=+=+=+=+=+=+=+=+=+=+=

အဟမ်းး ဟမ်းး

ဒီဂနေ့ ကျွဲရောင်းလာကြတဲ့ ပလိတ်သတ် အပေါင်းကို ပေါဂျင်တာဂဒေါ့ …

 

အဟမ်းး ဟမ်းး

ယခင် မန်းဒလေးဂွဇက် (မန္တလေးဂဇက်) မှသည် …

 

အဟမ်းး ဟမ်းး

ယခု မြန်မာဂွဇက် (မြန်မာဂဇက်) သို့ …

 

အဟမ်းး ဟမ်းး

ပြောင်းလဲလိုက်ခြင်းပဲ ဖြစ်ပါသည် ……..။

 

Old-MGLogo Old-MGLogo

ယခင် အဟောင်း

ယခု အသစ်

 

ဘယ်လို ပြောင်းတာတုန်း ဆိုတာကို သိချင်ရင်တော့ဖြင့် ….

ထိပ်စီးကိုသာ ကြည့်လိုက်ပါ …။ (ထိပ်စီး = ဘယ်ဘက်အပေါ်ခြမ်း)

မြန်မာမှာ အသစ်၊ အဟောင်းနဲ့ ပတ်သက်ပြီး ဆိုးရိုးတွေ အမျိုးမျိုး ရှိကြပါတယ်။

တစ်ရွာမပြောင်း သူကောင်း မဖြစ်

သေချင်တဲ့ကျား တောပြောင်း

အသစ်တွေ ဘယ်လိုကောင်းကောင်း အဟောင်းမှာပဲ တဝဲလည်လည်

.. စသည်ဖြင့် အများကြီးပေါ့ဗျာ။ (ဒါက စပ်မိတုန်း ပွားလိုက်တာပါ)

 

တကယ်ပြောချင်တာကတော့ …

အဟောင်းက ဂျောင်းပြီဆိုတော့ ကိုယ်နဲ့ မဆိုင်တော့ဘူး။

အခု အသစ် ကလေးနဲ့ ပတ်သက်ပြီးပဲ ပြောကြည့်ချင်ပါတယ် (တကယ်က မကောင်းပြောမှာ)။ နားထောင်ကြပါအုံး။

 

ခင်ဗျားတို့ ထိပ်စီးနားက လိုဂိုကို ကြည့်လိုက်ပါ။ (အဲ့ဒါက အထက်ကပုံထက် ပိုကြည့်ရတာ ရှင်းမလားလို့)

အဲ့ဒီမှာ မာ အောက်က အောက်ကမြင့်ဟာ လိုဂိုကြီးနဲ့ ထိနေတယ် …။

အိုက်ဒါ ကောင်းဘူး။

အောက်လည်း ကြည့်လိုက်ဦး။ အေနဲ့အာက ထိနေပြန်တယ်။

အိုက်ဒါလည်း ကောင်းဘူး။

ဒေါင်း အတောင်ကလည်း လှံတွေ စိုက်ထားသလိုပဲ။

အိုက်ဒါ စိန်ခေါ်တာ၊ ရန်လိုတာ ဆိုတဲ့ သဘော။

အိုက်ဒါလည်း ကောင်းဘူး။

ပြီးတော့ သုံးထားတဲ့ အင်းဂလိဖောင့်ကြီးကလည်း မချင်းမချင်းနဲ့ မမိုက်ဘူး။

ဒေါင်း ကလည်း သေချာကြည့်တော့ ဒေါင်းအတောင်ကျွတ်နေတဲ့ ပုံကြီး။

အိုက်ဒါလည်း ကောင်းဘူး။

 

ကျန်တာတွေတော့ ခင်ဗျားတို့ပဲ ပြောကြတော့ ….။

အဲ … အဲ …………. ဒါနဲ့ …..

မန်းဂဇက်ဝက်ဘ်ဆိုက် (http://myanmargazette.net/) ကို

မြန်းဂဇက် (http://myanmargazette.net/) အဖြစ်လည်း သုံးနိုင်ပါကြောင်း။

လော့အင် ဝင်တာ ဘာတာ အတူတူ ဖြစ်ပါကြောင်း။

ကျုပ်တော့ လစ်လိုက်အုံးမယ် ….။

 

(စကားမစပ် ဦးကြောင်ကြီးကလည်း ဒါနဲ့ ပတ်သက်ပြီး သူ့ပို့စ်အစမှာ ပြောထားသေးတာဗျဲစ်။

ဒီတော့ ဒီပို့စ်ကို ကြောင်ကြီး နောက်မှ ဟိုဒင်း လုပ်ခြင်း လို့ နံမယ်တပ်မယ် ဆိုရင်လည်း ယားဘာဒယ်)

ဒါဘာဗျဲစ် …….။

About မဟာရာဇာ အံစာတုံး

has written 306 post in this Website..

အချို့သော အရာတွေဟာ "ပြောင်" ပြီးရင် ပြန်ကောင်းဖို့ မလွယ်ဘူး။ အချို့အရာတွေ ကျတော့ တစ်မျိုး။ "ပြောင်" ပြီးရင် ပိုပို ကောင်းလာတတ်တဲ့ အမျိုး။ နှုတ်ခမ်းမွေး ပြောင်အောင်လို့ ရိတ်တယ်။ ရိတ်လေ .. သန်လေပဲ။ ထိပ်ပြောင်လို့ ဆံပင် သန်အောင် လုပ်တယ်။ မလွယ်ပြန်ဘူး။ ဒီသဘော .. ဒီသဘော။