပေးပြီး ကျေးဇူးတင်ကြောင်းပြောတော့
ငါက မင်းယူသွားပြီ ထင်နေတာ…”
ကျနော်မယူပါဘူး” 
သိတယ်..စ တာပါကွာကောင်းကောင်းသွား”
ပြီးတာနဲ့  ဘူတာ လက်ဘက်ရည်ဆိုင်လေးမှာ လက်ဘက်ရည်နဲ့ ကောက်ညှင်းထုပ် ၀ယ်စား လိုက်တာ ၅ကျပ်ကျော်ကျော် ကုန်သွား
ခဲ့ ပြီလဘက်ရည်က မသောက်ဘဲ မနေနိုင်
ဆိုင်ကလူကို ကသာကို ဘယ်လိုသွားရမလဲမေးတော့ ..
ရထားဆိုက်ချိန်မှာ ကြိုတဲ့ ကားရှိတယ်ခုလောက်ဆို ထွက်သွားလောက်ပြီ”
အဲဒါမှ ခက်ပြီ..
ခြေချင်(လျှင်) လျှောက်ရင် ဘယ်လောက်ဝေးလဲ” 
အာမိုင်နှစ်ဆယ်လောက်ရှိတယ်..လမ်းကြမ်းတယ်၊ သွားလို့ မရဘူး”
သူက မသွားရန်ပြောပေမယ့် မသွားလို့ တော့ မရပါ….
နှင်းတွေ ဝေနေသော ဖုန်လမ်းလေးအတိုင်း လျှောက်လာခဲ့ ရာတော်တော်ဝေးဝေး ရောက်မှ..
ဟေ့ဟေ့ နှင့် ခေါ်သံကြားလို့ ဇဝေဇ၀ါနဲ့ လှည့်ကြည့်တော့ပြောပြလို့ မတတ်သော.တိုင်းရင်းသားအကျီ င်္နှင့် ရွယ်တူ ကောင်မလေး တစ်ယောက်။
ဆံပင်အညိုရောင်လေးနှင့် ပါးလေးတွေ နှုတ်ခမ်းလေးတွေက ရဲစိုနေတာဘဲ..
ဘာဖြစ်လို့ လဲ”
နင်ဘယ်သွားမှာလဲ” (စကားသံ တော်တော်ဝဲသည်၊ မနည်းနားထောင်ယူရတယ်)
ကသာ”
လမ်းလျှောက်မှာလား”
အေး”
နင် မသွားနဲ့ လမ်းမကောင်းဘူးကျားတွေ ဆင်တွေရှိတယ်၊ နောက်ပြီး နင့်ကိုသူပုန်တွေ သတ်မယ်ကျားကိုက်မယ်”
ငါ ..မသွားလို့ မရဘူး….”
နောက်ရက်မှ ကားနဲ့ သွားငါတို့ အိမ်မှာနေလေ”
ကားခလဲ ပေးစရာ မရှိဘူး”
ဟမ်နင်ဘာပြောလဲ”
ပိုက်ဆံ မရှိတော့ဘူးလို့ ပြောတာ”
အေးငါ့မှာလဲမရှိဘူး….နင်ငါတို့ နဲ့ နေပါလား”
မရဘူး…”
ဒါဆိုလည်းရော့၊ယူသွား လမ်းမှာဆာရင်စား”
သူမလက်ထဲမှ ကောက်ညှင်းထုပ်လေး၃ထုပ်ကိုပေးပါသည်..
ငါမယူချင်ဘူး”
ယူမှရမယ်ရော့”
လက်ထဲကို အတင်းထိုးပေးပြီး ပလိုင်းလေးလွယ်လျှက် ထွက်ပြေးသွားသည်
ကျေးဇူးတင်စွာနဲ့ သူ အဝေးကြီးရောက်တဲ့ အထိ ကြည့် နေမိပြီးလမ်းဆက်လျှောက်လာခဲ့ သည်
……
မြူနှင်းငွေ့ များကြားမှ မြင်မြင်သမျှ ရှုခင်းတိုင်း လှနေသည်..။တောင်တန်းတွေ၊ သစ်ပင်ညို့ ညို့ မြင့်မြင့်ကြီးတွေ၊လှချင်တိုင်းကို
လှနေသည်။ 
ဒါမျိုးမြင်ကွင်းတွေ၊ရှုခင်းတွေ တစ်ခါမှ မမြင်မတွေ့ ဘူးပါ
စိတ်လွတ်ကိုယ်လွတ် သီချင်းတွေ ဘာတွေ အော်ဆိုပစ်သည်….လူဆို တဦးတစ်ယောက်မှ မတွေ့ တော့ပြေးလိုက် ကစားလိုက်တောင်ကြီးတွေကို စကားတွေ အော်ပြောလိုက်နှင့် ထူးထူးခြားခြား ပျော်နေမိတာ..
တံတားတွေ တွေ့ လို့  တံတားပေါ်ကငုံ့ ကြည့်လျှင် တော်တော်နက်သော ချောက်ကြီး ၊ လျှိုကြီးတွေကိုတွေ့ တော့….
ကျောက်ခဲလေးတွေကို ပစ်ချရင်း ကစားနေမိသည်
နောက်မှ သတိရပြီး အိတ်ထဲက ကျောင်းစာအုပ်တွေကို တစ်အုပ်ခြင်းပစ်ချတဲ့ အခါ ဝေ့၀ိုက်ပြီး ဆင်းသွားသည်မှာ တော်တော်ကြည့်ကောင်းသည်….
ခရီးအတော်ပေါက်လာပေမယ့် ခုထိနေရောင်မတွေ့ ရသေး
ဆင်တွေထွက်လာမလား…..ကျားများထွက်လာပြီးဆွဲမလားတွေးမိတော့ နဲနဲကြောက်ပေမယ့်
ပါးနီနီကောင်မလေးကို သတိရရင်း ကောက်ညှင်းထုပ်စားဘို့ သတိရသည်….
လမ်းဘေးမှာထိုင်ပြီး ကောက်ညှင်းထုပ်စားကာ….
ငါ့ညီမလေးသာ ငါ့ကိုဒီလောက်ချစ်ရင် တော်တော်ကောင်းမှာ”လို့ တွေးပြီးမျက်ရည်က ကျမိသေးတယ်..

 

……..ဆက်ပါဦးမည်

ကျော်စွာခေါင်

 

 

About ကျော်စွာခေါင်

kyaw swar kaung has written 80 post in this Website..

ပန်းချီကို လူမှန်းသိတတ်စကတည်းက အရိုက်နှက်ခံပြီး သင်ယူဆည်းပူးခဲ့ပါတယ်.. 3D Animation အတွက် ပန်းပုရုပ်လေးတွေ ဖန်တီးပါတယ်..။ ကဗျာရေးတယ်..စာရေးပါတယ်..။ ထမင်းမေ့ ဟင်းမေ့ စာကို အသည်းအသန်ဖတ်ပါတယ်..။