အလွန်မှန်ကန်သော အသားလှုပ်နိမိတ်များ(မျက်လုံးသီးသန့်)

Yin Nyine NwayAugust 8, 20101min1381

သူငယ်ချင်းတို့အတွက် လက်ဆောင်-

သူငယ်ချင်းတို့ရေ- မျက်လုံး၊ မျက်ခမ်း၊ မျက်ခုံး သီးသန့် အသားလှုပ်နိမိတ်လေး မျှဝေလိုက်တယ်နော်-
နေ့အလိုက် အသားလှုပ်မှုနိမိတ်တွေပါ- မှန်တယ်လို့ ခံစားရရင် ကိုယ်ခင်မင်တဲ့သူတွေကို လက်ဆင့်ကမ်းလိုက်ပေါ့- နော်။
တရုတ်ရိုးရာထုံးတမ်းစဉ်လာယုံကြည်မှု စာအုပ်မှကောက်နှုတ်ထားတာပါ။

(1) တနင်္လာ- ဘယ်= ဒီနေ့အဖို ့ (ကောင်းသော(သို့)ဆိုးသော)ကိတ်

စတခုခုတောက်ပေါ်ပေါက်လိမ့်မယ်။
(2) တနင်္လာ- ညာ= မစိုးရိမ်ပါနဲ့၊ ဒါဟာ သွေးသားလှုပ်ရှားမှုသက်သက်ပါ။
(3) အင်္ဂါ- ဘယ်= စိတ်ကြည်နူး ပျော်ရွှင်ရပါလိမ့်မယ်။
(4) အင်္ဂါ- ညာ= မမျှော်လင့်သော၊ မလိုလားသော ကိတ်စတခုပေါ်ပေါက်လိမ့်မယ်။
(5) ဗုဒ်ဓဟူး- ဘယ်= တစ်ယောက်ယောက်တော့ မင်းကို ကြိုက်နေတယ်။
(6) ဗုဒ်ဓဟူး- ညာ= မင်းကို စိတ်တိုစေမယ့် ကိတ်စတစ်ခုပေါ်ပေါက်လိမ့်မယ်။
(7) ကြာသပတေး- ဘယ်= မထင်မှတ်ထားတဲ့ ကိတ်စ အကြောင်းအရာ ပေါ်ပေါက်မယ်။
(8) ကြာသပတေး- ညာ= ဒီနေ့အဖို ့ ဖြစ်နိုင်ရင် ဘာကိတ်စမှ ဝင်မစွတ်ဖက်ပါနဲ့။ အာမမခံပါနဲ့။
(9) သောကြာ- ဘယ်= တစ်ယောက်ယောက် မင်းကို လွမ်းနေတယ်- သတိရနေတယ်။
(10) သောကြာ- ညာ= မကြာခင် စိတ်ချမ်းသာ ကြည်နူးစရာများ ပိုင်ဆိုင်ရလိမ့်မယ်။
(11) စနေ- ဘယ်= ဒီရက်ပိုင်းအတွင်း မင်းလျှို ့ဝှက်ထားတာတွေ ဘူးပေါ်သလိုပေါ်မယ်။
(12) စနေ- ညာ= ဒီရက်ပိုင်းအတွင်း တစ်ယောက်ယောက်ဆီမှ လက်ဆောင်ပစ်စည်းရမယ်။
(13) တနင်္ဂနွေ- ဘယ်= သင့်အတွက် လုံးဝမမျှော်လင့်ထားတဲ့ ကိတ်စဖြစ်ပွားမယ်။
(14) တနင်္ဂနွေ- ညာ= ကံအရမ်းကောင်းပါမယ်။

ယေဘုယျအားဖြင့်တော့ တရုတ်လူမျိုးများဟာ ခန္ဓာကိုယ်အစိတ်အပိုင်းများရဲ့ အသားလှုပ်နိမိတ်များနဲ့ ပတ်သက်ပြီးတော့ ယုံကြည်ထားတာကတော့-
“ဘယ်” ကောင်း “ညာ” ဆိုး ပါတဲ ့။