Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

ဇီဇာကြောင်သော လူပျိုကြီး (အပိုင်း-၂)

panpanNovember 3, 20111min3483

ဒါနဲ့ မဟာဗန္ဓုလလမ်းက ဖြိုး ကြေးအိုး၊ ဆီချက်ဆိုင်သွားတယ်
အပြန်မှာ ပန်းဆိုးတန်းဂိတ်ကပဲ ကားစီးပြန်တော့မယ်လေ
ဒီလိုနဲ့ဆိုင်ထဲဝင်လိုက်တယ်
အဲဒီမှာ ဒုတိယမြောက် အတင်းတုပ်စရာမိန်းကလေးတစ်ယောက်နဲ့ တွေ့လေသတည်းပေ့ါဗျာ
———————————————————————-

ဆိုင်ထဲဝင်လိုက်တယ်ဆိုရင်ပဲ ဘယ်နားထိုင်ရမလဲဝေ့ကြည့်လိုက်တော့
ဆိုင်အတွင်းဆုံးခုံမှာ လွတ်နေတာနဲ့ဝင်ထိုင်လိုက်တယ်
စားပွဲထိုးလေးလာတော့ ကျနော်လည်း ဘာစားရင်ကောင်းမလဲစဉ်းစားရင်း
ဆီချက်တစ်ပွဲမှာလိုက်တယ်
မှာထားတဲ့ဆီချက်မလာခင် ဆိုင်ထဲကိုလျှောက်ကြည့်မိတော့ ကျနော့်ဘေးဝိုင်းမှာ
ကောင်မလေးတစ်ယောက်တွေ့တယ်
အော်..သူတစ်ယောက်တည်း လာစားတာကိုး
ကားပေမှာတွေ့လိုက်ရတဲ့ ဂျီးပေမလေးကြောင့် ဒီတစ်ခါတော့သေချာဂျီးပေမပေ ကြည့်မိတယ်ဗျ
လက်သည်းလေးတွေ၊ ခြေသည်းလေးတွေလည်း ခပ်တိုတိုညှပ်ထားတဲ့အပြင် အသားအရည်လည်း ဖွေးတယ်ဗျ
ဆံပင်လေးလည်း ဖြောင့်စင်းနေပြီး နောက်ကိုအကုန်စုစီးထားတာ ရှင်းရှင်းလေး
ပြီးတော့ ကတ္တီပါဖိနပ်အပါးလေးမှာလည်း ဘော်ခြယ်ထိုးတာလေး စီးထားတယ်
ဖိနပ်ကလည်း ခုပေါ်နေတဲ့ဒီဇိုင်း
ကတီ္တပါနှစ်ရောင်စပ်၊ အဖြူနဲ့အနက်လေး
အဖြူရောင်ကတီ္တပါတောင်စီးရဲတယ်ဆိုမှတော့ သင်းလေးသန့်သန့်ပြန့်ပြန့်နေတတ်တာ သိသာတယ်
အော်…..သန့်ချင်တိုင်းသန့် လှချင်တိုင်းလှနေတာပေ့ါလေ
မှန်း………သူစားတာဘာပါလိမ့်
ကြေးအိုးစားနေတာဗျ
ကောင်မလေးက ပိန်ပိန်သေးသေးလေးနဲ့
စားနိုင်လိုက်တာဗျာ
ဒီချိန်မှာပဲ ကျနော်မှာထားတဲ့ဆီချက် လာချပေးတယ်
ကျနော်လည်း ဆီချက်လေးစားလိုက် ကောင်မလေးလှမ်းရှိုးလိုက်ပေ့ါ
ကျနော်ဆီချက်စားလို့၃၊ ၄ဇွန်းလောက်ကုန်တဲ့အချိန် သူကတော့ကြေးအိုးကုန်သွားပြီ
ကျနော်စရောက်တော့ သူ့ကြေးအိုးက ကုန်တော့မယ်လေ
နောက်တော့ သူလည်းဆီချက်တစ်ပွဲ ထပ်မှာလိုက်သေးတယ်
ပါဆယ်ယူမှာမဟုတ်ဘူးဗျို့
ထပ်တုပ်တာဗျ
စားတာကလည်း ဘာမြန်သလဲမမေးနဲ့
ကျနော့်ဆီချက်အကုန် သူ့ဆီချက်လည်းအကုန်ပဲ
ဒါနဲ့စောစောက ဆိုင်ထဲဝင်ကာစက အဖြေမသိတဲ့မေးခွန်းလေး
ချက်ချင်းအဖြေပေါ်သွားတယ်
အစကတော့ ဒီလိုကောင်မလေးမျိုး တစ်ယောက်တည်းစားနေရရှာတာ ထူးဆန်းနေတာ
ကြည့်ပါလား ဒီလောက်အစာပုတ်နေတာ ဘယ်သူကြိုက်ရဲပ့ါမလဲ
သူ့ဘော်ဒီဆိုဒ်ကြည့်ရတာကတော့ ပိန်ပိန်သေးသေးပါပဲ
ဒါပေမယ့် ဒီနှုန်းနဲ့စားမယ်ဆို တစ်ချိန်ချိန်မှာ စဉ့်အိုးဆိုဒ်ဖြစ်သွားမှာပဲ
ပြီးတော့ ဈေးဖိုးပေးရင်လည်း သူများထက် နှစ်ဆလောက်ပေးမှရမှာ
ဟော….ချက်ပြုတ်ပြီးလို့ စားသောက်တော့မယ်ဆိုလည်း
ကိုယ်ကတစ်ပန်းကန်တောင်ကုန်ဦးမှာမဟုတ်ဘူး
သူကနှစ်ပန်းကန်လောက် အသာလေးဆွဲပြီးလောက်ပြီ
သူစားတာနဲ့ ကိုယ်တောင် ဝအောင်စားရမယ်မထင်ဘူး
တော်ပါပြီ တောင်တောင်အီအီအတွေးတွေ လက်လျှော့လိုက်ပါတော့မယ်
ကိုယ့်ဆီချက်ကိုယ် စားနေတာပဲကောင်းပါတယ်ဗျာ၊ နော
ကိုယ့်ဆီချက်ကိုယ့် ငုံ့စားနေပေမယ့် ကောင်မလေးအသံကြားတော့လည်း
လှမ်းစပ်စုမိတာပဲဗျ
သူက စားပွဲထိုးကို ပိုက်ဆံရှင်းဖို့လှမ်းခေါ်လိုက်တာလေ
ကျသင့်ငွေရှင်းပြီး သင်းလေးမတ်တပ်ထပြီးထွက်သွားတယ်
သရီးကွာတားချည်သားဘောင်းဘီလေးနဲ့ ကိုယ်လုံးလေးကိုငေးနေရင်း
သူ့ဖိနပ်နဲ့ သံမန်တလင်း ရှပ်တိုက်သံ ဖလပ်ဖလပ်တောင်မြည်တယ်ထင်ရတယ်
အော်..ကျနော်လည်း ကိုယ့်ဆီချက်ကိုစားပါမယ်ဆိုမှ မျက်လုံးကအကျင့်ပါနေသေးတယ်
တကယ်က ကြောင်ပြီးငေးမိတာပါဗျာ (ယောင်ပြီးငေးမိခြင်း)
ဟိုကောင်မလေးငွေရှင်းပြီး ကျနော်လည်း ငွေရှင်းတယ်
ပြန်တော့မယ်လေ၊ ဒီထက်နည်းနည်းနောက်ကျရင် ကားကပိုကျပ်တော့မှာ
အရေးထဲ ပြန်အမ်းတဲ့ပိုက်ဆံတစ်ရာပြန်အမ်းရမှာ တစ်ရှုးထုပ်လာအမ်းနေလို့
တော်တော်အလုပ်ရှုပ်လိုက်သေး
ရှုပ်တယ်ဆိုတာလည်း ဒီလိုရယ်ပါ
ကြေးအိုးက ၂၂၀ဝကျတယ်
ကျနော်က ၂၅၀ဝပေးလိုက်တာ သူတို့က၂၀ဝတန်တစ်ရွက်၊ ၁၀ဝတန်တစ်ရွက် အမ်းရမှာပေ့ါဗျာ
ခုတော့ ၂၀ဝတန်တစ်ရွက်နဲ့ တစ်ရှုးလာအမ်းနေတယ်
ကျနော်က ကိုယ့်တွက်ကိန်းနဲ့ကိုယ်
အမ်းတဲ့၂၀ဝတန်ကို အထူးကားခအတွက် ၂၀ဝပေးစီးမယ်
ဒါမှမဟုတ် အိတ်ထဲကျန်နေသေးတဲ့ ၅၀ဝတန်ကို ၁၀ဝတန်နဲ့တွဲပေးပြီး ၄၀ဝအအမ်းတောင်းမယ်
ရတဲ့၂၀ဝတန်ကို နောက်လည်းကားစီးရင် သုံးရတာပေ့ါဗျာ
၁၀ဝတန်က တွဲမပေးလို့လည်းမဖြစ်
ကားစပယ်ရာတွေက ၁၀ဝတန်ရှိတာကို အိတ်ထဲထိုးထည့်ထားပြီး
မရှိဘူးဆိုပြီး ပြန်မအမ်းတတ်ဘူးဗျ
ဒီတော့ ကျနော့်မှာ ၁၀ဝတန်လည်း အပိုဆောင်း ဆောင်ထားရသေးတာ
မြို့ထဲကအပြန်ဆူးလေကနေ ဘီအမ်စီးရင် ၂၀ဝပေးရတယ်လေ
ပြီးတော့ အရပ်ကရှည်တော့ မတ်တပ်ရပ်လည်းခေါင်းနဲ့ အမိုးမလွတ်
ထိုင်ပြန်တော့လည်း အောက်ကCNGဘူးတွေနဲ့ဆိုတော့ ဒူးကမလွတ်
ဒီပန်းဆိုးတန်းကနေ အထူးကားစီးရင်လည်း ၂၀ဝပဲ
ဒီတော့ အထူးကားပဲစီးတော့မယ်ဗျ၊ နော်
ဒီချိန်လည်း နေရာရမှာပဲဆိုတော့ မတ်တပ်ရပ်ပြီး
တစ်ဦးနဲ့တစ်ဦး တင်ပါးပွတ်စရာလည်း မလိုတော့ဘူးလေ
ခုနကဆိုင်မှာပိုက်ဆံရှင်းတဲ့အကြောင်းလေး ပြန်ဆက်ကြစို့ရဲ့
အဲဒါတစ်ရာတန်မရှိလို့မအမ်းနိုင်ဘူးဆိုတော့ ကျနော့်မှ၁၀ဝတန်ပါတယ်
ဒီ၁၀ဝတန်ယူလိုက်၊ တစ်ရှုးလည်းပြန်ယူ ၂၀ဝတန်ပေးပေ့ါ
အဲဒီလိုကျတော့လည်း နောက်ထပ်၂၀ဝတန်တစ်ရွက်က မရှိတော့ပြန်ဘူးတဲ့လေ
တော်တော်စိတ်ညစ်ဖို့ကောင်းတာပဲ
ဒါနဲ့ကျနော်လည်း အိတ်ထဲမှာ အပိုဘတ်ကပ်(back up)ဆောင်ထားတဲ့
၁၀ဝတန်လေးတစ်ရွက်နဲ့ ၂၀ဝတန်လေးတစ်ရွက် ထုတ်ပေးပြီး
၅၀ဝတန်ပဲ ပြန်ယူလိုက်ရတာပေ့ါဗျာ
အခုအပြန်မှာ ကားစီးရင် ၁၀ဝတန်လည်းမရှိ၊ ၂၀ဝတန်လည်းမရှိ
၅၀ဝတန်၊ ၁၀၀ဝတန်ပေးလို့ ၁၀ဝတန်ပြန်မအမ်းဘူးဆိုရင် ကားခ၃၀ဝတောင်ကျတော့မယ်
စီစစ်လွန်းတာမဟုတ်ဘူးဗျ၊ ဒီခေတ်ကုန်ဈေးနှုန်းနဲ့ ဒီလောက်အကွက်စေ့မှကာမိမှာ
အတွေးထဲတွေးပြီး ဆီချက်ဆိုင်ကို ဒါမှန်းသိ မစားပါဘူးလို့ စိတ်ထဲကကျိန်ဆဲမိတာပေါ့
ဒီလိုနဲ့ မှတ်တိုင်သွား ကားစောင့်နေတယ်ပေ့ါဗျာ

3 comments

  • ပေါက်ဖော်

    November 3, 2011 at 5:34 pm

    အင်း..
    မောင်ပေ..အိမ်ရောက်ဖို ့လိုသေးတယ်..
    ဆက်..ဆွဲ..ထား..ပန်ပန်ရေ..

    အဲလိုမိန်းကလေးတွေ..တစ်ဂယ်ရှိတာနော့်…
    ဝါးတီး..အမုန်းကြိတ်တာ….
    တူတို ့အစား ဗိုက်လေးလိုက်တာ..(ရင်မလေးဘူး..)
    😆

  • we R one

    November 3, 2011 at 5:54 pm

    လူပိန်နံရိုး အစာ တိုးတဲ့.. စားသမျှ တွေ နံရိုးတဲ ရောက်ကုန်တာနေမှာ.. 😀

  • windtalker

    November 4, 2011 at 9:55 pm

    အဖြစ်မှန် က ဒီလိုဗျ
    အဲဒီ အမုန်းဆွဲနေတဲ့ မိန်းကလေး က
    ပန်ပန် ပါဘဲ ခင်ဗျား
    သူ ပြောခဲ့ဖူးတယ်လေ
    သူ က ပိန်ပိန်သေးသေးလေးပါတဲ့
    အဲ…လူက သာ ပိန်သေးပေမယ့်
    အစားမှာတော့
    အခု ဖတ်ရတဲ့ အတိုင်းပါဘဲ ခင်ဗျား

Leave a Reply