အိမ်ခြံမြေရောင်းဝယ်ရာတွင် ကျပ်သိန်း ၅၀၀၀ နှင့်အထက်ဆိုပါက အခွန် ၁၂ရာခိုင်နှုန်း၊ ကျပ်သန်း ၅၀၀၀ အောက်ဆိုပါက အခွန် ၁၅ရာခိုင်နှုန်းသာ ပေးဆောင်ရန် လျော့ချပေးထားမှုအား သက်တမ်းတစ်နှစ် ထပ်မံတိုးမြှင့်မည်ဖြစ်ကြောင်း နေပြည်တော်ရှိ ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန၊ ပြည်တွင်းအခွန်များဦးစီးဌာနမှ စုံစမ်းသိရှိရပါသည်။ ၂၀၀၈ ခုနှစ် သြဂုတ်လ ၁၂ရက်နေ့တွင် ထုတ်ပြန်ထားသော အဆိုပါ လျော့ချထားသည့် အခွန်နှုန်းဖြင့် ပေးဆောင်ရန် သတ်မှတ်ထားမှုမှာ ၂၀၁၀ ပြည့်နှစ် သြဂုတ်လ ၁၂ရက်နေ့တွင် ကုန်ဆုံးမည်ဖြစ်သော်လည်း ယခုကဲ့သို့ တစ်နှစ်ထပ်မံ တိုးမြှင့်လိုက်သည့်အတွက် ၂၀၁၁ ခုနှစ် သြဂုတ်လအထိ အကျုံးဝင်မည်ဖြစ်ကြောင်း အကျိုးဆောင်များက ဆိုသည်။ ယခုအခါတွင် ရန်ကုန်အိမ်ခြံမြေဈေးမှာလည်း အချက်အခြာကျနေရာများဆိုပါက များစွာမြင့်တက်လျှက်ရှိနေပြီး ၂၀၀၅ ခုနှစ်ကဖြင့်နှိုင်းယှဉ်ပါက ၆ဆနီးပါးပင် မြင့်တက်လာသည့်နေရာများ ရှိလာကြောင်း သိရသည်။

About kln

k ln has written 409 post in this Website..