^^^ ဒါဒို့လယ် .. ဒါဒို့လယ် … ဒို့ … ပိုင်တဲ့လယ် ^^^

 

စိတ်မပူပါနဲ့ဖေဖေ

သစ်တပင်ကောင်းရင်

ငှက်တစ်သောင်းခိုနိုင်ပါတယ်

လယ် တစ်ကွက်ကောင်းရင်လည်း

ကြွက်တစ်သောင်းစားနိုင်ပါတယ်

စိုက်တတ် ပျိုးတတ်

လယ်ထွန်တတ်ဖို့ အဓိကပါ အဖေ ……

 

စိတ်မပူပါနဲ့ဖေဖေ

ယောက်ကျားတိုင်းလယ်ထွန်တတ်ပေမယ့်

မြေညက်အောင် ပြင်တတ်တာမဟုတ်ဘူး

ဘယ်သူ ထွန်တာအကောင်းဆုံးဆိုတာ

ပြိုင်ပွဲတွေကျင်းပပြီး

သမီးရွေးမှာပေါ့

တသက်စာခိုင်းစားဖို့တွေးထား

အများထဲကတစ်ယောက်

ခေါင်းခေါက်ရွေးမှာပေါ့ အဖေ ………

 

စိတ်မပူပါနဲ့ဖေဖေ

ဒီခေတ်မှာ တစ်လက်ကိုင်ဆိုတာ

ဘေးထိုင်သွားပါပေါ့

တစ်ယောက်မကောင်းရင်တစ်ယောက်ပြောင်းမယ်

လယ် ကောင်းဖို့ အထွက်တိုးဖို့

လယ် ထွန်သူ ဘယ်လိုစွမ်းသလဲ

ရမ်းသမ်းပြီးစိတ်မှန်းနဲ့

ရွေးတဲ့ခေတ်မဟုတ်ပါ

men may come and men may go

but I go on forever

လယ် ထဲက ဝဲလ်ကမ်းပါအဖေ …………

 

စိတ်မပူပါနဲ့ဖေဖေ

အဖေတို့ရှေးခေတ်က

အမေ့လယ်ကို အဖေထွန်တော့

မြေမပြင် လွင်ပြင်ရိုင်းမှာ

ခါးကိုင်းအောင်ကြိုးစား

နဖူးကချွေး ခြေပေါ်ကျ

ပင်ပန်းလှပါတယ်အဖေ

အဖေတစ်ယောက်ပဲထွန်တဲ့လယ်

ဘယ်မှာများ အထွက်တိုးသလဲ

ကံ ကောင်းလို့မှမျိုးစပါးကျန်တာ

အကြံကောင်းရင်တစ်ချက်

လယ် ကောင်းရင်တစ်သက်ဖြစ်လို့

အထွက်ကောင်းဖို့အတွက်

အထောင်းညက်ဖို့ လိုတယ်အဖေ ………

 

စိတ်မပူပါနဲ့ဖေဖေ

လယ် ခြင်းတူပေမယ့်

ထွန်တဲ့သူ ငစနူဖြစ်နေရင်

ပျိုးမသန် မျိုးမမှန်တတ်လို့

စမ်းသပ်ပြီးထွန်ခိုင်းရတာပေါ့

တနေ့တော့တွေ့မှာပါ

လယ် ထွန်စပယ်ရှယ်လစ်

သမီး ရွေးပစ်လိုက်မယ်

အော် ……………

ဒါလား ………

စိတ်အေးအေး ထားပါအဖေရဲ့

အမေ မသုံးဖြစ်ခဲ့တဲ့

ကျောက်ချဉ် တစ်ပိဿာ

သမီးဆောင်ထားပြီ အဖေ …………။ :mrgreen:

 

 

 

ကြိုးစားပါဦးမည်

ရာမည

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

About ရာမည

ရာမည has written 35 post in this Website..