Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

မျက်နှာများ၏…………..မများ၏……….

“မျက်နှာများ၏………….မများ၏”

 

ဒီနေ့ မနက်ပိုင်းမှာ ကျနော်အကိုကြီးကြက်တော ဆီက ဖုန်းလာပါတယ်။

ညနေအလုပ်ပြန်ရင်သူ့အိမ်ကိုဝင်ခဲ့ဘို့လှမ်းမှာတာပါ။

ဒါနဲ့ဘဲ ညနေအလုပ်ဆင်းတော့ နန်းရှေ့က သူ့အိမ်ကို  ဝင်သွားလိုက်ပါတယ်။

ကျနော်ရောက်တော့ ကိုကြက်တော ကအဆင့်သင့်စောင့်နေပါတယ်။

“ပြောအကို ဘာကိစ္စလဲ………”

“မင်းတူတော်မောင်မင်္ဂလာကိစ္စဟ မင်းအမတွေက သဘောမတူတော့ဘူး ပြောနေကြလို့”

“ဖိုးလုံး အရင်တွဲနေတဲ့ကောင်မလေးနဲ့ဘဲမဟုတ်လား ဘာဖြစ်ရပြန်ပြီလဲ”

အဲဒီအချိန် ဘေးနားမှာထိုင်နေတဲ့ “မမရွှေ “က

“အဲဒီကလေးမလေးက မျက်နှာများသတဲ့ ငပေါက်ရေ”လို့

အလိုမကျတဲ့အသံနဲ့ဝင်ပြောပါတယ်။

“သေချာလို့လားအမရ သူတို့တွဲနေတာဖြင့်နှစ်တောင်ပေါက်နေမင့်ဟာ”လို့ကျနော်ကမေးတော့

“သူ့ကောင်မလေးက ယောက်ျားလေးတွေတရုန်းရုန်းနဲ့သွားလာနေတာ သိနေ မြင်နေရတာကြီး”လို့ပြောတော့

“မမရွှေရာ ခုခေတ်ကလေးတွေက ဒီလိုသွားလာနေကြတာဘဲဟာ။

သူငယ်ချင်းတွေဖြစ်မှာပါ”လို့ပြောတော့

“ငါတို့ကတော့ ဒါမျိုးကြိုက်ပေါင်”လို့ မေးလေးငေ့ါပြောပါတယ်။

“မမရွှေအဲဒါကြောင့် အပျိုကြီးဖြစ်နေတာ”လို့ကျနော်က စတော့

“အမလေး………ကိုယ်မလိုချင်လို့ ကိုယ်မယူတာ ။

အဖြစ်မရှိလို့မှတ်မနေနဲ့။

ငါငယ်ငယ်က သာ နန့်နန့်တက်ခဲ့ရင် နင်တို့မြေးတောင်ချီနေရပြီ”လို့ နုပ်ခမ်းတလန်ပန်းတလန်နဲ့ပြန်စွာနေတဲ့

သူ့အမကိုကြည့်ပြီး ကိုကြက်တောက ပြုံးပါတယ်။

 

ဒီမိသားစုလေးက ကျနော်နဲ့ဆို တဝမ်းကွဲမောင်နှမတွေပါ။

ကိုကြက်တော့ တို့ မမရွှေတို့ အမေနဲ့ကျနော်အမေက ညီအမအရင်း သူတို့အမေကအကြီး ကျနော့်အမေကအငယ်။

သူတို့နဲ့ကြပြန်တော့လဲ ကျနော်ကအငယ်သူတို့ကအကြီး။

အရင်တုံးကတော့ တစ်ဝင်းထဲ တစ်ဝိုင်းတဲအတူနေခဲ့ကြပေမယ့် အသီးသီးအိမ်ထောင်တွေကျ

တော့ တကွဲတပြားစီ။

ဒါပေမယ့် မောင်နှမအရင်းတွေလို ဆိုးတိုင်ပင်ကောင်းတိုင်ပင်။

“ငပေါက်ရေ ညနေအိမ်လာခဲအုံး”ဆိုရင်သူတို့အိမ်တခုခုဖြစ်တာသေချာပြီ။

ရောက်မှသာ အကောင်းအဆိုးသိရတာပါ။

 

ကိုကြက်တောက သားတစ်ယောက်ထဲရှိပါတယ်။

သူကလဲအေးအေးဆေးဆေးသမား။

လုပ်ချင်တာလုပ်ဘာမှဝင်မပါဘူး။

မမရွှေကတော့ ရှေးအပျုိုကြီး များထုံးစံအတိုင်းေ နရာတကာပွစိပွစိ။

ကျနော်တို့ခေတ်က အဖိုးအဖွားတွေရဲ့ ဆုံးမပဲ့ပြင်မူ့အောက်မှာနေလာတော့ ပိပိပြားပြား။

အပြင်ကိုလည်းသိပ်မထွက်တော့ အခုခေတ်ကြီးနဲ့လိုက်မမှီပြန်။

ကိုကြက်တော မိန်းမ “မမအေး”နဲ့သူနဲ့ကတော့ အင်မတန်လို်က်ဖက်ညိတဲ့ သမီးယောင်းမနှစ်ယောက်။

မမရွှေလုပ်သမျှ မအေးက ထောက်ခံသလို မအေးလုပ်သမျှ လည်းမမရွှေက ကောင်းတယ်လို့လက်ခံပါတယ်။

အဲတော့ အိမ်မှတစ်ခုခုဖြစ်ရင် သူတို့နှစ်ယောက်ကတစ်ဖက်ကိုကြက်တောက တစ်ဖက်။

ကိုကြက်တောကလဲ သူပြောလို့မှ မနိုင်ရင် ကျနော့်ကိုလှမ်းခေါ်တတ်ပါတယ်။.

 

ခဏနေတော့ မမအေးအပြင်ထွက်လာပါတယ်။

ကျနော်တို့စားဘို့ လက်ဖက်သုတ်ပန်းကန်နဲ့ပေါ့။

ကိုကြက်တောက တော့

“ငပေါက် မင်းအမတွေ မင်းသာကြည့်နားချပေတော့ တွဲနေတုံးက ဘာမှမပြောဘဲ

အခုယူခါနီးမှသဘောမတူဘူးလုပ်လို့ရမလားဟ”ဆိုပြီး အပြင်ထွက်ချသွားပါတယ်။

ကျနော့်မှာအမနှစ်ယောက်ကို ခုခေတ်ကလေးများက ကျားရယ်မရယ်သိပ်မခွဲဘဲ

သူငယ်ချင်းပေါင်း ပေါင်းကြတဲ့အကြောင်း ၊

ဆိုင်ကယ်နောက်က ခါးဖက်လိုက်သွားလဲ သမီးရီးစားမဟုတ်တဲ့အကြောင်း၊

ညဉ့်နက်သန်းခေါင် အတူသွားကြလာကြတာ မထူးဆန်းတဲ့အကြောင်း၊

ကောင်မလေးက ကောင်လေးတွေနဲ့အတူတွဲသွားတိုင်းလဲ မျက်နှာများတယ်ပြောလို့မရဘူးပေါ့ဆိုတာတွေကို

ရှည်ရှည်ဝေးဝေးပြောပြတော့မှ မတတ်သာလို့လျှော့လိုက်ရတဲ့ပုံစံမျိုးနဲ့

“ရှပ်ရှပ်ယှက်ယှက်အေ ကိုယ်ကြိုက်ရင်ကိုယ်ယူကြ”ဆူိုပြီးထသွားပါတယ်။

ဒါပေမယ့် မျက်နှာက ခပ်ပြုံးပြုံးဆိုတော့ ပြေလည်ပြီလု့ိ အောင့်မေ့ရပါတယ်.။

 

လက်ဖက်သုတ်စားရင်းရီ ကြမောကြနဲ့ ရှေးဟောင်းနှောင်းဖြစ်တွေပြောကောင်းနေတုန်း

“ကြီးရွှေ”လို့ခေါ်သံကြားလိုက်တာနဲ့ ကျနော်တို့အားလုံးစကားပြောတာရပ်သွားပါတယ်။

အသံပိုင်ရှင်ကတော့ ကျနော်တို့ရဲ့တူတော်မောင် မောင်ကိုကို ပါ။

အလုပ်မယ်မယ်ရရ မလုပ် အိမ်ကပေးသမျှပိုက်ဆံကိုသုံးချင်ရာသုံး။

မလောက်ရင် အဒေါ်တွေဦးလေးတွေဆီလိုက်တောင်း။

မပေးရင်ဂျီတိုက်ဆိုတော့ သူနဲ့ကျနော်ကီးမကိုက်ပါဘူး။

ကျနော်က သူနဲ့ဆိုခပ်တည်တည် ခပ်တင်းတင်းဘဲနေပါတယ်။

သူက “ဦးပေါက်ရောက်နေတာလား”ကျနော်ကို နုတ်ဆက်ပေမယ့်

“ အေး  “လို့တစ်ခွန်းထဲဘဲ ခပ်ပြတ်ပြတ်ပြောလိုက်ပါတယ်။

 

ခဏနေတော့ သူထပြန်သွားမှဘဲ စိတ်သက်သာရာရပါတယ်။

ပြန်ဆိုသူ့လက်ထဲကို မမအေးက တစ်ထောင်တန်တစ်ရွက်ထည့်ပေးလိုက်တာကိုး။

ကျနော်ထပြန်မယ်လုပ်ခါနီးမှာ ကိုကြက်တောတို့သားဖိုးလုံးရောက်လာပါတယ်။

သူက  “လေးပေါက် မပြန်နဲ့အုံး ကော်ပြန့်ကြော်တွေဝယ်လာတယ် အဆာပြေစားပြီးမှပြန်”

လို့ပြောပါတယ်။.

အဲဒါနဲ့ကျနော်လဲ ပြန်ထိုင် စောစောက မူန်မဲနေတဲ့မျက်နှာတွေပျောက်ပြီး

စကြနောက်ကြနဲ့ ပြန်ဖြစ်လာပါတယ်။

စားသောက်ပြီးကျနော်လဲအိမ်ပြန်လာခဲ့ပါတယ်။

အိမ်အပြန်လမ်းမှာတော့ မစဉ်းစားပါဘဲ စိတ်ထဲရောက်လာတာကတော့” မျက်နှာများတယ်”

ဆိုတဲ့စကားလုံးလေးပါဘဲ။

ဟုတ်ပ မျက်နှာများတယ်ဆိုတာကို ကျနော်တို့ တစ်တွေက မကောင်းဘူးလို့သတ်မှတ်ထားသကိုးဗျ။

သေသေချာချာပြန်တွေးကြည့်တော့မှ ကျနော်ကိုယ်တိုင်ကလည်းမျက်နှာများတဲ့လူဖြစ်နေပါကလားလို့

သိလိုက်ရပါတယ်။

စစခြင်းအကိုအမတွေနဲ့တွေ့တော့ ပြုံးပျော်နေတဲ့မျက်နှာပေးနဲ့။

နောက်မနှစ်သက်တဲ့တူတော်မောင်ရောက်လာတော့ ခပ်တည်တည်ဖြစ်သွား။

ဟောချစ်တဲ့ တူကလေးရောက်လာပြန်တော့ တပြုံးပြုံး။

ဒါလဲ မျက်နှာများတာဘဲလို့ပြောရင်ရပြန်ပါတယ်။

ပြန်တွေးရင်းတွေးရင်းကိုယ်လဲမျက်နှာများခဲ့တဲ့အကြောင်းလေးတွေစဉ်းစားမိတော့ ပြုံးမိပြန်ပါတယ်။

 

ကျနော့်ဘဝကို ပြန်တွက်ကြည့်တဲ့အခါ နာမည်နှစ်မျိုးနဲ့နေ့စဉ်ဘဝတွေကို ဖြတ်သန်းနေတာကိုတွေ့မိပါရဲ့။

ကိုပေါက်ဆိုတဲ့နာမယ်နဲ့ကတစ်ဘဝ မှတ်ပုံတင်ထဲမှာပါတဲ့နာမယ်နဲ့ကတစ်ဘဝပေါ့။

ငယ်စဉ်ကလေးဘဝမှာအဖွားပေးခဲ့တဲ့ကိုပေါက်ဆိုတဲ့နာမယ်နဲ့ကျင်လည်ခဲ့ပေမယ့် အလည်တန်းကျောင်းသားဘဝကတည်းက ဒီနာမယ်ကို မသုံးဘဲဖျောက်လိုက်တော့ ဒီနာမယ်ကိုသိသူအတော်လေးနည်းသွားပါတယ်။

“ပေါက်”ဆိုတဲ့စကားလုံးလေးက ကျနော်တို့လူငယ်ဘဝမှာ ရူးသွပ်တယ်လို့ သဘောဆောင်တဲ့အတွက်

ဒီနာမယ်ကို ဆက်မသုံးတော့တာပါ။

အဲဒီကျောင်းသားဘဝကစလို့ ကျနော်နဲ့ပါတ်သက်သမျှ သူငယ်ချင်းတွေ မိတ်ဆွေတွေ အလုပ်နဲ့ပါတ်သက်တဲ့ သူမှန်သမျှကိုမှတ်ပုံတင်ထဲက နာမယ်နဲ့ ဘဲဆက်သွယ်လာခဲ့လိုက်တာ 2009ခုနှစ်အထိပါဘဲ။

သက္ကရာဇ်2009မှာတော့ကျနော့်ဘဝအချိုးအပြောင်းတစ်ခုနဲ့ကြုံရပါတယ်။

တစ်ရက် အလုပ်ထဲက ကလေးတွေက အင်တာနက်မှာမြန်မာစာလုံးသုံးပြီးစာရေးလို့ရပြိလို့သတင်းပေးပါတယ်။

နောက် အင်တာနက်မှာ ဘလော့ဂါတွေက မြန်မာစာနဲ့စာရေးနေကြပြီဆိုတာကို   သိလိုက်ရချိန်မှာ ငယ်ငယ်ကတည်းက ကိန်းအောင်းနေတဲ့ “ရေးချင်ပိုး”လေးက ထလာပြန်ပါတယ်။

အဲဒီမှာ အင်တာနက်သုံးတတ်အောင်သင် ပိုစ်တွေတင်လို့ ဘလော့ဂါဖြစ်လာတော့သုံးတဲ့နာမည်က

ကိုပေါက်(မန္တလေး)။

စာတွေရေး ချက်တင်တွေထိုင်တော့ လေလှိူင်းထဲကမိတ်ဆွေတွေတစ်စထက် တစ်တိုးပွားလာပါတယ်။

ကျနော်ဂျီတော့ထဲမှာလာပြိး အက်တဲ့သူဆိုရင်တကယ့်ကိုလေးလေးစားစား ဆက်ဆံပါတယ်။

ကိုယ့်စာဖတ်သူဆိုပြီးတော့ပေါ့။

တစ်ခါကတော့ လူတစ်ယောက်က အက်လာလို့ တကယ့်ကိုယဉ်ကျေးလိမ္မာလုပ်မိပါတယ်။

ပြောပြီးမှ “ဖွတ်ကောင်က လိမ္မာနေလိုက်တာ ငါများဘယ်သူမှတ်နေလဲ ကျီးကန်း ကွ။

မဖားနဲ့ ပုံမှန်ဆက်ဆံ” လို့ပြောမှ ကိုယ်နဲ့ပြောတဲ့သူက ငယ်သူငယ်ချင်းဆဲမနာ ဆိုမနာ

အကောင်ဖြစ်နေတာကို သိရပြန်ပါတယ်။

ဒါပေမယ့် ကိုပေါက် လို့ခေါ်တဲ့သူအားလုံးကို လေးစားစွာဆက်ဆံပါတယ်။

ဒီနာမယ်ခေါ်သူအားလုံးက ကိုယ်မမြင်မသိဘူးသူ တွေဖြစ်နေတတ်ပြီး လေထဲက မိတ်ဆွေတွေအများစုရှိနေလို့ပါဘဲ။

နောက်တစ်ချက်က ဒီ နာမယ်နဲ့ဆက်ဆံသူအားလုံးက ကျနော်နဲ့ ဝါသနာတူ စာပေကို ချစ်မြတ်နိုးသူ

တွေ ဖြစ်နေလို့ပါ။

ထပ်ပြောရင် ဒီလူတွေက ကျနော်နဲ့ အပေးအယူ တွေမျျော်လင့်ချက်တွေမရှိဘဲဆက်ဆံကြတဲ့

မိတ်ဆွေတွေဖြစ်နေလို့ပါဘဲ။

အဲတော့ ကိုပေါက်လို့ခေါ်သူမှန်သမျှလူတွေအားလုံးကို စီးပွားရေးကြောင့်ဆက်ဆံနေသူတွေနဲ့

မတူတဲ့ လေးစားခြင်းနဲ့ခင်မင်ခြင်းနဲ့ဆက်ဆံပါတယ်။

 

ကျနော့်နေ့စဉ်ဖြတ်သန်းမူ့ကဈေးသည်ဘဝပါဘဲ။

နိုင်ငံခြားက လူတွေ ဘယ်လိုရောင်းကြဝယ်ကြတယ်ဆိုတာကို တော့ မသိတတ်ပါဘူး။

ကျနော်တို့ရွှေမန္တလေးမှာတော့ မြန်မာပြည်ထုံးစံအတိုင်းအကြွေးရောင်းရတာပါဘဲ။

အကြွေးရောင်းရတယ်ဆိုတော့ ဖောက်သည်အဆင့်တွေကွဲကုန်တာပါဘဲ။

တစ်ချို့ကငွေမြန်တယ် သူမှာတဲ့ ပစ္စည်းမပို့ခင်ကတည်းက ငွေလွှဲပေးတယ်

(အလွန်ရှားသောအမျိုးအစားလူနည်းစု)

တစ်ချို့ကတော့ မဆိုးဘူး ပစ္စည်းရောက်တာနဲ့ငွေလွှဲပေးတယ်။

အချို့ကတော့ တစ်ပါတ် အချို့ကတစ်လ အချို့ကနှစ်လ

အချို့ကအဟောင်းပေးအသစ်ယူ။

(အဲလိုလူမျိုးက ပစ္စည်းမကုန်မချင်းပိုက်ဆံမရတော့ သုံးလေးလ)

အချို့ကတော့ မတောင်းမခြင်းမပေး ၊

တစ်ချို့ကတော့ တောင်းတာတောင်မပေး ဆိုတော့ လူအမျိုးမျိုးနဲ့ဆုံရတာပါ။

အဲတော့ငွေလိုချင်လို့ပစ္စည်းရောင်းတဲ့ကျနာ်မှာလည်း လူတစ်ယောက်ချင်းစီအပေါ်မှာလိုက်ပြီး အနေအထားအမျိုးမျုးိ လေသံအမျိုးမျိုး မျက်နှာထားအမျိုးမျုးိနဲ့ဆက်ဆံရတော့တာပါဘဲ။

&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&

“ကျနော်မှာထားတာ မရောက်သေးလို့လှမ်းဆက်တာ”

“  ခင်ဗျားအရင်ပေးစရာတစ်စောင်ကျန်သေးတာပေးပြီးမှာရမှာ   “

“ ဟာ……အဲဒါက လေးသောင်းကျော်ကျော်လေး လေဗျာ    “

“    ဒါပေမယ့် နှစ်လတောင်ရှိပြီလေဗျာ ငွေအမောင့်များတာ ကိစ္စမရှိဘူးဗျာ ၊

ရက်ကြာတော့ ကျနော်လဲငွေမလည်ဘူးလေ “

“  ဒါဆိုလဲ နက်ဖြန်လွှဲပေးလိုက်မယ်ဗျာ   “

“    ရပါတယ် ကျေးဇူးပါ ငွေလွှဲရောက်တာနဲ့ ချက်ခြင်းပို့ပေးလိုက်မယ် နောက်သာ အဲလောက်ကြာအောင်မထားပါနဲ့ နော် “

 

&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&

“   အကျိရေ …………မဝယ်တာကြာပြီနော် ။

ရောင်းမကောင်းတာတော့ မဖြစ်နို်င်ဘူး ဘယ်သူဆီဝယ်နေလဲမှ မသိတာ “

“ ……………………………………………………………..    “

“   ကျနော်က အမတို့ကို အားကိုးပြီးရောင်းနေရတာနော် သူများနဲ့ဈေးကွာနေရင်ပြောပါ ညှိပေးပါမယ်  “

“…………………………………..  “

“စိတ်မဆိုးပါနဲ့ အမရယ်  လူသစ်တွေက အကျိ မှန်းမသိလို့ အဲလိုပြောလိုက်တာနေမှာပါ

ကျနော်တောင်းပန်ပါတယ်  “

“  …………………………………..“

“  ရတယ် နောက်ကျနော်ဖုန်းသာတိုက်ရိုက်ဆက်လိုက် အဆင်ပြေစေရမယ်“

 

&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&

“    ကိုသော့ ပြီးခဲ့တဲ့လက ကျန်တာလေး လွှဲလိုက်ပြီလား “

“  ……………………………….   “

“   ပစ္စည်းရောက်ရင်လွှဲပေးမယ်ပြောလို့ ပို့လိုက်တာ အခုတစ်လတောင်ကျော်နေပြီ  “

“  ……………………………..   “

“ခင်ဗျားပြောလိုက်ရင်ဒါမျိုးချည်းဘဲဗျာ”

“………………………………….  “

“ခင်ဗျားကသာဆောရီးလုပ်နေ ဘောစိက ကျုပ်ကိုနေ့တိုင်းထုနေတာ  “

“………………………………………………………….  “

“တော်ပြီ နောက်ဆို ငွေရောက်မှ ခင်ဗျားမှာတာပို့တော့မယ် “

&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&

“မင်း မောင်ထူးမှာတာတွေထပ်ပို့လိုက်တယ်ဆို  “

“  ဟုတ်ဆရာ………….“

“ငွေက ဘယ်လိုပေးမှာတဲ့လဲ  “

“ သူက ဘဏ်ဖွင့်ရက်လွှဲမယ်ပြောတယ် အာစရိ “

“မင်းရူးနေလားသူက ပစ္စည်းမှာရင် သောကြာနေ့ညနေမှ ဘဏ်ပိတ်ချိန်မှ မှာတာ။

ပိုက်ဆံတောင်းရင်  ဘဏ်ဖွင့်တဲ့နေ့လွှဲမယ်ပြောတာထုံးစံလေ နောက်ဘယ်တော့မှလွှဲတာလဲမဟုတ်ဘူး  “

“  ဒီတစ်ခါသေချာလွှဲမယ်ပြောပါတယ်“

“ မင်းအဲလောက် ‘အ’လားကွာ သူက ယူပြီးတာနဲ့ သူပေးချင်တဲ့အချိန်မှပေးတဲ့လူကို မင်းမို့ယုံတယ် “

&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&

“  ………………………………..“

“ ရတယ် အကိုလိုချင်တာသာ ပြောလိုက်ပါ ဒီက ပို့ပေးလိုက်ပါမယ် “

“  …………………………………………“

“ စီးပွားဖက်တွေဘဲအကိုရာ ငွေအကြောင်းထည့်ပြောမနေနဲ့ အကိုက ထွက်ပြေးမယ့်သူမှ မဟုတ်တာ “

“………………………………………………  “

“ စိတ်ချ နက်ဖြန်မနက်စောစော ကားဂိတ်ရောက်အောင်ပို့ပေးလိုက်မယ် ကျေးဇူးပါအကိုရေ “

 

&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&

“…………………………….  “

“ ငါ့ကောင်ရ ခဏခဏခွင့်ယူလို့ မရဘူးလေကွာ “

“  ………………………………….“

“ငါကအလုပ်နဲ့လူကွက်တိထားတာဟလူများနေရင် မင်းတို့ ဝင်ငွေနည်းမှာစိုးလို့  “

“ ……………………………………… “

“ ဟ သူငယ်ချင်းမင်္ဂလာဆောင်တာ မနက်ပိုင်းကူလို်က်လေကွာ တစ်နေကုန်ဆိုတော့ ငါက ဒီမှာခက်ပြီပေါ့ “

“ ……………………………. “

“ ရတယ် မင်းတို့က ငါ့ကိုခွင့်တောင်းတာမဟုတ်ဘူး အသိပေးတာ ကြိုက်သလိုသာလုပ်ကြ“

 

&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&

“ ………………………………. “

“ ရပါတယ်အမ ရေ ကျနော်ခွင့်တင်ပေးထားလိုက်ပါမယ် “

“ ………………………………………………. “

“ အားမနာပါနဲ့ နေကောင်းမှာသာ အလုပ်ဆင်းခိုင်းလိုက်ပါ “

“ …………………………………. “

“ ဒီလောက်လေးနဲ့ ကျေးဇူးတင်စရာမလိုပါဘူး အမရယ် လူရင်းတွေဘဲဥစ္စာ “

“…………………………………………..  “

 

&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&

“……………………………..”

“မင်းလစာကြိုထုတ်ရအောင် ဒီနေ့မှာ ဆယ်ရက်ဘဲရှီသေးတယ်”

“……………………………..”

“ဟ မင်းတို့က လစာကြိုထုတ်လို့ရတယ်ဆိုပြီး စွတ်သုံးတော့ ဘယ်လောက်မလဲဟ”

“……………………………..”

“ရတယ် ဒီတစ်ခါတော့ ထုတ်ပေးလိုက်မယ် နောက်ဆို လဝက်ကျော်မှကြိုသုံးထုတ်ပေးမယ်.တစ် နှစ် သုံးလေးလဲ လျှော့လုပ်အုံး”

&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&

 

“……………………………..”

“ဟ ငါ့ကောင်ရ မင်းတကယ်ထွက်မှာလား”

“……………………………..”

“ငါကမင်းတို့ကောင်တွေကို ခေါင်တည်ပြီးခရီးထွက်ဘို့စီစဉ်ထားတာလေ”

“……………………………..”

“အေးပြောမရလဲ ဘယ်တတ်နိုင်မလဲ ထွက်ပေ့ါကွာ၊

အေးထွက်ပြီးရင်တော့ ငါ့ဆီဘယ်တော့မှပြန်မလာခဲ့နဲ့”

&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&

“……………………………..”

“အကိုတို့လုပ်ပေးရင်ဖြစ်ပါတယ်ဗျာ”

“……………………………..”

“အားမနာပါနဲ့လိုတာပြုတာပြောလိုက် ကျနော်တို့ဘက်က ဖြစ်အောင်လုပ်ပေးပါမယ်”

“……………………………..”

“အပေးအယူသဘောလို့တော့သဘောမထားပါနဲ့ ကျနော်တို့က ဂါရဝပြု တဲ့ သဘောသက်သက်ပါ”

“……………………………..”

“အခုလိုစောင့်ရှောက်ပေးတာ ကျေးဇူးပါအကိုရာ.”

 

&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&

“……………………………..”

“ခင်ဗျားတို့ဆရာနဲ့ကျနော်ပြောပြီးသားဗျ”

“……………………………..”

“အဖွဲ့ချင်းမတူဘူး ဟုတ်လား”

“……………………………..”

“ဒီလိုသာတစ်ယောက်ခြင်းလိုက်ပေးနေရရင် ငါတို့ကသေရောပေါ့ကွာ”

“……………………………..”

“တော်ပြီ မင်းကြိုက်တာသာလုပ်ပေတော့ ငါကတော့ ထပ်မပေးနိုင်ဘူး

“……………………………..”

&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&

 

“……………………………..”

“ငါ့လဲလခစားလေကွာ သူများကိုချေးဘို့ပိုက်ဆံအပိုမရှိဘူးဟ”

“……………………………..”

“တကယ်မရှိလို့ပြောတာ ဟ”

“……………………………..”

“မင်းစိတ်ဆိုးလဲဆိုးတော့ ငါတကယ်မရှိလို့ပြောတာ”

&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&

“……………………………..”

“ရပါတယ်ဗျာ အချင်းချင်းတွေဘဲ.”

“……………………………..”

“အားမနာပါနဲ့ လိုတယ်ဆိုဖုန်းဆက်လိုက် .”

“……………………………..”

“လာပို့ခိုင်းလိုက်ပါမယ်”

“……………………………..”

&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&

“……………………………..”

“ဟုတ်ကဲ့ခင်ဗျ.”

“……………………………..”

“ကလေးတွေက မသိလို့ပြောလို်က်တာနေမှာပါ”

“……………………………..”

“စိတ်ချပါ နောင်ဒီလိုမဖြစ်စေရပါဘူး”

“……………………………..”

“တောင်းပန်ပါတယ်ခင်ဗျာ.”

**************************************************************

 

ဒါကတော့ မှတ်ပုံတင်ထဲက နာမယ်နဲ့ကျနော်နေ့စဉ်လှူပ်ယှားနေရတဲ့ဘဝပါဘဲ။

လူအမျုးိမျုးိကို မျက်နှာပေးအမျိုးမျုးိ လေသံအမျိုးမျိုးနဲ့ဆက်ဆံနေရတဲ့ဘဝပါဘဲ။

လက်တောင်အတိုအရှည်မညီတော့ အနေအထားအလိုက်ဆက်ဆံရတာပါဘဲ။

ဒါလည်းမျက်နှာများခြင်းတစ်မျို့လို့ ဆိုနိုင်ပါတယ်။

ဒါကြောင့်

မျက်နှာများသင့် မများသင့်ဆိုတာကတော့………………………….

……………………………………………….

 

ကိုပေါက်လက်ဆောင်အတွေးပါးပါးလေး

(27-5-2012)

(ဒီအတွေးလေးကိုချပေးတဲ့ မန်းလေးဂေဇက်ရွာသူ မမ ကို အထူးကျေးဇူးတင်ပါတယ်ခင်ဗျာ)

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

35 comments

  • Ch@vez

    May 28, 2012 at 8:34 am

    အဲ့သည့် မမရွှေ တို့လို အာပျိုဂျီးတွေနဲ့တော့ ခက်သေးရဲ့ဗျာ …
    :mrgreen:
    အာပျိုဂျီးများ ဟူသည် ပြည်ထောင်စု အတွက် အန္တရယ် ဖြစ်၏။

    ပုံ
    သမိန်ဂီ့
    ပရဲဇီးဒန့် အော့ဖ် နှူးဘာ ရီပါ့ဘလစ်

  • windtalker

    May 28, 2012 at 9:09 am

    စီးပွားရေးလုပ်တဲ့အချိန်မှာ (မြန်မာနိုင်ငံမှာ ဆိုရင်ပေါ့) မျက်နှာမများလို့ လုံးဝအဆင်မပြေနိုင်ပါဘူး။
    မြန်မာနိုင်ငံမှာပါဘဲ သမီးရည်းစားအချစ်ရေးမှာတော့ မျက်နှာများခဲ့ရင် ပြက်သနာပေါင်း ၁၆၀၀ဝ ပါ။
    ကိုပေါက်ဆီကနေ idea ရလို့ပို့စ်တင်ပါဦးမယ်…

  • Foreign Resident

    May 28, 2012 at 9:32 am

    အတွေးကော အရေးပါ ကောင်းတယ် ။

  • blackchaw

    May 28, 2012 at 9:36 am

    လေးလေးစားစား ဖတ်သွားပါတယ် ကိုပေါက်ရေ…။

  • etone

    May 28, 2012 at 10:00 am

    လေးပေါက်ရေ …ဓါတ်ပုံဆရာကြီးဖြစ်နေတာနဲ့ … ဒီလိုပို့စ်လေးတွေ .. အရေးကျဲတာတောင် ကြာနေပြီ ။
    အခုလို ပြန်ရေးတာတွေ့ရတာ ဝမ်းသာတယ် ။ များများရေးပါလို့လည်း တောင်းဆိုလိုက်ပါတယ် ။

    မျက်နှာများတယ်ဆိုတဲ့ အသုံးနှုန်းကို အတော်များများက ချစ်သူရည်းစားပွေရှုပ်သူဆိုတဲ့ အဓိပါ္ပယ်နဲ့ သုံးကြတယ် …. ။ လေးပေါက်ပြောမှပဲ သမီးတို့တွေလည်း … နေ့စဉ်လှုပ်ရှားနေရတဲ့ ဘဝမှာ မျက်နှာ များမှန်းမသိ များနေပါလားလို့ သိတော့တယ် …. ။

    ပြောမယ့်သာပြောတာ …တို့လေးပေါက်ကြီးက .. ရှေ့မှီ ၊ နောက်မှီနော် …. ဟီး ။ ကွာဟနေတဲ့ ဂျန်နရေးရှင်းကြားက … အခြေနေကိုလည်း လက်ခံနားလည်နိုင်စွမ်းရှိတယ် … ။ အဲ့ဒါကောင်းတယ် … ။
    အရင်ကဆို .. ယောကျာ်းတစ်ယောက်နဲ ့မိန်းမတစ်ယောက် … အတူဆိုင်ထိုင် ၊ အတူယှဉ်လမ်းလျှောက်လျှင်တောင် သမုတ်ခံရသတဲ့ … ။လမ်းလည်ခေါင်စကားရပ်ပြောဖို့ဆိုတာ ဝေလာဝေးရော … ။ ပတ်ဝန်းကျင်ကို ဂရုစိုက်ရတယ်ပဲပြောရမလားနော် … ။
    ဒီခေတ်မှာတော့ … လေးပေါက်ပြောသလို အတူခါးဖက်ဆိုင်ကယ်စီးစီး ၊ညဘက်အတူပဲသွားသွား … အတွဲမဟုတ်တဲ့ သူငယ်ချင်းတွေဘဝလည်း ရှိပါတယ် ။ မလိုအပ်တာတွေကို … ဂရုမစိုက်ပဲ … ကိုယ့်လိပ်ပြာသန့်သန့်နဲ့ …သွားလာနေရဲသူတွေများလာပြီလို့ပဲ မြင်မိပါတယ် … ။ 🙂

  • ကြောင်ဝတုတ်

    May 28, 2012 at 10:05 am

    အဲလိုဆိုတော့လဲ ကျွန်တော်တို့တတွေအားလုံး သင့်ရာနေရာများ မျက်နှာများခဲ့ကြရတာပဲကိုး…

    မျက်နှာများသော
    ကြောင်ဝတုတ်

  • ster

    May 28, 2012 at 11:11 am

    ကိုပေါက်ရေ…
    မြန်မာပြည်မှာ ကိုပေါက်လိုမျက်နှာများချင်ပေမယ်. များလို.မရပဲ နေရတဲ.လူတွေလဲ အများကြီးရှိအုန်းမှာပါဗျာ။

  • htet way

    May 28, 2012 at 11:34 am

    မျက်နှာများတဲ့ သူကို……ဒဿဘီလူးလို့ခေါ်မယ်
    မျက်နှာမများနဲ့နော်ကွယ်။
    ဖတ်ရှု့ အားပေးခဲ့တယ်ဆရာပေါက်

  • may flowers

    May 28, 2012 at 1:31 pm

    မျက်နှာများတဲ့လေးပေါက်ပါလား…ခုမှသိတော့တယ်။ အားပေးဖတ်ရှုသွားပါတယ်လေးပေါက်ရယ်

    အရေးအသားကောင်းလွန်းလို့ လက်မလေးပါထောင်သွားပါကြာင်း..။

  • amatmin

    May 28, 2012 at 2:26 pm

    ိကိုယ့်ဘာသာ စိတ်အပြောင်းအလဲမြန်သလို .မျက်နှာလည်းများလွန်းလို့ ..
    တခါတလေ ညစ်နေတတ်တာ.. 🙁
    လေးပေါက်ရဲ့ မျက်နှာများ၏…..မများ၏..ကိုဖတ်လိုက်ရမှ.ရင်ပေါ့သွားလို့
    ကိုယ်လိုရာဆွဲတွေးပြီး..များတဲ့ဘက်ကဝင်ရပ်သွားတယ်ဗျာ.. 🙂

  • ရွာစားကျော်

    May 28, 2012 at 2:58 pm

    လေးပေါက်လက်ဆောင် အတွေးထူထူလေးတွေ မဖတ်ရတာတောင်ကြာပြီ

    ဪ နိစ္စဓူဝ … ဒတ်သဂီရိထက် မျက်နှာများတဲ့ လေးပေါက်ပါ.. 😛

    အားပေးသွားပါတယ်ခင်ဗျာ

  • ဒီပို့စ်လေး ဖြစ်လာဘို့အတွက်စတင်တွေးမိသူကတော့ ရွာသူ မမ ပါ။
    ပန်းတနော်လာရင်းဆုံကြတော့ သူ့အတွေးလေးကိုပြောပြပါတယ်။
    မမ ရေးလိုက်ဆိုတော့ သူက ကိုပေါက် ရေးပါလို့ခွင့်ပေးပါတယ်။
    သူစပေးတဲ့အတွေးကို ကျနော်က ပြန်ပွားယူတာပါ။
    ကျေးဇူးတင်ပါ၏။

  • kyeemite

    May 28, 2012 at 3:57 pm

    ကိုပေါက်အဲလိုအတွေ့ အကြုံလေးတွေချချရေးတာလဲ
    ဖတ်ကောင်းတာပါဘဲ…အတွေးပါးပါးလေး လက်ဆောင်ယူသွားပါဂျောင်း..

  • ဗိုက်ကလေး

    May 28, 2012 at 4:28 pm

    မာမီပေါက်ရေ
    မျက်နှာက များသင့်တဲ့နေရာများ..မများသင့်တဲ့နေရာ မများနဲ ့ပေါ့နော..
    ခုမှ အေးအေးဆေးဆေး အချိန်ရလို့ အေးဆေးဖတ်သွားပါတယ်မာမီရဲ့

  • Khaing Khaing

    May 28, 2012 at 4:44 pm

    သတင်းတွေကြားခဲ့တယ် …….. မောင်ကောင်မလေးတစ်ယောက်နဲ့ အခုလိုမျိုးမောင့်ကို ပွေမယ်လို့ တွေးမထင်ခဲ့ “မျက်နှာများ” တဲ့မောင် အခိုင်ဘယ်လိုဆက်ချစ်မလဲကွယ် ….. အခုနောက်တစ်ယောက်တွဲ တာဘယ်သူလဲကွယ် ……….

    အဟဲ လေးပေါက် အားပေးသွားတယ်နော် ………..

  • MaMa

    May 28, 2012 at 5:09 pm

    တကယ့် လောကမှာ ပြောဆိုဆက်ဆံနေကြရတဲ့အခါ သူ့နေရာနဲ့သူ အလိုက်အထိုက် ဆက်ဆံကြရတော့ မျက်နှာတွေ အမျိုးမျိုး ဖြစ်ကြရတာကို တွေးမိပြီး ရေးချင်ပေမယ့် ကိုယ့်လက်ရာနဲ့ ရေးချင်တာနဲ့ မထိရောက်မှာစိုးလို့ ကိုပေါက်ကို ရေးပေးပါဆိုပြီး တိုက်တွန်းရတာ။
    ကျမက ကောက်ကြောင်းလောက်ပဲ ချနိုင်တာကို ပီပီပြင်ပြင် ချယ်မှုန်းပေးတဲ့ ကိုပေါက်ကို ကျေးဇူးတင်ပါတယ်။ 🙂

  • ဒီပို့စ်ကလဲ ပန်းတနော်လို့ ပူးတွဲတင်ဆက်မူ့လို့ပြောရင် ရတယ်နော်။
    မမ အတွေး……………
    ကိုပေါက် အရေး…………….ပေါ့။
    စာရေးတာ ဒီနှစ်ထဲ ကျဲနေချိန် ရေးအောင်တိုက်တွန်းပေးသလိုဖြစ်တာ ကို ကျေးဇူးတင်ပါတယ်။

    • pan pan

      June 1, 2012 at 2:37 am

      လေးလေးပေါက်မျက်နှာများမှန်းသိပါတယ်
      ကဗျာဆန်ဆန်စာလုံးတွေနဲ့ စာရေးတဲ့မျက်နှာ
      ရူခင်းတွေကိုအမျိုးမျိုးခံစားပြီးဓါတ်ပုံရိုက်တဲ့မျက်နှာ
      အတွေးတွေပေးတဲ့မျက်နှာ
      ရွာကမိတ်ဆွေတွေ၊ တူတွေတူမတွေနဲ့ စကားပြောတဲ့မျက်နှာ
      အဲ…လေးပေါက်ပိုစ့်ထဲကလို ကြွေးတောင်းတဲ့မျက်နှာ
      ဟီး… :mrgreen:

  • Crystalline

    May 28, 2012 at 9:10 pm

    မမရဲ့အတွေး လေးလေးပေါက်ရဲ့အရေး အရမ်းကိုထိမိပါတယ်

  • kotun winlatt

    May 28, 2012 at 10:11 pm

    လေးးးပေါက်….လေးးးပေါက်ကမျက်နှာများတဲ့သူမှန်းးး
    ခုမှသိရတော့တယ်….
    အာ..ဟိ…..
    မျက်နှာများတာ မများတာတော့ သေချာမသိ
    မြန်မာနိုင်ငံက ဈေးသည်တွေ သေလို့ မီးသဂြိင်္ုလ်ရင်
    လျှာမီးမစွဲဘူးဆိုလားးးးး
    ကြားးးးဘူးးးတာ…ကြားးးးဘူးးးတာ…။

  • unclegyi1974

    May 28, 2012 at 10:15 pm

    မျက်နှာများတဲ့သူကိုဒသဂီရိတဲ့
    ဘယ်နှယ့်ကိုပေါက်ကျမှလေးပေါက်ဖြစ်နေရတယ်လို့

  • အရီး Khin Latt

    May 29, 2012 at 3:50 am

    ကိုပေါက်ရေ

    စာတစ်လုံးချင်းကို အရသာခံ ဖတ်သွားပါတယ်။
    အများပြောသလိုဘဲ ကိုပေါက်ရဲ့ ဒီလို ဒိုင်လေးတွေ မဖတ်ရတာကြာပေါ့။

    “ပေါက်နေပြီ”၊ “ပေါက်နေပြီ” ဆိုတဲ့ သီချင်းကို သန်းနိုင် မိန်းမ “ပုလဲ” ဆိုတာထင်ရဲ့။
    ကိုယ့်ခေတ်သီချင်းမဟုတ်လို့ လားမသိ သိပ်သဘောမတွေ့။

    ပြည်ပနိုင်ငံတွေ မှာလဲ အကြွေးရောင်း ဆိုတာပေါမှပေါ။
    ဒါပေသည့် အဲဒီအကြွေးရောင်းသူတွေ နောက်မှာ လူမိုက် တွေအပြည့်။
    ကြွေးပြန်မပေးဘဲ ရှောင်နေလို့ကတော့ အိမ်ထဲဝင်ပြီး ရှိတာ အကုန်သိမ်းတတ်တာ ဆိုဘဲ။

    ဒီတော့ ကပေါက်ကြီး လဲ မျက်နှာမများချင်ရင် လူမိုက်တွေ ငှားသာထားပေတော့။
    ငှါးချင်ရင်တော့ ရွာထဲမှာ ပြေးမလွတ် တွေ့နိုင်သနော်။ 😎

  • အရီးလတ်တို့ တေးကလုံတို့ရေ
    ဓါတ်ပုံလဲတင်ပါမယ်
    စာလဲများများရေးပါတော့မယ်
    ကိုပေါက် စံချိန်တွေကျနေတာ ကိုယ်တိုင်လဲသိပါ၏။

  • ဦးဦးပါလေရာ

    May 29, 2012 at 9:54 am

    ကိုပေါက်ရယ်-

    ကျွန်တော်ကတော့ မျက်နှာလဲ များ ၊ ပုံပြင်တွေလဲများပါတယ်။
    လိုအပ်ချက်တွေ ဆင့်ပွားလာတာကို ဖြည့်ဆည်းရင်ပေါ့….။
    ကြာလာတော့ ဘယ်ဟာအမှန်မှန်းတောင် သေချာမသိတော့ဘူး…။

    လိုအပ်တဲ့တယာက်စီအတွက် ကိုယ့်အနေအထား ကိုယ့်ပုံစံကို ခင်းကျင်းထားရတာ
    ကြာတော့ chess လေးငါးပွဲကို တပြိုင်ထဲကစားနေရသလိုပဲ…။

    အခုတော့ အဲဒါတွေကို စိတ်ကုန်ပါပြီ…
    မျက်နှာဖုံးတွေအားလုံးကို ချွတ်ချလိုက်ချင်ပြီ…

    ကိုဖေါရင်းပြောတဲ့ထဲ သိပ်သဘောကျတဲ့ အချက်တခုမှတ်ထားဘူးတယ် ကိုပေါက်ရဲ့…
    အော်ဆီမှာ လူတွေက (လိမ်စရာမှမလိုပဲ…ကွယ်) ဆိုတာလေး….
    အင်း………..

  • ကြောင်ကြီး

    May 29, 2012 at 10:21 am

    မျက်နှာများတဲ့ဦးပေါက်
    နတ်ဗြဟ္မာသိကြားနဲ့ပြူးခြောက်
    ရှက်စရာသများရွဲ့ဒူးထောက်
    တသက်စာဝါးထည့်ဖူးမောက်..။

  • ဖူးမောက်တာက နဖူး
    ဒူးထောက်တာက အလိုက်သင့်မောင်ဘဦး
    ပြူးခြောက်တာက အရူး
    ဦးပေါက်ကတော့
    ………………………..အဲ ပြောရရင် ဦးပေါက်ပါဘဲ
    တူတော်မောင် ကြောင်ကဒူး…………………

  • Rose Minn

    May 29, 2012 at 2:26 pm

    လေးပေါက်ရေ Rose ကတော့ တမျက်နှာ ကနေတစ်မျက်နှာ ဘယ်နားထားရမလဲ လို့ အလုပ်ထဲမှာ ဟတ်ထိနေတဲ့ အချိန် မှာ ဒီပိုစ့်ကို ဖတ်ရတော့ စိတ်ထဲမကောင်းနေဘူး။ ဟိုလူ့ကို ဟိုလိုပြောရ ဒီလူ့ကို ဒီလိုပြောရ အလုပ်ထဲ က သဘာဝမို့ ပေမယ့် တကယ် စိတ်ပျက်တယ် ကိုယ့်မျက်နှာပေး ကို။ တဖက်လူ ဘယ်လို ဖြစ်မယ်ဆိုတာ သိပေးမယ့် နားမလည်ချင်ယောင်ဆောင်ရတယ်။ အော် လူဘဝ ဒီလိုမျိုးနေမှ ထမင်းတလုတ် စားရမှာပါလားနော်။ ရင်နာထှာ ရင်နာထှာ။ မျက်နှာများပုံများပြောပါတယ်။ တစ်နေ့ထဲ စိတ်အခန့်မသင့်ရင် အစောကြီး စိတ်တိုလို့ ဘီလူးမျက်နှာ။ လူကြီးတွေနဲ့ ဆက်ဆံရတော့ မျက်နှာလေး များချိုလို့ မင်းသမီးလေးများမှတ်တယ်။ လူကြုံ ပါးတဲ့သူတွေ တခြားသူတွေနဲ့ တွေ့ရင် အားတုံ့အားနာ မချိပြုံးလေး လမ်လျှောက်ရင်း အများရှေ့ ချော်လဲ တဲ့မျက်နှာပေး။ အောင်မလေး စိတ်နာတယ် စိတ်နာတယ် ……….လူဖြစ်ရတဲ့ ဒုက္ခပါတော်။

  • TTNU

    May 29, 2012 at 3:05 pm

    ကိုပေါက်ရေ…
    ဖတ်ပြီးဘာပြောရမှန်းမသိအောင်မောသွားတယ်။
    မာမီက မျက်နှာသေပုံစံမျိုးမို့ မျက်နှာများရင် မကြိုက်ဘူးတော့။ 😈
    စကားနှစ်မျိုးသုံးမျိုးပြောရင်လည်း ဘဝင်မကျဘူးတော့။ 👿
    အလိုက်သင့်မောင်ဘဦးလုပ်ရင်လည်း စိတ်ကုန်တယ်တော့။ :mrgreen:

    ဒါပေမဲ့…………. ကိုပေါက်ပြောသလို (လက်တောင်အတိုအရှည်မညီတော့ အနေအထားအလိုက်ဆက်ဆံရတာပါဘဲ။ဒါလည်းမျက်နှာများခြင်းတစ်မျို့လို့ ဆိုနိုင်ပါတယ်။)
    ဆိုတော့လည်း…………..

  • Phaung Phaung

    May 29, 2012 at 4:33 pm

    ဦးပေါက်ရဲ့ ပို့စ်ကနေ မာကတ်တင်းမာယာတွေကို တွေ့လိုက်ရပါတယ်။ ဦးပေါက်လို ဖုန်းလေးနဲ့ မျက်နှာများ
    နိုင်ရင် ဘယ်လောက်ကောင်းလိုက်မလဲနော်…..ဟီး။ ပါးစပ်ကသာ တောင်းပန်နေရတာ စိတ်ထဲကတော့ …..
    ဟင်း ဟင်း ဆိုပြီး ဒေါသတွေအတောင့်လိုက်ထွက်ပြီး …….. မျက်နှာများတာပေါ့နော်။
    စိတ်မဆိုးနဲ့နော်….စတာ။ ဟဲ……..ဟဲ ။

  • padonmar

    June 1, 2012 at 12:07 am

    ကိုပေါက်ရေ
    ကောင်းလိုက်တဲ့ ရေးချက်
    ကျွန်မလည်း မျက်နှာများတဲ့ထဲပါပါတယ်။
    မိတ်ဆွေသူငယ်ချင်းတွေနဲ့ သင်တန်းမှာတော့ စိတ်ရှည်သည်းခံတဲ့သူတဲ့။
    ကိုယ့်ဝန်ထမ်းတွေရှေ့ကျတော့ ဇီဇာကြောင်တဲ့ ရစ်တဲ့ ဘွားတော်တဲ့။

  • myat pearl phyu

    February 26, 2014 at 10:08 pm

    မျတ်နှာများတဲ့ ကောင်းကင်အောက်မှာပဲ
    ဆေးစက်ကျရာ အရုပ်ထင်ကြရတဲ့ ဘဝတွေထဲ
    သူလိုကိုယ်လိုပဲ ကိုယ်လည်း မျတ်နှာများမိတာပါပဲလေ …
    ိစိတ်၏ စေရာ နာခံလေသော ရုပ် (မျတ်နှာ) ပါတကားးရှင့်….

  • ဒိ ပို စ် အ ဟောင်း တွေ ကို ဖတ် မိ တော့ လွန် ခဲ့ သော နှစ် များ က ဒီ လို တွေး နိုင် ရေး နိုင်
    ဒီလို တွေး ခဲ့ ရေး ခဲ့ တဲ့ ကို ပေါက် ကို ပြန် တမ်း တ မိ တယ်။

    အခု 2013 -2014 မှာ ကို ပေါက် ကျ ဆုံး စပြု ပြီ လို့ ထင် ပါတယ်။
    အရင်က ကွန် ပြူ တာ ရှေ့ ထို်င် လိုက် ရင် စာေ တွ တစ် ပိုဒ် ပြီး တပိုဒ် လက် တန်း ရေးနို်င် ခဲ့သူက
    အခု စာ တစ်ပုဒ် ရေးဘို့ အချိန် ယူေ န ရ ပါ ပြီ။
    ကို ပေါက်အ တွေး တွေ ထူ သွား ပြီ ထင် ပါ ရဲ့၊
    ကျ ဆုံး ခန်း ရောက် နေ ပြီ လို့ ခံ စား ရပ ါတယ် ခင်ဗျာ။

Leave a Reply