ဂ်စ္စူNovember 17, 20121min37865
ဝတ်ကောင်းစားလှနှင့်လူတွေ တက်မနင်းယုံတမယ် ငါ့ဘေးက ဖြတ်လျှောက်နေကြ၏။ ဟွန်းသံ တညီးညီးနှင် ကားရောင်စုံတွေ မီးပွိုင့် အစိမ်းကို စိတ်မရှည်စွာ စောင့်နေကြ၏။ ပွိုင့်လွတ်သည်နှင့် အသံပေါင်းစုံမြည်လျက် အလုအယက် မောင်းထွက်သွားကြ၏။ မိသားစုတွေ ၊ ချစ်သူစုံတွဲတွေကား ပြုံးပျော်လျက် အထုပ်ကိုယ်စီစွဲ၍ အထပ်မြင့်ကုန်တိုက်ကြီးမှ ထွက်လာနေကြ၏။ တစ်ချို ့ကား ပိုက်ဆံအိပ်အထူးကြီးပိုက်လျက် ရင်ကော့၍ ကုန်တိုက်ထဲ တိုးဝင်သွားကြ၏။ ကုန်တိုက်ဘေးက စားသောက်ဆိုင်မျိုးစုံကား ဘုရားပွဲဈေးထက်ပင် များလွန်းနေ၏။ စားသောက်ဆိုင်ကြီးတွေ၌  ဥဒဟို ဝင်ရောက်စားသောက်နေသူတွေကား အလှူပေးနေသလို။ မျက်စိအစုံ၌ မြို ့ပြ မြင်ကွင်းတွေ၊ အားကျစရာမိသားစုတွေနှင့် ပြည့်နှက်လျက်။ တန်ဘိုးကြီးကားပေါ်က ခွေးပေါက်စက ငါ့မြင်တော့ တစ္ဆေတွေ ့သလို ထိုးဟောင်၏။ င့ါရွယ်တူ သူဋ္ဌေးသား ခလေးတစ်ယောက်က လူထူးဆန်းသဖွယ် ငါ့အား သေချာကြည့်သွား၏။ငါကား ဂရုမစိုက်။ […]


ဂ်စ္စူNovember 13, 20121min35640
“အာဝါး..အားဝါး..အွား”….ဆိုပြီး ခေါင်းရင်းအိမ်က ခလေးငိုပြီဆို နာရီထမကြည့်နဲ ့၊ သူငိုရင် ခုနစ်နာရီခွဲပြီမှတ်။ အငိုတိတ်သွားပြီလား အဲတာဆို ရှစ်နာရီထိုးပြီ။ ထပ်ငိုတယ်မလား အဲတာဆို ကိုးနာရီထိုးပြီ။ ဟုတ်တယ်ဗျ။ ခေါင်းရင်းအိမ်က ခလေးက အတော် အငိုသန်တဲ့ခလေး စိတ်ပျက်လောက်အောင်ကို ငိုနိုင်လွန်းတယ်။ ဟိုဘက် ဒီဘက် သွပ်ပြားကပ်ပြီး ခြားထားတဲ့ ကျနော့ အခန်းနဲ ့ ဆို ဒီဘက်အီးပေါက် ဟိုဘက်က ကြားတယ် ဟိုဘက ်အီးပေါက် ဒီဘက်က ကြားတယ်။ အဲသလို အခြေအနေမှာ အွား..အွား..အွားနဲ ့  ငိုနိုင်လွန်းခေးလနဲ ့ ဘယ်လိုမှ အိပ်လို ့မရဘူးဗျာ။ အဲဒီ ငိုနိုင်လွန်းခလေးကို သူ ့အဖေနဲ ့အမေက ဝိုင်းပြီး ချော့ပြီမလား..အင်း.သေချာပြီ ဆက်မအိပ်နဲ ့ ပြေးပေတော့ပဲ တစ်ရပ်ကွက်လုံး […]


ဂ်စ္စူOctober 30, 20121min22740
သီတင်းကျွတ်မှာ ကျွတ်ဖို ့တိုက်တွန်းသူတွေကော မကျွတ်ဖို ့တိုက်တွန်းသူတွေကော မျှားနတ်မှောင် ပွဲဇား အောင်သွယ်တွေကော တောင်းပန်ပါတယ်ဆိုပြီးမုန် ့ဖိုးလာတောင်းကြတဲ့ ရွှေကျိတို ့ အလင်းစပ်တို ့ အူးပေတို ့ကော ပြီးတော့.. ရေခွက်နဲ ့ပက်ပြီးတောင်းပန်တဲ့အူးခင်ခတို  ့ နှစ်ခါပြန်တောင်းပန်တဲ ့ ရွှေအိမ်စိတို ့. သီတင်းကျွတ်အကြောင်း ရှင်းပြတဲ့ ဘဲအုတို ့ ဘုရားဖူလိုက်ပို ့တဲ့အူးပေါက်တို ့ စသဖြင့် ရွာထဲ ရွာပြင်ရှိ ကြီးသော ငယ်သော ကြီးကြီးသေးသေးပဲကော တန်းတူတန်းကော အဆိုပါ အစားစားသော လူတန်းစားတို ့အား အကျွန်ုပ် အူးဗိုက်မှ ကံသုံးပါးတို ့ဖြင့် ပြစ်မှားလွန်ကျူးမိခဲ့သည်ရှိသော် အပြစ်တို ့အား သည်းခံခွင့်လွှတ်ပေးတော်မူကြပါကုန်။ ကျွန်ုပ်သူဒေါ်ဂေါင်းအူးဗိုက်အား ကံသုံးပါတို ့ဖြင့် ပြစ်မှားခဲ့သူအပေါင်းတို ့အားလည်း […]


ဂ်စ္စူOctober 28, 20121min23815
  အသက် ငယ်ငယ်နဲ ့ (၈)မိနစ်ကျော် တရားဟောနိုင်တဲ့ အူးဘဇင်းလေးပါ အူးဘဇင်းလေး အသက်က သုံးနှစ်ပဲ ရှိသေးတယ်လို ့ဆိုပါတယ်။ တရားဟောရင်း အောက်က ဒဂါတစ်ယောက်မေးလို ့ ပြန်ဖြေရာက ဘွဲ ့တော်မှာ အူးဘဇင်း အူးညာနိတ်သရလို ့ သိရပါတယ်။ ယခင်က ပါရမီတွေကြောင့် သုံးနှစ်အရွယ်နှင့် ယခုလို တရားရှည်ရှည်နဲ ့ ပြတ်ပြတ်ဟောနိုင်တာ အင်မတန် အံ့ဩမိတာနဲ ့ခုလို လက်တို ့လိုက်ရခြင်းဖြစ်ပါတယ်ခင်ဗျ။ ယူတျု ့ http://www.youtube.com/embed/-FRBpOySGGU  မှာ သွားပြီး နာယူမယ်ဆို သင်တို ့ လက်တလော ခံစားနေရသော ဝေဒနာများ ခေတ္တ လျော့သွားမည်မလွဲဟု ကျနော်အူးဗိုက်မှ ရာနှုန်းပြည့် အာမခံပါတယ်။ အူးဘဇင်းလေးအကြောင်း သေချာသိချင်ရင် https://www.facebook.com/cho.yee.35  နဲ […]


ဂ်စ္စူOctober 19, 20121min31949
ကိုဘလက်ချော မွေးနေ ့ တံခါးစောင့်၊ တံခါးမှူး၊ ချိုပေါ့ကျ ပိုင်ရှင် ၊ အဖျော်ဆရာ ကျောင်းဒဂါ မစ္စတာ ကိုဘလက်ချောရဲ့ သန်ဘက်ခါ ကျရောက်မဲ့ (၂၄) နှစ်မြောက် မွေးနေ ့အတွက် ကျနော် ညီငယ် မစ်ချတာ အူးဗိုက်မှ တရိုတသေ ၊ တလေးတစား၊ အရေးထား၍ ကနဦး စတင် ရှေ ့ဆောင် ဦးဆောင် ဒူးထောင်ကာ ကြေငြာမောင်းခတ်ခြင်းသမှု ပြုလိုက်ရပေသည် ရွာစားအပေါင်းတို ့ရေး………………………..( ဒူဝေ..ဝေ..ဝေ..) ။ ဤကား အင်ထရိုတည်း။   “မနက်ဖြန် ငါ့မွေးနေ ့ကွ” ဗျာ.. မနက်ဖြန် အူးလေး မွေးနေ ့ ဟုတ်လား.. “အေ..မနက်ဖြန် ငါ့မွေးနေ ့ရောက်ပြီ ”   […]


ဂ်စ္စူOctober 10, 20121min31939
ဆရာ ကိုခင်ခ ၏ “တွဲဖက်စားသောက်ခြင်း၊ သုံးစွဲခြင်း မပြုသင့်သော အရာများ ” https://myanmargazette.net/151376/health-fitness/food-drink ပို ့စ်အား ဖတ်မိရင်း စာရေးသူလဲ အထိုက်အလျောက် ပါဝင်ကူညီ ချင်စိတ် (နောက်ချင်စိတ်) ပေါက်မိသဖြင့် ဘဝတစ်ကွေ ့သုတေသီလုပ်ခဲ့သည့် စာရေးသူ၏ တွဲဖက် မစားသောက်သင့်တဲ့ အစားအစာများအား ပါဝင် အားဖြည့်သည့်အနေဖြင့် ဗဟုသုတ အလို ့ငှာ စုစည်းပေးလိုက်ပါသည်။ အောက်တွင် ရှုပါလေ..   ဇီးသီး နှင့် မီးသီး ပလာတာ နှင့် ကွန်ပျူတာ ကြက်ဆူဆီ နှင့် ဝက်မူလီ ဖားသား နှင့် မားသား ကြာဇံ နှင့် တာဇံ ဆေးခြောက် နှင့် ပွေးခြောက် ဆပ်ပြာ နှင့် ငှက်နာ ဉာဏ်ရွက် […]


ဂ်စ္စူSeptember 30, 20121min33427
အားလုံးသတိ..။ တစ်ကမ္ဘာလုံးဆိုင်ရာ အောလ်အင်ဝမ်း ဘာသာဂိုဏ်းချုပ် အူးဗိုက်လာပြီ.။ မင်းတို ့လက်တွေ လေထဲကို မြှောက်ထားလိုက်။ (ဂျိုင်းမှာ ချွေးတွေနဲ ့ လှောင်နေမှာစိုးလို ့) အလုပ်မရှိ အကိုင်မရှိ အားအားယားယား ဘာလုပ်ရမှန်းမသိ၊ ရွေးကောက်ပွဲမှာ အမတ်လုပ်ဖို ့ဝင်ရွေးတာလဲ မဲရလာဒ်က ဘဲအုမကွဲခဲ့၊ အခုတော့..သိပြီ..လုပ်စရာ ရှာတွေ ့ပြီ။ ဟုတ်သည်။ အနှီလုပ်စရာဆိုတာ ဝါဒီထောင်ခြင်းပင်ဖြစ်၏.။ သူများတွေလဲ ထောင်နေတာတွေ ့သည်။(ဝါဒီ) မိုးပြာ ကျုပ်လဲ ထောင်လိုက်ပြီ..အူးဗိုက် ဝါဒီ အားရင် ဘာသာရေးတွေလိုက်လေ့လာမယ်..ပြစ်ချက်တွေ ဖွမယ်..ကောင်းချက်တွေ ကိုယ်ပိုင်သုံးမယ်..ဝါအား..သမ္ဘာအားဖြင့် ကျင့်ကြံအားထုတ်ခဲ့ကြကုန်သော ဆရာသမားတို ့ရဲ့ ဆရာ လုပ်မယ်… ဘယ်လောက်ဂွတ်လဲ.. စင်ပေါ်ကဝါဒီ..ပဲ ။ ကဲ.ကဲ. အူးဗိုက် ဝါဒီ .စမယ်..။   ရိုရိုသေသေ၊ ၄.၄ […]


ဂ်စ္စူSeptember 23, 20121min39241
အလုပ်မှာ ပင်ပန်းခဲ့၍လား မသိ ၊ ဒီနေ ့အိမ်အပြန်ခရီးဟာ ပုံမှန်နေ ့တွေထက်ပိုပြီး အနည်းငယ် နွမ်းလျနေသလို ခံစားမိသည်။ ခန္ဓာကိုယ်ကတော့ တစ်ချိန်လုံးနီးပါး ထိုင်နေရတဲ့ အလုပ်ဖြစ်ပေမဲ့ အကြောင်းပေါ်ပြီဆိုလျင် လူကော ဦးနှောက်ကော မနားရအောင် လှုပ်ရှားရသည်။ မန်နေဂျာရဲ့ အရေးပေါ် အစည်းအဝေးဆိုပြီး ရစ်လိုက်တဲ့အရစ်ရယ် ၊ ရှားပြီး ကြပ်လွန်းတဲ့ လိုင်းကားတွေရယ်ကြောင့်လည်း အိမ်ပြန်ခရီးဟာ ပုံမှန်နေ ့တွေထက် ပိုပြီး လူကို နောက်ကျ နွမ်းလျသွားစေသည်။ ပင်ပန်းခဲ့၍ ဗိုက်ဆာတာရယ် အနားယူချင်တာရယ် ပေါင်းပြီး အိမ်အမြန်ရောက်ချင်တဲ့စိတ်သာ ဇောကပ်နေတော့သည်မို ့ လိုင်းကားပေါ်က ဆင်းသည်နှင့် ခြေလှမ်းသွက်သွက်တွေက အိမ်သို ့အမြန်ရောက်ဖို ့သာ။   ဒါကြောင့်.. ကွေ ့ပတ်ပြီး တစ်မိုင်ကျော်လောက် လျှောက်ရလေ့ရှိတဲ့ အရင်နေ […]


ဂ်စ္စူAugust 5, 20121min33242
“သားရေ..သားကို အန်တီပြောစရာလေး ရှိလို ့” ဆိုပြီး ထမင်းဆိုင်က အန်တီကြီးမှ စကား အတင်းစပ်လာသဖြင့် အနည်းငယ်တော့ ကြောင်တောင်တောင်ဖြစ်မိသွားသည်။ အကြွေးယူပြီး ပြန်ဆပ်ဖို ့မေ ့တတ်သော အကျင့်ကြောင့် အားနာပါးနာနှင့် သတိပေး အကြွေးတောင်းမလို ့လေလားပေါ့။ မျက်နှာပူပူနဲ ့ပဲ “ ဟိုနေ ့က အကြွေးစားသွားတာ ပြန်ဆပ်ပြီပြီနော်..ဘယ်အကြွေး ကျန်သေးလို ့လဲ..ဟဲ..ဟဲ..ဟဲ..” ဆိုပြီးမလုံမလဲ ပြန်မေးမိတော့ “ဟုတ်ပါဘူးကွယ်…အန်တီ အကူအညီလေး တောင်းချင်လို ့ပါ” ဆိုပြီး ပြန်ပြောတော့မှ ဟူး..တော်ပါသေးရဲ့ ဆိုပြီး နီနီရဲရဲမျက်နှာမှ ပုံမှန် အရောင် ပြန်ဖြစ်သွားပါတော့တယ်။ အဲဒီ ထမင်းဆိုင်မှာ မကြာခဏ သွားဝယ်စားဖြစ်ပေမဲ့ ရောင်းတဲ့ အဒေါ်ကြီးနာမည်တော့ မသိ၊ ဆိုင်နာမည်လဲ မရှိတဲ့ ခလေး လေးယောက် အမေ […]


ဂ်စ္စူJuly 29, 20121min60267
    အဟမ်း.အဟမ်း…အဟွတ်…ဟွတ်..ဘွတ်စ်..   (ချောင်းဟန် ့ရင်းအီးတစ်လုံး ထွက်သွားသည် ၂ခေါင်းပိတ်ထားပါ )   ရည်ရွယ်ချက်နှင့် အစီအစဉ် ဖြစ်ပေါ်လာပုံ .. လေးစားအပ်ပါသော စာရေးသူ၊ ဖတ်သူ ရွာသူရွာသား အကိုအမများ ခင်ဗျား.. မန္တလေး ဂေဇက်တွင် သင်တို ့နေ ့စဉ် ပုံမှန် ရေးသား၊ တင်ပြပေးလျက်ရှိသော – ဝတ္ထု တို /ရှည် ၊ သုတ ရသ ဆောင်းပါးများ၊ ကဗျာများ၊ ကာတွန်း ဓာတ်ပုံများ စသဖြင့် မရိုးနိုင်အောင် အလွန်ကောင်းမွန်သော လက်ရာများဖြင့် စုံလင်လျက် ရှိနေသည် မဟုတ်ပါလား ခင်ဗျား ။   အဆိုပါ ကဏ္ဍ အသီးသီးရှိ လက်ရာကောင်းများစွာထဲမှ ဓာတ်ပုံ ဝါသနာရှင်များရဲ့ […]


ဂ်စ္စူJuly 19, 20122min28734
  ဇူလိုင် ဆယ်ကိုးတဲ့လား.. ♦   လူယုတ် တစ်စုရဲ့ ကောက်ကျစ်မှုအောက် စက်သေနတ်သံတွေ အထက်ဘဝဂ် ညံပြီးတဲ့နောက် မနက် ဆယ်နာရီခွဲပြီးတဲ့နောက်….. အဲဒီနောက်မှာ.. ကမ္ဘာရှား စွန် ့လွှတ်အနစ်နာခံမှုတွေ ကမ္ဘာရှား ကြိုးစားမှုနဲ ့ရိုးသားမှုတွေ ကမ္ဘာရှား သွေးသားနဲ ့ ဦးနှောက်တွေ ကမ္ဘာရှား တွေးခေါ်မျှော်မြင်မှုတွေ ကမ္ဘာရှား ရွှေရောင်လွှမ်းတဲ့ အနာဂတ်တွေ ကမ္ဘရှား ဇမ္ဗူရှား အာဇာနည်တွေ အတုံးအရုံး ပြိုလဲကြေကွဲလို ့ ကျဆုံးခဲ့ရတဲ့ နေ ့ပေါ့….။ ♦     အရုဏ်တက်မှာ မျက်စိအစုံ စုံထိုးသွင်းခံလိုက်ရသလို တောက်ပြောင်လိုတဲ့ အနာဂတ်မြင်ကွင်းတွေ ထိန်လင်းခွင့်နဲ ့ ကွေကွင်းစေခဲ့တဲ့နေပေါ့….။ ♦     ကောင်းကင်ထက်က မိုးရိပ် မိုးစက်တွေ ပူးဝင် ဖြစ်တည်လာပြီး ဆို ့နင့်ကြေကွဲ မျက်ရည်မိုးဖွဲတွေ […]


ဂ်စ္စူJuly 15, 20121min38555
ဒူပေတာပေ. ♣         ဟုတ်ကဲ့….။ကျနော်ပြောတဲ့ ဒူပေတာပေ ဆိုတဲ့ အခေါ်အဝေါ်နဲ ့ ပတ်သတ်လို ့ ကျနော့်ဘာသာ အနတ် ပြန်ကြည့်တာ အကြမ်းခံခြင်း၊ အသုံးခံခြင်း၊ ကြာရှည်ခံနိုင်ရည်ရှိခြင်း၊ သန်မာခြင်း၊ စတဲ့ အဓိပ္ပါယ်တွေနဲ ့ ပြည့်လို ့နေပါတယ်။ ဝတ္ထုပစ္စည်းတစ်ခုနဲ ့ ဥပမာပေးပြပါဆိုရင် – တန်ဖိုးညီ Touch Screen အမျိုးစား ဖုန်းနှစ်လုံးကို မြေပြင်ညီ ကြမ်းခင်းသို ့ ပစ်ချလိုက်တဲ့အခါ ဖုန်းနှစ်လုံးစလုံး ကွဲအက်၊ ပွန်းပဲ့ သွားတာခြင်း အတူတူ အကောင်းတိုင်း ဆက်သုံးလို ့ရနေမဲ့ ဖုန်းက ဒူပေတာပေ ခံတဲ့ ဖုန်းဟု ဆိုရမှာဖြစ်ပါတယ်။ အဲဒီ ဒူပေတာပေဆိုတဲ့ အသုံးနှုန်း ဘယ်အချိန်ကတည်းက စတင်ခေါ်ဝေါ်ခဲ့မှန်းမသိပေမဲ့ ကျနော့်ပတ်ဝန်းကျင်ကလူတွေ အလျင်းသင့်သလို ခိုင်းနှိုင်း […]


ဂ်စ္စူJuly 11, 20121min29022
ခုပေါ..မှာဂဒေါ့…. Browser တစ်ခုထဲမှာ ဂျီမေးလ် အကောင့် နှစ်ခုကျော် ဝင်လို ့ရတဲ့ နည်းဖြစ်ပါတယ်။ သိတဲလူလဲသိ၊ မသိတဲ့လူလဲ မသိ ဖြစ်နေလောက်မယ်ထင်လို ့ သုံးဆယ်ဖိုး ရေးပေးပါ့မယ်။ အရင်က Browser တစ်ခုထဲမှာ ဂျီမေးလ် နှစ်ခုဝင်လို ့မရခဲ့ဘူးလေ။ တစ်ခုဝင်ချင်ရင် အရင်အကောင့်ကို Sign out လုပ်ပြီးမှ ဝင်လို ့ရတယ်ဟုတ် ? ။ နောက်တော့ Account Settings ထဲဝင်ပြီး Multiple Sign In ဆိုတာကို On လုပ်ပြီး ဝင်လို ့ရတဲ့နည်းရှိခဲ့တယ်ဟုတ် ? ။ အခု…. အရင်ကလို တစ်ခုဝင်ချင်ရင် တစ်ခုအောက်ထားစရာမလိုတော့..။ ဟိုထဲဒီထဲ ဝင်ပြီး Setting တွေ ပြောင်းစရာမလိုတော့။   […]