အချိန်က ဖေဖော်ဝါရီ ၁၁ ရက် ည ၁ဝ နာရီ .. ဒေါ်MPP တို့ ဖုန်းတစ်လုံးနဲ့ တိုင်ပတ်နေပါပြီ …။ ကိုယ့်ဖုန်းကို Security ပိုင်း လုံခြုံအောင်ဆိုပြီး GSM ဖုန်း Sim Card ကို Password နဲ့ Lock ချထားမိတာကနေ …

smartphone-mobile-security-lock-227x300

သောကြာနေ့ညက ဖုန်းကို Restart ပေးပြီး ပြန်တက်လာတော့ Sim card password တောင်းတော့ ရိုက်လိုက်တယ်… xxxxxx ပေါ့.. မရဘူး မှားတယ်..။သုံးကြိမ်မှားခွင့်ရှိတယ်ပေါ့ 2 times left. ဒါနဲ့ နောက်တစ်ခါ ထပ်ရိုက်လိုက်တယ်..ထပ်မှားပြန်ပြီ ၁ကြိမ်ပဲကျှန်တော့တယ်..စိတ်ထဲလည်း ထွေသွားတယ်..ငါဒီပက်ဝက်ကို အမြဲရိုက်နေကျပါ..ဘာများမှားလို့ပါလိမ့်ဆိုပြီး ..ကဲ ဒိတစ်ခါ ထပ်ရိုက်မယ်ဆိုပြီး ရိုက်တာမှာ ၃ ကြိမ်မြောက်အထိ ပက်ဝက်မမှန်လို့ဆိုပြီး sim card locked ကျသွားပါတော့တယ်ပေါ့..။

သေပြီ ..ဖုန်းကလည်း ဆက်လို့မရ emergency call only ဆိုပြီးပဲပြတော့တယ်..။ အဲ့ဒိမှာ PUK နဲ့ စတွေ့တာပဲ..။ သူက PUK code ရိုက်ထည့်ပါ …New Pin Code ထည့်ပါလို့ ပြောလာတယ်..။ ကိုယ်လည်း PUK ဆိုတာ ဘာမှန်းမသိ..ဖုန်းစာချုပ်မှာ ပါတဲ့ Sim card no ကိုထည့်ပြီး တစ်ခါ..အရင် ပက်ဝက်ပေးထားတဲ့ နံပါတ်ကို တစ်ခါ ၂ကြိမ်ထည့်ပြီး စမ်းလိုက်တယ်..မဟုတ်သေးဘူးတဲ့..သူကတော့ ၁ဝ ကြိမ်မှားခွင့်ရှိတယ်တဲ့..အဲ့ဒိတော့ ကိုယ့်မှာ 8 times left ကျှန်သေးတယ်..ထပ်မစမ်းရဲတော့ဘူး..စမ်းရင်းစမ်းရင်း အကြိမ်တွေကုန်သွားမှဖြင့်.. ဘာဒွေဆက်ဖြစ်ဦးမယ်မသိ…အဲ့ဒါနဲ့ အစ်မဆီ အိမ်ဖုန်းနဲ့ လှမ်းဆက်မေးတော့ သူက အဲ့ဒီလို ကတ်ပျတ်တာ လော့ကျတာဆို ဗဟန်း ရွှေဂုံတိုင်ဆက်သွယ်ရေးရုံးကို သွားပြီးပြန်လျှောက်ရတယ်ဆိုပါတယ်…

puk1_n

ဒါမှမဟုတ် ဖုန်းဆင်းကတ်ဝယ်တုန်းက ကတ်ချိုးတုန်းက ကတ်လေးဘေးနားမှာ ကုတ်နံပါတ်တွေ ပါတယ်ပေါ့…အဲ့ဒိဟာကို ရိုက်ထည့်ပြီး တစ်ချို ့ဆိုင်တွေက စမ်းကြတယ်လို့ဆိုပါတယ်..အဲ့ဒိကတ်ကလည်း ဖုန်းဝယ်ပြီးကထဲက ဘယ်နားသိမ်းလိုက်မှန်းမသိအောင် အသိမ်းလွန်ကာ အရေးကြုံက  ရှာမရတော့ပါ..ကဲ ဒါနဲ့ မထူးပါဘူး ဆက်သွယ်ရေးပဲသွားလိုက်ပါ့မယ်ပေါ့…နောက်နေ့က ပြည်ထောင်စုနေ့ ပိတ်ရက်ဆိုတော့..ရုံးသွားလို့ မရသေးဘူး..။အဲ့ဒါနဲ့ ဖုန်းဆိုင်ကို မေးကြည့်တော့ လှည်းတန်း Touch က sim card lock ကျတာကို ၃ ရက်စောင့်ရမယ်တဲ့..တစ်ပါတ်လောက်လည်းကြာနိုင်တယ်တဲ့ ..ဘယ်လောက်ကုန်မလဲဆိုတော့ တစ်သောင်း ၊ တစ်သောင်းခွဲလောက်ကျမယ်တဲ့…(ဟင် ဟုတ်လား ..ပချံတော့ထပ်ထွက်ရဦးမယ် ..ဗြဲ )..ပေါ့ ။ ဆိုင်ကို ဖုန်းစာချုပ်ရယ်..မှတ်ပုံတင်မိတ္တူနဲ့ ယူလာပါတဲ့ ..။ ဒါနဲ့ နေဦးပေါ့..အိမ်နားက. .နောက်တစ်ဆိုင် ထပ်မေးတော့ သူက Pin code lock ကျတာလားတဲ့ ..မဟုတ်ဘူးလို့ PUK Lock ဆိုတော့ မရဘူးတဲံ ဗဟန်းဆက်သွယ်ရေးရုံး သွားမှရမယ်ဆိုပါတယ်..သူတို့လုပ်ပေးမယ်ဆို ၁၂၀၀ဝ ပေးရမယ် ၃ ရက် ၄ ရက်လောက် စောင့်ရမယ်ဆိုပါတယ်…ကဲ မထူးပါဘူးလေ..ကိုယ့်ဘာသာ ရုံးနေ့ဝက်ယူပြီး ဆက်သွယ်ရေးသွားလုပ်ပါတော့မယ်ပေါ့..

7902_553988067975169_1420658941_n

ဖေဖော်ဝါရီ ၁၃ ရက် မနက် ၉ နာရီမထိုးခင်မှာ မေမေနဲ့တူတူ ရွှေဂုံတိုင် ဆသရသို့ တက်ကစီနဲ့ ချီတက်ကြတာပေါ့လေ…ဟိုလည်းရောက်ရောပွဲစားတွေနဲ့ စတိုးတာပါပဲ..ဘာလုပ်မှာလဲပေါ့ ကတ်ပျက်လား ကတ်ပျောက်လားတဲ့…ဘာမှမပျက်မပျောက်ဘူးလို့ ဆိုပြီးကိုယ့်ဘာသာ ရုံးထဲဝင်သွားကြတယ်..ကတ်ပျောက်ကောင်တာရှေ့မှာ မေးတာပေါ့..PUK Lock ကျသွားလို့ပါ Code no; တောင်းနေလို့ပါလို့ ဆိုတော့ စာရေးမကပြောတယ်..အဲ့ဒါ ဒီမှာမရဘူးတဲ့..ဟံသာဝတီအဝိုင်းက ဝေဋူ ဝန် အိတ်ချိန်း မှာ သွားလုပ်ရမယ်တဲ့..တိန် …ကဲ ..ဒါဆိုလည်း အဲ့ဒီပဲသွားရတော့မှာပေါ့နော်..အပြင်ထွက်တော့ ပွဲစားတစ်ယောက်ကလာပြောတယ်..၈၀၀ဝ ပေးရင် ၁ နာရီလောက်စောင့် ..ရမယ်တဲ့ …ကိုယ်တစ်ယောက်ထဲသာသွားရင် ပေးမိချင် ပေးမိဦးမှာ..ကိုယ်က ဟိုသွားရ ဒီသွားရနဲ့ စိတ်က သိပ်ရှည်တာ မဟုတ်ဘူးလေ ..၅၀၀ဝ လောက်မရဘူးလားလို့ ဈေးစစ်လိုက်သေးတယ်..ပွဲစားက တင်းတင်းပဲ မရဘူးတဲ့.. မေမေပါတော့ မေမေက မပေးနဲ့တဲ့ ကိုယ့်ဘာသာသွားမယ်ဆိုတော့..ကဲ ..တက်ကစီပေါ်တက်ကြပေတော့ပေါ့…ကားလမ်းတွေကတော့ ထုံးစံအတိုင်း လမ်းပိတ် မီးပွိုင့်တန်းစီပေါ့.. မထသ ၄၈ အထူးနဲ့ နောက်ကားတစ်စီး ယာဉ်တိုက်မှုတစ်ခုရှေ့မှာ ဖြစ်နေတော့ နောက်မှာ ကားတွေက တန်းစီ ဂျမ်းဖြစ်နေတာပေါ့ ..

ကဲ ဒီလိုနဲ့ပဲ..ဟံသာဝတီ ဆသရသို့ ရောက်ပါပြီ …ဝင်ဝင်ချင်းတွေ့တဲ့ အဆောက်အဦးအပေါ်ထပ်ကို တက်လိုက်ကြတယ်..အဲ့ဒိမှာ ရုံးခန်းက ဖုန်းနံပါတ်တောင်းတယ်..ကိုယ့်ကတ်က ပုံမှန် sim card ကိုမှ ထပ်ပြီး တစ်ဝက်ထပ်ချိုးထားတဲ့ အသေးလေး ဖြစ်နေတော့ အဲ့ဒိဘေးက ချိုးထားတဲ့အပိုင်းလေးမှာ နံပါတ်တွေပါတယ်တဲ့ ..

sim card

အဲ့ဒါရှိလားဆိုတော့ ..အဲ့ဒါကလည်း မရှိတော့ပါဘူးပေါ့..ဖုန်းနံပါတ်ပြောဆိုလို့ နံပါတ်လေးပြောပြီး..ဒါနဲ့ သူတို့ ရုံးခန်းအပြင်မှာ ခဏစောင့်ပါဆိုပြီး အထဲဝင်သွားတယ်..ကိုယ်နဲ့ မေမေက အပြင်စားပွဲလေးမှာ ထိုင်စောင့်ပေါ့…၁၅ မိနစ်လောက်လည်းကြာတော့ …စာရေးမတစ်ယောက်ထွက်လာတယ်..သူတို့ဆီက ၄၂၁ နဲ့စ တာ မရဘူးတဲ့..အဲ့ဒါက အနောက်ကပ်လျှက်အဆောင်အပေါ်ထပ်ကိုသွားပါတဲ့…အဲ့ဒါများ မရရင် စောစောကမပြောဘူးနော်…ကတ်လေးပြန်ယူပြီး အောက်ကိုပြန်ဆင်းကျ..ဟိုဘက်အနောက်က အဘက်ကပ်လျှက် အဆောင်ပေါ်ထပ်လှေကားထပ်တက်ကြပေါ့..ရောက်ပါပြီ..အဲ့ဒိမှာ ကတ်လေးပေး နံပါတ်ပြောပြီး..ခဏစောင့်ရတယ်..ကိုယ့်လိုပဲ လော့ကျလို့ ကောင်လေးတစ်ယောက်လည်း ရောက်လာတယ်..သူလည်း ရွှေဂုံတိုင်ကနေ ပြန်လာတာတဲ့ ..ဘဝတူတွေလေ..အဲ့ဒိမှာ ၁ဝ မိနစ်လောက် ခဏစောင့်ပြီး အဲ့ဒိက အစ်မက ကွန်ပျူတာနဲ့ကုတ်သွားရှာပေးပြီးဖုန်းမှာဖြည့်လိုက်တယ်..ဖုန်းကတ် Unlocked ပြန်ဖြစ်သွားတာပေါ့နော်…အဲ့ဒီက အစ်မကပြောတယ်..PUK code ပဲ မို့လို့ပေါ့..၁ဝ ကြိမ်ထပ်လည်း ပိုစမ်းထားလိုက်မိရင် ကတ်က အပျက်မရတော့ပဲ ကတ် အပျောက်နဲ့ ထပ်လျှောက်ရမှာတဲ့ အဲ့ဒါဆို ၂၀၀၀ဝ ပေးရမယ်တဲ့ရှင် …ကိုယ်လည်း Sim card လော့ကိုဖြုတ်ပလိုက်တယ်…ရပြီဆိုတော့ မေမေ နဲ့ ပြန်လာကြတာပေါ့..ဒါပါပဲ ပိုက်ဆံလည်း မပေးခဲ့ရပါဘူး..သူတို့ကလည်း မတောင်းပါဘူး…ကြားပွဲစားတွေနဲ့ လုပ်ရင် ၈၀၀ဝ ပေးရဦးမှာ..အဲ့ဒါနဲ့ ရုံးကို တက်ကစီ နဲ့ ပြန်ပေါ့ မေမေ့ကို လမ်းမှာဝင်ချပေးပြီး ကိုယ်ကတော့ဆက်သွားပေါ့..။ တက်ကစီဖိုးတွေကတော့ ကုန်တာပေါ့ရှင်..။အော်…password , password…

အဲ့ဒိ Password အခံကောင်းလို့ ပြဿ      နာတက်တာလည်း အကြိမ်ကြိမ်ပဲ ..ရုံးမှာလည်း ဆာဗာပက်ဝက်ကို မှားရိုက်မိတာမှာလည်း account lock ကျပြီး..အလုပ်တွေကို ရှုပ်သွားပါကောလား..သူလည်း ၃ကြိမ်ထပ်ပိုမှားခွင့်မပေးဘူးလေ…ဖုန်းနဲ့ပါတ်သပ်ပြီး အမှတ်တရလေးတစ်ခုပေါ့ရှင်..

lockedphone

စာဖတ်သူမိတ်ဆွေတို့လည်း ဖုန်းဆင်းကတ် ဝယ်မယ်ဆို..ကတ်ချိုးပြီးရင် ကတ်အဟောင်းလေးကို သေချာသိမ်းထားကြဖို့နဲ့…မူလဆင်းကတ်ကိုမှ ဖုန်းဟန်းဆက်ပြောင်းလို့ ကတ်ထပ်ချိုးရမယ်ဆို ချိုးလိုက်တဲ့အပိုင်းလေးကို သေချာပြန်တောင်းထားဖို့ သတိပြုပါနော်…အဲ့ဒါဆိုရင်ဖြင့် ကျွန်ုပ်လို့ ဆက်သွယ်ရေးရုံးတွေဆို ပြေးရလွှားရ မေးရမြန်းရနဲ့ တက်ကစီသမားအလုပ်အကျွေးမပြုရတော့ဘူးပေါ့ရှင်…နောက်လူတွေလည်း ဒီလိုအဖြစ်မျိုးတူခဲ့ရင် သိရအောင် ရေးလိုက်တာပါ..လက်တွေလည်း ညောင်းပြီ ..အမှားပါရင် ခွင့်လွတ်ဖတ်စေချင်ပါတယ်..

ခင်မင်စွာဖြင့်

MPP

အဲ့ဒါနဲ့ပုံလေးတွေပါ ထည့်ချင်လို့ Googling လိုက်တော့ ဒီပိုစ့်လေးတွေ သွားတွေ့တယ်..ဒီလာခ့်လေးတွေကတွေ သွားပြီး ဗဟုသုတယူဖတ်ရှုလိုပါက Juz One click ပါနော်…Sim card ရဲ ့ PIN/ PUK lock အကြောင်းနဲ့ ဖြေရှင်းနည်းပါတဲ့ …။

 

About myat pearl phyu

myat pearl phyu has written 5 post in this Website..

ငါတတ်ငါတော် ငါအကျော်ဟု၊ ငါသော်စိတ်ထား မရှိငြားလည်း၊ ငါကားငယ်ရွယ် ဥာဏ်မကြွယ်၍၊ အဘယ်သို့လျှင် အမှားစင်အံ့၊ အကြင်သူတော် ပညာကျော်သည်၊ ချွတ်ချော်လွဲမှား ငါ့စကားကို၊ စိတ်ထားဖွေးဖြူ ပြင်တော်မူ။