ကရင်ပြည်နယ် မှာ ရှိတဲ့ မဟာဆဒ္ဒန်ဂူကို အလည်တစ်ခေါက်ရောက်ခဲ့ပါတယ်

ရောက်ခဲ့တာနဲ့တန်အောင် ဂူအစကနေအဆုံးထိဝင်ဖို့ဆုံးဖြတ်ခဲ့ကျပါတယ်

ဂူဝကိုရောက်တော့ ဂေါပကအဖွဲ့က ဂူထဲကိုဝင်မှာလားလို့မေးပါတယ်

ဝင်မှာလို့ပြောတော့ ဂူထဲမှာ မီးအလင်းရောင်ရအောင် မီးထွန်းဖို့ အလှူငွေလေးထောင်ကောက်ပါတယ်

အလှူငွေထဲ့ပြီးဂူထဲ ကိုဝင်ခဲ့ကျပါတယ် ဂူဝမှာ ဘယ်မှာမှမတွေ့ဘူးတဲ့မျက်နှာပုံထွင်းထားတဲ့ စေတီတစ်ဆူကိုလည်းဖူးခဲ့ရပါတယ်

ဂူအစကနေဂူအဆုံးထိ ၄၅ မိနှစ်လောက် အတက်အဆင်းတွေနဲ့သွားခဲ့ရပါတယ်

ဂူအလယ်နားလောက်မှာ အလင်းဝင်ပေါက် ၂ပေါက်သာတွေခဲ့ရပြီး

ကျန်တဲ့နေရာမှာတော့ မီးအလင်းရောင်မှုန်ပြပြလေးနဲ့ အေးမြစိုစွတ်နေပါတယ်

ဂူခေါင်မိုးတွေမှာတော့ လင်းနို့တွေအများကြီးပါပဲ

ဂူအဆုံးမှာတော့ စေတီတစ်ဆူရှိပါတယ် ပြီးတော့ မဟာဆဒ္ဒန်အင်းကြီးပေါ့

ကဲအခုတော့ ဂူဓာတ်ပုံတွေအရင်ကြည့်ရအောင်နော်

 

P1310276

မဟာဆဒ္ဒန်ဂူဆောင်းတန်းအစ

P1310289

ဒီလှေကားလေးအတိုင်းတက်

P1310291

ဂူအ၀နားကကျောင်း

P1310292

P1310293

ဒီလိုလျှောင်းတော်မူပုံလဲရှားတယ်

P1310296

P1310295

ဂူအမိုးပေါ်က စေတီသေးသေးလေးတွေ

P1310294

ဂူအဝ

P1310304

ဂူအ၀ကစေတီ

P1310303

ဂူအ၀ကလူမျက်နှာနဲ့စေတီ

P1310307

လျှောင်းတော်မူ

P1310312

အလင်းဝင်ပေါက်1

P1310305

ဂူပေါ်ကကျောက်ပန်းဆွဲ

P1310315

အလင်းဝင်ပေါက်၂

P1310318

ဂူထွက်ပေါက်ကိုလှန်းမြင်နေရပြီ

P1310322

ဂူအဆုံးပါ

P1310320

ဂူအဆုံးက စေတီလေးကို အပေါ်ကနေလှန်းဖူးလိုက်ပါအုံး

P1310321

ဂူအဆုံးကို အပြင်ကလှန်းရိုက်ထားတာ

P1310325

လမ်းလျှောက်ရလို့မောသွားပြီးလား စေတီလေးကိုဖူးပြီးရင်

မဟာဆဒ္ဒန်အင်းမှာအမောပြေလေညှင်းခံရင်းလှေစီးမယ်နော်

 

 

 

Novy

About Novy

yi yi has written 66 post in this Website..

မှန်တယ်ထင်ရင် နောက်မဆုတ်ပါ CJ # 1272011