တိုင်းပြည်တခုဟာ သူနဲ့ထိုက်တဲ့ အစိုးရ ပဲရတယ် ဆိုရိုး အမှန်၊အမှားပြောရန် အတော်ခက်သဗျ၊ ခွဲခြမ်းစိတ်ဖြာ ပညာရှင် စကားဖြစ်ပြီး နိုင်ငံရေးသမား အတွက်တော့ မသုံးအပ်ဖူးပေါ့လေ။ ပြည်တွင်းမှာ ရှိစဉ်ထဲက စစ်ဗိုလ်ဆို ဘုရားထူး၊ ပညာနဲနည်းပေးရင် ဒူးတန်းထောက်၊ ကိုယ်ကြောက်တာ ဖုံးချင်တော့ သူများပါ လိုက်ကြောက်ခိုင်း၊ အာဏာလက်ရှိ ဂွင်မိသူတွေကို ဝေဖန်တာကလဲ ကိုယ်မရလို့ ပြောနေတာများ၊ ဒီလိုနဲ့ သွက်ချာပါဒလိုက်ရင်း ဘွားဒေါ်ဂျီး ကောင်းမှု အကြောင်းပြု မောင်းထုမည်လဲ လုပ်ရော ဇာတိသရုပ် တစတစ ပေါ်လာ ပါရော။ ပြည်ပ မှာဆို ပိုဆိုးသေး၊ ဝေသာလီပြည် ဘီလူးစီးသလို နွှဲလိုက်ကြတဲ့ နိုင်ငံရေးဒုက္ခသည် ခံယူပွဲ.. နယ်စပ်ကလာသူ အတော်များများကလွဲလို့ ယူအက်စ်ရောက်မှ လျောက်လွှာတင်သူများ ၉၀% ဖိန့်ဖိန့်တွေ။ သူတို့ဝင်လာတဲ့ ဗီဇာစစ်ကြည့် ကျောင်းသား၊ အလည်အပတ်၊ လုပ်ငန်းကိစ္စ ဒါတွေပဲရှိတယ်။ နယ်စပ်သမားတောင် ရာခိုင်နှုန်း ဘယ်လောက်မှန်လဲ မောင်ဂီ့စော်နော်ရှီး ဆန်ပြုတ်တိုက်ပြီး အတင်းကြောက်ခိုင်းနေတဲ့ ဖလားသခင်ပဲသိမယ်။ နေထိုင်ခွင့်ရတာ အပြစ်မတင်ဘူးနော် သူသူကိုယ်ကိုယ် လုပ်မှာပဲ၊ ရလည်းရရော မြေလျှိုးမိုးပျံ ဇော်ဂျီစိတ်ပေါက် ကိုယ်ယောင်ဖျောက် သွားတဲ့ စားပြီးနားမလည် ဝါးပြီးထွေးထုတ် သခင်မျိုးဟေ့ ဒိုဗာမင် ဝုတ်ဝုတ် စိတ်ဓာတ် တွေကိုပြောတာ။ နိုင်ငံသားအဆင့် မပြောနဲ့ အစိမ်းကတ်လောက်လဲရရော နိုင်ငံရေးဒုက္ခသည် မခံခဲ့ဘူးသလို ယူအက်စ်အစိုးရ ပင့်ဖိတ်လို့ ကြွလာသလို အချိုး ချိုးကုန်ရော။။ သဂျီးတို့ အယ်လ်အေ အဆိုးဆုံးပြောတယ်။ နယူးယောက်သားတွေကတော့ ဆိတ်အချရတယ်၊ နွား သိုး ကျွဲ ဝက် ဘာမှ မရှောင် အကုန်ဆော်တာပဲ။

အခုလည်း လာဗျံပီ.. မြန်တျန့်ပြည်မှာ အရှင်ဝီရသူ..။ ဒီဘုန်းကြီး သိပ်တော့မလွယ်။ (သံဃာလို့ မသုံးဘူးနော်၊ ဘုန်းကြီးလို့ လူအများ ရှိခိုးရတယ်၊ ဘုန်းကံမပါရင် ကျမ်းစုံတတ်လည်း သင်္ကန်းဝတ် မမြဲနိုင်)။ အရင်ကတော့ အမျိုး၊ဘာသာ၊သာသနာ လူပြိန်းကြိုက်အော်တယ်။ နောက်ခံဗိုလ်ပါ မရှိဘဲနဲ့ ဒီလောက် အသံကျယ်စရာ မရှိ..။ ဘာသာရေး အဓိကရုဏ်း ပြင်းထန်စဉ်ထဲက ကြံ့ဖွတ်ပါတီ ဦးအောင်သောင်းတို့နဲ့ အဆက်အသွယ်ရှိကြောင်း စွပ်စွဲချက် ပေါ်ထွက်ဖူးတယ်။ တဖြည်းဖြည်း ဘောင်ချဲ့လာတာ တနေ့က မြန်တျန့်ဒီမိုကရေစီရေးခေါင်းဆောင် ဘွားဒေါ်ဂျီး အိမ်ထောင်ရေးကို ဝေဖန်မှု ပြုလာတယ်။ ဒါတင်မက ဦးသိန်းစိန် မဟုတ်ရင် ဦးရွှေမန်းကို ၂၀၁၅ သမတရာထူး ထောက်ခံကြောင်းအထိ လွန်ကြူးလာပြီ။ နိုင်ငံရေးမှာ တိုက်ဆိုင်မှု မရှိ၊ လုပ်ကြံဖန်တီးချက်သာ ရှိတာမို့ အချိန်မလွန်ခင် ဟန့်ဖို့လိုပြီ။ ခရိုနီ ဦးတေဇကလည်း မန ္တလေးအခြေပြု နိုင်ငံရေး ဆိတ်ဝင်စားတယ် ပြောထားတာမို့ ဆက်စပ်မှု ရှိလေမလား။။  

မြန်တျန့်ပြည် အလယ်ပိုင်းနဲ့ မြေလတ်ဒေသ နိုင်ငံရေး ရာသီဥတုကို ခွဲထုတ်လေ့လာဖို့ တိုက်တွန်းခြင်တယ်။ မြန်တျန့်နိုင်ငံဒေါ်အစ အဲဖက်ကမို့ ပြီးတော့ ဗုဒ္ဓယဉ်ကျေးမှု အားကောင်းရာ၊ အစဉ်အလာဓလေ့ ထွန်းကားရာ၊ နိုင်ငံတကာ ဆက်နွယ်မှု အားနဲရာ ပတ်ဝန်းကျင် စရိုက်လက္ခဏာ ရှိတယ်။ ဒီမိုသမားများ အနေနဲ့ ရေတဝက် ဖန်ခွက်ကို နည်းတယ် သွားမလုပ်ဖို့တော့ လိုမယ်။ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေး ဆိုရင် ကိုယ်က ဆင်ပေါ်မှာ ရှိသလောက် အမျိုးသားရေး ကိစ္စကြတော့ ကြံ့ဖွတ်၊ စစ်တဗိုင်းကောင်တွေ အသာရနိုင်တာ သတိကြီးကြီးထား တုံ့ပြန်နည်းဗျူဟာ ဆွဲရမယ်။ ရံဖန်ရံခါ ကိုယ့်အတွက် ပိုင်ဆိုင်မှု asset လို့တွက်ထားသူက ကုန်ပေါက် liability ဖြစ်နေတဲ့အခါ ဆက်ကိုင်မထားတာ ပိုသင့်တော်တယ်။

လွှတ်ချပုံ လွှတ်ချနည်း ညှင်သာဖို့ အရေးကြီးပါမယ်..၊ ကတ္တီပါ လမ်းခွဲခြင်း တဖက်က လက်မခံရင် ဘယ်လို တန်ပြန်မလဲ။ အန်အယ်လ်ဒီက ခြေဆံလက်ဆံရှည် လက်ဝှေ့သမားလိုပဲ ပူးသတ်ချတဲ့အခါ အားနည်းတယ်။ ဂုဏ်သရှိ ပညာတတ်လိုပေါ့ဗျာ၊ စင်ပေါ်တက်ပြော အလှူအိမ်သွား အဆင်ပြေတယ်၊ အဲ.. ကိုယ့်အိမ်ရှေ့လာပြီး နင်ပဲငဆ လာဆဲသူနဲ့တွေ့တော့ ဂွကျရော..။ ထွက်ပြောရအခက်၊ ပြန်လည်းမဆဲတတ်.. ဆဲရင်လည်း မရှိမဲ့ ရှိမဲ့သိက္ခာ ကျဦးမည်။ ကိုယ့်ဆီမှာ နင်တလုံး ငါတလုံး ပြန်ဟစ်ဖို့ လူမိုက်လိုတယ်။ အင်တာနက်မှာ ပြန်ဆော်၊ နာမည်ဝှက်နဲ့ ပြန်ရေး.. အဲဒါတွေက ဦးဆောင်ပါတီအဖို့ မကောင်းဘူး။ ရွာမှာဆို မိုက်ရူးရဲမဟုတ် သတ္တိရှိတဲ့  ကာလသားခေါင်း မွေးရမယ်၊ အရေးကြုံရင် သူက ပြန်ဆဲပေးရမယ်။ အများလက်ခံပြီး နာမည်ရှိသူ လူလတ်ပိုင်း ခေါင်းဆောင်များ၊ တတ်သိပညာရှင်များကို ဆိုလိုပါတယ်။ ပါတီဝင် မဖြစ်လည်း ကိုယ့်ထမင်းကိုယ်စား ဘဂျီးနွား ကျောင်းရဲသူ အချိန်ပြည့် ဗော်လံတီယာ ရှိရမယ်။ နိုင်ငံရေးဆိုတာ ပြောရတော့ခက်သား.. တဖက်သားခြေလှမ်း စောင့်ကြည့် တုံ့ပြန်နိုင်မှ တော်ကာကြမှာမို့ သူချကိုယ်ချတော့ ရှိမှာပဲ။ လွန်ကြူးမသွားအောင် ဆရာကြီးနေရာ ရုပ်အတည်ထိုင်ပြီး ချော့သင့်တန်ချော့ ဟောက်သင့်တန်ဟောက် ကောက်စားသင့်တာစားဖို့ အကျန်ပေးဗျစေ။ 

About ဦးကြောင်ကြီး

အောင်ကြူး has written 649 post in this Website..

ပန်းတပွင့် လှမ်းအစွင့် နမ်းအလင့်မှာ........... ဟတ်ချိုး ဟတ်ချိုး