တစ်ခုသောမိုးစွေသည့်နေ့ ၌………
ကျွန်ုပ်တာဝန်ကျရာ မြို့နယ်၏ အစွန်အဖျားဆင်ခြေဖုံးတွင်နေထိုင်သော လက်လုပ်လက်စားလူတစ်စုသည်
ဆူညံစွာပြောဆိုအော်ဟစ်၍ ကျွန်ုပ်၏ ရုံးခန်းရှိရာသို့ ဦးတည်ပြီး လာနေသည်ကိုတွေ့ရလေသည် ။
ထို့ နောက် ရုံးခန်းထဲသို့ ဝင်ရောက်ပြီးလျှင် သူ့ ထက်ငါ အလုအယက် တိုင်တန်းလေတော့ ၏ ။ထိုသူတို့ ၏
တိုင်ချက်မှာ လင်မယားရန်ဖြစ်သောကြောင့်ပြောဆိုမှုများအား ဖြေရှင်းပေးရန်ဖြစ်လေတော့ သည်။
ကျွန်ုပ်မှာ လွန်စွာ စိတ်ညစ်သွားလေရာ ဂတ်စာရေးကြီးအား လွှဲပေးလိုက်ရလေ၏ ။

ထိုသုတို့ ၏ အပြန်အလှန်စွပ်စွဲသော တိုင်ချက်များကို မူရင်းအမှုတွဲအတိုင်းတင်ပြလေသော် ပျင်းရိငြီးငွေ့ဖွယ်
ဖြစ်သဖြင့် ထိုသူတို့ ၏လေယူလေသိမ်းအတိုင်း ခန့်မှန်းရေးသားတင်ပြလိုက်ပါရစေ …..
မည်သူ့ ကိုမျှ ရည်ရွယ်သည်မဟုတ် ဟုလည်းနားလည်သဘောပေါက်စေချင်ပါသည် ။

###################################################

” ဟေ့ .. ဒီမှာ ….မင်းတို့ မိန်းမတွေက ဒီမိုကရေစီဖြင့် ရလားမရလားမသိသေးဘူး … အိမ်မှာ အခွင့်အရေးယူ
လွန်းနေတာတော့  မျက်စိနောက်လာပြီကွ ။ဘယ့်နယ်ကွာ … နေရာတကာ လူ့ အခွင့်ရေး လူ့ အခွင့်ရေးနဲ့ ခွါတွေ
လျှာတွေ လာတိုင်းနေတယ် … မြဲမြဲမှတ်ထားကွ သုံးတောင် ဝတ်မိန်းမနဲ့ အတောင်နှစ်ဆယ်ဝတ်ယောက်ကျား
ဆိုတာ ဘယ်နားမှ မတူဘူးကွ …လာမလုပ်နဲ့ …ဟင်းးးးးး ”
” အော် .. အဟော် ဟော် … ဖြစ်ရလေကိုမောင်တုတ်ရယ် …ဟောဒိမှာ သေသေချာချာကြည့် ..!!
လက်ပွတ်တာ (လပွတ္တာ) တင်တင်ဂျီး ဆိုဒဲ့ မုန်ဟင်းခါးဆိုင် ဖြစ်လာတာ ဘယ်သူလုပ်လို့ လဲ … ဒီအိမ်မှာ ….
နေ့ နေ့ ညည တော်တို့ သားအဖတွေ မြိုဖို့ ဆို့ ဖို့  ရှာကျွေးနေရတာ ဘယ်သူလဲ.. အိမ်အလုပ်လေး နဲနဲ လောက်
ခိုင်းလိုက်တာနဲ့ အသံကြားရပြီ …အံ့ပါ့တော်…”

“အောင်မာ…ဘာပြောတယ်မိတင်ဂျီး … နင့်လက်ပွတ်တာ ဖြစ်လာအောင် ဘယ်သူက အရင်းအနှီးထုတ်ပေး
ခဲ့ရတာလဲ …. ငါတစ်သက်လုံးရှာကျွေးနေတာကို ဇိမ်ခံနေပြီး အခုမှအလုပ်လေး ဘာလေးဖြစ်လာတော့  မာန်
တက်နေသေးတယ် !! ပြောစမ်းဘာဦး … နင့်အရင်းအနှီးက ဘယ်နှပြားပါလို့ လဲ ကောင်မရဲ့ ”

” ဟဲ့ ! !! သောက်ကောင်စုတ် ရဲ့ … ငါ့မှာ အမေ ပေးတဲ့ လယ်တစ်ကွက် အမွေရပြီးသား ဟဲ့ … မသုံးချင်လို့  ဟင့်!!
ဒီမှာ … ကျုပ်တို့ မိန်းမတွေလာမနှိမ်နဲ့ မွေးကတည်းကအရင်းအနှီးပါပြီးသား ဟဲ့ .. နင်တို့ လို သူများကျွေးမှပေးမှ
စားရတဲ့ ကောင်တွေမဟုတ်ဘူးးးးးး ဟဲ့ ! !!!! ”

“အောင်မာ ..အောင်မာ … ဒီမိန်းမ လာ လာချည့်သေး… အဲဒါ နင့် လယ်ကွက်မဟုတ်တော့ ဘူး ဟဲ့  … ငါပိုင်တဲ့
လယ်ဖြစ်သွားပြီ .. စိုက်ချင်သလိုစိုက် ပေးချင်တဲ့သူပေးလို့  မရတော့ ဘူးဟဲ့ ကောင်မရဲ့  ….! ငါပိုင်တဲ့လယ် ..
ငါ့သဘော …. အေးးး ဒါပေသိ တစ်ခုတော့ ပြောလိုက်ဦးမယ် …. နင့်လယ်က မိုးမမှန် မြေမပြင်နဲ့ သုံးထားတာ
ကြာလာတော့  လယ်အိုလယ်ဟောင်းဖြစ်နေပြီ …သိတ်မာန်ထောင်မနေနဲ့ “”

“သေနာကျကြီးရဲ့ … အိုက်ဒါ နင့်ဂျောင့်လေ … ရေမသွင်း လယ်မထွန်ဘဲ ထင်းပဲရရ မြက်ပဲရရ ပစ်စလက်ခတ်
သုံးခဲ့တာကိုး ဟဲ့ !! မပြုပြင်ပဲ အခိုင်းကြမ်းရင်မြန်မြန်ပျက်တယ်ဆိုတာ နင်မသိဘူးလား ..နွား ရဲ့  ..တောက် !!
ငါ ..လုပ်လိုက်ရ !!””

” အေးးး နင်အခုသိပြီမှတ်လား … ငါတို့ ယောက်ကျားတွေနဲ့ နင်တို့ မိန်းမတွေ ကွားခြားတာ …ဒါကိုခြေရာ
လာပြီးတိုင်းချင်သေးတယ် …. နင်မြဲမြဲ မှတ်ထားဖို့ က ငါတို့ က လှေခါးသုံးထစ်ဆင်းရင် လူပျိုပြန်ဖြစ်တယ် ကွ
တင်တင်ကြီး ရ …ဟင်းးဟင်းး”
” ဘာပြောတယ် .. ငမောင်တုတ် !! အေးး နင်တို့ က သုံးထစ်ဆင်းမှလူပျိုဖြစ်တာ ငါတို့ က ဆင်စရာမလိုပဲ
ဖြစ်အောင်လုပ်လို့  ရဒယ်ဟဲ့ …သေနာကျရဲ့  !!! ”

“အား ဟားးးးး သွားဇမ်းဘာ ကွာ…. မင်းတို့ အခုချိန်မှအပျိုပြန်ဖြစ်ချင်ရင် လှိုင်သာယာတံတားပေါ်က မြစ်ထဲခုန်
ချလိုက် ….. နောက်ဘဝရောက်ရင် ဖြစ်လိမ့် မယ် ဟားဟား ဟား ဟား ”

“အမယ်လေး အမယ်လေး …ကျုပ်တို့ မိန်းမတွေများ လျော့တွက်နေလိုက်တာ … ဒီမှာ ငမောင်တုတ် ! …
နင်ကိုစေတနာမရှိလို့ ဟဲ့ … အပျိုပြန်ဖြစ်ချင်ရင် အလွယ်လေး … ကျောက်ချဉ် ၂၀၀ ဖိုးလောက် ရေစိမ်ချိုး
လိုက် လို့ ကတော့  ..ဟင်းဟင်းး …. သားရေကွင်းထက် ဘယ်ဟာပိုတင်းသလဲဖြစ်သွားမယ် … ”

“အော် …ကောင်မစုတ် ..ခုမှပြောရလား ….ငါပိုင်တဲ့လယ်ကို နင်က ဘယ်အငှါးချဦးမလို့ လဲ … ဒီနေ့ ကစပြီး
ငါ့ လယ်ကို ငါ့အတွက်သေချာ ထိမ်းသိမ်းဇမ်း ”

“အောင်မာ …ကောင်စုတ် !!အဲ့ ဒါ ငါ့လယ် ဟဲ့  …ငါအမွေရတဲ့လယ် ..ငါလုပ်ချင်သလိုလုပ်မယ် …
နင်ဘာမှ လာမပြောနဲ့ နင်နဲ့မဆိုင်ဘူး ”
” အခု ငါ့လယ်ဖြစ်သွားပြီ … ငါပိုင်တယ် ..!!!”
“နင်မပိုင်ဘူး …ဒါ မွေးရာပါ ပိုင်ဆိုင်မှု !! ငါ့ လယ် … ငါ့ သဘော.!”
“မဟုတ်ဘူးးးးး ငါ့ လယ် !!!!!!!!!””””
” နင့် ဟာမဟုတ်ဘူးးးးးး ငါ့ ဟာ !!!!!!!!”

ဤသို့ ဖြင့် …….ကြေးတိုင်နှင့်မြေစာရင်းရုံးသို့  သွားရမည့်အစား ကျွန်ုပ်တို့ ထံသို့ ရောက်လာသော
လပွတ္တာသူ လင်မယားအား မနဲပင် ရှင်းပြ၍ပြန်လွှတ်လိုက်ရလေတော့ သည် ။

သြော် …….?. အမွေရသည့် လယ်တစ်ကွက် ….ခွဲဝေရ ခက်လှပါလားနော် …..

ကြိုးစားပါဦးမည်
ရာမည

About ရာမည

ရာမည has written 35 post in this Website..