Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

မြစ်ဆုံကိစ္စ စာချုပ်နှင့် ကိုင်ပြသော် – (အောင်ချိန်ဘွား)

ဂ်စ္စူApril 25, 20161min80411

မြစ်စုံနဲ့ပတ်သတ်ပြီး ပြန်ကြားရေး ဝန်ကြီးဋ္ဌာနဖေ့ဘွတ်စာမျက်နှာမှ

 ဆောင်းပါး မဖတ်ရ မသိရ ဖြစ်မှာစိုးလို့

ကူးယူဖော်ပြ ခွင့်ပြုပါဗျား။

ဖော်ပြချက်အရ

ပြည်သူ့ သဘောထား နဲ့ အစိုးရသဘောထား

ဘယ်လိုရှိလဲဆိုတာ

ရှင်းလောက်မယ် ထင်ပါတယ်။

တရုတ်ကြီးအတွက် စိတ်တော့မကောင်းပါဘူး။

နောင်အခါ စိတ်မချရတဲ့ ပုဂ္ဂိုလ်တွေနဲ့

အလုပ် မလုပ်မိပါစေနဲ့လို့ သင်္ခန်းစာ

အကြီးကြီး ပေးလိုက်တယ် မှတ်ပါတယ်။

 

စာချုပ်ပါ အချက်လက် မသိပေမဲ့လည်း

အထိုက်အလျောက် စိတ်သတ်သာရာ ရတယ်ပေါ့ဗျား။

 

ဪ..

ကို့ဆြာတို့

ရာထူးအနားယူတော့ မြက်ဖုတ်ကအစ မြေလှန်ယူချင်ကြပြီး

မြစ်ဆုုံအရှုပ်တော်ပုံကြတော့ မျက်စောင်းတောင်

လှည့်မထိုးခဲ့ကြပါကလားလို့

အိုး…..နေနိုင်သူဂျီး နေနိုင်သူဂျီးရေ
😆

 

MOI Webportal Myanmar
မြစ်ဆုံကိစ္စ စာချုပ်နှင့် ကိုင်ပြသော်
▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄
▲▲▲▲▲▲▲▲▲▲▲▲▲▲▲
(အောင်ချိန်ဘွား)
ဧရာဝတီမြစ်ဆုံစီမံကိန်းလုပ်ငန်းသည် ခွဲစိတ်ကုသခြင်း မပြုဘဲ ချန်ထားခဲ့သော ကင်ဆာရောဂါကဲ့သို့မြုံနေသည့် အဖုအကျိတ်ကြီးတစ်ခုဖြစ်သည်။ ဤပြဿနာကြီးကို ဆိုးမွေအဖြစ်ထားရစ်ခဲ့သောကြောင့် အစိုးရဘက်က ဗြဟ္မာ့ ဦးခေါင်းကြီးကဲ့သို့ လက်ဆင့်ကမ်းရယူခဲ့ခြင်းဖြစ်ရာ ပြုတ်ကျပါက မီးဟုန်းဟုန်းတောက်လောင်ပေမည်။
ဖြစ်စဉ်ကိုပြန်တွေးကြည့်လျှင် ဧရာဝတီမြစ်ဆုံစီမံ ကိန်းကိစ္စ ပြဿနာဖြစ်ရပုံမှာ တက်သစ်စ၊ အာဏာရခါစ ပြည်ထောင်စုအဆင့်ရှိဝန်ကြီးတစ်ဦး၏ ဝစီကံစကားနှုတ် ကျွံခဲ့ရာမှ ထိန်းမနိုင်သိမ်းမရအောင် ကြီးထွားလာခဲ့ခြင်း ဖြစ်ကြောင်း မှတ်မိကြမည်ထင်သည်။
ပွင့်လင်းမြင်သာမှုမရှိသောအချိန်က ဩဇာအာဏာ ကြီးမားသော အိမ်နီးချင်းနိုင်ငံမှ SPIC (YN)ကုမ္ပဏီနှင့် မြန်မာနိုင်ငံမှ လျှပ်စစ်စွမ်းအားဝန်ကြီးဌာနရော ပုဂ္ဂလိက ခရိုနီလုပ်ငန်းရှင်ပါ ပူးပေါင်းဖက်စပ်လုပ်ကိုင်ရန် စာချုပ် ချုပ်ဆိုခဲ့သည့် လူသိနည်းခဲ့သောစီမံကိန်းလုပ်ငန်းဖြစ်သည်။ လွန်ခဲ့သောသုံးနှစ်ကျော်က ပြည်သူ့လွှတ်တော်တွင် မေးမြန်းခံရသောအခါ ဝါမရင့်သေးသော ပြည်ထောင်စု ဝန်ကြီးက ရခါစအာဏာဂုဏ်မောက်စွာဖြင့် မြစ်ဆုံစီမံကိန်းကို ဆက်လုပ်ရမှာဖြစ်ကြောင်း မောက်မာပြတ်သားစွာ ပြောဆိုခဲ့ရာမှ ကြားရသူများနားဝမှာပူသွား၍ ဤအပူက တစ်ပြည်လုံးသို့ဟပ်ကာ ဆူပွက်ခဲ့လေသည်။
အရေးကြီးသော ပြဿနာဟူသရွေ့သည် အာဏာမာန် တက်ကာ မောက်မာစွာ ဖြေရှင်း၍မရကြောင်း ဝါနုသော အာဏာရှိသူတို့ မသိခဲ့။ ထို့ထက်မြစ်ဆုံစီမံကိန်းပြဿနာ၏ အတိမ်အနက်ကို အလေးထားမတွေးတတ်ခဲ့။
ထိုသို့မောက်မာစွာဆိုစကားကြောင့် ပြဿနာက ပို၍ကြီးထွားခဲ့ခြင်းဖြစ်သည်။ မြန်မာနိုင်ငံဘက်မှ တာဝန် ရှိလူကြီးက လုံးဝညှိနှိုင်းလိုစိတ်မရှိဘဲ ဆက်လုပ်ရမှာပဲဟု တစ်ဖက်သတ်ကြေညာလိုက်သောအခါ အင်အားကြီးမားသည့် တစ်ဖက်နိုင်ငံမှ ဖက်စပ်လုပ်ငန်းရှင်ကလည်း ဆက်လုပ်ရမည်ဟု ကြွေးကြော်ခဲ့သည်။ ဆက်၍လည်း လုပ်နေခဲ့သည်။
ဤတွင်မြန်မာပြည်သူတစ်ရပ်လုံးနီးပါးနှင့် အရပ်ဘက် အဖွဲ့အစည်းများက အရေးဆိုဆန္ဒပြမှုများ ပြုလုပ်ခဲ့ကြသည်။
ဧရာဝတီမြစ်ဟူသည် မြန်မာနိုင်ငံတစ်ဦးတည်းပိုင် သော မိုင်ပေါင်း ၁၂၄၆ ဒသမ ၂ မိုင်ရှည်သည့်တစ်ပြည်လုံး မြောက်ဘက် မှ တောင်ဘက်သို့ဖြတ်စီးနေသောမြစ်ကြီး ဖြစ်သည်။ မြန်မာနိုင်ငံ၏ ကျောရိုးမကြီးဖြစ်သည်။ မြစ်ရေဖမ်းနယ် (Catchment Area)၁၆၂၁၂၃ စတုရန်းမိုင် ကျယ်ဝန်းသည်။ ဧရာဝတီမြစ်ဦးခေါင်းပိုင်းတွင် တည်ဆောက်မည့်မြစ်ဆုံရေကာတာနှင့် လျှပ်စစ်ဓာတ်အားပေး စက်ရုံဆောက်လုပ်ရေးကိစ္စသည် ဧရာဝတီမြစ်ကမ်းတစ် လျှောက် တွင်နေထိုင်သော ပြည်သူလူဦးရေ ခြောက်သန်းနှင့်သာ တိုက်ရိုက်သက်ဆိုင်ရုံမက ရေဖမ်းနယ်ကျယ်သစ်တွင် နေထိုင်သော လူဦးရေသန်း ၂ဝ တို့နှင့်လည်း တိုက်ရိုက် ပတ်သက်သလို မြန်မာတစ်ပြည်လုံးရှိ ပြည်သူလူထုတို့၏ ဘဝတို့နှင့်လည်း သွယ်ဝိုက်စွာ ဆက်စပ်ယှက်နွှယ်လျက်ရှိသည်။
ဧရာဝတီသည် မြန်မာ့အသက်သွေးကြော၊ မြန်မာ့ လူမှုဘဝ၊ မြန်မာ့အသက်မွေးဝမ်းကျောင်းလောက၊ မြန်မာ့ သမိုင်းအမွေအနှစ်ဖြစ်သောကြောင့် ဧရာဝတီ၏ပြဿနာသည် မြန်မာ့ပြဿနာပင်ဖြစ်သည်။
ထို့ကြောင့် ဧရာဝတီမြစ်ဆုံစီမံကိန်းလုပ်ငန်း အကြောင်းသုံးသပ်ရလျှင် ဘက်စုံ၊ ထောင့်စုံ၊ အကြောင်းစုံ အောင် ပြော၍၊ ရေး၍ မကုန်ရှိပေမည်။ အယူအဆ၊ အတွေး အခေါ် မျိုးစုံလှစွာရှိလေသည်။
ဤအချက်များစွာထဲမှ အရေးကြီးသောအချက် တစ်ရပ်ကို မသိသူကျော်သွားမည်စိုးသည်။ သိသူဖော်စားရန် ရေးလိုခြင်းဖြစ်သည်။ အထူးသဖြင့် ဧရာဝတီမြစ်ဆုံ ကိစ္စကို ဝေဖန်ပိုင်းခြားဆုံးဖြတ် လိုုသည့် ပြည်သူလူထုကြီးနှင့် အစိုးရသစ်ခေါင်းဆောင်ကြီးများ အတွက် မေ့မကျန်သင့်သော ထည့်သွင်းစဉ်းစားရန်လိုအပ်သည့်အချက်ဖြစ်၍ အကြံပြုတင်ပြခြင်းဖြစ်သည်။
မြန်မာနိုင်ငံတွင် ဒုတိယအကြိမ်လွှတ်တော်အသစ်များ ပေါ်ပေါက်လာသည်နှင့် အိမ်နီးချင်း တရုတ်နိုင်ငံက အစိုးရသစ်ကို ကြိုဆိုကြောင်း သတင်းထုတ်ပြန်သည်။ မြန်မာနိုင်ငံရှိ တရုတ်သံအမတ်ကြီးက တရုတ်-မြန်မာ ချစ်ကြည်ရေး အဓွန့်ရှည်စေရန်ဆက်လက်ကြိုးစား မည် ဖြစ်ကြောင်း၊ မြန်မာနိုင်ငံဖွံ့ဖြိုးတိုးတက်မှုကို ဆက်လက် အကူအညီပေးသွားမည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံပြည်သူ လူထုစားဝတ်နေရေးအဆင့်အတန်းမြှင့်တင်ရန်၊ စီးပွား ရေးတိုးတက်၍ ပြည်သူလူထု ဝင်ငွေတိုးလာပြီး အခြေခံ အဆောက်အအုံပိုင်း မြင့်မားလာသောအခါ တရုတ်နိုင်ငံ အတွက် မြန်မာနိုင်ငံသို့ လာရောက်ရင်းနှီးမြှုပ်နှံရန် အခွင့် အလမ်းပိုများလာမည်ဖြစ်ကြောင်း၊ တရုတ်ကုမ္ပဏီများက မြန်မာနိုင်ငံသို့ လာရောက်ရင်းနှီးမြှုပ်နှံသောအခါ CSR (Corporate Social Responsibility)များ ကောင်းစွာ အကောင်အထည်ဖော်စေမည်ဖြစ်ကြောင်း စသည်ဖြင့် သတင်းမီဒီယာများကို ရှင်းလင်းပွဲပြုလုပ်ခဲ့သည်။
အိမ်နီးချင်းနှစ်နိုင်ငံ ရေရှည်အကျိုးဖြစ်ထွန်းရေးအတွက် မိတ်ဆွေကောင်းပီသစွာ ဆက်ဆံအားပေးလျှင် ကောင်းသောကျင့် စဉ်ပင်ဖြစ်ပါသည်။
ဧရာဝတီမြစ်ဆုံစီမံကိန်းကိုလုပ်ကိုင်ရန် စာချုပ်ချုပ် ဆိုခဲ့သော တရုတ်နိုင်ငံ ယူနန်ပြည်နယ်က State Power Investment Corporation မှ GM

ဖြစ်သူ Mr.Liu Zhan ကလည်း မြစ်ဆုံ စီမံကိန်းဆက်လက် လုပ်ဆောင် နိုင်ရန် မေလတွင်အစိုးရသစ်နှင့် တွေ့ဆုံညှိနှိုင်းမည်ဖြစ်ကြောင်း၊ အစိုးရသစ်မှဆက်လက်လုပ်ကိုင်ခွင့်မပေးပါက စာချုပ်ပါအချက်အလက်အတိုင်း ဆက်လက်ဆောင်ရွက် သွား မည်ဖြစ်ကြောင်း မြန်မာသတင်းသမားများနှင့်တွေ့ဆုံပွဲ၌ ပြောကြားခဲ့သည်။

ဤတွင် လုပ်ကိုင်ရန်ချုပ်ဆိုထားသည့် စာချုပ် အကြောင်း ပြောကြားလာကြောင်း ကြားသိရသည်။ သို့ဆိုလျှင် ထိုစာချုပ်ကိုပွင့်လင်းမြင်သာအောင်ဖွင့်ပြရပေမည်။

တစ်ပြည်လုံးရှိပြည်သူလူထုတို့နှင့် သက်ဆိုင်ပတ်သက်လာ သောကိစ္စဖြစ်၍ တစ်ပြည်လုံးသိအောင် Disclose ဖွင့်ချပြရမည်။ ပြီးခဲ့သောဧပြီ ၅ ရက်က ဒေါ်အောင်ဆန်း စုကြည်သည် နိုင်ငံခြားရေးဝန်ကြီးအဖြစ်နှင့် တရုတ်နိုင်ငံ ခြားရေးဝန်ကြီး မစ္စတာဝမ်ယိတို့ တွေ့ဆုံပွဲတွင် နှစ်နိုင်ငံချစ် ကြည်ရေး၊ စီးပွားရေးများဆွေးနွေးပြီး မြစ်ဆုံစီမံကိန်းကိစ္စ လည်းပါဝင်ကြောင်း သတင်းကြားသိရသည်။ ဆွေးနွေးပွဲ အပြီးသတင်းစာရှင်းလင်းပွဲ၌ မစ္စတာဝမ်ယိက တရုတ်တို့သည် ဆွေမျိုးပေါက်ဖော်အဖြစ်ချစ်ကြည်ရင်းနှီးမှုကို ဆက်လက်ထိန်းသိမ်းရန်နှင့် မြန်မာတို့ကို ကူညီမှုဆက်လက်ပေးရန် ဤချစ်ကြည်ရေးခရီးကို လာရောက်ခြင်းဖြစ်ကြောင်း၊ လက်ရှိအချိန်တွင် မြန်မာနိုင်ငံသို့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု လာရောက်လုပ်ကိုင်သည့်အနက် တရုတ်တို့က အကြီးမား ဆုံးဖြစ်ကြောင်း၊ ဆက်လက်၍ ရင်းနှီးမြှုပ်နှံမှုများ လုပ်ကိုင် သွားရန်ရှိကြောင်း ပြောကြားခဲ့သည်။

မြစ်ဆုံစီမံကိန်းနှင့်ပတ်သက်၍မူ ဒေါ်အောင်ဆန်း စုကြည်က စာချုပ်ကိုအသေးစိတ်မကြည့်ရသေးကြောင်းသာ စဉ်းစဉ်းစားစား ထိန်းထိန်းသိမ်းသိမ်းပြောခဲ့သည်။

ဤတွင်လည်းမြစ်ဆုံစီမံကိန်းပြဿနာကို ဖြေရှင်းရန် အတွက် နှစ်ဦးနှစ်ဖက်ချုပ်ဆိုခဲ့သောစာချုပ်နှင့် စာချုပ်ပါ အချက်အလက်များက အရေးကြီးကြောင်း သတိပြုနိုင်သည်။ စာချုပ်ကိုကိုင်၍စကားပြောမည့် တရုတ်ကုမ္ပဏီ ဘက်နှင့် စာချုပ်ကိုသေချာလေ့လာပြီးမှ ညှိနှိုင်းဝေဖန် သုံးသပ်ဆုံးဖြတ်မည့် မြန်မာခေါင်းဆောင်တို့၏ အတွေး အမြင်အယူအဆသည် အရေးပါသော အဓိကကျသည့် အချက်ဖြစ်လေသည်။

စီးပွားရေးလုပ်ငန်းဟူသည် နှစ်ဦးနှစ်ဖက်သဘောတူ ချုပ်ဆိုသော ပဋိညာဉ်စာချုပ် (Agreement or Contract)ပါအချက်အလက်များ၊Terms and Conditions နှင့် ပုဒ်မ၊ ပုဒ်မခွဲ (Clause and Subclause) များ၊ စကားရပ်များ (Wordings) သည် ထိုလုပ်ငန်း၊ ထိုစာချုပ်ကို တိကျစွာ ညွှန်းဆိုသည်။ အကယ်၍စာချုပ်ပါ စည်းကမ်း ဖောက်ဖျက်ခြင်း (Breach of Contract) ပုဒ်မအရ စည်းကမ်းဖောက်ဖျက်ပါက ပထမအမှန်တကယ် ဖောက်ဖျက်မှု အကျုံးဝင်၊ မဝင်သေချာစိစစ်ရသည်။ ဖောက်ဖျက် သည်ရှိသော် မည်သို့အရေးယူရမည်ဟူသော ပုဒ်မပါရှိရသည်။

အငြင်းပွားမှု ခုံသမာဓိ ဖြေရှင်းခြင်းဟူသော ပုဒ်မ (Arbitration Clause)လည်း စာချုပ်တွင်အခိုင်မာပါရှိရ မည်။ အငြင်းပွားမှု (Dispute) ကို အချင်းချင်းညှိနှိုင်း ဖြေရှင်း၍မရပါက မြန်မာနိုင်ငံအနုညာတဥပဒေ ၁၉၄၄ နှင့် ၂ဝ၁၅ အရ ဖြေရှင်းရမည်။ ဤသို့ဖြေရှင်းရန်အတွက် စာချုပ်တွင် သက်ဆိုင်သည့် ဥပဒေ (Applicable Law)နှင့်လွှမ်းမိုးသည့် ဥပဒေ (Governing Law) ပုဒ်မများပါ ရှိရသည်။ သက်ဆိုင်သည့် ဥပဒေနှင့်လွှမ်းမိုးသည့် ဥပဒေဆိုရာ၌ မြန်မာနိုင်ငံနှင့် ဖက်စပ်လုပ်ကိုင်သူ၊ လာ ရောက်လုပ်ကိုင်သူ နိုင်ငံခြားကုမ္ပဏီများသည် စာချုပ်တွင် This Contract shall be read, construed, interpreted and governed by the laws of the Union of Myanmar ဤစာချုပ်သည် ပြည်ထောင်စုမြန်မာနိုင်ငံ၏ ဥပဒေအရဖတ်ကြား၊ အဓိပ္ပာယ်ဖွင့်၊ ဘာသာပြန်၍ လွှမ်းမိုး စေရမည်ဟု သက်ဆိုင်သည့် ဥပဒေ(ဝါ)လွှမ်းမိုးသည့် ဥပဒေပုဒ်မများတွင်ရေးသားရမည်။

မြန်မာနိုင်ငံ၏ ဥပဒေများမှာ ပဋိညာဉ်အက်ဥပဒေ၊ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုဥပဒေ၊ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဥပဒေ၊ မြန်မာနိုင်ငံကုမ္ပဏီများအက်ဥပဒေ၊ အထူးကုမ္ပဏီ အက်ဥပဒေ၊ မှတ်ပုံတင်အက်ဥပဒေ၊ အနုညာတဥပဒေ စသဖြင့် များစွာရှိသည်။

ထို့ကြောင့် မြစ်ဆုံစီမံကိန်းကိစ္စကို စာချုပ်ကိုင်၍ စကားပြောကြမည်ဆိုပါက ဥပဒေပညာရှင်များ (အထူး သဖြင့် စာချုပ်ဆိုင်ရာ ဥပဒေကျွမ်းကျင်ပညာရှင်များ)ကို စာချုပ်ပြသ၍ သေချာစိစစ်လေ့လာ ဆန်းစစ်စေပြီးမှ စကားပြောရန်ဖြစ်သည်။ ယခင်က မြန်မာနိုင်ငံကုမ္ပဏီနှင့် နိုင်ငံခြားကုမ္ပဏီတို့ချုပ်ဆိုသည့် စီးပွားရေးဆိုင်ရာစာချုပ် များကိုစိစစ်သည့်ကော်မတီဟူ၍ ဖွဲ့စည်းခဲ့ဖူးသည်။ ထိုစဉ် က ကုန်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးက ဥက္ကဋ္ဌ၊ ကုန်သွယ်မှုလုပ်ငန်းများဌာနမှ ညွှန်ကြားရေးမှူးက အတွင်း ရေးမှူး၊ စာရေးသူက ရုံးအဖွဲ့မှူးအဖြစ် အစည်းအဝေးတွင် ဆွေးနွေးသမျှအချက်အားလုံး မှတ်တမ်းပြုစုထုတ်ပြန်ပေး သည့်တာဝန်ကို ယူခဲ့ရသည်။ အဖွဲ့ဝင်များထဲမှ ကျွမ်းကျင် ပညာရှင်များမှာ နဝတရုံးဒုတိယဝန်ကြီး ဦးဆက်မောင် (ယခု ဗဟိုဘဏ်ဒု-ဥက္ကဋ္ဌ ဦးဆက်အောင်၏ ဖခင်)၊ ရှေ့နေချုပ် ရုံးကိုယ်စားလှယ်ဒေါက်တာထွန်းရှင်၊ စာရင်းစစ်ချုပ် ရုံးကိုယ်စားလှယ်ညွှန်ချုပ် ဒေါ်ခင်သန်းနု စသည်တို့ပါဝင်သည်။ နဝတအဖွဲ့ အကြံပေးပုဂ္ဂိုလ်လည်းဖြစ်သော ဦးဆက်မောင်သည်

စာချုပ်စည်းမျဉ်းစည်းကမ်းများကို စာလုံးဝေါဟာရမှစ၍ အလွတ်အာဂုံဆောင်ထားသော ကျွမ်းကျင်ပညာရှင်ဖြစ်၍ ၎င်းထံမှ ပညာများစွာရရှိသည်။

စီးပွားရေးစာချုပ်တိုင်းတွင် စာချုပ်ဥပဒေ၊ မြန်မာ နိုင်ငံပဋိညာဉ်အက်ဥပဒေအရ ပါရှိရမည့် Terms and Conditions များ အင်္ဂါရပ်ပြည့်စုံစွာပါဝင်ရပါသည်။

အရေးကြီးသည်မှာ စာချုပ်တိုင်းတွင် စာချုပ်ရပ်စဲခြင်း ပုဒ်မ(Termination Clause)ဟူ၍ ပါကိုပါရှိရသည်။ မပါဘဲ ထိမ်ချန်ထားလျှင် စာချုပ်အင်္ဂါရပ်မပြည့်စုံ၍ စာချုပ်ဥပဒေအရ စာချုပ်မမြောက်ဟု ဆိုနိုင်သည်။

စာချုပ်တိုင်းတွင် ရပ်စဲဖျက်သိမ်းနိုင်သည့်ပုဒ်မ အောက်တွင် ပုဒ်မခွဲများပါဝင်သည်။ ထိုပုဒ်မခွဲများအနက် မလွဲမသွေ အသေအချာပါဝင် ရမည့် ပုဒ်မခွဲအဖြစ် Force Majeure မလွန်ဆန်နိုင်သော ဖြစ်ရပ်များ ဟူသည့်ခေါင်းစဉ်နှင့်ဖော်ပြသည်။

မလွန်ဆန်နိုင်သောဖြစ်ရပ်များ

စာချုပ်ဝင်တစ်ဖက်ဖက်သည် မိမိ၏တာဝန်ဝတ္တရား များကိုဆောင်ရွက်ရာတွင် မလွန်ဆန်နိုင်သောဖြစ်ရပ် များကြောင့် ပျက်ကွက်ခြင်း၊ နှောင့်နှေးခြင်းများရှိသဖြင့် အခြားစာချုပ်ဝင်တစ်ဖက်ဖက်တွင် နစ်နာမှုများပေါ်ပေါက် လျှင် ထိုသူသည် ထိုနစ်နာမှုများအတွက်တာဝန်မရှိစေရ။ ”မလွန်ဆန်နိုင်သောဖြစ်ရပ်များ” ဆိုသည်မှာ အစိုးရကတားဆီးမှု၊ သပိတ်မှောက်မှု၊ စစ်ဖြစ်မှု၊ ပိတ်ဆို့တားဆီးမှု၊ သူပုန်ထမှု၊ အဓိကရုဏ်းဖြစ်မှု၊ ကူးစက်ရောဂါပြန့်ပွားမှု၊ ပေါက်ကွဲမှု၊ မီးလောင်မှု၊ ရေကြီးမှု၊ လေမုန်တိုင်းကျမှု စသော စာချုပ်ဝင်တစ်ဖက်ဖက်က လိုအပ်သော သတိဝီရိယရှိစေကာမူ မလွန်ဆန်နိုင်၊ မကျော်လွှားနိုင်သည့် အလားတူဖြစ်ရပ်များဖြစ်သည်။

စာချုပ်ဝင်များသည် ထိုကဲ့သို့မလွန်ဆန်နိုင်သော ဖြစ်ရပ်များနှင့်ကြုံတွေ့ရလျှင် ကြုံတွေ့ရသူက အခြားစာ ချုပ်ဝင်အား ထိုအဖြစ်အပျက်ဖြစ်ပွားပြီး ခုနစ်ရက်အတွင်း ဖြစ်ပွားမှုအခြေအနေအသေးစိတ်ကို အကြောင်းကြားရန်နှင့် ထိုကာလအတွင်းဖြစ်ပေါ်မှုအခြေအနေ၊ မိမိကဆုံးဖြတ် ဆောင်ရွက်ရမည့်အခြေအနေနှင့် အရေးယူဆောင်ရွက်ခဲ့မှု အခြေအနေများကို အကြောင်းကြားရမည်။ ထိုလွန်ဆန် နိုင်သောအခြေအနေကာလအတွင်း လုပ်ငန်းဆောင်ရွက်မှု ရပ်ဆိုင်းစေရမည်။

အထက်ဖော်ပြပါ မလွန်ဆန်နိုင်သောဖြစ်ရပ်များမှာ ဧရာဝတီမြစ်ဆုံစီမံကိန်းတွင် အမှန်ပင် ကြီးမားစွာဖြစ်ပေါ် ခဲ့သည်။ နိုင်ငံတော်သမ္မတကပင် လုပ်ငန်းဆောင်ရွက်မှုရပ်ဆိုင်းစေခဲ့သည်။ ရပ်ဆိုင်းမှုမှာ ငါးလထက်ကျော်လျှင် အလိုအလျောက် ပျက်ပြယ်သည့်သဘောရှိသည်။ ယခု သုံးနှစ်ကျော်ကြာခဲ့အောင် ရပ်ဆိုင်းထားခဲ့ပြီးဖြစ်၍ တစ် ဖက်စာချုပ်ဝင်၏ နစ်နာမှုအတွက် တာဝန်မရှိစေတော့ပါ။

ထို့ကြောင့် တစ်ဖက်က တောင်းခံသောကုန်ကျစရိတ် မည်ရွေ့မည်မျှရှိသည်၊ ပေးလျော်ရမည်ဆိုသည်မှာ ဤမလွန်ဆန်နိုင်သောဖြစ်ရပ်များပုဒ်မအရ ဘုရားသခင်၏ပြုလုပ်ချက်Act of God ဖြစ်သည့်အတွက် မြန်မာနိုင်ငံ ဘက်က ပေးလျော်ရန် အကြောင်းမရှိတော့ပါ။ အကယ်၍ ဆက်လုပ်မည်၊ ပေးလျော်ရမည်ဟု အတင်းကာရော တောင်းဆိုနေပါက မြန်မာပြည်သူလူထုနှင့် အရပ် ဘက်အဖွဲ့အစည်းများ၏ သပိတ်မှောက်မှု၊ ဆန္ဒပြမှုများ ပြန်လည်ဖြစ်ပေါ်လာနိုင်သည်ကို မိတ်ဖက်နိုင်ငံအနေဖြင့် စဉ်းစားပေးရန်လိုသည်။

ချစ်ကြည်ရေးကို ဆက်လက်ထိန်းသိမ်းလိုပါက၊ နောင်ထပ်မံ ရင်းနှီးမြှုပ်နှံမည့်လုပ်ငန်းများနှင့် လုပ်လက်စ ကျောက်ဖြူသဘာဝပိုက်လိုင်းကိစ္စများ အဆင်ပြေပြေ ဖြစ်မြောက်စေလိုပါက၊ စာချုပ်စည်းကမ်းနှင့်အညီ ဘုရားသခင်၏လုပ်ဆောင်ချက်ကြောင့် ပျက်ကွက်ခဲ့သော မြစ်ဆုံစီမံကိန်းကို ဇွတ်အတင်းဆက်လုပ်ရန် တောင်းဆို မနေဘဲ သဘောပေါက်စွာ ပြေလည်အောင်ညှိနှိုင်း၍ ရပ်စဲခြင်းသည် နှစ်ဖက်စလုံးအတွက်၊ နိုင်ငံရေးအတွက်၊ စီးပွားရေးအတွက်၊ ချစ်ကြည်ရေးအတွက်၊ နောင်တာ ရှည်အကျိုးရှိ ကောင်းစားရေးများစွာ ဖြစ်နိုင်မည်ဟု ယုံကြည်မိပါသည်။ ။

11 comments

    • ယမကာကျော်စွာ အူးမြောက်မြောက်

      April 25, 2016 at 10:56 pm

      လက်လျှော့ သင့်ပါပြီ သဂျီးရယ် 😆

    • Swal Taw Ywet

      April 26, 2016 at 12:51 am

      သူကြီးနဲ့ အမျိုးအရင်း ကြီးပါခင်ဗျာ။ ခင်ဗျ။
      DNA စစ်အုံးးမားးးးးးးး???
      With respect,
      Swal Taw Ywet.

  • koyinmaung

    April 26, 2016 at 12:34 am

    ညောင်မြစ်တူးလို့ကတော့ဖွတ်ဥတွေပေါ်လာမှာအမှန်ဘဲ…

  • kai

    April 26, 2016 at 9:40 am

    ဘယ်လိုဖျက်ရမယ်ဆိုတဲ့ဖက်က စဉ်းစားတွေးသွားတာဖြစ်တာမို့.. မှားတယ်…။
    ဖျက်တယ်ဆိုတာ.. လွယ်လွယ်လေး… အညံ့ဆုံးလူတွေတောင်လုပ်တတ်တယ်..။
    လေအားဖြင့်…ဇာတိသွေးတွေမြောက်ပေးပြီး.. လူချစ်အောင်လုပ်တာလည်းလွယ်တယ်..။
    ချပစ်..။ ဗမာကွ..။ ဝါးရင်းတုတ်နဲ့ ပီကင်းတက်သိမ်းလိုက်…။
    ဟီး.. ဘာများခက်တာလိုက်လို့..။

    ဘယ်လိုအကျိုးရှိအောင်လုပ်ယူရမယ်ဆိုတဲ့ဖက်က.. တွေးယူရမယ်လို့… ပြောချင်မိတယ်…။
    မြစ်ဆုံဆည်စီမံကိန်းလည်းမဖျက်…။
    လျှပ်စစ်ဓာတ်အားလည်း.. သုံးရ..။
    ရေချိုလည်းရ…။
    နိုင်ငံခြားက နောက်ထပ်ရင်းနှီးမြုတ်နှံလာမယ့်သူတွေလည်း.. ယုံကြည်မှုရ…။
    ဧရာဝတီကိုလည်း… (တကယ်) ကယ်တင်ပြီးဖြစ်..

    အဲဒီအထဲ.. ကိုယ့်အကျိုးစီးပွားအမာျးးးးးဆုံးရနိုင်သလောက်ရအောင်ဆွဲနိုင်သူက… လူတော်..
    အစိုးရတော်…။ :k:

    • ယမကာကျော်စွာ အူးမြောက်မြောက်

      April 26, 2016 at 9:57 am

      ငင် 🙄

  • Thint Aye Yeik

    April 26, 2016 at 10:02 am

    ဧရာဝတီအစား တခြားမြစ်တစ်ခုနဲ့ အစားထိုး လုပ်ခွင့်ပေးလိုက်ရင်ကော….

    • kai

      April 26, 2016 at 12:33 pm

      သေလုဆဲဆဲဖြစ်နေတဲ့..သေလတံ့သော အဓိကမြစ်ကြီးက.. ဧရာဝတီလေ..။
      ကမ္ဘာနွေးလာလို့.. ရေခဲတောင်ကဆီးနှင်းခဲတွေ အရေပျော်ကျပြီး.. မြစ်တွေခမ်းခြောက်ကုန်တာ… တကယ်တော့ ဧရာဝတီမှမဟုတ်..။ အဲလို ဆီးနှင်းခဲကျ.. တောင်တန်းတွေကနေ အခြေချစီးဆင်းတဲ့ မြစ်တိုင်းလိုလိုပဲ..။
      ဆောင်းပါးတွေရှာဖတ်ကြည့်..။ သေခါနီးမြစ်ကို ဘယ်သူတွေသတ်မိနေသလဲ.. သိသာမြင်သာသွားမယ်..။
      သမိုင်းတရားခံမဖြစ်စေလင့်..။ 🙁

      The Rongbuk glacier, the biggest glacier on Mount Everest’s northern slopes. The photo above was taken in 1968 and the one below was taken this year (2007).

      Photo: Chinese Academy of Sciences and Greenpeace
      http://www.smh.com.au/news/world/everest-feeling-climate-change-pinch/2007/05/30/1180205330155.html
      =


      http://e360.yale.edu/content/feature.msp?id=2295
      RIVERS OF ICE: Panoramic view of West Rongbuk Glacier and Mount Everest, taken in 1921 (top) by Major E.O. Wheeler and in 2009 (bottom) by David Breashears. (Photo courtesy of the Royal Geographical Society) View a photo gallery

  • kai

    April 26, 2016 at 12:36 pm

    နိုင်ငံရေးအရ.. အလျှော့အတင်းတော့ မလုပ်ထား..
    အနီးစပ်ဆုံးဖြစ်သင့်ဆုံး.. အဖြေထုတ်ထားတာရှိပါတယ်..။

    https://www.facebook.com/Mmsnotes/

    ၅။ သို့ဖြစ်ရာ တိကျစွာပြောရလျင် မြစ်ဆုံစီမံကိန်းအား ပြန်လည်သုံးသပ်၍ဆွေးနွေးကြမည်ဆ်ိုလျှင် မေခမြစ်ပေါ်ရှိ ချီဗွေ ရေ အားလျှပ်စစ်နှင့် ဝဆုတ်ရေအား လျှပ်စစ် ၂ ခုကို ဦးစွာ ပြန်လည်ခွင့်ပြု၍ ဆက်လုပ်ခွင့်ပေးရန် သင့်လျော်သည်ဟု သုံးသပ်ရ ပါသည်။ အဆိုပါ ရေအားလျှပ်စစ် ၂ ခုသို့ သွားရောက်နိုင်သည့် လမ်းပမ်းဆက်သွယ်ရေးအနေအထားအရ ဦးစွာလုပ်နိုင် သည့်အခြေအနေရှိပါသည်။ မေခမြစ်ပေါ်ရှိ ကျန် ဖီဆာ၊ ခေါင်လန်ဖူး၊ ယေနန်ရေအားလျှပ်စစ် ၃ ခုမှာ သွားလာရန် ခက်ခဲ သည့်နေရာများတွင်ရှိရာ လက်တွေ့လုပ်ရန်လည်း ခက်ခဲသည့်နေရာများဖြစ်သဖြင့် နောက်ဆက်တွဲအဖြစ်ချန်လှပ်ကာ သီး ခြားစဉ်းစားသင့်ပါသည်။

    ၆။ ချီဗွေရေအား လျှပ်စစ်မှာ ၂၈၀ဝ မဂ္ဂါဝပ် ထွက်ရှိနိုင်ပြီး ဝဆုတ်ရေအားလျှပ်စစ်မှာ ၁၈၀ဝ မဂ္ဂါဝပ် ထွက်ရှိနိုင်ပါသည်။ ၎င်း ရေအားလျှပ်စစ် ၂ ခုပေါင်း ၄၆၀ဝ မဂ္ဂါဝပ် ထွက်ရှိမည်ဖြစ်သည်။ လက်ရှိ ရေအားလျှပ်စစ်တည်ဆောက်မှုစားရိတ်အဖြစ် အ ကြမ်းမျဉ်းတွက်ချက်မှုမှာ ၁ မဂ္ဂါဝပ် ထွက်ရှိရန် အမေရိကန်ဒေါ်လာ ၁ သန်းကုန်ကျမည်ဟုတွက်ချကြရာ ၄၆၀ဝ မဂ္ဂါဝပ် ထွက်ရှိမည့် ထိုလျှပ်စစ်ထုတ်လုပ်မှုအတွက် အမေရိကန်ဒေါ်လာ သန်း ၄၆၀ဝ (၄.၆ ဘီလီလျံ) ကုန်ကျမည်ဖြစ်သည်။CPI အတွက်လည်း မနစ်နာသည့် ရင်းနှီးမြှုပ်နှံမှု ဖြစ်စေနိုင်ပါသည်။

  • ခင်ဇော်

    April 26, 2016 at 5:12 pm

    မြစ်စုံ လို့ ကြားရင်
    ဓာတ်ပုံ သွားရိုက်ချင်တဲ့ ခံစားချက်ပဲရှိတော့တယ်..
    :mrgreenn:

Leave a Reply