အမေ့အား ငါ ကြောက်သည်
ဝတ်ကောင်းစားလှနှင့်လူတွေ တက်မနင်းယုံတမယ် ငါ့ဘေးက ဖြတ်လျှောက်နေကြ၏။ ဟွန်းသံ တညီးညီးနှင် ကားရောင်စုံတွေ မီးပွိုင့် အစိမ်းကို စိတ်မရှည်စွာ စောင့်နေကြ၏။ ပွိုင့်လွတ်သည်နှင့် အသံပေါင်းစုံမြည်လျက် အလုအယက် မောင်းထွက်သွားကြ၏။ မိသားစုတွေ ၊ ချစ်သူစုံတွဲတွေကား ပြုံးပျော်လျက် အထုပ်ကိုယ်စီစွဲ၍ အထပ်မြင့်ကုန်တိုက်ကြီးမှ ထွက်လာနေကြ၏။ တစ်ချို ့ကား ပိုက်ဆံအိပ်အထူးကြီးပိုက်လျက် ရင်ကော့၍ ကုန်တိုက်ထဲ တိုးဝင်သွားကြ၏။ ကုန်တိုက်ဘေးက စားသောက်ဆိုင်မျိုးစုံကား ဘုရားပွဲဈေးထက်ပင် များလွန်းနေ၏။ စားသောက်ဆိုင်ကြီးတွေ၌ ဥဒဟို ဝင်ရောက်စားသောက်နေသူတွေကား အလှူပေးနေသလို။
မျက်စိအစုံ၌ မြို ့ပြ မြင်ကွင်းတွေ၊ အားကျစရာမိသားစုတွေနှင့် ပြည့်နှက်လျက်။ တန်ဘိုးကြီးကားပေါ်က ခွေးပေါက်စက ငါ့မြင်တော့ တစ္ဆေတွေ ့သလို ထိုးဟောင်၏။ င့ါရွယ်တူ သူဋ္ဌေးသား ခလေးတစ်ယောက်က လူထူးဆန်းသဖွယ် ငါ့အား သေချာကြည့်သွား၏။ငါကား ဂရုမစိုက်။ ဘယ်သူမှ ငါဂရုမစိုက်။ သူရို ့ဂရုစိုက်နေလျင် ငါ့ဗိုက်ဝမည်မဟုတ်။ငါ့ညီမ၏ နို ့ဆာ၍ အော်ငိုသံကြောင့် ငါ့အာရုံတွေ အမေနှင့် ညီမဆီ ပြန်ရောက်သွား၏။ လမ်းဘေး ပလက်ဖောင်းပေါ်၌ အမေကား ဒူးတစ်ဘက်ထောင် ထိုင်လျက် ငါတောင်းလို ့ရခဲ့တဲ့ စားကြွင်းတွေကို ဇိမ်နှင့် အစားမပျက်။ တစ်ချက်တစ်ချက် နှပ်ချေးတွဲလောင်းနှင့် ညီမငယ်အား အငိုတိတ်အောင် ဆူလိုက်ချော့လိုက်နှင့်။ သူတို ့ဗိုက်ပြည့်တဲ့အထိ ဒီည တောင်းကျွေးပေးရဦးမည်။
င့ါအလုပ်ကား ပိုက်ဆံရ ပိုက်ဆံ၊စားစရာရ စားစရာ၊ ရတဲ့ဟာ အကုန်တောင်းရသည့်အလုပ်။ အရင်က ပိုက်ဆံတောင်းရင် ပေးကြ၏။ ခုနောက်ပိုင်း တောင်းလျင် ပိုက်ဆံ သိပ်မပေးကြတော့။ ပိုက်ဆံတောင်းမရတော့ စားသောက်ဆိုင်က စားကြွင်းတွေ တောင်းပေးရသည်။ညစ်ပတ်နံစော်နေတဲ့ငါ့ကို စားသောက်နေသူတွေက အော်ကလီဆန်ကြသည်။ဆိုင်ရှင်ကြီးက နီးစပ်ရာနှင့်ကောက်ပေါက်၏။ ငါကား မမှု။ လစ်တဲ့အချိန် တောင်းစားသည်။ မိသားစုတွေ၊ စုံတွဲတွေ ပလုတ်ပလောင်း စားကြပြီး မကုန်၍ကျန်တဲ့အစာတွေကို စားပွဲထိုးမှ အမှိုက်ပုံးထဲ ပြစ်ပြစ်ထည့်သည့်အခါ ငါကား နှမြောခြင်းကြီးစွားဖြစ်၏။
အစာကျန်တာတွေကို ငါ့အားခေါ်ပေးလျင် ပျော်ရွှင်ခြင်းဖြစ်လျက် ငါ့အမေနှင့်အတူ လမ်းဘေးထိုင်စားကြ၏။ ငါ့တို ့မိသားစု တစ်နေ ့တာတင်းတိမ်ဖို ့ မတောင်းချင်လဲ တောင်းရဦးမည်။ အဆဲမခံချင်လဲ ခံရဦးမည်။ကဲ့ရဲ့ခြင်းလဲ ခံရမည်။ ညိုညင်ခြင်းလဲ ခံရမည်။ မခံချင်လဲခံရပေဦးမယ်။သို ့မဟုတ်ရင် ငါ့အမေရဲ့ ဆူပူကြိမ်းမောင်းခြင်းခံရလိမ့်မည် ဖြစ်၏။ အဖေဘယ်သူလဲ ငါမသိ။ အမေဘာလဲ ငါမသိ။ ငါသိတဲ့အချိန်မှာ အမေက တောင်းစားနည်းတွေ သင်ပေးနေပြီဖြစ်၏။တောင်းမရလျင် ဆူပူကြိမ်းမောင်း၏။အမေ့အား ငါကြောက်သည်။
ငါ့ရွယ်တူခလေးတွေ ကျောင်းဝတ်စုံနဲ ့မြင်ရင် ငါ အားကျ၏။ တွတ်တီးတွတ်တာနဲ ့ အမေကိုချွဲနေတာမြင်ရင် ငါလဲ လုပ်ချင်၏။ သူတို ့အမေက ကစားစရာတွေများကြီးဝယ်ပေးရင် ငါလဲလိုချင်၏။ သူတို ့အမေက စားစရာတွေ များကြီး ရှာကျွေးရင် ငါ သွားရေကျ၏။ သူတို ့ခလေးကို ရေချိုးသန် ့စင်ပေးပြီး ဝတ်ကောင်းစားလှတွေ ဆင်ပေးရင် ငါလဲ လှချင်၏။ ခလေး ဆူဟောက်ခံရတဲ့အခါ သူတို ့အမေက ပြန်ရန်တွေ ့ပေးတာမြင်ရင် ခလေးနေရာမှာ ငါဖြစ်ချင်၏။ လမ်းသွားတဲ့အခါ သူရို ့အမေက ခလေးလက်ကို ကျစ်ကျစ်ပါအောင်ဆုပ်ပြီး အန္တရာယ်မဖြစ်အောင် ကာကွယ်ပေသွားတာမြင်ရင် ငါ ပီတီဖြစ်၏။ ကြက်မကြီးက ကြက်ပေါက်စလေးတွေကို အုပ်ပြီး ကာကွယ်ထားတာတွေ တော့ ငါသဘောကျ၏။ ငါ့ဘဝနဲ ့ ဆန် ့ကျင်ဘက်တွေမြင်တိုင်း အားရပါးရ ကြည်နူးပီတီဖြစ်ခဲ့ရ၏။
သူတောင်းစားဘဝ နိဂုံးချုပ်ရင် ဘယ်ဘဝရောက်မယ်ငါမသိ။
ကံဆိုတာ ကိုယ်ကလုပ်လို ့ဖြစ်တာဆို ငယ်ငယ်ရွယ်ရွယ်နဲ ့သူတောင်းစားဘဝ ရောက်အောင် ငါမလုပ်ခဲ့တာသေချာ၏။ အဘယ်ကြောင့်ဆိုသော် ငါ့ကိုငါ မသိခင်အရွယ်ကတဲက အမေနဲ ့အတူ ငါတောင်းစားနေခဲ့ရပြီးပြီဖြစ်၏။
“ဟဲ့ ဗိုက်ကလေး..ဘာတွေငေးနေတာလဲ… ဟိုဝိုင်းက ရှင်းတော့မယ်..အမှိုက်ထဲမရောက်ခင် မြန်မြန်သွားတောင်းလေ..သေနာလေးကလဲ..”
ဆိုတဲ့ အမေ့ရဲ့ အသံကြောင့် ငါ့ရဲ့ လွင့်ပျယ်နေတဲ့ စိတ်တွေ အသိပြန်ကပ်ပြီး ကျွတ်ကျွတ်အိပ်ကလေးစွဲလို ့
“ကိုရီးတို ့မရီးတို ့ ဦးရီးတို ့ရယ် သားဗိုက်ဆာလို ့ စားမကုန်တဲ့ဟာလေးတွေ ထည့်ပေးပါနော်” ဆိုပြီး မျက်နှာညှိုးနွမ်းတဲ့ပုံလေးလုပ်လို ့ စားကြွင်းများကို စက်ရုပ်တစ်ရုပ်လို ဆက်လက် တောင်းခံနေမိတော့၏။
65 comments
စိန်ဗိုက်ဗိုက်
November 17, 2012 at 7:46 pm
လှည်းတန်းမှာ မုန် ့သွားစားတုန်းက မြင်ခဲ့ရတဲ့ တောင်းစားသူမိသားစုအကြောင်းလေး..
အပျင်းပြေ ရေးမိပါတယ်ခင်ဗျ။
မဟာရာဇာ အံစာတုံး
November 18, 2012 at 8:56 am
ကိုစိန်ဗိုက်ဗိုက် က အပျင်းပြေ ရေးထားတာတောင်
တော်တော် အရေး ကောင်းတာပဲ။
တကယ်သာ ရေးမယ်ဆို မလွယ်ဘူး မှတ်တယ်။
စာရေးပြီး မဂ္ဂဇင်းတိုက်တွေကို ပို့ကြည့်ပါလား။
ဒီထက် ပိုပြီး ပြောကြည့်ရရင် “ကံဆိုတာ ကိုယ်ကလုပ်လို ့ဖြစ်တာဆို ငယ်ငယ်ရွယ်ရွယ်နဲ ့သူတောင်းစားဘဝ ရောက်အောင် ငါမလုပ်ခဲ့တာသေချာ၏။” လို့ ဆိုထားပေမယ့် ကံမှာက အတိတ်ကံ ဆိုတာ ရှိသေးတော့ ဒါလည်း မိမိပဲ လုပ်ခဲ့ခြင်းသာ ဖြစ်တယ်လို့ ကျွန်တော်က ယူဆပါတယ်။ ဘာလို့လဲ ဆိုတော့ ကျွန်တော်တို့ရဲ့ မြတ်ဗုဒ္ဓတောင်မှ အတိတ်ဘဝက ကံအကျိုးဆက်တွေကို နောက်ဆုံးဘဝမှာ ခံစားသွားခဲ့ရသေးတာပဲ။
စိန်ဗိုက်ဗိုက်
November 18, 2012 at 9:28 am
အံကြီးရေ…ကျော်..ဘီအီးအကြောင်းပဲ ရေးတတ်လို ့..အဲလောက်ထိ မပို ့ချင်ပါခင်ဗျာ..
သဒေါင်းစားအကြောင်းရေးရင်း ဘယ်လိုဘယ်လို ကံကိုလွှဲချမိလိုက်မှန်းတောင် မသိပါဘူး
မောင်ပေ
November 17, 2012 at 8:13 pm
နင်က အပျင်းပြေရေးတယ်ဆိုပေမယ့်
ဖတ်ရတဲ့ ငါ့အတွက်တော့ ဝမ်းနည်းလွန်းလို ့ မျက်ရည်တစ်စက် တောက်တောက်မြည်အောင် ကျသွားပေါ့
စိန်ဗိုက်ဗိုက်
November 17, 2012 at 8:26 pm
အူးပေရေ…ဒီလိုပါပဲဗျာ..မျက်ရည်တော့ မကျပါနဲ ့ ထီပေါက်ရင် ဘီအီး အဝတိုက်ပါ့မယ်.. 🙂
ဘောပွဲနိုင်ရင် ကျော့ကို မာဆတ်ပို ့ပေးပါ..အကြောတွေတက်နေလို ့..အကြောရှော ့ချင်နေတယ်.
ရာဇဝင်လူဆိုး
November 17, 2012 at 8:37 pm
ဗိုက်ဗိုက်ရေ…ရသ တစ်ခုခု ခံစားသွားရတယ်။ ဒါပေမယ့် လှည်းတန်းမှာ တောင်းနည်းက အစုံသားဗျ။ ထန်းရက်ရည် သုတ်တဲ့ သူနဲ့။ ခြေတစ်ဖက်ကို ခေါက်ထားသူနဲ့၊ မိုးရွာနေတာတောင် ကလေးပိစိ လက်ကမချပဲ အရိပ်ခိုစရာ ရှိနေတာတောင် တစ်မင် မိုးရေထဲထွက်တောင်း နေတဲ့သူတွေနဲ့…။ ခုနောက်ပိုင်း ကလေးပိစိလေးတွေ ချီပြီးတောင်းတဲ့သူ ပိုများလာသလား လို့… ၈ လလောက်ရှိပြီ သတိထားမိတာ။
အင်း….မြန်မာပြည်မှာ ကလေးလုပ်သားတွေ မွေးကင်းစ ကနေပြီး မလွတ်တော့ပါလား ဗိုက်ဗိုက်ရေ…။
:kwi:
စိန်ဗိုက်ဗိုက်
November 17, 2012 at 8:50 pm
ခလေးတွေကို အကြောင်းပြ အသုံးချပြီး လူကြီးတွေက မိန် ့မိန် ့ကြီး ထိုင်စားနေတာ စိတ်ပျက်စရာပါ ကိုလူဇိုးရေ..
ကိုယ်အင်္ဂ ါအ ပြည့်အစုံနဲ ့ တောင်းစားခိုင်းနေတာ အံ့ကြီးဩမိပါတယ်..။
ကထူးဆန်း
November 17, 2012 at 9:00 pm
ကလေး အမေက အလုပ်ကောင်းကောင်းမလုပ်ပျင်းလို့ တောင်းစားရတယ် ..
ကလေးက ကံမကောင်းလို့ အဲ့ဒီ့ အမေမျိုးမှာ သွားမွေးတယ် ..
အင်း ..ကံ အလုပ် ။ အလုပ် ကံ ။ ကံ အလုပ် ။ ကံ အလုပ် ။ အလုပ် ကံ ။ ကံ အလုပ် ။ ကံ အလုပ် ။ အလုပ် ကံ ။ ကံ အလုပ် ။ ကံ အလုပ် ။ အလုပ် ကံ ။ ကံ အလုပ် ။
မူးတယ်ဂျာ….
ကထူးဆန်း
November 17, 2012 at 8:52 pm
ယာဉ်မောင်းကထူးဆန်း ကားမောင်းရင်း ကားထဲမှ ဒစ်ကျစ်တယ် နာရီ ဂဏန်းလေး လှမ်းကြည့်လိုက်သည်။ 01:35 am ။ခေတ္တမျှ အကြာ သံလွင်လမ်း မှ ခြံဝန်းကျယ်ကြီးထဲ ခေါင်းထိုးလိုက်သည် ။ ဟွန်းသံပေးလို်က်သည်နှင့် ခြံစောင့် ဦးဗိုက် အပြေးလေးထွက်လာသည် ။ ဘယ်လောက် ဘီးအီးမှုးနေ မှုးနေ သူဌေးကြီး ဦးဦးပါ ပြန်လာလျှင် ဦးဗိုက်တို့ အမှုးပျောက်ပြီး တံခါး အပြေးလာဖွင့်မြဲ ။ ထုံးစံအတိုင်း ဦးဦးပါကို ပွစိပွစိနှင့် ကျိန်ဆဲရေရွတ်နေမည်မှန်းလည်း ကထူးဆန်း သိသည် ။ ဘာလို့ အမြဲ သန်းခေါင်ကျော်မှ ပြန်လာတာလဲ ။ သူ့ မှာ အစည်း အဝေးတွေ ၊ဧည့်ခံပွဲတွေလည်း ဘယ်တော့ မှ ပြီ း မပြီ နိုင်ဘူး ဟု ရေရွတ်နေမည်မှာ အမှန် ။
ကားရပ်ပြီးသည်နှင့် ကထူးဆန်း ကမန်းကတန်း တံခါးဖွင့် ဆင်းလိုက်ပြီး ဦးဦးပါ ထိုင်နေသော ဘက်မှ တံခါးကို ဖွင့်လိုက်သည် ။ ရီဝေ နေသော မျက်လုံးနီဖြင့် ဦးဦးပါ ဆင်းလာပြီး ” အေးအေး မောင်ထူးဆန်း မနက် ၅ နာရီ ကား အသင့်လုပ်ထား ။ နေပြည်တော် တက်မယ် ။ ဝန်ကြီးရုံးကို ၉နာရီ အမီ သွားရမယ်။ ”
ပြောပြီး အိမ်ဖော်မလေး ဖွင့်ပေးသော တံခါးမှ လှမ်းဝင်သွားသည် ။ သူဌေးကတော်ကတော့ ကိုးရီးကား အကြည့်မပျက် ။ သူဌေးသားကိုပေ ကတော့ ဘောလုံးပွဲကို သူ့ အခန်းထဲမှာ စိတ်ဝင်တစားကြည့်နေမှာ မလွဲ။
အင်း အခုဘဲ ၂ နာရီထိုးတော့မည် ။ ကားဆေးရ သုတ်ရတာနဲ့ဆို ၃ နာရီလောက်မှ အိပ်ဖြစ်မည် ။ ပြီး ဦးဦးပါ မထခင် နာရီဝက် လောက်တော့ အနည်းဆုံး သူစော ထ၍ ကား အသင့် ပြင်ရဦးမည်။
အင်း ။ ဦးဦးပါ တို့ ဒီလောက်ချမ်းသာတာလည်း မပြော နဲ့ ။ ဒီလောက် အလုပ် လုပ်တာကိုး ။ တစ်နေ့မှ အိပ်ချိန် သုံးနာရီလောက် နှင့် သက်စိုးရှည်ပါ့မလား မသိ ဟု မဆီမဆိုင်တွေးလိုက်မိသည် ။
ပြီးတော့ အင် .. ငါကကော .. သူအိ်ပ်ပြီးမှ အိ်ပ်ရသည် ။ သူမထခင်ထရသည် ။ သို့သော် ယာဉ်မောင်းလစာ အပြင် ဘာမှ ပိုမရ ။ ဦးဦးပါ စိတ်လိုလက်ရ ရှိသော နေ့ ကျမှ ဘောက်ဆူးရသည်။ ရထားသောဘွဲ့ လက်မှတ် နှင့် အလုပ်ကြိုးစား ရှာခဲ့သော်လည်း ဒီယာဉ်မောင်းလောက်တောင် လခ မကောင်း ။ တစ်နေ့တော့ ဒါထက်ကောင်းသော ဘဝ ရရမည် ဟု စိတ်ပိုင်းဖြတ်ထားသော်လည်း ဒီဝတ်က မကျွှတ်နိုင်သေး ။ အသက်လည်း ၄ဝ ကျော်လာပြီ။ အလုပ်ကောင်းကောင်း ရနိုင်ပါဦးမလား မသိ။
ကထူးဆန်း တစ်ချက်သန်းလိုက်ပြီး ကားရေဆေးရန် ရေပိုက် ကိုင်လိုက်သည် ။ ရေနုအေးများ မျက်နှာကို ဗြန်းကနဲလာမှန်သည် ။ ကြည့်လိုက်တော့ ဦးဗိုက် က ရေဗိုက်ခေါင်း မပြောမဆိုဖွင့်ပေးလိုက်ခြင်းဖြစ်သည် ။ ဘာဘဲ ပြောပြော နဲနဲ လန်းဆန်းသွားသည် ။ ။
(အဟိ ကံတွေ အလုပ်တွေ ပြောနေကြတော့ သူဌေးစီးတဲ့ ကားမောင်းသူ ပြေးမြင်မိလို့ ။ စိန်ဗိုက် ပိုစ်မှာ ဝင်ရှုပ်မှု့အား ခွေးလွှတ်ပါ)
စိန်ဗိုက်ဗိုက်
November 18, 2012 at 9:29 am
စီဂျေကြီးရေ..
မနေ ့ကတည်းက ပြန်ဖြေမို ့ပဲ မီးပျက်သွားလို ့..
စီဂျေကြီး ကွန်းမန် ့က တစ်ပုဒ်စာလောက်စိလို ့ သဂျီးဆီက လေးချယ် တောင်းပေးမယ်ဗျို ့
:harr:
ဦးဦးပါလေရာ
November 19, 2012 at 11:21 am
အောင်မယ်လေး… ကျေးဇူးကြီးပါပေရဲ့ ကထူးဆန်းရယ်…
ကျုပ်ဘဝမှာ တစ်ခါမှ မချမ်းသာဘူးလို့
သူများကွန်မင့်လေးထဲဝင်ပြီး ခဏတဖြုတ်သူဌေးဖြစ်ရလဲ မနည်းဘူးပဲ…
:harr:
ဒါထက်….
သူ့ကွန်မင့်ထဲက ဦးဦးပါက ဒီလောက်ချမ်းသာနေတာ
နေပြည်တော်ဝန်ကြီးရုံးသွားပြီး ဘာလုပ်ဦးမလို့ပါလိမ့်…
ကျုပ်သာဆို နေမြင့်အောင်အဝအိပ်ပြီးမှ မုန့်ဟင်းခါးလေးတပွဲလောက် အရသာခံထွက်စားလိုက်မှာ…။
:harr:
YE YINT HLAING
November 17, 2012 at 8:53 pm
ဖတ်လို့ကောင်းသလို စိတ်မကောင်းလည်း ဖြစ်မိကြောင်းပါ ။ ကိုဗိုက်ရေးချက်က ထိပါ့ !
မနေ့ညက ဦးပေ ဘောပွဲနိုင်ပါ့ဗျာ! ဟဲဟဲ !
စိန်ဗိုက်ဗိုက်
November 18, 2012 at 9:30 am
ကိုလှိုင်ကြီးရေ…ဆိတ်မကောင်းမဖြစ်ပါနဲ ့….အလုပ်အဆင်ပြေရင် မြန်မာပြည်ပြန်လာပြီး အူးဗိုက်ကို ဘီအီးအဝတိုက်ဖို ့ပဲ ဆင်းစားထား.ပျော်စရာ ကေတီဗီ မာဆတ် နိုက်ကလပ်တွေ ပို ့ပေးပမယ်.. 🙂
ဦးကြောင်ကြီး
November 17, 2012 at 11:06 pm
ကဗိုက်နင် သဂျီး၊ ကဖောနဲ့ ကရှုံးတို့ကို ပျက်ရယ်ပြု၏လော…။ နင်ပြုသည့်ကံ နင်ထံပျံလာဗေရမည်…။ ဤပို့စ်အား ပွိုင့်တသိန်းပြည့်ရန် တမှတ်လိုသူများသာ ဖတ်ခွင့်ရှိစေ..။
စိန်ဗိုက်ဗိုက်
November 18, 2012 at 9:33 am
ကောင်းတဲ့ကံတွေကို လက်ခံပြီး မကောင်းတဲ့ကံတွေကို အူးကြောင်ဆီ DHL နဲ ့ ပို ့ပေးလိုက်မနော်…
😀
ဦးခင်ခ
November 17, 2012 at 11:22 pm
တွေ့လည်းတွေ့တတ်ပြီး
တွေးလည်းတွေးတတ်လို့
ရေးလည်းရေးတတ်ပါပေ့
ကိုစိန်ဗိုက်ရေ။
စိန်ဗိုက်ဗိုက်
November 18, 2012 at 9:32 am
အခုလို မြှောက်ပေးတဲ့ အူးလေး သရီးကေကို ဘီယာ အဝတိုက်မဗျာ
🙂
မိုက်ကယ်ဂျော်နီအောင်ပု
November 18, 2012 at 1:10 am
( ပန်ချာပီသံဖြင့်ဖတ်ဘါ )
ဟရေး စိန်ပေါက်ပေါက်
ဂေဂျက်မာ စာရေးဒယ်နော် ဂေဂျက်စာရေးဆရာ စိန်ပေါက်ပေါက်
သဒင်းဒေါက်နဲ့ အင်တာဗျူးဒယ်နော် သဒင်းဒေါက်မေးမယ်
ဂေဂျက်ထဲဂ ဘယ်စာရေးဆရာနဲ့ခင်သလဲ
ဟရေးစိန်ပေါက်ပေါက်
စားရေးဆရာ မိုက်ကယ်ဂျော်နီအောင်ပု ဂိုနော် အါရင်ဆုံးပြောဘလိုက်
ဂုဏ်ယူဒယ်
စိန်ဗိုက်ဗိုက်
November 18, 2012 at 9:34 am
ဟုတ်ကဲ့..အနော်..ဂဂျက် ချာရေးချရာ အူးမိုက်ကယ်ဂျော်နီအောင်ဘုနဲ ့ ခင်ဘာဒယ်ခင်ဗျ..
kyeemite
November 18, 2012 at 5:36 am
ကိုင်း…ဘယ့်နယ်ရှိစ… :bar:
ဗိုက်ကလေးအတွေး မသေးပါလား…
စိန်ဗိုက်ဗိုက်
November 18, 2012 at 9:37 am
အူးမိုက်ရေ..ကျော်ဘီအီးမူးလာရင် ဂလိုဘဲ လန်ကြုတ်ပြီး တွေးတတ်တယ်ဗျ
kyeemite
November 18, 2012 at 6:06 am
ကိုင်း…ဗိုက်ကလေးသူတောင်းစားဖြစ်တာ..ဘာကြောင့်လဲ???????
အဖြေမှန်လေးကိုသိချင်သား… :harr:
စိုင်း ကွမ်းခေး
November 18, 2012 at 6:33 am
ဂလိုဆိုတော့ ကျွန်တော့်ခံယူချက်တစ်ခုကို ပြောရဦးမှာပေါ့…
ကန့်လန့်တိုက်တယ်တော့ မထင်စေချင်ပါဘူး… ကိုဗိုက်ကလေး သူတောင်းစားဖြစ်တာနဲ့ပါတ်သက်လို့ပေါ့.. ဆိုတော့ ကျွန်တော်က ကံ ဆိုတာကြီးကိုမယုံတော့ အဲဒါကြောင့်ဖြစ်လာတယ်ဆိုတဲ့ဘက်ကနေမပြောဘူး… ဦးဆုံးနားလည်ထားသလောက်ပေါ့နော်… လူသားတစ်ယောက်ဖြစ်လာဖို့ အရင်ဆုံး လူယောကျာ်းတစ်ယောက်နဲ့ လူမိန်းမတစ်ယောက်လိုတယ်… ကျန်တဲ့ Fairy Tale တွေကို မပြောချင်ဘူး.. ခုထိလက်တွေ့သိရှိထားတာကတော့ အဲဒီနှစ်ချက်ပဲလိုတယ်ဆိုတာပဲ…
ဆိုတော့ ကိုဗိုက်ကလေးဖြစ်လာမယ့် မျိုးဥလေးကို ကိုဗိုက်ကလေးအမေကြီးက လတစ်လမှာ ကြွေကျပေးလိုက်တယ်… အဲဒီအချိန်မှာ ကိုဗိုက်ကလေးရဲ့ အဖေကြီးရဲ့ မျိုးကောင်လောင်းလေးတွေ သန်းပေါင်းများစွာထဲကတစ်ကောင်နဲ့ ညားပြီး ကိုဗိုက်ကလေးဖြစ်လာတယ်ပေါ့… သူလဲ မွေးလာတုန်းကတော့ လူတစ်ယောက်အနေနဲ့ပဲ မွေးလာတာပဲလေ.. ဘာမှ မသိသေးဘူးပေါ့… သိလာတော့ သူ သူတောင်းစားဖြစ်နေတယ်.. ဟုတ်ပြီ.. ဒါသူလက်မခံချင်ပဲဖြစ်လာတာ…ဘာလို့ဖြစ်လာလဲဆိုတော့ သူ့အဖေနဲ့အမေရဲ့ လူ့သဘာဝအရ လူဖြစ်လာတယ်… အဲဒီမှာ စိတ်ဆိုတဲ့ စဉ်းစားဆင်ခြင်နိုင်စွမ်းလေးရှိလာမယ်… ရှိလာတော့ ရရာဘဝမှာပျော်နေတဲ့သူတွေကတော့ အေးဆေးပေါ့… ရရာဘဝမှာ မနေချင်တဲ့သူတွေအတွက်ရယ်၊ လေးလေးနက်နက် တွေးတတ်တဲ့သူတွေရယ်အတွက်ကျတော့ တွေးစရာဖြစ်လာတယ်… ငါဒီဝမ်းတွင်းက ကျွတ်ခဲ့ရတာ ငါမလိုချင်ပဲဖြစ်ခဲ့ရတာဆိုပြီး ကိုယ့်ဘဝမှန်ကို မကျေနပ်နိုင်သူတွေအတွက်ပေါ့… ဘာကြောင့်လဲ ညာကြောင့်လဲဆိုပြီး တရားခံရှာကြည့်တော့ လူပြောများနေတဲ့ အဲဒီ ကံ ဆိုတာကြီးတွေ့ပါလေရော.. မျိုးဆက်အတော်များများ လက်ခံလာတဲ့ စကားလုံးလဲဖြစ်ရော အဲဒါကြီးကြောင့်ဆိုပြီး တရားခံဖော်ပြီးတော့ ကိုယ့်ဝိနည်းလွတ်လေးနေတာပေါ့..
အဲလောက်ထိ ဘာမှ ပြဿနာမရှိသေးဘူး… ရှိလာမှာက သိသိကြီးနဲ့ ရုန်းထွက်နိုင်အောင် မကြိုးစားတာ.. ကိုဗိုက်ကလေးက ကျောင်းဝတ်စုံနဲ့ ကျောင်းတက်နေတဲ့ ကလေးတွေတွေ့ရင် အားကျတယ်… ဒါပေမယ့် သူ့မှာ လမ်းရိုးလမ်းဟောင်းကို မဖောက်ထွက်၊ မဆန်းသစ် မတီထွင်နိုင်ဘူး… ဒီတော့နောက်ဆုံး ရောက်နေရာဘဝလေးမှာပဲ ဖြစ်သလိုကျင်လည်ဖို့ သနားကြပါခင်ဗျာဆိုတာလေးနဲ့ အကြွင်းအကျန်လေးတောင်းစားနေရတဲ့ ဒုံရင်းဘဝပဲ ပြန်ဝင်သွားရရော…
တစ်ကယ်လို့များ သူသာ အကြွင်းအကျန်လေးပေးဖို့မတောင်းပဲ ကျွန်တော်ရရာအလုပ်လေးတစ်ခု၊ ကိုယ့်ခွန်ကိုယ့်အားနဲ့ တစ်ယောက်စာလောက်စားလို့ရရုံလောက်လေးပဲဖြစ်ဖြစ် လုပ်ပါရစေဆိုပြီး ကိုယ့်ဘဝကို အလှည့်အပြောင်းဖြစ်အောင် ကြိုးစားကြည့်မယ်ဆို၊ ဆက်ပြီးကြိုးစားနေမယ်ဆိုရင် သူတစ်နေ့လူကြီးဖြစ်လာလို့ အိမ်ထောင်ကျပြီး သားသမီးမွေးရင် ကောင်းကောင်းမွန်မွန် မဖြစ်လာနိုင်ပေဘူးလား? အဲလိုမှမဟုတ်ပဲ ဒီလူကနေဖြစ်လာတဲ့ ကလေးချင်းအတူတူ သူတောင်းစားဖြစ်နေလဲ ကလေးဖြစ်လာမှာပဲ၊ သူဌေးဖြစ်နေလဲ ကလေးကတော့ ဖြစ်လာမှာပဲ… ကိုယ်ဘာမှ မဖြစ်ခဲ့ရင်နေ၊ နောင်ဖြစ်လာမယ့် ကလေးတွေကို မျိုးဆက်မြှင့်တင်ပေးနိုင်မှာပဲ… အဲဒီကလေးဆိုတာ ဘယ်လိုဖြစ်ဖြစ် ကိုယ်ကမွေးမှ လူဖြစ်လာရမယ့်သူတွေမို့ သေသေချာချာတွေးလိုက်ရင် အဲဒီကံဆိုတာကြီးကြောင့် အဲဒီဘဝမှာ လူဖြစ်လာရတာမဟုတ်ပဲ အဖေဖြစ်ချင်တဲ့လူတစ်ယောက်နဲ့ အမေဖြစ်ချင်တဲ့လူတစ်ယောက် နှစ်ယောက်ပေါင်းစပ်ခြင်းကြောင့်သာ လူဖြစ်လာရကြောင်းပါ…
(ဒီကွန်မန့်မှာ ကိုဗိုက်ကိုနာမ်စားမသုံးမိလို့ ရိုင်းသလိုဖြစ်သွားရင် တောင်းပန်ပါတယ်၊ ကိုဗိုက်ကိုပြောခြင်းမဟုတ်ပါ.. ပြန်ရှင်းပြရာမှာ နာမ်စားတွေကို ထည်လဲသုံးနေရမှာစိုးတဲ့အတွက်ကြောင့်ဖြစ်ပါတယ်)
ဦးကြောင်ကြီး
November 18, 2012 at 8:35 am
ဒါဆိုရင် တခြားဖက်က လှည့်ကြည့်ဂျစို့ ကရှုံးရယ်.. ဒေါ်စုကိုကြည့် သူဘာပြုလို လျှမ်းလျှမ်းတောက် အောင်မြင်သလဲ။ ဝီရိယနဲ့ ညဏ်ပါတာ ကျိန်းသေတယ်။ ဒါနဲ့တင် ပြီးသလား။ သူ့လို သူနဲ့ခေတ်ပြိုင် အမျိုးသမီးကောင်း အမျိုးသားကောင်းတွေ အများကြီးထဲက သူရယ်လို့ သီးသီးသန့်သန့် ဖြစ်လာတာ၊ မိဘရှိန်အဝါပါသလို အတိတ်ကံ ထောက်မမှုလည်းပါတယ်။ သူ့မှာ သေကံ ပျက်ဆီးကံ ပါမလာလို့ အသတ်မခံရဘူး၊ ရုပ်ပိုင်းစိတ်ပိုင်း မပျက်စီးသွားဘူး။ ကံကြီးကြီးမားမား ပါမလာတာကို ပြောတာပါ။ ပစ္စုပ္ပန်အနှောက်အယှက် အတားအဆီးတွေကတော့ ရှိသပေါ့လေ။ ဒါတွေကို ကျော်လွှားနိုင်ဖို့ဆိုတာ ပစ္စုပ္ပန် အားထုတ်မှု တခုထဲနဲ့ မရတော့ဘူး။ သိပ်ကြီးမား ကျယ်ပြန့်တဲ့ ကြောင်းကျိုးစပ်ဆက်မှု ပါသွားပြီ။ တဖက် နှစ်ဖက် သုံးဖက် မကတော့ဘူး မရေမတွက်နိုင်တဲ့ အပြန်အလှန် စပ်ဆက်မှုတွေ ရှိနေတယ်။ သူနဲ့ လူထုအကြား မမြင်နိုင်တဲ့ သံယောဇဉ်ဆိုတာ ဒီတဘဝထဲနဲ့ မရဘူး။ အဲဒီဘွန်း bond သည် သိပ်အရေးကြီးတယ်။ လူခြင်းအတူတူ တဦးတယောက်နဲ့ကျမှ အဆင်ပြေသွားတာ၊ အဲဒီလူကို ဘယ်လိုမှ ဆွဲချလို့မရတာ၊ အဲဒီလူပြောရင် လူတိုင်းလက်ခံတာ အဲဒီမမြင်ရတဲ့ အတိတ်သံယောဇဉ် လွှမ်းမိုးမှုတွေကြောင့်ပဲ။ ဟစ်တလာနောက် လူတွေလိုက်တာ ဒီသဘောပဲ။ ဘာသာရေး ခေါင်းဆောင်တွေတောင် သူ့အတိတ်ကံလိုက်လို့ ဘုရားစာပြောတာတောင် ဩဇာရှိပုံ လူကြည်ညိုပုံခြင်း မတူဘူး…။ လူတွေက ပြောတိုင်းယုံ နောက်ကလိုက်ရအောင် ငတုံးတွေမှ မဟုတ်တာ..။
အခြေအနေ အချိန်အခါ အရပြောရင်လည်း ဖြစ်ချိန်တန်မှ ဖြစ်ခွင့်ရှိတဲ့သဘောဟာ ကံပဲ။ ဒီနေရာ ဒီစကားကို အရင်က ပြောပေမဲ့ ရလဒ်တူချင်မှတူတယ်။ ပြောခဲ့သလို ကိုယ့်တဖက် ထဲနဲ့မပြီးဘူး။ ကိုယ်၊သူ နှစ်ဖက်ထဲနဲ့လည်း ပြီးချင်မှပြီးတာ။ သက်ဆိုင်သူအားလုံး ကံတွေပေါင်းစုံမိမှ ဖြစ်ခွင့်ရှိတယ်။
လက်ဝှေ့မှာ မိုဟာမက်အလီခေတ်ကောင်းစဉ် ဘယ်လူသစ်မှ ချံပီယန် မဖြစ်နိုင်ဘူး။ သူအကျ နောက်လူအတက် အချိန်တခုမှာ နောက်ပေါက်လက်ဝှေ့သမား ချံပီယန်ဖြစ်သွားတယ်။ ချံပီယန်ကို စိန်ခေါ်တာခြင်း၊ ကြိုးစားမှုခြင်း အတူတူ ဟိုကကျချိန်မှာ ကိုယ်အလှည့်ရောက်လာလို့ ထိုးသတ်တော့ ကိုယ်ချံပီယန် ဖြစ်သွားတယ်။ လူသစ် စိန်ခေါ်သူခြင်းအတူတူ အချိန်ကောင်းဆိုတဲ့ ကံခြင်းကွာတယ်။
ရွေးကောက်ပွဲဆိုလည်း ဒီလိုပဲမြင်ကြည့်။ သမတလောင်းခြင်း အတူတူ ကိုယ့်အလှည့်မှာ တဖက်က သိပ်ပေါ်ပြူလာဖြစ်နေရင် ဘာမှမတတ်နိုင်ဘူး။ ကိုယ်လိုပဲ အရည်အချင်းတူသူက နောက်တပွဲမှာ ပြိုင်ဖက်က သာမန်ဆိုရင် သူနိုင်ဖို့ အခွင့်အများကြီး ရှိသွားပြန်ရော။။ ကံဆိုတာ ကိုယ့်တဖက်ထဲ ကိုယ်၊သူနှစ်ဖက်ထဲ၊ လက်ရှိတဘဝထဲထက် ကျော်လွန်ပြီးမှ သိနိုင်တာမျိုး..။ ဒါကြောင့် ပညာရှိတွေက လောကဓံနဲ့ အစားထိုးမြင်ခိုင်းတယ်။ အကောင်းအဆိုး ဆန့်ကျင်ဖက် နိယာမတွေ ဒွန်တွဲနေလို့ ဘာရယ်ညာရယ်လို့ အတွေးမခေါင်နဲ့။ ပစ္စုပ္ပန် လောကဓံကိုသာ ခံနိုင်ရည်မွေးလို့ ဆိုကြတာ။ ဒါကိုပဲ ဆက်အတွေးခေါင်တော့ ရုပ်ဝါဒီသက်သက် ဖြစ်သွားရော…။ တကယ်တော့ ဓမ္မသဘောမှာ အဟုတ်ထင်လို့ ရှိနေခြင်းသဘောသက်သက်ပါ။ အဲဒါကို မြင်အောင်ရှုနိုင်ရင် ဝိပဿနာမည်တယ်။ အဲဒါလည်း ကံပါမှဟေ့…။ ဆိုတော့ အစကနေ ပြန်ဖတ်ပါ…. :kwi:
Foreign Resident
November 18, 2012 at 10:22 am
ကျန်တာတော့ သိဖူးရယ် ။
ဦးကြောင် နှင့် သူကြီး သူတင်ကိုတင် ၊
ဗုဒ္ဓဘာသာအကြောင်း ဆွေးနွေးပွဲလေး ၊
လုပ်လိုက်ရင် သိပ်လက်ညီ ( လက်ညီ ) မှာပဲ ။
ဘယ်လိုလဲ ဦးကြောင် ရွာဆူနေတုန်းလေး မထူးပါဘူး ၊
တစ်ပွဲလောက် သူကြီး နှင့် ဆွဲလိုက်ပါလား ။
ဦးဦးပါလေရာ
November 19, 2012 at 11:26 am
ကို ဖေါရင်းရဲ့…
သူကြီးအမျိုးတွေပါလါလို့ ထိန်းမရပဲဖြစ်နေဦးမယ်…
😀
စိန်ဗိုက်ဗိုက်
November 18, 2012 at 10:05 am
ကိုရှုံးရေ..
ကံ ဆိုတာနဲ ့ပတ်သတ်လို ့ အတော်များများနားလည်ကြတာ ကိုယ်လုပ်သမျှအရာတွေဟာ ကံ ပေါ့နော..
မှန်ပါတယ်..ဒါပေသိ..ပစ္စုပ္ပန်က အလုပ်ကံ တွေကိုပဲ အလွယ်မြင်နေကြတယ်။
ကံကိုယုံလို ့ ပျင်းပြီး အိပ်နေရင် သူဒေါင်းစားဘဝက မတက်ဘူး ဘာညာပေါ့။ အများပြောနေတဲ့ကံက အဲသလိုပေါ့။
ကျနော်နားလည်တဲ့ကံက
ဆိုပါစို ့
လူနှစ်ယောက် အတူတူလမ်းလျှောက်နေတုန်း အပေါ်က သစ်ကိုင်းက တစ်ယောက်ရဲ့ ငယ်ထိပ်ပေါ်ကျတယ်..အဲလူခေါင်းပေါက်မယ်ဆိုရင် ဘယ်လို ပြောကြမလဲ
9/11 က WTC ကို လေယာဉ်ဝင်တိုက်မဲ့အချိန် ကျနော်က ဘီအီးမူးပြီး WTC ကို အလုပ်မသွားဖြစ်ဘူးဆိုရင် ဘယ်လိုပြောမလဲ..
ထီဆိုင်မှာ အတူတူထီဝင်ထိုးရင်း သူကပေါက်ပြီး ငါ့ကျ မပေါက်တာ ဘာကြောင့်လဲ
သူကျတော့ အသံအောင်ပြီး ငါ့ကျတော့ အသံဆာနေတာ ဘာကြောင့်လဲ..
သူက အမေဒီကန်က အဒေါ်ကြီးဗိုက်မှာ သန္ဓေတည်ပြီး ငါ့ကျမှ သူဒေါင်းစားမိခင်ဆီ သန္ဓေတည်တာ ဘာကြောင့်လဲ..
ငလျင်လှုပ်မဲ့အချိန်မှ ငါ့ဒျူတီက ဘာလို ့ဆောက်လက်စ တံတားပေါ် တာဝန်ကျတာလဲ..စသဖြင့်ပေါ့..
အဲလို မမြင်နိုင်တဲ့ လူသားအချင်းချင်း ကွာခြားပြောင်းလဲမှုတွေကို ကျနော်က ကံလို ့မြင်ပါတယ်။
အကြံကောင်းရင် တစ်ချက် ကံကောင်းရင် တစ်သက်ပါ။
တစ်ကယ်က သူတောင်းစားအကြောင်းရေးတာပါ..နောက်ဆုံးပိတ်မှာ ခေတ်စားနေတဲ့ ကံအကြောင်း ဘယ်လိုထည့်မိသွားလဲမသိပါဘူး။ကံဆိုတဲ့ စာတစ်လုံး ထည့်ရေးမိတော့လဲ လွတ်လွတ်ကျွတ်ကျွတ်ဖြစ်အောင် စာစီခဲ့ပါတယ်။
အဘယ်ကြောင့်ဆိုသော် ငါ့ကိုငါ မသိခင်အရွယ်ကတဲက အမေနဲ ့အတူ ငါတောင်းစားနေခဲ့ရပြီးပြီဖြစ်၏ ဆိုတော့ အူဝဲဘဝ သူနှပ်ချေးတွဲလောင်းနဲ ့ မိခင်ရင်ခွင်ထဲက မလွတ်ခင်ကတဲက သူ ့အမေက အူဝဲခလေးဗန်းပြ အူဝဲခလေးကို အသုံးချ သနားအောင်လုပ်ပြီး တောင်းစားနေတော့ သူ ့ကိုယ်သူ မစွမ်းခင်ကတဲက သူက သူတောင်းစား ဖြစ်နေခဲ့တာပါလို ့ဆိုတာပါ။ သူ လူမှန်းမသိခင်ကတဲက သဒေါင်းစားဖြစ်နေခဲ့တာ ကံကြောင့်မဟုတ်ဘူး သူ ့အမေကြောင့် ဆိုပြီး ရှင်းပြဦးမယ်ဆိုရင်တော့
ဟီး.ဟီး..
သိပ်မှန်ပါတယ်လို ့..
:harr:
အရီးခင်လတ်
November 18, 2012 at 10:27 pm
{{ သဒေါင်းစားဖြစ်နေခဲ့တာ ကံကြောင့်မဟုတ်ဘူး သူ ့အမေကြောင့် }}
အားပါးတရ ထောက်ခံပါတယ်။
သို့သော်
ဘာလို့ ဒီ အမေ ဝမ်းထဲလာပြီး သန္ဓေတည်ရသလဲ လို့ မမေးချင်ဘူးလား။
သူမစဉ်းစား မဆင်ခြင်တတ် ခဲ့လို့ပေါ့။
မဟုတ်လား။
ဘယ်တုန်းက “မစဉ်းစား မဆင်ခြင်” ခဲ့တာလဲလို့ ပြောဖူးနော်။ 😆
kai
November 18, 2012 at 3:31 pm
ကိုရင်စိုင်းရဲ့..အတွေးအမြင်တွေကို.. လက်ခံပါတယ်..။ ကြိုက်လည်းကြိုက်သလို.. ဗုဒ္ဓဘုရားဟောနဲ့ညီတယ်လို့.. သဘောပေါက်မိပါတယ်..။
တလက်စထဲ..
အခုကိုရင်စိုင်းရဲ့..အတွေးအမြင်ကို.. မြန်မာပြည်က..ထေရဝါဒဗုဒ္ဓဘာသာ…တခုထဲသာ.. လုံးဝဥဿုံမှန်ကန်နေတယ်လို့.. စွဲမြဲယုံကြည်နေသူတွေ.. သဘော(ကို)မပေါက်နိုင်ဘူးလို့.. ထင်မိတယ်..
ဒီအတွေးမျိူုးက.. ခရစ်ယန်ဘာသာ..ကျမ်းစာ….လေ့လာဖူးမှ..ယှဉ်တွေးသဘောပေါက်နိုင်တာလို့ထင်မိပါတယ်..။ :harr:
ကျုပ်က..နားလည်လွယ်အောင်..ခေးအော့သီအိုရီနဲ့တွေးပြရေးပြနေတာ.. ကြည့်ရတာ.. ပိုတောင်ရှုပ်ထွေးကြပုံပေါ်ပါတယ်..
ဆိုတော့..
ထပ်ပြီးရှုပ်(ရှင်း)သွားအောင်…
သူတောင်းစားကိုင်ထားတဲ့..ခွက်ကလေး.. အဲဒီအချိန်..အဲဒီနေရာမှာဘာလို့.. ရှိနေရောက်နေတာလည်းနဲ့.. ဗိုက်ကလေးသူတောင်းစားဖြစ်တာ.. သဘောတူတူပဲလို့.. ထပ်ပြောလိုက်ကြောင်း..။
ပိုထပ်ရှုပ်(ရှင်း)သွားချင်ရင်..
သူတောင်းစားလေးရဲ့… ထိုင်နေတဲ့.. ပလက်ဖောင်းဘေးအစွန်းလေး.. ပဲ့နေတာနဲ့လည်း.. သဘောတူတူပဲဖြစ်ပါကြောင်း. ရယ်လို့…
ဒီနေရာမှာ.. ပစ္စုပ္ပန်ကမ္မဗုဒ္ဓဘာသာ(မိုးပြာ)ရဲ့ အမြင်လေးတွေ.. သိပ်..သိချင်နေမိပါတယ်..
အစဉ်ပြေကြပါရင်.. ရေးပါဦးလို့ဖိတ်ချင်ပါတယ်..။
ရွှေ ကြည်
November 18, 2012 at 7:26 am
အိုက်ဗူးရေ လေးစားပါတယ် စိတ်မှာတခါတလေသူတို့အကြောင်းတွေးရင်းစိတ်ရှုပ်ထွေးရပါတယ်..။
နုနယ်တဲ့ကလေးငယ်လေးမှာစိတ်ဒါဏ်ရာရနေရှာမှာပါ..။
ကိုယ့်ကိုယ်ကိုမလုံခြုံတဲ့ခံစားမှုနဲ့ တခါတရံမှာရန်လိုနေတတတ်ကြပါတယ်..။
လူဆိုတာ တယောက်နဲ့တယောက်ဘဝကိုသုံးသပ်ပုံခြင်းတူချင်မှတူကြမှာပါ..။
ိအသက်အရွယ်ကြီးရင့်သူတွေတောင်အသိတရားမဲ့နေတော့ လမ်းပြမယ့်သူမရှိ ကလေးအတွက်ကအသိတရားရလာဖို့ခက်ခဲပါလိမ့်မယ်..။
လူကတော့လူပဲမို့ သာယာတဲ့ဘဝ၊ လုံခြုံနွေးထွေးတဲ့မိသားစု၊ ချစ်ခြင်းမေတ္တာတွေကိုလိုချင်ရှာမှာပါပဲ..။
အိမ်ထောင်ကွဲမိသားစုကလာတဲ့ငွေကြေးပြည့်စုံတဲ့ကလေးတွေတောင် စိတ်ကပုံမှန်မဟုတ်တတ်တာလေးတွေတွေ့နေရတတ်သေးပါတယ်..။
ဒါပေမယ့်လည်း သူတို့အတွက်ဘာမှမလုပ်ပေးနိုင်တာမို့..။
စိန်ဗိုက်ဗိုက်
November 18, 2012 at 9:38 am
ရွှေကျိရေ…
ကိုယ်မစွမ်းနိုင်တဲ့အရွယ်မှာ မိဘပြုသမျှ နုနေရတဲ့ ခလေးတွေကတော့ ကံပေါ့ဗျာ
🙂
blackchaw
November 18, 2012 at 7:59 am
ငဗိုက်ရေ…။
ပြောချင်တဲ့ massage က ဒါပဲမဟုတ်လား????
အခုတလော ရွာထဲမှာ ရေပန်းအစားဆုံး အကြောင်းအရာတစ်ခုဖြစ်တဲ့
ကံ အကြောင်း သရုပ်ဖေါ်သွားတာ မိုက်တယ်ဗျာ…။
ဒါပေမယ့်…
မြန်မာရုပ်ရှင်တွေထဲကလို…
သူတောင်းစားကလေးငယ်တစ်ယောက် တွေးတဲ့အတွေးက…
နည်းနည်းများမြင့်နေသလားလို့…
ဘာပဲ ဖြစ်ဖြစ် နင်ပေးချင်တဲ့ massage ကို ငါရလိုက်တယ်ဆိုတာလေး
ကွန်းမန့်ရေးသွားပါတယ်…။
လေးစားခင်မင်တဲ့…
ဦးလေး ဘလက်ချော…။
စိန်ဗိုက်ဗိုက်
November 18, 2012 at 9:25 am
ကျောင်းဒဂါရေ..မမြင့်ပါဘူးဗျ
ပေတေစုတ်ပြတ်နေတဲ့ သူ ့ဘဝ မှာ သူ ့ထက် သန် ့စင်တဲ့ အရွယ်လေးတွေ ၊ ပြုံးပျော်နေတဲ့ မိသားစုလေးတွေ တွေ ့ရင် အားကျကောင်း အားကျမိနေမှာပဲလေ။
ရွှေ ကြည်
November 18, 2012 at 10:18 am
ဟုတ်တယ် ဦးဘလက်ရေ အိုက်ဗူးရေးတာမမြင့်ပါဘူး
ကိုရှုံးတွေးသလိုတွေးတတ်နေရင်သာ မြင့်သွားမှာလေ ဇာတ်လမ်းထဲကမင်းသားတွေငယ်ငယ်ဆိုရင်
အဲလိုပဲလေ မတောင်းစားဘူး တခုခုလုပ်ပေးပြီး လုပ်အားခတောင်းတယ်
ခိုင်ဇာ
November 18, 2012 at 10:19 am
အဲ့လို အမေမျိုးဖြစ်မှာ ကြောက်သွားသည်။ 🙁
blackchaw
November 18, 2012 at 10:51 am
ကျွန်တော် ပြောတာက စိန်ဗိုက်ရေးတာကို မြင့်တယ်လို့ ပြောတာမဟုတ်ပါဘူး…။
သူတောင်းစားကလေးငယ်ရဲ့ အတွေးက စိန်ဗိုက်အတွေးဖြစ်နေတာကို ပြောချင်တာပါ ရွှေကြည်ရေ…။
ဆိုတော့
အဲဒီကလေးက
ဆိုတာမျိုးတွေတွေးတတ်ပါ့မလားလို့ တွေးမိတာပါဗျာ…။
စိန်ဗိုက်ကိုယ်တိုင်လည်း
လို့ ဝန်ခံထားပါတယ်…။
ရွှေ ကြည်
November 18, 2012 at 3:39 pm
ဟုတ် ရှင်းသွားပါပြီ ဦးဘလက်ရေ..။
လုံမလေးမွန်မွန်
November 18, 2012 at 12:25 pm
တွတ်ပီယောက်ဖရယ်…
ငါ့နှယ်..လှည်းတန်းနေလာတာ ၆ နှစ်လောက်ရှိပြီး တောင်းစားတဲ့သူတွေကို မြင်နေရတာ နင့်လို တစ်ခါမှ ဝင်မခံစားဖူးဘူး…
နင့်အပျင်းပြေကလည်း မျက်ရည်တောင် ဝဲသွားတယ်…
ငါကတော့ ကံနှင့် ကံ၏အကျိုးကို ယုံတဲ့သူဆိုတော့ အဲဒါကို အတိတ်ကံလို့ ပြောချင်တယ်… အကျိုးတရားတိုင်းဟာ အကြောင်းတရားကြောင့် ဖြစ်လာတာတွေပါ…
မတူတဲ့ဘက်က မန့်ရရင် ပိုက်ဆံရှာရခက်တဲ့ ဒီခေတ်ကြီးထဲမှာ သူတောင်းစားတွေများလာတာလည်း အကျိုးဆက်တစ်ခုဖြစ်မယ် ထင်တယ်နော်…
Thu Wai
November 18, 2012 at 1:00 pm
“ဟဲ့ ဗိုက်ကလေး..ဘာတွေငေးနေတာလဲ… ဟိုဝိုင်းက ရှင်းတော့မယ်..အမှိုက်ထဲမရောက်ခင် မြန်မြန်သွားတောင်းလေ..သေနာလေးကလဲ..”
:harr:
အဲလိုပြောလိုက်တော့ ကိုဗိုက်က အခုဒီပိုစ့်ကိုအမြန် တင်ပြီး ပြေးတောင်းရတာပေါ့ ဟုတ်လား
:hee:
pooch
November 18, 2012 at 1:30 pm
ဗိုက်ဗိုက်က စာရေးကောင်းလိုက်တာ ။ ဟုတ်တာပေါ့ ကိုယ်တွေက မိဘကို ရွေးချယ်ခွင့်မှ မရှိတာ ။ ကံပြစ်ချရာ နေလိုက်ရတာပေါ့ ။ ပြောမိပြန်ပြီ ဒီကံ ဟီး
ဒါပေမဲ့ ဘီလ်ဂိတ်ပြောတာကိုပဲ ထပ်ကိုးကားပါရစေ ။
“ဆင်းဆင်းရဲရဲ မွေးလာတာ မင်းအပြစ် မဟုတ်ပါဘူးတဲ့ ဆင်းဆင်းရဲရဲ သေသွားရင်သာ မင်းအပြစ်ပါတဲ့ ”
ဆိုတော့ လက်ရှိဘဝမှာ ကိုယ့်ရဲ့အားထုတ်မှုကလည်း အရေးပါတာပေါ့လေ။
surmi
November 18, 2012 at 1:57 pm
သံချောင်း တစ်ယောက်အခုတစ်လော အလုပ်သိပ်မကောင်း….
ဟုတ်တယ်လေ …လူတွေကျန်းမာရေးလိုက်စားလာကြတော ့
သံချောင်းတို ့နေတဲ ့ နေရာလေးမှာ ခြောက်တိတ်နေတာပေါ ့ ။
ဘာပဲဖြစ်ဖြစ် မနေ ့ကတစ်ယောက်လာလို ့ ထမင်းဘိုးဟင်းဖိုးလေးတော ့
အဆင်ပြေသွားသည် ။ ဆုတော ့မတောင်းကောင်းပါ …. ဒါပေမဲ ့
လူဝင်လူထွက်မရှိလျှင် ထမင်းနပ်မမှန်မှာစိုးလို ့ ……..ဖွ ဟဲ ့
မပြောကောင်းမဆိုကောင်း သုဘရာဇာပါးစပ်နှယ်………!!!!!!!!
(ဘာရယ်မဟုတ် ။ တွေ ့ခဲ ့ဖူးတဲ ့သုဘရာဇာ သံချောင်းကိုသတိယသွားလို ့ )
Hnin Hnin
November 18, 2012 at 2:16 pm
အဲ့လောက်တောင် ဖြစ်နေပြီလား.. 🙁 …အနားလေးနေပြီး မရောက်တာကြာလို့ပါကွယ်..
ကလေးအတွေးက နည်းနည်းတော့မြင့်ပြီး မိုက်တယ်နော်…
လှည်းတန်းမှာ မိသားစုလိုက်(ဆယ်ကျော်သက်လင်မယားအစစ်ဖြစ်ပုံရသော၊လသားပိုက်၊
နှစ်သားအရွယ်ကလေးနဲ့မိသားစု၄ယောက်)ပေပေတေတေ တောင်းစားတာနေတာတော့
၂ခါ၊၃ခါ မြင်ဖူးတယ်…
ကံအကြောင်းကတော့ ဘာမှ မပြောလို…
ကိုယ့်ကလေးကို ကိုယ်ပြန်ခိုင်းစားရက်တဲ့ အမေမျိုးတော့ မဖြစ်လိုပါ….
ဟိုနေ့ကစလိုက်တဲ့ ကံက တစ်ပတ်လည်ပြီးသွားလို့ ရွှေစွန်ညိုတောင် ထပ်ဝဲပြီးသွားပြီ..
အခု ရွှေစွန်ညိုကြီး အတောင်ညောင်းလို့ ခရီးတစ်ထောက်နားနေတာပေါ့နော်..
အညောင်းပြေသွားရင်တော့ တခါ….
စိန်ဗိုက်ဗိုက်
November 18, 2012 at 6:30 pm
အင်း..မနေနိုင် မထိုင်နိုင် ထရေးမိတော့ အရက်သမားဘွဲ ့ကနေ သဒေါင်းစား ဘွဲ ့ပါ ထပ်ရပြီ
ကိုင်း..ကိုင်း..ဗိုက်ကလေး သဒေါင်းစားဖြစ်တာ ဘာကြောင့်လဲ သိကြပြီလား..
ကျုပ်ကတော့ ဂေါင်းမာလို ့ ကိုယ့်အတွေးနဲ ့ကိုယ် သောက်ကြသည် လို ့ပဲ.ပေါ့.ဗျာ.
အားပေးတဲ့သူကော မပေးတဲ့သူကော အားလုံး ကျေးဇူးတင်ပါတယ်ဗျား
surmi
November 18, 2012 at 7:36 pm
ဘာမှမပူနဲ ့
သုဘရာဇာ သံချောင်းတစ်ယောက်လုံးရှိပါသေးတယ်
သတောင်းစားနဲ ့ သုဘရာဇာဆိုတာ မိတ်ဖက်
သောက်စရာရှိသောက်ပြီး အတူတူမှောက်ကြတာပေါ ့
စိန်ဗိုက်ဗိုက်
November 18, 2012 at 7:39 pm
အူးလေး ရာဇာသံချောင်းရေ
သား..
သရဲကြောက်တတ်တယ်ဗျ
MaMa
November 18, 2012 at 7:39 pm
အမေ့အား ငါကြောက်သည် ဆိုတော့ ဘီအီးဖြတ်တော့မယ် အောက်မေ့တာ။ :harr:
ခုရက်ထဲ ရွာထဲမှာ (လှတပတလေး ပြောရရင်) ငြင်းခုန်ခြင်းအနုပညာဆိုပြီး……..
(ဦးဏှောက်လား/ ပုဂ္ဂိုလ်လားမသိ) မုန်တိုင်းထန်နေလို့ လက်ရှောင်ပြီး နားအေးပါးအေးပဲ နေချင်မိတယ်။ :buu:
စိန်ဗိုက်ဗိုက်
November 18, 2012 at 7:43 pm
ဘီအီးဖြတ်ထားတာ သုံးဆယ့်ငါးမိနစ် စိသွားပြီ
:harr:
အရီးခင်လတ်
November 18, 2012 at 10:18 pm
ဒီလို ကလေးမျိုး တွေ နဲ့ ဒီလို မိဘတွေ အများကြီးပါဘဲ။
စိတ်ထဲမကောင်းပါဘူး။
ဒီလို မိဘ မျိုး ကနေ ကြီးပြင်းလာမဲ့ ကလေးမှာ ဘယ်လို လုပ်ပြီး ကြိုးစားဖို့ အသိတွေ ရနိုင်ပါ့မလဲ။
သူ့မိဘ တာဝန် မယူနိုင်ဘဲ တောင်းစား နေရတဲ့ ကလေး ဟာ တကယ်ဘဲ သူဟာသူ ကြိုးစားဖို့ ရေရှည် အသိဝင်နိုင်မလား။
ငယ်တုန်းက သူများတွေ ကျောင်းတက်တာကြည့်ပြီး အင်မတန် အားကျနေမဲ့ စိတ်ကို ပျက်စီးသွားစေမဲ့ အကြောင်းတွေ အများကြီး။
ဒီတော့ ဘယ်သူတွေ က ဒီကလေး ကို အောင်မြင်အောင် အသိပေးပြီး ပျိုးထောင်ပေးမှာလဲ။
ဆောင်းပါးတစ်ခု ထဲမှာ အိုဘားမား ငယ်တုန်းက မနက်ဆို လေးနာရီ မထချင်လဲ ထရသတဲ့။
ဘာလုပ်ဖို့လဲဆိုတော့
သူ့အမေ နဲ့ အင်္ဂလိပ်စာသင်ဖို့တဲ့။
ဒီလိုဘဲ မနက် လေးနာရီ မထချင်လဲ အတင်းရုန်းထရတဲ့ အိုဘားမားလို ကလေးတွေ မြန်မာပြည်မှာ အပြည့်။
ဘာလုပ်ဖို့လဲ ဆိုတော့ အလုပ်ကြမ်းလုပ်ဖို့လေ။
ဒါပေမဲ့ ဒီအထဲကနေ မြန်မာပြည်သမ္မတ ဖြစ်မဲ့သူ မပါဘူး လို့ ဘယ်သူပြောနိုင်လဲ။
(အခုမှ သိတယ် ဒီထဲ မလဲ ပွဲစည်နေပြန်ပြီ)
😆
အရီးခင်လတ်
November 18, 2012 at 10:36 pm
အမှန်တော့ တကဲ့ လက်တွေ့မှာ ငြင်းနေလဲ ဒီ ကလေးတွေ အကျိုးမဖြစ်ပါဘူး။
ဒီတော့ ကံကို မပုံချကြဘဲ အသိရှိသူများ ထိုကလေးများအား တတ်နိုင်သ၍ ဝိုင်ဝန်းကြပါလို့သာ ပြောချင်ပါ၏။
အနီးစပ်ဆုံး ကြောင်ဝလေးတို့ အလှူ ကို ပါဝင်ခြင်းဖြင့် ကံ ကို မယုံစေဘဲ ပိုပြီး လက်တွေ့ကြိုးစားရာ ရောက်ပါမည်။
:hee:
မဟုတ်ရင်
သူတို့ကံ နဲ့ သူတို့ဖြစ်တာ ငါတို့ နဲ့ မဆိုင် လို့ ဆိုမလား။
(သို့)
သူတို့ ဟာသူတို့ မကြိုးစားလို့ ဖြစ်တာ ငါတို့ နဲ့ မဆိုင်လို့ ဆိုမလား။
🙄
kai
November 19, 2012 at 2:13 am
အင်းဗျ..
နေဆိုတာကြီး.. ဘာလို့အပေါ်မှာရှိနေသလည်း မသိဘူးနော..
ဒီကမ္ဘာမြေကြီးရောပဲ..
အဲ.ကမ္ဘာ.မြေကြီးသာဆိုတာ.. ရေတွေကပိုများတယ်တဲ့..။ ရေထဲမှာလည်း.. သက်ရှိငါးတွေနေသတဲ့..။
သမုဒ္ဒရာကြီး..ဘယ်လိုဖြစ်လာလိုက်မှန်းမသိ…
ငတို့..လူသားတွေမရှိခင်ကတည်းက..နေရော.. ကမ္ဘာရော.. ငါးတွေရော.. ဒီစကြဝဌာကြီးထဲ..ရှိနေပြီးဖြစ်၏..။ :kwi:
အရီးခင်လတ်
November 19, 2012 at 3:13 am
လူသားတွေ ရော၊ .နေရော.၊ ကမ္ဘာရော၊ ငါးတွေရော.၊ ဒီစကြဝဋ္ဌာကြီးရော လက်တွေ့ မြင်ကြည့်လို့ ရပါသရှင်။
ဟိုစမ်း၊ ဒီစမ်းလုပ်ရင်း အမှန် တွေ့နိုင်တာပေါ့။
မမြင်ရတဲ့ စမ်းသပ်လို့ မရတဲ့ ဟာတွေ နဲ့ သူ့မှန် ငါမှန် စကားနိုင် လုရင်း ရန်ဖြစ်ကုန်ရတာကတော့
တန်၊ မတန်။
ဒါပေမဲ့
တစ်နေ့မှာ သေပြီးလူ ရဲ့ လားရာ သဲလွန်စ ကို ဖမ်းနိုင်မယ် ဆိုရင်တော့ အတော်လေး ရှင်းသွားမယ်။
မဖြစ်နိုင်ဘူးလို့ ဘယ်သူပြောနိုင်မလဲ။ 😆
Mobile
November 19, 2012 at 9:59 am
မွေးကတည်းက သူတောင်းစား ဖြစ်လာတဲ့လူ?
မွေးကတည်းက အဆင့်မြင့်ဆေးရုံမှာမွေးပြီး ကားအကောင်းစားနဲ့ အိမ်ကောင်းကောင်းမှာနေရပြီး
ပြုစုစောင့်ရှောက်မှု ခံရတဲ့လူ? Dကွာခြားချက်တွေမှာ မိမိအတိတ်ကလုပ်ခဲ့တဲ့ ကံကြောင့်မှမဟုတ်ရင်
ဘာကြောင့်လဲလို့ ဖော်ပြနိုင်တဲ့လူရှိရင် . . . . . . . . . . . . . . .
Novy
November 19, 2012 at 10:24 am
“ကံဆိုတာ ကိုယ်ကလုပ်လို ့ဖြစ်တာဆို ငယ်ငယ်ရွယ်ရွယ်နဲ ့သူတောင်းစားဘဝ ရောက်အောင် ငါမလုပ်ခဲ့တာသေချာ၏။ ”
အကျိုးကြောင့် အကြောင်းဖြစ်တည်
မိုချို
November 19, 2012 at 11:42 am
ဗိုက် ဗိုက် ရေ
နင် ဒီလို လေးတွေ လည်း ရေးတတ် ပါပဲ လား ။ ပေးချင် တဲ့ မတ်ဆေ့ ချ် ကို ရင်ထဲ မှာ ခံ စား ပြီး ရခဲ့ ပါကြောင်း နဲ့ အပြည့် အဝ ထောက်ခံ ပါကြောင်း ။
ဒါက သူတောင်းစားလေး ရဲ့ ရွေး ချယ်ခွင့် မရ ခဲ့ တဲ့ ဘဝ အစ ပဲ ရှိသေး တာနော်။ ပြော ခဲ့ ကြ သလို သူ လေး က အလုပ် လုပ် ပြီး သူ့ ဝမ်း ကျောင်း မယ်၊ တိုးတတ် ရာ ရှာခဲ့ ပါပြီ တဲ့ သူဘယ်လောက် ပဲ သေလောက်အောင် ကြီုး စား ဦး တော့ ပြည့် စုံတဲ့ မိ ဘက မြေတောင်မြှောက်ပေးတဲ့ ထူးချွန်တဲ့ သူ တွေ ကိုတော့ ဘယ်တော့ မှ မမှီ နိုင် လောက်ဘူး။ စိတ်ဓါတ် ၊အတွေး အခေါ် ပိုင်း နဲ့ ရင့် ကျတ် မှု တွေ မှာ ကွဲ ပြား သွား နိုင် ပါကြောင်း ကို ဝင် မပါ တော့ ဘူး စဉ်း စားတား ပေမယ့် မနေ နိုင်လို့ ဝင် ပွား ခဲ့ မိ ပြန် ပြီ။
ဦးဦးပါလေရာ
November 19, 2012 at 12:00 pm
ဒီလို ဆွေးနွေးမှု့မျိုးတွေက အင်မတန်အနှစ်သာရရှိကြောင်း ဖါး အဲ ပြောပါရစေ…
ကျုပ်လဲ ရာသီဥတုကောင်းတုန်း ဝင်ပါဦးမယ်…။
ခင်ဗျားတို့ပြောကြတဲ့ ကံ၊ luck, fate. fortune, chance, ဘလာဘလာ….
အဲဒါ ဘာပြောပြော ဘယ်လိုခေါ်ခေါ်ပေါ့….
မငြင်းနိုင်(လောက်)တဲ့ အချက်တခုရှိတယ်…
ပေးထားချက်…..
(သချင်္ာစကားနဲ့ပြောရင်…)
လူတိုင်းမှာအရင်ရှိနှင့်တဲ့ အခြေအနေ + အဲဒီအခြေအနေနဲ့ လိုက်လျှောညီထွေတဲ့ ဖြစ်နိုင်ခြေများ
အဲဒါကတော့ တယောက်နဲ့တယောက်မတူဘူး…
မတူတဲ့အတွက်တယောက်အတွက်ဖြစ်နိုင်တာကို အခြားတယောက်အတွက် ထပ်တူထပ်မျှဖြစ်နို်င်မယ်မဟုတ်ဘူး…။
ဒါပေမယ့် အချိန်ဆိုတာက ဘဝဆိုတာက အစမှာတင်ရပ်နေတာမဟုတ်လို့
ထပ်ထပ်ရလာတဲ့ စက္ကန့်တိုင်းမှာ အချိန်တိုင်းမှာ (တိုးတက်အောင်သော၎င်း၊ ဆုတ်ယုတ်အောင်သော်၎င်း) ပြောင်းလဲဖန်တီးခွင့်တွေ ရှိပါတယ်။
ပြောချင်တာက ကိုယ့်ရဲ့အနာဂတ်ကံကြမ္မာဟာ ပကတိအားဖြင့် ကိုယ့်လက်ထဲမှာရှိသလို ဖြစ်ပါတယ်။
ပြောင်းလဲဖန်တီးဘို့ –
အသိရှိမရှိ – ရှိရင်ကော ဘယ်လောက်ရှိသလဲ
ဆန္ဒရှိမရှိ – ရှိရင်ကော ဘယ်လောက်ရှိသလဲ
စိတ်အားထက်သန်မှု့ရှိမရှိ – ရှိရင်ကော ဘယ်လောက်ရှိသလဲ
အကောင်အထည်ဖေါ်မှု့ရှိမရှီ – ရှိရင်ကော ဘယ်လောက်ရှိသလဲ
အဲဒါအပေါ်မှာမူတည်ပြီး အနာဂတ်က ပုံပေါ်လာတာပဲဖြစ်ပါတယ်။
အဲဒီလေးမျိုးကို ရှေးစွန်းစွဲတွေရဲ့ ဗုဒ္ဓဘာသာစာပေတွေမှာတော့ ဘယ်လိုခေါ်သလဲမသိဘူး …
ကျုပ်မလဲ.. ပြောသာပြောချင်တာ မသိတာတွေချည်း…
:harr:
စိန်ဗိုက်ဗိုက်
November 19, 2012 at 2:09 pm
ဝင်ဖတ် အားပေးသူများအားလုံးကို တောင်းပန်ပန်တယ်ခင်ဗျား။
ကျေးဇူးလဲ တင်ပါတယ်။စရာနောက်ရာကနေ တဖြည်းဖြည်း လွဲကုန်မှာစိုးလို ့ ဒီပို ့စ်နဲ ့ပတ်သတ်လို ့ ကျေးဇူးပြု၍ အနည်းငယ် ရှင်းပြပါရစေဦးခင်ဗျား။
၁ ဂယ်က ကျနော် ရိုးရိုးပဲ ရေးမိတာပါ..
ခေါင်းစဉ်မှာ အမေ့ကိုကြောက်တယ်လို ့ တပ်တယ်
ပြီးတော့ ခမ်းနားတဲ့ မြို ့ပြမြင်ကွင်း နဲနဲရေးတယ်
ပြီးတော့ တောင်းလို ့မရရင် အမေက ဆူတယ်လို ့ရေးတယ်..
ပြီးတော့ သူ ့ရွယ်တူ ခလေးတွေကို သူများမိဘတွေ ဘယ်လို ဂရုစိုက်လဲ ရေးတယ်..
ဇာတ်နာအောင် ကြက်မက သူ ့ကြက်ခလေးတွေကို အုပ်ပြီး စောင့်ရှောက်တာပါ မဆီမဆိုင် ထည့်ပေးလိုက်သေးတယ်..
အဲတာ..
သဒေါင်းစားမိခင်ကြီးက ကြက်တစ်ကောင်လောက်တောင် သောက်သုံးမကျပဲ၊ လက်ကြောမတင်းပဲ၊ သူများမိဘနည်းတူ ခလေးကို မပြုစုပဲ ငယ်ရွယ်နုနယ်တဲ့ သူ ့သားလေးဘဝကို သဒေါင်းစားဘဝနဲ ့ကုန်ဆုံးစေတယ်ဆိုပြီး သဒေါင်းစားမကြီး သောက်ချိုးမပြေပုံကို မြင်စေချင်တာ..အဲလိုမိဘမျိုးကို ဘယ်လိုလုပ်မလဲ တွေးပေးစေချင်တာ..
အဲတာ..
အမေ့အား ငါကြောက်သည် ဆိုတဲ့ခေါင်းစဉ် ပြူးပြူးကြီးကိုကျော်ပြီး ၊ စာလုံး ၂၅၆ လုံးထဲကမှ တစ်လုံးတည်းသော အလုံးကိုမြင်ပြီး ၊ ပြောင်ရာ နောက်ရာက ချော်ကုန်မှာ စိုးလို ့ပါခင်ဗျား။
အဲတာ..
သူတောင်းစားမကြီးရဲ့ အချိုးမပြေပုံကို၊ သားသမီးကို တာဝန်မယူနိုင်ပုံ၊ သားသမီးကို ဖျက်ဆီးပုံကိုပဲ အဓိက မြင်အောင်ဖတ်ပေးကြပါခင်ဗျား..။
အနုပညာရှင်များကတော့ ဝါသနာအတိုင်း ဆက်လက် ငြင်းခုန်ကြပါခင်ဗျား။
နောင်များအခါ ရေးဖြစ်ရင် လိုရင်းပေါ်အောင် ရေးပါ့မည်ဖြစ်ပါကြောင်း။
ကျေးဇူးတင်လျက်
သဒေါင်းစား ဗိုက်ကလေး..ဂိန်..
အဲတာ..
:harr:
Novy
November 19, 2012 at 3:31 pm
သဒေါင်းစား ဗိုက်ကလေး.
တောင်းတုံးကတောင်းပြီး ဘာအခုမှကြောက်ပါပြီလဲ
ရွာသူ jujuma .
November 19, 2012 at 3:33 pm
ဗိုက်ကလေးခညာ .. ဂိန် ရှာပါပကော …
( ဂိန်ချိုတာ ဘာဂျီးလဲ ဟင်) :kwi:
ဟိဟိ ချိတ်ချိုးနဲ့နော်.. နောက်ထှာ
kai
November 19, 2012 at 4:18 pm
ဟင်း..ဟင်း.. :kwi:
မချော်ပါဘူး..
တယောက်သုံးကိုယ်ခွဲဇတ်လမ်းက.. အဲဒီကလာတာလေ..
ဟိုးးးးးးးးးးးးပဝေသဏီရှေး..ရှေ့ရှေ..ရှေ..ရှေ့ရှေး.. ဘဝတခုခုက.. ဘာမှန်းမသိတဲ့.. ဘာတခုခုလုပ်ခဲ့လို့.. ဒီဘဝသူတောင်းစားဗိုက်ထဲလူလာဖြစ်တယ်ဆိုတဲ့.. ခံယူချက်ကနေ..
… နောင်..နောက်နောင့်နောင်းးးးးးးးးးးးးးးးးး ဘဝ..ကောင်းဖို့.. ဘာညာကွိကွလုပ်ရမယ်ဆိုတဲ့.. “လွှဲချ”ခံယူချက်ဝင်လာမှာမို့ပါ..။
အဲဒါမျိုးအတိတ်ဘဝကံဆိုတာက.. ကိုယ်ကလည်း.. ဘာမှလုပ်မရ..။ ကိုယ့်ကံဉာဏ်ဝီရိရစွမ်းအားမက.. အာလာ..ဂေါ့ဒ်..ဗုဒ္ဓ တို့တောင်.. ဘယ်သူမှပြုပြင်မရ.. ဘယ်လိုမှလည်းကိုင်တွယ်ဖြေရှင်းလို့မရ..။ ဒါတွေထဲကိုခံစားနစ်မွန်းမနေကြစေလိုတာမို့.. အတင်းကိုပိတ်ပြောရတာပဲ..။
အိုဘယ့်… ငြင်းခုန်ခြင်းရဲ့…အနုပညာ… :hee:
ဇမ္ဗူ့လောကပါလကြောင်ဝတုတ်
November 19, 2012 at 3:11 pm
ကျွန်တော်အရင်ကတည်းက ခံစားမိတာတစ်ခုရှိတယ်…
မိဘဆိုတာတော့ ကောင်းသည်ဖြစ်စေ… မကောင်းသည်ဖြစ်စေ ပြန်ရွေးမရတဲ့အရာပါ…
အဲဒီတော့ ပြန်ရွေးမရမှတော့ ကောင်းမွေ၊ ဆိုးမွေအကုန်ခံရပါတော့မယ်…
ပြန်စဉ်းစားကြည့်ပါ… ပေးသောအမွေသည်… ကောင်းချင်ကောင်းမယ်… ဆိုးချင်ဆိုးမယ်…
ဘာသာရေးအကြောင်းတော့မပြောတော့ပါဘူး…
မိဘကောင်းသည်ဖြစ်စေ… ဆိုးသည်ဖြစ်စေ… တစ်နေ့ကိုယ့်လမ်းကိုယ်လျှောက်ရမည်…
ခင်မင်လျက်-
ကြောင်ဝတုတ်
thit min
November 19, 2012 at 3:26 pm
အေးအေး ဟုတ်ပါပြီ။
ကိုယ့်မှာသာ ကိုဗိုက်ကလေးရေးတာဖတ်ပြီး တွေးပြီး ကော်မန့်ရေးလိုက်တာ
တော်တော် ရှည်သွားလို့ ပို့စ်ဖြစ်သွားပြီ။
အပျင်းပြေငြင်းရအောင်လဲ ရည်ရွယ်ပါတယ်ပေါ့ကွာ။
ဂေဇက်ကနေအလေ့အကျင့်တွေရပြီး နောက်ပိုင်း
အငြင်းသန်သူများပါတီ(မြန်မာပြည်) ဆိုပြီး လွှတ်တော်ထဲရောက်ချင်ရောက်အုန်းမှာ။
ကိုပေါက်(မန္တလေး)
November 19, 2012 at 4:46 pm
သူများအကြောင်း ကြားဝင်ခံစားပြီး ဘယ်နှယ့်ညာနှယ်နဲ့ခံစားရတာက လွယ်ပါတယ်။
(ပြောရရင်ကိုယ်ချင်းစာတရားလက်ကိုင်ထားလို့ပေါ့)
တနည်းပြောရင် ရလာတဲ့ ရလာဒ်ကို အခုလို ရွာထဲမှာဘယ်နှယ့်ညာနှယ်ပြောရတာလဲလွယ်ပါတယ်။.
တကယ်အပြင်လက်တွေ့ဘဝမှာ ကိုယ်တိုင်ဆုံးရှူံးမှု့နဲ့ကြုံတွေ့တဲ့အခါမှာသာ
ကိုယ့်ကိုသူများသနားအောင် စကားလုံးတွေနဲ့ ညည်းမပြဘဲ သတ္တိရှိရှိ တုန့်ပြန်နိုင် ငုံ့ခံနိုင်ဘို့တော့
လိုအပ်ပါတယ်။
လဲသွားရင်ပြန်ထမယ်ဆိုတဲ့စိတ်မျိုးမွေးနို်င်ဘို့လိုပါတယ်။
အတော်များများက လေနဲ့ပြောရင်သာ သတ္တိတွေရှိနေကျုိုးကြောင်းတွေပြနေတတ်ပေမယ့် လက်တွေ့ဘဝကို
တုန့်ပြန်တဲ့အခါမှာတော့ ရီစရာကောင်းလောက်အောင် သူတို့ ရှုံးနိမ့်ခဲ့ရတာကို လူသနားအောင်ညည်းပြတတ်တာကို ကိုယ့်ပါတ်ဝန်းကျင်မှာတွေ့ခဲ့ကြုံခဲ့ရဘူးတာကိုးဗျ။.
မမြင်ရတဲ့အတိတ်ဘဝက ကံ ရောက်မလာသေးတဲ ကြိုတင်ကံ တွေအကြောင်းတော့မပြောြခြင်ဘူးဗျ။
အဲဒါတွေကို ကျနော်တကယ့်ကိုနားမလည်လို့ပါ။။
jullies cezer
November 19, 2012 at 5:35 pm
အမလေးဦးဗိုက်ရယ် အပျင်းပြေမို့သာတော်တော့တယ် ……
eternitymind
November 20, 2012 at 1:49 am
ဒီပိုစ့်လေးက ဖတ်လို့ကောင်းသလို စိတ်မကောင်းလဲဖြစ်မိပါတယ်
ကျွန်မက ရွာထဲမှာ စာတော့လာလာဖတ်ဖြစ်ပေမဲ့ comment တော့မပေးဖူးပါဘူး Post တခါပဲရေးဖူးတဲ့ လူသစ်တယောက်ပါ
အခု ကျွန်မအမြင်ကို နည်းနည်းဆွေးနွှေးကြည့်ချင်လို့ပါ
တံငါနားနီးတံငါ မုဆိုးနားနီးမုဆိုးဆိုသလို သူတောင်းစား ကမွေးလာတယ်
သူတောင်းစားဖြစ်တယ်ပေါ့
ပြီးတော့ မိခင်ကလဲ သူကျွမ်းကျင်ပြီးသား ပညာကိုပဲ
အမွေဆက်ပေးရင်း ဒီ သူတောင်းစား generation
ကအဒွန့်ရှည် နေပါတယ်
ကျွန်မ အမြင်ကိုပြောရရင်
ကံ ကံ၏အကျိုးကြောင့် အတိတ်ဘဝ ကုသိုလ်ကံမကောင်းလို့ ဆင်းရဲတယ် ထင်တိုင်းမပေါက်
လုပ်တိုင်းမဖြစ်ဘူး ထား
ဒါလက်ခံလို့ရပေမဲ့
ခြေလက် အသက်အရွယ် အားလုံးအကောင်းပကတိကြီး
နဲ့တောင်းစားနေတာကျတော့
ကံနဲ့ သိပ်မဆိုင်တော့သလိုပဲ
သူတောင်းစားဆိုတာလဲ ပေးတဲ့လူရှိလို့တောင်းနေတာပါ
ဘယ်သူတွေကပေးနေလဲ …..
ကိုယ်တွေကတော့ ၅ဝ ၁၀ဝ အကြွေလောက်နဲ့ အစားသောက်နည်းနည်းလောက်ပေးပြီး
လှူတယ်ဆိုတဲ့ကုသိုလ်စိတ်
ပီတိလေးဖြစ်ဖို့အတွက်ပဲ ဖြစ်ဖြစ်
အမှုမဲ့ အမှတ်မဲ့ပဲဖြစ်ဖြစ် ပေးကမ်းခဲ့ပေမဲ့
ဒါဟာ သူတို့ရဲ့ စာရိတ္တကိုပျက်စီးစေခဲ့ပြီး
တောင်းစားတတ်သော အကျင့်တခုဖြစ်အောင်
တွန်းပို့နေသလိုပါပဲ
ငယ်ငယ်က ဘုရားဖူးသွားရင်း လမ်းမှာ ပိုက်ဆံကျဲတယ်
မုန့်တွေပေးတယ်
ကိုယ်ကတော့ ကလေးဆိုတော့ပျော်တာပေါ့
သေချာစဉ်းစားကြည့်တော့
ဘုရားဖူးကားတွေ့ရင် ပြေးလိုက်ကျ
မုန့်ဖိုးလေးပေးခဲ့ပါ စသဖြင့်တောင်းကျမယ်
ဒါတွေဟာ သူတို့စိတ်ဓာတ်တွေကို ဖျက်စီးနေတာပါ
ဒီလိုနဲ့နောက်ပိုင်းမှာ သူတောင်းစားကို အကြွေပေးခြင်း
မုန့်ပေးခြင်း ဘာမှမလုပ်ဖြစ်သလောက်ဖြစ်သွားတယ်
(ိုးဘွားအိုတွေမှ လွဲ၍ )
သူတို့အတွက် ခဏတာ အဆင်ပြေသွားပေမဲ့
ရေရှည်မှာ သူများစိတ်ဓာတ်ကို ဖျက်စီးတဲ့အလုပ်မျိုး
မလုပ်နိုင်ဘူးလို့ တွေးမိတယ်
ကျွန်မ တတ်နိုင်တဲ့အချိန် တတ်နိုင်တဲ့ အင်အားရှိလာရင်
သူတို့အတွက်ဂေဟာဖွင့်မယ် အသက်မွေးဝမ်းကြောင်း
ပညာတခုခု သင်စေမယ်
ဒီလိုလုပ်နိုင်မယ့် အဖွဲ့အစည်းတွေမှာ ပါဝင်ကူညီမယ်လို့ စဉ်းစားထားပါတယ်
ကျွန်မရဲ့ comment က ဒီပိုစ့်နဲ့ သိပ်မဆိုင်ပါဘူး
စိတ်ထဲမှာရှိတဲ့ အယူအဆလေးတခုကို
မရမက ချရေးမိချင်းသက်သက်သာ ဖြစ်ပါကြောင်း့
စိန်ဗိုက်ဗိုက်
November 20, 2012 at 10:42 am
ကျနော့် အသိဉာဏ် အတွေ ့ကြုံ၊ ဗဟုသုတလောက်နဲ ့ တစ်ဦးချင်းစီကို ပြန်မရှင်းပြနိုင်တာ ခွင့်လွှတ်ပါခင်ဗျား။
စာဖတ်သူများကို မလေးမစားပြုသည်ဟုလဲ မထင်စေလိုပါခင်ဗျား။
ဆွေးနွေးသူတွေအကုန်လုံး သူ ့နေရာနဲ ့သူ မှန်ကြပါတယ်ခင်ဗျား။
လူအချင်းချင်း တောင်းသောက်ခြင်း အဲ….တောင်းစားခြင်း ကင်းဝေးကြပါစေ။