ပုံမှန်စီးပွားရေး မကောင်း ဝင်ငွေမရှိရင် တမျိုးသားလုံး မပြောနဲ့ ကိုယ့်ဆွေမျိုးတစ်ခုထဲတောင် စောင့်ရှောက်ဖို့ မဖြစ်နိုင်ဘူး ကျနော်တို့ လူမျိုး ရွှေလင်ဗန်းနဲ့ အချင်းဆေး သခင်သွေးချည်ပဲလည်း မဟုတ်ပါဘူး အရွယ်ရောက်လာတဲ့ သမီးနဲ့သား ခင်ဗျား တသက်လုံး ချုပ်ချယ်ထားဖို့လဲ မဖြစ်နိုင်ပါဘူး မျိုးရိုးနဲ့ပတ်သတ်လို့ စိတ် ဘဝင် လေမဟပ်နဲ့ လူဆိုးသူခိုး မုဒိမ်းမျိုလည်း ဒို့အမျိုးထဲ မကင်းပါဘူးလို့ ဗုဒ္ဓဘာသာဝင်တိုင်း သူတော်ကောင်းချည်း မဟုတ်ဘူး ဗုဒ္ဓဘာသာမဝင်လို့ လူဆိုးချည်းလဲ မဟုတ်ပြန်ဘူး ပါတီအဖွဲ့စည်းထောင် လူတွေကို ဘောင်ကန့်ထားယုံနဲ့ ကိုင်းရှိုင်းမှုတွေ တိုးမလာပါဘူး ထို့အတူ ဘာသာအပြင်ဘက် ထွက်မသွားဘူးလို့လည်း အာမ မခံနိုင်ပါဘူး သေချာတာက ဗုဒ္ဓပြောတဲ့ နိဗ္ဗာန် ကို ကုတ်ဆွဲပြီး ပို့လို့မရဘူး ပါတီပွဲစား မပြောနဲ့ ဗုဒ္ဓတောင် ဒေဝဒတ်လို အမျိုးကို […]