panpanOctober 28, 20111min2207
လွန်ခဲ့သော နှစ်ပတ်ခန့်က ရုံးပိတ်ရက်မနက်ခင်းတွင့် ကျွန်မအဒေါ်နှင့် ကျွန်မတို့ ဈေးသို့ချီတက်ခဲ့သည်တမုံ့။ ဈေးက တာမွေအဝိုင်းထိပ်တွင်ရှိသော ရာပြည့်ဈေးဖြစ်သည်။ အဒေါ့်အိမ်နှင့် နီးသောလည်း ကျွန်မတို့အိမ်မှ ၁၅မိနစ်ခန့် လမ်းလျှောက်ရလေသည် (ကျွန်မတို့က မင်းလမ်းဈေးနှင့် ပိုနီးသည်)။ ရာပြည့်ဈေးသို့ သွားရခြင်းမှာ ထိုဈေးတွင် ဈေးသည်စုံသောကြောင့် ဖြစ်သည်။ ဈေးရုံထဲထိပင် သွားစရာမလို။ အပြင်က ပျံကျဈေးသည်တွေ အလွန်ပေါသည်။ ဟင်းချက်စရာမှအစ အိမ်သုံးပစ္စည်းအချို့လည်း အပြင်ဖက်တန်းတွင်ပင် ဝယ်လို့ရသည်။ ပြီးတော့ ဈေးသည်ပေါတော့ ပစ္စည်းလည်းပေါသည်။ သို့ကလို ထိုဈေးတွင် လိုအပ်သမျှဝယ်ခြမ်းပြီးသည့်သကာလ အပြန်တွင် ဈေးတန်းအစွန်၌ ပက်လက်ကုလားထိုင်တစ်လုံးကို ရောင်းနေတာ တွေ့လေသည်။ ပက်လက်ကုလားထိုင်တစ်လုံးသာမက ဘေးနားတွင်လည်း ကုလားထိုင်အခင်း သုံးလေးငါးခု ပါသေးသည်။ ကျွန်မဖွားအေဖြစ်သူ(အဒေါ်နှင့်အတူနေသူ)က ကုလားထိုင်တစ်လုံး လိုချင်နေသည်ဆို၍(အိမ်တွင်ရှိသော ကုလားထိုင်က အတော်အိုနေပြီဖြစ်သည်) ထိုပက်လက်ကုလားထိုင်အား ဝယ်ပေးရန်စဉ်းစားမိသည်။ ဈေးရောင်းသူမှာ […]


panpanOctober 27, 20111min48829
ဒီတစ်ခေါက်တော့ ကျွန်မအဒေါ်ကြုံခဲ့တဲ့အကြောင်းလေး ဖောက်သည်ချတာပါ တနေ့ကမှ ဈေးထဲသွားရင်းတွေ့တာတဲ့ ဖြစ်ပုံက ဒီလို………….။ ———————————————————————— ဈေးနားတစ်နေရာမှာ လူတွေစုအုံနေကြတယ်၊ ဘာလဲဆိုတော့ တွေ့လိုက်တာက လူအုပ်အလယ်မှာ လူနှစ်ယောက်၊ ပခြုပ်တစ်လုံး အထဲမှာမြွေလည်း ရှိတယ်ပြောတယ် အဲဒီလူနှစ်ယောက်မှာ တစ်ယောက်ကဆရာ၊ တစ်ယောက်ကတပည့် ဆရာလုပ်သူက စတစ်ကော်လံနဲ့ ယောပုဆိုးနဲ့ တပည့်က ဆံရှည်ကို နောက်စုစီးထားတယ် ဒီလိုနဲ့ ပရိသတ်ထဲက ကောင်လေးတစ်ယောက်ကိုခေါ်တယ် အဆောင်ဆိုတာလေးပေးပြီး ပါးစပ်ထဲငုံခိုင်းတယ် ပြီးတော့ ဒီအဆောင်လေးငုံရင် စီးပွားတက်မယ်၊ ဘာပြုညာပြု စဖောတယ်၊ ကိုယ့်ကိုမကြိုက်တဲ့မိန်းကလေးဆိုရင် ကိုယ့်ရှေ့တောင်ခြေစုံလာရပ်မယ် ပီယဆေးအနေနဲ့လည်း စွမ်းသတဲ့ ဒါနဲ့ပဲ ဘယ်သူလိုချင်လဲလို့မေးတယ်၊ အတင်းမတိုက်တွန်းပါဘူးတဲ့ ဒါလည်းပြောတယ် ပရိသတ်ထဲက လိုချင်သူတွေက တောင်းကြတယ် အဲဒီမှာ တပည့်လုပ်သူက “ဆရာ၊ လက်ဖွဲ့က သိပ်မကျန်တော့ဘူး” “ဆရာ ကုန်တော့မယ်ဗျ” ဆရာလုပ်သူကလည်း […]


panpanOctober 25, 20111min66041
အန်တီပဒုမ္မာရဲ့ ပိုစ့်ကိုဖတ်ပြီး တွေးမိသမျှ ရေးချလိုက်ပါရဲ့ မန်းရင် အရမ်းစာကရှည်နေလို့ တစ်ပိုစ့်ရေးလိုက်တာပါ ကိုယ်တိုင်ကလည်း လူငယ်ဆိုတော့ လူငယ်ကိုပဲ အခြေခံပါရစေ ကိုယ့်ဖီးလ်နဲ့ကိုယ်ပါပဲ ကျွန်မလည်း အရမ်းရှုပ်ထွေးနေပါတယ် ကျွန်မတော့ စင်ကာပူထွက်မယ်ဆိုပြီး မနေ့က ဆုံးဖြတ်ချက်ချလိုက်တယ် အရင်က လုံးဝနိုင်ငံခြားထွက်ပြီး အလုပ်မလုပ်ဘူးလို့ နေလာခဲ့တာ စင်ကာပူသွားဖို့ အခွင့်အရေးတွေပေါ်လာခဲ့ပေမယ့် ပေကပ်ပြီးနေလာခဲ့တာ ကျွန်မမှာလည်း ဖီလင်တွေရှိနေတယ် ကျွန်မလက်ရှိလုပ်နေတာ နိုင်ငံခြားလူမျိုးပိုင်ကုမ္ပဏီမှာပါ အလုပ်က ပရိုဂရမ်မာ ကျွန်မအမြဲတွေးမိတာက ကျွန်မတို့တွေ ထုတ်လုပ်လိုက်တဲ့ ကုန်ပစ္စည်းတစ်ခုဟာ ကျွန်မတို့ မြန်မာနိုင်ငံသူ နိုင်ငံသားတွေ သုံးဖို့မဟုတ်ပါဘူး နိုင်ငံခြားက အလုပ်တွေကို လက်ခံပြီး မြန်မာပြည်မှာ မြန်မာဝန်ထမ်းတွေနဲ့လုပ်နေရတာပါ ပရောဂျက်တစ်ခုလုပ်လိုက်ပြီး ဟိုဖက်ကိုတင်ပို့လိုက်ရတယ် ကျွန်မတို့မြန်မာလူမျိုးတွေ ကိုယ်စွမ်းဉာဏ်စွမ်းရင်းပြီး ထုတ်လုပ်လိုက်တဲ့ ထုတ်ကုန်ဟာ ကျွန်မတို့နိုင်ငံအတွက်မဟုတ်ဘူး ကျွန်မတို့လူမျိုးတွေ အချိန်ကုန်၊ လူပန်းသက်သာအောင် အသုံးပြုဖို့မဟုတ်ဘူး […]


panpanOctober 24, 20114min40117
မနေ့က (၂၃၊ အေက်တိုဘာ၊ ၂၀၁၁) တနင်္ဂနွေနေ့တုန်းက ကျွန်မ တောင်ဒဂုံက BGသွေးအကူအညီပေးရေးအဖွဲ့ရဲ့ ပညာဒါနကျောင်းလေးကို ရောက်ခဲ့ပါတယ်။ အဲဒီနေ့မနက်က အဖွဲ့ခေါင်းဆောင် ကိုညီညီဆီကို ဖုန်းဆက်ပြီး သွားခဲ့တာပါ။ ရည်ရွယ်ချက်ကတော့ အဖွဲ့အတွက် အလှူငွေရှာဖို့ပါပဲ။ ကျွန်မအနေနဲ့ ကျွန်မအလုပ်လုပ်နေတဲ့ ရုံးကသူငယ်ချင်းတွေဆီမှ အလှူငွေကောက်ခံပြီး ပညာဒါနကျောင်းအတွက် လှူဒါန်းဖို့ပါ။ ကျောင်းအတွက်ဆိုပေမယ့် ကျောင်းအတွက်သော်လည်းကောင်း၊ သွေးလှူဒါန်းရာမှာသော်လည်းကောင်း ဘယ်နေရာမှာသုံးသုံးပါ။ ကျောင်းလေးထဲ ဝင်လိုက်တာနဲ့ သူရဲကောင်းတွေရဲ့ အငွေ့အသက်နဲ့ နွေးထွေးမှုကို ရရှိလိုက်ပါတယ်။ ကြက်သီးထစရာပါ။ ကျောင်းက အပြီးအစီးဆောက်ပြီးပါပြီ။ အမေစုမွေးနေ့တုန်းက ဆွမ်းကပ်တာသွားတုန်းကတော့ အမိုးပဲမိုးရသေးပါတယ်။ ဘာအကာမှ မရှိသေးဘူး။ ကျွန်မရောက်သွားတော့ ကိုညီညီနဲ့တော့ မတွေ့ဖြစ်လိုက်ပါဘူး။ ကိစ္စရှိလို့ ခုလေးတင်အပြင်ထွက်သွားတယ်ပြောပါတယ်။ ကျွန်မရောက်ချိန်မှာ ကျောင်းမှာစာသင်နေပါတယ်။ ကလေးတွေက အရွယ်စုံ၊ ဆိုဒ်စုံပါပဲ။ ဘယ်ကကလေးတွေလဲလို့ အဲဒီကစာသင်ပေးနေတဲ့ ဆရာမကို […]


panpanAugust 16, 20111min41920
    ဟဲလိုဆိုတာ အင်္ဂလိပ်စကား၊ နှုတ်ဆက်တာ။ တယ်လီဖုန်းကောက်ကိုင်ရင် ဟဲလိုလို့စပြောကြတယ် တရုတ်တွေက “ဝယ်” (ကြားတဲ့အသံအတိုင်းရေးလိုက်တာ၊ အသံထွက်လွဲမလားမသိ) ကိုရီးယားကျတော့ “ရောပုချယ်ရော” (ဒါလည်းကြားတဲ့အသံအတိုင်းရေးလိုက်တာ၊ အသံထွက်လွဲမလားမသိ) ဂျပန်ကတော့ “မိုရှိ မိုရှိ”တဲ့ (ဒါကတော့ မလွဲတော့ဘူး၊ သေချာတယ်) မြန်မာတွေကတော့ ဟဲလိုအသုံးများကြတယ် ကျွန်မအတွေးနဲ့ စပြောပါတော့မယ် အင်္ဂလိပ်တွေလာရောက်အုပ်ချုပ်ပြီး တယ်လီဖုန်းတွေအသုံးပြုခဲ့ကြတယ် မြန်မာနိုင်ငံကလူတွေလည်း တယ်လီဖုန်းစသုံးဖြစ်ကြတယ် တယ်လီဖုန်းကို ခုချိန်ထိ အင်္ဂလိပ်စာလုံးအသံထွက်အတိုင်းပဲ ခေါ်ဝေါ်ကြတယ် တယ်လီဖုန်းကိုင်လိုက်ရင် အင်္ဂလိပ်လူမျိုးတွေက ဟဲလိုလို့စပြောတော့ အဲဒီအတိုင်းလိုက်ပြောဖြစ်ကြတယ် တရုတ်တို့၊ ကိုရီးယားတို့၊ ဂျပန်တို့မှာတော့ ဖုန်းကိုင်လိုက်ရင် စပြော(ပြန်ထူး)တဲ့စကားက သူ့ဟာသူ သပ်သပ်ရှိပြီး ဘာလို့မြန်မာတွေကျတော့ ဟဲလိုပဲပြောနေရတာလဲလို့ အဲဒါကြောင့်တွေးမိတယ် မြန်မာစကားနဲ့ဆိုရင် ဟဲလိုအစားထိုးသုံးစရာ ဘာစကားနဲ့အဆင်ပြေမလဲ “မင်္ဂလာပါ” (နည်နည်းအူကြောင်ကြောင်နိုင်သလားလို့) “ဟုတ်ကဲ့၊ အမိန့်ရှိပါ” (ဟုတ်ကဲ့ကြီးကိုမကြိုက်ဘူး၊ […]