Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

လှည်းတန်း၊ အမျိုးသမီးနှစ်ဦး အဓမ္မ မီးရှို ့ခံရမှု

ဂ်စ္စူMay 28, 20121min94357

ယနေ့ညနေ ၆ နာရီကျော်က ကမာရွတ်မြို့နယ် လှည်းတန်း ရ လမ်း ၅ လွှာတွင် ငှားရမ်းနေထိုင်သည့် ညီအမနှစ်ဦးအား လွင်ဦးဆိုသူ လူငယ်တဦးက ဓါတ်ဆီလောင်းမီးရှို့မှု ဖြစ်ပွားသဖြင့် ဒဏ်ရာရရှိသူ မိန်းကလေး ၂ ဦးကို ရန်ကုန်ဆေးရုံကြီးသို့ တင်ပို့လိုက်ရသည်ဟု သိရှိရသည်။

ဒဏ်ရာရရှိသွားသူ ၂ ဦးမှာ နယ်မှ ရန်ကုန်တွင် အခန်းငှားလာရောက်နေထိုင်လျှက်ရှိသူ မအိမြတ်မွန် (၂ရ နှစ်) နှင့် ၎င်း၏ ညီမဖြစ်သူ မအေးမွန်တို့ဖြစ်ပြီး မအိမြတ်မွန်မှာ မီးလောင်ဒဏ်ရာများပြားသည်ဟု လည်းသိရသည်။

ယခုလိုဖြစ်ပွားရခြင်း အကြောင်းရင်းကို စုံစမ်းဆဲဖြစ်ပြီး ထပ်မံသိရှိရလျှင်ရခြင်း တင်ပြပေးသွားပါမည်။

Source:http://moemaka.blogspot.com/2012/05/two-girls-burn-in-rangoon.html

 

ဖြစ်တာတော့ မနေ ့ကညနေကပေမဲ့ ကျနော်တော့ ဒီမနက်မှ အိမ်က အဖွားကြီးက ဖုန်းဆက် သတင်းပေးလို ့ သတင်းအနံ ့ခံတာ..မိုးမခ ဘလော့မှာ သွားတွေ ့သဗျား

ပုံလေးဘာလေးများ တွေ ့မလား ဆက်ရှာတော့ မတွေ ့ပါဘူး.လှည်းတန်းဘက်က ရွာစားတွေ အိပ်ပျော်နေတယ်ထင်ပါ့.. 😀

ဆက်ရှာတော့..ဧရာဝတီဘလော့ဂ် မှာ ဒီလိုထပ်တွေ ့သဗျား..

မိန်းကလေးငယ် ၂ ဦးကို တိုက်ခန်းတွင်း ဓာတ်ဆီလောင်း မီးရှို့တဲ့ဖြစ်စဉ်တခု မေလ ၂ရ ရက်နေ့ညနေပိုင်းက ရန်ကုန်မြို့၊ ကမာရွတ်မြို့နယ် ၃ ရပ်ကွက်၊ လှည်းတန်း ရ လမ်းက တိုက်ခန်း တခုမှာ ဖြစ်ပွားတယ်လို့ 7 Days သတင်း တပုဒ်မှာ ဖော်ပြထားပါတယ်။

မီးရှို့ခံရတဲ့ မိန်းကလေး ၂ ယောက်ဟာ ညီအမများဖြစ်ကြပြီး အမဖြစ်သူ မအိမြတ်မွန်ရဲ့ ရည်းစားဖြစ်သူ လွင်ဦး ဆိုသူက အချင်းများကြရာက အခုလို ဓာတ်ဆီလောင်းကာ မီးရှို့လိုက်တာလို့ သိရပါတယ်။

အသက် ၂ရ နှစ်အရွယ် မအိမြတ်မွန်ဟာ ဆေးတက္ကသိုလ် ပြီးကာစ ဆရာဝန်တဦး ဖြစ်ပြီး ယခုအခါ ရန်ကုန် ပြည်သူ့ဆေးရုံ ကြီး၊ အရေးပေါ်ဌာနမှာ ဒဏ်ရာများပြင်းထန်စွာနဲ့ သတိလစ်မေ့မျောနေပြီး ညီမဖြစ်သူ ကတော့ ခြေထောက်ပို်င်း မှာ မီးလောင်ဒဏ်ရာများ ရရှိထားတယ်လို့ဆိုပါတယ်။
မီးရှို့ခဲ့သူကို ရဲက ဖမ်းဆီးလိုက်မိပြီလို့ သိရပါတယ်။

http://www.irrawaddyblog.com/2012/05/blog-post_28.html

 

မိန်းကလေးက ဘာများ သွားပြောမိလို ့ ၊ ဘာများ မှားမိသွားလို ့ ဒီလောက်တောင် ရက်ရက်စက်စက် လုပ်ရက်သလဲ မသိဘူးဗျား၊ အတော် စိတ်ကြီးတာပဲ ကြားရတာ ကြောက်စရာ


စောစောစီးစီး စောင်ပတ်ပြီး မီးရှို ့ခံရတာကြားတော့ ကျက်သီးထသဗျား…

စိတ်ထိန်းကြပါ….စိတ်ထိန်းကြပါ…သိတာလေးတွေလဲ ပြောပေးကြပါဦး..

 

57 comments

  • Ch@vez

    May 28, 2012 at 9:37 am

    ဟာဂျာ ..
    စောစောစီးစီးဂျာ ..စိတ်မကောင်းထှာ ..
    ၂ရ ဆိုတာ အလတ်ကြီး.. အဲ့လေ. …သများတို့ batch ကလား တောင် မဆိုနိုင်…

    အေဘေး ငတုံး …ညည်းဟာညည်း နံရံ၄ဘက်ကြား သွားချင်တာများ…
    နောက်လူမြည်းရင် မချိုအောင်လို့ …
    မျက်နှာမီးရှို့ရတယ်လို့ … ကတောက် …

    မိန်းမ ဆိုတာ ချစ်ဖို့ ဟေ့ ချစ်ဖို့ ဟ..ရှို့ဖို့ မဟုတ်ဝူး ….
    ချဉ်ထှာ..

  • etone

    May 28, 2012 at 9:53 am

    ဗိုက်ကလေးရေ … အဲ့ဒီသတင်းကို ကြားလိုက်ရပြီး .. စိတ်ကောင်းတောင်ဖြစ်မိပါတယ် … ။
    လူတွေက မီးရှို့တဲ့ လူကိုပဲ အပြစ်ဖို့ကြတယ် … ဘာကြောင့်မီးရှို့တာလဲဆိုတဲ့ အကြောင်းကို … မသိကြဘူးလေ … ။

    လှည်းတန်းမှာနေသူကို အင်တာဗျူးလို့ …. ကြားခဲ့တာလေး ပြန်မျှပါမယ် … ဟုတ်မဟုတ်ကတော့ ကာယကံရှင်မဟုတ်လို့ … မပြောတတ်ပါဘူး ….
    အိမြတ်မွန်ဆိုတဲ့ တစ်ယောက်က ….ဆရာဝန်ပေါက်စပါတဲ့ … သင်္ကန်ကျွန်းဆေးရုံမှာ ဟောက်စ်ဆင်းနေတယ်လို့လည်း သိရတယ် … ။ မီးရှို့တဲ့ လူ .. လွင်ဦးဆိုတာ သူမရဲ့ ချစ်သူပါ … မြောက်ဥက္ကလာဆေးရုံက ဆရာဝန်ပေါက်စပါပဲ … ။ မိန်းကလေးက ပွေရှုပ်ပါတယ် … အခန်းငှားနေတဲ့ …အိမ်ပေါ်မှာ နောက်တစ်ယောက်နဲ့…ချိန်းတွေ့(ဖောက်ပြန်၊)နေတုန်း …သူ့ချစ်သူရောက်လာပြီး …. နာနာကျဉ်းကျဉ်းဖြစ်သွားပါသတဲ့ … ။ ဒါနဲ့ … တိုက်အောက်ပြန်ဆင်းပြီး ဓါတ်ဆီသွားပြန်ဝယ်ခဲ့ပါသတဲ့ … ။ ကောင်လေး ဓါတ်ဆီပြန်သွားဝယ်နေတဲ့အချိန်မှာ …. မိန်းကလေးရဲ့ … ချိန်းတွေ့သူက .. ပြန်လစ်သွားပါပြီ .. ။ ဒါနဲ ့ပဲ .. အချစ်ကြီးလို့ .. အမြတ်ကြီးသူ ကောင်လေးက … ဒေါသစိတ်နဲ့ …. ကောင်မလေးကို ဓါတ်ဆီလောင်းမီးရှို့ ပါတော့တယ် … မီးစလောင်နေချိန်မှာ ..ကောင်မလေးရဲ့ … ညီမဖြစ်သူ အခင်းဖြစ်ရာနေရာကိုရောက်လာပြီး အော်ဟစ်အကူညီတောင်း ၊ ငြိမ်းသတ်ခဲ့ပါတယ်တဲ့လေ …. ။ သူ့အစ်မကို မီးငြိမ်းရင်း သူမပါ … မီးဟပ်ဒဏ်ရာ ရခဲ့ပါတယ် .. အစ်မဖြစ်သူကအသက်မသေပေမယ့် .. မီးလောင်ဒဏ်ရာရပြီး …. အတွင်းလူနာအဖြစ်ဆေးရုံရောက်သွားပါတယ် … ။ ကိုင်း ဇာတ်လမ်းလေးကတော့ ဒါပါပဲလေ … ။

    အချစ်ကြီးလို့ … အမြတ်သူကောင်လေးကို .. စာနာမိပေမယ့် …. ဒေါသစိတ်ကြောင့် … လုပ်မိလုပ်ရာလုပ်ခဲ့တဲ့စိတ်ကိုတော့ ကြောက်လန့်မိပါတယ် … ။ လူတစ်ဦးတစ်ယောက်ကို သတ်ဖို့ဆိုတာ ..တော်ရုံစိတ်နဲ့ တော့မဖြစ်နိုင်ပါဘူး … ။အထူးသဖြင့် ကိုယ်ချစ်တဲ့လူဆိုလျှင် .. ပိုလို့တောင် မလုပ်ရက်သေးတယ် …. အခုကိစ္စမှာ တော်တော်လေး ထိခိုက်ကြေကွဲခံစားရလို့ပဲ ဖြစ်မယ် ထင်ပါရဲ့ …. ။
    ဟွန်း …

    အချစ်ဟာ မီးလား 🙄 အချစ်ဟာ မီးလား 🙁 အချစ်ဟာ မီးလား 😥

    • Ch@vez

      May 28, 2012 at 9:59 am

      တင့်ခရု ဖော်ရွာ အင်ဖော်မေးရှင်း ….
      အဲ ..မနက်ကြီး … ဂျိပေဂျိ နေတာ မြင်ရတော့ …လည်း..
      အင်းလေ… စိတ်မကောင်းပါဂျောင်း …

      အိုကွယ်….
      ကြံကြံဖန်ဖန်.. ဒါ့ဆီလောင်း မီးရှို့ ရတယ်လို့ …
      မသကာ ဒါ့ပုံရိုက် တင်ရင်မှ ..သများတို့ သာဓု ခေါ်လို့ရဦးမယ်…
      ဟီး…

      ဂုတော့ ….ဂုတော့ ….

      အရွယ်ရောက်ပြီး ယောက်ျားတိုင်း ရည်းစားကိုယ်စီ
      (လုံလုံလောက်လောက်) ရှိသင့်သည်…။

      ပုံ
      နှူးဘာ ရီပါ့ဘလစ်ခ်

      • etone

        May 28, 2012 at 10:10 am

        အင်းလေ ..ကိုဂီရေ .. သူ့ခမျာ … အဲ့လိုရိုက်တင်ဖို့ မစဉ်းစားမိလို့ ….. ဓါတ်ဆီခလည်းကုန် ၊ လူလည်း အဖမ်းခံခဲ့ရတာပေါ့လေ .. ။ ကိုဂီလို သွားလေရာ ကင်မလာဆောင်ထားလျှင် ကွက်တိပဲနော် .. ဟိဟိ …. 😀

        • Foreign Resident

          May 28, 2012 at 10:25 am

          အော် အခု Etone ပြောပြမှပဲ
          မောင်ဂီ သွားလေရာ ကင်မလာ ဆောင်ရခြင်းရဲ့
          အကြောင်းရင်းကို သိရတော့တယ် ။

        • Ch@vez

          May 28, 2012 at 10:42 am

          နွေရောက်ပီ ဖြစ်၏။
          နေ့အပူချိန် ၂၅ဒီဂရီ ခန့် ရှိ၏။

          ဘူတာရှေ့က ရင်ပြင် လှေကားထစ်တွေရောက်တိုင်း
          မောင်ဂီ့ မကြာခန တံတွေး မျိုချ၏။
          နှင်းတွေကျတုန်းက သိုးမွေးထူထူတွေ ဝတ်ပီး
          မျက်နှာကလေးများသာ ဖော်ထားသည်မှာ
          သည်ကလေးမတွေ မဟုတ်သည့်အလားပင်…။

          နွေ နေ ပူသလို ရင်လည်း ပူ၏။
          ဆင်နှာမောင်း ဖွေးဖွေ သွယ်သွယ် ကလေးများသည်
          ရေငတ်စေတတ်ပါသလား …။
          ကျနော် မသိ..။

          ဘောက်မဲ့ကြောင့် .. လှစ်ကနဲလေးပေါင်း မြောက်များစွာသည်
          လူကို နှလုံးရောဂါ ရစေပါသနည်း။

          တခါတရံ အနက်ရောင် .တခါတရံ အနီရင့် ..တခါတရံ ….
          ကင်မရာနှင့် မရိုက်ရဲ သလို မျက်စိနဲ့လည်း မရိုက်ချင်သောကြောင့်…
          နှလုံးသားနှင့်သာ ရိုက်ခဲ့ပါတော့သည်…။

          လှေကားထစ်များတက်ရသည်မှာ ယခင်ထက် ပိုမို မောဟိုက်နေသည်။
          ကျနော် ဆေးလိပ်လျှော့သောက်သင့် ပီလား ..
          မဆိုင် ….။ ကျနော့်ကိုယ် ကျနော် သိသလိုတော့ရှိပါသည်…။
          တခါတရံ ရှက်ပြုံးလေးများပင် အဆစ် လက်ဆောင်ရရှိတတ်ပါသေးသည်..။

          လှစ်ကနဲလေးပေါင်း မြောက်များစွာ
          အသည်းဖလင်တွင် စွဲထင်နေသည့်
          ဂီ

        • မှော်ဆရာ

          May 28, 2012 at 1:36 pm

          အဲဒါ သူများကို ခဏ ခဏ ကင်မရာကြီးနဲ့ချိန်လို့
          နင် ဝဋ်လည်တာ …
          တော်တော် ဘက်လိုက်တဲ့ ဝဋ် …
          ဟင့်

    • ဗိုက်ကလေး

      May 28, 2012 at 11:09 am

      သတင်းစုံလှချည်လားဗျာ..
      ဟုတ်လောက်ပါတယ်..

    • Thel Nu Aye

      May 29, 2012 at 9:09 am

      အဲနေ့ညနေက မီးသတ်ကားတွေပါလာပြီး ရှုပ်ရှက်ခတ်သွားတာပဲ။ တာမွေကတောင်လာတယ်။ မီးသတ်ကားတွေက။ လမ်းမှားတဲ့ကားကမှားနဲ့။ ညနေပိုင်းပွက်လောကိုရိုက်သွားတာပဲ။
      ကောင်လေးကတော့ တော်တော်ရိုက်ခံလိုက်ရတယ်ပြောတယ်။

    • Aung Aung

      May 31, 2012 at 10:44 am

      ကောင်းတယ်ဗျိုသစ္စာမရှိတဲ့သူတွေကိုသတ်ပြစ်တာကောင်းပါတယ်
      ကမ္ဘာလောကကြီးသန့်ရှင်းသွားတာပေါ။စောင်နဲ့ပတ်ရတာကတော
      နောက်တစ်ယောက်နဲ့နှစ်ပါးသွားထားလို့အင်္ကျီမရှိလို့နေမှာပေါ့ဗျား
      ဒါမှရှုပ်တတ်တဲ့သူတွေငြိမ်သွားမှာ ..နမူနာပြထားမှကောင်းတာ .

  • Shwe Tike Soe

    May 28, 2012 at 9:55 am

    ယုတ်မာ ပက်စက်ရိုင်းစိုင်းလိုက်တဲ့အကောင်ပလားအေ…….. ကိုယ့်ချစ်သူကို မီးရှို.သတ်ရလောက်အောင်…
    တော်တော်အသည်းမာတဲ့ကောင်နော်………

    • ကြောင်ဝတုတ်

      May 28, 2012 at 10:13 am

      ကိုရွှေတိုက်…
      အားကျလို့ အုပ်အုပ်ကို ကင်မစားနဲ့နော်… အစိမ်းစား….အာဟိ

      • etone

        May 28, 2012 at 10:38 am

        ရွှေတိုက်ရေ …. ရေလေးတော့ ဆေးစားပါ … သဲကျလိကျလိနဲ့ဆို …. ဝါးမကောင်းဘူး … 😀 ငါးခြောက်ကိုပြောတာပါဟယ် 😀

        အံမယ် .. ချစ်သူကို မီးရှို ့တာကျတော့ အသည်းမာတယ်တဲ့ .. ဟွန့် … ချစ်သူက တခြားလူနဲက..ပလူးပလဲလုပ်နေတာ… မြင်ကြည့် စာနာကြည့်စမ်းပါဟယ် … ။ နာနေတဲ့ အသည်းတောင် အချဉ်ရည်နဲ့ တို့စားချင်စိတ်ပေါက်မယ် … ။ နာသာဆို စောင်ပတ်ပြီးမီးရှို့မသတ်ဘူး …. အခန်းပေါက်ဝကနေ ..သူခိုး … သူခိုးလို့ .. အော်ပလိုက်မယ် … ဟိဟိ 😀 ဒါမှတတိုက်လုံး လာပြီး …ရုပ်ရှင်အခမဲ့ကြည့်လို့ ရမှာ :mrgreen:

  • ညလေး

    May 28, 2012 at 10:03 am

    ဟော်တော်……..အဖြစ်ကလဲဆိုးပ
    ဒီလိုလူကိုမှ ချစ်သူတော်ရတယ်လို………
    ကောင်မလေးခဗျာသနားပါတယ်……..
    သတင်းထူးလေးဖတ်ရလို.ကျေးကျေးပါဦးဦးဗိုက်……

  • Mလုလင်

    May 28, 2012 at 10:13 am

    လောဘ .. ဒေါသ .. မောဟ .. … တယ်ကြောက်စရာ ကောင်းပါလား

  • windtalker

    May 28, 2012 at 10:19 am

    ဆိုလားကိုကို သတင်းထာနမှ ထိန်ချံခဲ့သော နောက်ဆက်တွဲ သတင်းတစ်ရပ်မှာ … အဆိုပါ မီးရှို့ခံရသည့် ညီမ၂ယောက် သတင်းကိုကြားသိသွားသော ဂေဇက်ရှိ လူပြိုသိုး ကမ်းဂျီးဆိုသူမှာ သု့အတွက် လူပျိုလှည့်စရာ ၂ယောက် လျှော့သွားလေခြင်းဟု ဝမ်းနည်းသွားပြီး နိုင်ငံခြားမှ ဟိုအဆိုတော်ကောင်မလေးလို သူ့ဆံပင်များကို သူရိတ်လိုက်လေသည် ဟူသတတ်။
    ဥဗိုက်ကြီးရေ သတင်းကြားရတာ စိတ်မကောင်းဖြစ်ရတယ်ခဗျ

    • ဗိုက်ကလေး

      May 28, 2012 at 10:56 am

      အူးပေလဲ သတိထားဦးဗျ
      မာဆတ်တွေပဲ သိပ်ဒိုးမနေနဲ ့
      အကင်ခံနေရဦးမယ်

  • shwe kyi

    May 28, 2012 at 10:56 am

    ဘယ်လိုကြောင့်ဖြစ်ဖြစ်ပေါ့လေ။ လက်ခုပ်ဆိုတာ နှစ်ဘက်တီးမှမြည်တာဆိုတာကိုလည်းနားလည်ပါတယ်။
    အခုလိုဖြေရှင်းတာက ရပ်ကွက်ကိုလည်းထိခိုက်နိုင်ပါတယ်။ ဓါးနဲ့ခုတ်တာကမှတော် ဦးမယ်။
    မတော်လို့ မီးလောင်မှုကြီးမားသွားရင် မလွယ်ပါဘူး။ လှည်းတန်း အဲဒီလမ်းက မီးသတ်ကားဝင်ဖို့
    ခဲယဉ်းပါတယ်။ လင်မယားလည်းမဟုတ်သေးတဲ့အတွက် ကောင်မလေးဖေါက်ပြန်တယ်ဆိုရင်တောင်…..။

  • jujuma

    May 28, 2012 at 11:04 am

    စ်ိတ်ကြီးလိုက်ထှာအေ ..
    ချစ်သူတစ်ယောက်အတွက်နဲ့များ အဲလောက်မရင်းသင့်ပါဘူးး…
    အချစ်ကြီးတော့အမျက်ကြီးတာနေမှာ …
    ထူးဆန်းပါပေ့ ….

  • Ch@vez

    May 28, 2012 at 11:05 am

    သဒင်းက ပွင့်လင်းမြင်သာမှု မရှိဘူး လို့မြင်မိတယ်…
    (ကိုဗိုက်ကိုပြောတာမဟုတ်ပါဘူး) မူရင်း သတင်းကိုပြောတာပါ..

    ဘယ်သူမှတော့ ဓါတ်ဆီလောင်း မီးရှို့ဖို့ လာမယ့် လူကို
    ဘယ်သူမှ သာသာ ကြည်ကြည် အိမ် တံခါးဖွင့်ပေးမှာ မဟုတ်…

    အဲ .. လစ်ဗင်းတူဂဲသား လားလို့ စဉ်းစားစရာရှိပေမယ့်
    ညီမနဲ့ အတူ နေတယ်ဆိုတဲ့အချက်ရယ်..
    ညကတည်းက ရှိမနေဘူး ဆိုတာရယ်ကြောင့် ..
    ဒါကလည်း ခိုင်လုံမှုမရှိ…။

    အန်းနီးဝေး ..အဆိုပါ အိမ်ကို တံခါးမရှိ ဒါးမရှိ
    ဝင်ထွက် သွားလာနိုင်တာတော့ သေချာတဲ့ ကောက်ချက်..ပဲ…။

    ဟုတ်တယ်လေ. . ဒေါ်အိတုန် ဖြည့်စွက်တဲ့ သတင်းအရဆို…
    အခန်းတံခါးပိတ်ပီး စန္ဒယား နှိပ်နေတာ မြင်သွားမှတော့ ….
    (ဘယ်သူမှ တံခါးဖွင့်ပြ မှာ မဟုတ်လို့ …)

    မနက် ညီမ လုပ်သူ ဈေးသွား ..
    ဟိုကောင် ကြောင်တောင် နှိုက် လာ ..နှိုက် ..အဲ့လေ ..နှိပ် ..
    ချစ်ချစ် က မမျှော်လင့်ဘဲ ရောက်လာ နှိပ်နေတာ တွေ့သွား
    ပြန်ဆင်း (ကြောင်တောင်နှိုက် က ပြန်)
    ငနဲသား ပြန်တက်လာ .. (ဓါတ်ဆီ ပုလင်းနဲ့)
    ညီမ လေးလည်း ပြန်ရောက်လာ …
    (ဓါတ်ဆီဝယ်တာ ဘယ်လောက်ကြာသွားတယ် မဆိုနိုင်…)

    ထားပါတော့ ..
    ဟို မိန်းမတော့ သနားပါတယ်…
    သူလည်း အတွင်းလူနာဖြစ်
    ချစ်ချစ် နံရံလေးဘက်ကြားရောက်..
    အဝှာ ရှိလျက် နဲ့ ကနေ အဝှာပြုပီး …ကို အဝှာ နဲ့
    အဝှာ အပြုကောင်းလိုက်တာ …လူသိရှင်ကြားဖြစ်..
    ညီမလေးလည်း ဒဏ်ရာရ .. မသေရင်တောင် ကိုအဝှာ ကလည်း ယူမှာ မဟုတ်…

    အဲ့ ..ညီမလေး ဆိုလို့ …
    ညီမလေး တစ်ယောက်လုံး ရှိတာ ကွယ်…
    အစ်မတင်တဲ့ အကြွေး ညီမ ဆပ်လို့ ရသေးတာပဲကို …
    အဟေးဟေး…
    ကျုပ်သာဆို ..အတိုးရော အရင်းကော ယူပစ်တယ်…
    မီးတော့ ရှို့မှာ မဟုတ်….
    တိုးရင်းပေါင်း နော …

    ပြောပါတယ် ..မိန်းမ ဆိုတာ ချစ်စရာ ရှို့စရာ မဟုတ်ပါဝူးလို့ …

    တော်သေးဘီ
    ညှီသွားဘီ..
    ခင်တဲ့
    ဂီ

    • ဗိုက်ကလေး

      May 28, 2012 at 11:28 am

      ဘာပဲဖြစ်ဖြစ် အနာဂတ် ဆရာဝန် လောင်းလျာနှစ်ဦး ဆုံးရှုံးရသပေ့ါဗျား

    • etone

      May 28, 2012 at 11:37 am

      ကိုဂီရေ … ကျွန်မထည့်ရေးဖို့ လိုသွားတာက … ကောင်လေးမှာလည်း .. သော့ရှိနေခဲ့သတဲ့လေ .. ။
      (မဝေဖန်လိုပေမယ့် .. ) ကြည့်ရတာတော့ …. လက်မထပ်ရသေးတဲ့ … အတွဲမျိုးပဲ … ။ ဒါကြောင့်လည်း … ကောင်လေးဘက်က .. အတော်ခံပြင်းသွားတာ ထင်ပါရဲ့ … ။

      ကောင်လေးရောက်လာတာကို သိလိုက်လို့ .. နောက်တစ်ယောက်ကလစ်ပြေးသွားတာပဲ ဖြစ်မယ် … ။ ရောက်လာပေမယ့် .. ပြသနာမရှာသေးတဲ့ကောင်လေး .. သူ့အကြံနဲ့သူ.. ဓါတ်ဆီသွားဝယ်တာ ..ဝေးဝေးလံလံတော့မဟုတ်ဘူးပဲ … ။ မကြာခင် ဂျာနယ်တွေ လိုရာဆွဲရေးကြဦးမယ် ..စောင့်ဖတ်ဦးမယ် .. အဟိ 😀

      • ဗိုက်ကလေး

        May 28, 2012 at 11:58 am

        ဪ..
        သတင်းက ထပ်စုံပြန်ပါပကောဗျာ..

        • Ch@vez

          May 28, 2012 at 12:01 pm

          ဘာပဲဖြစ်ဖြစ် ဒီညီအစ်မ ကံဆိုးတာပါဗျာ…

          ချစ်တတ်တဲ့ ကျုပ်နဲ့ သာဆုံခဲ့မယ် ဆိုရင်
          ဂုလို ဖြစ်မှာ မဟုတ်ဘူး….
          😀

          ရှက်လည်းရှက်ပါရဲ့ ရှက်လည်း ရှက်တော့ဘာဘူးလေ…

  • Davit

    May 28, 2012 at 11:16 am

    အော်…….လူရယ်လို့ဖြစ်လာရင် “တဏှာ” ဆိုတာ တယ်ကြောက်ဖို့ကောင်းပါဂလား………… ဒါတွေကိုကြိုသိလို့ ဗစ်ဗစ်တို့ “တဏှာ” ကို ကြိုးစားပြီး ပယ်ခဲ့တာကြာပေါ့…… ခုဆို ဗစ်ဗစ်မှာ “တဏှာ” ဆိုတာ ဂျိုနဲ့လားလို့ မေးယူရလောက်အောင် ကင်းစင်သွားပြီလေ…………………………………………
    အဲ……………“တဏှာ” တွေကင်းစင်ပြီးသကာလ …… “ရာဂ” တွေချည်းပဲ သီးသန့်ကိုစစ်ပြီးကျန်ခဲ့သပါ့ကွယ်……… 😛

  • ဗိုက်ကလေး

    May 28, 2012 at 11:27 am

    ကြောက်ဖို ့ကောင်းတယ်ဗျာ
    ကျုပ်ဆို တဏှာလဲ မရှိ ရာဂလဲ မရှိ အကုန်မရှိ
    ကိလေသာလေး နဲနဲသာ ကျန်တော့တယ်ဗျား

  • eipu

    May 28, 2012 at 11:55 am

    အချစ်ကြီးလို့ အမျက်ကြီးတာလားကွယ်။

  • Khin Kha

    May 28, 2012 at 12:17 pm

    အချစ်ဟာ မီးလား သီချင်းသရုပ်ဖော် လုပ်ကြတာလားကွယ်။

  • may flowers

    May 28, 2012 at 12:31 pm

    ဆရာဝန်လေးရယ် သစ္စာမရှိတဲ့ မိန်းမတစ်ယောက်အတွက်များကိုယ့်ဘဝ ကိုအနစ်မွန်းခံလိုက်တာအံ့ပါ

    ရဲ့ အမှန်ဆိုရင်ထဲမှာ စိတ်ဆိုးခံပြင်းနေအုံးတော့ မင်းလိုမိန်းမငါနဲ့မတန်ဘူးဆိုပြီး ပြုံးပြုံးလေးနဲ့

    လှည့်ထွက်လာခဲ့ရမှာ ..ခုတော့မိအေး ၂ ခါနာပါလားနော်။

  • winzaw

    May 28, 2012 at 1:04 pm

    အချစ်ထက် အမျက်ကြီးတာက ပိုနေပုံရတယ်
    ဖြစ်မှဖြစ်ရလေ ၊
    အမျက်ဒေါသကြောင့်ခြေလွန်လက်လွန်ပြီး ဒုက္ခ တွေ့ကြရရှာတယ်၊

  • lin thant

    May 28, 2012 at 1:30 pm

    ဘာအကြောင်းနဲ့မှ ဒီလိုမလုပ်သင့်ဘူးလို့ထင်ပါတယ်။လူတယောက်က လူတယောက်ကို ဒီလိုလုပ်တာဟာ
    ပထမဆုံး မြင်ဘူး၊ကြားဘူးခြင်းပါ။ကျွန်တော်က ရ လမ်းသားပါ။နောက်ကွယ်က အကြောင်းတွေ ဘာပဲဖြစ်ဖြစ် သူတို့ကြောင့် တလမ်းလုံးအုတ်အော်သောင်းနင်းဖြစ် ( ခလေးသူငယ်တွေ၊သက်ကြီးရွယ် အိုတွေ အပါအဝင် )၊တိုက်တိုက်ဆိုင်ဆိုင် overload ကြောင့်လမ်းထိပ်ကမီးကြိုးက ပြတ်အကျ၊ အဲဒီအမျုိုးသမီးက တကိုယ်လုံးမီးတွေလောင်ပြီး ဝရန်တာကနေ ကယ်ပါ၊ယူပါ ထွက်အော်—
    မိနစ် ၂ဝ လောက်ကြာတော့ ရဲ ၊ မီးသတ်ရောက်လာ၊ ၁၅ မိနစ်လောက်ကြာတော့မှ ဘယ်လိုနာမည် တပ်ရမလဲတောင် မသိတဲ့ မီးရှိူ့တဲ့ animal ကိုကာရံပြီး ခေါ်ထုတ်သွားရတယ် ( ဆွမ်းကြီးဝိုင်းလောင်း မယ့် အခြေအနေ ကြောင့်လမ်းထဲက လူကြီးအချို့က ရဲမလာခင်ကထဲက အဲဒီအခန်းက ရေချိုးခန်းထဲမှာ ထည့်
    ပိတ်ထားရတယ် )။

    • etone

      May 28, 2012 at 2:03 pm

      ကျွန်မစိတ်ထင်ပေါ့နော် … လူတစ်ယောက်ကို မီးရှို့သတ်ဖို့ဆိုတာ .. တော်ရုံသတိ္တမျိုးနဲ့ မရပါဘူး … ။ တခြားနည်းနဲ့ .. တုံ ့ပြန်တယ်ဆိုလျှင် တမျိုးပေါ့ …. ဥပမာ ဖောက်ပြန်တာ ပက်ပင်းတွေ့သည့်တိုင်အောင် …. ရိုက်နှက်တာမျိုး ၊လည်ပင်းညှစ်တာမျိုး .. အဲ့လောက်ထိတော့လက်ခံနိုင်သေးတယ် .. ဒါတွေက ဒေါသအလျောက်ပြုမူတာ …. ။

      အခုကိစ္စကလည်း ဒေါသအလျောက်ပြုမူ လိုက်တာဆိုပေမယ့် … ရက်စက်တဲ့ နည်းနဲ့ သတ်တယ်ဆိုတာကတော့ … သူ့စိတ်သူမနိုင်ဘူးဖြစ်သွားတယ်ထင်ပါရဲ့ … ။ ခဏတာ စိတ်ဖောက်ပြန်သွားတယ်လို့ ထင်ပါတယ် ။ တဒင်္ဂ အသိစိတ်လွတ်သွားတယ်လို့ ထင်ပါတယ် … ။
      မီးလောင်တာ လူသိလို့…. မသိလျှင် …ကောင်မလေးသေပြီး … သူ့ကိုယ်သူပါ သတ်သေမယ့် ဖြစ်ရပ်မျိုးဖြစ်လာမယ်ထင်တယ် … ။ ဘာပဲဖြစ်ဖြစ် အနာဂတ်ရဲ့ လူငယ်နှစ်ယောက်တော့ … လူညွှန့် တုံးရတဲ့ ဖြစ်ရပ်ပါပဲ 🙄

    • ဗိုက်ကလေး

      May 28, 2012 at 3:15 pm

      စိတ်မကောင်းပါဗျား….ဒါတောင် လူစည်ကားတဲ့အချိန်ကြီးနော…
      လူအိပ်ချိန်သာဆို မတွေးရဲအောင်ပဲဗျား

  • နွယ်ပင်

    May 28, 2012 at 2:56 pm

    ကြားရတာ စိတ်မကောင်းစရာပါပဲ
    အချစ်ကြီးလို့ အမျက်ကြီးတယ်ထင်ပ ……………

  • Mလုလင်

    May 28, 2012 at 3:42 pm

    အခုနေ များ .. တတိယ လူ ရဲ့ စိတ်အခြေအနေ ကိုသိချင်စမ်းပါဘိတောင်း

    • Ch@vez

      May 28, 2012 at 6:18 pm

      ကိုဗိုက် …
      ပြောပြလိုက်လေဗျာ …
      ကိုလုသိချင်လို့တဲ့

      😛

  • manawphyulay

    May 28, 2012 at 4:21 pm

    အချစ်ဟာ မီးလားဆိုပေမယ့် ခုဖြစ်တဲ့သူတွေက သူများအသက်ကို ကယ်ရမယ့် ဆရာဝန်တွေပဲနော်။ ဒီလိုအချိန်မှာ စိတ်မထိန်းနိုင်ဘူးဆိုရင်တော့ သူတို့လက်ထဲရောက်မယ့် လူနာတော့ မတွေးဝံ့စရာပါပဲလေ…

  • နေဝန်းနီ

    May 28, 2012 at 4:56 pm

    မီးမ တစ်ရောက်ဒွက်များ ကိုယ့် ဘွ ကို အပျက်ခံလို့……… မိုက်ပါ့

    • ဗိုက်ကလေး

      May 28, 2012 at 5:01 pm

      သွေးဆူနေတုန်း ဖြစ်သွားကြတာနေမှာပါဗျာ…
      စိတ်မကောင်းပါဘူး..

      ကိုနေ
      ပျောက်လှချည်လားဗျာ..
      လိပ်ဂေါင်းကော ပျောက်သွားပြီလားဗျ
      ဂရုစိုက်နော်..
      လိပ်ဂေါင်းက မီးကင်ရင် မထွက်ပဲ ပြန်ဝင်တတ်တယ်လို ့ ဘိန်းဒေါဆရာပေက ပြောတာ မှတ်သားဖူးတယ်ဗျာ..
      စမ်းကြည့်ပါ.

  • ဆူး

    May 28, 2012 at 5:02 pm

    တော်တော် ဆိုးတဲ့ ဖြစ်ရပ်ပဲ..
    တရားဝင် ဇနီးမယား အဖြစ် လက်ထပ်ထားတာ မဟုတ်တာ တခြား လူနဲ့ ရှုပ်လို့ ပြတ်လည်း ပြတ်ပေါ့..
    သူကြင်မှ ကိုယ်ကြင် ဖြစ်သင့်တာပေါ့.. ကောင်မလေး ကလည်း ကြမ္မာငင်နေတာ ထင်တယ်။ မီးလောင်လို့ မသေရင်တောင် သူရဲ့ အလှအပကတော့ တော်တော် ပျက်စီးသွားမယ် ထင်တယ်။
    လူတော တိုးပါ့မလား။

    • ဗိုက်ကလေး

      May 28, 2012 at 5:04 pm

      80% လောက် မီးလောင်ခံရတယ် ကြားတယ်ဗျာ

      • Thel Nu Aye

        May 29, 2012 at 9:14 am

        မျက်နှာပါလောင်တယ်ပြောတယ်။ ပြီးပြီပေါ့သူ့ဘဝ။

  • တညင်သား

    May 28, 2012 at 5:07 pm

    အဲဒါ စနစ်ကြောင့်မဟုတ်ဘူး….. စနစ်ကြောင့်မဟုတ်ဘူး……
    အနိစ္စ အနိစ္စ ….:P

    • ဗိုက်ကလေး

      May 28, 2012 at 5:09 pm

      သဂျီးက စိတ်ဆိုးနေဒယ်..
      သူ ့တော်ကီ ယူသုံးသွားလို ့ဒဲ့..

      စနစ်ကြောင့် မဟုတ်ဘူး….စနစ်ကြောင့် မဟုတ်ဘူး..
      အချစ်ကြောင့်..အချစ်ကြောင့်… 😀

  • ကိုရင်စည်သူ

    May 28, 2012 at 6:01 pm

    Living together က ထွက်လာတဲ့ ဆိုးကျိုးတွေပဲ မြင်မိတယ်..
    မနေ့က ညနေ လှည်းတန်းငါးလမ်းက သူငယ်ချင်းဖုန်းဆက်ပြောတယ်…
    ညီအမတွေက ရည်စား အလွန်ပွေးကြတယ်ဆိုပဲ… ဟိုကောင်ကလည်း
    ဆေးကြောင်နေတော့ ကြာတော့ သည်းခံရင်း ခံရင်းနဲ့ မခံနိုင်အဆုံး
    မိုက်ရူးရဲလိုက်တာပါ။ ဒီအခြေအနေတိုင်းသာဆို ဒီလို ကိတ်စတွေ
    လူသိသိ… မသိမသာတွေ ဖြစ်နေဦးမှာပါ။
    ကိုရင်တို့လို ချစ်တတ်တဲ့လူတွေကတော့ အဲ့လိုမလုပ်ပါဘူး..
    သနားတတ်တယ်… ကြင်နာတတ်တယ်… 😳 😳
    လိုအပ်ရင်တော့ အသုံးပြုပါတော့ ကိုရင့်ရဲ့ ကျောပြင်ကို
    စံရတီ မိုးလေးရေ… ဒါကြီးက မင်းရဲ့ ဝေါယာဉ်လို… ခစ်ခစ်… 😎

  • Gipsy

    May 28, 2012 at 6:29 pm

    ကြားရတာ စိတ်ညစ်စရာပါလားနော်….
    အချစ်ကို ကိုးကွယ်လွန်းသူတွေရဲ့ ဇတ်သိမ်းက မလှမပ ဖြစ်ရပြီပေါ့….
    လူငယ်လူရွယ်များ သတိထားဆင်ခြင်သင့်ပါတယ်…
    ဪ..အချစ် အချစ်…..။

  • sealion

    May 28, 2012 at 6:37 pm

    မစားရတဲ ့အမဲ သဲနဲ များပတ်သလားဗျာ ယောကျားတန်မဲ ့တော ့ ဒီလိုကြီးမလုပ်သင့်ပါဘူး စဉ်းစာကြည့်တာပါ ကိုလွင်ဦးမှာများ ကိုဝင်းကြည် ဖြစ်နေလို ့များလား

  • blackchaw

    May 28, 2012 at 6:56 pm

    အဲဒီဇာတ်လမ်းကို ရုပ်ရှင်ပြန်ရိုက်တော့မယ်တဲ့။
    မင်းသားက ကိုနေကိုတိုး။
    မင်းသမီးက အစ်မနေရာက သင်ချာဝင့်ကျော်။
    ညီမနေရာက ဝတ်မှုန် ငွေချည်။
    မီးလောင်တဲ့အခန်းမှာ အကယ်ဒမီရအောင်လို့
    တကယ့်အစစ် ဓါတ်ဆီနဲ့လောင်းပြီး မီးရှို့ ခံကြမယ်တဲ့
    ဗိုက်ကလေးရေ။
    ဒါရိုက်တာက လဒမောင်မောင်။
    သူက ဒီလိုဇာတ်လမ်းမျိုးဆို လက်ပိုတွေ့တတ်တယ်တဲ့ဗျား…။

    • Ch@vez

      May 30, 2012 at 6:52 pm

      ဟို ကြောင်တောင်နှိုက် နေရာမှာ သများကို သုံးပေးပါလားဟင်င်င်င်င်
      ပိတ်သတ် မုန်းဂျင်လည်း မုန်းဘာဇေ …
      ရဒယ်… ရဒယ်….

      အဲ့ … မီးလောင်တဲ့အခန်းမှ မဟုတ်ဝူး…
      အခန်းတိုင်း ဒဂဲ့ အစစ် သရုပ်ဆောင်ဂျင်လို့ပါ …
      ဟီဟိ ….

  • unclegyi1974

    May 28, 2012 at 9:16 pm

    ဟဟ
    ဘာတဲ့
    အချစ်ကြီးလို့အမျက်ကြီးတယ်ဟုတ်
    နို်းနို်း
    မိုက်လုံးကြီးပြီးစဉ်းစားတွေးခေါ်မှုမရှိတာ
    ဒီအသက်ဒီအရွယ်ရောက်လာပြီးဒီလိုပညာတွေသင်ထားတာအလကားပဲ
    အတွေးက၁၆နှစ်အတွေးလောက်
    ခံ လိုက်ပေအုန်းတော့

  • metallic

    May 28, 2012 at 9:25 pm

    ဒေါသကြာင့် လူ့အသက်ကို ထင်းတချောင်းလိုပဲ မြင်ပြီး မြန်မြန်ပြာဘဝရောက်ဘို့လောက်ပဲ တွေးပြီး လုပ်မိလုပ်ရာလုပ်လိုက်မိတာ

    အမုန်းကပဲ ကြီးလွန်းလို့လား
    နဂိုစိတ်ရင်းအခံကပဲ ကြမ်းတမ်းလို့လား
    ဘဝပေးအခြေအနေကတွန်းပို့သလား
    ပတ်ဝန်းကျင်ကလှုံ့ဆော်သလား

    သူ့လိုစိတ်ထားမျိုးရှိတဲ့လူငယ်တွေ ပတ်ဝန်းကျင်မှာဘယ်လောက်များလဲ
    ရာခိုင်နှုံးဘယ်လောက်ရှိလဲ
    ဒီလိုအဖြစ်တွေက ဘယ်လောက်တောင်များခဲ့ပြီးပြီလဲ
    နောက်ရော ဖြစ်နိုင်ခြေရှိသလား
    လူငယ်တွေဒီလိုဖြစ်နေတာဟာ
    ဘာကြောင့်
    …….?
    …….?
    …….?
    …….?…….?

  • Mon Kit

    May 29, 2012 at 11:57 am

    အင်းးး… ဒီလူအနေနဲ့ အချစ်နဲ့ ဒေါသ ခွဲခြားထားတဲ့သူဖြစ်မယ်..
    ချစ်တာက ချစ်တာဘဲ… သူ့ကို အရူးလုပ်ခံရလို့ ဒေါသ ငယ်ထိပ်ရောက်ပီး မီးရှို့တဲ့ အထိ ဖြစ်တာ..
    ဒေါသကို ရှေ့တန်းတင်တဲ့သူပေါ့… ပညာရှိပေမဲ့ သတိလက်လွတ်ဖြစ်ရတယ်..
    ဆင်ခြင်စရာတွေပါ…

  • သားငယ်

    May 30, 2012 at 3:07 pm

    ကောင်မလေးတော့ တေ သွားပြီလို ့ဖတ်လိုက်ရပါတယ်ဗျာ… အင်း သတိ တရာ မရှိတော့ မဖြစ်သင့်တာတွေ ဖြစ်ကုန် ကြပြီ။
    အတွေ ့အကြံ ုပေ့ါ..ဟိဟိ. ရှောင်လို ့ရတာပေါ့ေ နာ့ ကိုယ့်အလှည် ့ကျရင် အသည်းလေးရေ..ကိုယ်လာပြီနော်လို ့ဖုန်းကြိုဆက်
    ပြီးမှ သွားတာကောင်းပါတယ်။

  • aye.kk

    May 30, 2012 at 5:17 pm

    လွန်ခဲ့တဲ့(၂၈)ခန် ့ကပေါ့နော်..
    ကညနရုံးချုပ်ရှေ့မှာဖြစ်ရပ်တခုဖြစ်ပွားခဲ့ဘူးပါတယ်..
    အရင်တတုံးကအခေါ်ဝေါ်အရဆိုရင်ဘားလမ်း၊အောက်ဘလောက်၊အချုပ်ထောင်ရှေ့
    တည့်တည့်မှာဖြစ်ခဲ့တာလေးသတိရလို ့ညေပာပြချင်မိပါတယ်..
    ရုံးဆင်းချိန်လေးမှာ၊ကျယ်လောင်တဲ့အော်သံနက်ကြီးကြားလိုက်ရလို့ထွက်အကြည့်မှာသွေးသံ
    ရဲရဲနဲ ့ကောင်မလေးနဲ ့ကောင်လေးသွေးအိုင်ထဲအရုပ်ကြိုးပြတ်လဲကျသွားခဲ့တာမြင်လိုက်ရတယ်..
    အခြေနေစုံစမ်းကြည့်တော့၊ကောင်လေးကသင်္ဘောသားပါ၊ကောင်မလေးကရုံးစာရေးမ၊မိဘတွေ
    သဘောမတူလို ့ခွဲရာကနေ၊ကောင်မလေးကိုအဆက်ဖြတ်ခိုင်းရာက၊နောက်တယောက်နဲ့တွဲပြမိလို ့
    သတင်းကြားရာကနေကောင်လေးကသင်္ဘောတက်ရာကနေချက်ခြင်းပြန်လာပြီး၊ရုံးဆင်းချိန်စောင့်ကြည့်
    နေခဲ့တာနှစ်ရက်သုံးရက်တောင်ပါတဲ့၊ကောင်မလေးကိုလည်းအခြားတယောက်နဲ ့တွဲနေတာသေချာခဲ့လို ့
    ငှက်ကြီးတောင်ဒါးကြီးရှာလာပြီးသူ့ကိုယ်ရဲ့လည်ပင်းကိုဒါးနဲ ့လှီးဖြတ်၊ကောင်မလေးရဲ ့လည်ပင်းကိုတော့
    နောက်ကျောဘက်ကနေခုတ်ချလိုက်တာမျက်နှာတခြမ်းစုတ်ပြတ်သွားခဲ့တာပေါ့နော်..
    နှစ်ယောက်လုံးလည်းအရုပ်ကြိုးပြတ်လဲကျသွားပြီး၊အရေးပေါ်လူနာတင်ကားခေါ်ပြီးဆေးရုံပို ့လိုက်ရတယ်..
    ကြောက်စရာကိုယ်တွေ ့အဖြစ်အပျက်ကြီးပါဘဲ..။။

    • ဗိုက်ကလေး

      May 31, 2012 at 12:17 pm

      အဟင့်
      ကြောင်းစရာဂျီးပါလာ အန်တီအေးရဲ့

Leave a Reply