Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

အူးဗိုက် ဝါဒီ

ဂ်စ္စူSeptember 30, 20121min99627

အားလုံးသတိ..။

တစ်ကမ္ဘာလုံးဆိုင်ရာ အောလ်အင်ဝမ်း ဘာသာဂိုဏ်းချုပ် အူးဗိုက်လာပြီ.။

မင်းတို ့လက်တွေ လေထဲကို မြှောက်ထားလိုက်။ (ဂျိုင်းမှာ ချွေးတွေနဲ ့ လှောင်နေမှာစိုးလို ့)

အလုပ်မရှိ အကိုင်မရှိ အားအားယားယား ဘာလုပ်ရမှန်းမသိ၊ ရွေးကောက်ပွဲမှာ အမတ်လုပ်ဖို ့ဝင်ရွေးတာလဲ မဲရလာဒ်က ဘဲအုမကွဲခဲ့၊

အခုတော့..သိပြီ..လုပ်စရာ ရှာတွေ ့ပြီ။ ဟုတ်သည်။ အနှီလုပ်စရာဆိုတာ ဝါဒီထောင်ခြင်းပင်ဖြစ်၏.။

သူများတွေလဲ ထောင်နေတာတွေ ့သည်။(ဝါဒီ) မိုးပြာ

ကျုပ်လဲ ထောင်လိုက်ပြီ..အူးဗိုက် ဝါဒီ

အားရင် ဘာသာရေးတွေလိုက်လေ့လာမယ်..ပြစ်ချက်တွေ ဖွမယ်..ကောင်းချက်တွေ ကိုယ်ပိုင်သုံးမယ်..ဝါအား..သမ္ဘာအားဖြင့် ကျင့်ကြံအားထုတ်ခဲ့ကြကုန်သော

ဆရာသမားတို ့ရဲ့ ဆရာ လုပ်မယ်…

ဘယ်လောက်ဂွတ်လဲ..

စင်ပေါ်ကဝါဒီ..ပဲ ။

ကဲ.ကဲ.

အူးဗိုက် ဝါဒီ .စမယ်..။

 

ရိုရိုသေသေ၊ ၄.၄ စားစား နာယူမှတ်သား လိုက်နာကြကုန်လော့။

 

♣တရားမထိုင်ရ ( ဖင်ဂျွတ်တက်မည်၊ အိပ်ရေးပျက်မည်၊၊ ခြေထောက်ကျဉ်မည် )

♣ဥပုဿ်မစောင့်ရ (နေ ့စဉ်လိုအပ်တဲ့ ကယ်လိုရီ အာဟာရ ပြတ်မည်၊ ထမင်းငတ်မည်၊ ရေငတ်မည်၊ စိတ်ပင်ပန်းမည် .စသည်..)

♣ဘုရားကျောင်းမသွားရ ( ခြေထောက်ညောင်းမည်၊ အလုပ်ပျက်မည်၊ နားငြည်းမြည် စသည်..)

♣ဘုန်းကြီး မယ်သီလရှင် မဝတ်ရ ( ခေါင်းတုံးကြီးနှင့် ရုပ်ဆိုးမည်၊ လူဦးရေလျော့မည်၊ အိမ်ထောင်မရှိပဲနေရမည်၊ ဖက်ရှင်ဒီဇိုင်းမျိုးစုံ သုံးခွင့်နှင့် ဝေးမည် စသည်.. )

♣လှူတန်းသမှု မပြုရ ( စည်းစိမ်လျော့နည်းလိမ့်မည် ကိုယ်မကောင်းစားပဲ သူများကောင်းစားသည်မို ့ စသည်..)

♣စီတန်း မေတ္တာမပို ့ရ ( ဒင်နှင့်ထုခံရမည် အဖမ်းခံရမည်..တာလဘောဟင်းစားရမည်..ဂျပိုးကိုက်ခံရမည်.စသည်…)

♣ဘုရားသီချင်း၊ ဘုရားစာ မရွတ်ရ ( လည်ချောင်းနာမည်..လေကုန်မည်..စသည်….)

 

..စသည်..စသည်.နောက်နေ ့မှ အူးဗိုက်ဝါဒတွေ ထပ်ဖော်ပြမည်…လောလောဆယ် ဘီအီးသွားကစ်ပီ..ဝှစ်..စ်..ဝှစ်စ်..ဝှစ်.စ်….

 

 

27 comments

  • မဟာရာဇာ အံစာတုံး

    September 30, 2012 at 9:13 pm

    ကျွန်ုပ် ပထမဆုံး တဘဲ့ဂျီး လုပ်ဘာရချေ ..
    ခညားက ဒီဝါဒီရဲ့ ခေါင်းဆောင်ဂျီး
    ခညား လျောသွားရင် ကျုပ်က အော်တို ခေါင်းရှောင် ဖစ်မယ် ..
    ငှဲ .. ငှဲ …

    • P chogyi

      October 1, 2012 at 2:35 pm

      အူးဗိုက်ဝါဒီဂိုဏ်းအတွက်
      ဂိုဏ်းဌာနချုပ်လုပ်ဖို့ မြေလှူပါရစေ။
      မဟာအဝီစိမြို့တော်တွင် ဧက ၁၀ဝ မြေကွက်လှူပါသည်။

  • surmi

    September 30, 2012 at 9:43 pm

    အော် ဒီလိုလုပ်လို ့ရရိုးလား
    ကျုပ်လည်း ဂိုဏ်းထောင်ထားတယ်ဗျ
    ၃ ရက်နေ ့မှကြေငြာမယ်
    ဂိုဏ်းဝင်ဖြစ်ချင်ရင်စာရင်းပေးထား
    ဂိုဏ်းနာမည်က ……………..?

    • မဟာရာဇာ အံစာတုံး

      September 30, 2012 at 9:55 pm

      ဒီဝါဒီ ထောင်ဒဲ့ဗိုက်ကြီး မသိခင်
      ခညား ဆီမှာလဲ တိတ်တိတ်လေး ချရင်း ပေးဘာဒယ် ..
      နို့ .. ခညားပီးရင် ကျုပ်က ဂိုဏ်းချုပ် တက်ဖစ်ရမယ်ဆိုမှ ဖစ်မယ် ..
      သို့မဟုတ်လို့ဂဒေါ့ .. ပေးဘူး ..
      ကျုပ် ချရာဗိုက်ဂျီး ဂိုဘဲ မြန်မြန် လျောဖို့ ကြံရမယ် ..
      အဲလေ .. ဟုတ်ပါဘူး ..
      လဂါးကြောဒါဘာ ချာဗိုက်ဂျီး … နော် …
      ဟဲ .. ငှဲ …

      • မိုးသောက်ချိန်

        September 30, 2012 at 10:44 pm

        ဂိုဏ်းတည်ထောင်သူ ဆရာ့ ဆရာဂျီးများထက်
        အမြော်အမြင်ကြီးမားသူ
        ဆရာ တုံး ထံတွင်
        ကိုယ်ရေးအရာရှိအဖြစ် ခစားပါရစေဂျ ….
        ဆရာနဲ့ မတွေ့ခင် တပည့်နဲ့ အရင်တွေ့ရမှာလေ … ငှဲ ငှဲ … 😆

  • မောင်ပေ

    September 30, 2012 at 10:09 pm

    ဝါဒီ
    မြာစီ
    သာကြည်
    လာရီ
    ပြာအီ
    ရာသီ
    ကြာပီ
    မာနီ
    ကွာဟီ
    နှာဖီ

  • သစ် တည်

    September 30, 2012 at 10:46 pm

    ဘီအီးလေးတောင် မ နဲနဲ မှမတိုုက်တာ….
    ကန် ့ဂွပ်ဒယ်…..
    အားဒမဝှာဒီဘာဗျို ့………..

  • ကြောင်ကြီး

    September 30, 2012 at 11:41 pm

    အူးဗိုက်
    အိုက်ဗူး
    မကြိုက်ဘူး
    စရိုက်ထူးတော့
    အသိုက်မြူး
    ဖလိုက်ကူးဆော့
    ယမိုက်ထူး
    တကိုက်ဦးမော့
    ငပိုက်ဖူး..။

  • ဦးဦးပါလေရာ

    October 1, 2012 at 12:28 am

    ရှင်ကြီးဦးဗိုက်က ဂိုဏ်းထောင်တာတော့ဟုတ်ပါပြီ
    ုယူနီဖေါင်းကရော ?
    သင်္ကန်းလဲမဟုတ် ဂျူဒိုဝတ်စုံလဲမဟုတ်ဘူးဆိုရင်
    ကျုပ်အကြံပေးချင်တာက
    ရှော့ပင်နဲ့ ပုခုံးပြတ်တီရှပ်ဝတ် ၊ သင်္ကြန်ဦးထုပ်ဆောင်းပြီး ကွင်းထိုးဖိနပ်စီးရင်ကောင်းမယ်။

  • kai

    October 1, 2012 at 9:12 am

    ဒီပို့စ်ကို အပြင်းအထန်. သတင်းမဆန်တာမို့.. ကန့်ကွက်ပါတယ်..။
    ကန့်ကွက်သမှ.. အပြင်းအထန်ကို ကန့်ကွက်ပါတယ်..။
    အပြင်း.. အပြင်း. အထန့်..အထန်ကို ကန့်ကွက်ပါတယ်..။

    ဒီလိုရေးဟန်မျိုးဟာ.. တာလီဘန်တွေက ညာလီဟန်(ညာ၍လီစယ်ပြောဟန်) ဖြစ်တာမို့..
    ယာယီလန်(ခေတ္တနောက်လန်ကျအောင်) သွားအောင်
    အထာမပီချန် ( အထာပေးတာ အပီအပြင်မဖြစ်ခင် ချန်ထားခဲ့ရန်) စေလိုပါသည်။

    ရုတ်သိမ်းပေးပါ ဖျက်ပေးပါ။
    ဂုတ်ချိုးပေးပါ။ နှုတ်ပေးပါ( သွား)
    အဲ..
    နောက်ပြီး..
    ပို့စ်ရေးသူဟာ.. ဗုဒ္ဓဘာသာကို စော်ကားတာမို့..
    ထောင်ထဲ.. နှစ်ရှည်ဝင်ပေးစေလိုပါသည်။
    ခေါင်းဆောင်တင်မက. ခေါင်းရှောင်သူ… နောက်လိုက်သူ..နောက်မလိုက်တလိုက်သူ..
    ေ-ာက်ညင်ကပ်သူ…။ လမ်းလျှောက်လျှင်.. ယိမ်းယိုင်လျှောက်တတ်သူ.။ ထိုင်လျှင်ခြေလုှုပ်တတ်သူ.. များပါ.. ထောင်ထဲနှစ်ရှည်လများ(အနှစ်၁၀ဝခန့်) ဝင်ကြစေလိုပါသည်။

    နောက်လိုက်ဟု စိတ်ထဲယုံကြည်မိများကလည်း.. အဆိုပါဝါဒမှားကို ကိုးကွယ်ဖတ်မိ.. ရပ်မိ..သိမိသည်မှာ.. မိမိတို့ မှားမိပါကြောင်း .. သေသင့်ပါကြောင်း.. လူသူအများရှေ ့တွင်တောင်းပန်ရမည်ဖြစ်ပါသည်။

    မတောင်းပန်.. မရုတ်သိမ်းပါက..
    လူချင်းတွေ့သည့်နေရာတွင်.. သပ်( သစ်သားအချွန်တုံး) ထိုးမည်ဖြစ်ပါကြောင်း.. :kwi:

    • etone

      October 1, 2012 at 9:27 am

      အဟီး …. ရွာသူားတွေပဲ ..ပေါတတ်တာမဟုတ်ဘူး … သဂျီးလည်း .. ပေါ တတ်တယ်တော့ … ခွိခွိ ။ :kwi:

  • surmi

    October 1, 2012 at 9:24 am

    လွှတ်တော်ငှက္ကဌကြီး အဆိုတင်သွင်းသလို
    သဂျီးကိုယ်တိုင် အဆိုတင်သွင်းနေပါလား
    :harr:

  • ကိုခင်ခ

    October 1, 2012 at 11:35 am

    ဆရာမဟာရာဇာ အံစာတုံးကတော့ မည်သူမျှ ဘီအီး မသောက်ရ လို့ဆိုထားတယ်နော်။
    ဆရာဦးဗိုက်က ဘီအီး သွားသောက်လို့ ဆရာနှစ်ပါးတွေ့နေမှဖြင့် ——-။

  • ကိုရင်စည်သူ

    October 1, 2012 at 11:41 am

    အူးဘိုက်ဝါဒီမှာ ပန်းဦး ဆွတ်တာကောများပါဘူးလားဟင်…
    ယူနီဖောင်းကိုတော့ ပေါ့ပေါ့ပါးပါးဖြစ်ပြီး သဘာဝပတ်ဝန်ကျင်
    မထိခိုက်အောင် စက်ကူဘုံး စွပ်ထားလိုက်မယ်လေ..။
    လည်ပင်းမှား ပုတီးအစား ဘီအီးပုလင်း
    ချိတ်လိုက်ရင် တက်မိုက်မှာနော်… 😀 😀

  • Hnin Hnin

    October 1, 2012 at 1:17 pm

    ပေါနိုင်တာက အရည်အချင်းတစ်ရပ်…အပြင်မှာလည်း ပေါသလို(လေ

  • Hnin Hnin

    October 1, 2012 at 1:40 pm

    ” ပေါနိုင်တာက အရည်အချင်းတစ်ရပ် ”
    …..အပြင်မှာလည်း ပေါသလို(လျှော့ပြောရရင် နောက်တတ်တာ)စာတွေ့လည်း
    ပေါတော့ သူများစိတ်ရွှင်သွားတာပေါ့… း-) ….
    ပေါစာရေးဆရာတွေရဲ့ ပေါစာတွေကိုလည်း ကြိုက်တယ်…..ဒီရွာထဲကရော…
    ပေါတယ်ဆိုတာ လူတိုင်းမလုပ်နိုင်ဘူးရှင့်….
    ပေါ member တွေများလာတဲ့ ” ပေါရွာ ” လေးပေါ့ရှင်…… :harr:

    ဟို စာရေးဆရာရဲ့ လက်သုံးစကားလေးတောင် ရှိသေးတယ်လေ….
    ” ပြီးပြီးပျောက်ပျောက် ပေါ့ပေါ့ပါးပါး ပေါပေါ ပေါ့ ” ဆိုတာ :kwi: :mrgreen:

  • စိန်ဗိုက်ဗိုက်

    October 1, 2012 at 1:40 pm

    ဘာပဲပေါပေါ..အူးဗိုက်ဝါဒီ ထောင်ထလိုက်တာ
    ပြာကြီးတို ့တော့ ငုတ်တုတ်မေ့သွားမယ်ထင်တယ်..
    သူတို ့က တရားပဲ မထိုင်ခိုင်းတာ
    အူးဗိုက်က ဥပုဿ်တွေ အလှူအတန်းတွေ မေတ္တာပို ့တာတွေပါ အပြစ်ရှာပြလိုက်တော့ ဆလံဝါလေးကွန်း ဖြစ်သွားတယ်
    ပြီးတော့ ခေါင်းတုံးတုံးစရာမလို ဆံပင်က ဝမ်းဝေး.တူးဝေး.ပန် ့ခ် ထုံကျိုင်း ဘေးခွဲ အလယ်ခွဲ ကြိုက်သလိုခွဲ
    ကာလာ ဆေးဆိုး အမျိုးမျိုး လုပ်နိုင်သလို
    ယူနီဖောင်းက ဖင်ရှင်ဒဇိုင်နာ မစ္စတာ ပါလေရာရဲ့ ရှော့ပင်နဲ့ ပုခုံးပြတ်တီရှပ်ဝတ် ၊ သင်္ကြန်ဦးထုပ်ဆောင်းပြီး ကွင်းထိုးဖိနပ်စီးရမယ်ဆိုတော့ ဘယ်ပေါကောင်း..အဲလေ..ဘယ်ပြောကောင်းမလဲ….ခွစ်..ခွစ်..ခွစ်..
    ကဲ.ကဲ..ကြုတ်ကတော့ ခဲလုံး၊ သေနတ်ဒင် နှစ်ရှည် ထောင်ထဲဝင်တွေကိုကြောက်လို ့ ဝါဒီထောင်ပြီးတဲ့ အချိန်ကစပြီး ဂိုဏ်းချုပ်ရာထူးကို စွန် ့လွှတ်လိုက်ပါပြီ..
    ဝါဒီတကာ့ ထိပ်ခေါင် ဝါဒီ့ခေါင် ဖြစ်အောင် စွမ်းဆောင်နိုင်မဲ့ မည်သူမဆို ဂိုဏ်းချုပ် တက်လုပ်ကြပါတော့..
    တစ်ခုတော့ စိတယ်..
    ဂိုဏ်းထောင်ပြီး မဂေါက်ခင် ထောင်ချမခံရခင် သဂျီးကိုတော့ ရှောင်ကြစေလိုပါတယ်..
    လူချင်တွေ ့တာနဲ ့ သပ်ထိုးမယ်ဆိုတာကြီးပဲ..
    အညှာက ထိုးမှာလား အရင်းက ထိုးမှာလား အလယ်က ထိုးမှာလားတော့ မသိ..
    အထိုးမခံရချင်ရင် သဂျီးကိုတော့ လူချင်းမတွေ ့အောင် ဝေါင်ဝေါင်ရွှေးပေတော့ ဂိုဏ်းသား အပေါင်းတို ့
    အကျွန်ုပ်တော့ လစ်ပြီ..ဝှစ်..ဝှစ်..ဝှစ်…
    :harr:

    • surmi

      October 1, 2012 at 2:58 pm

      အူးဗိုက်ရဲ ့ဂိုဏ်းချုပ်ရာထူးကိုဆက်ခံပြစေခင်ည
      P chogyi လှူတဲ ့နေရာမှာဘဲ ဌာနချုပ်ဆောက်နေပါဒယ်
      ၃ ရက်နေ ့မှာကြေငြာပါမယ် ။အဲဒိနေ ့ကြရင် ရာထူးလာလွှဲပေးပါ
      ဒါဘဲ ။ အံဇာတုံး ကိုပြောလိုက်ပါ ဒုဂိုဏ်းချုပ်နေရာက မပေးမဖြစ်ပေး
      ရမဲ ့သူရှိနေလို ့ မရနိုင်ဘူးလို ့ ။

      • ဂိုဏ်းချုပ်ဗိုက်ဂျီး မရှိဒုံး ..
        ကျုပ် အာဏာသိမ်းလိုက်သည် ..

        ပုံ/
        အူးဗိုက်ဝါဒီ ဗိုလ်ချုပ်ကြီး
        ဂဠုန်ရာဇာ

  • pooch

    October 1, 2012 at 4:47 pm

    ကဲကဲ ဂိုဏ်းထောင်တာလည်း ထောင်တာပေါ့ လောလောဆယ် တီချယ် home page ကသွားကူးချလာတာလေးလည်း ဖတ်ကြည့်အုန်းပေါ့ ဗိုက်ဗိုက်
    တော်ကြာ သတိမပေးရကောင်းလားဆိုပြီး စိတ်ဆိုးနေမှာစိုးလို့ :mrgreen:

    ဟိုသူကြီး နှစ်တထောင်ကျိမ်စာဆိုပြီး လာအော်ရင် မမြင်ချင်ယောင်ဆောင်ထားတယ် ကြိုပြောထားတာ သူ့အရင် 😆

    ယခုချိန်ခါ လူလည်းဖြစ်လာ၊ သာသနာလည်းထွန်းခိုက်၊
    အမြိုက်တရားဟောကြားမည့်သူလည်းမရှား၊
    သို့ဖြစ်ပါလျက်သားနှင့်၊ တရားမကြိုက်၊ အမှားလိုက်ကြလျှင်ဖြင့်၊
    အမိုက်တကာ့ဗိုလ်မင်း၊ အဖျင်းတကာ့ဗိုလ်ချုပ်၊
    အပါယ်လေးလီ၊ မြစ်နဒီတွင်၊ ပလုံစီမြုပ်လို့၊
    သူယုတ်ကြီးတွေဖြစ်ချိမ့်မည်။

    (စလေ ဦးပုည၏ ယုန်မင်းဝတ္တုမှ) 😆

  • R Ga

    October 1, 2012 at 5:03 pm

    အူးရေး…။ ဥပှတ် စောင့်တည်ရာတွင်..။ အရက်များ အမြည်းများကို သာစားသုံးပြီး ဘာစကားမှမပြောဘဲ တစ်ယောက်တည် း အခန်းအောင်း ငြိမ်သက်နေရန်။ ဆိုတဲ့ အချက်လေးထည့် ပေးပါရား..။ ဒါမှမဟုတ်..။ တစ်နေ့ အရက် ၆ပတ်သောက်ရန်ဆိုတာမျိုး။ အခြားသူများထက် ရင်းနှီးသူများကိုလိမ်လည်ပါ။

  • အလင်းဆက်

    October 1, 2012 at 6:59 pm

    ဦးဗိုက် ၏
    ဝါဒီက…
    တယ်..လည်း..လွတ်လပ်တော့ သကိုး…ဟိုးဟိုး….
    🙂

  • ရဲစည်

    October 2, 2012 at 3:09 pm

    ဘယ်ဂိုဏ်းထောင်ထောင် မည်သည့်နေရာကနေ မဆိုပါဝင်ချင်ကြောင်း တတင်းပို့ပါဒယ်

  • Wow

    October 2, 2012 at 4:42 pm

    ပေါရဲလိုက်ဂျဒါ… :harr:
    အူးဗိုက်က ဘီဘီနဲ့စည်းရုံးထားတော့ အမျိုးသားသီးသန့်ဂိုဏ်းတော့ဖစ်တော့မယ်ထင်ဒယ်…. :kwi:

  • ရွှေ ကြည်

    October 2, 2012 at 4:49 pm

    အိုက်ဗူး ဝါဒီမှဂိုဏ်းသားများအားတစုံတရာအရေးယူခြင်းပြုလုပ်ပါက အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေးကြေငြာစာတမ်းကိုချိုးဖောက်မှုဖြင့်တရားစွဲဆိုမည်ဖြစ်ပါကြောင်း.. 😆

  • MaMa

    October 2, 2012 at 10:39 pm

    ဝါဒီတစ်ခုထူထောင်တာ လွယ် မှတ်လို့။
    အခုဝါဒီကျတော့လည်း ထောက်ခံတဲ့သူ အများသား။
    ဒီတော့ကာ ….
    လူညီရင် ဤ တောင် ကျွဲ ဖတ် လို့ ရသေးတာပဲ။
    သဂျီးကိုလည်း ….
    တို့ လူလေးများ ဆိုသလေ
    ဝေလေလေ လိုက်ကြလိုက်ကြရင်……….
    အလွယ်လေးပါ။ :kwi:

Leave a Reply