” မရှိမဖြစ် “
“မရှိမဖြစ် ……………………….. “
ကျနော်တို့ ခင်ဗျားတို့အားလုံး ငယ်အိပ်မက်တွေတော့ ရှိခဲ့ကြတာပေါ့။
ဒါပေမယ့် လဲ
ကိုယ့် ရဲ့ ဘဝပေးအခြေအနေအရ
မတူညီသော အကြောင်းတရားများအရ
မတူညီတဲ့ အကျုးိတရားတွေကိုဘဲ ကိုယ်စီခံစားခဲ့ကြရပါတယ်။
ငယ်ငယ်က ဆရာဝန်ဖြစ်ချင်သူက ကျောင်းဆရာဖြစ်ချင်လဲဖြစ်နေမယ်။
ဆရာဝန်လုပ်ဘို့ စိတ်ကူး မရှိသူက လဲ ဆရာဝန်ဖြစ်ချင်ဖြစ်သွားမယ်။
ဝေလသီချင်းထဲကလို စစ်သားကြီးလုပ်မယ်ဆိုသူကလဲ ဈေးသည်ဖြစ်ချင်ဖြစ်နေပြီး
အင်င်္ဂျင်နီယာ ဖြစ်ချင်သူက စစ်ဗိုလ်ဖြစ်ချင်ဖြစ်နေတတ်ပြီး
လေတောင်ချွန်ဘို့ စိတ်ကူး မရှိသူက အဆိုတော်ဖြစ်ချင်ဖြစ်နေတတ်သလို
သူဌေးကြီးလုပ်မယ်လို့ စိတ်ကူးထားသူက လယ်ယာပြန်စားရေး ဝန်ကြီးဖြစ်ချင်ဖြစ်နေပါမယ်။
ကိုယ့်စိတ်ထဲ ဖြစ်ချင်တာနဲ့ တစ်ထပ်ထဲ ကျတယ်ဆိုသူတွေကတော့ ရှိပေမယ့်လည်း
အတော်ကိုရှားပါးပါမယ်။
အထက်တန်းကျောင်းသားဘဝ လွန်မြောက်ချိန် ကြီးမားတဲ့ဘဝလမ်းခွဲမှာ
ကိုယ်ဖြစ်ချင်တဲ့ အိပ်မက်တွေ တွေဆန္ဒတွေနဲ့ တကယ့်လက်တွေ့ ဘဝ ကွာခြားခြင်းကို
စတင်သိရချိန်လဲဖြစ်ပါတယ်။
ဆယ်တန်းအောင်မှတ်အပေါ်မူတည်ပြီး ကိုယ်ဆက်လျှောက်ရမယ်လမ်းကို
ခွဲခြား သတ်မှတ် ပြီး ပြဌာန်းလိုက်လို့ပါ။
ဒီအချိန်မှာကိုယ်ကြိုက်တာကို ရွေးချယ်ပိုင်ခွင့် မရှိပေမယ့်
ကိုယ်မကြိုက်တာကို ငြင်းပယ်နိုင်ခွင့်တော့ ရှိနေပါတယ်။
ဆေးတက္ကသိုလ် အမှတ် မမှီသူက ဆေးတက္ကသိုလ်ကိုတက်လို့ မရပေမယ့်
တက်ရောက်ခွင့် အမှတ်မှီသူက မတက်ဘူးလို့ ငြင်းပယ်နိုင်ခွင့်ရှိနေပါတယ်။
ဒါပေမယ် ဘယ်သူဘဲဖြစ်ဖြစ်
တော်လွန်း ထက်မြက်လွန်း လို့ ဆိုပြီး
ဆေးကျောင်းလာတက်ပါ
စက်မူ့တက္ကသိုလ်ကိုလာတက်ပါ
ပညာရေးတက္ကသိုလ်လာတက်ပါ
စစ်တက္ကသိုလ်ကို လာတက်ပါလို့ နာမည် တပ်ပြီး မခေါ်ခဲ့တာကတော့ သေချာပါတယ်။
ကိုယ်ရွေးချယ်မူ့ နဲ့ ကိုယ် တက်ခဲ့ကြတာချည်းပါဘဲ။
လူငယ်ဘဝမှာ ငွေကြေးအဆင်ပြေသူများကတော့ အလုပ်မလုပ်ဘဲစာသင်နိုင်ပေမယ့်
အများစုကတော့ အလုပ်လုပ် ရင်း စာသင်ကြရတာဖြစ်ပါတယ်။
အလုပ် လုပ်ကြပြီဆိုတဲ့အခါမှာတော့။
လုပ်ချင်သည်ဖြစ်စေ မလုပ်ချင်သည်ဖြစ်စေ အသက်အရွယ်ရောက်လာလို့
ကိုယ့်ထမင်း ကိုယ်ရှာစားရချိန်မှတော့ ဝါသနာတွေ ဘာတွေအသာထား
ဝမ်းရေးအတွက် ရ ရ ာအလုပ်ကို ဝင်လုပ်ရတာအမှန်ပါဘဲ။
ဒီလို အလုပ် လုပ်ရတဲ့ အခါမှာလည်း တော်လွန်း တတ်လွန်းလို့
ဆို ပြီး ဘယ် ဌာန ဘယ် အလုပ် က မှ ကိုယ့် ကို ခေါ်ထားတာ မဟုတ်တာကလဲ အသေအချာပါဘဲ။
ကိုယ့် ရွေးချယ်မူ့ နဲ့ ကိုယ်ပါဘဲ။
လူ့လောကကြီးမှာ အတန်းအစားမရွေး အလုပ်မရွေး
အပြန်အလှန် အမှီသဟဲပြု ပြီး နေကြရတာပါ။
တကယ်လက်တွေ့ကျကျ စဉ်းစားကြည့် မယ်ဆိုရင်
နိုင်ငံရေးသမားလဲ မရှိမဖြစ်
စစ်မူ့ထမ်းလဲ မရှိလို့ မဖြစ်
အိမ်ဖော်လဲ မရှိမဖြစ်
ကျောင်းဆရာ ဆရာမလဲ မရှိလို့ မဖြစ်
အင်္ဂျင်နီယာလဲမရှိအဖြစ်
စာရင်းကိုင်လဲမရှိမဖြစ်
ကုန်သည်လဲမရှိလို့မဖြစ်
အရောင်းဝန်ထမ်းလဲမရှိမဖြစ်
လယ်သမားလဲ မရှိိုလို့ မဖြစ်
ယာသမားကိုင်းသမားလဲ မရှိမဖြစ်
ကုန်ထမ်းသူလဲ မရှိလို့ မဖြစ်
ဈေးသည်လဲမရှီမဖြစ်
အစားအသောက်ရောင်းသူလဲမရှိမဖြစ်
စားပွဲထိုးလဲ မရှိမဖြစ်
အိမ်ရှင်မလဲမရှိမဖြစ်
လက်မူ့ ပညာ ရှင်လဲ မရှိမဖြစ်
သန့်ရှင်းရေး လုပ်သားလည်းမရှိလို့ မဖြစ်
ကားမောင်းတဲ့ သူလဲ မရှိလို့ မဖြစ်
ဆိုက္ကားဆရာလဲ မရှိလို့ မဖြစ်
သုဘရာဇာလဲ မရှိမဖြစ်
ပွဲစားလဲ မရှိမဖြစ်
ကန်ထရိုက်လဲမရှိမဖြစ်
အဆိုတော်လဲ မရှိမဖြစ်
အတီးသမားလဲ မရှိမဖြစ်
တေးရေးသူလဲမရှိမဖြစ်
ဘိသိက်ဆရာလဲမရှိမဖြစ်
စာရေးဆရာလဲမရှိမဖြစ်
အငြိမ့်သမလဲ မရှိမဖြစ်
ဇာတ်သမားလဲမရှိမဖြစ်
ဆိုင်းပညာရှင်လဲ မရှိမဖြစ်
တကယ်တော့ အားလုံး မရှိလို့မဖြစ် တဲ့သူတွေချည်းပါဘဲ။
သူနေရာနဲ့ သူ့ အသုံးဝင်
သူ့နေရာနဲ့ သူ တန်ဘိုးရှိ
သူနေရာနဲ့ သူ လိုအပ်
သူ့နေရာနဲ့သူ မရှိမဖြစ်တွေလို့ ဘဲယုံကြည်ပါတယ်။
ကိုယ့် တာဝန်ကိုယ်ကျေပွန်ဘို့ ဘဲလိုပါတယ်။
အဲ့တော့ ကိုယ်ရပ်တည်နေရာတဲ့ နေရာကို မူတည်ပြီး
မာန်မတက်ကြဘို့ တော့ လိုပါတယ်။
စစ်မူ့ထမ်းတဲ့ လူကလဲ ငါတို့ က တိုင်းပြည်အတွက်အသက်စွန့်ရတာ
ကျောင်း ဆရာ ဆရာ မကလည်း ငါတို့ က နာသုံးနာ နဲ့ အနစ်နာခံလုပ်ရတာ
လယ်သမား ကလဲ ကျုပ်တို့ က ဖင်ထဲရွှံ့ဝင်အောင်လုပ်လို့ ခင်ဗျားတို့ ထမင်းစားနေရတာ
ကုန်သည်လုပ်သူတွေကလဲ ငါတို့ ငွေအရင်းအနှီးစိုက်ထုတ်လို့ မင်းတို့ ရောင်းစရာနေရာရှိတာ
ဆိုတဲ့ ဘောင်လွန်နေတဲ့ စကားတွေကို မပြောသင့်ကြဘူးလို့ ထင်ပါတယ်။
ကဲ ခင်ဗျားတို့ရော ဘယ်လို မြင်သလဲ ပြောကြည့်ပါအုံး၊
ကိုပေါက်လက်ဆောင်အတွေးပါးပါးလေး
21616
5 comments
အောင် မိုးသူ
June 22, 2016 at 9:40 am
သူ့နေရာနဲ့သူ
Foolish Girl
June 22, 2016 at 10:37 am
ကိုယ်နေရတဲ့နေရာမှာ ကိုယ်တာဝန်ကြေအောင်နေရမှာ
ကိုယ့်နေရာမဟုတ်တာ ကိုယ်မလုပ်သင့်တဲ့ အကြောင်းအရာတွေကို ဝင်ပြီးလျှာမရှည်ကြေးပေါ့နော် 😀
အဲဒါတွေက ပြသနာဖြစ်စေတယ်
ဝင့်ပြုံးမြင့်
June 22, 2016 at 1:14 pm
လူတိုင်းမှာ မွေးရာပါ အရည်အချင်း တစ်ခုစီပါလာခဲ့ပြီးသား လို့ ယုံပါတယ်။ သူ့အစွမ်းအစနဲ့ သူ့အလုပ်နဲ့ ဟပ်မိပြီဆိုရင် ဒီလူ အောင်မြင်ပြီပေါ့နော်။
ဦးကြောင်ကြီး
June 23, 2016 at 8:14 am
မရှိမဖြစ် ခေတ်တိုင်းမှာ ဂေါင်းရှိတယ်ဆို အူးပေါက် ဘာပြောမဲ…
အရင်ကကျော်စွာဦးကြီးမိုက်
June 23, 2016 at 11:35 am
.ကိုပေါက်က အမှန်ချည်းချရေးထားတော့ဘာပြောရမှန်းတောင်မသိ
.ဒါပေမဲ့…“အဲ့တော့ ကိုယ်ရပ်တည်နေရာတဲ့ နေရာကို မူတည်ပြီး မာန်မတက်ကြဘို့ တော့ လိုပါတယ်”
.ဆိုတာလေးကိုထောက်ခံပါတယ်