” မလုံစကောင်း လုံစကောင်း (အပိုင်းနှစ်) “

တစ်ခါက ကုန်ပစ္စည်းလက်လီ လက်ကားဖြန့်ချိတဲ့လုပ်ငန်းကြီးမှာပေါ့။
အဲဒီလုပ်ငန်းမှာပိုင်ရှင်က အဝေးမှာနေပါတယ်။
သူ့လူယုံဘဲပြောပြော မန်နေဂျာလို့ဘဲခေါ်ခေါ် ကအုပ်ချုပ်ပါတယ်ပေါ့။
တစ်လနှစ်လနေမှ တစ်ခါလောက် သူဌေးကလာပါတယ်။
အလုပ်နဲ့ပါတ်သက်တဲ့ စာရင်းဇယားတွေကိုတော့ ဖက်စ်နဲ့နေ့စဉ်မှန်မှန်ပို့ပေးရပါတယ်။
သူဌေးကလဲ သူ့လုပ်ငန်းကို လေးလတစ်ကြိမ် အပြင်က စာရင်းစစ်အဖွဲ့နဲ့ခေါ်စစ်ပါတယ်။
သူဌေးက စေ့စပ်တယ်လို့ပြောလို့ရပါတယ်။
ဒါပေမဲ့ သူ့လူယုံက လည်တယ်လို့ဘဲပြောရပါမယ်။
သူတို့လုပ်ငန်းက လက်လီရောလက်ကားရော ရောင်းပါတယ်။
လက်လီဈေးနဲ့လက်ကားဈေးတွေမှာကွာခြားချက်ရှိပါတယ်။
ဒီနေရာမှာ လက်လီရောင်းရတယ်ဆိုရင်လဲ လက်ကားအရောင်းစာရင်းထဲမှာထဲ့လို့ ခြားနားတဲ့ငွေတွေကို သူအိတ်ထဲထည့်ပါတယ်။
နောက် ပရိုမိုးရှင်းလုပ်တယ်ခေါ်တဲ့ အရောင်းမြင့်တင်ရေးလုပ်ပြီဆိုရင်လဲ အများအားဖြင့် ဝယ်တဲ့အရေအတွက်ပေါ် ငွေပမဏ အနည်းအများပေါ်မှာမူတည်ပြီး လက်ဆောင်တို့ ကော်မရှင်တို့ကို အဆင့်သတ်မှတ်ပေးလေ့ရှိပါတယ်။
ဥပမာပြောရရင် (ဆပ်ပြာအမွှေးခဲ 5ဖာဝယ်ရင်ထီးတစ်ချောင်းလက်ဆောင် ဆယ်ဖာဝယ်ရင် ထီးသုံးချောင်းလက်ဆောင်ပေးတယ်ဆိုရင် 5ဖာနှစ်ကြိမ်ရောင်းတာကို ဆယ်ဖာတစ်ကြိမ်ထဲ
အရောင်းပြလိုက်ရင် ထီးတစ်ချောင်းအပိုထွက်လာတာမျိုး)
(ကျပ်တစ်သိန်းဘိုးဝယ်ရင် 3%လျှော့ပေးမယ်။သုံးသိန်းဆိုရင် 5%လျှော့ပေးမယ်။ဆယ်သိန်းဆိုရင် 8% နှုန်းလျှော့ပေးတယ်ဆိုရင် သူက တစ်သိန်းဘိုးဘယ်နှစ်ကြိမ်ရောင်းရောင်း
သုံးသိန်းဘိုးဘယ်နှစ်ကြိမ်ရောင်းရောင်း ဆယ်သိန်းပြည့်တဲ့အချိန်ကျမှ အရောင်းစာရင်းစုထည့်လိုက်တော့ ပိုထွက်လာတဲ့ ရာခို်င်နုန်းက သူ့အိတ်ထဲရောက်သွားတာမျုးိပေါ့။
သူက စာရင်းလဲကျွမ်းကျင်သူတစ်ယောက်ဖြစ်နေတော့ ဘောင်ဝင်အောင်လုပ်နိုင်ပါတယ်။
သူ့အောက်က အရောင်းဝန်ထမ်းတွေ ကိုလက်လီများများရအောင် ရောင်းခိုင်းပါတယ်။
နောက်မှ သူက ဘယ်လိုရောင်းလာလာ လက်လီနည်းနည်းလက်ကားများများအရောင်းစာရင်းပြလို့ သူ့ သူဌေးဆီစာရင်းတင်ပေးပါတယ်။
ရောင်းလဲရောင်းနေရတယ် အမြတ်အစွန်းလဲ ရှိနေတယ်ဆိုတော့ သူဌေးကလဲ ဘာမှသိပ်ထူးထူးထွေထွေမပြောပါဘူး။
သိလဲသိမှ မသိတာကိုး။
သူအဲဒီလိုလုပ်နေတာကို သိနေတဲ့သူအောက်က ဝန်ထမ်းတွေကလဲ လက်တစ်လုံးခြား ဖြောင်ကြပါတယ်။
အရောင်းသမားတွေက ဈေးကိုမနက်ကုန်ပစ္စည်းအရောင်း တစ်ခါ ညနေကိုတစ်ခါသွားရပါတယ်။
ဈေးကိုသွားရင် ဆိုင်ကယ်နဲ့သွားရင် ဆို်င်ကယ်တစ်ခါအပ်ခ 200ကျပ် နှစ်ခါဆိုတော့ 400ကျပ်ပေါ့။
ဆိုင်ကယ်တစ်စီး အတွက်တစ်လဆိုရင် အလုပ်ပိတ်ရက် လေးရက်ဖယ်ရင် 26ရက် ဆိုတော့ 10400ကျပ်ပေါ့။
ဒါပေမယ့်ဈေးထဲက ဆို်င်ကယ်စတင်းမှာ လပေးအပ်ရင် တစ်လလုံးအတွက် 4000ကျပ်။
တစ်ရက်ကိုဘယ်နှစ်ကြိမ်လာလာ ရတယ်။ကြိုက်သလိုဝင်ကြိုက်သလိုထွက်ပါ။
ဝန်ထမ်းတွေက ဆိုင်ကယ်တစ်စီးအတွက် လပေးအပ် ပြီးရင် ရုံးမှာ တစ်ရက်ချင်းထုတ်ဆိုတော့
တစ်လကို 6400ကျပ် အပိုထုတ်သုံးတာပေါ့။
နောက်နယ်ထွက်တဲ့ကလေးတွေကလဲ လမ်းဖြတ်သန်းခတို့ တံတားဖြတ်သန်းခတို့လိုလက်မှတ်ပေးတဲ့စရိတ်တွေဆိုအမှန်အတိုင်းပြတယ်။
ဒါပေမယ့် ဒီဇယ်ဘိုးတို့ဓါတ်ဆီဖိုးတို့ကျတော့ ကီလိုမီတာနဲ့မှတ်တယ်ဆိုပေမယ့်လဲ သိပ်အတိအကျတိုင်းလို့ရတာမဟုတ်ပြန်ဘူး။
ဒီတော့ ခရီးတစ်ခေါက်ထွက်ရင် ဆီ(5)ဂါလံဘိုးလောက်ကတော့ အပိုတင်ပြီးဝိုက်လိုက်တာဘဲ။
ဘောက်ချာတွေဘာတွေဆိုတာကလဲ အပြင်ဆီရောင်းတဲ့ဆိုင်တွေမှာထည့်ရတာဆိုတော့ ဘောက်ချာကိုသူတို့ပြောတဲ့အတိုင်းဖွင့်ပေးလိုက်တာပါဘဲ။
ပြောတဲ့အတိုင်းရေးမပေးရင် ဒီဆိုင်ကိုနောက်လာပြီးဆီမထည့်ဘူးလေ။
နောက်နယ်အရောင်းခရီးထွက်တယ်ဆိုရင် ညတိုင်းရုံးကိုအရောင်းအဝယ်အခြေအနေ ဖုန်းဆက်ပြီးသတင်းပို့ရပါတယ်။
ဒီဖုန်းဆက်တဲ့စရိတ်ကိုလည်း ပိုထုတ်ကြပါတယ်။
နောက်ရုံးအတွက်လိုတဲ့ပစ္စည်းတွေဝယ်တယ်ဆိုရင်လဲ ဈေးတွေက အမြဲပိုတင်ပြီးအိတ်ထဲဝိုင်းထည့်ကြတာပါဘဲ။
အထက်ကလူက လည်းသူကိုယ်တိုင်ရသလောက်အိတ်ထဲ ထည့်တယ်ဆိုတော့ အောက်ကလူတွေတက်လာတဲ့စာရင်းတွေ
ပိုတင်ထားတာသိပေမယ့်လဲ မပြောသာပြန်ပါဘူး။
စာရင်းစစ်တွေ လေးလတစ်ကြိမ်စစ်ပေမဲ့လဲ မပေါ်ပါဘူး။
တကယ်တမ်းပြောရရင်စာရင်းစစ်ဆိုတာက ပေါင်းတာနုတ်တာ မှန်မမှန်၊စာရင်းကိုင်သဘောတရားအရ စာရင်းရေးသွင်းတာမှန်မမှန်သာသိနိုင်မှာပါ။
ဘောက်ချာပါတယ် ဘောက်ချာပေါ်မှာရေးတဲ့ ပစ္စည်းအရေအတွက် ဈေးနုန်းသင့်ငွေနဲ့ စာအုပ်ထဲ ကွန်ပြူတာထဲ ထည့်ထားတဲ့စာရင်းကိုက်နေရင်မှန်တယ်လို့ယူဆမှပါဘဲ။
စာရင်းစစ်သူက သူစစ်ဆေးရတဲ့လုပ်ငန်းရဲ့လုပ်ငန်းသဘောတရားတွေကို သိနေမှသာအခုလိုဖြစ်နေတဲ့ မသမာမူ့တွေကိုသိနိုင်မှာပါ။
ဒါကတော့ ငါလုပ်ငန်းကို အမြဲစာရင်းစစ်နဲ့စစ်နေတာ ကိုက်နေတာဘဲလို့ ယူဆထားသူများအတွက် သတိထားစရာလေးပါ။
ဒါကလဲခေါင်မလုံတဲ့ဇာတ်လမ်းလေးတစ်ခုပေါ့။
နောက်လုပ်ငန်းတစ်ခုကတော့ အထက်က အုပ်ချုပ်သူက မခိုးဝှက်တတ်ပါဘူး။
ဒါပေမဲ့ သူက ဘက်လိုက်တတ်တဲ့ အပြင် မိန်းခလေးတွေကိုအရမ်းခွင့်လွှတ်တတ်တဲ့ ကိုပြားကြည် ဖြစ်နေတာက ဆိုးနေတာပါ။
လုပ်ငန်းထဲမှာ သူနဲ့ အဆင်ပြေတဲ့ မိန်းကလေးတွေ အလုပ်ကိုရောက်တာနောက်ကျတာ အလုပ်လုပ်တာ မှားတာပြုတာတွေဖြစ်လာရင်
သူ့လက်သုံးစကား က (လူဘဲလုပ်ရင်မှားမှာပေါ့တို့ ၊နေ့စဉ်နဲ့အမျှလာနေရတာ တစ်ခါတစ်လေနောက်ကျမှာပေါ့)တို့ဆိုတဲ့စကားတွေနဲ့ဖြေသိမ့်ပေမယ့်
ယောက်ျားလေးဖြစ်ဖြစ်သူနဲ့အဆင်မပြေသူဖြစ်ဖြစ်များ အလုပ်ခွင်စည်းကမ်းနဲ့ညိတာတို့ အလုပ်ကိစ္စမှားရင်ဘဲဖြစ်ဖြစ် မပြီးနိုင်မစီးနိုင်ပေတွေရှည်ကုန်ပါတယ်။
နောက် သူနဲ့အဆင်ပြေသူ အလုပ်မလုပ်ရင်လဲ ဘာမှမဖြစ်ဘူး အဆင်မပြေသူဆိုရင်တော့ ပိုင်ရှင်နားရောက်ပြီသာမှတ်ပေတော့။
အဲဒီလိုဘက်လိုက်တတ်တာတွေရှိနေတော့ သူ့ကိုဘယ်သူမှ မလေးစားတော့တဲ့အခါ လုပ်ငန်းအုပ်ချုပ်မူ့ပျက်ပြားလာပါတယ်။
ဒီဌာနထဲမှာ လူတွေက အုပ်စုကွဲလာပါတယ်။
ကိုပြားကြည်နဲ့ အဆင်ပြေအောင်နေတဲ့သူကတစ်ဖွဲ့၊ အဆင်မပြေလဲ ဂရုမစိုက်ဘူးဆိုတဲ့လူကတစ်ဖွဲ့၊ကြားမညပ်အောင်ကြည့်ရှောင်နေသူကတစ်ဖွဲ့ဖြစ်ကုန်ပါတယ်။
ဂရုမစိုက်ဘူးဆိုတဲ့လူတွေကလဲအလုပ်ကိုတာဝန်ကျေရုံလောက်ကိုမလုပ်ကြတော့ဘူးတတ်နိုင်သလောက်သက်သာခိုပြီးနေပါတော့တယ်။
ခိုင်းလိုက်တယ်ဆိုရင် ခိုင်းတဲ့နေရာကို် တကယ်မသွားဘဲသွားချင်ရာသွားနေတယ် မပြီးလို့ပြောရင်လဲ မမှန်တဲ့အကြောင်းပြချက်တွေပေးပြန်ပါတယ်။
အုပ်ချုပ်သူနဲ့ပြေလည်တဲ့သူတွေကနေချင်သလို ပစ္စလက်ခတ်နေတာကို အုပ်ချုပ်သူကမဆုံးမဘူး မဆူဘူးဆိုတော့ အဲဒီလူတွေကလဲ ငါလူကြီးနဲ့ပိုင်တယ်ဆိုပြီး
ပိုလို့ကဲလာ အလုပ်ခွင်စည်းကမ်းတွေကို ပိုပြီးဖောက်လာ အကျင့်ပျက်လာပါတယ်။
အထက်ကလူနဲ့ပြေလည်တယ်ဆိုတဲ့သူတွေက စည်းကမ်းဖောက်လာတာကို ခွင့်လွှတ်ထားတော့ ဂရုမစိုက်ဘူးဆိုတဲ့အုပ်စုကလဲ
ပိုပြီးအနေချောင်လို့ နေချင်သလိုနေပါတော့တယ်။
အချုပ်ပြောရရင်တော့ ဌာနတစ်ခုလုံးစည်းပျက်ကမ်းပျက်ဖြစ်ချင်သလိုဖြစ်နေပါတော့တယ်။
ိပိုင်ရှင်လာတဲ့အခါများမတော့ အားလုံးကပြာတောက်နေ မျက်စေ့နောက်နေအောင်ကိုလုပ်ပြကြပါတယ်။
ပိုင်ရှင်ကလဲ လာချင်မှလာပါတယ် နောက် သူ့မန်နေဂျာ ကိုပြားကြည်ပြောတာလောက်ကိုနားထောင်ပြီးပြန်သွားပါတယ်။
ဒါကတော့ ခိုးတော့လဲ မခိုးဘူး အထက်လူက စရိုက်မမှန် မူမမှန်တော့ လုပ်ငန်းပျက်ကြီးဖြစ်နေတာပေါ့။

ခေါင်ဆိုတာ အိမ်တစ်အိမ်လုံး အဆောက်အဦကြီးတစ်ခုလုံးကို အပူဒဏ် မိုးဒဏ်ကနေ အကာအကွယ်ပေးထားရတဲ့အရေးကြီးတဲ့ နေရာလေးပေါ့။
ခေါင်မလုံဘူးဆိုတော့မှ အိမ်တစ်အိမ်လုံးလဲ ဘယ်လုံခြုံတော့မလဲနော်။
ဒီလိုခေါင်မလုံတဲ့ အဖြစ်အပျက်တွေက နေရာတော်တော်များများမှာတွေ့နေရပါတယ်။
ခေါင်မလုံလို့ နစ်နာဆုံးရှုံးမူ့ပေါင်းများစွာကို လဲ တကယ်ကြုံတွေ့နေတယ်ဆိုလာ မျက်မြင်ကိုယ်တွေ့ပါဘဲ။
အဲတော့ခေါင်မလုံတာကို ကိုယ်တိုင်ကြုံရပြီဆိုရင်
ခေါင်လုံအောင် ပြုပြင် ဘို့ဆိုတာကတော့ အတော်ကိုခက်ခဲလို့ တကယ်မလွယ်ကူတဲ့ ကိစ္စပါ။
ခေါင်လုံအောင်ပြင်ဆင်နိုင်သူ ပြင်ဆင်ရမယ့်သူတွေကိုတိုင်က ခေါင်မလုံတာကိုမသိလို့ဘဲဖြစ်ဖြစ် မသိချင်ယောင်ဆောင်နေတယ်ဆိုရင်ဘဲဖြစ်ဖြစ်
ဘာမှမတတ်နိုင်တာအမှန်ပါဘဲ။
ခေါင်မလုံလို့ မိုးအစိုခံမလား နေပူဒဏ်ကို ခံမလား
ဒါမှမဟုတ်
မိုးလွတ်ရာ နေပူဒဏ်လွတ်ရာကိုရှောင်နေမလား ဆိုတာကတော့…………………………………………………………………………….

2 comments

  • kai

    August 10, 2010 at 5:31 am

    ကိုပေါက်ရေ..။
    ပထမအဖြစ်ကလေးကတော့ အမြတ်ခွန်ဌာနကသာ သေသေချာချာလုပ်လာရင် ပြေလည်မဲ့ကိစ်စလို့ထင်မိပါတယ်။
    ဘာဖြစ်လို့လဲဆိုတော့ ဘောက်ချာတွေ၊စလစ်တွေက ဆိုင်ရာလုပ်ငန်း။ဆားဗစ်တွေအားလုံး ငေ၊ွစာရင်းအမှန်ပြနိုင်ဖို့ ဘောက်ချာအမှန်တွေထုတ်ပေးလာမှာဖြစ်လို့ပါပဲ။ သူတို့က ပိုရေးပေးလိုက်ရင် သူ့စာရင်းအမြတ်ခွန်တင်တဲ့အခါ စာရင်းစစ်နဲ့ စကားပြောပေးတော့ပဲလေ။ အဲဒါတွေအားလုံးကိုဆက်စပ်ပြီးကြည့်နေနိုင်တာက အစိုးရအမြတ်ခွန်ဌာနပဲရှိတာကိုး.
    နိုင်ငံတွေတော်တော်များများ မှာတော့ အဲဒီလိုနဲ့ အသေးစားပြသနာတွေအားလုံးအဆင်ပြေပြီး လုပ်ငန်းတွေ အရှိန်အဟုန်နဲ့ လည်ပတ်သွားပါတယ်။
    ပြောချင်တာက..တကယ်ခေါင်က ..အမြတ်ခွန်ဌာနလို့ဆိုလိုချင်တာပါ။
    ယူအက်စ်မှာတော့ အိမ်ဖြူတော်ကရော။ ပင်တဂွန်ကရောပါ အမြတ်ခွန်ဌာနခေါ်တဲ့ အိုင်အာအက်စ်ကိုတော့ လန့်ကြတယ်..။

    ဒုတိယ အဖြစ်အပျက်(ကိုပြားကြည်) လိုကတော့ နိုင်ငံတိုင်းဖြစ်နေတာပါပဲ။ အဲဒီလိုနဲ့ လုပ်ငန်းတွေပြုတ်တော့တာပေါ့..။ မန်နေဂျာနေရာက အရမ်းအရေးကြီးပါတယ်..။

    နည်းနည်း..(ထုံးစံအတိုင်း)ဝင်လျှာရှည်လိုက်တာပါ..။

  • etone

    August 10, 2010 at 6:35 am

    ဖြစ်လေ့ဖြစ်ထဖြစ်တတ်တဲ့ သဘောလေးတွေပါ ။

Leave a Reply