Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

သတင်း…အတင်း…အဖျင်းဌာန

panpanJune 9, 20121min67219

နွေရာသီဆိုတော့ ပူသပေါ့။ လမ်းထဲကလူတွေလည်း နေလေးဝင်ပြီဆိုတာနဲ့ လမ်းပေါ်ထွက် လူလေးငါးယောက်စုထိုင် လေညင်းလေးခံလိုက်၊ စကားလေး

အလာပသလာပလေးပြောလိုက်နဲ့ နွေရာသီညတွေ ဒီလိုဖြတ်သန်းကြတာကလား။ အဲဒီမှာ ကြည့်ပေါက်တို့အိမ်ရှေ့အိမ်ကအဒေါ်ကြီးကတော့ အသည်းဆုံးပေါ့။

သူ့နာမည်အရင်းကတော့ ဘယ်သူရယ်မသိဘူး။ ကြည့်ပေါက်တို့ပေးထားတာတော့ RFAပဲ။ 😛 သူကစပ်စုတယ်၊ သတင်းစုံတယ်၊ အတင်းပြောတယ်။ သူ့အိမ်မှာထိုင်ပြီး

လူစုစုနဲ့ စကားပြောနေရင်သိပြီ။ အတောပြင်း အတင်းပြောနေတာ။ တစ်နေ့တော့ ကြည့်ပေါက်အိမ်ထဲကနေ လမ်းဖက်ကိုလှမ်းကြည့်နေတုန်း

အဲဒီဒေါ်RFAကိုကြည့်မိတယ်။ သူရယ်၊ သူ့သမီးရယ်၊ ဟိုဖက်ကပ်လျက်လမ်းက အခြောက်လိုလို ဂျော်ကယ်လိုလိုတစ်ယောက်ရယ် လေပေးဖြောင့်နေတယ်။

ဒေါ်RFAအတောပြင်းနေပြီဆိုတာ ကြည့်ပေါက်သိလိုက်ပြီ။ သူတစ်ယောက်တည်း စကားဝိုင်းကိုထိန်းတယ်၊ ပြောတယ်။ လူတစ်ယောက်ဖြတ်သွားတယ်၊

အဲဒီလူကိုကြည့်တယ်။ နည်းနည်းလှမ်းသွားတော့ အဲ့လူအကြောင်း အတောပြင်းတယ်။ ကြည့်ပေါက်ဘယ်လိုသိလဲ၊ ဟုတ်လား။ ဒေါ်RFAက

ပါးစပ်နဲ့တင်ပြောတာဟုတ်ရိုးလား။ မေးလေးတငေါ့ငေါ့၊ လည်လေးတဆန့်ဆန့်၊ ခေါင်းလေးတမော့မော့နဲ့ မူရာကြွယ်ကြွယ် ပြောတာကိုး။ ဒီလိုနဲ့

တက္ကစီတစ်စီးဖြတ်သွားလည်းဒီတိုင်း၊ လူဖြတ်သွားလည်း ဒီတိုင်း။ ကြည့်ပေါက်လည်း ခပ်ပျင်းပျင်းရှိတာနဲ့ အိမ်ပေါ်ကနေ သူ့ကြည့်ပြီး အပန်းဖြေနေတာရယ်လေ။
ခဏနေတော့ အသက်၆ဝလောက်ရှိတဲ့ ခပ်ပိန်ပိန်အဖိုးကြီးတစ်ယောက် သူ့တို့ဝိုင်းရှေ့က ဖြတ်လျှောက်တယ်။ အဲ့လူကြီးက ဒေါ်RFAတို့နားရောက်တော့

အနားကကပ်လျှောက်တော့ သူ့အသိမှတ်တာပေ့ါ။ ဒေါ်RFAကလည်းသူ့ကို လိုက်ကြည့်တယ်။ သူကလည်း ဒေါ်RFAကိုကြည့်တာ လည်ပြန်။

တကယ်က ဒေါ်RFAက စပ်စပ်စုစု ခေါင်းစခြေဆုံး လက်ထဲကတခုခုပါရင်တောင် ပါတဲ့ဟာကအစလိုက်ကြည့်တာကိုး။ အဖိုးကြီးလည်း

သုံးအိမ်ကျော်လောက်ရောက်တဲ့ထိ လှည့်ကြည့်လှည့်ကြည့်နဲ့ သံယောဇဉ်တငင်ငင်၊ ဒေါ်RFAကြီးလည်း ပြူးကြောင်ကြောင်နဲ့ ခေါင်းကြီးစောင်းလို့။

ကြည့်ပေါက်ကတော့ အိမ်ပေါ်ကနေ ထိုင်ဟားလို့။ 😀 ဒါနဲ့ပဲ အတန်ကြာတော့ သူနဲ့စကားပြောနေတဲ့အခြောက်လည်း ထပြန်တယ်။ သိတော်မူကြမှာပါ၊

ဒေါ်RFAအဲဒီအခြောက်အကြောင်း အတောပြင်းမယ်ဆိုတာ။ အဲဒါဒတ်ဖော့ပဲလေ။ အခြောက်လည်းဖင်လေးလိမ်ကောက်လိမ်ကောက်နဲ့ လှမ်းသွားလိုက်တာ လေးငါးဆယ်လှမ်း လှမ်းပြီးရော၊ ဒေါ်RFAလည်း ဘေးမှာရှိတဲ့

တစ်ယောက်တည်းသောသူ့သမီးကို ပြောရပြီပေ့ါ၊ မေးလေးငေါ့တော့တော့။ သူပြောတာကြားလို့ ကြားပေါက်က သိတာမဟုတ်ဘူးနော်။ သူ့အမူအရာ၊ ပါမောမင့်၊

ဘီဟေးဗီးယားတွေကြည့်ပြီး အလိုအလျောက် အော်တိုမတ်တပ်သိတာ။ ဒါ့ကြောင့် ကြည့်ပေါက်သူ့ကြည့်ပြီး ရယ်နေရတယ်။ ပြီးတော့ လန့်တယ်။ သိတယ်လေ၊

ကြည့်ပေါက်အတောလည်း သူပြင်းမှာပဲဆိုတာ။ အဟဲ၊ ရွာထဲလည်း ဦးRFA၊ ဒေါ်RFAတွေရှိမရှိတော့မသိ 😆 လောလောဆယ်တော့ ကြည့်ပေါက်တို့လမ်းထဲက ဒေါ်RFAအကြောင်း ကြည့်ပေါက်ပဲ တွေ့သမျှ မြင်သမျှ အတောပြင်းလိုက်ရပါကြောင်း…။ :mrgreen:

19 comments

  • MaMa

    June 10, 2012 at 12:11 am

    (သူ့အမူအရာ၊ ပါမောမင့်၊ ဘီဟေးဗီးယားတွေကြည့်ပြီး အလိုအလျောက် အော်တိုမတ်တပ်သိတာ )
    အတောပြင်းပုံလေးကို စာစီတာ ပီပြင်ပါပေတယ် ပန်ပန်ရယ်။ 😆

  • surmi

    June 10, 2012 at 12:24 am

    တခါထဲ စကားဝိုင်းကို ဂုတ်ဆွဲပြီးပြလိုက်သလိုဘဲ ….
    သရုပ်ဖေါ်ကောင်းချက် ။
    အဲ ….ကျုပ်ဖြတ်လျောက်သွားမိရင်လည်း အတောပြင်းစရာတွေအများကြီးကျန်ခဲ.မှာ …..
    ဘယ်နေရာလဲပြော …….နောက်မလာတော.ဘူး ။

  • pooch

    June 10, 2012 at 12:38 am

    ရှိတယ်ပန်ပန်ရေ ရွာထဲမှာ အတင်းပြောတတ်တဲ့သူတယောက် ။ တခြားသူတွေကတော့ သိပ်မပြောကြပါဘူး။ ဒီလိုပဲ ဖာသိဖာသာ နေကြတာ။ :mrgreen:

    ဒင်းကတော့ အရှေ့ကျွန်းကနေ လှမ်းလှမ်းပြီး ပြောတာကလား။
    ဥပမာ တခုပြောရရင် အရီးပြန်လာတုန်း သူနဲ့တွေ့တာ သမီးကလေးကို ဒီလူကြီး သတိထားရမယ်လို့ ပြောတာကို သူ့မှာ ရင်ထုမနာ ရင်ကွဲပက်လက်တွေ ဖြစ်ပြီး ဘယ်နှယ့်ဗျာ ကျနော့်ကို အရီးက ဒီလို ဒီလို ပြောတယ်လို့ ဆိုပြီး ပြောပြောပြီး ငိုတာကလား။ 😆

    ပြီးတော့ ရှိသေးတယ် အတူကမ့်ဆင်းတဲ့ ဘော်ဒါတယောက် အိပ်ရာထနောက်ကျတာတို့ မနက်စာငတ်ကြီး ကျပြီး အတန်းလစ်တာတို့ ဒါမျိုးတွေကလည်း ပြောသေးတာလား။

    ပြီးတော့ သူ့ကို ဆာကူရာက ဒေါက်ဖိနပ်နဲ့ ခေါက် တဲ့အခါမျိုးဆိုရင် ကွယ်ရာမှာ အားရပါးရ အတင်းတုပ်တာကလား ။
    ရှေ့တင်ဆို ကြောက်တော့ ကွယ်ရာမှာ ခမျာ ပေါက်ကွဲရှာတယ် ထင်ပါရဲ့ ဟယ်။ 😆

    • အရီး Khin Latt

      June 10, 2012 at 5:09 am

      ဟားဟားဟား။
      ဒီလောက် ဝမ်းနဲပက်လက် ဖြစ်သွား မယ်မှန်းသိရင် အဲလို အကြောပါဘူးဟယ်။
      စောဒီး။
      (ဟိဟိ ပျော်ပါ့ – နောက်တာနော် – အတည်)
      Pooch နဲ့ တွေ့မှ ငြိမ်သွားတာ ထင်ရဲ့။
      သူ့ကိုရော Pooch ဓား ပြထား လိုက်တာလား။ 😀

    • Foreign Resident

      June 10, 2012 at 5:28 am

      ဂီဂီ တော့ အငိုက်မိ ခံလိုက်ရပြီ ။
      ဟီဟိ ၊ ဒီလို မိုးထဲလေထဲ အချိန်မှာမှ ၊
      ဂီဂီ က ခရီး ထွက်နေတာကိုး ။ 😛

    • pan pan

      June 10, 2012 at 7:31 am

      ဂီဂီစကား ၂နဲ့စား အကြွင်း သုည မယုံရ
      ဂီကမားကတ်တင်းသမားလေ
      ဂီ့စကားယုံရင် လုံးပါးပါးမယ်
      ယုံမိလို့ ပုံအပ်လိုက်ရင်
      ကုန်ဘီလို့သာ မှတ် 😆

      • pooch

        June 10, 2012 at 8:50 am

        ဟုတ်ပါ့တော် ။ လုံးဝလုံးဝ မယုံရပါ။ ညီမလေးတွေ သတိထားနိုင်အောင်လို့ပါ။
        ဟီး …ချဉ်ဖတ်မရှိတုန်း အတင်းတုပ်လက်စနဲ့ ဆက်တုပ်လိုက်ပါအုန်းမယ်။ :mrgreen:

        တခါက ညီမရယ် မိုးစက်က မန္တလေး လာရင် အမနဲ့ လာတွေ့မယ် ပြောတာကို ဒင်းက ဘာပြောတယ် ထင်လဲ။ ဇိကလေးက စိတ်ရောဂါကု ဆရာဝန်နဲ့ ပြနေရတာ ကျန်းမာရေးပြသာနာလည်း ရှိပြီး လက်အိတ်တောင် ဝတ်ထားရတယ် ဆိုပဲ။ ဒါကြောင့်မို့ လူတကာနဲ့ မတွေ့ပဲ နေတာဆိုပဲ။ လာရင်တွေ့ပါလိမ့်မယ် ဆိုပြီး ပြောတယ်တော်။
        မဟုတ်မဟပ်ကို လုပ်ကြံသွားတယ်။
        ပြီးတော့ ဇိကို သူကတဲ့……. အဟွတ်အဟွတ်…..အဟွတ်…..အဟွတ်… အော်.. ဒီချောင်းကလည်း … … :mrgreen:

        ပြီး ဟိုနေ့ကတင် လောလောလတ်လတ် တခါလုပ်ကြံသွားတယ်။ လူသတ်သမား ဓာတ်ပုံဆရာ လူရည်သန့်ကလေး ဘာစိတ်ဖောက်တယ် မသိဘူး။ မော်ဒယ်လေးကို သတ်သွားလို့ သူသတင်းလိုက်နေတယ် ဆိုပြီး ။ အဟုတ်မှတ်လို့ ။ နောက်ရက် ခြင်သတ်ပြီး တင်တယ်တော်။

        ပြောရင် ကုန်မှာ မဟုတ်ဖူး။ ဒါကြောင့်မို့ ဒင်းကို ချဉ်လွန်းလို့ ချဉ်ဖတ်ပဲ ခေါ်တော့တယ်။
        သူများတကာ ဆယ်ခွန်းပြောရင် တခွန်းလောက်တော့ ယုံလို့ရသေးတယ်။ ဒင်းက ဆယ်ခွန်း * 10000000000000000 လောက်မယုံရတာပါတော်။ 😆

        အော်မေ့လို့ ကျန်သေးတယ်။ ပန်ပန်လေးနဲ့ နီကီတာကို ရောင်းစားဖို့ ပလန်ရှိတယ် ပြောဖူးတယ် ။ သတိထားနော် ညီမလေး။ :mrgreen:

        • pan pan

          June 10, 2012 at 11:28 am

          အဲလိုပဲ
          ကိုဂီကမားကတ်တင်းသမားပီပီ
          ကောင် မလေးချောချောဆို လူကုုုုုုုုုုုုုန်ကူးချင်နေတာ
          အပြောကောင်း တော်ကီညက်တာကိုး
          ဂျပိုးတောင် ဂေါ်ဇီလာဖြစ်ရော

        • ကိုရင်စည်သူ

          June 10, 2012 at 11:37 am

          တို့ ဆြာကီး ဆရာ့ဂီ့မရှိတုန်း အတင်းဒွေ ချနေလိုက်ကြဒါ…
          အပျိုကြီးတွေ တော်တော် စိတ်နာနေပုံရဒလယ်… 😀 😀
          ဒီတခါတော့ နှူးဘားကို ခဏသစ်စာဖောက်ပီး တားတား အပျိုကြီးတွေ ဘက်က မျက်နှာလိုက်လိုက်မယ်…

          တစ်က ပြီးတော့ ဇိကို သူကတဲ့……. အဟွတ်အဟွတ်…..အဟွတ်…..အဟွတ်… အော်.. ဒီချောင်းကလည်း … … :mrgreen:

          နှစ်က အော်မေ့လို့ ကျန်သေးတယ်။ ပန်ပန်လေးနဲ့ နီကီတာကို ရောင်းစားဖို့ ပလန်ရှိတယ် ပြောဖူးတယ် ။ သတိထားနော် ညီမလေး။ :mrgreen:

          ဂီ့ကြီး အီးမေလ်းကနေ မိုးလေးကို ခိုးပေးနေတယ်.. (ရဲဉ်းစားစာ) လည်းကြားဒယ်..
          ခုဒေါ့… ဂီ့ကို ကြောက်ပီး.. ပန်ပန်လည်း မြန်မြန်အလုပ်ထွက်သွားပီ…
          နီကလေးလည်း အရောင်းစားမခံရခင်.. ကိုရင့်ဆီ အပေါင်ခံဖို့ ကြံနေရပီ.. 😳 😳

          အဲ့လိုဒွေကြောင့် ခရီးထွက်နေတုန်း စိုင်ပစ်တိုင်း ခလုပ်တိုက်ပါစေဝ်… 😀
          ရထားခိုးစီးလို့ လက်မှတ်ဌာနက ထိန်းသိမ်းခံရပါစေသော်… 😛 😛

      • Foreign Resident

        June 10, 2012 at 9:20 am

        မောင်ဂီ မောင်ဂီ ။
        မင်း ဘဝ တော့ ပစ်ရပါဘီကွယ် ။ 😀
        မင်း တစ်ခါလေး ခရီထွက်ပါတယ် ၊
        မင်းမရှိတုန်းလေး အားရပါးရ ဝိုင်းဘေနေကြပြီ ။
        အတိုင်လေး နှင့် အဖေါက်လေးကို ညီလို့ ။ 😛
        အော် ကောင်းလေစွ ၊ ကောင်းလေစွ ။
        အဲ မှားလို့ ဒုက္ခ ၊ ဒုက္ခ ။ 😛

  • အရီး Khin Latt

    June 10, 2012 at 5:08 am

    ပန်ပန်
    လူကြည့်တော့ မော်ဒယ်ဂဲလ်လို
    ဒီလို ဟာသ စာတွေလဲ ရေးတတ်တယ်လား။ 🙂
    မျက်စိထဲ မှာမြင်ရောဘဲ။

    ဒါနဲ့ –
    {{{ ခဏနေတော့ အသက်၆ဝလောက်ရှိတဲ့ ခပ်ပိန်ပိန်အဖိုးကြီးတစ်ယောက် သူ့တို့ဝိုင်းရှေ့က ဖြတ်လျှောက်တယ်။ }}}
    တို့များ ရွာထဲ က ဘယ်သူများ ဖြစ်နိုင်ပါလိမ့် ???
    ကထူးဆန်း တော့ဖြစ်နိုင်တယ်။
    သူက စီဂျေ တရားဝင်နာမည်ရ ဆိုတော့ သတင်းယူ ဖို့ အနံ့ခံပြီး ဖြတ်လာတာ ထင်တယ်။ 🙄

  • htoosan

    June 10, 2012 at 7:42 am

    ဘယ်သူမှ မသိလောက်ဘူးအောင်းမေ့တာ .. အရီးလတ် လက်ကပြေးမလွတ်ပါလား .. 😀

  • စိန်ဗိုက်ဗိုက်

    June 10, 2012 at 11:45 am

    အင်း..
    မေင်ဂွီတော့ နားကားနေပါပကောလား..
    ကောင်းဒယ်.. ဆက်ပြောကြ.. 😆

  • တညင်သား

    June 10, 2012 at 5:15 pm

    ပို့စ်ထက်ကို ကွန်မန်းတွေက ပိုပြီးပီပြင်တယ် ဒါတောင် ကွန်မကောင်းလို့ ပြောချင်နေတဲ့သူတွေ ရှိအုံးမလားပဲ…:) 🙂

  • MaMa

    June 10, 2012 at 9:48 pm

    အောင်မယ်လေး အောင်မယ်လေး။
    စက်ရက်လိုက်ကြတာ။
    ငါ့တစ်ဦးတည်းသောသားကိုများ နောက်ကွယ်မှာ အတင်းအဖျင်းစုံလင် ပြောနေလိုက်ကြတာ။ 👿
    သူ့ထိရင် ငါမခံဘူး။
    သူ့ဖာသာ ခံလိမ့်မယ်။ 😆

    • အရီး Khin Latt

      June 10, 2012 at 9:59 pm

      မမ၊ မမ၊ မမ တားတား က တူညားကို အထင်လွဲတွားတာပါ။
      တူများက အဲလိုဂျီး လို့ အရည်ရွယ်ပါဘူး။
      တူ့ဟာတူ အိုးမလုံအုံပွင့် ဂရောင်ချောက်ချား နဲ့ Pooch တို့ ဇီကလေးတို့ တနားအောင် ကြောတာပါ။
      အဟိ။ တနားချာရေး နော်။ 😛

  • Shwe Tike Soe

    June 10, 2012 at 11:09 pm

    ဂျပန်ရဲတိုက်ကလေးကို ခဲနဲ.ဝိုင်းထုနေကြပါလားနော်… အင်းသူခမျာလဲ့ သူများတံတွေခွက်ပက်လက်မျောရှာပါပေါ့ လား………… အဲဒါကြောင့်ပြောပါတယ်… ရေကူးသင်ထားပါလို. ဟိဟိဟိဟိ ဒက်ကလောက် ဒက်ကလောက်…

Leave a Reply