ဟီရိုရှီးမားရောက်တုန်းက

panpanDecember 1, 20133min022

မင်္ဂလာပါ။ :mrgreen:
ပေးကလန် ပေါ်မလာကြာကြာလှပါပြီ။
ခုတော့ အခါသင့်လို့အခွင့်သာ ပြန်ရောက်လာပါတယ်။
ဒါနဲ့ပဲ စကားမစပ်ရအောင်စပ်ပါရစေတော့
မနေ့က ရုံးကဂျပန်မလေးတွေနဲ့ ဟီရိုရှီးမားရောက်ခဲ့ပါတယ်။
ဒုတိယကမ္ဘာစစ်အပြီးသတ်ဖို့ USAက အရှေ့ကျွန်းကို နျူဗုံးကြဲချတဲ့မြို့၊
အမှတ်တရအထိမ်းအမှတ်အနေနဲ့ ပြတိုက်လုပ်ထားတဲ့နေရာ။ အဲ့နေရာသွားချင်ပါတယ်ဆိုပြီး ပေးကလန်ပါးစပ်ဆော့လိုက်ရာက
လိုက်ပို့ပေးလို့ရောက်ဖြစ်တယ်ဆိုကြပါစို့ရဲ့။ :lol:
အဲ့ဒီမှာ အရင်ဆုံးပြတိုက်ထဲဝင်ရောက်လေ့လာဖြစ်ပါတယ်။
ပြတိုက်ဝင်ကြေး ၅ဝယန်း (မြန်မာငွေ၅၀ဝကျပ်၊ ရန်ကုန်တိရစာ္ဆန်ဥယျာဉ်ဝင်ကြေးရဲ့ထက်ဝက်ကြီးများတောင်သက်သာဒယ်)။ :kwi:
ဝင်တာနဲ့ ပြတိုက်ထဲတောင်ရောက်မြောက်ရောက် ကြည့်ရတာမျိုးမဟုတ်ဘဲသူ့လမ်းကြောင်းလေးအတိုင်းသွားရုံပါပဲ။ ဒတ်ပုံရိုက်ချင်တာလက်ကိုယားနေတာပဲ ဘူမှလည်းမရိုက်ကြ ကင်မလာကိုင်တာလည်းမတွေ့တော့ ပေးကလန်လည်းမရိုက်ရဲဘူး။
ဒီလိုပဲတန်းစီကြည့်နေကြရင်း ပုံကြီးတစ်ပုံရှေ့လည်းရောက်ရော လူကြီးတစ်ယောက်က ကိုယ့်ရှေ့ကနေဖပ်ဆိုဒတ်ပုံရိုက်သွားရော ပေးကလန်မရတော့ဘူး ရိုက်ချင်နေပြီလေ။
အတူပါတဲ့ထဲကဂျပန်မလေးတစ်ယောက်ကိုမေး ဒတ်ပုံရိုက်ရင်ရလားလို့ အဲ့ဒါသူကဟိုကြည့်ဒီကြည့်နဲ့ ဆိုင်းဘုတ်တစ်ခုလှမ်းမြင်တော့ညွှန်ပြပီး ရိုက်လို့ရဘူးတဲ့။ အဲ့ချိန်မှာပဲနောက်တစ်ယောက်က ဖပ်ခနဲ့ပြတိုက်ဝန်ထမ်းဆီပြေးပီးမေးလာတယ်။ ဒတ်ပုံတော့ရိုက်ချင်ရိုက်လို့ရပါတယ် ဖလက်ရှ်မီးလေးတော့ဖွင့်လို့မရပါဘူးတဲ့။ ဒါနဲ့ပဲ ရသလောက်ရိုက်လာခဲ့ပါတယ်။
ဒုတိယကမ္ဘာစစ်တုန်းက အနုမြူဗုံးကြဲဖို့ အမေရိကန်ကစီစဉ်တဲ့အခါ ဂျာမနီနဲ့ဂျပန် ဘယ်ကိုကြဲမလဲစဉ်းစားကြပါတယ်။
ကံဆိုးသူဂျပန်ဖြစ်လာတယ်ဆိုပါတော့။ အမေရိကန်နဲ့ဥရောပကခေါင်းဆောင်တွေတိုင်ပင်အပီးမှာ ဂျပန်နိုင်ငံကိုဗုံးကြဲဖို့ ဖြစ်လာခဲ့ပါတယ်။
ဂျပန်မှာမှ အဲ့ချိန်တုန်းက ဟီရိုရှီးမားကလူဦးရေအများဆုံးမြို့၊ သူပီးတော့ နာဂါဆာကီ။
နာဂါဆာကီက ဟီရိုရှီးမားဗုံးကြဲခံရပီးနောက်၃ရက်နေမှာ အကြဲခံရပါတယ်။ ဆိုးဆိုးဝါးဝါးထိခိုက်ခံရတာက်တော့ ဟီရိုရှီးမားပါပဲ။ ၁၉၄၅ ဩဂုတ်လ ၆ရက်နေ့ မနက်၈နာရီ၁၅မိနစ်အချိန်မှာ ဟီရိုရှီးမားက ကလေးလူကြီးအားလုံးဟာ မထင်မှတ်ဘဲ ငရဲခန်းထဲရောက်သွားခဲ့ကြပါတယ်။ အပူချိန် ၃၅၀၀၊ ၄၀၀ဝဒီဂရီ(C)ခန့်နဲ့ ကြွေထည်တွေ ဖိုက်ဘာတွေ ဖန်ပုလင်းတွေတောင်ပျော်ပီးကပ်ကုန်တာ လူဆိုရင်တော့ မပြောပါနဲ့တော့။ :roll:
အရေပြားတွေအဖတ်လိုက်ကွာကျသူကျ။ ရုတ်တရက်ပြာဖြစ်သူဖြစ်ပေ့ါ။ အကျိူးဆက်တွေကတော့ အားလုံးသိပီးကြတဲ့အတိုင်းပါပဲ။ ကံကောင်းတာလေးကတော့ အဲ့ဗုံးကြဲချခံရပီး နောက်၇၅နှစ်အတွင်း ဘာအပင်စိုက်စိုက် စိုက်မရတော့ဘူးဆိုပီးပြောပေမယ့် တကယ်အဲ့လိုမဖြစ်တာ တော်သေးတယ်ပြောရပါမယ်။
ဗုံကြဲချခံရပီး ပေါက်ကွဲသွားလိုက်တာ အမဲရောင်တိမ်ထုကြီး ဟီရိုရှီးမားကောင်းကင်ပေါ်မိုးသွားပါတော့တယ်။ ပြီးတော့ အမဲရောင်မိုးတွေရွာချပါတယ်။ ပြတိုက်ထဲမှာ အမဲရောင်မိုးရေတွေပေထားတဲ့အုတ်နံရံတစ်ခုပြထားပါတယ်။ ဒတ်ပံမရိုက်ခဲ့မိပါဘူး။ နံရံတွေ အုတ်နံရံထဲထိ မှန်စတွေစိုက်ဝင်နေတာတွေလည်း တွေ့ခဲ့ရပါတယ်။ မရိုက်ဖြစ်ခဲ့ပါဘူး။ နောက်ပီး အပူချိန်ကြောင့်လူတွေအရေပြားတွေပျော်ပီးကွာကျတဲ့ပုံကို ရုပ်တုတွေလုပ်ထားတာ အစစ်အတိုင်းပါပဲ။ ကြည့်ရင်းကြောက်စရာ သနားစရာကောင်းလို့ အဲ့ဒါလည်းမရိုက်ခဲ့မိပြန်ပါဘူး။ (မရိုက်တာကများနေတယ်) :-D
ရိုက်လာမိသလောက်ပုံလေးတွေကတော့…

DSC02889

DSC02891

DSC02890

DSC02892

DSC02893DSC02894DSC02897DSC02898DSC02895DSC02906

DSC02912

DSC02911

DSC02909

DSC02918DSC02921

DSC02935

DSC02933

DSC02926

DSC02919

DSC02915

20131201_193726
ပေးကလန်လည်း အမှတ်တရ တံဆိပ်တုံးထုလာတယ်

အတူသွားတာ မိန်းခေးချည်း၅ယောက်၊ ၃ယောက်ကဂျပန်မတွေ၊ ၂ယောက်ကပေးကလန်နဲ့ မြန်မာမလေးတစ်ယောက်။ ဟိုကောင်မလေး၄ယောက်လုံးက ၂၁၊ ၂၂၊ ၂၃တွေ။ အဲ့ထဲပေးကလန်က လူကောင်ကသာသေးတာ ဒင်းတို့ထက်၁နှစ်မက ၂နှစ်မက ၃နှစ်မက ကြီးနေလေတော့…ဒတ်ပုံအတူတွဲရိုက်ရတာ ဖီးလ်မလာဝူးဂျာ….။
အဲ့ကအပြန် မီယဂျိမ(Miyajima)ကို ဆက်ကြပါတယ်။

About panpan

chit has written 61 post in this Website..

22 comments

  • panpan

    December 1, 2013 at 7:52 pm

    ပုံရဲ့Description မှာရေးထားတဲ့စာတွေ ဘယ်ရောက်ကုန်ပလဲဟင်င်င်

  • အဘရဟူဒီ

    December 1, 2013 at 8:27 pm

    ဟိလောရှိမ နဲ့ နဂစကိ … ၂ကြိမ်စလုံး ဗုံးမိပြီး မသေတာ ၂ယောက် ရှိတယ်လို့ မှတ်ဖူးသဗျ…
    ရွှတ်ချော နဲ့ လိမ့်နေတာတဲ့ … ငိငိ … သဒိထားပါ သာမီးရယ်…

    အဲ့ဗုံးအကြောင်းပြောရရင်တော့ ..ဒါဟာ …
    နည်းနည်းမဟုတ်ဘု ..အတော် လူမဆန်တဲ့လုပ်ရပ်ဗျ….

    သတ္တိကြောင်တဲ့ အန်ကယ်ဆန်မ် က ဘုရင် နန်းစိုက်တဲ့တိုကီယို ကို ရှောင်တာကြည့်ရင် သိသာမယ်ထင့်…
    ဆိပ်ကမ်းလည်းဖြစ် မြို့တော်လည်းဖြစ် လို့ သူသာ လူနေအထူဆုံးခည…
    (ဘုရင် ကို ထိလို့ကတော့ တကျွန်းလုံး ရေမြုပ်ရင်တောင် တယောက်ကျန်ရင်တောင် နောက်ဆုံးထွက်သက်ထိဗျင်းမယ့်)
    ဆာမူရိုင်း စိတ်ဓါတ်ကို လန့်လွန်လွန်းလို့ နယ်မြို့တွေက လူထူတဲ့မြို့ ရွေးကျဲပြီး သေသွားမယ်နော်… တွေ့ဒယ်မလား
    လို့ မိတ္တူပေးတယ်ပဲ မြင်မိတယ်….ချဉ်ဇယာ …ဒင်းတို့ အဖြူ အချင်းချင်းကျ … သိပ်သိတတ်တာပဲ …
    ကျဲပါ့လား … ဒွိုက်ချ်လန်းဒ် ကို….

    နိုးနိုး ….ချဉ်ဒယ်… ဒင်းတို့ တိုင်းပြည်ကိုလည်း နာမည်ပြောင်းခေါ်မယ်….
    အေဘေး ဂျာမေးနီးယား …ဒွေ …
    မုန်းထှာ …
    ကမာ္ဘ့ ပုလိပ်ဆိုး ..အမေရီကားနား ကိုလည်း မေတ္တာတုံးသဗျာ…

    တော်သေးဘီ

    ချဉ်တဲ့
    ယိုရှိဒ ယူူးခိ…

    • KZ

      December 2, 2013 at 8:30 am

      ဒီလို လက်နက်မျိုး
      လူမဆန် လုပ်ရပ်တွေ လုပ်နေကျ
      လူမဆန်တဲ့ အစိုးရ လက်ထဲ ရောက်ရင် ပိုဆိုးမှာပေါ့ကွယ်။
      :(

  • padonmar

    December 1, 2013 at 11:33 pm

    ပေးကလန်လေး
    အနုမြူကြောင့် ပုံပျက်နေတဲ့ ကလေးပုံလေးတွေ ကြည့်ရတာ
    စိတ်မချမ်းသာလိုက်တာ။
    ဒါ့ထက် ဂျပန်တွေက ဒီလို နှိပ်စက်တဲ့ အမေရိကန်ကို စိတ်နာတယ် အော်မနေဘူးနော။

  • Foreign Resident

    December 2, 2013 at 7:20 am

    ဟီရိုရှီးမား နှင့် နာဂါဆာကီ ကို အနုမြူဗုံး ကြဲတာ မှန်ကန်တဲ့ ဆုံးဖြတ်ချက်ပါ ။

    ဟီရိုရှီးမား နှင့် နာဂါဆာကီ ကို ၊ အနုမြူဗုံးကလေး ၂ လုံးထဲဘဲ ကြဲလိုက်လို့ ၊
    ဂျပန်လေး ၂ သိန်းလောက်လေးဘဲ သေပြီး ၊ ဒုတိယ ကမာ္ဘစစ်ကြီး ပြီးသွားတာပါ ။

    ပထမ နှင့် အဓိက အကျဆုံး ထည့်သွင်းစဉ်းစားတာကတော့ ၊
    Allied Force တွေ ပုံမှန် အတိုင်း ဂျပန်ကျွန်းပေါ်ကိုတက်ပြီးသာသိမ်းရမယ် ဆိုရင် ၊
    နောက်ထပ် ဂျပွန်လူမျိုး စုစုပေါင်း တစ် သန်း လောက်နှင့် ၊
    Allied Force ဘက်က စစ်သည် ၂ သိန်းလောက် ထပ်သေရဖို့ ရှိတယ်လို့ မှန်းကြပါတယ် ။

    Battle of Saipan, Iwo Jima နှင့် Okinawa တိုက်ပွဲ တွေမှာ ၊ ဂျပွန်တွေရဲ့ ၊
    ပြင်းပြင်းထန်ထန် အသေခံ ခုခံမှုတွေနှင့် တွေ့ပြီးတော့မှ မှန်းနိုင်သွားတာပါ ။

    Okinawa ဆိုတဲ့ ဂျပန်ကျွန်း ပေါက်စနလေးကို သိမ်းတဲ့ တိုက်ပွဲ တစ်ခု မှာတင် ၊
    စစ်သည် ၊ အရပ်သား ၊ နှစ်ဖက် စုစုပေါင်း နှစ်သိန်းခွဲ သေခဲ့ကြတာပါ ။

    Based on the names listed on the Cornerstone of
    Peace monument at the Peace Memorial Park in Okinawa,
    Japan lost 77,166 soldiers and the Allies suffered 14,009 deaths,
    149,193 local civilians were killed or committed suicide.
    Ref —http://en.wikipedia.org/wiki/Battle_of_Okinawa—

    အဲဒီတော့ကာ ၊ အခြေအနေအရ ၊ လူ အသေအပျောက် နည်းမယ့် ၊
    ဟီရိုရှီးမား နှင့် နာဂါဆာကီ ကို အနုမြူဗုံး ကြဲဖို့ကိုဘဲ ရွေးလိုက်ရတာပါ ။

    ဒုတိယ အချက်ကတော့ ၊ ရုရှားတွေက ၊ 9 August မှာ မန်ချူးရီးယားကို သိမ်းနေပါပြီ ။
    အချိန်ဆွဲနေရင် ၊ အရှေ့ ဂျာမနီ နှင့် အနောက် ဂျာမနီ ဆိုပြီး ဖြစ်သွားသလိုဘဲ ၊
    မြောက် ဂျပန် နှင့် တောင် ဂျပန် ဆိုပြီး ဂျပန် နိုင်ငံ နှစ်ပိုင်း ကွဲသွားမှာပါ ။
    ( အမေရိကန် က စစ်ပြီးတော့ ဂျပန် ပိုင်တဲ့ ကျွန်းတွေ အကုန် ပြန်ပေးခဲ့ပေမယ့် ၊
    ရုရှားကတော့ သူ သိမ်းလိုက်တဲ့ ကူရိုင်း ကျွန်းတွေ အခုထိ ပြန် မ ပေးသေးပါဘူး )

    တတိယ အချက်ကတော့ ။ ဟီ ဟိ ။
    သူတို့လည်း ၊ သူတို့ရဲ့ ၊ ဗုံး အသစ်လေးကို စမ်းချင်ရှာ မပေါ့ ။ ဟီ ဟိ ။

    ဒါ့ကြောင့်လည်း ၊ ဗုံးကြဲခဲ့တဲ့ လေယာဉ်မှူး က ပြောတာ ၊
    လူတွေ အများကြီး သေကြေခဲ့ရတဲ့အတွက် စိတ်မကောင်းပါဘူး တဲ့ ၊
    ဒါပေမယ့် ၊ ငါ့ကို နောက်တစ်ခါ တာဝန်ပေးလာခဲ့ရင်တော့ ထပ်လုပ်ဦးမှာဘဲ တဲ့ ။ ဟီ ဟိ ။

    ဂျပွန်တွေ စစ်အတွင်းမှာ ကျူးလွန်ခဲ့တဲ့ ၊ စစ်ရာဇဝတ်မှုတွေ နှင့် ယှဉ်ကြည့်လိုက်ရင် ၊
    ဟီရိုရှီးမား နှင့် နာဂါဆာကီ မြို့တွေကို အနုမြူဗုံး ကြဲခံရတာဟာ ၊
    ဂျပန် လူမျိုးတွေ နှင့် ထိုက်တန်ပါပေတယ်လို့ ပြောရမှာပါ ။ ဟီ ဟိ ။

    ဒါ့ကြောင့် ၊ အဘ ကတော့ ၊
    ဟီရိုရှီးမား နှင့် နာဂါဆာကီ ကို အနုမြူဗုံး ကြဲတဲ့ ဆုံးဖြတ်ချက် ကို ၊
    အရမ်း အရမ်း ကို ၊ ထောက်ခံတာပါပဲကွယ် ။ ဟီ ဟိ ။

    • kai

      December 3, 2013 at 1:17 am

      ပိုးမွှားတိရိစ္ဆာန်တွေအသက်ထည့်ပေါင်းရင်.. အကောင်ဘယ်နှဘီလီယန်လောက်.. သေရှာတယ်မသိ…

      ဆိုတော့.. အသက်အရေအတွက်နည်းနည်းသတ်ခြင်းဖြင့်.. အသက်များများသေတာကို ကာကွယ်တဲ့သဘောပေါ့နော…
      “ပါဏာတိပါ တာ ဝေရမဏိ” :kwi:

  • alinsett

    December 2, 2013 at 7:34 am

    ပြည်တွင်းစစ်ကို ပိုမုန်းဒယ်

    :(

  • KZ

    December 2, 2013 at 8:36 am

    စစ် ဆိုတာဖြစ်လာရင် ဘယ်လို ကောင်းတဲ့ အကြောင်းပြချက်မှ ပေးလို့ မရဘူးနော်။
    စစ်တိုက်မဲ့ အစား ခေါင်းဆောင်တွေ စီးချင်းထိုး၊ သေနတ်ချင်း ယှဉ်ပစ် သင့်တယ်။
    စားရိတ်ကုန်၊ လူသေ၊ တိုးတက်မှုနှောင့်နှေးးးးးးး
    စစ်သားတစ်ယောက်ပဲ တစ်သက်ပဲ သေတာမဟုတ်ဘူးးး သူ့ရဲ့ မိသားစု၊ အသိုင်းအဝိုင်းတွေပါ စိတ်ရော လူရော ခံစားရတာ။
    :cry:

    (အဲလို တွေးပြီး သနားတဲ့ ထဲ ဟို အာဏာရှင် အရိုးကိုက်နေတဲ့ဟာတွေ မပါဘူးနော်။)

  • အဘရဟူဒီ

    December 2, 2013 at 8:42 am

    ဂျပန်အယူအဆ ပြောပါတယ်
    စစ်မတိုင်ခင်.

    အမေရိက = မိစာ္ဆ
    ဂျပန်ဘုရင် = နေနတ်သား

    စစ်ပီး

    အမေရိက = မိတ်ဆွေကောင်း
    ဂျပန်ဘုရင်= လူသား

    ငိငိ

    • Ma Ma

      December 2, 2013 at 4:25 pm

      မောင်ဂီပြောတဲ့ ဂျပန်တွေရဲ့ အတွေးအခေါ်လေးကို တော်တော်သဘောကျတယ်။
      ဒါဟာ ဂျပန်နိုင်ငံတိုးတက်ခြင်းရဲ့ အဓိကလျှိ ု့ဝှက်ချက်ပဲ။
      နောက်ပြီး သူတို့ရဲ့ပြတိုက်မှာ မြန်မာပြဌာန်းစာအုပ်ပါပြထားတာ အံ့ဩမိတယ်။
      ပုံတွေကြည့်ပြီးတစ်ခု စဉ်းစားမိတာ ဆောက်လုပ်ရေးမှာ တခြားပစ္စည်းတွေထက် ဘိလပ်မြေနဲ့ အုတ်သုံးတာ စိတ်အချရဆုံးထင်တယ်။

      ပေးကလန်လေးလည်း စီဂျေပီသပါပေတယ်။
      ဗဟုသုတအတော်ရစေတဲ့ ပိုစ့်လေးမို့ ကျေးဇူးအများကြီးတင်ပါတယ်။
      နောက်ထပ်ပိုစ့်တွေလည်း မျှော်နေမယ်နော…… :)

  • ဦးကြောင်ကြီး

    December 2, 2013 at 9:35 am

    ပုံထဲက မြန်တျန့်သမိုင်း ဆဌမတန်း ဖတ်စာအုပ်က ဘာသဘောလဲ..။ ပန်ကလေး ခရီးစရိတ်ပြတ်လို့ ပြတိုက်မှာ ဖျောခဲ့တာလား..။

  • မဟာရာဇာ အံစာတုံး

    December 2, 2013 at 1:19 pm

    အန် …
    မြန်မာ့သမိုင်း က ဘယ့်နှယ်ဂျောင့်
    အိုက်ကို ရောက်နေဒါဒုန်း
    အိုက်အကြောင်း ချင်ပြပေးဘာ …
    မချင်းပြပေးလို့ဂဒေါ့ …
    နံရိုးကြီးကို ဝှက်ထားလိုက်မှာနော် .. ငိငိငိ

    • မိုက်ကယ်ဂျော်နီအောင်ပု

      December 2, 2013 at 6:43 pm

      မြန်မာ့သမိုင်းစာအုပ်မှာ
      သီဟတင်စိုးနဲ့ နေထက်လင်းတို့ရဲ့
      ဂျပန်တော်လှန်ရေးဇာတ်လမ်းပါတယ်လေကွယ်
      ဒါလေးများ ထူပါ့

  • Shwe Ei

    December 2, 2013 at 1:59 pm

    ပေးကလန်ပို့စ်ကို ဖတ်ပီးမှ ဒို့ဆီက စစ်သမိုင်းပြတိုက်မှာ ဘာဒွေရှိမတုန်း သိချင်စိတ်ပြင်းပြလာတယ် … :)

    • Swal Taw Ywet

      December 3, 2013 at 7:17 pm

      ဟို အရင် ရန်ကုန်မှာရှိတုံးကတော့ အားအားရှိ အဲဒီထဲသွားနေခဲ့မိတာပေါ့ဗျာ၊
      စစ်သားနဲ့ စစ်သမီးရဲ့သားကိုး။။
      တော်တော်စုံစုံလင်လင်ရှိပါတယ်။
      အဲ ဒေါ်စု နိုဘယ်ဆုရလိုက်တော့ မြန်မာပြည်မှာလဲ မိန်းမတွေကို အသိအမှတ်ပြုပါတယ်ဆိုပြီး ပြည်တွင်းစစ်ကာလ ကရင်တွေ မေမြို့ကိုသိမ်းတုံးက သူရမချစ်ပို အကြောင်း နေရာတော်တော်များများမှာ ပြထားသေးသဗျို့။
      အဲ မြေညီထပ်က လေတပ်ပြခန်းမှာ တရုတ်ဖြူနဲ့တိုက်ရင်း လေကြောင်းတိုက်ပွဲဖြစ်ခဲ့တာလဲပြထားသဗျ။
      ( ဓါတ်ပုံတွေ ပစ္စည်းတွေ ခြတက်နေတာတော့ ကြည့်ရဆိုးသဗျာ )။
      သီးခြားပို့စ် တစ်ခုနဲ့ ပြန်လာပါရစေ ပန်ပန်ရေ၊
      With respect,
      Swal Taw Ywet.

  • TNA

    December 2, 2013 at 2:33 pm

    ပုံတွေကြည့်ရတာစိတ်မကောင်းစရာပဲ။ အဲဒီဖြစ်ရပ်မှန်စာအုပ်ဖတ်ဖူးတယ်။ မသေပဲရှင်ကျန်ခဲ့တဲ့သူရေးထား တဲ့စာအုပ်။ အတော်ဆိုးတာပဲ။ မသေတောင် တဖြည်းဖြည်းနဲ့သွေးကင်ဆာဖြစ်ပြီးသေသွားတယ်တဲ့။ ဒါ့ထက် မြန်မာစာအုပ်က ဘယ်လိုဖြစ်လို့ပြတိုက်ထဲရောက်နေတာလဲ။

    • Swal Taw Ywet

      December 3, 2013 at 7:22 pm

      အဲဒီ သမိုင်းစာအုပ်ထဲ ဟီရိုရှီးမား အနုမြူဗုံးကိစ္စပါတယ်မှတ်တယ်နော်။
      သဟာကြောင့်ပြထားတာနေမှာ။
      ပန်လေးကလဲမေးခဲ့လိုက်တာဟုတ်ဘူး။
      With respect,
      Swal Taw Ywet.

  • Wow

    December 2, 2013 at 3:56 pm

    အင်းနော် မြန်မာသမိုင်းစာအုပ်ပါ ပြခန်းထဲမှာပြထားတာလား :hee:

  • panpan

    December 3, 2013 at 8:37 pm

    မြန်မာ့သမိုင်းတစ်ခုတည်းမဟုတ်ပါဘူး။ ဒုတိယကမ္ဘာစစ်အတွင်း ဂျပန်နိုင်ငံ ဗုံးကျဲခံရတဲ့ကိစ္စပါတဲ့ စာအုပ်တွေကို ပြတိုက်မှာပြထားပါတယ်။ တခြားဘာသာနဲ့စာအုပ်တွေလည်းအများကြီးရှိပါတယ်။
    ကွန်းမန့်ပေးကြသူအားလုံးကို ကျေးဇူးတင်ပါတယ်။ ပုံးတိုင်းမှာ ပုံရဲ့ရှင်းလင်းချက်လေးတွေထည့်ရေးထားပါတယ်။ description ဆိုတဲ့အကွက်မှာရေးလိုက်တာပါ။ မှားသွားတယ်ထင်တယ် ပေါ်မလာဘူး။
    ပြတိုက်မှာ တွေ့ခဲ့ရသေးတာက လက်ရှိ နျူလက်နက်ကိုင်ဆောင်ထားတဲ့နိုင်ငံတွေနဲ့ ရှိတဲ့အရေအတွက်ပါသိရပါတယ်။ ယူအက်စ်နဲ့ ရုရှားအများဆုံးဖြစ်ပီး မြောက်ကိုရီးယားက ဘာမှမတွေ့ပါဘူး။ မရှိတာမဟုတ် ပေးမသိလို့ ဘာမှန်းကိုမသိတာပါတဲ့။

  • panpan

    December 8, 2013 at 8:16 pm

    ဟုတ်ကဲ့ မသိလို့ပါ အာတီဒုံရယ် :(

  • တကယ်တော့ အဲဒီ ဗုံးကြဲတဲ့ကိစ္စကို သေချာမသိဘူးရယ်..ဟိုရက်ကမှ ဆရာတစ်ယောက်ပြောလို့ သိတာ..
    ခု ကွန်မန့်တွေ ဖတ်ကြည့်တော့ သိပ်မတူဘူးဖြစ်နေတယ်…

    ဆရာပြောတာက ဂျပန်က အမေရိကန်ပိုင်တဲ့ ပုလဲဆိပ်ကမ်းကို ဗုံးကြဲတယ်တဲ့… လေယာဉ် အစီး ၂ဝ နဲ့ ဝင်ကြဲတာတဲ့..အတော်များများကို ထိသွားတယ်တဲ့.. အမေရိကန်ကလည်း လက်တုံ့ပြန်မယ်ဆိုပြီး ဂျပန်လို အစီး (၂၀) မလွှတ်ဘဲ.. လေယာဉ် တစ်စီးတည်းနဲ့ ဗုံးလေး တစ်လုံးတည်း ကြဲလိုက်တာ… ဟီရိုရှီးမား ပျောက်သွားရောတဲ့..

    နောက် တစ်ခုက ဂျပန်တွေရဲ့ ပြန်လည်ထူထောင်ရေးပေါ့.. ဒါကလည်း ကိုယ့်ဘဝကို စီမံကိန်းထားဖို့ပြောရင်းနဲ့ ဆက်သွားတာ.. ပြန်လည်ထူထောင်ရေးကာလမှာ ဂျပန်လူငယ်တွေက နောက် (၅) နှစ်မှာ ဘာဖြစ်ရမယ်ဆိုတာ သနိ္နဌာန်ချထားတာတဲ..(ဘာဆိုလား မေ့သွားပြီ).. အဲဒီ အချိန်လည်းရောက်ရော.. ဖြစ်မလာတဲ့သူတွေက ဓားတိုလေးနဲ့ ကိုယ့်ကိုကိုယ် သတ်သေကြတယ်တဲ့… စိတ်ဓာတ်ပြင်းထန်တာကို ပြောပါတယ်… အနော်တို့ လိုပေါ့.. :)

Leave a Reply

%d bloggers like this: