ကျွန်းသစ်ကို ဗြင်း…
ကြက်ဆူခင်း လို့…
တည်ဆောက်ခဲ့သည်…

ဒီမိုကရေစီ….

လူကောင်း စတေး…
လူယုတ် မွေးလို့…
တည်ဆောက်ခဲ့သည်…

ဒီမိုကရေစီ…

မြစ်ကိုလဲ ရောင်း…
တောင်ကို ရောင်းလို့…
တည်ဆောက်ခဲ့သည်…

ဒီမိုကရေစီ…

ပုဆိုးလှန်ပြ…
ဗိုက်လှန်ပြပြီး…
တည်ဆောက်ခဲ့သည်…

ဒီမိုကရေစီ…

တနပ်စာ ဖျောက်…
နွားနို့သောက်ပြီး…
တည်ဆောက်ခဲ့သည်…

ဒီမိုကရေစီ…

ဟိုဟာကို တို့…
ဒီဟာ ရှို့  ပြီး…
တည်ဆောက်ခဲ့သည်…

ဒီမိုကရေစီ…

လူကောင်းကို ထောင်…
လော်ဘီဆောင်ပြီး….
တည်ဆောက်ခဲ့သည်…

ဒီမိုကရေစီ…

ဒီလို တည်ဆောက်…
ဒီလို ဖောက်လို့…
ရောက်ပါ့မည်လား…
ဒို့ မြန်ပြည်…
မျှော်လေ ဝေးလေ…

ဒီမိုကရေစီ…

About johnnydeer

johnny deer has written 76 post in this Website..

၇၇မွေး...၉၄ ဆယ်တန်းအောင်..၂၀၀၂ မန်းလေးစက်မှုတက္ကသိုလ်က ဘွဲ့ဆိုတဲ့ စာရွက်ကလေးတရွက်ရ...ဘာပညာမှမတတ်..အခုလောလောဆယ်တော့ပေါက်တတ်ကရပြော.. .ပေါက်တတ်ကရရေးနေပါတယ်...ရေးသမျှ အားလုံးကိုတော့ ကိုယ်တိုင်ရေးစစ်စစ်ဖြစ်ကြောင်း ရဲရဲကြီး အာမခံပါတယ်...များသောအားဖြင့်တော့ သူများမကောင်း ကိုယ်ကောင်းကြောင်း ကိုယ်ရည်သွေးစာတွေ ရေးတတ်ပါတယ်...ဒါပေမယ့် အထင်ကြီးစရာတော့ တကွက်မှမရှိပါဘူး...