“တန်ဖိုးထား၏မထား၏ “ အခုရက်မှာ မိုးမတိတ်စတမ်းရွာ၏။ ထိုအခါအိမ်အပြင်မထွက်ဘဲ ဖဘပွတ်လေမိလေသည်။ လက်ဦးတည့်ရာ ဟိုထဲဝင်ကြည့်ဒီထဲဝင်ကြည့် ကြည့်နေရင်း တစ်ချိန်က အလွန်နာမယ်ကြီးခဲ့သည့် မြန်မာ့ပထမဦးဆုံးသော မိန်းမလျာအကအဖွဲ့ မိုးကြိုးငှက်ငယ်လေးများ၏ပဲ့ကိုင် စောနန္ဒာနှင့်အင်တာဗျူးထားသည်ကိုကြည့်မိလေသောအခါ သူတို့၏ခက်ခဲသောဘဝရပ်တည်မူ့များကို ကြားရလေသောအခါ အနုပညာကို ဖော်ထုတ်နေသူများဖြစ်သော်လည်း တန်ဘိုးထားခြင်းမခံရသည့်အခါ မကြာသေးမီကာလက သွားခဲ့သောခရီးတစ်ခုမှ ကပွဲများကို ပြန်လည်သတိရမိလေတော့သည်။ ခရီးသွားလုပ်ငန်းတစ်ခု၏အစီအစဉ်ဖြင့် ထိုင်းနိုင်ငံသို့ ကျနော်ရောက်ခဲ့လေသည်။ သူတို့ခရီးသွားသည့်အစီအစဉ်တွင် ကပွဲကြည့်သည့် ကဏ္ဍလည်းပါရှိလေသည်။ ရောက်သောနေ့တွင်ပတ္တရားမြို့တွင်လည်ပါတ် ညစာ စားပြီးသောအခါ နာမယ်ကျော် အခြောက်ကပွဲသို့ လိုက်ပို့လေသည်။ ကပွဲရောက်သောအခါ ဖုန်းမသုံးရ ဓါတ်ပုံမရိုက်ရဆိုသောကန့်သတ်ချက်များဖြင့် ကြည့်ရူ့ကြရလေသည်။ ဒီပွဲအတွက် ပိုက်ဆံပေးထားပြီးသား စီစဉ်ထားပြီးသား ဆိုသောကြောင့်သာအများနည်းတူလိုက်ခဲ့ရသော်လည်း အခြောက်ကပွဲဆိုသော စကားသံကြောင့်ကြည့်ရမည်ကို သိပ်စိတ်မပါ ပါ။ ကပွဲစ၍မကြာမီမှာပင် ကျနော်အထင်နဲ့အမြင်လွဲမှန်းသိရလေတော့သည်။ သူတို့အကအဖွဲ့မှာ ပြောထားလို့သာ မိန်းကလေးအစစ်မဟုတ်ဆိုသည်ကို တအံ့တဩနှင့် […]