ဂ်စ္စူApril 25, 20161min31011
မြစ်စုံနဲ့ပတ်သတ်ပြီး ပြန်ကြားရေး ဝန်ကြီးဋ္ဌာနဖေ့ဘွတ်စာမျက်နှာမှ  ဆောင်းပါး မဖတ်ရ မသိရ ဖြစ်မှာစိုးလို့ ကူးယူဖော်ပြ ခွင့်ပြုပါဗျား။ ဖော်ပြချက်အရ ပြည်သူ့ သဘောထား နဲ့ အစိုးရသဘောထား ဘယ်လိုရှိလဲဆိုတာ ရှင်းလောက်မယ် ထင်ပါတယ်။ တရုတ်ကြီးအတွက် စိတ်တော့မကောင်းပါဘူး။ နောင်အခါ စိတ်မချရတဲ့ ပုဂ္ဂိုလ်တွေနဲ့ အလုပ် မလုပ်မိပါစေနဲ့လို့ သင်္ခန်းစာ အကြီးကြီး ပေးလိုက်တယ် မှတ်ပါတယ်။   စာချုပ်ပါ အချက်လက် မသိပေမဲ့လည်း အထိုက်အလျောက် စိတ်သတ်သာရာ ရတယ်ပေါ့ဗျား။   ဪ.. ကို့ဆြာတို့ ရာထူးအနားယူတော့ မြက်ဖုတ်ကအစ မြေလှန်ယူချင်ကြပြီး မြစ်ဆုုံအရှုပ်တော်ပုံကြတော့ မျက်စောင်းတောင် လှည့်မထိုးခဲ့ကြပါကလားလို့ အိုး…..နေနိုင်သူဂျီး နေနိုင်သူဂျီးရေ 😆   MOI Webportal Myanmar မြစ်ဆုံကိစ္စ စာချုပ်နှင့် ကိုင်ပြသော် ▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄ ▲▲▲▲▲▲▲▲▲▲▲▲▲▲▲ (အောင်ချိန်ဘွား) ဧရာဝတီမြစ်ဆုံစီမံကိန်းလုပ်ငန်းသည် ခွဲစိတ်ကုသခြင်း မပြုဘဲ ချန်ထားခဲ့သော ကင်ဆာရောဂါကဲ့သို့မြုံနေသည့် အဖုအကျိတ်ကြီးတစ်ခုဖြစ်သည်။ ဤပြဿနာကြီးကို ဆိုးမွေအဖြစ်ထားရစ်ခဲ့သောကြောင့် အစိုးရဘက်က ဗြဟ္မာ့ ဦးခေါင်းကြီးကဲ့သို့ လက်ဆင့်ကမ်းရယူခဲ့ခြင်းဖြစ်ရာ ပြုတ်ကျပါက မီးဟုန်းဟုန်းတောက်လောင်ပေမည်။ ဖြစ်စဉ်ကိုပြန်တွေးကြည့်လျှင် ဧရာဝတီမြစ်ဆုံစီမံ ကိန်းကိစ္စ ပြဿနာဖြစ်ရပုံမှာ တက်သစ်စ၊ အာဏာရခါစ […]