panpanDecember 13, 20131min2909
ကိုယ်ခံခဲ့ရတဲ့အရာကျ မှတ်မိလည်းခဏပါပဲ။ မေ့နိုင်ပါတယ်။ ကိုယ်ကသူများကို တခုခုလုပ်မိတာကျ တော်တော်နဲ့မေ့ဖို့ခက်တယ်။ အဲ့လူထိခိုက်သွားတာထက် ကိုယ့်မှာပိုထိခိုက်ရတယ်။ လွန်ခဲ့တဲ့ သုံးလေးငါးနှစ်လောက်ကပေ့ါ။ ရုံးကရွှေဂုံတိုင်က ယုဇနတာဝါ။ ရုံးခန်းက လေးလွှာမှာ။ ရုံးခန်းနဲ့ တစ်ခန်းကျော်မှာ ဗီဒီယိုတွေ ရုပ်ရှင်တွေ ကြော်ငြာစသည်ရိုက်တဲ့ ရှုတင်ခန်း။ အမြဲလိုလိုရိုက်ကွင်းပဲပေ့ါ။ တခါက မိုးအောင်ရင်နဲ့ သက်မွန်မြင့် ရုံးခန်းထဲဝင်ရိုက်လို့ မန်နေဂျာကော်ဘရာကြီး ဒေါခီးသွားသေးတာပဲ။ သူတို့ကလည်း အဲ့လောက်နယ်ချဲ့တယ်။ ကော်ရစ်ဒါတလျှောက်၊ ဓါတ်လှေကားနားတွေရော။ ဟိုတခါကဆို ရုံးအလာ လွင်မိုးနှဲ့ဓါတ်လှေကားထဲလုဝင်ပစ်လိုက်တယ်၊ သူ့ကိုယ်လုံးကြီးနဲ့ လွယ်ထားတဲ့အိတ်ကလည်း ပေးကလန်ကိုတောင်ထည့်သွားလို့ရတယ်။ ဘာရမလဲ ပေးကလန်လည်း ရှိသမျှအားကုန်နဲ့ ပြန်တွန်းပစ်လိုက်တယ် ငိငိ။ အဲ့ စကားတွေချော်ကုန်ပီ။ တနေ့မှာ နေ့လည်စာစားပီး ကော်ရစ်ဒါတလျှောက် လမ်းလျှောက်ရင်းဖုန်းပြောနေတာ။ ကိုယ့်အတွက်တော့ အရေးကြီးကိစ္စပေ့ါ။ အရေးကြီးပါတယ်ဆိုမှ ဖုန်းကလည်းခေါ်မရဘူးလေ။ ဒီချိန်လေးအားလို့ခေါ်ရတာကို။ စိတ်ကရှုပ် စိတ်တိုလာရော။ […]


panpanDecember 8, 20133min44715
မီယဂျိမဆိုတာက ပင်လယ်ထဲကကျွန်းလေးတစ်ကျွန်းပါပဲ။ အဲ့ကိုသွားဖို့ သင်္ဘောစီးရတယ်။ သင်္ဘောခက တစ်ခေါက်ကို ၁၇ဝယန်း၊ အသွားအပြန် ၃၄ဝယန်း။ သင်္ဘောကြီးက တော်တော်ကောင်းတယ်။ ကမ်းကပ်တာကအစ၊ သင်္ဘောပေါ်အတက်အဆင်း လုံခြုံစိတ်ချရမှု Safeဖြစ်တယ်။ အထဲမှာလည်း သန့်ရှင်းသပ်ရပ်မှုအပြည့်၊ ထိုင်ခုံတွေနဲ့ မီးတွေလည်းထိန်လို့၊ အမှိုက်လည်းတစ်စမရှိ၊ အပေအစွန်းအညစ်အပတ်တွေလည်းမရှိ၊ ခုံတွေသပ်သပ်ရပ်ရပ်၊ ဆင်းတဲ့လူတွေကလည်း တန်းစီဆင်း၊ တက်မယ့်လူတွေကလည်း တန်းစီရပ်၊ အို ရန်ကုန်- ဒလကူးတို့သင်္ဘောလေးလည်း အဲ့လိုဖြစ်စေချင်လိုက်တာ…။ လုံခြုံမှု၊ သန့်ရှင်းသပ်ရပ်မှုသာအပြည့်ဆို ထိုင်ခုံမရဘဲ မတ်တပ်ရပ်စီးလည်း လူသက်သာပါလိမ့်မယ်။ မီယဂျိမကူးတို့က တစ်ခေါက် ၁၇၀ဝကျပ်ကျပါတယ်။ ၁ရဆလောက်တော့ကွာပါတယ်။ ဒါပေမဲ့ပေါ့လေ…………….။ မီယဂျိမကိုစီးတဲ့ခရီးသည်က ရန်ကုန်-ဒလခရီးသည်ထက် ၁ရဆမက နည်းပါတယ်။ ရန်ကုန်-ဒလကူးခက ၁၀ဝကျပ်(ထင်ပါရဲ့)၊ သွားမယ့်ကူးမယ့်လူဦးရေကလည်းများတော့ သင်္ဘောခံနိုင်အားလောက်လူတင်မယ်ဆို ဝင်ငွေလည်း မနည်းလောက်ပါဘူး။ ဈေးစကားပြောရရင် ကိုက်မယ်ထင်ပါတယ်။ လက်ရှိရန်ကုန်-ဒလသင်္ဘောက ခရီးသည်ပမာဏနဲ့ သင်္ဘောသယ်နိုင်ဝန်နဲ့ […]


panpanDecember 1, 20133min46822
မင်္ဂလာပါ။ ပေးကလန် ပေါ်မလာကြာကြာလှပါပြီ။ ခုတော့ အခါသင့်လို့အခွင့်သာ ပြန်ရောက်လာပါတယ်။ ဒါနဲ့ပဲ စကားမစပ်ရအောင်စပ်ပါရစေတော့ မနေ့က ရုံးကဂျပန်မလေးတွေနဲ့ ဟီရိုရှီးမားရောက်ခဲ့ပါတယ်။ ဒုတိယကမ္ဘာစစ်အပြီးသတ်ဖို့ USAက အရှေ့ကျွန်းကို နျူဗုံးကြဲချတဲ့မြို့၊ အမှတ်တရအထိမ်းအမှတ်အနေနဲ့ ပြတိုက်လုပ်ထားတဲ့နေရာ။ အဲ့နေရာသွားချင်ပါတယ်ဆိုပြီး ပေးကလန်ပါးစပ်ဆော့လိုက်ရာက လိုက်ပို့ပေးလို့ရောက်ဖြစ်တယ်ဆိုကြပါစို့ရဲ့။ 😆 အဲ့ဒီမှာ အရင်ဆုံးပြတိုက်ထဲဝင်ရောက်လေ့လာဖြစ်ပါတယ်။ ပြတိုက်ဝင်ကြေး ၅ဝယန်း (မြန်မာငွေ၅၀ဝကျပ်၊ ရန်ကုန်တိရစာ္ဆန်ဥယျာဉ်ဝင်ကြေးရဲ့ထက်ဝက်ကြီးများတောင်သက်သာဒယ်)။ :kwi: ဝင်တာနဲ့ ပြတိုက်ထဲတောင်ရောက်မြောက်ရောက် ကြည့်ရတာမျိုးမဟုတ်ဘဲသူ့လမ်းကြောင်းလေးအတိုင်းသွားရုံပါပဲ။ ဒတ်ပုံရိုက်ချင်တာလက်ကိုယားနေတာပဲ ဘူမှလည်းမရိုက်ကြ ကင်မလာကိုင်တာလည်းမတွေ့တော့ ပေးကလန်လည်းမရိုက်ရဲဘူး။ ဒီလိုပဲတန်းစီကြည့်နေကြရင်း ပုံကြီးတစ်ပုံရှေ့လည်းရောက်ရော လူကြီးတစ်ယောက်က ကိုယ့်ရှေ့ကနေဖပ်ဆိုဒတ်ပုံရိုက်သွားရော ပေးကလန်မရတော့ဘူး ရိုက်ချင်နေပြီလေ။ အတူပါတဲ့ထဲကဂျပန်မလေးတစ်ယောက်ကိုမေး ဒတ်ပုံရိုက်ရင်ရလားလို့ အဲ့ဒါသူကဟိုကြည့်ဒီကြည့်နဲ့ ဆိုင်းဘုတ်တစ်ခုလှမ်းမြင်တော့ညွှန်ပြပီး ရိုက်လို့ရဘူးတဲ့။ အဲ့ချိန်မှာပဲနောက်တစ်ယောက်က ဖပ်ခနဲ့ပြတိုက်ဝန်ထမ်းဆီပြေးပီးမေးလာတယ်။ ဒတ်ပုံတော့ရိုက်ချင်ရိုက်လို့ရပါတယ် ဖလက်ရှ်မီးလေးတော့ဖွင့်လို့မရပါဘူးတဲ့။ ဒါနဲ့ပဲ ရသလောက်ရိုက်လာခဲ့ပါတယ်။ ဒုတိယကမ္ဘာစစ်တုန်းက အနုမြူဗုံးကြဲဖို့ အမေရိကန်ကစီစဉ်တဲ့အခါ […]


panpanJune 19, 20131min49827
နေ့လည်ထမင်းစားပြီးရုံးပေါ်ပြန်အတက် လမ်းမှာဓားမရောင်းတဲ့လူရယ်၊ ဘေးမှာလူတစ်ယောက်ရယ် ထိုင်နေတဲ့နားကဖြတ်အသွား၊ သူတို့ပြောနေတာနားစွန်နားစကြားလိုက်ရတယ်။ “အရင်တုန်းကတစ်နေ့လုံးမှ၇၀၀၊ ၈၀၀၊ ၁၀၀ဝပဲရတာ၊ လျှောက်ရတာနေပူစပ်ခါးကြီး၊ ဘယ်လိုလုပ်စားရမလဲ” ကြားသမျှ နားဝမှာမချမ်းသာ။ ခုတလော လမ်းချဲ့၊ ပလက်ဖောင်းပြင်တော့ လမ်းလျှောက်ရတာ ကပ်သီးကပ်သပ်ရယ်။ ရုံးဆင်းလမ်းလျှောက်နေတုန်း နံဘေးမှာမြေတူးနေတဲ့အလုပ်သ္မားတွေကိုတွေ့လိုက်ရတယ်။ ဖိနပ်မပါခြေဗလာနဲ့မြေတူးနေတာ၊ သေချာထပ်ကြည့်မိတော့ အလို၊ အောက်မှခဲလုံးတွေ ခဲလုံးတွေ။ ချွန်တာတွေရော လုံးတာတွေရော။ သူတို့ခြေဖဝါး မနာရှိရိုးလား။ လက်ကလည်း ပေါက်တူးကိုင်ပြီးပေါက်နေရတယ်။ မြင်သမျှ မျက်စေ့မချမ်းသာ။ ရုံးရှေ့လမ်းဘေးရောင်းတဲ့မုန့်တီအထမ်းသည်။ အိမ်မှာဟင်းရည်အိုးချက်မလာ။ ရောင်းတဲ့နေရာရောက်မှ ကပ်သီးကပ်သပ်ချက်တယ်။ ဆေးကြောဖို့ရေလုံလောက်ပါ့မလား။ လှီးတဲ့ဓားနဲ့ စဉ်းနှီတုံးကဆေးလည်းမဆေး၊ ထည့်မည့်အမယ်တွေကိုရော။ ဘုရား ဘုရား ရွှံ့အထပ်ထပ်ပေနေတဲ့ ထိုင်ခုံတွေကိုအပေါ်ဆုံးမှာတင်လာတယ်။ အောက်မှာစားမယ့်ပန်းကန်တွေ၊ ပိုဆိုးတာက အောက်မှနံနံပင်တွေ၊ ငရုပ်သီးတွေ၊ ဘာတွေ ညာတွေ။ တနေ့ကဝယ်စားလိုက်မိပြီ။ စားသမျှ ခံတွင်းမှာမသက်သာ။ ရုံးဆင်းချိန်ဆိုတော့ ဒီလိုပဲကားကျပ်တာပါပဲ။ […]


panpanMay 13, 20131min79250
ကျမအလုပ်လုပ်တဲ့ရုံးမှာ ဝန်ထမ်းအငယ်လေးတွေ တော်တော်များများက ရိုင်းကြပါတယ်။ နှုတ်ရေးအပြောရိုင်းတာပါ။ အကုန်လုံးကတော့မဟုတ်ပေမယ့် ၃၊ ၄၊ ၅ယောက်လောက်ရှိပါတယ်။ ဒီ၂၀၁၃မှ အသစ်ဝင်လာတဲ့ဝန်ထမ်းလေးတွေထဲမှာလည်း စုန်းပြူး၁ယောက်စ ၂ယောက်စပါပေမယ်လို့ အရင်တစ်သုတ် ကျမတို့နဲ့အတူဝင်တဲ့ဝန်ထမ်းတွေထဲက စုန်ပြူးလေးတွေလောက်တော့ မပြူးကြပါဘူး 😀 ။ တခါတလေ ကျမအရမ်းစိတ်ညစ်မိပါတယ်။ ဒီအငယ်လေးတွေ အပြောအဆိုဘာလို့မသိမ်မွေ့ကြတာလဲ။ သူတို့တွေ ကလေးမဟုတ်တော့ဘူး။ လုပ်ငန်းခွင်ဝင်နေကြပြီ။ ဒါဟာရုံး၊ အလုပ်ဌာနဖြစ်တယ်။ ရုံးကလူတွေဟာ အိမ်ကမိသားစုတွေမဟုတ်ဘူး။ အထက်ကလူရှိမယ်၊ လက်အောက်ကလူ၊ လုပ်ဖော်ကိုင်ဖက်တွေ၊ သူတို့တွေကို အချင်းချင်းလေးစားမှုတော့ရှိရလိမ့်မယ်။ အိမ်မှာ မောင်နှမချင်းရန်ဖြစ်သလို ရုံးမှဖြစ်လို့မရဘူး။ အိမ်မှာ မိဘတောင်သည်းမခံဘူး၊ ဒါ့ကြောင့်ရုံးမှာလည်း ပြန်ပြောစရာရှိပြောမှာပဲဆိုတာလေးတွေ ရှိတယ်။ သိထားရမှာက ရုံးကလူတွေက သူစိမ်းတွေ၊ ကိုယ့်မိဘမဟုတ်ဘူးလေ။ ကျမတွေးကြည့်မိပါတယ်။ သူတို့မိဘတွေကိုတောင် မခံဘဲပြန်ပြောတယ်ပြုတယ် (ကျမလည်း ပြောမိပါတယ်) အဲ့ဒါကြောင့် ရုံးမှာလည်း သူများကိုပြောမယ်ဆိုမယ်ဆိုတာကတော့ […]


panpanJuly 18, 20121min37818
အခွင့်အရေးတွေ တပိုက်ကြီး အခွင့်အရေး…အခွင့်အရေးနဲ့၊ အခွင့်အရေးဆိုတဲ့အသံတွေ တစာစာကြားနေရသည်။ ဘယ်ကလို့ထင်ပါသလဲ။ ကျိပေါက်တို့ပတ်ဝန်းကျင် ဘယ်နေရာကဖြစ်ဖြစ်ကြားရသည်မဟုတ်လား။ ကျိပေါက်ဆီကိုလည်း အဲ့လိုပဲပတ်ဝန်းကျင်က အခွင့်အရေးဆိုတဲ့အသံတွေ နားမဆံ့အောင်ကြားနေရပါသည်။ တီဗွီကြည့်လျှင်အကြားရဆုံး။လူကြည့်များတဲ့နေရာကိုး။ “ကော်ဖီသောက်ရင်း ကံစမ်းနိုင်ပြီ၊ ၅သိန်းတန်ဂျီအက်အမ်ဖုန်းကဒ် ရရှိနိုင်မည့်အခွင့်အရေး”၊ “သက်တမ်း၆လနှင့်အထက်တိုးလျှင် တစ်လအပိုရမည့်အခွင့်အရေး”၊ “၃လစာပေးချေရုံဖြင့် အဆင့်မြင့်ကွန်ဒိုတိုက်ခန်း အပိုင်ရမည့်အခွင့်အရေး” စသည်ဖြင့်အစုံ။ တီဗွီတင်ပဲလားဆိုတော့ မဟုတ်သေး၊ ဂျာနယ် မဂ်ဂဇင်းတွေမှာလည်း ထို့နည်း၎င်း (မဂ်ဂဇင်းလို့ပဲ ရေးလိုက်ပါတယ်၊ အောက်ကဂငယ်အသေးကိုရိုက်ဖို့ရာ ကီးဘုတ်မှာပြဿနာနည်းနည်းရှိလို့ပါ)။ “ကံထူးပါက သရုပ်ဆောင်မယ်ဒေါ်လ် ပန်ပန်ချစ်လေးနှင့် ထိုင်းနိုင်ငံဘန်ကောက်သို့ အလည်သွားနိုင်မည့်အခွင့်အရေး”၊ “ပြည်တွင်းမှာပဲ နိုင်ငံတကာအသိအမှတ်ပြု ဘွဲ့ကြီးကိုရယူနိုင်မယ့် အခွင့်အရေး”။ ပြောရင်ပြီးမှာမဟုတ်။ လက်ကမ်းကြော်ငြာမှာတောင် အခွင့်အရေးတွေတပုံတပင်နဲ့။ “ဆံပင်ဖြောင့်လျှင် အခမဲ့တစ်ကြိမ်ပေါင်းတင်နိုင်မည့် အခွင့်အရေး”၊ “သင်တန်းပြီးဆုံးပါက အလုပ်ပါရမည့်အခွင့်အရေး”။ အလို၊ အခွင့်အရေးတွေတပုံတပင်နှင့် ကျိပေါက်တို့ပတ်ဝန်းကျင်လောကကြီးပေပဲ။ ကျိပေါက်တို့မှာ ဘာအခွင့်အရေးမှမရှိဘူးမထင်နှင့်၊ အခွင့်အရေးချို့တဲ့သူများမဟုတ်ကြ။ […]


panpanJuly 16, 20121min63930
ဘာဒရိန်းလဲမသိ လိုတိုရှင်းပဲရေးတော့မယ်နော်။ ဒီနှစ်သင်္ကြန်ပိတ်ရက်၊ အစိုးရရုံးပိတ်ရက်က ၁၂ရက်တောင်ရတယ်။ ကျမတို့ရုံးက ပုဂ္ဂလကကုမ္ပဏီဆိုပေမယ့် အစိုးရရုံးပိတ်ရက်အတိုင်းဆိုတော့ ၁၂ရက်ရတာပါပဲ။ ထားပါတော့။ ကျမရဲ့ငယ်သူငယ်ချင်းကတော့ အစိုးရဝန်ထမ်း၊ နေပြည်တော်မှာ တာဝန်ကျတယ်။ ခုလိုအစိုးရရုံးပိတ်ရက် ရက်ရှည်ရတော့ အိမ်ကိုအလည်ပြန်လာတယ်။ ကျမဆီကိုလည်း လာလည်တယ်။ တစ်ရက် ညဖက်သူအိမ်လာလည်တော့ စပ်မိစပ်ရာ ဟိုဟိုသည်သည်ပြောမိတာပေါ့။ အဲ့ဒါတွေအရင်မပြောခင် သူ့မိသားစုအကြောင်းလေးပြောမယ်။ သူကအဖေမရှိတော့ဘူး။ အဖေလုပ်သူက အစိုးရဝန်ထမ်း၊ အမေကလည်း အစိုးရဝန်ထမ်းပဲ၊ တခြားဌာနက။ ကျမသူငယ်ချင်းက ဉာဏ်ကောင်းတယ်၊ စာတော်တယ်။ ဆယ်တန်းအောင်ပြီးတော့ ရေကြောင်းတက္ကသိုလ်တက်ရင်းနဲ့က သူတို့အဖေဌာနက ဝန်ထမ်းသားသ္မီးတွေထဲက ပညာထူးချွန်သူတွေကို နိုင်ငံခြားမှာကျောင်းတက်ဖို့ ပညာတော်သင်လွှတ်တယ်။ သူလည်း ပညာတော်သင်အလွှတ်ခံရတယ်။ ခုပြန်လာတော့ သူ့ကိုပညာတော်သင်လွှတ်တဲ့ ဌာနမှာပဲ အရာရှိတန်းဖြစ်တယ်။ ဒါပေမယ့် သူမပျော်ဘူး။ သူ့မှာ ညီငယ်၂ယောက်ရှိတယ်။ တစ်ယောက်က ဒီနှစ်မှာ ဆေးတက္ကသိုလ် စတက်နေတာ။ […]


panpanJuly 6, 20121min102655
ရွာသူားများအားလုံး မင်္ဂလာပါ။ ပန်ပန်ချစ်ပါရှင်။ ဒီနေ့ပန်ပန်ပိုစ့်တစ်ခုတင်လိုက်ပါတယ်။ ဂျာပွန်စာသင်တန်းမှာ သင်ရတဲ့စာပုဒ်လေးကို ဘာသာပြန်ထားတာပါ။ ဖတ်ရတာ အဆီအငေါ်မတည့်ဖြစ်နေရင်လည်း သည်းခံဖတ်ပေးကြပါ။ (စစချင်းဘာသာပြန်တာဆိုတော့ စာလုံးတွေ ဘုကန့်လန့်နေမလားပဲ 🙄 ) အဲ့ဒီပိုစ့်ကိုတင်ရတဲ့ရည်ရွယ်ချက်က- (၁) ကိုယ်တိုင်ဂျာပွန်စာကျွမ်းကျင်ရန် (၂) လေ့လာနေသူများရှိရင်လည်း ဖတ်ပြီးလေ့လာရန် (၃) ကျွမ်းကျင်ပြီးသူများရှိရင်လည်း မှားတာတွေပြင်ပေးလို့ အဲ့ဒီကနေပညာရယူရန် (၄) ဒီတိုင်းဖတ်ချင်တဲ့လူတွေလည်း ဖတ်လို့ရရန် (၅) သဂျီးအိတ်ထဲမှ ပိုက်ပိုက်ရရန် (ခုတလော နေ့တွက်မစီဘူး၊ ပီးတော့ ပြီးခဲ့တဲ့လက လစာဟတ်ထိသွားတယ် 😥 ) အဲ့ဒါကြောင့်ပိုစ့်တင်လိုက်ရတာပါ။ နောက်ထပ်လည်း အလျဉ်းသင့်သလို ထပ်ပြီးဘာသာပြန် ထပ်လေ့ကျင့် ပိုစ့်ထပ်တင် သဂျီးအိတ်ကပ်ထဲကထပ်နှိုက် အဲ့လေ ထပ်ကြိုးစားပါ့မယ်ရှင်။ 🙂 眠りの不思議 အိပ်စက်ခြင်းရဲ့ အံ့ဩဖွယ်ကောင်းခြင်း どうして人は眠るのでしょうか。私たちは、一日の約三分の一を眠っ ံလူတွေဘာလို့ အိပ်ကြတာပါလဲ။ ကျမတို့တွေဟာ […]


panpanJune 9, 20121min48319
နွေရာသီဆိုတော့ ပူသပေါ့။ လမ်းထဲကလူတွေလည်း နေလေးဝင်ပြီဆိုတာနဲ့ လမ်းပေါ်ထွက် လူလေးငါးယောက်စုထိုင် လေညင်းလေးခံလိုက်၊ စကားလေး အလာပသလာပလေးပြောလိုက်နဲ့ နွေရာသီညတွေ ဒီလိုဖြတ်သန်းကြတာကလား။ အဲဒီမှာ ကြည့်ပေါက်တို့အိမ်ရှေ့အိမ်ကအဒေါ်ကြီးကတော့ အသည်းဆုံးပေါ့။ သူ့နာမည်အရင်းကတော့ ဘယ်သူရယ်မသိဘူး။ ကြည့်ပေါက်တို့ပေးထားတာတော့ RFAပဲ။ 😛 သူကစပ်စုတယ်၊ သတင်းစုံတယ်၊ အတင်းပြောတယ်။ သူ့အိမ်မှာထိုင်ပြီး လူစုစုနဲ့ စကားပြောနေရင်သိပြီ။ အတောပြင်း အတင်းပြောနေတာ။ တစ်နေ့တော့ ကြည့်ပေါက်အိမ်ထဲကနေ လမ်းဖက်ကိုလှမ်းကြည့်နေတုန်း အဲဒီဒေါ်RFAကိုကြည့်မိတယ်။ သူရယ်၊ သူ့သမီးရယ်၊ ဟိုဖက်ကပ်လျက်လမ်းက အခြောက်လိုလို ဂျော်ကယ်လိုလိုတစ်ယောက်ရယ် လေပေးဖြောင့်နေတယ်။ ဒေါ်RFAအတောပြင်းနေပြီဆိုတာ ကြည့်ပေါက်သိလိုက်ပြီ။ သူတစ်ယောက်တည်း စကားဝိုင်းကိုထိန်းတယ်၊ ပြောတယ်။ လူတစ်ယောက်ဖြတ်သွားတယ်၊ အဲဒီလူကိုကြည့်တယ်။ နည်းနည်းလှမ်းသွားတော့ အဲ့လူအကြောင်း အတောပြင်းတယ်။ ကြည့်ပေါက်ဘယ်လိုသိလဲ၊ ဟုတ်လား။ ဒေါ်RFAက ပါးစပ်နဲ့တင်ပြောတာဟုတ်ရိုးလား။ မေးလေးတငေါ့ငေါ့၊ လည်လေးတဆန့်ဆန့်၊ ခေါင်းလေးတမော့မော့နဲ့ မူရာကြွယ်ကြွယ် […]


panpanNovember 4, 20111min27413
တကယ်ပါ ကလေးတွေ တတ်ကြပါတယ်၊ ဉာဏ်ကောင်းပါတယ် ကျမတို့ငယ်ငယ်က (အလယ်တန်းကျောင်းသူဘဝ)တုန်းက ကျောင်းမှာ မြန်မာ့ကျောင်းသားသီချင်း သင်ရတယ် အဲဒါကို ကျောင်းသားတွေ ပြန်ဖျက်ဆိုကြတယ် ငယ်ငယ်လေးကတည်းက မသင်ပဲသိနေတာလေ ဒါကို ဘယ်လိုမြင်ကြလဲလို့ 🙄 ကောင်းလား၊ ဒါမှမဟုတ်အပျက်လား မြန်မာ့ကျောင်းသား နိုင်ငံတော်အတွင်း အထင်အလင်းရှိရမည် စည်းကမ်းသေဝပ်ခြင်း အရင်းပြုသည် ဝီရိယလည်း ရှိရမည် ကိုယ်ကျင့်တရား ဧကန်မှန်ပေသည် အများရှုစရာ တရားမှုကာ သနားကရုဏာပိုပါသည် (အများရှုစရာ တရားမှုကာ သနားကရုဏာပိုပါသည်၊ အဲဒီစာသား နည်းနည်းလွဲမလားမသိပါ၊ အပြောင်သီချင်းပဲ သေချာမှတ်မိနေတယ် ) ယဉ်ယဉ်ကျေးကျေး လွန်သိမ်မွေ့ပါသည် ပညာတိုးတက်စေမည် နိုင်ငံတိုးတက်စေမည် ဒို့အမျိုးဇာနည် ပီပါပေသည် မြန်မာကျောင်းသား ပညာရေး ကျန်းမာရေးသည် မြန်မာ့ကျောင်းသား နိုင်ငံတော်အတွင်း စော်လိုက်ရှိုတ်ရမည် ရှိုတ်တဲ့စော်ကလည်း ချောရမည် ပိုက်ဆံလည်း ရှိရမည် […]


panpanNovember 3, 20111min1993
ဒါနဲ့ မဟာဗန္ဓုလလမ်းက ဖြိုး ကြေးအိုး၊ ဆီချက်ဆိုင်သွားတယ် အပြန်မှာ ပန်းဆိုးတန်းဂိတ်ကပဲ ကားစီးပြန်တော့မယ်လေ ဒီလိုနဲ့ဆိုင်ထဲဝင်လိုက်တယ် အဲဒီမှာ ဒုတိယမြောက် အတင်းတုပ်စရာမိန်းကလေးတစ်ယောက်နဲ့ တွေ့လေသတည်းပေ့ါဗျာ ———————————————————————- ဆိုင်ထဲဝင်လိုက်တယ်ဆိုရင်ပဲ ဘယ်နားထိုင်ရမလဲဝေ့ကြည့်လိုက်တော့ ဆိုင်အတွင်းဆုံးခုံမှာ လွတ်နေတာနဲ့ဝင်ထိုင်လိုက်တယ် စားပွဲထိုးလေးလာတော့ ကျနော်လည်း ဘာစားရင်ကောင်းမလဲစဉ်းစားရင်း ဆီချက်တစ်ပွဲမှာလိုက်တယ် မှာထားတဲ့ဆီချက်မလာခင် ဆိုင်ထဲကိုလျှောက်ကြည့်မိတော့ ကျနော့်ဘေးဝိုင်းမှာ ကောင်မလေးတစ်ယောက်တွေ့တယ် အော်..သူတစ်ယောက်တည်း လာစားတာကိုး ကားပေမှာတွေ့လိုက်ရတဲ့ ဂျီးပေမလေးကြောင့် ဒီတစ်ခါတော့သေချာဂျီးပေမပေ ကြည့်မိတယ်ဗျ လက်သည်းလေးတွေ၊ ခြေသည်းလေးတွေလည်း ခပ်တိုတိုညှပ်ထားတဲ့အပြင် အသားအရည်လည်း ဖွေးတယ်ဗျ ဆံပင်လေးလည်း ဖြောင့်စင်းနေပြီး နောက်ကိုအကုန်စုစီးထားတာ ရှင်းရှင်းလေး ပြီးတော့ ကတ္တီပါဖိနပ်အပါးလေးမှာလည်း ဘော်ခြယ်ထိုးတာလေး စီးထားတယ် ဖိနပ်ကလည်း ခုပေါ်နေတဲ့ဒီဇိုင်း ကတီ္တပါနှစ်ရောင်စပ်၊ အဖြူနဲ့အနက်လေး အဖြူရောင်ကတီ္တပါတောင်စီးရဲတယ်ဆိုမှတော့ သင်းလေးသန့်သန့်ပြန့်ပြန့်နေတတ်တာ သိသာတယ် အော်…..သန့်ချင်တိုင်းသန့် လှချင်တိုင်းလှနေတာပေ့ါလေ မှန်း………သူစားတာဘာပါလိမ့် […]


panpanNovember 2, 20111min33524
တနေ့က ကျနော်မြို့ထဲကို သွားတယ်ခင်ဗျ ကိစ္စလေးပေါ်လာလို့ဆိုပါတော့ ကျနော်နေတဲ့နေရာလား ဥက္ကလာလေ၊ တောင်ဥက္ကလာပေ့ါ တောင်ဥက္ကလာပစေတီနားမှာ ဆိုပါတော့ ကျနော်အဲဒီနေ့က ဘတ်စ်ကားပေါ်စတက်စီးချိန်ကတည်းက အိမ်ပြန်ရောက်ချိန်ထိ အာရုံထဲမှာ ကောင်မလေးတွေအကြောင်းစဉ်းစားနေတာ တကယ်…၊ စဉ်းစားတယ်ဆိုတာကလည်း အိမ်ကထွက်ပြီဟေ့ဆိုကတည်းက တွေ့မြင်နေရတာကိုး အဲဒီကောင်မလေးတွေထဲက သုံးယောက်လောက်ကိုပဲ အတင်းချတော့မယ်ဗျာ၊ နော် စစချင်း ကားပေါ်မှာစတွေ့တဲ့ကောင်မလေးတစ်ယောက်ကစမယ်ဗျို့ မြို့ထဲသွားဖို့ ကားပေါ်တက်လိုက်တယ် ကျနော်တက်တာ ဘီအမ်ကား၊ ရှေ့ပေါက်ကတက်လိုက်တာ လူပြည့်နေတော့ အထဲထိမဝင်နိုင်တော့ပဲ ရှေ့ဆုံးနှစ်ယောက်ခုံနားမှာပဲ ရပ်နေတာ အဲဒီမှာ စတွေ့တာပဲဗျို့ မြင်သာဈေးလည်းရောက်ရော ကောင်မလေးတစ်ယောက်တက်လာတယ် ကျနော့်နားလာရပ်တယ်ပေ့ါ ကျနော်လည်း ဘာရယ်လို့တော့မဟုတ်ပါဘူး၊ ကျားသဘာဝအရ ခြေဆုံးခေါင်းဆုံး မသိမသာရှိုးလိုက်တာပေ့ါ ကျနော်ကြည့်တာ တစ်ကားလုံးဘယ်သူမှမသိပါဘူး ဒါကလည်း ပညာပေ့ါဗျာ အဲ…ကျနော့်ကိုလည်း နှာဘူးလို့မထင်နဲ့ဦး ဘူးတာမဟုတ်ဘူး၊ ထူးတာလေးမို့ ကြည့်တာပါဗျာတို့ သူလေးက ခုခေတ်လူငယ်ဒီဇိုင်းလေးဗျ ဘောင်းဘီအနက်ကျပ်ကျပ်ကလေး၊ […]


panpanNovember 1, 20111min35323
(ကြာခဲ့ပါပြီ၊ လေးနှစ်လောက်၊ ပေါက်ကရလေးဖြစ်နေမယ်ထင်ပါရဲ့၊ ကျောင်းပြီးခါက ၂၀ဝန်းကျင်အရွယ်လေးမှာရေးထားတာမို့ သည်းခံပြီးဖတ်ကြည့်ပေးပါလို့ ) နှလုံးသားရှာသူ မတွေ့နိုင်တာ ရှာဖွေကြည့် မြင်နိုင်တာကို မတွေ့မိ။ သူသူ ကိုယ်ကိုယ် “ထပ်တူ” မညှိနိုင်တော့ ညီမျှခြင်းက ပြီတီတီ။ ချစ်တာဟာ ဘာအရေးလဲ မေတ္တာသာ အလေးထားတယ်။ ဘဝင်ကို အမြင်အတိုင်း မှန်လိုပဲ ကြည့်ကြစို့။ မြင်တတ်ရင် ဝင်ခဲ့ပါ ငါ့နှလုံးသားဖွင့်ထားတယ် “သဏ္ဌန်” တူသူချင်း သေဖော်ညှိရအောင်။ မဖြေတတ်ရင် ဒီတစ်သက် ဆွေးစရာနဲ့ ပြီးမယ် နေတတ်ရင် ဒီဘဝက ကျေနပ်စရာချည်းပဲ။ 10:55 P.M 18.11.2007