အာတီဒုံ အတွက် အသုပ်ဟင်းတစ်ခွက်

အာတီဒုံ အတွက် အသုပ်ဟင်းတစ်ခွက်

 

အမှန်တော့ ဒီ တစ်ပတ် ဘယ် စားဖိုမှူးမှ မရှိဘူးဗျ။

အဲတော့ ဒီ တစ်ပတ် အသုပ်ရောင်းမလားလို့ပါ။

ဗမာသုပ်တော့မဟုတ်ဘူးဗျ။

ဆလပ်လို့ခေါ်တဲ့ ခပ်ဖွဖွ အသုပ်တွေပေါ့ဗျာ။

ဟုတ်တယ်လေ။ ဗမာသုပ်က နယ်ပြီဆိုရင် ပယ်ပယ်နယ်နယ် ဖတ်ဖတ်သတ်သတ်ဆိုတော့။ ချဉ်ချဉ်ငံငံစပ်စပ် နဲ့ (ပြောရင်းစားချင်လာပြီ)

 

အမှန်တော့လက်ထဲမှာ  Page One  ကထုတ်တဲ့  SALAD (RECIPES  AT YOUR FINGERTIPS)     ဆိုတဲ့စာအုပ်လေး ရှိနေတာ။

၃၄ မျိုးပါပါတယ်။

အင်ဒီကိတ်တင်း မှာ ၃မျိုး……

၁) လွယ်ကူ/အလယ်အလတ်/ခက်ခဲ

၂) ပြင်ဆင်ချိန်

၃) အာဟာရပါဝင်မှု တန်ဖိုး စသည်ဖြင့်ပေါ့။ အဲဒီတော့ ကိုယ့် အကြိုက်နဲ့ ညှိနိုင်တာပေါ့လေ။

 

၃၄ မျိုးထဲကမှ ကိုယ့် ဗမာ ပါးစပ်နဲ့ အရသာတွေ့နိုင်မဲ့ ဆလပ်မျိုးကို ရှာရတာကိုးနော။

အဲတော့ ရ မျိုးပေါ့။

 

အဲ။ ဖတ်ရင်း ဖတ်ရင်း ဘယ်သူ့ကို သတိရသလဲ ဆိုတော့ အာတီဒုံ။

အာတီဒုံ စားတတ်တာလေးကို ကော်မန့်မှာမြင်ရသလောက် အသီးအရွက်ကို မက်မက်စက်စက်စားပြီး ကျန်းမာရေးနဲ့ ညီအောင်လည်းစားတတ်တယ် ဆိုတော့ကာ အာတီဒုံ ကိုပဲခေါင်းစဉ်တတ်လိုက်တာပါ။

 

ကျနော် ချစ်သော အာတီဒုံ အတွက် ကျနော့ရဲ့ ပို့(စ) တစ်ပုဒ်ဆိုလည်း မမှားပါဘူးးး။

 

အားပေးကြပါဦးနော့။

~~~~~~~~~~~~~~~~~~~~~~~~

တနင်္လာနေ့

Summer Salad

Summer Salad

Summer Salad

နွေရာသီ အသုတ်လေးပါတဲ့။

၁) လွယ်ကူတဲ့ထဲလည်းမပါ၊ မခက်လဲ မခက်ခဲပါဘူးတဲ့

၂) ပြင်ဆင်ချိန်ကလည်း ၃၅ မိနစ်ပါတဲ့။

၃) ပရိုတိန်း ရ ဂရမ်၊ အဆီ ၃၃ ဂရမ်၊ ကာဘွန်ဟိုက်ဒရိတ် ၁၅ ဂရမ်၊ ပါရှိပါတယ်တဲ့။

 

ပါဝင်ပစ္စည်း (၄ ယောက်စာ)

– ဂေါ်ဖီထုတ် တဝက်

– အရိုးစိမ်း မုန်ညင်း အနု ၂၅ဝ ဂရမ်

– အရိုးဖြူ မုန်ညင်း အနု ၂၅ဝ ဂရမ်

– အသုပ်ထဲမှာ ထည့်နေကျဖြစ်တဲ့ အရွက် (Arugula) တစ်စည်း

– ကြက်သွန်ဖြူ ၂ ဥ

– သံပုရာသီး ၂ လုံးစာ သံပုရာရည်

– ရှာလကာရည် စားပွဲတင်ဇွန်း ၂ ဇွန်း

– သံလွင်ဆီ ၁၂၅ မီလီလီတာ

– ခရမ်းချဉ်သီး ၄ လုံးးး

– ဆားနဲ့ ငရုပ်ကောင်း အနက်

– သံပုရာသီးစိတ်လေးး တစ်စိတ် (အလှဆင်ဖို့)

 

ပြုလုပ်နည်း

အသီးအရွက်တွေအားလုံးကို အရိုးအရင့်တွေဖယ်

ရေဆေး

၂ စင်တီမီတာစီလောက် ဖြတ်/လှီး

ဂေါ်ဖီရယ် မုန်ညင်း ၂ မျိုးရယ်ကို ဆားရည်နဲ့ ၂ မိနစ်လောက်ပြုတ်။

ပြုတ်ပြီးရင် ရေပူကို သွန်ပြီး ရေခဲရေထဲ ထည့်ပြီးမှ ဆေးချလိုက်ပါတဲ့။ (နွမ်းမသွားအောင်ထင်ပါရဲ့)

ဟို ဆလပ် အရွက်ကိုကျ  ရေသေချာဆေးပြီး ရေစစ်ထားပါ။

ကြက်တွန်ဖြူကို ဆားလေးနဲ့ထောင်း၊ သံပုရာရည်၊ ရှာလကာရေ၊ ငရုပ်ကောင်းနဲ့သံလွင်ဆီထဲ ထည့်ပြီး ဖျော်ထားပါ။

ပြီးတော့မှ ခုဏက အရွက်စိမ်း (အစိမ်းအကျက်) ကို ဇလုံထဲထည့်၊

ဆော့ကို ဆမ်းပြီးမှ နှံ့အောင် မွှေပါ၊ (တဇိဇိမနယ်ရဘူးနော်)၊ ဖွဖွလေး နှံ့အောင်လုပ်ခိုင်းတာ။

စားမဲ့ ပန်းကန်ထဲ ခရမ်းချဉ်သီးပါးပါးလှီးပြီး ခင်းထားပါ။

ပြီးမှ ခုနက နယ်ထားတဲ့ အသုပ်ကို ပုံလိုက်ပါတဲ့။

ပြီးရင်တော့ သံပုရာသီးစိတ်လေးတင်ပြီး တည်ခင်း ဧည့်ခံနိုင်ပါပြီ။

~~~~~~~~~~~~~~~~~~~~~~~~~~`

အင်္ဂါနေ့

Cucumber salad (with fresh cilantro)

Cucumber Salad

Cucumber Salad

နံနံပင်နဲ့သုပ်တဲ့ သခွါးသီး အသုပ်ပါ။

၁) လွယ်ကူ

၂) ၁၅ မိနစ်

၃) ပရိုတိန်း ရ ဂရမ်၊ အဆီ ၁၉ ဂရမ်၊ ကာဘွန်ဟိုက်ဒရိတ် ၁၄ ဂရမ်

 

ပါဝင်ပစ္စည်း (၄ ယောက်စာ)

– သခွါးသီး တစ်လုံး

– ခရမ်းချဉ်သီး ၄ လုံး

– ကြက်သွန်နီမိတ် ၁ စည်း

– နံနံပင်တစ်စည်း

– သံပုရာသီး ၂ လုံးစာ အရည်

– လိမ္မောရည် ၁ လုံးစာ အရည်

– သံလွင်ဆီ ၄ ဇွန်း (စားပွဲတင်ဇွန်း)

– ကြက်ဥပြုတ် ၂ လုံး

– ဆား နဲ့ ငရုပ်ကောင်း

 

ပြုလုပ်နည်းး

အသီးအနှံတွေ အားလုံး ရေဆေးပြီး စစ်ထားပါ။

သခွါးသီးကို အခွံခွါ အစေ့ဖယ် သေးသေးတုံး

ခရမ်းချဉ်သီးကို လည်း အလယ်အနှစ်ဖယ် သေးသေးတုံး

ပြီးတော့ ဇလုံလေးထဲထည့်ထားပါ။

ကြက်သွန်မိတ်ကို အဖျားပိုင်းတွေဖယ်ပြီး လှလှဖြတ်

နံနံရွက်လေးတွေကို တောက်တောက်စင်းးး

ပြီးတော့ ခုန က ဇလုံထဲ ထည့်ထား

သံပုရာရည်၊ လိမ္မောရည်၊ သံလွင်ဆီ၊ဆား တို့ကိုတော့ သေချာရောမွှေထားပါ (ဆလပ် ဒရက်ဆင်း အနေနဲ့)

ပြီးရင် ဇလုံထဲက အသီးအရွက်တွေထဲလောင်းထည့်ပြီး သေချာ မွှေပေးပါ။

စားမဲ့ ပန်းကန်ထဲကို ထည့်ပြီး ကြက်ဥပြုတ်လှီးထားလေး ဖြူးလိုက်ရင်တော့ စားရန် အသင့်။

~~~~~~~~~~~~~~~~~~~~~~“

ဗုဒ္ဓဟူးနေ့

Majorcan-style vegetable salad (with mayonnaise)

Majorcan-style Vege salad

Majorcan-style Vege salad

မရောနိ နဲ့ သုပ်တဲ့  အသီးအနှံ အသုပ်ပါတဲ့။

 

၁) ခက်ခဲ

၂) ၃ဝ မိနစ်

၃) ပရိုတိန်း ၉ ဂရမ်၊ အဆီ ၇၉ ဂရမ်၊ ကာဘွန်ဟိုက်ဒရိတ် ၂ဝ ဂရမ်

 

ပါဝင်ပစ္စည်း (၄ ယောက်စာ)

– ခါချက်ဥ ၃ လုံး

– ပဲလုံးစေ့ စိမ်းစိမ်း (ကော်ဖီပန်းကန် ၂ လုံး)

– ပဲတောင့်ရှည် ၂၅ဝ ဂရမ်

– အာလူ ၂ လုံး

– ကြက်ဥ ၂ လုံးရဲ့ အနှစ်

– သံပုရာသီး တစ်ခြမ်း အရည်

– သံလွင်ဆီ ၃၀ဝ မီလီလီတာ

– ဆား၊ ငရုပ်ကောင်း အနက်

 

ပြုလုပ်နည်း

ခါချက်ဥကို ပါးပါးလှီးးးး

ပဲတောင့်ရှည်ကို အနေတော်ဖြတ်

ပြီးရင် ပဲလုံးလေးတွေရော ရေဆေးထားးး

ဆားရည်ထဲမှာ သတ်သတ်စီပြုတ်ရပါမယ်။ စိမ်းဆတ်ဆတ် စားလို့ရတဲ့ အနေပဲပြုတ်ရမှာပါတဲ့။

ပြီးရင် စကာထဲ စစ်ထားပါ့မယ်။

အာလူးကိုပြုတ် အခွံခွါ ပြီး ရင် သေးသေးစိတ်။

ဇလုံထဲ အကုန်ရောထည့်ထားရပါ့မယ်။

 

မရောနိ လုပ်ရမဲ့ အပိုင်းရောက်ပါပြီ။ အပိုင်းကြောင့် ခက်တဲ့ထဲ ထည့်ထားတယ် ထင်ပါရဲ့

ကြက်ဥ အနှစ်ကို သံပုရာရည် နဲ့ ရောပြီး ခလောက်ပါ။

အဲလို ခလောက်နေတုန်း သံလွင်ဆီကို တဖြည်းဖြည်း ထည့်ပေးရမှာပါ။

မွှေရင်း မွှေးရင်နဲ့ မရောနိကစေးကပ်ကပ်ဖြစ်လာရင် ကိုယ်ကြိုက်တဲ့ အပြစ်အကျဲကို အနေတော် ရတဲ့ထိ ရေနွေးနွေးနဲ့ ရောပေးပါ။

ဆားရော ငရုပ်ကောင်းရောထည့်ပြီး ၁ဝ မိနစ်လောက် ထားထားပြီးမှ ခုနက အသီးအရွက် ရောရာနဲ့ နယ်ပြီး စားသုံးလို့ရပါပြီ။

~~~~~~~~~~~~~~~~~~~~`

ကြာသပတေးနေ့

 

Red Cabbage salad (with leek and apple)

Red cabbage salad

Red cabbage salad

ကြက်သွန်ဖြူမိတ် နဲ့ သုပ်တဲ့ ဂေါ်ဖီထုတ်သုပ် (အာတီဒုံကြိုက်တဲ့ ခရမ်းရောင် ဂေါ်ဖီနဲ့သုပ်ပါမယ်။)

 

၁) အလယ်အလတ်

၂) ၃ဝ မိနစ်

၃) ပရိုတိန်း ၆ ဂရမ်၊ အဆီ ၁၉ ဂရမ်၊ ကာဘွန်ဟိုက်ဒရိတ် ၂၂ ဂရမ်

 

ပါဝင်ပစ္စည်းများ (၆ ယောက်စာ)

အသုတ်အတွက်

– ဂေါ်ဖီခရမ်းရောင် ၈၀ဝဂရမ် (အသေးတစ်လုံးစာ)

– ကြက်သွန်ဖြူမိတ် ၁ ပင်

– ပန်းသီး ၂ လုံး

– သစ်ကြားသီးဆံ ကော်ဖီပန်းကန်တစ်လုံးစာ

– နံနံပင် တစ်စည်း

– စပျစ်သီးခြောက် ပန်းကန်လုံး တစ်ဝက် (၅ဝ ဂရမ်)

 

အသုပ် အနှစ်အတွက်

– ရှလကာရေ ၅ ဇွန်း (စားပွဲတင်ဇွန်း)

– မတ်စတာ(ဒ) ၂ ဇွန်း (အဲဒါက ပုလင်းနဲ့ဝယ်လို့ ရလိမ့်မယ်။ Mustard  လို့ ရေးထားတယ်)

– ပျားရည် ၃ ဇွန်း

– ဆား ၁ ဇွန်း

– သစ်ကြားသီးဆီ ၅ ဇွန်း

– ငရုပ်ကောင်း အနက်

 

 

ပြုလုပ်နည်း

– ဂေါ်ဖီကို ဆေး၊ အရွက်လိုက်ခွါပြီးမှ သေးသေးရှည်ရှည်လေးတွေ လှီးပါ

– ကြက်သွန်မိတ်ကိုလည်း ရေဆေးပြီး အရှည်လိုက်လေးတွေ လှီးပါ။

– ပန်းသီးကိုလည်း အူတိုင်ဖယ်ပြီးမှ လှီးထားပါ။

– သစ်ကြားသီးဆံကို နည်းနည်းဖယ်ပြီး ကျန်တာ ထောင်းလိုက်ပါ။

– နံနံပင်ရွက် တွေ ရေဆေး စစ်ပြီး စဉ်းထားပါ၊

– ပြီးမှ လှီးထားတာ အကုန် ဇလုံးထဲထည့် စပြစ်သီးခြောက်ပါရောထားပါ။

 

– အနှစ်အတွက် ပါဝင်ပစ္စည်းအားလုံးကို ရောကာ သမ အောင်မွှေပါ။

– အနှစ်ရပြီဆိုရင် ခုနက ဂေါ်ဖီ ဇလုံထဲထည့်ကာ ကောင်းကောင်းနှံ့အောင် ရောပါ။

– ပြီးရင် အပေါ်က ပလပ်စတစ် ရက်ပင်း နဲ့ အုပ်ပြီး ၁ နာရီလောက် ထားလိုက်ပါ။

 

စားခါနီးမှ ပန်းကန်ထဲထည့်ပြီး အပေါ်က သစ်ကြားသီးစံလေးဖြူးလိုက်ရင် စားဖို့ အသင့်ဖြစ်ပါပြီ။

~~~~~~~~~~~~~~~~~~~~~~~~~~~~`

 

သောကြာနေ့

 

   White Salad ပါတဲ့

White Salad

White Salad

 

၁) အလယ်အလတ်

၂) ပြင်ဆင်ချိန် မိနစ် ၄၅

၃) ပရိုတိန်း ၉ ဂရမ်၊  အဆီ ၉ ဂရမ်၊ ကာဘွန်ဟိုက်ဒရိတ် ၆၆ ဂရမ်

 

ပါဝင်ပစ္စည်း (၆ ယောက်စာ)

 

– အာလူး (၁ ကေဂျီ)

– မုံလာထုတ်အဖြူ

– နာနတ်သီး ချိုချို အလုံးသေးတစ်လုံး

– နို့စိမ်း ၁ ခွက်

– သစ်သီး ရှာလကာရေ ၂ ဇွန်း

– မရောနိ(စ) ဇွန်း

– ဆားနဲ့ ငရုတ်ကောင်း

 

ပြုလုပ်နည်း

– အာလူးကို ဆားရေနဲ့ မိနစ် ၂ဝ လောက်ပြုတ်၊ ရေအေးစိမ်၊ အခွံခွါ၊ သေးသေးတုံးးးး

– မုံလာထုတ်ကို အလယ်ရိုးဖယ်၊ အပြင်အကာကြမ်းတွေဖယ်ပြီး သေးသေးမျှင်မျှင်လှီး

– နာနတ်သီးကို အအခွံခွါ အူတိုင်ဖယ်၊ အတုံးသေးတုံး

– ၃ ခုကို ဇလုံထဲ ရောထား

– နို့စိမ်းရယ်၊ ရှာလကာရည်ရယ်၊ မရောနိ(စ) ရယ်၊ ဆား၊ ငရုတ်ကောင်းရယ်ကို ရောမွှေ။

– ခုနက အသီးအရွက်ထဲထည့်နယ်

– ရေခဲသေတ္တာထဲ ၁ နာရီလောက် ထား

– စားခါနီး ၁ဝ မိနစ်လောက်အလိုမှာ ထုတ်ထားပြီး စားလို့ရပါပြီတဲ့။

~~~~~~~~~~~~~~~~~~~~~~`

စနေ

 

 

Spicy Sweet Patato Salad (with Lemon and fresh cilantro) တဲ့။

Spicy Sweet Potato salad

Spicy Sweet Potato salad

 

၁) အလယ်အလတ်

၂) ၃၅ မိနစ်

၃) ပရိုတိန်း ၃ ဂရမ်၊ အဆီ ၁၃ ဂရမ်၊ ကာဘွန်ဟိုက်ဒရိတ် ၃ရ ဂရမ်

 

ပါဝင်ပစ္စည်း (၄ ယောက်စာ)

 ကန်ဇွန်းဥ ၆၀ဝ ဂရမ် (၁ ဒသမ ၂၅ ပေါင်)

– ကြက်သွန်နီ ဥကြီး ၁ လုံး

– ဂျင်း ၁ လက်မခန့်

– ဟင်းရွက်ဆီ ၄ ဇွန်း စားပွဲတင်ဇွန်း

– သံပုရာသီးသနပ် ၁ လုံးစာ

– သံပုရာတစ်လုံးစာ အရည်

– ငရုတ်သီး အကျက်မှုန့် ၁ ဇွန်း လက်ဖက်ရည်ဇွန်း

– စမုံစပါး လက်ဖက်ရည်ဇွန်း ဖျားခန့်

– နံနံပင် ပါးပါးမျှင်မျှင် စားပွဲတင်ဇွန်း ၂ ဇွန်း

– ဆား

 

ပြုလုပ်နည်း

ကန်ဇွန်းဥ တွေကို အခွံခွါ ၂ စင်တီ အရွယ်စီ တုံးး

ကြက်သွန်နီအကို အခွံခွါ ပါးပါးလှီးး

ဂျင်းကို ထောင်း

ဒယ်ထဲကို ဆီထည့်၊ ပူလာရင် ကြက်သွန်နီထည့် ဆီသတ်

ဂျင်းရယ်၊ ဆားရယ်ကို ထည့်၊ ပြီးရင် ကန်ဇွန်းဥထည့်။

နှံ့အောင်မွှေပြီး ရေတစ်ခွက်ထည့် (၂၅ဝ မီလီလီတာ) ပြီး ၈မိနစ်ကနေ ၁ဝ မိနစ်လောက် မီးမျှင်းမျှင်း နဲ့ တည်ထားပါ (ဒါမှမဟုတ်) ကန်ဇွန်းဥ နူးပြီး မကျေသွားခင်ထိ တည်ပါ။

တည်ထားချိန်မှာ သံပုရာသီးသနပ် ကို သေးသေးလေးတွေ တုံးပြီး အိုးထဲထည့်။ နောက်ကနေ သံပုရာရည်၊ ငရုတ်သီး အကျက်မှုန့်၊ စမုံစပါး တို့ကို ထည့်ပြီး နှံအောင်မွှေပြီး အနှစ်လေး ရလာရင် မီးပိတ်ပါ။

ပန်းကန်ထဲကို ထည့်ပြီး လုံးဝ အအေးခံပြီးမှ နံနံပင်လေးနဲ့ ထည့်စားပါ။

~~~~~~~~~~~~~~~~~~~~~~~~~~~~

တနင်္ဂနွေနေ့

 

Kale and tuna Salad (in a lime dressing) တဲ့။

Kale and tuna salad

Kale and tuna salad

 

၁) လွယ်ကူ

၂) ၃ဝ မိနစ်

၃) ပရိုတိန်း ၁ဝ ဂရမ်၊ အဆီ ၃၃ ဂရမ်၊ ကာဘွန်ဟိုက်ဒရိတ် ၃ ဂရမ်

 

ပါဝင်ပစ္စည်း (၄ယောက်စာ)

– ၅၀ဝ ဂရမ်ရှိတဲ့ အနားတွန့် ဆလပ်ရွက် (ဟိ၊ မှန်လားတော့မသိ)

– ဆား

– ၂၅ဝ ဂရမ်ရှိတဲ့ တူနာ ငါးသေတ္တာ

– သံပုရာ လေးလုံး အရည်

– သံလွင်ဆီ စားပွဲတင်ဇွန်း ၄ ဇွန်း

– ငရုတ်ကောင်းအနက်

– ကြက်သွန်နီ အဖြူရောင်

 

ပြုလုပ်နည်း

ဆလပ်ရွက်ကို အရင့်တွေဖယ် အလယ်ရိုးဖယ်ပြီး အရွက်သားကို မျှင်မျှင်လှီးး

ဆားရည်ထဲ ထည့်ပြီး ၃ မိနစ်လောက်တည်။ ရေစစ်ပြီး ရေခဲရည်ထဲ ထည့်ပြီးမှ ရေပြန်စစ်ထား

ငါးသေတ္တာထဲက တူနာငါးအသားကို ဖယ်၊

ကျန်တဲ့ ဆီ အနှစ်ကို သံပုရာရည်၊ သံလွင်ဆီ၊ ဆား၊ငရုတ်ကောင်း ထည့်ပြီး မွှေ

ပြီးရင် အရွက်နဲ့ အဲဒီ အနှစ်ကို သမအောင်မွှေ၊

ပန်းကန်ထဲ ထည့်ပြီးအပေါ်က တူနာ ငါး အသားနဲ့ ကြက်သွန်ကွင်းကို တင်ကာ စားနိုင်ပါပြီ။

 

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

သစ်သီးသုပ်တွေကျန်သေးတယ်။
ဒီပို့(စ) အောင်မြင်မှ တင်တော့မယ်။
ဟေးဟေးဟေးးးး

:mrgreen:

၃၄ မျိုးထဲကမှ လွယ်မယ်ထင်တာ။ ကျနော် ကြိုက်နိုင်မယ်ထင်တာ ရွေးလိုက်တာပဲဗျ။

 

အဲ အပြင်မှာ စားဖူးတာလေးလည်း ဦးစားပေးရွေးထားတယ်။

 

ဖတ်ကြည့်ရင်တော့ ဘယ်လို အရသာမျိုးကြီး ရမှာပါလိမ့် လို့တော့ တွေးမိလိမ့်မယ်။

 

ဟိဟိ။

စမ်းကြည့်ပြီး မပြေလည်ရင်မသိချင်ယောင်ဆောင်ပေးနော်။  :mrgreenn:

 

ဒီပို့(စ) ကို စိတ်တိုင်းမကျဖူးဆိုရင်လည်း ခွင့်လွှတ်ပါ။  :mrgreenn:

About ဇီဇီ

ဇီဇီ has written 357 post in this Website..

CJ # 129120